လူ႔သမုိင္းတေလွ်ာက္ အႀကီးဆုံး မုိင္းတြင္းႀကီး

Posted on

လူသားေတြဟာ ေျမႀကီးထဲက တြင္းထြက္ သတၱဳ နဲ႔ သယံဇာတေတြကို ထုတ္ယူႏုိင္ဖုိ႔အတြက္ ဧရာမက်င္းႀကီးေတြကို တူးခဲ့ၾကပါတယ္။ ဒီအထဲမွာ အထင္ရွားဆုံးကေတာ့ ရုရွားက မာနီစိန္တြင္းႀကီးျဖစ္ပါတယ္။ ဒါေပမယ့္ မာနီစိန္တြင္းက လူသားတုိ႔ တူးေဖာ္ခဲ့သမွ်ထဲမွာ ကမာၻ႔ဒုတိယအႀကီးဆုံးမုိင္းတြင္း သာျဖစ္ပါတယ္။ ဒါဆုိရင္ ပထမ အႀကီးဆုံးက ဘယ္ဟာလဲ…

ပထမအႀကီးဆုံးကေတာ့ အေမရိကန္မွာရွိတဲ့ Bingham Canyon ေၾကးနီတြင္းျဖစ္ပါတယ္။ Bingham Canyon Mine ဟာ သမုိင္းတစ္ေလွ်ာက္ လူေတြတူးေဖာ္ခဲ့သမွ် တြင္းႀကီးေတြထဲမွာ အႀကီးဆုံးတြင္းႀကီးျဖစ္ပါတယ္။ Kennecott ေၾကးနီမုိင္းလုိ႔လည္း ေခၚေ၀ၚၾကၿပီး ကမာၻေပၚက ေၾကးနီအထြက္ဆုံးမုိင္းတြင္းျဖစ္ပါတယ္။ ေၾကးနီတန္ခ်ိန္ေၾကာင္း ၁၉သန္းေက်ာ္ကို ထုတ္လုပ္ခဲ့ၿပီးျဖစ္ပါတယ္။ ေၾကးနီအျပင္ ေရႊ ၊ ေငြ နဲ႔ ဆာလဖ်ဴရစ္အက္ဆစ္ေတြကိုလည္း ထုတ္လုပ္ရရွိပါတယ္။

ဒီတြင္းႀကီးဟာ အေမရိကန္ႏုိင္ငံ Utah ျပည္နယ္ Salt Lake County မွာ တည္ရွိပါတယ္။ ၿဗိတိသွ်-ၾသစေၾတးလွ် ေက္ာပုိေရးရွင္းႀကီးျဖစ္တဲ့ Rio Tinto Group က ပုိင္ဆုိင္ပါတယ္။ ဒီမုိင္းတြင္းႀကီးမွ ေၾကးနီေတြကို ၁၉၀၆ခုႏွစ္တည္းက စတင္ထုတ္လုပ္ခဲ့တာျဖစ္ၿပီး တြင္းရဲ႕အတုိင္းအတာကေတာ့ အက်ယ္ ၂.၅မုိင္ ၊ အနက္ ၀.၆မုိင္ ရွိပါတယ္။ အက်ယ္အ၀န္းဧရိယာကေတာ့ ၁၉၀၀ ေတာင္ရွိၿပီး ႀကီးမားလြန္းတာေၾကာင့္ အာကာသယာဥ္မွဴးေတြဟာ အေမရိကန္ႏုိင္ငံေပၚကို ျဖတ္ပ်ံသန္းတဲ့အခါ ဒီတြင္းႀကီးကို ျမင္ႏုိင္တယ္လုိ႔ ဆုိပါတယ္။

ဒီတြင္းႀကီးေနရာမွာ ေၾကးနီထြက္တဲ့အေၾကာင္းကို ၁၈၄၈ခုႏွစ္ေလာက္က Sanford နဲ႔Thomas Bingham ဆုိတဲ့ ညီအစ္ကုိႏွစ္ေယာက္က ပထမဆုံး ရွာေဖြသိရွိခဲ့ၾကပါတယ္။ သူတုိ႔ဟာ သူတုိ႔ရဲ႕အဖြဲ႔ေခါင္းေဆာင္ Brigham Young ထံ ဒီအေၾကာင္းကိုေျပာျပေပမယ့္ စိတ္၀င္စားျခင္းမရွိခဲ့ပါဘူး။ အဲဒီတုန္းက ေခါင္းေဆာင္ရဲ႕ဆုံးျဖတ္ခ်က္ကို မလြန္ဆန္ႏုိင္တာေၾကာင့္ အဲဒီေနရာကုိ မွတ္သားရုံပဲမွတ္သားခဲ့ပါတယ္။ ၁၈၅၀ မွာ Bingham မိသားစုဟာ Weber နယ္ေျမကိုေျပာင္းေရႊ႕သြားေပမယ့္ သူတုိ႔ေနခဲ့တဲ့ေနရာကေတာ့ မိသားစုနာမည္  Bingham လုိ႔ အမည္တြင္ခဲ့ပါတယ္။

အျခား သတၱဳတူးေဖာ္ေရးလုပ္ငန္းရွင္တြဟာ ဒီေနရာကို အႀကိမ္ႀကိမ္စမ္းသပ္တူးေဖာ္ခဲ့ေပမယ့္ ၁၉ရာစုအကုန္အထိေတာ့ ဒီမုိင္းတြင္းရဲ႕ အရြယ္အစားဟာ အလြန္ေသးငယ္တဲ့အရြယ္ပဲ ရွိပါတယ္။ ၁၉၀၆ခုႏွစ္မွာေတာ့ Utah ေၾကးနီကုမၸဏီက တူးေဖာ္ေရးလုပ္ငန္းေတြကုိ အႀကီးအက်ယ္စတင္လုပ္ေဆာင္ပါေတာ့တယ္။ ဒီေနရာမွာ တ၀ုိက္မွာ သတၱဳတြင္းကို အၿပဳိင္အဆုိင္တူးေဖာ္ရာကေန ၁၉၁၂မွာေတာ့ ဒီေနရာဟာ ကမာၻ႔အရႈပ္ေထြးဆုံး သတၱဳတြင္းဇုန္ ျဖစ္လာခဲ့တယ္။

အဲဒီအခ်ိန္က တူးေဖာ္ေရးအတြက္ လူ႔အရင္းအျမစ္ကို အဓိကထားသုံးရတာေၾကာင့္ ဒီေနရာမွာ အေျခခ်ေနထုိင္သူေတြမ်ားလာခဲ့တယ္။ လူဦးေရ ၁၅၀၀၀ အထိရွိလာၿပီး ၿမဳိ႕တစ္ၿမဳိ႕လုိျဖစ္လာခဲ့တယ္။ ေၾကးနီတင္မက အျခားသတၱဳေတြပါ ထြက္တာေၾကာင့္ တူးရင္းတူးရင္း တြင္းႀကီးဟာ တျဖည္းျဖည္း ပုိပုိက်ယ္လာခဲ့တယ္။ ၁၉၈၀မွာေတာ့ နည္းပညာေတြတုိးတက္လာေၾကာင့္ လူ႔အားကို သိပ္မလုိေတာ့တဲ့အတြက္ ဒီေနရာမွာ လူဦးေရ အဆမတန္က်ဆင္းသြားၿပီး ၈၀၀ ခန္႔သာ က်န္ခဲ့ပါေတာ့တယ္။

လက္ရွိပုိင္ဆုိင္သူ Rio Tinto ကုမၸဏီဟာ မူလ Kennecott Utah Copper ကုမၸဏီကို ၀ယ္ယူခဲ့ၿပီး ဒီတူးေဖာ္ေရးလုပ္ငန္းေတြအတြက္ အေမရိကန္ေဒၚလာ ၂ဘီလ်ံကို ရင္းႏွီးျမဳပ္ႏွံခဲ့ပါတယ္။ လက္ရွိတူးေဖာ္ေရး လုပ္ငန္းဟာ ၂၀၁၉မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္ Rio Tinto ကေတာ့ ေနာက္ထပ္ေပ ၁၀၀၀ ခန္႔ထပ္ခ်ဲ႕ၿပီး ၂၀၃၀ခုႏွစ္ေလာက္အထိ တူးေဖာ္ဦးမယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ ကုမၸဏီရဲ႕ ဒါရုိက္တာအဖြဲ႔ နဲ႔ ပတ္၀န္းက်င္ထိမ္းသိမ္းေရး အဖြဲ႔ေတြရဲ႕ ခြင့္ျပဳခ်က္ရရွိမွ ဆက္တူးေဖာ္လုိ႔ရမွာ ျဖစ္ပါတယ္။

ဒီေနရာကုိ သမုိင္း၀င္နယ္ေျမတစ္ခုအျဖစ္ ၁၉၆၆ခုႏွစ္ကတည္းက သတ္မွတ္ထားခဲ့ၿပီး ကမာၻလွည့္ခရီးသြားမ်ားစြာ လာေရာက္လည္ပတ္လွ်က္ရွိပါတယ္။ ေလ့လာေရးဆုိဒ္ေနရာမွာေတာ့ ဒီေနရာရဲ႕အစဥ္အဆက္ သတၱဳတူးေဖာ္ေရး မွတ္တမ္းပုံေတြ နဲ႔ သတၱဳေတြဟာ လူေတြရဲ႕ေန႔စဥ္ဘ၀ေတြမွာ အေရးပါတဲ့အေၾကာင္းကို ရွင္းျပထားပါတယ္။ ဥပမာ ကြ်န္ေတာ္တုိ႔ေနစဥ္သုံးစြဲေနတဲ့ ကြန္ပ်ဴတာ ၊ ဖုန္း ၊ သြားတုိက္ေဆး ၊ ဆပ္ျပာ စတာေတြဟာ မုိင္းတြင္းရဲ႕ထုတ္ကုန္ေတြျဖစ္ပါတယ္။ ၂၀၁၃ခုႏွစ္ ဧၿပီလ နဲ႔ စက္တင္ဘာလ ေတြတုန္းက ဒီမုိင္းတြင္းမွာ ေျမၿပဳိမႈေတြျဖစ္ခဲ့ပါေသးတယ္။

VIDEO

——————-

ကမ္ဘာ့သမိုင်းတလျှောက် အကြီးဆုံး မိုင်းတွင်းကြီး (unicode)

လူသားတွေဟာ မြေကြီးထဲက တွင်းထွက် သတ္တု နဲ့ သယံဇာတတွေကို ထုတ်ယူနိုင်ဖို့အတွက် ဧရာမကျင်းကြီးတွေကို တူးခဲ့ကြပါတယ်။ ဒီအထဲမှာ အထင်ရှားဆုံးကတော့ ရုရှားက မာနီစိန်တွင်းကြီးဖြစ်ပါတယ်။ ဒါပေမယ့် မာနီစိန်တွင်းက လူသားတို့ တူးဖော်ခဲ့သမျှထဲမှာ ကမ္ဘာ့ဒုတိယအကြီးဆုံးမိုင်းတွင်း သာဖြစ်ပါတယ်။ ဒါဆိုရင် ပထမ အကြီးဆုံးက ဘယ်ဟာလဲ…

ပထမအကြီးဆုံးကတော့ အမေရိကန်မှာရှိတဲ့ Bingham Canyon ကြေးနီတွင်းဖြစ်ပါတယ်။ Bingham Canyon Mine ဟာ သမိုင်းတစ်လျှောက် လူတွေတူးဖော်ခဲ့သမျှ တွင်းကြီးတွေထဲမှာ အကြီးဆုံးတွင်းကြီးဖြစ်ပါတယ်။ Kennecott ကြေးနီမိုင်းလို့လည်း ခေါ်ဝေါ်ကြပြီး ကမ္ဘာပေါ်က ကြေးနီအထွက်ဆုံးမိုင်းတွင်းဖြစ်ပါတယ်။ ကြေးနီတန်ချိန်ကြောင်း ၁၉သန်းကျော်ကို ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။ ကြေးနီအပြင် ရွှေ ၊ ငွေ နဲ့ ဆာလဖျူရစ်အက်ဆစ်တွေကိုလည်း ထုတ်လုပ်ရရှိပါတယ်။

ဒီတွင်းကြီးဟာ အမေရိကန်နိုင်ငံ Utah ပြည်နယ် Salt Lake County မှာ တည်ရှိပါတယ်။ ဗြိတိသျှ-ဩစတြေးလျှ ကော်ပိုရေးရှင်းကြီးဖြစ်တဲ့ Rio Tinto Group က ပိုင်ဆိုင်ပါတယ်။ ဒီမိုင်းတွင်းကြီးမှ ကြေးနီတွေကို ၁၉၀၆ခုနှစ်တည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး တွင်းရဲ့အတိုင်းအတာကတော့ အကျယ် ၂.၅မိုင် ၊ အနက် ၀.၆မိုင် ရှိပါတယ်။ အကျယ်အဝန်းဧရိယာကတော့ ၁၉၀၀ တောင်ရှိပြီး ကြီးမားလွန်းတာကြောင့် အာကာသယာဉ်မှူးတွေဟာ အမေရိကန်နိုင်ငံပေါ်ကို ဖြတ်ပျံသန်းတဲ့အခါ ဒီတွင်းကြီးကို မြင်နိုင်တယ်လို့ ဆိုပါတယ်။

ဒီတွင်းကြီးနေရာမှာ ကြေးနီထွက်တဲ့အကြောင်းကို ၁၈၄၈ခုနှစ်လောက်က Sanford နဲ့Thomas Bingham ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်က ပထမဆုံး ရှာဖွေသိရှိခဲ့ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့အဖွဲ့ခေါင်းဆောင် Brigham Young ထံ ဒီအကြောင်းကိုပြောပြပေမယ့် စိတ်ဝင်စားခြင်းမရှိခဲ့ပါဘူး။ အဲဒီတုန်းက ခေါင်းဆောင်ရဲ့ဆုံးဖြတ်ချက်ကို မလွန်ဆန်နိုင်တာကြောင့် အဲဒီနေရာကို မှတ်သားရုံပဲမှတ်သားခဲ့ပါတယ်။ ၁၈၅၀ မှာ Bingham မိသားစုဟာ Weber နယ်မြေကိုပြောင်းရွှေ့သွားပေမယ့် သူတို့နေခဲ့တဲ့နေရာကတော့ မိသားစုနာမည်  Bingham လို့ အမည်တွင်ခဲ့ပါတယ်။

အခြား သတ္တုတူးဖော်ရေးလုပ်ငန်းရှင်တွဟာ ဒီနေရာကို အကြိမ်ကြိမ်စမ်းသပ်တူးဖော်ခဲ့ပေမယ့် ၁၉ရာစုအကုန်အထိတော့ ဒီမိုင်းတွင်းရဲ့ အရွယ်အစားဟာ အလွန်သေးငယ်တဲ့အရွယ်ပဲ ရှိပါတယ်။ ၁၉၀၆ခုနှစ်မှာတော့ Utah ကြေးနီကုမ္ပဏီက တူးဖော်ရေးလုပ်ငန်းတွေကို အကြီးအကျယ်စတင်လုပ်ဆောင်ပါတော့တယ်။ ဒီနေရာမှာ တဝိုက်မှာ သတ္တုတွင်းကို အပြိုင်အဆိုင်တူးဖော်ရာကနေ ၁၉၁၂မှာတော့ ဒီနေရာဟာ ကမ္ဘာ့အရှုပ်ထွေးဆုံး သတ္တုတွင်းဇုန် ဖြစ်လာခဲ့တယ်။

အဲဒီအချိန်က တူးဖော်ရေးအတွက် လူ့အရင်းအမြစ်ကို အဓိကထားသုံးရတာကြောင့် ဒီနေရာမှာ အခြေချနေထိုင်သူတွေများလာခဲ့တယ်။ လူဦးရေ ၁၅၀၀၀ အထိရှိလာပြီး မြို့တစ်မြို့လိုဖြစ်လာခဲ့တယ်။ ကြေးနီတင်မက အခြားသတ္တုတွေပါ ထွက်တာကြောင့် တူးရင်းတူးရင်း တွင်းကြီးဟာ တဖြည်းဖြည်း ပိုပိုကျယ်လာခဲ့တယ်။ ၁၉၈ဝမှာတော့ နည်းပညာတွေတိုးတက်လာကြောင့် လူ့အားကို သိပ်မလိုတော့တဲ့အတွက် ဒီနေရာမှာ လူဦးရေ အဆမတန်ကျဆင်းသွားပြီး ၈၀၀ ခန့်သာ ကျန်ခဲ့ပါတော့တယ်။

လက်ရှိပိုင်ဆိုင်သူ Rio Tinto ကုမ္ပဏီဟာ မူလ Kennecott Utah Copper ကုမ္ပဏီကို ဝယ်ယူခဲ့ပြီး ဒီတူးဖော်ရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၂ဘီလျံကို ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ လက်ရှိတူးဖော်ရေး လုပ်ငန်းဟာ ၂၀၁၉မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် Rio Tinto ကတော့ နောက်ထပ်ပေ ၁၀၀၀ ခန့်ထပ်ချဲ့ပြီး ၂၀၃ဝခုနှစ်လောက်အထိ တူးဖော်ဦးမယ်လို့ သိရပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ နဲ့ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး အဖွဲ့တွေရဲ့ ခွင့်ပြုချက်ရရှိမှ ဆက်တူးဖော်လို့ရမှာ ဖြစ်ပါတယ်။

ဒီနေရာကို သမိုင်းဝင်နယ်မြေတစ်ခုအဖြစ် ၁၉၆၆ခုနှစ်ကတည်းက သတ်မှတ်ထားခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားများစွာ လာရောက်လည်ပတ်လျှက်ရှိပါတယ်။ လေ့လာရေးဆိုဒ်နေရာမှာတော့ ဒီနေရာရဲ့အစဉ်အဆက် သတ္တုတူးဖော်ရေး မှတ်တမ်းပုံတွေ နဲ့ သတ္တုတွေဟာ လူတွေရဲ့နေ့စဉ်ဘ၀တွေမှာ အရေးပါတဲ့အကြောင်းကို ရှင်းပြထားပါတယ်။ ဥပမာ ကျွန်တော်တို့နေစဉ်သုံးစွဲနေတဲ့ ကွန်ပျူတာ ၊ ဖုန်း ၊ သွားတိုက်ဆေး ၊ ဆပ်ပြာ စတာတွေဟာ မိုင်းတွင်းရဲ့ထုတ်ကုန်တွေဖြစ်ပါတယ်။ ၂၀၁၃ခုနှစ် ဧပြီလ နဲ့ စက်တင်ဘာလ တွေတုန်းက ဒီမိုင်းတွင်းမှာ မြေပြိုမှုတွေဖြစ်ခဲ့ပါသေးတယ်။

 

Leave a Reply