ကမာၻတလႊားက နာမည္ေက်ာ္ ဂီတပြဲေတာ္ႀကီး ၄ ခု

Posted on

ေရးသားသူ – ဟယ္လ္သင္
Irrawaddy Burmese

ဂီတပြဲေတာ္ေတြဟာ ၁၉၆၀ ခုႏွစ္ ေနာက္ပိုင္းကတည္းက စတင္ ေက်ာ္ၾကားလာခဲ့ၾကတာျဖစ္ၿပီး ေခတ္အေလ်ာက္ ေနထိုင္မႈပုံစံေတြကိုလည္း အသားေပး ေဖာ္ျပလာခဲ့ၾကတာ ျဖစ္ပါတယ္။

ယခုလက္ရွိ အခ်ိန္ေတြအထိ ဂီတပြဲေတာ္ေတြကို ကမၻာအႏွံ႔မွာ ဆက္လက္ က်င္းပေနၾကတာျဖစ္ၿပီး အခုေဖာ္ျပေပးမွာကေတာ့ အေက်ာ္ၾကားဆုံး ဂီတပြဲေတာ္ေတြအေၾကာင္းပဲ ျဖစ္ပါတယ္။

(၁) Glastonbury

၁၉၇၀ခုႏွစ္ကတည္းက က်င္းပလာတာျဖစ္တဲ့အတြက္ သက္တမ္းရင့္ ဂီတပြဲေတာ္တစ္ခုျဖစ္ပါတယ္။ အေကၽြးေမြးနဲ႔ ဧည့္ခံေလ့ရွိတဲ့ အေလ့အထေၾကာင့္ နာမည္ေက်ာ္ၾကားၿပီး ႏွစ္စဥ္ႏွစ္တိုင္း အဂၤလန္ႏိုင္ငံရဲ႕ Somerset နယ္ေျမက Pilton ေက်းရြာမွာ က်င္းပေလ့ရွိတာ ျဖစ္ပါတယ္။ ဂီတပြဲေတာ္ က်င္းပခ်ိန္ဟာ ၅ ရက္အထိ ၾကာျမင့္ၿပီး Hip-Hop ကေန Metal အထိ ဂီတေပါင္းစုံကို အခ်ိန္စာရင္းအလိုက္ ေဖ်ာ္ေျဖေလ့ ရွိတာပဲ ျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္မွာ ေဖ်ာ္ေျဖခဲ့တဲ့ ထူးထူးျခားျခား ဂီတအဖြဲ႕ေတြကေတာ့ Coldplay , Micahel Kiwanuka နဲ႔ Lee Scratch Perry တို႔ပဲ ျဖစ္ပါတယ္။ ဒီပြဲေတာ္ကုိေတာ့ ပရိတ္သတ္ေပါင္း ၁သိန္းခြဲနီးပါး လာေရာက္ေလ့ရွိပါတယ္။

(၂) Coachella

ကမၻာ့အႀကီးမားဆုံး ဂီတပြဲေတာ္တခုျဖစ္ၿပီး ကယ္လီဖိုးနီးယားျပည္နယ္ရဲ႕ Coachell ေတာင္ၾကားမွာ က်င္းပတဲ့ ဂီတပြဲေတာ္တခုျဖစ္တာေၾကာင့္ သူ႔ရဲ႕အရွည္ေကာက္က Coachella Valley Music and Arts Festival ပါ။ ၂၀၁၆ ခုႏွစ္မွာေတာ့ လူသိမ်ားတဲ့ ဂီတအဖြဲ႕ေတြျဖစ္တဲ့ A$AP Rocky နဲ႔ Guns N’ Roses အဖြဲ႕တို႔က ေဖ်ာ္ေျဖခဲ့ၾကတာလည္း ျဖစ္ပါတယ္။

ႏွစ္စဥ္ ဧၿပီလရဲ႕ ပိတ္ရက္ရွည္ေတြဟာ ပုံမွန္ ဂီတပြဲေတာ္ က်င္းပခ်ိန္ျဖစ္ၿပီး ၃ရက္ဆက္တုိက္က်င္းပေလ့ရွိပါတယ္။ ဂီတပြဲေတာ္ရဲ႕ အဓိက ထူးျခားခ်က္ကေတာ့ ကြဲကြာသြားတဲ့ ဂီတအဖြဲ႕ေတြကို တစုတစည္းတည္း ျပန္လည္ ေပါင္းစည္းေစျခင္းပဲ ျဖစ္ပါတယ္။ ၁၉၉၉ ခုႏွစ္ကတည္းက စတင္က်င္းပခဲ့တဲ့ ဒီပြဲေတာ္ကုိ လာေရာက္တဲ့ပရိတ္သတ္ အေရအတြက္ကေတာ့ ၂သိန္းခြဲခန္႔ အထိ ရွိပါတယ္။

(၃) Lollapalooza

အေမရိကန္ႏိုင္ငံရဲ႕ ေက်ာ္ၾကားတဲ့ ဂီတပြဲေတာ္တခုျဖစ္ၿပီး ပြဲေတာ္ကို ေရာက္ရွိလာတဲ့ ဂီတခ်စ္ပရိသတ္ေတြ အကုန္လုံးဟာ Future, Lana Del Rey အစရွိတဲ့ အဆိုေတာ္ေတြရဲ႕ သီခ်င္းေတြကို လိုက္ပါစီးေမ်ာႏိုင္မွာလည္း ျဖစ္ပါတယ္။

ဂီတပြဲေတာ္ကို ၂ရက္ကေန ၃ရက္အထိက်င္းပေလ့ရွိၿပီး အေမရိကန္ရဲ႕ ခ်ီကာဂုိ ၊ ဆန္တီယာဂုိ ၊ ဘရာဇီးရဲ႕ ေဆာ္ေပၚလုိ ၊ အာဂ်င္တီးနားရဲ႕Buenos Aires ၊ ဂ်ာမဏီ ရဲ႕ ဘာလင္ ၊ Hoppegarten နဲ႔  ျပင္သစ္ရဲ႕ ပါရီ စတဲ့ၿမဳိ႕ႀကီးအသီးသီးမွာ က်င္းပတဲ့ ဂီတပြဲေတာ္ျဖစ္ပါတယ္။ Alternative rock , Punk rock, Heavy metal ,Pop, hip hop, electronic စတဲ့ ဂီတအမ်ုိးအစား စုံလင္စြာကို ခံစားနားဆင္ရမွာျဖစ္ပါတယ္။ ၁၉၉၁ခုႏွစ္ကတည္းက စတင္က်င္းပလာခဲ့တဲ့ ဒီဂီတပြဲေတာ္ဟာ လာေရာက္သူပရိတ္သတ္ေပါင္း ၁သိန္း ၆ေသာင္းခန္႔ ရွိတဲ့ပြဲေတာ္ျဖစ္ပါတယ္။

(၄) Tomorrowland

ကမၻာ့အေက်ာ္ၾကားဆုံးနဲ႔ EDM(electronic dance music) နဲ႔ အႀကီးမားဆုံးေသာ ဂီတပြဲေတာ္တခု ျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္ႏိုင္ငံံ ဘြမ္းၿမိဳ႕မွာ က်င္းပေလ့ရွိပါတယ္။ ဂီတစင္ျမင့္ ၁၀ ခုနဲ႔ က်င္းပတာျဖစ္ၿပီး ဒီေဂ်ေပါင္း ၄၀၀ ရဲ႕ ေဖ်ာ္ေျဖတင္ဆက္မႈေတြကို ခံစားၾကရမွာပါ။

၂၀၀၅ခုႏွစ္ကတည္းက စတင္က်င္းပခဲ့ၿပီး ပထမဆုံး အႀကိမ္မွာ ပရိတ္သတ္ ၉ေထာင္ခန္႔ပဲ ရွိခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ပရိတ္သတ္ေပါင္း ၄သိန္း အထိ တုိးျမင့္လာခဲ့ပါၿပီ။ ဇူလုိင္လမွာ က်င္းပေလ့ရွိတဲ့ ဒီပြဲေတာ္ဟာ ႏွစ္စဥ္ႏွစ္တုိင္း ဆန္းျပားခမ္းနားတဲ့ Theme ေတြနဲ႔ ဖန္တီးမႈေတြေၾကာင့္ ကမာၻတလႊားက EDM ဂီတခ်စ္သူေတြ အတက္ေရာက္ခ်င္ဆုံး ပြဲေတာ္တစ္ခုလည္း ျဖစ္ေနပါေတာ့တယ္။

VIDEO Tomorrowland

ဟယ္လ္သင္
Irrawaddy Burmese

—————–

ကမ္ဘာတလွှားက နာမည်ကျော် ဂီတပွဲတော်ကြီး ၄ ခု (unicode)

ရေးသားသူ – ဟယ်လ်သင်
Irrawaddy Burmese

ဂီတပွဲတော်တွေဟာ ၁၉၆၀ ခုနှစ် နောက်ပိုင်းကတည်းက စတင် ကျော်ကြားလာခဲ့ကြတာဖြစ်ပြီး ခေတ်အလျောက် နေထိုင်မှုပုံစံတွေကိုလည်း အသားပေး ဖော်ပြလာခဲ့ကြတာ ဖြစ်ပါတယ်။

ယခုလက်ရှိ အချိန်တွေအထိ ဂီတပွဲတော်တွေကို ကမ္ဘာအနှံ့မှာ ဆက်လက် ကျင်းပနေကြတာဖြစ်ပြီး အခုဖော်ပြပေးမှာကတော့ အကျော်ကြားဆုံး ဂီတပွဲတော်တွေအကြောင်းပဲ ဖြစ်ပါတယ်။

(၁) Glastonbury

၁၉၇ဝခုနှစ်ကတည်းက ကျင်းပလာတာဖြစ်တဲ့အတွက် သက်တမ်းရင့် ဂီတပွဲတော်တစ်ခုဖြစ်ပါတယ်။ အကျွေးမွေးနဲ့ ဧည့်ခံလေ့ရှိတဲ့ အလေ့အထကြောင့် နာမည်ကျော်ကြားပြီး နှစ်စဉ်နှစ်တိုင်း အင်္ဂလန်နိုင်ငံရဲ့ Somerset နယ်မြေက Pilton ကျေးရွာမှာ ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။ ဂီတပွဲတော် ကျင်းပချိန်ဟာ ၅ ရက်အထိ ကြာမြင့်ပြီး Hip-Hop ကနေ Metal အထိ ဂီတပေါင်းစုံကို အချိန်စာရင်းအလိုက် ဖျော်ဖြေလေ့ ရှိတာပဲ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ဖျော်ဖြေခဲ့တဲ့ ထူးထူးခြားခြား ဂီတအဖွဲ့တွေကတော့ Coldplay , Micahel Kiwanuka နဲ့ Lee Scratch Perry တို့ပဲ ဖြစ်ပါတယ်။ ဒီပွဲတော်ကိုတော့ ပရိတ်သတ်ပေါင်း ၁သိန်းခွဲနီးပါး လာရောက်လေ့ရှိပါတယ်။

(၂) Coachella

ကမ္ဘာ့အကြီးမားဆုံး ဂီတပွဲတော်တခုဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ Coachell တောင်ကြားမှာ ကျင်းပတဲ့ ဂီတပွဲတော်တခုဖြစ်တာကြောင့် သူ့ရဲ့အရှည်ကောက်က Coachella Valley Music and Arts Festival ပါ။ ၂၀၁၆ ခုနှစ်မှာတော့ လူသိများတဲ့ ဂီတအဖွဲ့တွေဖြစ်တဲ့ A$AP Rocky နဲ့ Guns N’ Roses အဖွဲ့တို့က ဖျော်ဖြေခဲ့ကြတာလည်း ဖြစ်ပါတယ်။

နှစ်စဉ် ဧပြီလရဲ့ ပိတ်ရက်ရှည်တွေဟာ ပုံမှန် ဂီတပွဲတော် ကျင်းပချိန်ဖြစ်ပြီး ၃ရက်ဆက်တိုက်ကျင်းပလေ့ရှိပါတယ်။ ဂီတပွဲတော်ရဲ့ အဓိက ထူးခြားချက်ကတော့ ကွဲကွာသွားတဲ့ ဂီတအဖွဲ့တွေကို တစုတစည်းတည်း ပြန်လည် ပေါင်းစည်းစေခြင်းပဲ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ ဒီပွဲတော်ကို လာရောက်တဲ့ပရိတ်သတ် အရေအတွက်ကတော့ ၂သိန်းခွဲခန့် အထိ ရှိပါတယ်။

(၃) Lollapalooza

အမေရိကန်နိုင်ငံရဲ့ ကျော်ကြားတဲ့ ဂီတပွဲတော်တခုဖြစ်ပြီး ပွဲတော်ကို ရောက်ရှိလာတဲ့ ဂီတချစ်ပရိသတ်တွေ အကုန်လုံးဟာ Future, Lana Del Rey အစရှိတဲ့ အဆိုတော်တွေရဲ့ သီချင်းတွေကို လိုက်ပါစီးမျောနိုင်မှာလည်း ဖြစ်ပါတယ်။

ဂီတပွဲတော်ကို ၂ရက်ကနေ ၃ရက်အထိကျင်းပလေ့ရှိပြီး အမေရိကန်ရဲ့ ချီကာဂို ၊ ဆန်တီယာဂို ၊ ဘရာဇီးရဲ့ ဆော်ပေါ်လို ၊ အာဂျင်တီးနားရဲ့Buenos Aires ၊ ဂျာမဏီ ရဲ့ ဘာလင် ၊ Hoppegarten နဲ့  ပြင်သစ်ရဲ့ ပါရီ စတဲ့မြို့ကြီးအသီးသီးမှာ ကျင်းပတဲ့ ဂီတပွဲတော်ဖြစ်ပါတယ်။ Alternative rock , Punk rock, Heavy metal ,Pop, hip hop, electronic စတဲ့ ဂီတအမျိုးအစား စုံလင်စွာကို ခံစားနားဆင်ရမှာဖြစ်ပါတယ်။ ၁၉၉၁ခုနှစ်ကတည်းက စတင်ကျင်းပလာခဲ့တဲ့ ဒီဂီတပွဲတော်ဟာ လာရောက်သူပရိတ်သတ်ပေါင်း ၁သိန်း ၆သောင်းခန့် ရှိတဲ့ပွဲတော်ဖြစ်ပါတယ်။

(၄) Tomorrowland

ကမ္ဘာ့အကျော်ကြားဆုံးနဲ့ EDM(electronic dance music) နဲ့ အကြီးမားဆုံးသော ဂီတပွဲတော်တခု ဖြစ်ပြီး ဘယ်လ်ဂျီယမ်နိုင်ငံ ဘွမ်းမြို့မှာ ကျင်းပလေ့ရှိပါတယ်။ ဂီတစင်မြင့် ၁၀ ခုနဲ့ ကျင်းပတာဖြစ်ပြီး ဒီဂျေပေါင်း ၄၀၀ ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ခံစားကြရမှာပါ။

၂၀၀၅ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပြီး ပထမဆုံး အကြိမ်မှာ ပရိတ်သတ် ၉ထောင်ခန့်ပဲ ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပရိတ်သတ်ပေါင်း ၄သိန်း အထိ တိုးမြင့်လာခဲ့ပါပြီ။ ဇူလိုင်လမှာ ကျင်းပလေ့ရှိတဲ့ ဒီပွဲတော်ဟာ နှစ်စဉ်နှစ်တိုင်း ဆန်းပြားခမ်းနားတဲ့ Theme တွေနဲ့ ဖန်တီးမှုတွေကြောင့် ကမ္ဘာတလွှားက EDM ဂီတချစ်သူတွေ အတက်ရောက်ချင်ဆုံး ပွဲတော်တစ်ခုလည်း ဖြစ်နေပါတော့တယ်။

ဟယ်လ်သင်
Irrawaddy Burmese

Leave a Reply