ၾကယ္တံခြန္ တုိ႔အေၾကာင္း သိေကာင္းစရာ

Posted on

ၾကယ္တံခြန္ဆိုရာ၌ တစ္ခါတစ္ရံသာလၽွင္ ျမင္ရေသာ မီး႐ႈးသဏၭာန္ အေရာင္တန္းထြက္ေနသည့္ၾကယ္ကို ဆိုလိုသည္။ ေကာင္းကင္တန္ဆာတို႔တြင္ ၾကယ္တံခြန္မ်ားသည္ အံ့ဩစရာ ေကာင္းေပသည္။ ၾကယ္တံခြန္တို႔သည္ ႐ုတ္တရက္ ေပၚလာတတ္၍၊ ရက္အနည္းငယ္ေသာ္၎ ရက္ေပါင္းမ်ားစြာေသာ္၎ ၾကာေအာင္ ျမင္ျမင္ထင္ထင္ ရွိၿပီးေနာက္၊ ေနမွေဝးရာသို႔ ဆုတ္ခြာေပ်ာက္ကြယ္ သြားတတ္ၾကသည္။ ေရွးအခါက ၾကယ္တံခြန္ႏွင့္ စပ္လ်ဥ္း၍ ယုံမွတ္မႈမ်ားစြာ ရွိခဲ့၏။ မ်ားေသာအားျဖင့္ ၾကယ္တံခြန္ေပၚလာလၽွင္ ကပ္ေဘးမ်ား ဆိုက္ေရာက္တတ္သည္ဟု ယုံၾကည္ခဲ့ၾကသည္။

ျဖစ္ေပၚလာပုံ

ၾကယ္တံခြန္သည္ မည္သို႔မည္ပုံ ျဖစ္ေပၚလာ၍၊ မည္သည့္အရပ္သို႔ ထြက္သြားသည္ကို ယခုတိုင္ ရွင္းလင္းစြာ မသိၾကရေသးေခ်။သို႔ေသာ္ေလ့လာသူမ်ား၏ မွတ္တမ္းအခ်က္အမ်ားအရ ေအာက္ပါအတုိင္းျဖစ္သည္။ ၾကယ္တံခြန္ကို မႈန္မွီမႈန္မႊား သဏၭာန္က စတင္၍ ျမင္ရတတ္သည္။ ေနဆီသို႔ ခ်ဥ္းကပ္လာေသာအခါတြင္မွ ဦးေခါင္း၊ ဦးေခါင္း၏ ႏ်ဴးကလီးယပ္အပိုင္းႏွင့္ အၿမီးတို႔သည္ ကြဲကြဲျပားျပား ေပၚလြင္လာသည္။ ၾကယ္တံခြန္၏ ဦးေခါင္းတြင္ ႏ်ဴးကလီးယပ္အပိုင္းမွာ ပိုမိုထြန္းလင္း၍၊ ထိုအပိုင္းကို ကိုးမားေခၚ မႈန္မႊားမႊားလင္းေနေသာအပိုင္းက အိမ္ဖြဲ႕ကာ ဝိုင္းရံထားသည္။

ၾကယ္တံခြန္သည္ အၿမီးသည္ ေနႏွင့္ နီးကပ္လာမွ ေပၚလာတတ္သည္။ ထို႔ျပင္ အၿမီးသည္ ဦးေခါင္း ေနာက္၌လည္း အၿမဲမေနေခ်။ ေနဆီသို႔ ၾကယ္တံခြန္ခ်ဥ္းကပ္သြားခ်ိန္တြင္ ၾကယ္တံခြန္ေနာက္၌ အၿမီးသည္ ၾကယ္တံခြန္၏ ဦးေခါင္းေရွ႕သို႔ ေရာက္သြားသည္။ အျခားတစ္နည္းေျပာရေသာ္ ၾကယ္တံခြန္သည္ ေနဖက္သို႔ အၿမဲဦးခိုက္ေနသည္ဟု ဆိုလိုသည္။ ဤကဲ့သို႔ျဖစ္ရျခင္းမွာ ေန၏မ်က္ႏွာျပင္တြင္ လၽွပ္စစ္ ‘ဓာတ္မ’ရွိ၍၊ ၾကယ္တံခြန္၏ အၿမီးတြင္လည္း လၽွပ္စစ္ ‘ဓာတ္မ’ရွိသျဖင့္ ေန၏’ဓာတ္မ’က ၾကယ္တံခြန္အၿမီး၏ ‘ဓာတ္မ’ကို တြန္းခြာေသာေၾကာင့္ ျဖစ္တန္ရာသည္ဟု ဆိုသည္။

ၾကယ္တံခြန္သည္ ေနရွိရာသို႔ ျပန္လာသည္လည္း ရွိသည္။ ေနာက္ထပ္ျပန္မလာေတာ့ဘဲ တစ္ခါတည္း အစအနေပ်ာက္သြားသည္လည္း ရွိသည္ဟု ယူဆခဲ့ၾကသည္။ သို႔ရာတြင္ ယခုအခါ နကၡတ္ဆရာအမ်ားကပင္ ၾကယ္တံခြန္ကို ေနစၾကာဝဠာတြင္ အပါအဝင္ျဖစ္သည္ဟူ၍၎၊ ယင္းသည္ ေနႏွင့္ၿဂိဳဟ္မ်ား ျဖစ္ေပၚရာ နက္ဗ်ဴလာႀကီး၏ ပါးေသာအစြန္းအနားမွ ေပၚေပါက္လာဟန္ ရွိသည္ဟူ၍၎ ယုံၾကည္ယူဆလာၾက ေလၿပီ။ ကမၻာမွျမင္ရေသာ ၾကယ္တံခြန္တို႔သည္ ၿဂိဳဟ္မ်ား ကဲ့သို႔ပင္ ကိုယ္ပိုင္လမ္းေၾကာင္းမ်ားျဖင့္ ေနကိုလွည့္ပတ္ေန ၾကသည္။

သို႔ေသာ္ ၾကယ္တံခြန္၏ လမ္းေၾကာင္းကား ၿဂိဳဟ္တို႔၏ ဘဲဥပုံလမ္းေၾကာင္းတို႔ထက္ မ်ားစြာ ပို၍ ရွည္လ်ားသည္။ ယင္းသို႔ လွည့္ပတ္ေနၾကယင္း ၾကယ္တံခြန္သည္ ေနရွိရာသို႔ ျပန္လည္ေရာက္ရွိလာမည္ဟု ယူဆၾကရာ၊ ဤသို႔ ယူဆသည့္အတိုင္းလည္း ေနရွိရာသို႔ အခ်ိန္မွန္ ျပန္လည့္လာေသာ ၾကယ္တံခြန္မ်ားကို ေတြ႕ျမင္ရေပသည္။

ၾကယ္တံခြန္မ်ားကို အခ်ိန္ၾကာ ၾကယ္တံခြန္ႏွင့္ အခ်ိန္တို ၾကယ္တံခြန္ဟူ၍ ၂ မ်ိဳး ၂ စား ခြဲျခားထားသည္။ အခ်ိန္ၾကာ ၾကယ္တံခြန္သည္ အလြန္ေတာက္ပ၍ သာမန္မ်က္စိႏွင့္ ျမင္ႏိုင္ေသာ အၿမီးပါရွိသည္။ အခ်ိန္တိုၾကယ္တံခြန္မ်ိဳးတြင္ အၿမႇီးမပါ သေလာက္ ျဖစ္သည္ကို ေတြ႕ရ၏။

ဟယ္လီၾကယ္တံခြန္

၁၆၈၂ ခုႏွစ္တြင္ နာမည္ေက်ာ္ အဂၤလိပ္လူမ်ိဳး သခ်ၤာႏွင့္ နကၡတ္ဆရာႀကီး အက္ဒမန္ဟယ္လီသည္ အလြန္ေတာက္ပေသာ ၾကယ္တံခြန္ႀကီးတစ္လုံးကို ၾကည့္႐ႈစစ္ေဆးၿပီးေနာက္၊ ထိုၾကယ္တံခြန္သည္ ေနာက္ ၇၆ ႏွစ္ၾကာ၍၊ ၁၇၅၈ ခုႏွစ္သို႔ေရာက္လၽွင္ ကမၻာမွျမင္ႏိုင္ေအာင္ ျပန္လာလိမ့္မည္ဟု ႀကိဳတင္ အေဟာထုတ္ခဲ့ေလသည္။ ဤသို႔ အေဟာထုတ္ခဲ့သည့္အတိုင္း ထိုၾကယ္တံခြန္သည္ ၁၇၅၈ ခုႏွစ္၌ ျပန္လည္ေရာက္ရွိလာေပသည္။

ေဟာကိန္းထုတ္ခဲ့သူ နကၡက္ဆရာႀကီး၏ အမည္ကို အစြဲျပဳ၍၊ ထိုၾကယ္တံခြန္ကိုလည္း ဟယ္လီၾကယ္တံခြန္ဟု ေခၚၾကသည္။ ဟယ္လီၾကယ္တံခြန္သည္ ၇၆ ႏွစ္တြင္ တစ္ႀကိမ္ ကမၻာသို႔ ခ်ဥ္းကပ္လာ၍၊ ေနာက္ဆုံးအႀကိမ္ ေပၚခဲ့ေသာႏွစ္မ်ားမွာ ၁၉၁ဝ ခုႏွစ္ ႏွင့္ ၁၉၈၆ခုႏွစ္တုိ႔႔ ျဖစ္သည္။

အျခားထင္ေပၚေက်ာ္ၾကားေသာ ၾကယ္တံခြန္မ်ားမွာ အင္ကီၾကယ္တံခြန္၊ ဗီအဲလားၾကယ္တံခြန္၊ ဒိုနားတီးၾကယ္တံခြန္တို႔ ျဖစ္ၾကသည္။ အင္ကီၾကယ္တံခြန္သည္ ၃ ႏွစ္ႏွင့္ ၆ လၾကာတိုင္း ကမၻာသို႔ တစ္ႀကိမ္ ခ်ဥ္းကပ္လာသည္။ ဗီအဲလားၾကယ္တံခြန္သည္ ၁၈၄၆ ခုႏွစ္တြင္ ၂ ျခမ္းကြဲ သြားၿပီးေနာက္၊ အစိတ္စိတ္အႁမြာႁမြာ ထပ္မံ၍ ကြဲထြက္သြားျပန္သည္။ ဒိုနားတီးၾကယ္တံခြန္မွာ ၁၉ ရာစုအတြင္း ေပၚေသာ ၾကယ္တံခြန္တို႔အနက္ အထြန္းလင္းဆုံး ၾကယ္တံခြန္ ျဖစ္၏။

ၾကယ္တံခြန္သည္ အ႐ြယ္ပမာဏအားျဖင့္ အလြန္အမင္း ႀကီးမားၾကေပသည္။ ၾကယ္တံခြန္၏ ဦးေခါင္းမွာ မိုင္ေပါင္း ၁ဝဝဝဝ မွ ၁ဝဝဝဝဝ အထိက်ယ္ျပန္႔၍၊ အၿမီးမွာ မိုင္ေပါင္း အသိန္းအသန္း ရွည္လ်ားသည္။ ၾကယ္တံခြန္ဦးေခါင္း၏ ႏ်ဴးကလီးယပ္ အပိုင္းသည္ မိုင္ ၃၊ ၄ ရာမွ မိုင္ ၇၊ ၈ ေထာင္အထိ က်ယ္ျပန္႔သည္။ ၾကယ္တံခြန္တို႔သည္ ေအးစက္ေနေသာ အလင္းမဲ့ျဒဗ္ထုမ်ား ျဖစ္၍၊ ယင္းတို႔တြင္ အစိုင္အခဲေရာ ဓာတ္ေငြ႕မ်ားပါ ပါဝင္ၾကသည္။ ၾကယ္တံခြန္တို႔သည္ ေနသို႔ခ်ဥ္းကပ္လာမွ အလင္းေရာင္ ထြက္လာသည္။

ထိုအလင္းေရာင္သည္ ေနေရာင္မွ ျပန္ဟပ္ေသာ အလင္းေရာင္ျပန္ေလာ၊ သို႔မဟုတ္ ေနပူရွိန္ေၾကာင့္ ပူျပင္းေတာက္ေလာင္ရာမွ ထြက္လာေသာ အလင္းေရာင္ေလာ ဆိုသည္ကိုမူ အတိအက် မသိရေသးေပ။ ေနႏွင့္ေဝးခ်ိန္၌ ၾကယ္တံခြန္တို႔သည္ ေႏွးေကြးစြာ ေ႐ြ႕လ်ားၾကေသာ္လည္း ေနသို႔ ခ်ဥ္းကပ္လာေသာအခါ တစ္စကၠန္႔တြင္ မိုင္ ၃ဝဝ (တမိနစ္တြင္ မိုင္ေပါင္း ၁၈ဝဝ)ႏႈန္း ေပါက္ေအာင္ပင္ ေၾကာက္ခမန္းလိလိ လ်င္ျမန္လာတတ္ ေပသည္။

ၾကယ္တံခြန္ႏွင့္ ကၽြႏ္ုပ္တို႔ကမၻာ ဝင္တိုက္မိတတ္ ေပသည္။ ၾကယ္တံခြန္ႏွင့္ ကၽြႏ္ုပ္တို႔ကမၻာ ဝင္တိုက္မိသည့္အခါမ်ိဳးႏွင့္ ႀကဳံႀကိဳက္ခဲ့ဘူးေသာ္လည္း၊ ကမၻာ၌ မည္သို႔မၽွ ေဘးအႏၲရာယ္ မျဖစ္ခဲ့ေပ။ ဝင္တိုက္မိမွန္းကိုပင္ မသိရေခ်။ၾကယ္တံခြန္ ေနအဖြဲ႕အစည္းအတြင္းမွ ေသးငယ္ေသာ အရာဝတၳဳမ်ားသာ ျဖစ္ၿပီး ေနကိုလွည့္ပတ္လၽွက္ရွိသည္။

ၾကယ္တံခြန္မ်ား၏ အစိတ္အပိုင္း ၃ ပိုင္း

။ ဝတ္ဆံပိုင္း (nucleus)
၂။ ကိုမာ/ဦးေခါင္းပိုင္း (coma)
၃။ အၿမီးပိုင္း (tail) တို႔ျဖစ္သည္။

ဝတ္ဆံပိုင္း (nucleus)

ဝတ္ဆံပိုင္း (nucleus) သည္ ေရခဲႏွင့္ဖုန္မႈန္႔မ်ားေရာေႏွာေနျခင္းျဖစ္သည္။ အ႐ြယ္အစားမွာ အခ်င္းမိုင္အနည္းငယ္မၽွသာရွိတက္သည္။ အမ်ားအားျဖင့္ ၁၀ကီလိုမီတာ (၆ မိုင္) ခန္႔သာ ရွိတက္ပါသည္။ ဤအပိုင္းသည္ ေအးလြန္းသျဖင့္ အဆိုင္အခဲျဖစ္ေနေသာ အမာခံ ေက်ာက္တုံးေက်ာက္ခဲ အပိုင္းျဖစ္သည္။ အထူးသျဖင့္ ေရခိုးေရေငြ႕မ်ား၊ မီသိန္း၊ မီသိုင္းစိုင္ယင္ႏိုက္၊ ကာဗြန္ဒိုင္ေအာက္ဆိုက္၊ အမိုးနီးယား ျမဴမႈန္မ်ား၊ ဖုန္႔မႈန္႔မ်ား ႏွင့္ အျခားဟိုက္ဒ႐ိုကာဗြန္မ်ား စုေပါင္း ဖြဲ႕စည္းထားျခင္းျဖစ္သည္။

ကိုမာ/ဦးေခါင္းပိုင္း (coma)

ၾကယ္တံခြန္မ်ားသည္ ေနႏွင့္နီးလာသည္ႏွင့္အမၽွ ဝတ္ဆံအပိုင္း မွဓာတ္ေငြ႕မ်ားက ေလထုသဖြယ္ ျဖစ္ေပၚလာသည္။ ၎အပိုင္းကို ကိုမာ (coma) ဟုေခၚသည္။ ကိုမာအပိုင္းသည္ ၈၀၀၀၀ ကီလိုမီတာ (မိုင္ ၅၀၀၀၀) ခန္႔ေလာက္ထိရွိတက္ၿပီး ဝတ္ဆံပိုင္း(nucleus)ကို တိမ္တိုက္မ်ားသဖြယ္ ဖုံးအုပ္ထားသည္။ ကိုမာအပိုင္းသည္ ေနႏွင့္အနီးဆုံးအခ်ိန္တြင္ အႀကီးဆုံးေတြ႕ျမင္ရၿပီး ေနႏွင့္ေဝးေလ အခ်င္းငယ္သြားေလျဖစ္သည္။ ေနႏွင့္ ပို၍နီးကပ္လာေသာအခါ ေန၏ဆြဲအားေၾကာင့္ အရွိန္ပိုျမန္လာသည္။ ေနေရာင္ျခည္ေလ (solar wind) သက္ေရာက္မႈ႔ေၾကာင့္ ဓာတ္ေငြ႕ႏွင့္ ဖုန္မႈန္႔မ်ားသည္ အၿမီးအျဖစ္ ပန္းထြက္လာသည္။

အၿမီးပိုင္း (tail)

ၾကယ္တံခြန္မ်ားသည္ ေနႏွင့္နီးလာသည္ႏွင့္အမၽွ ေနေရာင္ျခည္ေလ (solar wind) အားသက္ေရာက္မႈ႔ကို ပိုမိုခံလာရၿပီး ကိုမာမွ ဓာတ္ေငြ႕မ်ားႏွင့္ ဖုန္မႈန္႔မ်ား သည္ ေနာက္တြင္အၿမီးသဏၭာန္ တန္း၍ထြက္ေပၚလာသျဖင့္ အၿမီးပုိင္းကို Gas Tail ႏွင့္ Dust Tail ဟု ေခၚေလ့ရွိသည္။ ၾကယ္တံမ်ား၏ အၿမီးပိုင္းသည္ ေနႏွင့္ဆန္႔က်င္ဘက္ ကို အၿမဲတေစတန္းလၽွက္ရွိၾကသည္။ ေန၏ အနီးနားသို႔ ေရာက္လာသည္ႏွင့္ အမၽွ ေနမွထုတ္လႊင့္ေသာ ခရမ္းလြန္ေရာင္ျခည္မ်ားႏွင့္ ၾကယ္တံခြန္မွ ဓာတ္ေငြ႕အမႈန္မ်ား တိုက္႐ိုက္ထိေတြ႕ၾကသျဖင့္ ၾကယ္တံခြန္တို႔၏အေရာင္သည္ ပို၍ေတာက္ပလာသည္။ အၿမီးသည္လည္း ပို၍ရွည္လ်ားလာသည္။ ၾကယ္တံခြန္တစ္လုံးတြင္ အၿမီး ၂ ပါရွိသည္။ ဖုန္မႈန္႔ အၿမီး ႏွင့္ အိုင္ယြန္းအၿမီး တို႔ျဖစ္သည္။

VIDEO

ျမန္မာစြယ္စုံက်မ္း၊ အတြဲ(၂)
Myanmar Wikipedia

——————

ကြယ်တံခွန် အကြောင်း သိကောင်းစရာ (unicode)

ကြယ်တံခွန်ဆိုရာ၌ တစ်ခါတစ်ရံသာလျှင် မြင်ရသော မီးရှုးသဏ္ဌာန် အရောင်တန်းထွက်နေသည့်ကြယ်ကို ဆိုလိုသည်။ ကောင်းကင်တန်ဆာတို့တွင် ကြယ်တံခွန်များသည် အံ့ဩစရာ ကောင်းပေသည်။ ကြယ်တံခွန်တို့သည် ရုတ်တရက် ပေါ်လာတတ်၍၊ ရက်အနည်းငယ်သော်၎င်း ရက်ပေါင်းများစွာသော်၎င်း ကြာအောင် မြင်မြင်ထင်ထင် ရှိပြီးနောက်၊ နေမှဝေးရာသို့ ဆုတ်ခွာပျောက်ကွယ် သွားတတ်ကြသည်။ ရှေးအခါက ကြယ်တံခွန်နှင့် စပ်လျဉ်း၍ ယုံမှတ်မှုများစွာ ရှိခဲ့၏။ များသောအားဖြင့် ကြယ်တံခွန်ပေါ်လာလျှင် ကပ်ဘေးများ ဆိုက်ရောက်တတ်သည်ဟု ယုံကြည်ခဲ့ကြသည်။

ဖြစ်ပေါ်လာပုံ

ကြယ်တံခွန်သည် မည်သို့မည်ပုံ ဖြစ်ပေါ်လာ၍၊ မည်သည့်အရပ်သို့ ထွက်သွားသည်ကို ယခုတိုင် ရှင်းလင်းစွာ မသိကြရသေးချေ။သို့သော်လေ့လာသူများ၏ မှတ်တမ်းအချက်အများအရ အောက်ပါအတိုင်းဖြစ်သည်။ ကြယ်တံခွန်ကို မှုန်မှီမှုန်မွှား သဏ္ဌာန်က စတင်၍ မြင်ရတတ်သည်။ နေဆီသို့ ချဉ်းကပ်လာသောအခါတွင်မှ ဦးခေါင်း၊ ဦးခေါင်း၏ နျူးကလီးယပ်အပိုင်းနှင့် အမြီးတို့သည် ကွဲကွဲပြားပြား ပေါ်လွင်လာသည်။ ကြယ်တံခွန်၏ ဦးခေါင်းတွင် နျူးကလီးယပ်အပိုင်းမှာ ပိုမိုထွန်းလင်း၍၊ ထိုအပိုင်းကို ကိုးမားခေါ် မှုန်မွှားမွှားလင်းနေသောအပိုင်းက အိမ်ဖွဲ့ကာ ဝိုင်းရံထားသည်။

ကြယ်တံခွန်သည် အမြီးသည် နေနှင့် နီးကပ်လာမှ ပေါ်လာတတ်သည်။ ထို့ပြင် အမြီးသည် ဦးခေါင်း နောက်၌လည်း အမြဲမနေချေ။ နေဆီသို့ ကြယ်တံခွန်ချဉ်းကပ်သွားချိန်တွင် ကြယ်တံခွန်နောက်၌ အမြီးသည် ကြယ်တံခွန်၏ ဦးခေါင်းရှေ့သို့ ရောက်သွားသည်။ အခြားတစ်နည်းပြောရသော် ကြယ်တံခွန်သည် နေဖက်သို့ အမြဲဦးခိုက်နေသည်ဟု ဆိုလိုသည်။ ဤကဲ့သို့ဖြစ်ရခြင်းမှာ နေ၏မျက်နှာပြင်တွင် လျှပ်စစ် ‘ဓာတ်မ’ရှိ၍၊ ကြယ်တံခွန်၏ အမြီးတွင်လည်း လျှပ်စစ် ‘ဓာတ်မ’ရှိသဖြင့် နေ၏’ဓာတ်မ’က ကြယ်တံခွန်အမြီး၏ ‘ဓာတ်မ’ကို တွန်းခွာသောကြောင့် ဖြစ်တန်ရာသည်ဟု ဆိုသည်။

ကြယ်တံခွန်သည် နေရှိရာသို့ ပြန်လာသည်လည်း ရှိသည်။ နောက်ထပ်ပြန်မလာတော့ဘဲ တစ်ခါတည်း အစအနပျောက်သွားသည်လည်း ရှိသည်ဟု ယူဆခဲ့ကြသည်။ သို့ရာတွင် ယခုအခါ နက္ခတ်ဆရာအများကပင် ကြယ်တံခွန်ကို နေစကြာဝဠာတွင် အပါအဝင်ဖြစ်သည်ဟူ၍၎င်း၊ ယင်းသည် နေနှင့်ဂြိုဟ်များ ဖြစ်ပေါ်ရာ နက်ဗျူလာကြီး၏ ပါးသောအစွန်းအနားမှ ပေါ်ပေါက်လာဟန် ရှိသည်ဟူ၍၎င်း ယုံကြည်ယူဆလာကြ လေပြီ။ ကမ္ဘာမှမြင်ရသော ကြယ်တံခွန်တို့သည် ဂြိုဟ်များ ကဲ့သို့ပင် ကိုယ်ပိုင်လမ်းကြောင်းများဖြင့် နေကိုလှည့်ပတ်နေ ကြသည်။

သို့သော် ကြယ်တံခွန်၏ လမ်းကြောင်းကား ဂြိုဟ်တို့၏ ဘဲဥပုံလမ်းကြောင်းတို့ထက် များစွာ ပို၍ ရှည်လျားသည်။ ယင်းသို့ လှည့်ပတ်နေကြယင်း ကြယ်တံခွန်သည် နေရှိရာသို့ ပြန်လည်ရောက်ရှိလာမည်ဟု ယူဆကြရာ၊ ဤသို့ ယူဆသည့်အတိုင်းလည်း နေရှိရာသို့ အချိန်မှန် ပြန်လည့်လာသော ကြယ်တံခွန်များကို တွေ့မြင်ရပေသည်။

ကြယ်တံခွန်များကို အချိန်ကြာ ကြယ်တံခွန်နှင့် အချိန်တို ကြယ်တံခွန်ဟူ၍ ၂ မျိုး ၂ စား ခွဲခြားထားသည်။ အချိန်ကြာ ကြယ်တံခွန်သည် အလွန်တောက်ပ၍ သာမန်မျက်စိနှင့် မြင်နိုင်သော အမြီးပါရှိသည်။ အချိန်တိုကြယ်တံခွန်မျိုးတွင် အမြှီးမပါ သလောက် ဖြစ်သည်ကို တွေ့ရ၏။

ဟယ်လီကြယ်တံခွန်

၁၆၈၂ ခုနှစ်တွင် နာမည်ကျော် အင်္ဂလိပ်လူမျိုး သင်္ချာနှင့် နက္ခတ်ဆရာကြီး အက်ဒမန်ဟယ်လီသည် အလွန်တောက်ပသော ကြယ်တံခွန်ကြီးတစ်လုံးကို ကြည့်ရှုစစ်ဆေးပြီးနောက်၊ ထိုကြယ်တံခွန်သည် နောက် ၇၆ နှစ်ကြာ၍၊ ၁၇၅၈ ခုနှစ်သို့ရောက်လျှင် ကမ္ဘာမှမြင်နိုင်အောင် ပြန်လာလိမ့်မည်ဟု ကြိုတင် အဟောထုတ်ခဲ့လေသည်။ ဤသို့ အဟောထုတ်ခဲ့သည့်အတိုင်း ထိုကြယ်တံခွန်သည် ၁၇၅၈ ခုနှစ်၌ ပြန်လည်ရောက်ရှိလာပေသည်။ ဟောကိန်းထုတ်ခဲ့သူ နက္ခက်ဆရာကြီး၏ အမည်ကို အစွဲပြု၍၊ ထိုကြယ်တံခွန်ကိုလည်း ဟယ်လီကြယ်တံခွန်ဟု ခေါ်ကြသည်။ ဟယ်လီကြယ်တံခွန်သည် ၇၆ နှစ်တွင် တစ်ကြိမ် ကမ္ဘာသို့ ချဉ်းကပ်လာ၍၊ နောက်ဆုံးအကြိမ် ပေါ်ခဲ့သောနှစ်မှာ ၁၉၁ဝ ခုနှစ် ဖြစ်လေသည်။

အခြားထင်ပေါ်ကျော်ကြားသော ကြယ်တံခွန်များမှာ အင်ကီကြယ်တံခွန်၊ ဗီအဲလားကြယ်တံခွန်၊ ဒိုနားတီးကြယ်တံခွန်တို့ ဖြစ်ကြသည်။ အင်ကီကြယ်တံခွန်သည် ၃ နှစ်နှင့် ၆ လကြာတိုင်း ကမ္ဘာသို့ တစ်ကြိမ် ချဉ်းကပ်လာသည်။ ဗီအဲလားကြယ်တံခွန်သည် ၁၈၄၆ ခုနှစ်တွင် ၂ ခြမ်းကွဲ သွားပြီးနောက်၊ အစိတ်စိတ်အမြွာမြွာ ထပ်မံ၍ ကွဲထွက်သွားပြန်သည်။ ဒိုနားတီးကြယ်တံခွန်မှာ ၁၉ ရာစုအတွင်း ပေါ်သော ကြယ်တံခွန်တို့အနက် အထွန်းလင်းဆုံး ကြယ်တံခွန် ဖြစ်၏။

ကြယ်တံခွန်သည် အရွယ်ပမာဏအားဖြင့် အလွန်အမင်း ကြီးမားကြပေသည်။ ကြယ်တံခွန်၏ ဦးခေါင်းမှာ မိုင်ပေါင်း ၁ဝဝဝဝ မှ ၁ဝဝဝဝဝ အထိကျယ်ပြန့်၍၊ အမြီးမှာ မိုင်ပေါင်း အသိန်းအသန်း ရှည်လျားသည်။ ကြယ်တံခွန်ဦးခေါင်း၏ နျူးကလီးယပ် အပိုင်းသည် မိုင် ၃၊ ၄ ရာမှ မိုင် ၇၊ ၈ ထောင်အထိ ကျယ်ပြန့်သည်။ ကြယ်တံခွန်တို့သည် အေးစက်နေသော အလင်းမဲ့ဒြဗ်ထုများ ဖြစ်၍၊ ယင်းတို့တွင် အစိုင်အခဲရော ဓာတ်ငွေ့များပါ ပါဝင်ကြသည်။ ကြယ်တံခွန်တို့သည် နေသို့ချဉ်းကပ်လာမှ အလင်းရောင် ထွက်လာသည်။

ထိုအလင်းရောင်သည် နေရောင်မှ ပြန်ဟပ်သော အလင်းရောင်ပြန်လော၊ သို့မဟုတ် နေပူရှိန်ကြောင့် ပူပြင်းတောက်လောင်ရာမှ ထွက်လာသော အလင်းရောင်လော ဆိုသည်ကိုမူ အတိအကျ မသိရသေးပေ။ နေနှင့်ဝေးချိန်၌ ကြယ်တံခွန်တို့သည် နှေးကွေးစွာ ရွေ့လျားကြသော်လည်း နေသို့ ချဉ်းကပ်လာသောအခါ တစ်စက္ကန့်တွင် မိုင် ၃ဝဝ (တမိနစ်တွင် မိုင်ပေါင်း ၁၈ဝဝ)နှုန်း ပေါက်အောင်ပင် ကြောက်ခမန်းလိလိ လျင်မြန်လာတတ် ပေသည်။

ကြယ်တံခွန်နှင့် ကျွန်ုပ်တို့ကမ္ဘာ ဝင်တိုက်မိတတ် ပေသည်။ ကြယ်တံခွန်နှင့် ကျွန်ုပ်တို့ကမ္ဘာ ဝင်တိုက်မိသည့်အခါမျိုးနှင့် ကြုံကြိုက်ခဲ့ဘူးသော်လည်း၊ ကမ္ဘာ၌ မည်သို့မျှ ဘေးအန္တရာယ် မဖြစ်ခဲ့ပေ။ ဝင်တိုက်မိမှန်းကိုပင် မသိရချေ။ကြယ်တံခွန် နေအဖွဲ့အစည်းအတွင်းမှ သေးငယ်သော အရာဝတ္ထုများသာ ဖြစ်ပြီး နေကိုလှည့်ပတ်လျှက်ရှိသည်။

ကြယ်တံခွန်များ၏ အစိတ်အပိုင်း ၃ ပိုင်း

။ ဝတ်ဆံပိုင်း (nucleus)
၂။ ကိုမာ/ဦးခေါင်းပိုင်း (coma)
၃။ အမြီးပိုင်း (tail) တို့ဖြစ်သည်။

ဝတ်ဆံပိုင်း (nucleus)

ဝတ်ဆံပိုင်း (nucleus) သည် ရေခဲနှင့်ဖုန်မှုန့်များရောနှောနေခြင်းဖြစ်သည်။ အရွယ်အစားမှာ အချင်းမိုင်အနည်းငယ်မျှသာရှိတက်သည်။ အများအားဖြင့် ၁ဝကီလိုမီတာ (၆ မိုင်) ခန့်သာ ရှိတက်ပါသည်။ ဤအပိုင်းသည် အေးလွန်းသဖြင့် အဆိုင်အခဲဖြစ်နေသော အမာခံ ကျောက်တုံးကျောက်ခဲ အပိုင်းဖြစ်သည်။ အထူးသဖြင့် ရေခိုးရေငွေ့များ၊ မီသိန်း၊ မီသိုင်းစိုင်ယင်နိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ အမိုးနီးယား မြူမှုန်များ၊ ဖုန့်မှုန့်များ နှင့် အခြားဟိုက်ဒရိုကာဗွန်များ စုပေါင်း ဖွဲ့စည်းထားခြင်းဖြစ်သည်။

ကိုမာ/ဦးခေါင်းပိုင်း (coma)

ကြယ်တံခွန်များသည် နေနှင့်နီးလာသည်နှင့်အမျှ ဝတ်ဆံအပိုင်း မှဓာတ်ငွေ့များက လေထုသဖွယ် ဖြစ်ပေါ်လာသည်။ ၎င်းအပိုင်းကို ကိုမာ (coma) ဟုခေါ်သည်။ ကိုမာအပိုင်းသည် ၈၀၀၀၀ ကီလိုမီတာ (မိုင် ၅၀၀၀၀) ခန့်လောက်ထိရှိတက်ပြီး ဝတ်ဆံပိုင်း(nucleus)ကို တိမ်တိုက်များသဖွယ် ဖုံးအုပ်ထားသည်။ ကိုမာအပိုင်းသည် နေနှင့်အနီးဆုံးအချိန်တွင် အကြီးဆုံးတွေ့မြင်ရပြီး နေနှင့်ဝေးလေ အချင်းငယ်သွားလေဖြစ်သည်။ နေနှင့် ပို၍နီးကပ်လာသောအခါ နေ၏ဆွဲအားကြောင့် အရှိန်ပိုမြန်လာသည်။ နေရောင်ခြည်လေ (solar wind) သက်ရောက်မှု့ကြောင့် ဓာတ်ငွေ့နှင့် ဖုန်မှုန့်များသည် အမြီးအဖြစ် ပန်းထွက်လာသည်။

အမြီးပိုင်း (tail)

ကြယ်တံခွန်များသည် နေနှင့်နီးလာသည်နှင့်အမျှ နေရောင်ခြည်လေ (solar wind) အားသက်ရောက်မှု့ကို ပိုမိုခံလာရပြီး ကိုမာမှ ဓာတ်ငွေ့များနှင့် ဖုန်မှုန့်များ သည် နောက်တွင်အမြီးသဏ္ဌာန် တန်း၍ထွက်ပေါ်လာသည်။ ကြယ်တံများ၏ အမြီးပိုင်းသည် နေနှင့်ဆန့်ကျင်ဘက် ကို အမြဲတစေတန်းလျှက်ရှိကြသည်။ နေ၏ အနီးနားသို့ ရောက်လာသည်နှင့် အမျှ နေမှထုတ်လွှင့်သော ခရမ်းလွန်ရောင်ခြည်များနှင့် ကြယ်တံခွန်မှ ဓာတ်ငွေ့အမှုန်များ တိုက်ရိုက်ထိတွေ့ကြသဖြင့် ကြယ်တံခွန်တို့၏အရောင်သည် ပို၍တောက်ပလာသည်။ အမြီးသည်လည်း ပို၍ရှည်လျားလာသည်။ ကြယ်တံခွန်တစ်လုံးတွင် အမြီး ၂ ပါရှိသည်။ ဖုန်မှုန့် အမြီး နှင့် အိုင်ယွန်းအမြီး တို့ဖြစ်သည်။

မြန်မာစွယ်စုံကျမ်း၊ အတွဲ(၂)
Myanmar Wikipedia

Leave a Reply