ဘက္တီးရီးယား ဆုိသည္မွာ

Posted on

ဘက္တီးရီးယား(Bacteria) သည္ အလြန္အမင္းေသးငယ္သည့္ သက္ရွိမ်ားျဖစ္ၿပီး အဏုၾကည့္မွန္ေျပာင္းျဖင့္သာ ျမင္ႏိုင္သည္။  ဘက္တီးရီးယားမ်ားသည္ ကလာပ္စည္း တစ္ခုသာပါဝင္သည္။ ၎တို႔သည္ ဧကကလာပ္စည္းသက္ရွိမ်ား (unicellular organism) အနက္ ကမၻာေပၚတြင္ ႏွစ္ေပါင္း ဘီလီယံႏွင့္ခ်ီ၍ ေနထိုင္က်က္စားခဲ့သည့္ အ႐ိုးစင္းဆုံးေသာ သက္ရွိမ်ားျဖစ္သည္။

ဘက္တီးရီးယား အမ်ားစုသည္ ေရ သို႔ ေျမႀကီးထဲတြင္ ေနထိုင္ၾကေသာ္လည္း အေတာ္မ်ားမ်ားမွာ သက္ရွိမ်ား၏ အေရျပား သို႔ ခႏၶာကိုယ္အတြင္း၌ ေနထိုင္ၾကသည္။ လူ႕ခႏၶာကိုယ္အတြင္း၌ ဘက္တီးရီးယားမ်ားသည္ လူကလာပ္စည္းထက္ ၁၀ ဆမ်ားသည္။ ဗက္တီးရီးယားအခ်ိဳ႕မွာ ေရာဂါျဖစ္ေစေသာ္လည္း အခ်ိဳ႕မွာ လူသားမ်ားအစာေခ်ရာတြင္ သို႔ ဒိန္ခ်ဥ္၊ ဒိန္ခဲကဲ့သို႔ေသာ အစားအစာမ်ား ျပဳလုပ္ရာတြင္ အကူအညီေပးသည္။

ဗက္တီးရီးမ်ား ကလာပ္စည္းတခုမွ ႏွစ္ခုအျဖစ္ ကြဲထြက္သည့္ နည္းျဖင့္ မ်ိဳးပြားၾကသည္။ ဤသို႔ေသာ မ်ိဳးပြားနည္းအား လိင္မဲ့မ်ိဳးပြားနည္း (Asexual reproduction) ဟုေခၚသည္။ အသစ္ျဖစ္ေပၚလာေသာ ကလာပ္စည္းမ်ားသည္ မိဘကလာပ္စည္းမ်ားထက္ အ႐ြယ္အစားပိုငယ္သည္ကလြဲ၍ ပုံပန္းအားျဖင့္ေသာ္လည္းေကာင္း မ်ိဳးဗီဇအားျဖင့္ေသာ္လည္းေကာင္း တထပ္တည္းျဖစ္သည္။

ဘက္တီးရီးယားမ်ားသည္ ပုံပန္းအားျဖင့္ အ႐ြယ္အစားအားျဖင့္ ကြဲျပားမႈရွိသည္။ သို႔ေသာ္လည္း ေယဘုယ်အားျဖင့္ ၎တို႔သည္ ဗိုင္းရပ္စ္ပိုးမ်ားထက္ အနည္းဆုံး ၁၀ ဆ ႀကီးမားၾကသည္။ သာမန္ ဘက္တီးရီးယားတခုသည္ 1 µm (one micrometer ၁ မိုက္ခ႐ိုမီတာ) ခန္႔ရွိသည္။ ထို႔ေၾကာင့္ ဗက္တီးရီးယား ၁၀၀၀၀ တန္းစီမည္ဆိုပါက ၁ မီလီမီတာ ရွည္လ်ားသည္။

ဘက္တီးရီးယားမ်ားအား ၎တို႔၏ ပုံပန္းသဏၭာန္ေပၚမူတည္၍ အမ်ိဳးအစားခြဲျခားေလ့ရွိသည္။ တုတ္ေခ်ာင္းသဏၭာန္အား bacilli ၊ ေဘာလုံးသဏၭာန္အား cocci ၊ ေၾကာင္လိမ္ေလွကားသဏၭာန္အား spirilla ဟု ပညာရွင္မ်ားက သတ္မွတ္ထားသည္။

ယခုအခါမွာေတာ့ DNA ကို ခြဲျခမ္းစိတ္ျဖာႏိုင္ လာတာေၾကာင့္ မ်ိဳးဗီဇ (DNA) ဆင္တူမႈအေပၚမွာ မူတည္ၿပီး မ်ိဳးခြဲျခားပါတယ္။ Bacteria အခ်ိဳ႕ဟာ အပင္နဲ႔ သတၱဝါေတြအေပၚမွာ ေရာဂါျဖစ္ပြားေစႏိုင္ ၾကပါတယ္။ တခ်ိဳ႕ Bacteria ေတြက အိမ္ရွင္သက္ရွိ ကိုယ္ထဲမွာ က်ဴးေက်ာ္ဝင္ေရာက္ၿပီး တိုက္႐ိုက္ ေရာဂါျဖစ္ေစႏိုင္တယ္။ တခ်ိဳ႕ကေတာ့ သူတို႔က ထြက္တဲ့ အဆိပ္ Protein ေတြနဲ႔ ဒုကၡေပးၾကတယ္။ တခ်ိဳ႕ Bacteria ေတြကေတာ့ သူတို႔ CellWall ေပၚက အဆီနဲ႔ ဖေယာင္းျဒပ္ေပါင္းေတြနဲ႔ သတၱဝါေတြရဲ႕ ကိုယ္ခံအားစနစ္ကို ႏႈိးဆြဒုကၡေပးၾကတယ္။ အပင္ေတြမွာဆိုရင္လည္း အစာေၾကာနဲ႔ ေရေၾကာေတြထဲကို က်ဴးေက်ာ္တဲ့ Bacteria ေတြေၾကာင့္ အပင္ေသေစႏိုင္တဲ့ ေရာဂါေတြ ျဖစ္ႏိုင္ၾကပါတယ္။

ဘက္တီးရီးယား ေတြက ေရာဂါျဖစ္ေစႏိုင္သလို၊ ေရာဂါျဖစ္ေစတဲ့ Bacteria ေတြကို ျပန္သတ္ႏိုင္တဲ့ ပဋိဇီဝ (Antibiotic) ျဒပ္ေပါင္းေတြကို လည္း ထုတ္လုပ္ေပးႏိုင္ၾကျပန္တယ္။ သူတုိ႔ဟာ လူ႕ေရာဂါေတြကို ကူညီကုသေပးဖို႔ ပဋိဇီဝေတြ ထုတ္လုပ္တာေတာ့ မဟုတ္ပါဘူး။ ဘက္တီးရီးယား မ်ိဳးႏြယ္အခ်င္းခ်င္း အစာ အာဟာရနဲ႔ သဘာဝ အရင္းအျမစ္ေတြအတြက္ ယွဥ္ၿပိဳင္ၾကရတဲ့အခါ၊ ၿပိဳင္ဖက္ Bacteria မ်ိဳးစိတ္ကို တိက်စြာ ထိခိုက္ေစတဲ့ Antibiotics ဓာတုပစၥည္းေတြ ထုတ္လႊတ္ၾကပါတယ္။

ဘက္တီးရီးယား ေတြကို ကၽြႏ္ုပ္တို႔ အေရျပားနဲ႔ အူလမ္းေၾကာင္းတစ္ေလၽွာက္မွာလည္း ေတြ႕ရႏိုင္တယ္။ ဒီဘက္တီးရီးယားေတြကေတာ့ အိမ္ရွင္သက္ရွိကို ဒုကၡမေပးတဲ့ ယွဥ္တြဲေနထိုင္သူေတြပါ။ အူလမ္းေၾကာင္းမွာ ရွိတဲ့ Bacteria ေတြကေတာ့ ကၽြႏ္ုပ္တို႔အတြက္ အက်ိဳးေက်းဇူးရွိသူေတြ ျဖစ္ၾကတယ္။ အခ်ိဳ႕ေသာ Vitamin ဓာတ္ေတြကို အူထဲက Bacteria ေတြက ထုတ္လုပ္ေပးၾကၿပီး အဲဒီ့ Vitamin ကို ကၽြႏ္ုပ္တို႔ အမ်ားဆုံး ရတဲ့ အရင္းအျမစ္ ျဖစ္ေနပါတယ္။ အူထဲက Bacteria ေတြကပဲ တျခား ေရာဂါျဖစ္ေစတဲ့ Bacteria ေတြ မေပါက္ပြားေအာင္ ယွဥ္ၿပိဳင္လုယူထားၿပီး ကၽြႏ္ုပ္တို႔ကို ဝမ္းေရာဂါေတြကေန ကာကြယ္ေပးျပန္တယ္။

ေဂဟစနစ္ထဲက ဘက္တီးရီးယား

Carbon သံသရာထဲက ဘက္တီးရီးယားသက္ရွိေတြအတြက္ Carbon ဟာ အေရးအႀကီးဆုံး အာဟာရေတြထဲမွာ ပါဝင္တယ္။ ေရက ေရသံသရာ (Hydrocycle) လည္သလိုပဲ၊ Carbon ဟာလည္း ကမၻာ့ ေရထု၊ ေလထု၊ ႐ႊံ႕အနည္အႏွစ္မ်ား၊ ေက်ာက္လႊာမ်ားနဲ႔ သက္ရွိပစၥည္းေတြထဲမွာ လွည့္ပတ္ေျပာင္းလဲ ေနပါတယ္။ ဘက္တီးရီးယား ေတြက Carbon Cycle ရဲ႕ အေရးပါတဲ့ က႑မွာရွိေနပါတယ္။ သက္ရွိျဒပ္ေပါင္းေတြမွာ Carbon က ႂကြယ္ဝစြာ ပါဝင္ေနပါတယ္။ သက္မဲ့ပတ္ဝန္းက်င္မွာဆိုရင္ ႐ႊံ႕အနည္အႏွစ္ေတြနဲ႔ ေက်ာက္လႊာေတြမွာ Carbon ႂကြယ္ဝပါတယ္။ ေလထုထဲမွာလည္း Carbon Dioxide ရွိပါတယ္။

ဒါေပမယ့္ သက္ရွိတိုင္းက အဲဒီ့ သက္မဲ့ Carbon ျဒပ္ေပါင္းေတြထဲက Carbon ကို ထုတ္ႏႈတ္ၿပီး သက္ရွိျဒပ္ေပါင္းေတြ မတည္ေဆာက္ႏိုင္ၾကပါဘူး။ သူတို႔ေတြအတြက္ေတာ့၊ သဘာဝအေလ်ာက္ ျဖစ္ထြန္းေနတဲ့ သက္ရွိျဒပ္ေပါင္းေတြကိုသာ မွီဝဲရတယ္။သက္မဲ့ Carbon ေတြကို သက္ရွိျဒပ္ေပါင္းမွာ တည္ေဆာက္ယူႏိုင္တာကို Carbon ဖမ္းယူျခင္း (Carbon Fixation) လို႔ ေခၚပါတယ္။ စြမ္းအင္းအရင္းအျမစ္ တစ္ခုခုနဲ႔ Carbon Fixation ေတြ ျပဳလုပ္ၿပီး၊ သက္ရွိျဒပ္ေပါင္းေတြ တည္ေဆာက္တာကိုေတာ့ ကၽြန္ေတာ္တို႔ ရင္းႏွီးၿပီးသား အစာခ်က္လုပ္ျခင္းျဖစ္စဥ္လို႔ ေခၚတာေပါ့။ အဲဒီ့အထဲမွာမွ၊ အလင္းေရာင္စြမ္းအင္ကိုသုံးရင္ Photosynthesis လို႔ေခၚၿပီး၊ ဓာတ္သတၱဳေတြက ရတဲ့ ဓာတုစြမ္းအင္ကိုသုံးရင္ေတာ့ Chemosynthesis လို႔ေခၚပါတယ္။

တဖန္ သက္ရွိေတြ ေသဆုံးပ်က္စီးတဲ့အခါ Methane နဲ႔ Carbon Dioxide လို ႐ိုးရွင္းတဲ့ သက္မဲ့ Carbon ျဒပ္ေပါင္းေတြ ျပန္ျဖစ္သြားေလ့ရွိတယ္။ ဆိုလိုတာက သက္ရွိမွာ ဖမ္းယူထားသမၽွ Carbon ေတြက သဘာဝေလာကတည္းကို ျပန္လည္ လြတ္ထြက္သြားျခင္း ျဖစ္ပါတယ္။ ဒီအဆင့္မွာလည္း သက္ရွိျဒပ္ေပါင္းေတြကို တိုက္႐ိုက္မွီဝဲတဲ့ Bacteria ေတြက ပုပ္ေဆြးေစသူ (Decomposer) ေတြ အျဖစ္ ေဆာင္႐ြက္ေပးပါတယ္။ Carbon ကို သက္ရွိေလာက ထဲ ဖမ္းယူေပးျခင္း နဲ႔ သဘာဝေလာကတည္းကိုျပန္လည္ထုတ္လႊတ္ေပးျခင္း အဆင့္ႏွစ္ဆင့္လုံးမွာ Bacteria ေတြက ပါဝင္ေဆာင္႐ြက္ေနပါတယ္။

Carbon သံသရာမွာ ပါဝင္သလို၊ Nitrogen သံသရာမွာလည္း Bacteria ေတြက အေရးႀကီးပါတယ္။ Nitrogen ဟာ ေလထုမွာ ပမာဏအမ်ားဆုံး ဓာတ္ေငြ႕ျဖစ္ပါလ်က္၊ Bacteria က လြဲလို႔ ဘယ္သက္ရွိကမွ မဖမ္းယူႏိုင္ပါဘူး။ Bacteria ေတြက Carbon ကို သၾကား molecule အျဖစ္ ဖမ္းယူသလိုပဲ၊ Nitrogen ကိုလည္း Ammonia အျဖစ္ ဖမ္းယူႏိုင္ၾကပါတယ္။ အဲဒီ့ျဖစ္စဥ္ကို Nitrogen Fixation (Nitrogen ဖမ္းယူျခင္း) လို႔ ေခၚပါတယ္။ Bacteria ေတြက ထုတ္လႊတ္တဲ့Ammonia ကို အပင္ေတြက တဆင့္စုပ္ယူရပါတယ္။

ၿပီးေတာ့မွ Amino Acid လို Nitrogen ပါတဲ့ သက္ရွိျဒပ္ေပါင္းေတြ တည္ေဆာက္ႏိုင္တာပါ။ သက္ရွိေတြ ေသဆုံးပုပ္ေဆြးျခင္းျဖစ္စဥ္ မွာလည္း Ammonia အျဖစ္ ျပန္လည္ၿဖိဳခြဲျခင္းကို Bacteria ေတြကသာေဆာင္႐ြက္ၾကတာပါ။ Bacteria ေတြကပဲ Ammonia ကို Nitrite နဲ႔ Nitrate ေတြအျဖစ္ အဆင့္ဆင့္ ဓာတ္တိုးၿပီး Nitrogen ဓာတ္ေငြ႕ကို ျပန္လည္ထုတ္လႊတ္ၾကပါတယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္ Nitrogen သံသရာတစ္ခုလုံးရဲ႕ အဝင္အထြက္ စီးဆင္းမႈေတြကို Bacteria ေတြက ထိန္းခ်ဳပ္ထားတာ ျဖစ္ေၾကာင္း ေတြ႕ႏိုင္ပါတယ္။

Bacteria ေတြက လိင္မဲ့မ်ိဳးပြားတဲ့ သက္ရွိေတြျဖစ္ၾကတယ္။ Bacteria Cell တစ္ခုႀကီးထြားလာၿပီးရင္ သူ႕ရဲ႕ DNA ကို ပုံတူ တစ္စုံကူးယူၿပီးသြားရင္၊ Cell တစ္ခုက ႏွစ္ပိုင္းခြဲထြက္သြားၿပီး DNA တစ္စုံစီ ပိုင္ဆိုင္တဲ့ Bacteria Cell အသစ္ႏွစ္ခုအျဖစ္ မ်ိဳးပြားၾကပါတယ္။

Myanmar Wikipedia မွ

——————

ဘက်တီးရီးယား ဆိုသည်မှာ (unicode)

ဘက်တီးရီးယား(Bacteria) သည် အလွန်အမင်းသေးငယ်သည့် သက်ရှိများဖြစ်ပြီး အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သည်။  ဘက်တီးရီးယားများသည် ကလာပ်စည်း တစ်ခုသာပါဝင်သည်။ ၎င်းတို့သည် ဧကကလာပ်စည်းသက်ရှိများ (unicellular organism) အနက် ကမ္ဘာပေါ်တွင် နှစ်ပေါင်း ဘီလီယံနှင့်ချီ၍ နေထိုင်ကျက်စားခဲ့သည့် အရိုးစင်းဆုံးသော သက်ရှိများဖြစ်သည်။

ဘက်တီးရီးယား အများစုသည် ရေ သို့ မြေကြီးထဲတွင် နေထိုင်ကြသော်လည်း အတော်များများမှာ သက်ရှိများ၏ အရေပြား သို့ ခန္ဓာကိုယ်အတွင်း၌ နေထိုင်ကြသည်။ လူ့ခန္ဓာကိုယ်အတွင်း၌ ဘက်တီးရီးယားများသည် လူကလာပ်စည်းထက် ၁၀ ဆများသည်။ ဗက်တီးရီးယားအချို့မှာ ရောဂါဖြစ်စေသော်လည်း အချို့မှာ လူသားများအစာချေရာတွင် သို့ ဒိန်ချဉ်၊ ဒိန်ခဲကဲ့သို့သော အစားအစာများ ပြုလုပ်ရာတွင် အကူအညီပေးသည်။

ဗက်တီးရီးများ ကလာပ်စည်းတခုမှ နှစ်ခုအဖြစ် ကွဲထွက်သည့် နည်းဖြင့် မျိုးပွားကြသည်။ ဤသို့သော မျိုးပွားနည်းအား လိင်မဲ့မျိုးပွားနည်း (Asexual reproduction) ဟုခေါ်သည်။ အသစ်ဖြစ်ပေါ်လာသော ကလာပ်စည်းများသည် မိဘကလာပ်စည်းများထက် အရွယ်အစားပိုငယ်သည်ကလွဲ၍ ပုံပန်းအားဖြင့်သော်လည်းကောင်း မျိုးဗီဇအားဖြင့်သော်လည်းကောင်း တထပ်တည်းဖြစ်သည်။

ဘက်တီးရီးယားများသည် ပုံပန်းအားဖြင့် အရွယ်အစားအားဖြင့် ကွဲပြားမှုရှိသည်။ သို့သော်လည်း ယေဘုယျအားဖြင့် ၎င်းတို့သည် ဗိုင်းရပ်စ်ပိုးများထက် အနည်းဆုံး ၁၀ ဆ ကြီးမားကြသည်။ သာမန် ဘက်တီးရီးယားတခုသည် 1 µm (one micrometer ၁ မိုက်ခရိုမီတာ) ခန့်ရှိသည်။ ထို့ကြောင့် ဗက်တီးရီးယား ၁၀၀၀၀ တန်းစီမည်ဆိုပါက ၁ မီလီမီတာ ရှည်လျားသည်။

ဘက်တီးရီးယားများအား ၎င်းတို့၏ ပုံပန်းသဏ္ဌာန်ပေါ်မူတည်၍ အမျိုးအစားခွဲခြားလေ့ရှိသည်။ တုတ်ချောင်းသဏ္ဌာန်အား bacilli ၊ ဘောလုံးသဏ္ဌာန်အား cocci ၊ ကြောင်လိမ်လှေကားသဏ္ဌာန်အား spirilla ဟု ပညာရှင်များက သတ်မှတ်ထားသည်။

ယခုအခါမှာတော့ DNA ကို ခွဲခြမ်းစိတ်ဖြာနိုင် လာတာကြောင့် မျိုးဗီဇ (DNA) ဆင်တူမှုအပေါ်မှာ မူတည်ပြီး မျိုးခွဲခြားပါတယ်။ Bacteria အချို့ဟာ အပင်နဲ့ သတ္တဝါတွေအပေါ်မှာ ရောဂါဖြစ်ပွားစေနိုင် ကြပါတယ်။ တချို့ Bacteria တွေက အိမ်ရှင်သက်ရှိ ကိုယ်ထဲမှာ ကျူးကျော်ဝင်ရောက်ပြီး တိုက်ရိုက် ရောဂါဖြစ်စေနိုင်တယ်။ တချို့ကတော့ သူတို့က ထွက်တဲ့ အဆိပ် Protein တွေနဲ့ ဒုက္ခပေးကြတယ်။ တချို့ Bacteria တွေကတော့ သူတို့ CellWall ပေါ်က အဆီနဲ့ ဖယောင်းဒြပ်ပေါင်းတွေနဲ့ သတ္တဝါတွေရဲ့ ကိုယ်ခံအားစနစ်ကို နှိုးဆွဒုက္ခပေးကြတယ်။ အပင်တွေမှာဆိုရင်လည်း အစာကြောနဲ့ ရေကြောတွေထဲကို ကျူးကျော်တဲ့ Bacteria တွေကြောင့် အပင်သေစေနိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ကြပါတယ်။

ဘက်တီးရီးယား တွေက ရောဂါဖြစ်စေနိုင်သလို၊ ရောဂါဖြစ်စေတဲ့ Bacteria တွေကို ပြန်သတ်နိုင်တဲ့ ပဋိဇီဝ (Antibiotic) ဒြပ်ပေါင်းတွေကို လည်း ထုတ်လုပ်ပေးနိုင်ကြပြန်တယ်။ သူတို့ဟာ လူ့ရောဂါတွေကို ကူညီကုသပေးဖို့ ပဋိဇီဝတွေ ထုတ်လုပ်တာတော့ မဟုတ်ပါဘူး။ ဘက်တီးရီးယား မျိုးနွယ်အချင်းချင်း အစာ အာဟာရနဲ့ သဘာဝ အရင်းအမြစ်တွေအတွက် ယှဉ်ပြိုင်ကြရတဲ့အခါ၊ ပြိုင်ဖက် Bacteria မျိုးစိတ်ကို တိကျစွာ ထိခိုက်စေတဲ့ Antibiotics ဓာတုပစ္စည်းတွေ ထုတ်လွှတ်ကြပါတယ်။

ဘက်တီးရီးယား တွေကို ကျွန်ုပ်တို့ အရေပြားနဲ့ အူလမ်းကြောင်းတစ်လျှောက်မှာလည်း တွေ့ရနိုင်တယ်။ ဒီဘက်တီးရီးယားတွေကတော့ အိမ်ရှင်သက်ရှိကို ဒုက္ခမပေးတဲ့ ယှဉ်တွဲနေထိုင်သူတွေပါ။ အူလမ်းကြောင်းမှာ ရှိတဲ့ Bacteria တွေကတော့ ကျွန်ုပ်တို့အတွက် အကျိုးကျေးဇူးရှိသူတွေ ဖြစ်ကြတယ်။ အချို့သော Vitamin ဓာတ်တွေကို အူထဲက Bacteria တွေက ထုတ်လုပ်ပေးကြပြီး အဲဒီ့ Vitamin ကို ကျွန်ုပ်တို့ အများဆုံး ရတဲ့ အရင်းအမြစ် ဖြစ်နေပါတယ်။ အူထဲက Bacteria တွေကပဲ တခြား ရောဂါဖြစ်စေတဲ့ Bacteria တွေ မပေါက်ပွားအောင် ယှဉ်ပြိုင်လုယူထားပြီး ကျွန်ုပ်တို့ကို ဝမ်းရောဂါတွေကနေ ကာကွယ်ပေးပြန်တယ်။

ဂေဟစနစ်ထဲက ဘက်တီးရီးယား

Carbon သံသရာထဲက ဘက်တီးရီးယားသက်ရှိတွေအတွက် Carbon ဟာ အရေးအကြီးဆုံး အာဟာရတွေထဲမှာ ပါဝင်တယ်။ ရေက ရေသံသရာ (Hydrocycle) လည်သလိုပဲ၊ Carbon ဟာလည်း ကမ္ဘာ့ ရေထု၊ လေထု၊ ရွှံ့အနည်အနှစ်များ၊ ကျောက်လွှာများနဲ့ သက်ရှိပစ္စည်းတွေထဲမှာ လှည့်ပတ်ပြောင်းလဲ နေပါတယ်။ ဘက်တီးရီးယား တွေက Carbon Cycle ရဲ့ အရေးပါတဲ့ ကဏ္ဍမှာရှိနေပါတယ်။ သက်ရှိဒြပ်ပေါင်းတွေမှာ Carbon က ကြွယ်ဝစွာ ပါဝင်နေပါတယ်။ သက်မဲ့ပတ်ဝန်းကျင်မှာဆိုရင် ရွှံ့အနည်အနှစ်တွေနဲ့ ကျောက်လွှာတွေမှာ Carbon ကြွယ်ဝပါတယ်။ လေထုထဲမှာလည်း Carbon Dioxide ရှိပါတယ်။

ဒါပေမယ့် သက်ရှိတိုင်းက အဲဒီ့ သက်မဲ့ Carbon ဒြပ်ပေါင်းတွေထဲက Carbon ကို ထုတ်နှုတ်ပြီး သက်ရှိဒြပ်ပေါင်းတွေ မတည်ဆောက်နိုင်ကြပါဘူး။ သူတို့တွေအတွက်တော့၊ သဘာဝအလျောက် ဖြစ်ထွန်းနေတဲ့ သက်ရှိဒြပ်ပေါင်းတွေကိုသာ မှီဝဲရတယ်။သက်မဲ့ Carbon တွေကို သက်ရှိဒြပ်ပေါင်းမှာ တည်ဆောက်ယူနိုင်တာကို Carbon ဖမ်းယူခြင်း (Carbon Fixation) လို့ ခေါ်ပါတယ်။ စွမ်းအင်းအရင်းအမြစ် တစ်ခုခုနဲ့ Carbon Fixation တွေ ပြုလုပ်ပြီး၊ သက်ရှိဒြပ်ပေါင်းတွေ တည်ဆောက်တာကိုတော့ ကျွန်တော်တို့ ရင်းနှီးပြီးသား အစာချက်လုပ်ခြင်းဖြစ်စဉ်လို့ ခေါ်တာပေါ့။ အဲဒီ့အထဲမှာမှ၊ အလင်းရောင်စွမ်းအင်ကိုသုံးရင် Photosynthesis လို့ခေါ်ပြီး၊ ဓာတ်သတ္တုတွေက ရတဲ့ ဓာတုစွမ်းအင်ကိုသုံးရင်တော့ Chemosynthesis လို့ခေါ်ပါတယ်။

တဖန် သက်ရှိတွေ သေဆုံးပျက်စီးတဲ့အခါ Methane နဲ့ Carbon Dioxide လို ရိုးရှင်းတဲ့ သက်မဲ့ Carbon ဒြပ်ပေါင်းတွေ ပြန်ဖြစ်သွားလေ့ရှိတယ်။ ဆိုလိုတာက သက်ရှိမှာ ဖမ်းယူထားသမျှ Carbon တွေက သဘာဝလောကတည်းကို ပြန်လည် လွတ်ထွက်သွားခြင်း ဖြစ်ပါတယ်။ ဒီအဆင့်မှာလည်း သက်ရှိဒြပ်ပေါင်းတွေကို တိုက်ရိုက်မှီဝဲတဲ့ Bacteria တွေက ပုပ်ဆွေးစေသူ (Decomposer) တွေ အဖြစ် ဆောင်ရွက်ပေးပါတယ်။ Carbon ကို သက်ရှိလောက ထဲ ဖမ်းယူပေးခြင်း နဲ့ သဘာဝလောကတည်းကိုပြန်လည်ထုတ်လွှတ်ပေးခြင်း အဆင့်နှစ်ဆင့်လုံးမှာ Bacteria တွေက ပါဝင်ဆောင်ရွက်နေပါတယ်။

Carbon သံသရာမှာ ပါဝင်သလို၊ Nitrogen သံသရာမှာလည်း Bacteria တွေက အရေးကြီးပါတယ်။ Nitrogen ဟာ လေထုမှာ ပမာဏအများဆုံး ဓာတ်ငွေ့ဖြစ်ပါလျက်၊ Bacteria က လွဲလို့ ဘယ်သက်ရှိကမှ မဖမ်းယူနိုင်ပါဘူး။ Bacteria တွေက Carbon ကို သကြား molecule အဖြစ် ဖမ်းယူသလိုပဲ၊ Nitrogen ကိုလည်း Ammonia အဖြစ် ဖမ်းယူနိုင်ကြပါတယ်။ အဲဒီ့ဖြစ်စဉ်ကို Nitrogen Fixation (Nitrogen ဖမ်းယူခြင်း) လို့ ခေါ်ပါတယ်။ Bacteria တွေက ထုတ်လွှတ်တဲ့Ammonia ကို အပင်တွေက တဆင့်စုပ်ယူရပါတယ်။

ပြီးတော့မှ Amino Acid လို Nitrogen ပါတဲ့ သက်ရှိဒြပ်ပေါင်းတွေ တည်ဆောက်နိုင်တာပါ။ သက်ရှိတွေ သေဆုံးပုပ်ဆွေးခြင်းဖြစ်စဉ် မှာလည်း Ammonia အဖြစ် ပြန်လည်ဖြိုခွဲခြင်းကို Bacteria တွေကသာဆောင်ရွက်ကြတာပါ။ Bacteria တွေကပဲ Ammonia ကို Nitrite နဲ့ Nitrate တွေအဖြစ် အဆင့်ဆင့် ဓာတ်တိုးပြီး Nitrogen ဓာတ်ငွေ့ကို ပြန်လည်ထုတ်လွှတ်ကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် Nitrogen သံသရာတစ်ခုလုံးရဲ့ အဝင်အထွက် စီးဆင်းမှုတွေကို Bacteria တွေက ထိန်းချုပ်ထားတာ ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။

Bacteria တွေက လိင်မဲ့မျိုးပွားတဲ့ သက်ရှိတွေဖြစ်ကြတယ်။ Bacteria Cell တစ်ခုကြီးထွားလာပြီးရင် သူ့ရဲ့ DNA ကို ပုံတူ တစ်စုံကူးယူပြီးသွားရင်၊ Cell တစ်ခုက နှစ်ပိုင်းခွဲထွက်သွားပြီး DNA တစ်စုံစီ ပိုင်ဆိုင်တဲ့ Bacteria Cell အသစ်နှစ်ခုအဖြစ် မျိုးပွားကြပါတယ်။

Myanmar Wikipedia မှ

Leave a Reply