ျပန္လည္တည္ေဆာက္ထားတဲ့ ေနာဧသေဘၤာႀကီး

Posted on

ေနာဧသေဘၤာႀကီး ဆုိတာကေတာ့ အားလုံးၾကားဖူးၾကတဲ့အတုိင္း သမၼာက်မ္းစာလာ သေဘၤာႀကီးတစ္စင္းျဖစ္ပါတယ္။ ဒီသေဘၤာႀကီးရဲ႕ပုံစံတူကို ဒတ္ခ်္လူမ်ဳိး တစ္ေယာက္က ျပန္လည္တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ တည္ေဆာက္ျဖစ္ခဲ့ပုံက ဒီလုိပါ။

၁၉၉၃ ခုႏွစ္ေလာက္က နယ္သာလန္ႏုိင္ငံ Dordrecht မွာေနတဲ့ Johan Huibers ဆုိသူဟာ သူ႔ရဲ႕ကေလးေတြကို အိပ္ယာ၀င္ ပုံျပင္တစ္ပုဒ္ကို ဖတ္ျပခဲ့ပါတယ္။ အဲဒါကေတာ့ ေနာဧသေဘၤာႀကီးရဲ႕အေၾကာင္းပါ။ ဒီလုိဖတ္ျပရင္း သူ ထူးထူးဆန္းဆန္း အႀကံတစ္ခုရပါတယ္။ အဲဒါကေတာ့ ဒီသေဘၤာႀကီး ပုံစံတူ တည္ေဆာက္ဖုိ႔ပါ။ ဒီအႀကံကို သူ႔ဇနီးျဖစ္သူကို ေျပာျပတဲ့အခါ ဇနီးသည္က ရယ္ေမာၿပီး
“ဘာလဲ..အဲဒီသေဘၤာႀကီးၿပီးတဲ့အခါ ရွင္က အားလုံးကို လကမာၻဆီေခၚသြားၿပီး ေပ်ာ္ပြဲစားထြက္ခုိင္းမလုိ႔လား” လုိ႔ ေလွာင္ေျပာင္ခဲ့ပါတယ္။

ဒါေပမယ့္ Johan Huibers က အေလွ်ာ့မေပးခဲ့ပါဘူး။ ဒီသေဘၤာႀကီးကို မျဖစ္ျဖစ္ေအာင္ တည္ေဆာက္မယ္လုိ႔ ဆုံးျဖတ္ၿပီး ခက္ခက္ခဲခဲႀကဳိးစားခဲ့ပါတယ္။ ဒီလုိနဲ႔ ၂၀၀၆ ခုႏွစ္မွာ ေနဧသေဘၤာႀကီး ပုံစံတူသေဘၤာတစ္စင္းကို ေအာင္ျမင္စြာ တည္ေဆာက္ႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ သူစိတ္တုိင္းမက်ပါဘူး။ အေၾကာင္းကေတာ့ တည္ေဆာက္ၿပီးတဲ့ သေဘၤာဟာ ေနာဧသေဘၤာရဲ႕ တစ္၀က္ အရြယ္အစားပဲ ရွိလုိ႔ပါ။ ဒါေၾကာင့္ ပုံမွန္အရြယ္အစားအထိ တုိးျမွင့္တည္ေဆာက္ဖုိ႔ သူ ထပ္ႀကဳိးစားခဲ့ျပန္ပါတယ္။

၂၀၀၈ခုႏွစ္မွာေတာ့ သူ ဒီလုိတည္ေဆာက္ေနတာကို ၀ါသနာရွင္ လက္သမားဆရာအခ်ဳိ႕သိရွိသြားၿပီး သူ႔ကုိ၀ုိင္းကူညီၾကပါတယ္။ အားလုံးတက္ညီလက္ညီ တည္ေဆာက္ခဲ့ေပမယ့္ အခ်ိန္ ၄ႏွစ္အၾကာ ၂၀၁၂ခုႏွစ္မွ သေဘၤာတည္ေဆာက္မႈ ၿပီးစီးခဲ့ပါတယ္။ တည္ေဆာက္မႈ အစအဆုံးကုန္က်စရိတ္ကေတာ့ အေမရိကန္ေဒၚလာ ၁.၆သန္း ျဖစ္ပါတယ္။ Johan Huibers ကေတာ့

“ကြ်န္ေတာ္တုိ႔ရဲ႕ သေဘၤာႀကီးဟာ က်မ္းစာပါေနာဧ သေဘၤာႀကီးနဲ႔ ကြဲျပားတဲ့အခ်က္အလက္ အတုိင္းအတာေတြ အမ်ားႀကီးရွိႏုိင္ပါတယ္။ တည္ေဆာက္တဲ့ ကြ်န္ေတာ္တုိ႔ဟာ တကယ့္ပညာရွင္ေတြမဟုတ္ပဲ ၀ါသနာရွင္ေတြသာ ျဖစ္ၾကလုိ႔ပါ။ ဒါေပမယ့္ ကြ်န္ေတာ္တုိ႔ တတ္ႏုိင္သမွ် အစြမ္းကုန္ႀကဳိးစားခဲ့ပါတယ္” လုိ႔ ဆုိပါတယ္။

သေဘၤာႀကီးၿပီးဆုံးတဲ့ အခါ သေဘၤာထဲမွာ သစ္သားနဲ႔ဖန္တီးထားတဲ့ တိရစာၦန္ရုပ္ေပါင္းမ်ားစြာကို ထည့္သြင္းခဲ့ပါတယ္။ ဒီအထဲမွာ ေမ်ာက္၀ံ ၊ က်ားသစ္ နဲ႔ ႀကံ႕ေတြလည္းပါပါတယ္။ တည္ေဆာက္ၿပီးစီးတဲ့အခ်ိန္ကစလုိ႔ ဒီပုံစံတူ ေနာဧသေဘၤာႀကီးဟာ Dordrecht ေဒသ ရဲ႕ နာမည္ေက်ာ္ေနရာတစ္ခု ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္ Huibers နဲ႔ ၿမဳိ႕အုပ္ခ်ဳပ္ေရးအဖြဲ႔အၾကား သေဘာထားမတုိက္ဆုိင္တာေၾကာင့္ အမ်ားျပည္သူ လာေရာက္လည္ပတ္ခြင့္ကို ပိတ္ခဲ့ရပါတယ္။

သေဘၤာႀကီးရဲ႕ အတုိင္းအတာကုိေတာ့ ဟီးဘရူးသမၼာက်မ္းစာကေန ရယူခဲ့တာျဖစ္ၿပီး စတီးဖရိန္တစ္ခုကိုသုံးကာ သစ္အေနနဲ႔ကေတာ့ သစ္ကတုိး နဲ႔ ထင္ရူးသစ္မ်ားကို အသုံးျပဳတည္ေဆာက္ထားျခင္း ျဖစ္ပါတယ္။ သေဘၤာႀကီးရဲ႕ အတုိင္းအတာကေတာ့ အရွည္ ၄၁၀ေပ ၊ အက်ယ္ ၉၅ ေပ နဲ႔ အျမင့္ ၇၅ေပ(အထပ္ ၅ထပ္) ရွိပါတယ္။ အေလးခ်ိန္အားျဖင့္ေတာ့ တန္ ၂၅၀၀ ရွိၿပီး လူေပါင္း ၅၀၀၀ခန္႔ကို တစ္ၿပဳိင္နက္ ထားရွိႏုိင္ပါတယ္။

၂၀၁၆ ခုႏွစ္တုန္းက ဘရာဇီးရဲ႕ ရီယိုအုိလံပစ္ပြဲေတာ္ဆီ သေဘၤာႀကီးကို ရြက္လႊင့္ဖုိ႔ အစီအစဥ္လုပ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ လုံၿခဳံမႈ စိတ္မခ်ရဘူးဆုိတဲ့ အေၾကာင္းျပခ်က္ေၾကာင့္ အစီအစဥ္ပ်က္သြားခဲ့ရပါတယ္။  Huibers ဟာ သူ႔သေဘၤာႀကီးထား ရွိမယ့္ ေနရာကိုေတြ႔သြားပါၿပီ။ အဲဒါကေတာ့ ဟီးဘရူးလူမ်ဳိးတုိ႔ရဲ႕မူလေနရာ အစၥေရးႏုိင္ငံျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ပုိ႔ေဆာင္ဖုိ႔ အစီအစဥ္စတဲ့အခ်ိန္မွာပဲ အစၥေရးမွာ ေတာမီးအႀကီးအက်ယ္ေလာင္ခဲ့တာေၾကာင့္ သူ႔အစီအစဥ္ ရပ္တန္႔ထားခဲ့ရျပန္ပါတယ္။

အခုေတာ့ Huibers ဟာ ေနာက္တစ္ႀကိမ္ထပ္ႀကဳိးစားေနပါၿပီ။ ဒီသေဘၤာႀကီးကို အစၥေရးထံပို႔ေဆာင္ဖုိ႔အတြက္ကုန္က်စရိတ္က ေဒၚလာ ၁.၃သန္းခန္႔ ကုန္က်ႏုိင္ပါတယ္။ သေဘၤာမွာ ေမာ္တာေတြမပါတဲ့အတြက္ ရြက္လႊင့္သြားလာႏုိင္ရန္ tugboats ေတြကို ငွားရမ္းၿပီး ပုိ႔ေဆာင္ရမွာျဖစ္ပါတယ္။

VIDEO

————–

ပြန်လည်တည်ဆောက်ထားတဲ့ နောဧသင်္ဘောကြီး (unicode)

နောဧသင်္ဘောကြီး ဆိုတာကတော့ အားလုံးကြားဖူးကြတဲ့အတိုင်း သမ္မာကျမ်းစာလာ သင်္ဘောကြီးတစ်စင်းဖြစ်ပါတယ်။ ဒီသင်္ဘောကြီးရဲ့ပုံစံတူကို ဒတ်ခ်ျလူမျိုး တစ်ယောက်က ပြန်လည်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တည်ဆောက်ဖြစ်ခဲ့ပုံက ဒီလိုပါ။

၁၉၉၃ ခုနှစ်လောက်က နယ်သာလန်နိုင်ငံ Dordrecht မှာနေတဲ့ Johan Huibers ဆိုသူဟာ သူ့ရဲ့ကလေးတွေကို အိပ်ယာဝင် ပုံပြင်တစ်ပုဒ်ကို ဖတ်ပြခဲ့ပါတယ်။ အဲဒါကတော့ နောဧသင်္ဘောကြီးရဲ့အကြောင်းပါ။ ဒီလိုဖတ်ပြရင်း သူ ထူးထူးဆန်းဆန်း အကြံတစ်ခုရပါတယ်။ အဲဒါကတော့ ဒီသင်္ဘောကြီး ပုံစံတူ တည်ဆောက်ဖို့ပါ။ ဒီအကြံကို သူ့ဇနီးဖြစ်သူကို ပြောပြတဲ့အခါ ဇနီးသည်က ရယ်မောပြီး
“ဘာလဲ..အဲဒီသင်္ဘောကြီးပြီးတဲ့အခါ ရှင်က အားလုံးကို လကမ္ဘာဆီခေါ်သွားပြီး ပျော်ပွဲစားထွက်ခိုင်းမလို့လား” လို့ လှောင်ပြောင်ခဲ့ပါတယ်။

ဒါပေမယ့် Johan Huibers က အလျှော့မပေးခဲ့ပါဘူး။ ဒီသင်္ဘောကြီးကို မဖြစ်ဖြစ်အောင် တည်ဆောက်မယ်လို့ ဆုံးဖြတ်ပြီး ခက်ခက်ခဲခဲကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၆ ခုနှစ်မှာ နေဧသင်္ဘောကြီး ပုံစံတူသင်္ဘောတစ်စင်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူစိတ်တိုင်းမကျပါဘူး။ အကြောင်းကတော့ တည်ဆောက်ပြီးတဲ့ သင်္ဘောဟာ နောဧသင်္ဘောရဲ့ တစ်ဝက် အရွယ်အစားပဲ ရှိလို့ပါ။ ဒါကြောင့် ပုံမှန်အရွယ်အစားအထိ တိုးမြှင့်တည်ဆောက်ဖို့ သူ ထပ်ကြိုးစားခဲ့ပြန်ပါတယ်။

၂၀၀၈ခုနှစ်မှာတော့ သူ ဒီလိုတည်ဆောက်နေတာကို ဝါသနာရှင် လက်သမားဆရာအချို့သိရှိသွားပြီး သူ့ကိုဝိုင်းကူညီကြပါတယ်။ အားလုံးတက်ညီလက်ညီ တည်ဆောက်ခဲ့ပေမယ့် အချိန် ၄နှစ်အကြာ ၂၀၁၂ခုနှစ်မှ သင်္ဘောတည်ဆောက်မှု ပြီးစီးခဲ့ပါတယ်။ တည်ဆောက်မှု အစအဆုံးကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၁.၆သန်း ဖြစ်ပါတယ်။ Johan Huibers ကတော့
“ကျွန်တော်တို့ရဲ့ သင်္ဘောကြီးဟာ ကျမ်းစာပါနောဧ သင်္ဘောကြီးနဲ့ ကွဲပြားတဲ့အချက်အလက် အတိုင်းအတာတွေ အများကြီးရှိနိုင်ပါတယ်။ တည်ဆောက်တဲ့ ကျွန်တော်တို့ဟာ တကယ့်ပညာရှင်တွေမဟုတ်ပဲ ဝါသနာရှင်တွေသာ ဖြစ်ကြလို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်” လို့ ဆိုပါတယ်။

သင်္ဘောကြီးပြီးဆုံးတဲ့ အခါ သင်္ဘောထဲမှာ သစ်သားနဲ့ဖန်တီးထားတဲ့ တိရစ္ဆာန်ရုပ်ပေါင်းများစွာကို ထည့်သွင်းခဲ့ပါတယ်။ ဒီအထဲမှာ မျောက်ဝံ ၊ ကျားသစ် နဲ့ ကြံ့တွေလည်းပါပါတယ်။ တည်ဆောက်ပြီးစီးတဲ့အချိန်ကစလို့ ဒီပုံစံတူ နောဧသင်္ဘောကြီးဟာ Dordrecht ဒေသ ရဲ့ နာမည်ကျော်နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် Huibers နဲ့ မြို့အုပ်ချုပ်ရေးအဖွဲ့အကြား သဘောထားမတိုက်ဆိုင်တာကြောင့် အများပြည်သူ လာရောက်လည်ပတ်ခွင့်ကို ပိတ်ခဲ့ရပါတယ်။

သင်္ဘောကြီးရဲ့ အတိုင်းအတာကိုတော့ ဟီးဘရူးသမ္မာကျမ်းစာကနေ ရယူခဲ့တာဖြစ်ပြီး စတီးဖရိန်တစ်ခုကိုသုံးကာ သစ်အနေနဲ့ကတော့ သစ်ကတိုး နဲ့ ထင်ရူးသစ်များကို အသုံးပြုတည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ သင်္ဘောကြီးရဲ့ အတိုင်းအတာကတော့ အရှည် ၄၁၀ပေ ၊ အကျယ် ၉၅ ပေ နဲ့ အမြင့် ၇၅ပေ(အထပ် ၅ထပ်) ရှိပါတယ်။ အလေးချိန်အားဖြင့်တော့ တန် ၂၅၀၀ ရှိပြီး လူပေါင်း ၅၀၀ဝခန့်ကို တစ်ပြိုင်နက် ထားရှိနိုင်ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ဘရာဇီးရဲ့ ရီယိုအိုလံပစ်ပွဲတော်ဆီ သင်္ဘောကြီးကို ရွက်လွှင့်ဖို့ အစီအစဉ်လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လုံခြုံမှု စိတ်မချရဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့် အစီအစဉ်ပျက်သွားခဲ့ရပါတယ်။  Huibers ဟာ သူ့သင်္ဘောကြီးထား ရှိမယ့် နေရာကိုတွေ့သွားပါပြီ။ အဲဒါကတော့ ဟီးဘရူးလူမျိုးတို့ရဲ့မူလနေရာ အစ္စရေးနိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် သူ့ပို့ဆောင်ဖို့ အစီအစဉ်စတဲ့အချိန်မှာပဲ အစ္စရေးမှာ တောမီးအကြီးအကျယ်လောင်ခဲ့တာကြောင့် သူ့အစီအစဉ် ရပ်တန့်ထားခဲ့ရပြန်ပါတယ်။

အခုတော့ Huibers ဟာ နောက်တစ်ကြိမ်ထပ်ကြိုးစားနေပါပြီ။ ဒီသင်္ဘောကြီးကို အစ္စရေးထံပို့ဆောင်ဖို့အတွက်ကုန်ကျစရိတ်က ဒေါ်လာ ၁.၃သန်းခန့် ကုန်ကျနိုင်ပါတယ်။ သင်္ဘောမှာ မော်တာတွေမပါတဲ့အတွက် ရွက်လွှင့်သွားလာနိုင်ရန် tugboats တွေကို ငှားရမ်းပြီး ပို့ဆောင်ရမှာဖြစ်ပါတယ်။

Leave a Reply