ေႏြရာသီမွာေတာင္ အရည္မေပ်ာ္တဲ့ ေရခဲလုိဏ္ဂူ

Posted on

တရုတ္နိုင္ငံေျမာက္ပိုင္း Shanxi ျပည္နယ္အတြင္းမွာတည္ရွိတဲ့ Ningwu ေရခဲလိုဏ္ဂူ ဟာတရုတ္နိုင္ငံအတြင္းမွာေတာ့ အၾကီးမားဆံုးေသာေရခဲလိႈဏ္ဂူျဖစ္ျပီး ေႏြရာသီ ေရာက္ခ်ိန္အထိ အရည္ေပ်ာ္ျခင္းမရွိပါဘူး။ Ningwu ေရခဲလိုဏ္ဂူဟာ ပင္လယ္ေရ မ်က္နွာျပင္ထက္အျမင့္ေပ (၂၃၀၀)မီတာအထက္မွာ တည္ရွိေနတာျဖစ္ျပီး ေရခဲလိုဏ္ဂူရဲ့အရွည္ဟာ မီတာ(၁၀၀) ေက်ာ္ေလာက္ရွည္လ်ားျပီး အတြင္းပိုင္းအက်ယ္ဆံုးေနရာေတြကေတာ့ မီတာ(၂၀)ေလာက္ က်ယ္ဝန္းပါတယ္။

Ningwu ဟာ ျမန္မာလိုဘာသာျပန္ရင္ နွစ္တစ္ေသာင္းလိုဏ္ဂူလို႔ အဓိပၸါယ္ရျပီး ကၽြမ္းက်င္သူေတြရဲ့အဆိုအရေတာ့ ဒီေရခဲလိုဏ္ဂူရဲ့ သက္တမ္းဟာ နွစ္ေပါင္းသံုးသန္းေလာက္ရွိျပီလို႔ သိရပါတယ္။ Ningwu ေရခဲလိုဏ္ဂူရဲ့နံရံနဲ႔ၾကမ္းျပင္တစ္ ေလ်ွာက္မွာရွိတဲ့ ေရခဲျပင္လႊာဟာအလြန္သိပ္သည္းျပီး ေရခဲေက်ာက္စက္၊ ပန္းဆြဲေတြဟာ ဂူမ်က္နွာက်က္ကေန ၾကမ္းျပင္အထိ ဆက္စပ္လုနီးပါးတည္ရွိေနတာကို ေတြ႔ရွိရပါတယ္။

ဒီေရခဲလိုဏ္ဂူရဲ့ထူးျခားခ်က္ကေတာ့ အလြန္ပူျပင္းတဲ့ေႏြရာသီမွာေတာင္အရည္ ေပ်ာ္ျခင္းမရွိပဲ မူလသဘာဝအတိုင္း ပံုစံမပ်က္တည္ရွိေနျခင္းျဖစ္ပါတယ္။ ေရခဲဂူအမ်ားစုကိုေတာ့ ဥေရာပတိုက္၊အလယ္အာရွေဒသတစ္ခ်ိဳ႔နဲ႔ ေျမာက္အေမရိက တိုက္ေတြမွာရွိတဲ့ တစ္နွစ္ပတ္လံုးနီးပါးအလြန္ေအးခဲတဲ့ေဒသေတြမွာ အမ်ားအားျဖင့္ ေတြ႔ရေလ့ရွိပါတယ္။

အထူးသျဖင့္အေမရိကန္ျပည္ေထာင္စုက Alaska ျပည္နယ္၊ အိုက္စလန္နိုင္ငံနဲ႔ ရုရွားနိုင္ငံေတြမွာ ေတြ႔ျမင္ရေလ့ရွိျပီး အပူခ်ိန္အလြန္ေလ်ာ့နည္းတဲ့ အေျခအေနမွာပဲ ေရခဲဂူ ေတြဟာ တည္ရွိေနနိုင္ၾကတာလည္းျဖစ္ပါတယ္။

အထက္ကေဖာ္ျပခဲ့သလိုု ေရခဲလိုဏ္ဂူေတြဟာ အလြန္ေအးျပီးအရာဝတၳဳေတြခဲေန ေလာက္တဲ့အေအးပိုင္းေဒသေတြမွာတည္ရွိတယ္ဆိုေပမယ့္ Ningwu ေရခဲလိုဏ္ဂူကေတာ့ အပူပိုင္းရာသီဥတု က်ေရာက္ေနတဲ့ တရုတ္နိုင္ငံေျမာက္ပိုင္းမွာ ထူးထူးျခားျခား တည္ရွိေနတာပါ။  ဒီေရခဲလိုဏ္ဂူ ဟာေဆာင္းတြင္းကာလမွာ ရွိတဲ့ေရခဲမႈန္ေတြ ေက်ာက္လိုဏ္ဂူအတြင္း ေလနဲ႔အတူဝင္ ေရာက္စုပံုျပီး တည္ရွိေနတာျဖစ္ျပီး ျပင္ပေလပူေတြနဲ႔ ထိေတြ႔မႈနည္းပါးတဲ့ အေျခအေန မွာ ကာလရွည္တည္ရွိေနေလ့ရွိပါတယ္။

လိုဏ္ဂူအတြင္းမွာရွိတဲ့ ပိတ္ေလွာင္ထားသလိုျဖစ္ေနတဲ့ ၾကီးမားတဲ့ ေလေအးထုထည္ ေၾကာင့္ Ningwu ဟာ ေႏြရာသီေရာက္ခ်ိန္မွာလည္း ေလပူေတြထိုးေဖာ္ဝင္ေရာက္မႈ အားနည္းတာေၾကာင့္ မူလပံုမပ်က္အတိုင္းပဲ တည္ရွိေနနိုင္ပါတယ္။ ဒါအျပင္ လိုဏ္ဂူ အတြင္းက ထုထည္ၾကီးမားတဲ့ ေရခဲထုကလည္း ဂူအတြင္းဝင္ေရာက္လာတဲ့အပူခ်ိန္ကို ေလ်ာ့ခ်ရာမွာ ကူညီေပးပါတယ္။

ေရခဲအခ်ိဳ႕ဟာအရည္ေပ်ာ္ၾကေပမဲ့ အေအးဖိအား အလြန္ေကာင္းတဲ့ အေနအထားအရ အေျခအေနတစ္ခုမွာ ျပန္လည္ေအးခဲသြားၾကျပီး ဂူအတြင္းမွာျမင္ေတြ႔ေနရတဲ့ ေက်ာက္ခတ္ပန္းဆြဲေတြသ႑န္ ျဖစ္သြားတတ္ၾကပါ ေသးတယ္။ Ningwuေ ရခဲလိုဏ္ဂူဟာ ေရကိုေရခဲျဖစ္ေလာက္တဲ့အထိ ေအးခဲနိုင္တဲ့အေျခအေနမွာ ရွိျပီး ေဆာင္းရာသီေရာက္ခ်ိန္မွာေတာ့ လိုဏ္ဂူရဲ့ အျပင္ပိုင္းေနရာေတြအထိ နွင္းေတြနဲ႔ အစဥ္ဖံုးလႊမ္းလ်က္ရိွေနတတ္ပါတယ္။

ေႏြရာသီေရာက္ခ်ိန္မွာေတာ့ ျပင္ပအပူခ်ိန္ ေၾကာင့္လိုဏ္ဂူအျပင္ဘက္ေနရာေတြဟာအရည္ေပ်ာ္သြားၾကျပီး အဆိုပါနွင္းရည္ေတြ ဟာ လိုဏ္ဂူအတြင္းပိုင္းကိုပဲ က်ေရာက္ျပီး မၾကာခင္မွာေရခဲထုအျဖစ္ အသြင္ေျပာင္း သြားျပန္ပါတယ္။ ေဖာ္ျပပါအေျခအေနေၾကာင့္ Ningwu ေရခဲလိုဏ္ဂူတစ္ခုလံုး ကို အရပ္မ်က္နွာအသီးသီးကက်ေရာက္တဲ့ နွင္းခဲေတြနဲ႔ ပိတ္မသြားေအာင္ေတာ့ တာဝန္ရွိသူေတြက ျပဳျပင္မြမ္းမံမႈေတြကိုေတာ့ ေန႔စဥ္လုပ္ေဆာင္ေပးရေလ့ရွိပါတယ္။

ဒီလိုဏ္ဂူဟာ ထူးျခားဆန္းျပားတဲ့ သဘာဝအလွအပေတြအျပင္ ေရခဲျပင္ပန္းပု ပညာရွင္ေတြေၾကာင့္ တရုတ္နိုင္ငံရဲ့ ခရီးသြားလုပ္ငန္းကို ထိပ္တန္းေနရာကေန အက်ိဳးျပဳေနျပီး နွစ္စဥ္ကမာၻအရပ္ရပ္က လာေရာက္လည္ပတ္သူမ်ားစြာရွိေနျပီ လည္းျဖစ္ပါတယ္။

VIDEO

—————-

နွေရာသီမှာတောင် အရည်မပျော်တဲ့ ရေခဲလိုဏ်ဂူ (unicode)

တရုတ်နိုင်ငံမြောက်ပိုင်း Shanxi ပြည်နယ်အတွင်းမှာတည်ရှိတဲ့ Ningwu ရေခဲလိုဏ်ဂူ ဟာတရုတ်နိုင်ငံအတွင်းမှာတော့ အကြီးမားဆုံးသောရေခဲလှိုဏ်ဂူဖြစ်ပြီး နွေရာသီ ရောက်ချိန်အထိ အရည်ပျော်ခြင်းမရှိပါဘူး။ Ningwu ရေခဲလိုဏ်ဂူဟာ ပင်လယ်ရေ မျက်နှာပြင်ထက်အမြင့်ပေ (၂၃၀၀)မီတာအထက်မှာ တည်ရှိနေတာဖြစ်ပြီး ရေခဲလိုဏ်ဂူရဲ့အရှည်ဟာ မီတာ(၁၀၀) ကျော်လောက်ရှည်လျားပြီး အတွင်းပိုင်းအကျယ်ဆုံးနေရာတွေကတော့ မီတာ(၂၀)လောက် ကျယ်ဝန်းပါတယ်။

Ningwu ဟာ မြန်မာလိုဘာသာပြန်ရင် နှစ်တစ်သောင်းလိုဏ်ဂူလို့ အဓိပ္ပါယ်ရပြီး ကျွမ်းကျင်သူတွေရဲ့အဆိုအရတော့ ဒီရေခဲလိုဏ်ဂူရဲ့ သက်တမ်းဟာ နှစ်ပေါင်းသုံးသန်းလောက်ရှိပြီလို့ သိရပါတယ်။ Ningwu ရေခဲလိုဏ်ဂူရဲ့နံရံနဲ့ကြမ်းပြင်တစ် လျှောက်မှာရှိတဲ့ ရေခဲပြင်လွှာဟာအလွန်သိပ်သည်းပြီး ရေခဲကျောက်စက်၊ ပန်းဆွဲတွေဟာ ဂူမျက်နှာကျက်ကနေ ကြမ်းပြင်အထိ ဆက်စပ်လုနီးပါးတည်ရှိနေတာကို တွေ့ရှိရပါတယ်။

ဒီရေခဲလိုဏ်ဂူရဲ့ထူးခြားချက်ကတော့ အလွန်ပူပြင်းတဲ့နွေရာသီမှာတောင်အရည် ပျော်ခြင်းမရှိပဲ မူလသဘာဝအတိုင်း ပုံစံမပျက်တည်ရှိနေခြင်းဖြစ်ပါတယ်။ ရေခဲဂူအများစုကိုတော့ ဥရောပတိုက်၊အလယ်အာရှဒေသတစ်ချို့နဲ့ မြောက်အမေရိက တိုက်တွေမှာရှိတဲ့ တစ်နှစ်ပတ်လုံးနီးပါးအလွန်အေးခဲတဲ့ဒေသတွေမှာ အများအားဖြင့် တွေ့ရလေ့ရှိပါတယ်။

အထူးသဖြင့်အမေရိကန်ပြည်ထောင်စုက Alaska ပြည်နယ်၊ အိုက်စလန်နိုင်ငံနဲ့ ရုရှားနိုင်ငံတွေမှာ တွေ့မြင်ရလေ့ရှိပြီး အပူချိန်အလွန်လျော့နည်းတဲ့ အခြေအနေမှာပဲ ရေခဲဂူ တွေဟာ တည်ရှိနေနိုင်ကြတာလည်းဖြစ်ပါတယ်။

အထက်ကဖော်ပြခဲ့သလို ရေခဲလိုဏ်ဂူတွေဟာ အလွန်အေးပြီးအရာဝတ္ထုတွေခဲနေ လောက်တဲ့အအေးပိုင်းဒေသတွေမှာတည်ရှိတယ်ဆိုပေမယ့် Ningwu ရေခဲလိုဏ်ဂူကတော့ အပူပိုင်းရာသီဥတု ကျရောက်နေတဲ့ တရုတ်နိုင်ငံမြောက်ပိုင်းမှာ ထူးထူးခြားခြား တည်ရှိနေတာပါ။  ဒီရေခဲလိုဏ်ဂူ ဟာဆောင်းတွင်းကာလမှာ ရှိတဲ့ရေခဲမှုန်တွေ ကျောက်လိုဏ်ဂူအတွင်း လေနဲ့အတူဝင် ရောက်စုပုံပြီး တည်ရှိနေတာဖြစ်ပြီး ပြင်ပလေပူတွေနဲ့ ထိတွေ့မှုနည်းပါးတဲ့ အခြေအနေ မှာ ကာလရှည်တည်ရှိနေလေ့ရှိပါတယ်။

လိုဏ်ဂူအတွင်းမှာရှိတဲ့ ပိတ်လှောင်ထားသလိုဖြစ်နေတဲ့ ကြီးမားတဲ့ လေအေးထုထည် ကြောင့် Ningwu ဟာ နွေရာသီရောက်ချိန်မှာလည်း လေပူတွေထိုးဖော်ဝင်ရောက်မှု အားနည်းတာကြောင့် မူလပုံမပျက်အတိုင်းပဲ တည်ရှိနေနိုင်ပါတယ်။ ဒါအပြင် လိုဏ်ဂူ အတွင်းက ထုထည်ကြီးမားတဲ့ ရေခဲထုကလည်း ဂူအတွင်းဝင်ရောက်လာတဲ့အပူချိန်ကို လျော့ချရာမှာ ကူညီပေးပါတယ်။

ရေခဲအချို့ဟာအရည်ပျော်ကြပေမဲ့ အအေးဖိအား အလွန်ကောင်းတဲ့ အနေအထားအရ အခြေအနေတစ်ခုမှာ ပြန်လည်အေးခဲသွားကြပြီး ဂူအတွင်းမှာမြင်တွေ့နေရတဲ့ ကျောက်ခတ်ပန်းဆွဲတွေသဏ္ဍန် ဖြစ်သွားတတ်ကြပါ သေးတယ်။ Ningwuေ ရခဲလိုဏ်ဂူဟာ ရေကိုရေခဲဖြစ်လောက်တဲ့အထိ အေးခဲနိုင်တဲ့အခြေအနေမှာ ရှိပြီး ဆောင်းရာသီရောက်ချိန်မှာတော့ လိုဏ်ဂူရဲ့ အပြင်ပိုင်းနေရာတွေအထိ နှင်းတွေနဲ့ အစဉ်ဖုံးလွှမ်းလျက်ရှိနေတတ်ပါတယ်။

နွေရာသီရောက်ချိန်မှာတော့ ပြင်ပအပူချိန် ကြောင့်လိုဏ်ဂူအပြင်ဘက်နေရာတွေဟာအရည်ပျော်သွားကြပြီး အဆိုပါနှင်းရည်တွေ ဟာ လိုဏ်ဂူအတွင်းပိုင်းကိုပဲ ကျရောက်ပြီး မကြာခင်မှာရေခဲထုအဖြစ် အသွင်ပြောင်း သွားပြန်ပါတယ်။ ဖော်ပြပါအခြေအနေကြောင့် Ningwu ရေခဲလိုဏ်ဂူတစ်ခုလုံး ကို အရပ်မျက်နှာအသီးသီးကကျရောက်တဲ့ နှင်းခဲတွေနဲ့ ပိတ်မသွားအောင်တော့ တာဝန်ရှိသူတွေက ပြုပြင်မွမ်းမံမှုတွေကိုတော့ နေ့စဉ်လုပ်ဆောင်ပေးရလေ့ရှိပါတယ်။

ဒီလိုဏ်ဂူဟာ ထူးခြားဆန်းပြားတဲ့ သဘာဝအလှအပတွေအပြင် ရေခဲပြင်ပန်းပု ပညာရှင်တွေကြောင့် တရုတ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ထိပ်တန်းနေရာကနေ အကျိုးပြုနေပြီး နှစ်စဉ်ကမ္ဘာအရပ်ရပ်က လာရောက်လည်ပတ်သူများစွာရှိနေပြီ လည်းဖြစ်ပါတယ်။

Leave a Reply