အိႏၵိယက ဂရိတ္ေ၀ါ

Posted on

ဂရိတ္ေ၀ါ (သုိ႔) မဟာရံတံတုိင္း လုိ႔ ဆုိလုိက္တာနဲ႔ တရုတ္ႏုိင္ငံက အလြန္ႀကီးမားၿပီး ရွည္လ်ားတဲ့ တံတုိင္းႀကီးကုိ ဆုိတာျဖစ္ေၾကာင္း ကြ်န္ေတာ္တုိ႔ အမ်ားစု သိထားၾကၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္ တရုတ္က တံတုိင္းႀကီးေလာက္ မရွည္ေပမယ့္ မုိင္ေပါင္း ဆယ္ခ်ီရွည္လ်ားတဲ့ တံတုိင္းႀကီးတစ္ခု ရွိေနတာကိုေတာ့ လူသိနည္းပါတယ္။ အခု သုတဇုန္ မိတ္ေဆြေတြကို မွ်ေ၀ေပးမွာကေတာ့ အဲဒီတံတုိင္းႀကီးရဲ႕ အေၾကာင္းျဖစ္ပါတယ္။

၁။ The Great Wall of India လုိ႔ တင္စားေခၚေ၀ၚေလ့ရွိတဲ့ ဒီတံတုိင္းႀကီးဟာ အိႏၵိယႏုိင္ငံ Rajsamand ျပည္နယ္က Kumbhalgarh ခံတပ္မွာ တည္ရွိေနပါတယ္။

၂။ ဒီခံတပ္ႀကီးဟာ အိႏၵိယႏုိင္ငံ Mewar ဘုရင္ Rana Kumbha လက္ထက္ ၁၅ ရာစုမွာ စတင္တည္ေဆာက္ခဲ့တာျဖစ္ၿပီး Mewar နယ္အတြက္ Chittorgarh ၿပီးရင္ ဒုတိယအေရးအႀကီးဆုံး ခံတပ္လည္းျဖစ္ပါတယ္။

၃။ အဲဒီခံတပ္ကို ပတ္ေဆာက္ထားတဲ့ တံတုိင္းႀကီးရဲ႕အရွည္က ၃၈ကီလုိမီတာ (၂၃.၆မုိင္) ရွိၿပီး တရုတ္ျပည္က မဟာရံတံတုိင္းၿပီးရင္ ဒုတိယ တဆက္တည္းအရွည္လ်ားဆုံး တံတုိင္းႀကီးလည္း ျဖစ္ပါတယ္။

၄။ Kumbhalgarh ခံတပ္မွာတည္ရွိတာျဖစ္တာေၾကာင့္ ရုိးရုိးရွင္းရွင္းပဲ Kumbhalgarh တံတုိင္းလုိ႔လည္း ေခၚၾကေလ့ရွိပါတယ္။

၅။ ဒီတံတုိင္းႀကီးဟာ သူ႔ရဲ႕အလ်ားထက္ ခုိင္ခံ့တဲ့အုတ္ေတြနဲ႔ တည္ေဆာက္ထားတဲ့ ဗိသုကာလက္ရာေတြေၾကာင့္ ထင္ရွားျခင္း ျဖစ္ပါတယ္။

၆။ တံတုိင္းႀကီးရဲ႕ အထူကေတာ့ တစ္ေနရာနဲ႔ တစ္ေနရာမတူပါဘူး။ ၁၅ေပ ၊ ၂၅ေပ နဲ႔ အထူဆုံးေနရာမွာေတာ့ ၄၉ေပ အထိရွိပါတယ္။

၇။ ပင္လယ္ေရမ်က္ႏွာျပင္ အထက္ အျမင့္ေပ ၃၆၀၀ မွာ တည္ရွိတဲ့ ဒီတံတုိင္းႀကီးကို ေကာင္းကင္ကေန ၾကည့္မယ္ဆုိရင္ ေတာင္ကုန္းေတာင္တန္းေတြၾကားမွာ တြန္႔လိမ္ၿပီးသြားလာေနတဲ့ ေျမြႀကီးတစ္ေကာင္ ပုံသ႑ာန္ ကဲ့သုိ႔ ျဖစ္ေနတာကို ျမင္ရမွာပါ။

၈။ ခံတပ္ရဲ႕ တံတုိင္းျဖစ္တာနဲ႔အညီ ဒီတံတုိင္းႀကီးမွာ စက္ယႏၱယားေတြအျပင္ ေထာင္ေခ်ာက္ေတြကိုပါ ထည့္သြင္းတပ္ဆင္ထားပါတယ္။ ၁၉ရာစုမွာ ဒီေနရာကို ခရီးသြားလာေရး နယ္ေျမအျဖစ္ ဖြင့္လွစ္ၿပီးတဲ့ေနာက္မွာေတာ့ စက္ယႏၱယားေတြ ေထာက္ေခ်ာက္ေတြကို ရပ္တန္႔ပစ္ခဲ့ပါတယ္။ ဒါေပမယ့္ ဖ်က္ဆီးပစ္လုိက္ျခင္း မဟုတ္တဲ့အတြက္ေၾကာင့္ ဒီေထာက္ေျခာက္ေတြကုိ သြားၾကည့္တဲ့ ခရီးသြားေတြဟာ မေတာ္တဆမႈေတြ ျဖစ္ႏုိင္ပါတယ္။

၉။ ဒီတံတုိင္းႀကီး တေလွ်ာက္မွာေတာ့ ခံတပ္ဂိတ္တံခါးေပါက္ ၇ခု ရွိေနၿပီး အတြင္းဘက္မွာေတာ့ ဟိႏၵဴဘုရားေက်ာင္း ၆၀ နဲ႔ ေရွးေဟာင္းဂ်ိန္းဘုရားေက်ာင္း ၃၀၀ ခန္႔လည္း တည္ရွိေနပါတယ္။

၁၀။ ဒ႑ာရီအရေတာ့ ဒီတံတုိင္း နဲ႔ ခံတပ္ကုိ စတင္တည္ေဆာက္တဲ့အခ်ိန္မွာ အခက္အခဲအမ်ဳိးမ်ဳိးေတြ႔တဲ့အျပင္ လူေတြေသဆုံးမႈပါ ျဖစ္ခဲ့တာေၾကာင့္ တည္ေဆာက္ေရးကို ရပ္ရမလုိျဖစ္ခဲ့ပါတယ္။ ပေရာဟိတ္ရဲ႕အႀကံေပးမႈေၾကာင့္ တံတုိင္းေအာက္မွာ လူတစ္ေယာက္ကုိ စေတးၿပီးေဆာက္ေတာ့မွ ေအာင္ျမင္ခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒီေနရာမွာ မိမိကုိယ္ကုိ စေတးခံသြားတဲ့သူဟာ ပေရာဟိတ္ကုိယ္တုိင္ျဖစ္တယ္လုိ႔ တခ်ဳိ႕ဆုိၾကၿပီး တခ်ဳိ႕ကေတာ့ စစ္သားတစ္ေယာက္သာ ျဖစ္တယ္လုိ႔ ဆုိၾကပါတယ္။

၁၁။ တံတုိင္း ရဲ႕ ဂိတ္တံခါးေပါက္ ၇ခုထဲမွာ အဓိက ဂိတ္တံခါးေပါက္ရဲ႕ နာမည္က ေျမာက္မင္းဟန္ႏုမာန္ ဂိတ္တံခါးေပါက္ျဖစ္ပါတယ္။ အဲဒီဂိတ္တံခါးေပါက္အနီးမွာ စေတးခံသြားသူကို အသိအမွတ္ျပဳတည္ေဆာက္ထားတဲ့ ဘုရားေက်ာင္း နဲ႔ ေက်ာင္းေဆာင္တစ္ခု ရွိေနပါတယ္။

၁၂။ အိႏၵိယရဲ႕ မဟာရံတံတုိင္း ႀကီးသာမက Rajasthan ခံတပ္အုပ္စု တစ္ခုလုံးကို ၂၀၁၃ခုႏွစ္မွာ UNESCO က ကမာၻ႔ယဥ္ေက်းမႈ အေမြအႏွစ္ ေနရာအျဖစ္ သတ္မွတ္ခဲ့ပါတယ္။

VIDEO

သုတဇုန္

—————–

အိန္ဒိယက ဂရိတ်ဝေါ (unicode)

ဂရိတ်ဝေါ (သို့) မဟာရံတံတိုင်း လို့ ဆိုလိုက်တာနဲ့ တရုတ်နိုင်ငံက အလွန်ကြီးမားပြီး ရှည်လျားတဲ့ တံတိုင်းကြီးကို ဆိုတာဖြစ်ကြောင်း ကျွန်တော်တို့ အများစု သိထားကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်က တံတိုင်းကြီးလောက် မရှည်ပေမယ့် မိုင်ပေါင်း ဆယ်ချီရှည်လျားတဲ့ တံတိုင်းကြီးတစ်ခု ရှိနေတာကိုတော့ လူသိနည်းပါတယ်။ အခု သုတဇုန် မိတ်ဆွေတွေကို မျှဝေပေးမှာကတော့ အဲဒီတံတိုင်းကြီးရဲ့ အကြောင်းဖြစ်ပါတယ်။

၁။ The Great Wall of India လို့ တင်စားခေါ်ဝေါ်လေ့ရှိတဲ့ ဒီတံတိုင်းကြီးဟာ အိန္ဒိယနိုင်ငံ Rajsamand ပြည်နယ်က Kumbhalgarh ခံတပ်မှာ တည်ရှိနေပါတယ်။

၂။ ဒီခံတပ်ကြီးဟာ အိန္ဒိယနိုင်ငံ Mewar ဘုရင် Rana Kumbha လက်ထက် ၁၅ ရာစုမှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး Mewar နယ်အတွက် Chittorgarh ပြီးရင် ဒုတိယအရေးအကြီးဆုံး ခံတပ်လည်းဖြစ်ပါတယ်။

၃။ အဲဒီခံတပ်ကို ပတ်ဆောက်ထားတဲ့ တံတိုင်းကြီးရဲ့အရှည်က ၃၈ကီလိုမီတာ (၂၃.၆မိုင်) ရှိပြီး တရုတ်ပြည်က မဟာရံတံတိုင်းပြီးရင် ဒုတိယ တဆက်တည်းအရှည်လျားဆုံး တံတိုင်းကြီးလည်း ဖြစ်ပါတယ်။

၄။ Kumbhalgarh ခံတပ်မှာတည်ရှိတာဖြစ်တာကြောင့် ရိုးရိုးရှင်းရှင်းပဲ Kumbhalgarh တံတိုင်းလို့လည်း ခေါ်ကြလေ့ရှိပါတယ်။

၅။ ဒီတံတိုင်းကြီးဟာ သူ့ရဲ့အလျားထက် ခိုင်ခံ့တဲ့အုတ်တွေနဲ့ တည်ဆောက်ထားတဲ့ ဗိသုကာလက်ရာတွေကြောင့် ထင်ရှားခြင်း ဖြစ်ပါတယ်။

၆။ တံတိုင်းကြီးရဲ့ အထူကတော့ တစ်နေရာနဲ့ တစ်နေရာမတူပါဘူး။ ၁၅ပေ ၊ ၂၅ပေ နဲ့ အထူဆုံးနေရာမှာတော့ ၄၉ပေ အထိရှိပါတယ်။

၇။ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၃၆၀၀ မှာ တည်ရှိတဲ့ ဒီတံတိုင်းကြီးကို ကောင်းကင်ကနေ ကြည့်မယ်ဆိုရင် တောင်ကုန်းတောင်တန်းတွေကြားမှာ တွန့်လိမ်ပြီးသွားလာနေတဲ့ မြွေကြီးတစ်ကောင် ပုံသဏ္ဍာန် ကဲ့သို့ ဖြစ်နေတာကို မြင်ရမှာပါ။

၈။ ခံတပ်ရဲ့ တံတိုင်းဖြစ်တာနဲ့အညီ ဒီတံတိုင်းကြီးမှာ စက်ယန္တယားတွေအပြင် ထောင်ချောက်တွေကိုပါ ထည့်သွင်းတပ်ဆင်ထားပါတယ်။ ၁၉ရာစုမှာ ဒီနေရာကို ခရီးသွားလာရေး နယ်မြေအဖြစ် ဖွင့်လှစ်ပြီးတဲ့နောက်မှာတော့ စက်ယန္တယားတွေ ထောက်ချောက်တွေကို ရပ်တန့်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် ဖျက်ဆီးပစ်လိုက်ခြင်း မဟုတ်တဲ့အတွက်ကြောင့် ဒီထောက်ခြောက်တွေကို သွားကြည့်တဲ့ ခရီးသွားတွေဟာ မတော်တဆမှုတွေ ဖြစ်နိုင်ပါတယ်။

၉။ ဒီတံတိုင်းကြီး တလျှောက်မှာတော့ ခံတပ်ဂိတ်တံခါးပေါက် ၇ခု ရှိနေပြီး အတွင်းဘက်မှာတော့ ဟိန္ဒူဘုရားကျောင်း ၆၀ နဲ့ ရှေးဟောင်းဂျိန်းဘုရားကျောင်း ၃၀၀ ခန့်လည်း တည်ရှိနေပါတယ်။

၁၀။ ဒဏ္ဍာရီအရတော့ ဒီတံတိုင်း နဲ့ ခံတပ်ကို စတင်တည်ဆောက်တဲ့အချိန်မှာ အခက်အခဲအမျိုးမျိုးတွေ့တဲ့အပြင် လူတွေသေဆုံးမှုပါ ဖြစ်ခဲ့တာကြောင့် တည်ဆောက်ရေးကို ရပ်ရမလိုဖြစ်ခဲ့ပါတယ်။ ပရောဟိတ်ရဲ့အကြံပေးမှုကြောင့် တံတိုင်းအောက်မှာ လူတစ်ယောက်ကို စတေးပြီးဆောက်တော့မှ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ မိမိကိုယ်ကို စတေးခံသွားတဲ့သူဟာ ပရောဟိတ်ကိုယ်တိုင်ဖြစ်တယ်လို့ တချို့ဆိုကြပြီး တချို့ကတော့ စစ်သားတစ်ယောက်သာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

၁၁။ တံတိုင်း ရဲ့ ဂိတ်တံခါးပေါက် ၇ခုထဲမှာ အဓိက ဂိတ်တံခါးပေါက်ရဲ့ နာမည်က မြောက်မင်းဟန်နုမာန် ဂိတ်တံခါးပေါက်ဖြစ်ပါတယ်။ အဲဒီဂိတ်တံခါးပေါက်အနီးမှာ စတေးခံသွားသူကို အသိအမှတ်ပြုတည်ဆောက်ထားတဲ့ ဘုရားကျောင်း နဲ့ ကျောင်းဆောင်တစ်ခု ရှိနေပါတယ်။

၁၂။ အိန္ဒိယရဲ့ မဟာရံတံတိုင်း ကြီးသာမက Rajasthan ခံတပ်အုပ်စု တစ်ခုလုံးကို ၂၀၁၃ခုနှစ်မှာ UNESCO က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။

သုတဇုန်

Leave a Reply