ရုိေမးနီးယား ႏုိင္ငံအေၾကာင္း သိေကာင္းစရာ

Posted on

ရုိေမးနီးယားႏိုင္ငံသည္ ဥေရာပတိုက္အေရွ႕ေတာင္ပိုင္းတြင္ ဒန္းၫုျမစ္ဝွမ္းေအာက္ပိုင္း ၌ တည္ရွိေသာ ႏိုင္ငံ ျဖစ္သည္။ အက်ယ္အဝန္းအားျဖင့္ ၉၂,၀၄၆ စတုရန္း မိုင္ရွိ၍ လူဦးေရမွာ ၁၉.၆ သန္း (၂၀၁၇) ရွိ၏။ ရုိေမးနီးယားႏိုင္ငံ၏ နယ္နိမိတ္မွာ အေနာက္ဘက္တြင္ ဟန္ေဂရီႏိုင္ငံ ႏွင့္ ဆားဘီးယားႏိုင္ငံ၊ အေရွ႕ေျမာက္ဘက္ ႏွင့္ အေရွ႕ဘက္တြင္ ယူကရိန္းႏိုင္ငံႏွင့္ေမာ္လ္ဒိုဗာႏိုင္ငံ၊ ေတာင္ဘက္တြင္ ဘူလ္ေဂးရီးယားႏိုင္ငံတို႔ႏွင့္ ဆက္စပ္လၽွက္ ရွိသည္။ ထို႔ျပင္ အေရွ႕ေတာင္ဘက္၌ ၁၅၂ မိုင္ခန္႔ ရွည္လ်ားေသာ ပင္လယ္နက္ ကမ္းေျခေဒသလည္း ရွိ၏။ ရုိေမးနီးယား ဟူေသာအမည္သည္ Romanus ဟူေသာ လက္တင္စကားလုံးမွ ဆင္းသက္လာၿပီး ေရာမအင္ပါယာ၏ႏုိင္ငံသား ဟု အဓိပၸါယ္ရသည္။

ကာေပသီယန္ေတာင္တန္းသည္ ရုိေမးနီးယားႏိုင္ငံကို ပထဝီအေနအထားအရ ကာေပသိယန္ အေရွ႕ပိုင္းေဒသ၊ ကာေပသီယန္ ေတာင္ပိုင္းေဒသႏွင့္ ကာေပသီယန္ အေနာက္ ပိုင္းေဒသဟူ၍ သုံးပိုင္း ပိုင္းျခားလ်က္ ရွိ၏။ ထိုေဒသ သုံးပိုင္းအၾကားတြင္ ထရန္ဆီလေဗးနီးယန္းကုန္ျပင္ျမင့္ ရွိသည္။ ၈၃၄၇ ေပရွိေသာ ေမာ္လဒိုဗီယာႏူး ေတာင္ထိပ္သည္ အျမင့္ဆုံးေတာင္ထိပ္ ျဖစ္၏။

ရုိေမးနီးယားႏိုင္ငံရွိ ျမစ္မ်ားသည္ မ်ားေသာအားျဖင့္ ကာေပသီယန္ေတာင္တန္း၌ ျမစ္ဖ်ားခံ၍ ဒန္းၫု ျမစ္ထဲသို႔ စီးဝင္ၾကသည္။ဒန္းၫုျမစ္သည္ ႏိုင္ငံ၏ေတာင္ဘက္ နယ္နိမိတ္ တစ္ေလၽွာက္ စီးဆင္းလာၿပီးလၽွင္ ေျမာက္ဘက္သို႔ ေကြ႕တက္၍ ပ႐ုျမစ္ႏွင့္ ေပါင္းဆုံကာ ပင္လယ္နက္ထဲသို႔ စီးဝင္သည္။ ဒန္းၫုျမစ္သည္ ျမစ္ဝကၽြန္းေပၚ ေဒသတြင္ ခ်ီလီယာျမစ္၊ စူလီနာျမစ္ႏွင့္ စဖန္႔တူးလဂီေယာ္ေဂ (စိန္ေဂ်ာ့)ျမစ္ဟူ၍ ျမစ္ သုံးႁမြာ ခြဲလ်က္ စီးဆင္းသည္။ အျခား ထင္ရွားေသာ ျမစ္မ်ားမွာ ကရစၥျမစ္၊ မူးရက္ရွျမစ္၊ အားဂ်က္ ျမစ္၊ ယားလိုမစၧျမစ္ႏွင့္ ဆီးရက္ျမစ္ စသည္တို႔ျဖစ္သည္။

ရာသီဥတုမွာ ေဆာင္းရာသီ၌ အေရွ႕ေျမာက္ဘက္မွ ေလေအး တိုက္ခတ္သျဖင့္ အပူခ်ိန္သည္ ေရခဲမွတ္ေအာက္သို႔ က်ဆင္း၍ ဒန္းၫုျမစ္တြင္း၌လည္း ေရခဲမ်ားျဖင့္ ပိတ္ဆို႔လ်က္ ရွိ၏။ ေဆာင္းရာသီသည္ ဒီဇင္ဘာလမွ မတ္လအထိ ၾကာရွည္ သည္။ ေႏြရာသီတြင္ ပူေသာ္လည္း မိုး႐ြာေလ့ရွိသည္။ ေတာင္ ကုန္းေဒသမ်ား၌ မိုးမ်ားသည္။ ပင္လယ္နက္ကမ္းေျခ တစ္ေလၽွာက္တြင္ မိုးနည္းသည္။ ေယဘုယ်အားျဖင့္ကား တစ္ႏိုင္ငံလုံးလိုလိုတြင္ စိုက္ပ်ိဳးျဖစ္ထြန္းေလာက္ေအာင္ မိုးအလုံအေလာက္ ႐ြာသြန္းသည္။

ရုိေမးနီးယားႏိုင္ငံတြင္ လူဦးေရ ၈၅ ရာခိုင္ႏႈန္းမွာ ရုိေမးနီးယားလူမ်ိဳး ျဖစ္သည္။ ရုိေမးနီးယားလူမ်ိဳးအျပင္ ဟန္ေဂရီလူမ်ိဳး၊ ဂ်ာမန္လူမ်ိဳး၊ ယဟူဒီလူမ်ိဳး၊ ယူကရိန္းလူမ်ိဳး၊ ဆဗ္လူမ်ိဳး၊ ႐ုရွလူမ်ိဳး၊ တာတာလူမ်ိဳး၊ တူရကီလူမ်ိဳးႏွင့္ ဘူလ္ေဂးရီးယန္းလူမ်ိဳးတို႔လည္း ရွိ၏။ ရုိေမးနီးယား ဘာသာ စကားသည္ ႐ိုမန္႔ဇဘာသာ စကား (လက္တင္ႏြယ္ဝင္ ဘာသာ စကား)တစ္မ်ိဳး ျဖစ္သည္။ ခရစ္ယာန္ဘာသာအမ်ုိးမ်ဳိးကို ကုိးကြယ္ၾကသည္။ Eastern Orthodox ၈၁ % ျဖစ္ၿပီး ၊ ရုိမန္ကတ္သလစ္ ၊ ဂရိကတ္သလစ္ ၊ ပရုိတက္စတင့္ မ်ားလည္းရွိသည္။

ရုိေမးနီးယားႏိုင္ငံသည္ ဥေရာပတိုက္တြင္ ေရနံအထြက္မ်ားေသာႏိုင္ငံ ျဖစ္၏။ ေရနံတြင္းအားလုံးလိုလိုပင္ ႏိုင္ငံ၏ ေတာင္ပိုင္း၌ ပလိုယက္ စတီ၊ အိုလတီးနီယႏွင့္ အားဂ်က္ေဒသမ်ားတြင္၎၊ အေရွ႕ ပိုင္း၌ ဗကုအူးေဒသတြင္၎ တည္ရွိ၏။ ေရနံခ်က္စက္႐ုံ အမ်ားအျပားပင္ ပလိုယက္စတီ ၿမိဳ႕တြင္ ရွိသည္။ ေရနံလုပ္ငန္း အတြက္ အခ်က္အျခာၿမိဳ႕ျဖစ္၏။ အြန္နက္စတီ၊ ေဗာ္ဇက္စတီ ႏွင့္ ဗရပ္ေရွာ့တို႔ တြင္လည္း ေရနံခ်က္စက္႐ုံသစ္မ်ား ေဆာက္ လုပ္ၿပီး ျဖစ္သည္။ ေရနံကို ႏိုင္ငံျခားသို႔ တင္ပို႔ေရာင္းခ်ရန္ အတြက္ ပင္လယ္နက္ကမ္းေျခသို႔ ပိုက္လုံးမ်ားျဖင့္ ပို႔ေပး ေလသည္။ အျခားထင္ရွားေသာ တြင္းထြက္ပစၥည္းမ်ားမွာ သဘာဝဓာတ္ေငြ႕၊ ဆား၊ ေက်ာက္မီးေသြးၫို၊ သံ၊ ခ႐ိုမီယံ၊ မိုလစ္ဒီနမ္၊ ေၾကးနီ၊ သြပ္၊ ေဗာက္ဆိုက္၊ ေ႐ႊ၊ ေငြ စသည္တို႔ ျဖစ္သည္။ ၂၀၁၇ ကမာၻ႔ဘဏ္စာရင္းအရ ရုိေမးနီးယား ႏုိင္ငံသား တစ္ဦးခ်င္းစီ၏ ႏွစ္စဥ္ပ်မ္းမွ်၀င္ေငြမွာ ၂၅၈၄၁ ေဒၚလာျဖစ္ၿပီး ကမာၻ႔အဆင့္ ၅၂ ျဖစ္သည္။

ဒန္းၫုျမစ္သည္ ေရေၾကာင္းသြားလာေရးအတြက္ အဓိက လမ္းခရီး ျဖစ္သည္။ စီအိုင္ေအ၏ စာရင္းဇယားအရ ႐ိုေမးနီးယားႏိုင္ငံတြင္ လမ္းမိုင္ေပါင္း ၁၉၈,၈၁၇ ကီလိုမီတာ ရွိၿပီး ၎တြင္ ၆၀,၀၄၃ ကီလိုမီတာမွာ ခင္းထားေသာ လမ္းျဖစ္ၿပီး ၁၃၈,၇၇၄ ကီလိုမီတာမွာ ခင္းမထားေသာ လမ္းျဖစ္သည္။ ႐ိုေမးနီးယားႏိုင္ငံတြင္ ဘူခါရက္ၿမိဳ႕သည္ မီးရထားလမ္းႏွင့္ ေမာ္ေတာ္ကား လမ္းဆုံၿမိဳ႕ ျဖစ္သည့္အျပင္ ေလေၾကာင္းခရီး ဗဟိုဌာနလည္း ျဖစ္၏။ အႀကီးဆုံးေလဆိပ္မွာ ၿမုိ႕ေတာ္ဘူခါရက္ရွိ Henri Coanda ေလဆိပ္ျဖစ္ၿပီး ႏွစ္စဥ္ ခရီးသြား ၁၃သန္းခန္႔ကို ၀န္ေဆာင္မႈေပးလွ်က္ရွိသည္။

ပညာေရးကို အဓိကအားထားသည့္ႏုိင္ငံျဖစ္ကာ အခမဲ့ပညာေရးစနစ္ျဖစ္သည္။ ၁၉၈၉ ခုႏွစ္ ႐ိုေမးနီးယား ေတာ္လွန္ေရးေနာက္ပိုင္းတြင္ ႐ိုေမးနီးယား၏ ပညာေရးစနစ္သည္ သိသာစြာ ေျပာင္းလဲမႈ ျဖစ္လာခဲ့ၿပီး ခ်ီးမြမ္းျခင္းႏွင့္ ေဝဖန္ျခင္း ႏွစ္မ်ိဳးစလုံးကို ခံခဲ့ရသည္။ ၁၉၉၅ ခုႏွစ္တြင္ ျပဌာန္းခဲ့ေသာ ပညာေရး ဥပေဒအရ ပညာေရးစနစ္ကို ပညာေရး ႏွင့္ သုေတသန ဝန္ႀကီးဌာနမွ ထိန္းခ်ဳပ္ ထားသည္။ အဆင့္တိုင္းတြင္ ၎တို႔ႏွင့္ သက္ဆိုင္ေသာ အဖြဲ႕အစည္း ရွိၿပီး ဥပေဒ သီးသန္႔ ရွိသည္။ မူႀကိဳမွာ ကေလးငယ္ အသက္ ၃ ႏွစ္မွ ၇ ႏွစ္ အထိ ျဖစ္ၿပီး မတက္မေနရ မဟုတ္ေပ။ ေက်ာင္းေနသည့္ အ႐ြယ္မွာ ၇ ႏွစ္မစၿပီး ၁၀ တန္းအထိ မတက္မေနရ တက္ရသည္။ မူလတန္းႏွင့္ အထက္တန္း ပညာေရးကို ၁၂ တန္း ပိုင္းျခား သတ္မွတ္ထားသည္။ အဆင့္ျမင့္ ပညာေရးမွာ ဥေရာပ၏ အဆင့္ျမင့္ ပညာေရး ႏွင့္ တန္းၫွိထားသည္။

သမုိင္း

ေရွးအခါက ရုိေမးနီးယားသည္ ေဒးရွားဟု အမည္တြင္ခဲ့၍ ႏွစ္ရာစုတြင္ ေရာမဧကရာဇ္ ထေရဂ်န္၏ လက္ေအာက္ခံ ျပည္နယ္တစ္ခု ျဖစ္ခဲ့၏။ သုံးရာစုႏွစ္မွ အစျပဳ၍ တစ္ေနရာမွ တစ္ေနရာသို႔ လွည့္လည္သြားလာေနတတ္ေသာ လူမ်ိဳးစု အမ်ိဳးမ်ိဳးသည္ ေဒးရွားနယ္ကို ျဖတ္သန္းသြားလာခဲ့ၾက၏။ခရစ္ေတာ္ ေပၚၿပီးေနာက္ ပထမအႏွစ္ ၁ဝဝဝ အတြင္း ေဒးရွန္းလူမ်ိဳးႏွင့္ ေရာမလူမ်ိဳးတို႔ ေသြးေႏွာသြားကာ၊ ထိုေနာက္ ဆလဗ္လူမ်ိဳး တို႔ပါ ေဒြးေရာယွက္တင္ ျဖစ္သြားခဲ့ၿပီးေနာက္တြင္ ရုိေမးနီးယား ဘာသာစကားႏွင့္ ရုိေမးနီးယား လူမ်ိဳးဟူ၍ ေပၚေပါက္လာခဲ့ ေလသည္။ ထိုေနာက္ ၁၄ ရာစုႏွစ္တြင္ ေဝါေလ့ကီးယားႏွင့္ ေမာ္လေဒးဗီးယားဟူေသာ ျပည္နယ္ႏွစ္ခု ေပၚေပါက္ခဲ့ေလ သည္။

ကိုးရာစုႏွစ္ေလာက္မွ အစျပဳ၍ ထရန္ဆီလေဗးနီးယား ကုန္းျပင္ျမင့္တြင္ ၁၃ ရာစုႏွစ္အတြင္း ဟန္ေဂရီလူမ်ိဳးတို႔သည္ ထရန္ဆီလေဗးနီးယားအတြင္းဝင္ေရာက္လာ၍ သီးျခားနယ္ႀကီး အျဖစ္ တည္ေထာင္ခဲ့သည္။ ထိုျပည္နယ္မ်ားကို မင္းသား တစ္ပါးစီ သီးျခားအုပ္ခ်ဳပ္ခဲ့သည္။ သို႔ရာတြင္ ၁၄ ရာစုႏွစ္မွ စ၍ ယင္းျပည္နယ္တို႔သည္ ေအာ့တိုမန္အင္ပိုင္ယာ၏ နယ္ခ်ဲ႕ အႏၲရာယ္ကို ႀကိဳးပမ္းကာကြယ္ခဲ့ေသာ္လည္း ေနာက္ဆုံးတြင္ ေအာ့တိုမန္အင္ပိုင္ယာ၏ လက္ေအာက္ခံ ျပည္ နယ္မ်ား ျဖစ္သြားေလသည္။

ထိုေနာက္ ရိုေမးနီးယန္းလူမ်ိဳးတို႔ သည္ အမ်ိဳးသားလြတ္ေျမာက္ေရးအတြက္ မၾကာခဏလက္နက္ စြဲကိုင္ ေတာ္လွန္ပုန္ကန္ခဲ့ၾက၏။ ၁၈၂၁ ခုႏွစ္တြင္ ေဝါေလ့ ကီးယားနယ္တြင္ တ်ဴေဒၚဗလာဒီမီရက္ စကူး ဦးေဆာင္၍ အမ်ိဳးသား ေတာ္လွန္မႈႀကီးတစ္ရပ္ ျဖစ္ပြားခဲ့၏။ ၁၈၄၈ ခုႏွစ္ တြင္ ယင္းသည့္ ရုိေမးနီးယားသုံးနယ္တြင္ ေတာ္လွန္မႈႀကီးမ်ား ျဖစ္ပြားခဲ့ေလသည္။ လြတ္လပ္ေရးအတြက္ တိုက္ပြဲအဆက္ဆက္ ျဖစ္ပြားခဲ့ၿပီးေနာက္၊ ၁၈၅၉ ခုႏွစ္တြင္ ေဝါေလ့ကီးယားႏွင့္ ေမာ္လေဒးဗီးယားတို႔သည္ မင္းသားႀကီး အယ္လက္ဇန္ဒ႐ူယို အန္ကူဇာ၏ လက္ေအာက္တြင္ ပူးေပါင္းမိေလသည္။ ၁၈၆၂ ခုႏွစ္တြင္ ထိုသို႔ပူးေပါင္းၿပီးေသာ နယ္ပယ္ႀကီးကို ရုိေမးနီးယား ဟူ၍ ေခၚေဝၚခဲ့ေလသည္။

၁၈၇၇ ခုႏွစ္တြင္ ျဖစ္ပြားေသာ ႐ုရွ-တူရကီစစ္ပြဲ၌ ရုိေမးနီးယားျပည္နယ္သည္ ႐ုရွဘက္မွ ကူညီတိုက္ခိုက္ခဲ့ရာ ၁၈၇၇ ခုႏွစ္တြင္ တူရကီတို႔၏ အာဏာစက္အတြင္းမွ လြတ္ ကင္း၍ လုံးဝလြတ္လပ္ေသာႏိုင္ငံအျဖစ္ ေက်ညာခဲ့သည္။ ပထမကမၻာစစ္ (ခရစ္ ၁၉၁၄-၁၈) ျဖစ္ပြားလာေသာအခါ ဦးစြာ၌ ၾကားေနခဲ့ေသာ္လည္း၊ ၁၉၁၆ ခုႏွစ္ ဩဂုတ္လတြင္ ရုိေမးနီးယားႏိုင္ငံသည္ မဟာမိတ္တို႔ဘက္မွ ပါဝင္၍ ဂ်ာမနီႏွင့္ ဟန္ေဂရီတို႔ကို တိုက္ခိုက္ခဲ့ေလသည္။၁၉၁၉ ခုႏွစ္တြင္ ခ်ဳပ္ဆို ေသာ ဗာေဆးစာခ်ဳပ္အရ ရုိေမးနီးယားသည္ ဟန္ေဂရီတို႔ထံမွ ထရန္ဆီလေဗးနီးယားျပည္နယ္ကို ရရွိလိုက္၏။

၁၉၄၁ ခုႏွစ္တြင္ ရိုေမးနီးယားသည္ ဂ်ာမနီဘက္မွ ကူညီ၍ ႐ုရွားကို တိုက္၏။ သို႔ရာ တြင္ ၁၉၄၄ ခုႏွစ္၌ ဆိုဗီယက္တပ္မေတာ္က ေအာင္ျမင္စြာ ထိုးစစ္မ်ား ဆင္ႏြဲေနႏိုင္သည့္ အေျခတြင္ ရုိေမးနီးယား ကြန္ျမဴ နစ္ပါတီ ဦးေဆာင္သည့္ မ်ိဳးခ်စ္အင္အားစုမ်ားက လက္နက္ကိုင္ ေတာ္လွန္မႈတစ္ရပ္ကို ဖန္တီးကာ စစ္အာဏာ ရွင္အစိုးရကို ျဖဳတ္ခ်လိုက္ေလသည္။ ထိုေနာက္တြင္ ႐ုိေမးနီး ယား ႏိုင္ငံသည္ မဟာမိတ္တို႔ဘက္မွ ပါဝင္၍ စစ္ၿပီးဆုံးသည္ အထိ ဖက္ဆစ္ဂ်ာမနီကို ျပန္တိုက္ခဲ့ေလသည္။၁၉၄၇ ခုႏွစ္တြင္ မဟာမိတ္ႏိုင္ငံမ်ားႏွင့္ ခ်ဳပ္ဆိုေသာ ၿငိမ္းခ်မ္းေရးစာခ်ဳပ္အရ ဒုတိယကာ႐ိုးဘုရင္ လက္ထက္က ဟန္ေဂရီႏိုင္ငံသို႔ ေပးခဲ့ရေသာ ထရန္ဆီလေဗးနီးယား ေျမာက္ပိုင္းနယ္ကို၎၊ ဘူေဂးရီးယားႏိုင္ငံသို႔ ေပးခဲ့ရေသာ ဒိုးဗ႐ုဂ် နယ္ကို၎ ျပန္လည္ရရွိေလသည္။

၁၉၄၇ ခုႏွစ္ ဒီဇင္ဘာလ ၃ဝ ရက္ေန႔တြင္ မိုက္ကယ္ ဘုရင္ နန္းစြန္႔ခဲ့ရ၍ ရုိေမးနီးယားျပည္သူ႕သမၼတႏိုင္ငံ ထူ ေထာင္ခဲ့သည္။ ထိုေနာက္တြင္ ဆိုရွယ္လစ္စံနစ္ ထူေထာင္ေရး ကို ႀကိဳးပမ္းခဲ့ရာ ၁၉၆၂ ခုႏွစ္တြင္ ရုိေမးနီးယားႏိုင္ငံ၌ ဆိုရွယ္လစ္စံနစ္သည္ ေတာေရာၿမိဳ႕ပါ အေသအခ်ာ ေအာင္ပြဲ ခံခဲ့ၿပီး ျဖစ္သည္။  ရုိေမးနီးယားႏိုင္ငံသည္ ၁၉၅၅ ခုႏွစ္တြင္ ကမၻာ့ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံလည္း ျဖစ္လာ ခဲ့၏။ လက္ရွိအုပ္ခ်ဳပ္ေရးစနစ္မွာ Unitary semi-presidential republic စနစ္ျဖစ္ကာ သမၼတက ၀န္ႀကီးခ်ဳပ္ကို တုိက္ရုိက္ခန္႔အပ္ရသည့္ စနစ္ျဖစ္သည္။ လက္ရွိသမၼတမွာ Klaus Iohannis ျဖစ္ၿပီး ၀န္ႀကီးခ်ဳပ္မွာ Viorica Dăncilă ျဖစ္သည္။

၁၉၆၅ ခုႏွစ္တြင္ ရုိေမးနီးယားဆိုရွယ္လစ္သမၼတႏိုင္ငံ ဟု အမည္ေျပာင္းခဲ့သည္။ ဘူခါရက္ၿမိဳ႕သည္ ရုိေမးနီးယားႏိုင္ငံ ၏ ၿမိဳ႕ေတာ္ျဖစ္၍ လူဦးေရ ၁.၉သန္း ရွိသည္။ အျခားထင္ရွားေသာ ၿမိဳ႕ႀကီးမ်ားမွာ ယတ္ဆီ၊ ကလူးဇ၊ တီမီ႐ႊားရား၊ ဂလတ္ဆီ၊ ဗရပ္ေရွာ့၊ ပလိုယက္စတီ၊ ကြန္စတင္ဆာ စသည့္ၿမိဳ႕မ်ား ျဖစ္သည္။

ရုိေမးနီးယားရဲ႕ စိတ္၀င္စားဖြယ္ အခ်က္တခ်ဳိ႕

၁။ ရုိေမးနီးယားႏုိင္ငံ Caras-Severin ရွိ Bigar Cascade ကုိ ကမာၻ႔အလွဆုံး ေရတံခြန္အျဖစ္ ကမာၻ႔Geography အဖြဲ႔မွ သတ္မွတ္ခဲ့သည္။

၂။ ရုိေမးနီးယားရွိ Timisoara ၿမဳိ႕သည္ ဥေရာပတြင္ လမ္း လွ်ပ္စစ္မီးရသည့္ ပထမဆုံးၿမဳိ႕ျဖစ္ၿပီး ၁၈၈၉ခုႏွစ္ကတည္းက ရရွိခဲ့ျခင္းျဖစ္သည္။

၃။ ဂ်က္ေလယာဥ္အင္ဂ်င္ကုိ တီထြင္သူမွာ ဘူခါရက္ၿမဳိ႕သား Henri Coanda ျဖစ္ၿပီး  ႏုိင္ငံတကာေလဆိပ္ႀကီး၏ အမည္အား သူ႔ကုိဂုဏ္ျပဳသည့္အေနျဖင့္ ေပးအပ္ခဲ့သည္။

၄။ ဥေရာပ၏ ဒုတိယအႀကီးဆုံး ေျမေအာက္ ေရခဲျမစ္ Scarisoara သည္ ရုိေမးနီယား Bihor ေတာင္ေအာက္တြင္ရွိေနၿပီး လြန္ခဲ့သည့္ႏွစ္ေပါင္း ၃၅၀၀ ခန္႔ကတည္းက တည္ရွိေနခဲ့ျခင္းျဖစ္သည္။

၅။ ကမာၻ႔အျမင့္ဆုံး သစ္သားဘုရားေက်ာင္းမွာ ရုိေမးနီယားႏုိင္ငံမွ Săpânța-Peri ျဖစ္ၿပီး ၂၅၅ေပ ျမင့္ကာ UNESCO ၏ ကမာၻ႔အေမြအႏွစ္ အျဖစ္ ထိန္းသိမ္းျခင္းခံထားရသည္။

၆။ ပင္လယ္ေရမ်က္ႏွာျပင္ထက္ ေပ ၇၀၀၀ ခန္႔ျမင့္ၿပီး အလ်ား ၅၆မုိင္ ရွည္လ်ားသည့္ Transfăgărășan လမ္းကို ကမာၻ႔ ကားေမာင္းလုိ႔အေကာင္းဆုံးလမ္း The world’s best driving road အျဖစ္ သတ္မွတ္ထားသည္။

၇။ Săpânța ရြာရွိ Merry သခၤ်ဳိင္းသည္ အထူးအဆန္း သခၤ်ဳိင္းတစ္ခုအျဖစ္နာမည္ႀကီးသည္။ ေဒသခံအႏုပညာရွင္ Stan Ioan Pătraș ၏ အႏုပညာလက္ရာမ်ားျဖင့္ ေရာင္စုံျခယ္သထားသည္။

၈။ ကမာၻေပၚတြင္ ၀က္၀ံညဳိေပါင္း အေကာင္ ၂သိန္းခန္႔ရွိသည့္အထဲတြင္ ရုိေမးနီယားမွ ကာေပသီယန္ေတာင္တန္းေပၚတြင္ပင္ အေကာင္ ၆၀၀၀ ခန္႔ ရွိသည္။

၉။ ရုိေမးနီယားအေနာက္ပုိင္းတြင္ စက္၀ုိင္းပုံ အတိအက်တည္ေဆာက္ထားသည့္ ရြာတစ္ရြာရွိသည္။ Charlottenburg ဟု ေခၚၿပီး ၁၈ရာစုကတည္းက တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။

၁၀။ ဒန္းညဳျမစ္ကမ္းပါးတစ္ဖက္ရွိ ေက်ာက္တုံးႀကီးတစ္တုံးကုိ ႀကီးမားေသာ လူေခါင္းရုပ္ႀကီးတစ္ရုပ္ အျဖစ္ ထုလုပ္ထားသည္။ အရွည္ ၁၈၀ေပ ျမင့္သည့္ ထုိလူေခါင္းရုပ္ႀကီးကို ပန္းပုပညာရွင္ ၁၂ေယာက္က အခ်ိန္ ၁၀ႏွစ္ၾကာယူ၍ ထုလုပ္ခဲ့ျခင္းျဖစ္သည္။ ေရာမအင္ပါယာကုိ ေတာ္လွန္တုိက္ခုိက္ခဲ့သည့္ သူရဲေကာင္း ဘုရင္ Decebalus ၏ ရုပ္တုျဖစ္သည္။

VIDEO

ျမန္မာ့စြယ္စုံက်မ္း အတြဲ ၁၁
Amazing facts of Romania

—————-

ရိုမေးနီးယား နိုင်ငံအကြောင်း သိကောင်းစရာ (unicode)

ရိုမေးနီးယားနိုင်ငံသည် ဥရောပတိုက်အရှေ့တောင်ပိုင်းတွင် ဒန်းညုမြစ်ဝှမ်းအောက်ပိုင်း ၌ တည်ရှိသော နိုင်ငံ ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၉၂,၀၄၆ စတုရန်း မိုင်ရှိ၍ လူဦးရေမှာ ၁၉.၆ သန်း (၂၀၁၇) ရှိ၏။ ရူမေး နီးယားနိုင်ငံ၏ နယ်နိမိတ်မှာ အနောက်ဘက်တွင် ဟန်ဂေရီနိုင်ငံ နှင့် ဆားဘီးယားနိုင်ငံ၊ အရှေ့မြောက်ဘက် နှင့် အရှေ့ဘက်တွင် ယူကရိန်းနိုင်ငံနှင့်မော်လ်ဒိုဗာနိုင်ငံ၊ တောင်ဘက်တွင် ဘူလ်ဂေးရီးယားနိုင်ငံတို့နှင့် ဆက်စပ်လျှက် ရှိသည်။ ထို့ပြင် အရှေ့တောင်ဘက်၌ ၁၅၂ မိုင်ခန့် ရှည်လျားသော ပင်လယ်နက် ကမ်းခြေဒေသလည်း ရှိ၏။ ရိုမေးနီးယား ဟူသောအမည်သည် Romanus ဟူသော လက်တင်စကားလုံးမှ ဆင်းသက်လာပြီး ရောမအင်ပါယာ၏နိုင်ငံသား ဟု အဓိပ္ပါယ်ရသည်။

ကာပေသီယန်တောင်တန်းသည် ရိုမေးနီးယားနိုင်ငံကို ပထဝီအနေအထားအရ ကာပေသိယန် အရှေ့ပိုင်းဒေသ၊ ကာပေသီယန် တောင်ပိုင်းဒေသနှင့် ကာပေသီယန် အနောက် ပိုင်းဒေသဟူ၍ သုံးပိုင်း ပိုင်းခြားလျက် ရှိ၏။ ထိုဒေသ သုံးပိုင်းအကြားတွင် ထရန်ဆီလဗေးနီးယန်းကုန်ပြင်မြင့် ရှိသည်။ ၈၃၄၇ ပေရှိသော မော်လဒိုဗီယာနူး တောင်ထိပ်သည် အမြင့်ဆုံးတောင်ထိပ် ဖြစ်၏။

ရိုမေးနီးယားနိုင်ငံရှိ မြစ်များသည် များသောအားဖြင့် ကာပေသီယန်တောင်တန်း၌ မြစ်ဖျားခံ၍ ဒန်းညု မြစ်ထဲသို့ စီးဝင်ကြသည်။ဒန်းညုမြစ်သည် နိုင်ငံ၏တောင်ဘက် နယ်နိမိတ် တစ်လျှောက် စီးဆင်းလာပြီးလျှင် မြောက်ဘက်သို့ ကွေ့တက်၍ ပရုမြစ်နှင့် ပေါင်းဆုံကာ ပင်လယ်နက်ထဲသို့ စီးဝင်သည်။ ဒန်းညုမြစ်သည် မြစ်ဝကျွန်းပေါ် ဒေသတွင် ချီလီယာမြစ်၊ စူလီနာမြစ်နှင့် စဖန့်တူးလဂီယော်ဂေ (စိန်ဂျော့)မြစ်ဟူ၍ မြစ် သုံးမြွာ ခွဲလျက် စီးဆင်းသည်။ အခြား ထင်ရှားသော မြစ်များမှာ ကရစ္စမြစ်၊ မူးရက်ရှမြစ်၊ အားဂျက် မြစ်၊ ယားလိုမစ္ဆမြစ်နှင့် ဆီးရက်မြစ် စသည်တို့ဖြစ်သည်။

ရာသီဥတုမှာ ဆောင်းရာသီ၌ အရှေ့မြောက်ဘက်မှ လေအေး တိုက်ခတ်သဖြင့် အပူချိန်သည် ရေခဲမှတ်အောက်သို့ ကျဆင်း၍ ဒန်းညုမြစ်တွင်း၌လည်း ရေခဲများဖြင့် ပိတ်ဆို့လျက် ရှိ၏။ ဆောင်းရာသီသည် ဒီဇင်ဘာလမှ မတ်လအထိ ကြာရှည် သည်။ နွေရာသီတွင် ပူသော်လည်း မိုးရွာလေ့ရှိသည်။ တောင် ကုန်းဒေသများ၌ မိုးများသည်။ ပင်လယ်နက်ကမ်းခြေ တစ်လျှောက်တွင် မိုးနည်းသည်။ ယေဘုယျအားဖြင့်ကား တစ်နိုင်ငံလုံးလိုလိုတွင် စိုက်ပျိုးဖြစ်ထွန်းလောက်အောင် မိုးအလုံအလောက် ရွာသွန်းသည်။

ရိုမေးနီးယားနိုင်ငံတွင် လူဦးရေ ၈၅ ရာခိုင်နှုန်းမှာ ရိုမေးနီးယားလူမျိုး ဖြစ်သည်။ ရိုမေးနီးယားလူမျိုးအပြင် ဟန်ဂေရီလူမျိုး၊ ဂျာမန်လူမျိုး၊ ယဟူဒီလူမျိုး၊ ယူကရိန်းလူမျိုး၊ ဆဗ်လူမျိုး၊ ရုရှလူမျိုး၊ တာတာလူမျိုး၊ တူရကီလူမျိုးနှင့် ဘူလ်ဂေးရီးယန်းလူမျိုးတို့လည်း ရှိ၏။ ရိုမေးနီးယား ဘာသာ စကားသည် ရိုမန့်ဇဘာသာ စကား (လက်တင်နွယ်ဝင် ဘာသာ စကား)တစ်မျိုး ဖြစ်သည်။ ခရစ်ယာန်ဘာသာအမျိုးမျိုးကို ကိုးကွယ်ကြသည်။ Eastern Orthodox ၈၁ % ဖြစ်ပြီး ၊ ရိုမန်ကတ်သလစ် ၊ ဂရိကတ်သလစ် ၊ ပရိုတက်စတင့် များလည်းရှိသည်။

ရိုမေးနီးယားနိုင်ငံသည် ဥရောပတိုက်တွင် ရေနံအထွက်များသောနိုင်ငံ ဖြစ်၏။ ရေနံတွင်းအားလုံးလိုလိုပင် နိုင်ငံ၏ တောင်ပိုင်း၌ ပလိုယက် စတီ၊ အိုလတီးနီယနှင့် အားဂျက်ဒေသများတွင်၎င်း၊ အရှေ့ ပိုင်း၌ ဗကုအူးဒေသတွင်၎င်း တည်ရှိ၏။ ရေနံချက်စက်ရုံ အများအပြားပင် ပလိုယက်စတီ မြို့တွင် ရှိသည်။ ရေနံလုပ်ငန်း အတွက် အချက်အခြာမြို့ဖြစ်၏။ အွန်နက်စတီ၊ ဗော်ဇက်စတီ နှင့် ဗရပ်ရှော့တို့ တွင်လည်း ရေနံချက်စက်ရုံသစ်များ ဆောက် လုပ်ပြီး ဖြစ်သည်။ ရေနံကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် အတွက် ပင်လယ်နက်ကမ်းခြေသို့ ပိုက်လုံးများဖြင့် ပို့ပေး လေသည်။ အခြားထင်ရှားသော တွင်းထွက်ပစ္စည်းများမှာ သဘာဝဓာတ်ငွေ့၊ ဆား၊ ကျောက်မီးသွေးညို၊ သံ၊ ခရိုမီယံ၊ မိုလစ်ဒီနမ်၊ ကြေးနီ၊ သွပ်၊ ဗောက်ဆိုက်၊ ရွှေ၊ ငွေ စသည်တို့ ဖြစ်သည်။ ၂၀၁၇ ကမ္ဘာ့ဘဏ်စာရင်းအရ ရိုမေးနီးယား နိုင်ငံသား တစ်ဦးချင်းစီ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ ၂၅၈၄၁ ဒေါ်လာဖြစ်ပြီး ကမ္ဘာ့အဆင့် ၅၂ ဖြစ်သည်။

ဒန်းညုမြစ်သည် ရေကြောင်းသွားလာရေးအတွက် အဓိက လမ်းခရီး ဖြစ်သည်။ စီအိုင်အေ၏ စာရင်းဇယားအရ ရိုမေးနီးယားနိုင်ငံတွင် လမ်းမိုင်ပေါင်း ၁၉၈,၈၁၇ ကီလိုမီတာ ရှိပြီး ၎င်းတွင် ၆၀,၀၄၃ ကီလိုမီတာမှာ ခင်းထားသော လမ်းဖြစ်ပြီး ၁၃၈,၇၇၄ ကီလိုမီတာမှာ ခင်းမထားသော လမ်းဖြစ်သည်။ ရိုမေးနီးယားနိုင်ငံတွင် ဘူခါရက်မြို့သည် မီးရထားလမ်းနှင့် မော်တော်ကား လမ်းဆုံမြို့ ဖြစ်သည့်အပြင် လေကြောင်းခရီး ဗဟိုဌာနလည်း ဖြစ်၏။ အကြီးဆုံးလေဆိပ်မှာ မြို့တော်ဘူခါရက်ရှိ Henri Coanda လေဆိပ်ဖြစ်ပြီး နှစ်စဉ် ခရီးသွား ၁၃သန်းခန့်ကို ဝန်ဆောင်မှုပေးလျှက်ရှိသည်။

ပညာရေးကို အဓိကအားထားသည့်နိုင်ငံဖြစ်ကာ အခမဲ့ပညာရေးစနစ်ဖြစ်သည်။ ၁၉၈၉ ခုနှစ် ရိုမေးနီးယား တော်လှန်ရေးနောက်ပိုင်းတွင် ရိုမေးနီးယား၏ ပညာရေးစနစ်သည် သိသာစွာ ပြောင်းလဲမှု ဖြစ်လာခဲ့ပြီး ချီးမွမ်းခြင်းနှင့် ဝေဖန်ခြင်း နှစ်မျိုးစလုံးကို ခံခဲ့ရသည်။ ၁၉၉၅ ခုနှစ်တွင် ပြဌာန်းခဲ့သော ပညာရေး ဥပဒေအရ ပညာရေးစနစ်ကို ပညာရေး နှင့် သုတေသန ဝန်ကြီးဌာနမှ ထိန်းချုပ် ထားသည်။ အဆင့်တိုင်းတွင် ၎င်းတို့နှင့် သက်ဆိုင်သော အဖွဲ့အစည်း ရှိပြီး ဥပဒေ သီးသန့် ရှိသည်။ မူကြိုမှာ ကလေးငယ် အသက် ၃ နှစ်မှ ၇ နှစ် အထိ ဖြစ်ပြီး မတက်မနေရ မဟုတ်ပေ။ ကျောင်းနေသည့် အရွယ်မှာ ၇ နှစ်မစပြီး ၁၀ တန်းအထိ မတက်မနေရ တက်ရသည်။ မူလတန်းနှင့် အထက်တန်း ပညာရေးကို ၁၂ တန်း ပိုင်းခြား သတ်မှတ်ထားသည်။ အဆင့်မြင့် ပညာရေးမှာ ဥရောပ၏ အဆင့်မြင့် ပညာရေး နှင့် တန်းညှိထားသည်။

သမိုင်း

ရှေးအခါက ရိုမေးနီးယားသည် ဒေးရှားဟု အမည်တွင်ခဲ့၍ နှစ်ရာစုတွင် ရောမဧကရာဇ် ထရေဂျန်၏ လက်အောက်ခံ ပြည်နယ်တစ်ခု ဖြစ်ခဲ့၏။ သုံးရာစုနှစ်မှ အစပြု၍ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာနေတတ်သော လူမျိုးစု အမျိုးမျိုးသည် ဒေးရှားနယ်ကို ဖြတ်သန်းသွားလာခဲ့ကြ၏။ခရစ်တော် ပေါ်ပြီးနောက် ပထမအနှစ် ၁ဝဝဝ အတွင်း ဒေးရှန်းလူမျိုးနှင့် ရောမလူမျိုးတို့ သွေးနှောသွားကာ၊ ထိုနောက် ဆလဗ်လူမျိုး တို့ပါ ဒွေးရောယှက်တင် ဖြစ်သွားခဲ့ပြီးနောက်တွင် ရိုမေးနီးယား ဘာသာစကားနှင့် ရိုမေးနီးယား လူမျိုးဟူ၍ ပေါ်ပေါက်လာခဲ့ လေသည်။ ထိုနောက် ၁၄ ရာစုနှစ်တွင် ဝေါလေ့ကီးယားနှင့် မော်လဒေးဗီးယားဟူသော ပြည်နယ်နှစ်ခု ပေါ်ပေါက်ခဲ့လေ သည်။

ကိုးရာစုနှစ်လောက်မှ အစပြု၍ ထရန်ဆီလဗေးနီးယား ကုန်းပြင်မြင့်တွင် ၁၃ ရာစုနှစ်အတွင်း ဟန်ဂေရီလူမျိုးတို့သည် ထရန်ဆီလဗေးနီးယားအတွင်းဝင်ရောက်လာ၍ သီးခြားနယ်ကြီး အဖြစ် တည်ထောင်ခဲ့သည်။ ထိုပြည်နယ်များကို မင်းသား တစ်ပါးစီ သီးခြားအုပ်ချုပ်ခဲ့သည်။ သို့ရာတွင် ၁၄ ရာစုနှစ်မှ စ၍ ယင်းပြည်နယ်တို့သည် အော့တိုမန်အင်ပိုင်ယာ၏ နယ်ချဲ့ အန္တရာယ်ကို ကြိုးပမ်းကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် အော့တိုမန်အင်ပိုင်ယာ၏ လက်အောက်ခံ ပြည် နယ်များ ဖြစ်သွားလေသည်။

ထိုနောက် ရိုမေးနီးယန်းလူမျိုးတို့ သည် အမျိုးသားလွတ်မြောက်ရေးအတွက် မကြာခဏလက်နက် စွဲကိုင် တော်လှန်ပုန်ကန်ခဲ့ကြ၏။ ၁၈၂၁ ခုနှစ်တွင် ဝေါလေ့ ကီးယားနယ်တွင် တျူဒေါ်ဗလာဒီမီရက် စကူး ဦးဆောင်၍ အမျိုးသား တော်လှန်မှုကြီးတစ်ရပ် ဖြစ်ပွားခဲ့၏။ ၁၈၄၈ ခုနှစ် တွင် ယင်းသည့် ရိုမေးနီးယားသုံးနယ်တွင် တော်လှန်မှုကြီးများ ဖြစ်ပွားခဲ့လေသည်။ လွတ်လပ်ရေးအတွက် တိုက်ပွဲအဆက်ဆက် ဖြစ်ပွားခဲ့ပြီးနောက်၊ ၁၈၅၉ ခုနှစ်တွင် ဝေါလေ့ကီးယားနှင့် မော်လဒေးဗီးယားတို့သည် မင်းသားကြီး အယ်လက်ဇန်ဒရူယို အန်ကူဇာ၏ လက်အောက်တွင် ပူးပေါင်းမိလေသည်။ ၁၈၆၂ ခုနှစ်တွင် ထိုသို့ပူးပေါင်းပြီးသော နယ်ပယ်ကြီးကို ရိုမေးနီးယား ဟူ၍ ခေါ်ဝေါ်ခဲ့လေသည်။

၁၈၇၇ ခုနှစ်တွင် ဖြစ်ပွားသော ရုရှ-တူရကီစစ်ပွဲ၌ ရိုမေးနီးယားပြည်နယ်သည် ရုရှဘက်မှ ကူညီတိုက်ခိုက်ခဲ့ရာ ၁၈၇၇ ခုနှစ်တွင် တူရကီတို့၏ အာဏာစက်အတွင်းမှ လွတ် ကင်း၍ လုံးဝလွတ်လပ်သောနိုင်ငံအဖြစ် ကျေညာခဲ့သည်။ ပထမကမ္ဘာစစ် (ခရစ် ၁၉၁၄-၁၈) ဖြစ်ပွားလာသောအခါ ဦးစွာ၌ ကြားနေခဲ့သော်လည်း၊ ၁၉၁၆ ခုနှစ် ဩဂုတ်လတွင် ရိုမေးနီးယားနိုင်ငံသည် မဟာမိတ်တို့ဘက်မှ ပါဝင်၍ ဂျာမနီနှင့် ဟန်ဂေရီတို့ကို တိုက်ခိုက်ခဲ့လေသည်။၁၉၁၉ ခုနှစ်တွင် ချုပ်ဆို သော ဗာဆေးစာချုပ်အရ ရိုမေးနီးယားသည် ဟန်ဂေရီတို့ထံမှ ထရန်ဆီလဗေးနီးယားပြည်နယ်ကို ရရှိလိုက်၏။

၁၉၄၁ ခုနှစ်တွင် ရူမေး နီးယားသည် ဂျာမနီဘက်မှ ကူညီ၍ ရုရှားကို တိုက်၏။ သို့ရာ တွင် ၁၉၄၄ ခုနှစ်၌ ဆိုဗီယက်တပ်မတော်က အောင်မြင်စွာ ထိုးစစ်များ ဆင်နွဲနေနိုင်သည့် အခြေတွင် ရိုမေးနီးယား ကွန်မြူ နစ်ပါတီ ဦးဆောင်သည့် မျိုးချစ်အင်အားစုများက လက်နက်ကိုင် တော်လှန်မှုတစ်ရပ်ကို ဖန်တီးကာ စစ်အာဏာ ရှင်အစိုးရကို ဖြုတ်ချလိုက်လေသည်။ ထိုနောက်တွင် ရိုမေးနီး ယား နိုင်ငံသည် မဟာမိတ်တို့ဘက်မှ ပါဝင်၍ စစ်ပြီးဆုံးသည် အထိ ဖက်ဆစ်ဂျာမနီကို ပြန်တိုက်ခဲ့လေသည်။၁၉၄၇ ခုနှစ်တွင် မဟာမိတ်နိုင်ငံများနှင့် ချုပ်ဆိုသော ငြိမ်းချမ်းရေးစာချုပ်အရ ဒုတိယကာရိုးဘုရင် လက်ထက်က ဟန်ဂေရီနိုင်ငံသို့ ပေးခဲ့ရသော ထရန်ဆီလဗေးနီးယား မြောက်ပိုင်းနယ်ကို၎င်း၊ ဘူဂေးရီးယားနိုင်ငံသို့ ပေးခဲ့ရသော ဒိုးဗရုဂျ နယ်ကို၎င်း ပြန်လည်ရရှိလေသည်။

၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် မိုက်ကယ် ဘုရင် နန်းစွန့်ခဲ့ရ၍ ရိုမေးနီးယားပြည်သူ့သမ္မတနိုင်ငံ ထူ ထောင်ခဲ့သည်။ ထိုနောက်တွင် ဆိုရှယ်လစ်စံနစ် ထူထောင်ရေး ကို ကြိုးပမ်းခဲ့ရာ ၁၉၆၂ ခုနှစ်တွင် ရိုမေးနီးယားနိုင်ငံ၌ ဆိုရှယ်လစ်စံနစ်သည် တောရောမြို့ပါ အသေအချာ အောင်ပွဲ ခံခဲ့ပြီး ဖြစ်သည်။  ရိုမေးနီးယားနိုင်ငံသည် ၁၉၅၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်လာ ခဲ့၏။ လက်ရှိအုပ်ချုပ်ရေးစနစ်မှာ Unitary semi-presidential republic စနစ်ဖြစ်ကာ သမ္မတက ဝန်ကြီးချုပ်ကို တိုက်ရိုက်ခန့်အပ်ရသည့် စနစ်ဖြစ်သည်။ လက်ရှိသမ္မတမှာ Klaus Iohannis ဖြစ်ပြီး ဝန်ကြီးချုပ်မှာ Viorica Dăncilă ဖြစ်သည်။

၁၉၆၅ ခုနှစ်တွင် ရိုမေးနီးယားဆိုရှယ်လစ်သမ္မတနိုင်ငံ ဟု အမည်ပြောင်းခဲ့သည်။ ဘူခါရက်မြို့သည် ရိုမေးနီးယားနိုင်ငံ ၏ မြို့တော်ဖြစ်၍ လူဦးရေ ၁.၉သန်း ရှိသည်။ အခြားထင်ရှားသော မြို့ကြီးများမှာ ယတ်ဆီ၊ ကလူးဇ၊ တီမီရွှားရား၊ ဂလတ်ဆီ၊ ဗရပ်ရှော့၊ ပလိုယက်စတီ၊ ကွန်စတင်ဆာ စသည့်မြို့များ ဖြစ်သည်။

ရိုမေးနီးယားရဲ့ စိတ်ဝင်စားဖွယ် အချက်တချို့

၁။ ရိုမေးနီးယားနိုင်ငံ Caras-Severin ရှိ Bigar Cascade ကို ကမ္ဘာ့အလှဆုံး ရေတံခွန်အဖြစ် ကမ္ဘာ့Geography အဖွဲ့မှ သတ်မှတ်ခဲ့သည်။

၂။ ရိုမေးနီးယားရှိ Timisoara မြို့သည် ဥရောပတွင် လမ်း လျှပ်စစ်မီးရသည့် ပထမဆုံးမြို့ဖြစ်ပြီး ၁၈၈၉ခုနှစ်ကတည်းက ရရှိခဲ့ခြင်းဖြစ်သည်။

၃။ ဂျက်လေယာဉ်အင်ဂျင်ကို တီထွင်သူမှာ ဘူခါရက်မြို့သား Henri Coanda ဖြစ်ပြီး  နိုင်ငံတကာလေဆိပ်ကြီး၏ အမည်အား သူ့ကိုဂုဏ်ပြုသည့်အနေဖြင့် ပေးအပ်ခဲ့သည်။

၄။ ဥရောပ၏ ဒုတိယအကြီးဆုံး မြေအောက် ရေခဲမြစ် Scarisoara သည် ရိုမေးနီယား Bihor တောင်အောက်တွင်ရှိနေပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၃၅၀၀ ခန့်ကတည်းက တည်ရှိနေခဲ့ခြင်းဖြစ်သည်။

၅။ ကမ္ဘာ့အမြင့်ဆုံး သစ်သားဘုရားကျောင်းမှာ ရိုမေးနီယားနိုင်ငံမှ Săpânța-Peri ဖြစ်ပြီး ၂၅၅ပေ မြင့်ကာ UNESCO ၏ ကမ္ဘာ့အမွေအနှစ် အဖြစ် ထိန်းသိမ်းခြင်းခံထားရသည်။

၆။ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၇၀၀၀ ခန့်မြင့်ပြီး အလျား ၅၆မိုင် ရှည်လျားသည့် Transfăgărășan လမ်းကို ကမ္ဘာ့ ကားမောင်းလို့အကောင်းဆုံးလမ်း The world’s best driving road အဖြစ် သတ်မှတ်ထားသည်။

၇။ Săpânța ရွာရှိ Merry သင်္ချိုင်းသည် အထူးအဆန်း သင်္ချိုင်းတစ်ခုအဖြစ်နာမည်ကြီးသည်။ ဒေသခံအနုပညာရှင် Stan Ioan Pătraș ၏ အနုပညာလက်ရာများဖြင့် ရောင်စုံခြယ်သထားသည်။

၈။ ကမ္ဘာပေါ်တွင် ဝက်ဝံညိုပေါင်း အကောင် ၂သိန်းခန့်ရှိသည့်အထဲတွင် ရိုမေးနီယားမှ ကာပေသီယန်တောင်တန်းပေါ်တွင်ပင် အကောင် ၆၀၀၀ ခန့် ရှိသည်။

၉။ ရိုမေးနီယားအနောက်ပိုင်းတွင် စက်ဝိုင်းပုံ အတိအကျတည်ဆောက်ထားသည့် ရွာတစ်ရွာရှိသည်။ Charlottenburg ဟု ခေါ်ပြီး ၁၈ရာစုကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

၁၀။ ဒန်းညုမြစ်ကမ်းပါးတစ်ဖက်ရှိ ကျောက်တုံးကြီးတစ်တုံးကို ကြီးမားသော လူခေါင်းရုပ်ကြီးတစ်ရုပ် အဖြစ် ထုလုပ်ထားသည်။ အရှည် ၁၈၀ပေ မြင့်သည့် ထိုလူခေါင်းရုပ်ကြီးကို ပန်းပုပညာရှင် ၁၂ယောက်က အချိန် ၁၀နှစ်ကြာယူ၍ ထုလုပ်ခဲ့ခြင်းဖြစ်သည်။ ရောမအင်ပါယာကို တော်လှန်တိုက်ခိုက်ခဲ့သည့် သူရဲကောင်း ဘုရင် Decebalus ၏ ရုပ်တုဖြစ်သည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁
Amazing facts of Romania

Leave a Reply