ေသဆုံးသူရဲ႕ သားအိမ္နဲ႔ အစားထုိးကာ ကေလးေမြးႏုိင္ခဲ့တဲ့ ကမာၻ႔ပထမဆုံးျဖစ္စဥ္

Posted on

သားအိမ္အစားထုိးကာ ကေလးေမြးဖြားႏုိင္မႈဟာ အခုမွ စေအာင္ျမင္ခဲ့တာေတာ့ မဟုတ္ပါဘူး။ ယခင္က အႀကိမ္ေပါင္း ၃၉ႀကိမ္ေလာက္ ျပဳလုပ္ခဲ့ၿပီး ကေလး ၁၁ ေယာက္ကို ေအာင္ျမင္စြာ ေမြးဖြားႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီခြဲစိတ္မႈအားလုံးမွာ သက္ရွိအမ်ဳိးသမီးတစ္ဦးရဲ႕ သားအိမ္နဲ႔ အစားထုိးခဲ့တာျဖစ္ပါတယ္။

အခုလုိ ေသဆုံးၿပီး အမ်ဳိးသမီးတစ္ဦးရဲ႕သားအိမ္နဲ႔ အစားထုိးကာ ကေလးေမြးဖြားမႈကေတာ့ ပထမဆုံးအႀကိမ္ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။ ယခင္ကလည္း ေသဆုံးသူရဲ႕သားအိမ္နဲ႔ အစားထုိးမႈေပါင္း ၁၀ႀကိမ္ေလာက္ စမ္းသပ္ခဲ့ဖူးေပမယ့္ ကေလးေမြးႏုိင္ခဲ့ျခင္းမရွိတဲ့အတြက္ အခုလိုအစားထုိးမႈ ေအာင္ျမင္သြားတာဟာ ေဆးေလာက အတြက္ေတာ့၀မ္းသာစရာ သတင္းပါ။

ခြဲစိတ္မႈေအာင္ျမင္ခဲ့တဲ့ အမ်ဳိးသမီးကေတာ့ အသက္ ၃၂ႏွစ္အရြယ္ ဘရာဇီးအမ်ဳိးသမီးတစ္ဦးျဖစ္ၿပီး သူမဟာ ေမြးဖြားစဥ္ကလည္း သားအိမ္ပါမလာခဲ့သူျဖစ္ပါတယ္။ ဒီလုိသားအိမ္မပါတဲ့ေရာဂါကုိ Mayer-Rokitansky-Küster-Hauser လို႔ေခၚၿပီး အေယာက္ ၄၅၀၀ မွာ ၁ေယာက္ခန္႔ ျဖစ္ႏုိင္တဲ့ေရာဂါျဖစ္ပါတယ္။

ဒါေၾကာင့္ ၂၀၀၆ခုႏွစ္မွာ ဦးေႏွာက္ေသြးယုိမႈနဲ႔ ေသဆုံးသြားတဲ့ အသက္ ၄၀အရြယ္ အမ်ဳိးသမီးတစ္ဦးရဲ႕ သားအိမ္နဲ႔ အစားထုိးကာ ဘရာဇီးႏုိင္ငံ ေဆာ္ေပၚလုိတကၠသုိလ္မွာရွိတဲ့ Hospital das Clínicas က ဆရာ၀န္ေတြက ဒီခြဲစိတ္မႈကို ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။

ဒီအစားထုိးခြဲစိတ္မႈဟာ ၁၀ နာရီခန္႔ၾကာျမင့္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ အစားထုိးသားအိမ္နဲ႔ အမ်ဳိးသမီးဟာ ၈ လ၊ ၃ ပတ္နဲ႕ ၃ ရက္ၾကာ ကုိယ္၀န္ေဆာင္ၿပီးတဲ့ေနာက္ ကုိယ္အေလးခ်ိန္ ၆ေပါင္ရွိတဲ့ သမီးငယ္ေလးကို ၂၀၁၇ခုႏွစ္ ဒီဇင္ဘာ ၁၅ရက္ေန႔မွာ ေအာင္ျမင္စြာ ဗုိက္ခြဲၿပီး ေမြးဖြားႏုိင္ခဲ့ပါတယ္။

အစားထုိးမႈကို ဦးေဆာင္တဲ့ ေဆာ္ေပၚလုိေဆးတကၠသုိလ္က ေဒါက္တာ Dani Ejzenberg ကေတာ့ “ဒီေအာင္ျမင္မႈဟာ ကြ်န္ေတာ္တုိ႔အတြက္အေရးႀကီးသလုိ သူမအတြက္လည္း အလြန္အေရးပါပါတယ္။ တစ္သက္လုံး ကေလးမရေတာ့ဘူးလုိ႔ ထင္ထားတာ အခုေတာ့ သူမၿပဳံးေပ်ာ္ႏုိင္ပါၿပီ ၊ ကေလးေတာင္ ၁ႏွစ္ျပည့္ပါေတာ့မယ္” လုိ႔ ဆုိပါတယ္။

အမ်ဳိးသမီးကို သားအိမ္အစားထုိးကုသမႈ ျပဳလုပ္ခဲ့ၿပီး ၇လ နဲ႔ ၁၀ရက္အၾကာမွ ကုိယ္၀န္ရွိေနတယ္ဆုိတာကို အတည္ျပဳႏုိင္ခဲ့ပါတယ္။ ကေလးဟာ ေမြးဖြားၿပီး ရက္ ၂၀မွာတင္ ကုိယ္အေလးခ်ိန္ ၁၆ေပါင္ရွိလာခဲ့ၿပီး အခုလည္း က်န္းက်န္းမာမာရွိေနပါတယ္။ ဒီေအာင္ျမင္မႈေၾကာင့္ ဘရာဇီးဆရာ၀န္အဖြဲ႔ကို ကမာၻတ၀န္းက ခ်ီးက်ဴးေနၾကပါတယ္။ အခုအေၾကာင္းအရာကိုေတာ့ UK အေျခစုိက္ အထင္ကရ ေဆးပညာဂ်ာနယ္ျဖစ္တဲ့ The Lancet က ေဖၚျပခဲ့တာပါ။

သုတဇုန္

—————–

သေဆုံးသူရဲ့ သားအိမ်နဲ့ အစားထိုးကာ ကလေးမွေးနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးဖြစ်စဉ် (unicode)

သားအိမ်အစားထိုးကာ ကလေးမွေးဖွားနိုင်မှုဟာ အခုမှ စအောင်မြင်ခဲ့တာတော့ မဟုတ်ပါဘူး။ ယခင်က အကြိမ်ပေါင်း ၃၉ကြိမ်လောက် ပြုလုပ်ခဲ့ပြီး ကလေး ၁၁ ယောက်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီခွဲစိတ်မှုအားလုံးမှာ သက်ရှိအမျိုးသမီးတစ်ဦးရဲ့ သားအိမ်နဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။

အခုလို သေဆုံးပြီး အမျိုးသမီးတစ်ဦးရဲ့သားအိမ်နဲ့ အစားထိုးကာ ကလေးမွေးဖွားမှုကတော့ ပထမဆုံးအကြိမ်အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ယခင်ကလည်း သေဆုံးသူရဲ့သားအိမ်နဲ့ အစားထိုးမှုပေါင်း ၁၀ကြိမ်လောက် စမ်းသပ်ခဲ့ဖူးပေမယ့် ကလေးမွေးနိုင်ခဲ့ခြင်းမရှိတဲ့အတွက် အခုလိုအစားထိုးမှု အောင်မြင်သွားတာဟာ ဆေးလောက အတွက်တော့ဝမ်းသာစရာ သတင်းပါ။

ခွဲစိတ်မှုအောင်မြင်ခဲ့တဲ့ အမျိုးသမီးကတော့ အသက် ၃၂နှစ်အရွယ် ဘရာဇီးအမျိုးသမီးတစ်ဦးဖြစ်ပြီး သူမဟာ မွေးဖွားစဉ်ကလည်း သားအိမ်ပါမလာခဲ့သူဖြစ်ပါတယ်။ ဒီလိုသားအိမ်မပါတဲ့ရောဂါကို Mayer-Rokitansky-Küster-Hauser လို့ခေါ်ပြီး အယောက် ၄၅၀၀ မှာ ၁ယောက်ခန့် ဖြစ်နိုင်တဲ့ရောဂါဖြစ်ပါတယ်။

ဒါကြောင့် ၂၀၀၆ခုနှစ်မှာ ဦးနှောက်သွေးယိုမှုနဲ့ သေဆုံးသွားတဲ့ အသက် ၄ဝအရွယ် အမျိုးသမီးတစ်ဦးရဲ့ သားအိမ်နဲ့ အစားထိုးကာ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုတက္ကသိုလ်မှာရှိတဲ့ Hospital das Clínicas က ဆရာဝန်တွေက ဒီခွဲစိတ်မှုကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ဒီအစားထိုးခွဲစိတ်မှုဟာ ၁၀ နာရီခန့်ကြာမြင့်ခဲ့ပါတယ်။ အဲဒီနောက်တော့ အစားထိုးသားအိမ်နဲ့ အမျိုးသမီးဟာ ၈ လ၊ ၃ ပတ်နဲ့ ၃ ရက်ကြာ ကိုယ်ဝန်ဆောင်ပြီးတဲ့နောက် ကိုယ်အလေးချိန် ၆ပေါင်ရှိတဲ့ သမီးငယ်လေးကို ၂၀၁၇ခုနှစ် ဒီဇင်ဘာ ၁၅ရက်နေ့မှာ အောင်မြင်စွာ ဗိုက်ခွဲပြီး မွေးဖွားနိုင်ခဲ့ပါတယ်။

အစားထိုးမှုကို ဦးဆောင်တဲ့ ဆော်ပေါ်လိုဆေးတက္ကသိုလ်က ဒေါက်တာ Dani Ejzenberg ကတော့ “ဒီအောင်မြင်မှုဟာ ကျွန်တော်တို့အတွက်အရေးကြီးသလို သူမအတွက်လည်း အလွန်အရေးပါပါတယ်။ တစ်သက်လုံး ကလေးမရတော့ဘူးလို့ ထင်ထားတာ အခုတော့ သူမပြုံးပျော်နိုင်ပါပြီ ၊ ကလေးတောင် ၁နှစ်ပြည့်ပါတော့မယ်” လို့ ဆိုပါတယ်။

အမျိုးသမီးကို သားအိမ်အစားထိုးကုသမှု ပြုလုပ်ခဲ့ပြီး ၇လ နဲ့ ၁ဝရက်အကြာမှ ကိုယ်ဝန်ရှိနေတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ကလေးဟာ မွေးဖွားပြီး ရက် ၂ဝမှာတင် ကိုယ်အလေးချိန် ၁၆ပေါင်ရှိလာခဲ့ပြီး အခုလည်း ကျန်းကျန်းမာမာရှိနေပါတယ်။ ဒီအောင်မြင်မှုကြောင့် ဘရာဇီးဆရာဝန်အဖွဲ့ကို ကမ္ဘာတဝန်းက ချီးကျူးနေကြပါတယ်။ အခုအကြောင်းအရာကိုတော့ UK အခြေစိုက် အထင်ကရ ဆေးပညာဂျာနယ်ဖြစ်တဲ့ The Lancet က ဖေါ်ပြခဲ့တာပါ။

Leave a Reply