အထပ္ျမင့္အေဆာက္အအုံကို ျဖတ္ေဖာက္ၿပီး ေဆာက္ထားတဲ့ အေ၀းေျပးလမ္း

Posted on

ဒီအေဆာက္အအုံကေတာ့ ဂ်ပန္ႏုိင္ငံက ဆန္းဆန္းျပားျပား ဒီဇုိင္း နဲ႔ အေဆာက္အအုံတစ္ခုျဖစ္ပါတယ္။ ဂ်ပန္ႏုိင္ငံ Fukushima-ku စီရင္စုထဲမွာ တည္ရွိတဲ့ ဂိတ္တံခါးေပါက္တာ၀ါ(Gate Tower) ဆုိတဲ့အေဆာက္အအုံပါ။ Gate Tower လုိ႔ေခၚရျခင္းအေၾကာင္းကေတာ့ ကားေတြအတြက္ တံခါးေပါက္တစ္ေပါက္သဖြယ္ ျဖစ္ေနလုိ႔ပါ။

ဒီအေဆာက္အအုံ ဒီဇုိင္းကေတာ့ အစကတည္းက တမင္သက္သက္ေဆာက္လုပ္ခဲ့တာေတာ့ မဟုတ္ပါဘူး။ ၁၉ရာစု အလယ္ေလာက္က ဒီေနရာဟာ သစ္သား နဲ႔ မီးေသြး ေရာင္း၀င္ေရးလုပ္ငန္း တစ္ခု ျဖစ္ခဲ့ပါတယ္။ ၁၉၈၃ခုႏွစ္မွာေတာ့ ေျမပုိင္ရွင္ဟာ သူ႔ရဲ႕ေျမဟာ အထပ္ျမင့္ အေဆာက္အအုံ ေဆာက္လုပ္ဖုိ႔ စတင္ခဲ့ပါတယ္။ ဒါေပမယ့္ ေဆာက္လုပ္ခြင့္ကို အစုိးရက ခ်မေပးခဲ့ပါဘူး။ အေၾကာင္းကေတာ့ ဒီေနရာကို ျဖတ္ၿပီး အေ၀းေျပးလမ္း ေဆာက္လုပ္ဖုိ႔ အစီအစဥ္ခ်ၿပီးသား ျဖစ္လုိ႔ပါ။

ေျမပုိင္ရွင္ကလည္း လက္မခံပါဘူး။ အစုိးရကလည္း ေဆာက္ခြင့္မျပဳပါဘူး။ ဒီလုိ နဲ႔ အႀကိမ္ႀကိမ္ညွိႏႈိင္းရင္း ေျမပုိင္ရွင္ နဲ႔ အစုိးရၾကား တုိက္ပြဲဟာ ၅ႏွစ္ခန္႔ ၾကာျမင့္ခဲ့ပါတယ္။ ငါးႏွစ္ၾကာ အႀကိမ္ႀကိမ္ ညွိႏႈိင္းအေျဖရွာၿပီးတဲ့ေနာက္မွာေတာ့ အဆင္ေျပမယ့္ အေျဖတစ္ခုကို သြားေတြ႔ပါတယ္။ အဲဒါကေတာ့ အခုျမင္ရတဲ့အတုိင္း အေဆာက္အအုံ အလယ္ကို ျဖတ္ေဖာက္ၿပီး အေ၀းေျပးလမ္းကို သြားေစဖုိ႔ပါ။ ဒီဇုိင္းကို ေရးဆြဲခဲ့သူေတြကေတာ့ ဂ်ပန္ဗိသုကာ ပညာရွင္ေတြျဖစ္တဲ့ Azusa Sekkei နဲ႔ Yamamoto-Nishihara တုိ႔ ျဖစ္ပါတယ္။

အဲဒီေနာက္ေတာ့ ၂၃၈ေပ အျမင့္ရွိတဲ့ အထပ္ ၁၆ထပ္ အေဆာက္အဦးကို စတင္ေဆာက္လုပ္ပါေတာ့တယ္။ အထပ္ ၅ ၊ အထပ္ ၆ နဲ႔ အထပ္ ၇ ေနရာေတြကုိေတာ့ ေဟာင္းေလာင္းထားခဲ့ၿပီး အေ၀းေျပးလမ္းကို သြားေစပါတယ္။ ၾကည့္လုိက္ရင္ အေဆာက္အဦး နဲ႔ အေ၀းေျပးလမ္းဟာ တစ္ဆက္တည္းလုိ႔ ထင္ရေပမယ့္ တကယ္ကေတာ့ အေ၀းေျပးလမ္းဟာ အေဆာက္အဦးရဲ႕အေပါက္ထဲကေန ျဖတ္သန္းၿပီး ထိစပ္မေနေအာင္ ဖန္တီးထားျခင္း ျဖစ္ပါတယ္။

ရထားျဖတ္သန္းတဲ့အခါ အေဆာက္အအုံမွာ ေနထုိင္သူေတြ ဆူညံမႈ နဲ႔ တုန္ခါမႈ မျဖစ္ေစဖုိ႔အတြက္ လမ္း နဲ႔ အေဆာက္အအုံၾကားမွာ Casing တစ္ခုကို ခံၿပီးတည္ေဆာက္ထားပါတယ္။ ဒါအျပင္ အေဆာက္အအုံ ဒီဇုိင္းပညာရွင္ေတြဟာ အဲဒီေနရာမွာရွိတဲ့ နံရံကို အသံကာစနစ္ နဲ႔တည္ေဆာက္ထားတာေၾကာင့္ ရထားျဖတ္သန္းတဲ့အခါမ်ဳိးမွာ အေဆာက္အအုံမွာ ေနသူေတြက သိေတာင္သိလုိက္မွာ မဟုတ္ပါဘူး။

ဒီလို နဲ႔ အေဆာက္အအုံဟာ ၁၉၉၂ ခုႏွစ္မွာ ၿပီးဆုံးခဲ့ပါတယ္။ အစုိးရ အေနနဲ႔လည္း ေနာက္တစ္ခါ အခုေဆာက္လုပ္ေရးလုိ ေျမရွင္ေတြနဲ႔ အျငင္းပြားမႈ မ်ုိး မျဖစ္ေစဖုိ႔အတြက္ “အစုိးရလုပ္ငန္းခြင္ေတြအတြက္ လုိအပ္လာရင္ မည္သူ မဆုိ ညွိႏႈိင္းမႈအတုိင္း ဖယ္ရွားေပးရမယ္” ဆုိတဲ့ ဥပေဒကုိ ၁၈၈၉ ခုႏွစ္ကတည္းက ထုတ္ျပန္ခဲ့ပါတယ္။

ဒီလုိ အေဆာက္အအုံကို ျဖတ္ေဖာက္ထားတဲ့ အေ၀းေျပးလမ္းေၾကာင့္ ဒီအေဆာက္အအုံက ဓာတ္ေလွကားကို စီးမယ္ဆုိရင္ ၅၊၆၊၇ အလႊာေတြကုိ ေက်ာ္ၿပီး ၄လႊာကေန ၈လႊာကို တန္းေရာက္သြားမွာ ျဖစ္ပါတယ္။ အစုိးရ နဲ႔ ေျမပုိင္ရွင္ တုိ႔ အေျခအတင္ ျဖစ္ခဲ့ရေပမယ့္ ဒီတုိက္ပြဲေၾကာင့္ ျဖစ္လာခဲ့တဲ့ ဒီအေဆာက္အဦးဟာ ဂ်ပန္ရဲ႕ ထူးျခားဆန္းျပား အေဆာက္အဦး အျဖစ္ မွတ္တမ္း ထင္က်န္ေနပါေတာ့တယ္။

VIDEO

သုတဇုန္

———————-

အထပ်မြင့်အဆောက်အအုံကို ဖြတ်ဖောက်ပြီး ဆောက်ထားတဲ့ အဝေးပြေးလမ်း

ဒီအဆောက်အအုံကတော့ ဂျပန်နိုင်ငံက ဆန်းဆန်းပြားပြား ဒီဇိုင်း နဲ့ အဆောက်အအုံတစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံ Fukushima-ku စီရင်စုထဲမှာ တည်ရှိတဲ့ ဂိတ်တံခါးပေါက်တာဝါ(Gate Tower) ဆိုတဲ့အဆောက်အအုံပါ။ Gate Tower လို့ခေါ်ရခြင်းအကြောင်းကတော့ ကားတွေအတွက် တံခါးပေါက်တစ်ပေါက်သဖွယ် ဖြစ်နေလို့ပါ။

ဒီအဆောက်အအုံ ဒီဇိုင်းကတော့ အစကတည်းက တမင်သက်သက်ဆောက်လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ၁၉ရာစု အလယ်လောက်က ဒီနေရာဟာ သစ်သား နဲ့ မီးသွေး ရောင်းဝင်ရေးလုပ်ငန်း တစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၉၈၃ခုနှစ်မှာတော့ မြေပိုင်ရှင်ဟာ သူ့ရဲ့မြေဟာ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ဖို့ စတင်ခဲ့ပါတယ်။ ဒါပေမယ့် ဆောက်လုပ်ခွင့်ကို အစိုးရက ချမပေးခဲ့ပါဘူး။ အကြောင်းကတော့ ဒီနေရာကို ဖြတ်ပြီး အဝေးပြေးလမ်း ဆောက်လုပ်ဖို့ အစီအစဉ်ချပြီးသား ဖြစ်လို့ပါ။

မြေပိုင်ရှင်ကလည်း လက်မခံပါဘူး။ အစိုးရကလည်း ဆောက်ခွင့်မပြုပါဘူး။ ဒီလို နဲ့ အကြိမ်ကြိမ်ညှိနှိုင်းရင်း မြေပိုင်ရှင် နဲ့ အစိုးရကြား တိုက်ပွဲဟာ ၅နှစ်ခန့် ကြာမြင့်ခဲ့ပါတယ်။ ငါးနှစ်ကြာ အကြိမ်ကြိမ် ညှိနှိုင်းအဖြေရှာပြီးတဲ့နောက်မှာတော့ အဆင်ပြေမယ့် အဖြေတစ်ခုကို သွားတွေ့ပါတယ်။ အဲဒါကတော့ အခုမြင်ရတဲ့အတိုင်း အဆောက်အအုံ အလယ်ကို ဖြတ်ဖောက်ပြီး အဝေးပြေးလမ်းကို သွားစေဖို့ပါ။ ဒီဇိုင်းကို ရေးဆွဲခဲ့သူတွေကတော့ ဂျပန်ဗိသုကာ ပညာရှင်တွေဖြစ်တဲ့ Azusa Sekkei နဲ့ Yamamoto-Nishihara တို့ ဖြစ်ပါတယ်။

အဲဒီနောက်တော့ ၂၃၈ပေ အမြင့်ရှိတဲ့ အထပ် ၁၆ထပ် အဆောက်အဦးကို စတင်ဆောက်လုပ်ပါတော့တယ်။ အထပ် ၅ ၊ အထပ် ၆ နဲ့ အထပ် ၇ နေရာတွေကိုတော့ ဟောင်းလောင်းထားခဲ့ပြီး အဝေးပြေးလမ်းကို သွားစေပါတယ်။ ကြည့်လိုက်ရင် အဆောက်အဦး နဲ့ အဝေးပြေးလမ်းဟာ တစ်ဆက်တည်းလို့ ထင်ရပေမယ့် တကယ်ကတော့ အဝေးပြေးလမ်းဟာ အဆောက်အဦးရဲ့အပေါက်ထဲကနေ ဖြတ်သန်းပြီး ထိစပ်မနေအောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။

ရထားဖြတ်သန်းတဲ့အခါ အဆောက်အအုံမှာ နေထိုင်သူတွေ ဆူညံမှု နဲ့ တုန်ခါမှု မဖြစ်စေဖို့အတွက် လမ်း နဲ့ အဆောက်အအုံကြားမှာ Casing တစ်ခုကို ခံပြီးတည်ဆောက်ထားပါတယ်။ ဒါအပြင် အဆောက်အအုံ ဒီဇိုင်းပညာရှင်တွေဟာ အဲဒီနေရာမှာရှိတဲ့ နံရံကို အသံကာစနစ် နဲ့တည်ဆောက်ထားတာကြောင့် ရထားဖြတ်သန်းတဲ့အခါမျိုးမှာ အဆောက်အအုံမှာ နေသူတွေက သိတောင်သိလိုက်မှာ မဟုတ်ပါဘူး။

ဒီလို နဲ့ အဆောက်အအုံဟာ ၁၉၉၂ ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။ အစိုးရ အနေနဲ့လည်း နောက်တစ်ခါ အခုဆောက်လုပ်ရေးလို မြေရှင်တွေနဲ့ အငြင်းပွားမှု မျိုး မဖြစ်စေဖို့အတွက် “အစိုးရလုပ်ငန်းခွင်တွေအတွက် လိုအပ်လာရင် မည်သူ မဆို ညှိနှိုင်းမှုအတိုင်း ဖယ်ရှားပေးရမယ်” ဆိုတဲ့ ဥပဒေကို ၁၈၈၉ ခုနှစ်ကတည်းက ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို အဆောက်အအုံကို ဖြတ်ဖောက်ထားတဲ့ အဝေးပြေးလမ်းကြောင့် ဒီအဆောက်အအုံက ဓာတ်လှေကားကို စီးမယ်ဆိုရင် ၅၊၆၊၇ အလွှာတွေကို ကျော်ပြီး ၄လွှာကနေ ၈လွှာကို တန်းရောက်သွားမှာ ဖြစ်ပါတယ်။ အစိုးရ နဲ့ မြေပိုင်ရှင် တို့ အခြေအတင် ဖြစ်ခဲ့ရပေမယ့် ဒီတိုက်ပွဲကြောင့် ဖြစ်လာခဲ့တဲ့ ဒီအဆောက်အဦးဟာ ဂျပန်ရဲ့ ထူးခြားဆန်းပြား အဆောက်အဦး အဖြစ် ကျန်ရစ်နေပါတော့တယ်။

Leave a Reply