ခဲတံေတြရဲ႕ လူသိနည္းတဲ့ သမုိင္းေၾကာင္း

Posted on

ေရးသားသူ – TMK(သမန္းက်ား)
ရတနာပံုေန ့စဥ္။

ပထမဆံုးထုတ္လုပ္ခဲ့တဲ့ခဲတံေတြက ဘာျဖစ္လို ့အ၀ါေရာင္ျဖစ္ေနရတာလဲ။ ခဲတံတစ္ေခ်ာင္းခိုးမိလို ့ေထာင္ခုနွစ္နွစ္ က်ခဲ့သူေတြရွိတယ္ဆုိရင္ေကာ သင္ ယံုနိုင္ပါ့မလား။ ခဲခၽြန္စက္လက္၀ယ္ထားရွိမႈနဲ ့ေထာင္ဒဏ္က်ခံရနိုင္တယ္လို ့ေျပာရင္ေကာ မျဖစ္နုိင္ဘူးလို ့ပဲ ျငင္းၾကမယ္ထင္ပါတယ္။ ကၽြန္ေတာ္တို ့ ေန ့စဥ္နဲ ့အမွ် အသံုးျပဳေနတဲ့ ခဲတံဆိုတဲ့ ရိုးရွင္းတဲ့အရာရဲ ့သမိုင္းေနာက္ခံဟာ အေတာ္ေလးစိတ္၀င္စားဖို ့ေကာင္းသလို ရယ္စရာေကာင္းတာေတြလည္း ပါ၀င္ေနပါတယ္။

ခဲတံတီထြင္သူအျဖစ္ ၁၅၆၅ခုႏွစ္မွ ခဲ့တံကိ စတင္သုံးစြဲခဲ့တဲ့ ဆြစ္လူမ်ဳိးစြယ္စုံပညာရွင္ Conrad Gessner ကို ညႊန္းဆုိၾကပါတယ္။  ၁၈၅၈ ခုနွစ္၊ မတ္လ (၃၀) ရက္ေန ့မွာ တီထြင္သူ Hymen L. Lipman ဟာ ခဲဖ်က္တြဲလ်က္ပါ၀င္တဲ့ ပထမဆံုးခဲတံ ကို မူပိုင္ခြင့္မွတ္ပံုတင္ခဲ့ပါတယ္။

အဲဒီေနာက္မွာ ခဲတံမူပုိင္ခြင့္ကို အေမရိကန္ေဒၚလာ ၁၀၀,၀၀၀ နဲ ့ ေရာင္းခ်ခဲ့ပါ တယ္။ အဲဒီေခတ္၊ အဲဒီအခ်ိန္က အေမရိကန္ေဒၚလာ ၁ သိန္းဆိုတာ လူတစ္ေယာက္ရဲ ့ဘ၀ကိုေျပာင္းလဲေစနိုင္တဲ့ ေငြေၾကးပမာဏျဖစ္ပါတယ္။ ဂရပ္ဖိုက္အနည္းငယ္နဲ ့သစ္သားအနည္းငယ္နဲ ့ျပဳလုပ္ထားတဲ့ ခဲတံဆိုတဲ့အရာကို ဒီေလာက္ပိုက္ဆံေတြေပးျပီး၀ယ္သြားတာ အံ့ၾသစရာပါပဲ။ အဲဒီထက္အံ့ၾသစရာေကာင္းတာေတြ ရွိေနပါေသးတယ္။

၁။ ခဲတံေတြဘာျဖစ္လို ့အ၀ါေရာင္ျဖစ္ေနရတာလဲ။

တရုတ္ဧကရာဇ္မင္းျမတ္ကိုပဲ ေမးရေတာ့မွာပဲ။ ၁၈၀၀ ၀န္းက်င္ မွ ကမၻာ့အေကာင္းဆံုးဂရပ္ဖုိက္ တရုတ္နိုုင္ငံမွာထြက္ခဲ့ပါတယ္။ တရုတ္နိုင္ငံရဲ ့ဂရပ္ဖိုက္နဲ ့ျပဳလုပ္ထားတဲ့ခဲတံလို ့ လူေတြအလြယ္တကူသေဘာေပါက္ေအာင္ တရုတ္ဧကရာဇ္ေတြအသံုးျပဳတဲ့ အ၀ါေရာင္ကို အသံုးျပဳခဲ့ျခင္းျဖစ္ပါ တယ္။

၂။ ခဲဖ်က္ကို မေတာ္တဆေတြ ့ရွိခဲ့တာ ျဖစ္ပါတယ္။

၁၆၁၂ ခုကေန ၁၇၇၀ အတြင္းမွာ ေပါင္မုန္ ့အနား သားေတြကိုလံုးျပီး ခဲဖ်က္အျဖစ္အသံုးျပဳခဲ့ၾကပါတယ္။ ဒီေန ့သံုးေနၾကတဲ့ ေရာ္ဘာနဲ ့ျပဳလုပ္ထားတဲ့ခဲဖ်က္ဆိုတာ မေတာ္တဆကေန အေတာ္ဟန္က်သြားတဲ့တီထြင္မႈတစ္ရပ္ ျဖစ္ခဲ့တာပါ။ အဲဒီတုန္းက စာေရးဆရာတစ္ေယာက္က စကားတေျပာေျပာနဲ ့ လံုးထားတဲ့ ေပါင္မုန္ ့အနားသားကိုလွမ္းယူျပီး ခဲတံနဲ ့ေရးထားတာကိုဖ်က္တာ တစ္ကယ္ေတာ့ ေပါင္မုန္ ့မဟုတ္ဘဲ ေရာ္ဘာတံုးေလးတစ္ခုကို ယူမိရဲ ့သားျဖစ္ေနတာေပါ့။ ငံု ့ၾကည့္လိုက္ေတာ့ ပိုျပီးေျပာင္ေနတာကိုေတြ ့လိုက္ရတဲ့ေနာက္ ေရာ္ဘာကို ခဲဖ်က္အျဖစ္သံုးရေကာင္းမွန္း သိလာၾကတာျဖစ္ပါတယ္။

၃။ ခဲတံကို နာဆာကလည္း စိတ္၀င္စားခဲ့ပါတယ္။

ေရေအာက္မွာေရးလို ့ရတာ ခဲတံပဲရွိပါတယ္။ ေဇာက္ထိုးထားျပီး ေရးလို ့ရပါတယ္။ ဆြဲငင္အားမဲ့တဲ့ေလဟာနယ္မွာလည္း ေရးလို ့ရပါတယ္။ ဒါေၾကာင့္ နာဆာဟာ ၁၉၆၅ မွာ ဟူစတန္အေျခစိုက္ Tycam အင္ဂ်င္နီယာပစၥည္းထုတ္လုပ္ေရးေကာ္ပိုေရးရွင္းၾကီးကို Mechanical Pencil လို ့ေခၚတဲ့ အထူးခဲတံ ၃၄ ေခ်ာင္း မွာယူခဲ့ပါတယ္။ အဲဒီခဲတံတစ္ေခ်ာင္းကို အေမရိကန္ ၁၂၉.၈၉ ေဒၚလာ ေပးခဲ့ရ ပါတယ္။ သို ့ေသာ္ ၁၉၆၇ ခုနွစ္မွာ Apollo 1 အာကာယာဥ္စက္ခန္းထဲ မီးေလာင္ကၽြမ္းမႈျဖစ္ပြားခဲ့ျပီး တရားခံဟာ အဲဒီ မီးေလာင္လြယ္လွတဲ့ Mechanical Pencil ေတြျဖစ္ေနတာကိုေတြ ့ရွိခဲ့ရတဲ့အတြက္ ေနာက္ဘယ္ေတာ့မွမသံုး ေတာ့တာပါ။ ( နာဆာဟာ ေဘာ့ပင္အတြက္ ေဒၚလာသန္းေပါင္းမ်ားစြာ အကုန္က်ခံခဲ့တယ္ ဆုိတာကေတာ့ ခ်ဲ႕ထြင္ေျပာၾကတဲ့စကားသာ ျဖစ္ပါတယ္)

၄။ ကမၻာေက်ာ္စာေရးဆရာၾကီး ဟဲမင္းေ၀း စာေရးေကာင္းရတဲ့ လွ်ိဳ ့၀ွက္ခ်က္က စာကိုခဲတံနဲ ့ေရးလို ့ပါတဲ့။

ပံုမွန္ခဲတံတစ္ေခ်ာင္းမွာပါတဲ့ ဂရပ္ဖိုက္နဲ ့မ်ဥ္းေၾကာင္းအရွည္ၾကီးဆြဲၾကည့္မယ္ဆိုရင္ ၃၅ မိုင္အထိဆြဲနိုင္ပါတယ္။ စာလံုးေရအားျဖင့္ အလံုးေရ ၄၅၀၀၀ ေရးနိုင္ပါတယ္။ ဟဲမင္းေ၀းရဲ ့ ကမၻာေက်ာ္ The old man and the sea မွာ အလံုးေရ ၂၇၀၀၀ ပဲ ရွိတာပါ။ သူ ့ကမၻာေက်ာ္စာအုပ္ၾကီးကိုေရးဖို ့ ခဲတံတစ္ေခ်ာင္းေတာင္ မကုန္ခဲ့တဲ့သေဘာေပါ့။ ခဲတံနဲ ့ေရးထားတာကို စာျပန္ရိုက္ေတာ့ ပိုေကာင္းေအာင္ျပင္ဖို ့အခြင့္အေရးရတာေပါ့။ ေရးတုန္းမွာတစ္ၾကိမ္၊ စာရိုက္တဲ့အခ်ိန္မွာတစ္ခ်ိန္၊ အဲဒီစာကို proof ျပန္ဖတ္တဲ့အခါမွာတစ္ၾကိမ္၊ အၾကိမ္ၾကိမ္ျပန္ျပင္လို ့ရတာမို ့ ကၽြန္ေတာ္ဟာ စာေရးရင္ ခဲတံနဲ ့ပဲေရးပါတယ္လို ့ဟဲမင္းေ၀း က ေျပာျပဖူးပါတယ္။

၅။ ခဲတံထဲမွာ ခဲသတၱိမပါပါဘူး။ အဲဒါေတြက ဂရပ္ဖိုက္နဲ ့ေၾကြနဲ ့ ေရာထားတာပါ။

အပူခ်ိန္ ၈၀၀ ဒီဂရီဆဲလ္စီးယပ္ ထက္မနည္းေပးျပီးလုပ္ထားတာပါ။ ဒါျဖစ္ရင္ ဘာျဖစ္လို ့ ‘ခဲ’ လို ့ေခၚတာပါလိမ့္။ ၁၅၆၄ မွာ အဂၤလန္ကႏြားေက်ာင္း သားေတြဟာ မိုးသက္ေလျပင္းထဲမွာေပ်ာက္သြားတဲ့ႏြားေတြကိုလိုက္ရွာရင္း မိုးၾကိဳးမွန္ထားတဲ့သစ္ပင္တစ္ပင္ ေအာက္မွာ ေတာက္ပေနတဲ့ဂရပ္ဖိုက္အပံုၾကီးကိုေတြ ့ခဲ့ၾကပါတယ္။ ဒါေပမယ့္ အဲဒါကိုခဲလို ့ထင္ျပီး ခဲလို ့ပဲေခၚခဲ့ပါ တယ္။ အဲဒီဂရပ္ဖိုက္တံုးၾကီးေတြကိုဖဲ့ယူျပီး သိုးေတြကိုယ္လံုးေပၚမွာ အမွတ္အသားေတြလုပ္ခဲ့ၾကပါတယ္။ အိမ္ရွင္မ ေတြက သံေခ်းခၽြတ္ရာမွာ အသံုးျပဳခဲ့ၾကပါတယ္။ အဲဒီအခ်ိန္ကစျပီး ဂရပ္ဖိုက္တံၾကီးလည္း ခဲတံျဖစ္သြားတာပါပဲ။

၆။ ခဲတံတစ္ေခ်ာင္းခိုးမိရင္ အနည္းဆံုးေထာင္တန္ ၇-နွစ္ ခ်မွတ္ခဲ့ၾကပါတယ္။

ပထမေတာ့ ဂရပ္ဖိုက္ကို တစ္တန္လွ်င္ ေပါင္ ၁၀၀ နႈန္းျဖင့္သာ ေရာင္းခ်ခဲ့ၾကပါတယ္။ ဒါေပမယ့္ အေျမွာက္ဆံ ေတြကိုလည္း ဒီဂရပ္ဖိုက္နဲ ့လံုးထားရင္ ပိုျပီးအရည္အေသြးေကာင္းမြန္တယ္ဆိုတာကိုသိခဲ့ျပီးတဲ့ေနာက္ ၁၈၃၀ မွာ ဂရပ္ဖိုက္ရဲ ့ ေစ်းနႈန္းသည္လည္း တစ္တန္ကို ေပါင္ ၅၀၀၀ အထိ ခုန္တက္သြားခဲ့ပါတယ္။ အဲဒီတုန္းက ခဲတံတစ္ေခ်ာင္းခိုးမိရင္ အနည္းဆံုးေထာင္တန္ ၇-နွစ္ ခ်မွတ္ခဲ့ၾကပါတယ္။ ရံုးအလုပ္လုပ္ရင္း ခဲတံအမွတ္တမဲ့ယူ သြားမိၾကတဲ့၀န္ထမ္းေတြအမ်ားအျပား ေထာင္နန္းစံခဲ့ရပါတယ္။

၇။ ဒါတင္မက ေနာက္ပိုင္းမွာ ခဲခၽြန္စက္ကိုပါ တားျမစ္ကန္ ့သတ္လိုက္ပါတယ္။

ဒုတိယကမၻာစစ္ကာလက အဂၤလန္မွာ လက္လွည့္ ခဲတံခၽြန္စက္ေတြေၾကာင့္ သစ္သားနဲ ့ဂရပ္ဖိုက္ဆံုးရွံဳးမႈမ်ားလြန္းတယ္ဆိုျပီး ခဲတံခၽြန္စက္ေတြကို တားျမစ္ ကန္ ့သတ္လိုက္ပါတယ္။ ခဲတံခၽြန္ဖို ့ဓါးခပ္တံုးတံုးေလးကိုပဲအသံုးျပဳခြင့္ေပးခဲ့ပါတယ္။ ခဲခၽြန္စက္ကိုလက္၀ယ္ထားရွိသူေတြကိုေတာ့ ေထာင္ခ်တဲ့အထိ အျပစ္ေပးခဲ့ပါတယ္။

၈။ ျပင္သစ္စစ္ဘုရင္နပိုလီယံဟာ အဂၤလန္နိုင္ငံရဲ ့ခဲတံကို အရူးအမူးလိုခ်င္ခဲ့ပါတယ္။

၁၇၉၀ မွာ စစ္စျဖစ္ခဲ့ၾကျပီး ၁၇၉၅ မွာ ခဲတံဆိုတာ ရွားပါးပစၥည္းျဖစ္ေနပါျပီ။ စစ္မွတ္တမ္းေရးဖို ့ေတာင္ ခဲတံမရွိခဲ့တဲ့အတြက္ နပိုလီယံရဲ ့ စစ္ဖက္ေရးရာ၀န္ၾကီးက ခဲတံမျဖစ္ျဖစ္ေအာင္လုပ္ေပးရမယ္လို ့ အမိန္ ့ခ်မွတ္လိုက္ပါတယ္။ တီထြင္ဥာဏ္ရွိတဲ့ ရဲေဘာ္ေလးတစ္ေယာက္က ဂရပ္ဖိုက္ရည္နဲ ့ေၾကြကိုအပူေပးျပီးဖုတ္လိုက္ရာကေန ခဲဆံကိုျပန္လည္ထုတ္လုပ္နိုင္ခဲ့ ပါတယ္။ ဒီေန ့အခ်ိန္အထိ ခဲဆံကို ဂရပ္ဖိုက္နဲ ့ေၾကြနဲ ့ေပါင္းျပီး အပူေပးျပီး လုပ္ေနၾကဆဲပါ။

၉။ #2 ခဲတံအစ အေမရိကန္ျပည္ေထာင္စုက ျဖစ္ပါတယ္။

ထင္းရွဴးသားနဲ ့ျပဳလုပ္ထားတဲ့ခဲတံအ၀ါေရာင္ေတြရဲ ့ အနံ ့ကိုလူေတြၾကိိဳက္လြန္းေတာ့ ထင္းရွဴးေတာေတြကုန္ခမ္းတယ္ဆိုျပီး အေမရိကန္ျပည္ေထာင္စုမွာ အေမႊးနံ ့ ထြက္တဲ့ထင္းရွဴးသားေနာက္ တစ္မ်ိဳးနဲ ့ခဲတံကိုထုတ္လုပ္ခဲ့ၾကပါတယ္။ ခဲတံအေရာင္ကိုလည္း အနီေရာင္ သုတ္လိမ္းခဲ့ပါတယ္။ တစ္လက္စတည္း ခဲဆံကိုလည္း အထူအပါး(၄)မ်ိဳးသတ္မွတ္လိုက္ပါတယ္။ အပါးဆံုး #1 ကေန အထူဆံုး #4 ျဖစ္ပါတယ္။ ကမၻာေပၚမွာအသံုးအမ်ားဆံုးကေတာ့ #2 ဒါမွမဟုတ္ *2* ဒါမွမဟုတ္ 2B ျဖစ္ပါတယ္လို ့ ခဲတံအေၾကာင္း လူသိနည္းေနတာေလးေတြကို ေလ့လာေရးသားတင္ျပလိုက္ရပါတယ္။

TMK(သမန္းက်ား)
ရတနာပံုေန ့စဥ္။

—————–

ခဲတံတွေရဲ့ လူသိနည်းတဲ့ သမိုင်းကြောင်း (unicode)

ရေးသားသူ – TMK(သမန်းကျား)
ရတနာပုံနေ့စဉ်။

ပထမဆုံးထုတ်လုပ်ခဲ့တဲ့ခဲတံတွေက ဘာဖြစ်လို့အဝါရောင်ဖြစ်နေရတာလဲ။ ခဲတံတစ်ချောင်းခိုးမိလို့ထောင်ခုနှစ်နှစ် ကျခဲ့သူတွေရှိတယ်ဆိုရင်ကော သင် ယုံနိုင်ပါ့မလား။ ခဲချွန်စက်လက်ဝယ်ထားရှိမှုနဲ့ထောင်ဒဏ်ကျခံရနိုင်တယ်လို့ပြောရင်ကော မဖြစ်နိုင်ဘူးလို့ပဲ ငြင်းကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ အသုံးပြုနေတဲ့ ခဲတံဆိုတဲ့ ရိုးရှင်းတဲ့အရာရဲ့သမိုင်းနောက်ခံဟာ အတော်လေးစိတ်ဝင်စားဖို့ကောင်းသလို ရယ်စရာကောင်းတာတွေလည်း ပါဝင်နေပါတယ်။

ခဲတံတီထွင်သူအဖြစ် ၁၅၆၅ခုနှစ်မှ ခဲ့တံကိ စတင်သုံးစွဲခဲ့တဲ့ ဆွစ်လူမျိုးစွယ်စုံပညာရှင် Conrad Gessner ကို ညွှန်းဆိုကြပါတယ်။ ၁၈၅၈ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့မှာ တီထွင်သူ Hymen L. Lipman ဟာ ခဲဖျက်တွဲလျက်ပါဝင်တဲ့ ပထမဆုံးခဲတံ ကို မူပိုင်ခွင့်မှတ်ပုံတင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ခဲတံမူပိုင်ခွင့်ကို အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ နဲ့ ရောင်းချခဲ့ပါ တယ်။ အဲဒီခေတ်၊ အဲဒီအချိန်က အမေရိကန်ဒေါ်လာ ၁ သိန်းဆိုတာ လူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲစေနိုင်တဲ့ ငွေကြေးပမာဏဖြစ်ပါတယ်။ ဂရပ်ဖိုက်အနည်းငယ်နဲ့သစ်သားအနည်းငယ်နဲ့ပြုလုပ်ထားတဲ့ ခဲတံဆိုတဲ့အရာကို ဒီလောက်ပိုက်ဆံတွေပေးပြီးဝယ်သွားတာ အံ့ဩစရာပါပဲ။ အဲဒီထက်အံ့ဩစရာကောင်းတာတွေ ရှိနေပါသေးတယ်။

၁။ ခဲတံတွေဘာဖြစ်လို့အဝါရောင်ဖြစ်နေရတာလဲ။

တရုတ်ဧကရာဇ်မင်းမြတ်ကိုပဲ မေးရတော့မှာပဲ။ ၁၈၀၀ ဝန်းကျင် မှ ကမ္ဘာ့အကောင်းဆုံးဂရပ်ဖိုက် တရုတ်နိုင်ငံမှာထွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ဂရပ်ဖိုက်နဲ့ပြုလုပ်ထားတဲ့ခဲတံလို့ လူတွေအလွယ်တကူသဘောပေါက်အောင် တရုတ်ဧကရာဇ်တွေအသုံးပြုတဲ့ အဝါရောင်ကို အသုံးပြုခဲ့ခြင်းဖြစ်ပါ တယ်။

၂။ ခဲဖျက်ကို မတော်တဆတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

၁၆၁၂ ခုကနေ ၁၇၇၀ အတွင်းမှာ ပေါင်မုန့်အနား သားတွေကိုလုံးပြီး ခဲဖျက်အဖြစ်အသုံးပြုခဲ့ကြပါတယ်။ ဒီနေ့သုံးနေကြတဲ့ ရော်ဘာနဲ့ပြုလုပ်ထားတဲ့ခဲဖျက်ဆိုတာ မတော်တဆကနေ အတော်ဟန်ကျသွားတဲ့တီထွင်မှုတစ်ရပ် ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက စာရေးဆရာတစ်ယောက်က စကားတပြောပြောနဲ့ လုံးထားတဲ့ ပေါင်မုန့်အနားသားကိုလှမ်းယူပြီး ခဲတံနဲ့ရေးထားတာကိုဖျက်တာ တစ်ကယ်တော့ ပေါင်မုန့်မဟုတ်ဘဲ ရော်ဘာတုံးလေးတစ်ခုကို ယူမိရဲ့သားဖြစ်နေတာပေါ့။ ငုံ့ကြည့်လိုက်တော့ ပိုပြီးပြောင်နေတာကိုတွေ့လိုက်ရတဲ့နောက် ရော်ဘာကို ခဲဖျက်အဖြစ်သုံးရကောင်းမှန်း သိလာကြတာဖြစ်ပါတယ်။

၃။ ခဲတံကို နာဆာကလည်း စိတ်ဝင်စားခဲ့ပါတယ်။

ရေအောက်မှာရေးလို့ရတာ ခဲတံပဲရှိပါတယ်။ ဇောက်ထိုးထားပြီး ရေးလို့ရပါတယ်။ ဆွဲငင်အားမဲ့တဲ့လေဟာနယ်မှာလည်း ရေးလို့ရပါတယ်။ ဒါကြောင့် နာဆာဟာ ၁၉၆၅ မှာ ဟူစတန်အခြေစိုက် Tycam အင်ဂျင်နီယာပစ္စည်းထုတ်လုပ်ရေးကော်ပိုရေးရှင်းကြီးကို Mechanical Pencil လို့ခေါ်တဲ့ အထူးခဲတံ ၃၄ ချောင်း မှာယူခဲ့ပါတယ်။ အဲဒီခဲတံတစ်ချောင်းကို အမေရိကန် ၁၂၉.၈၉ ဒေါ်လာ ပေးခဲ့ရ ပါတယ်။ သို့သော် ၁၉၆၇ ခုနှစ်မှာ Apollo 1 အာကာယာဉ်စက်ခန်းထဲ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး တရားခံဟာ အဲဒီ မီးလောင်လွယ်လှတဲ့ Mechanical Pencil တွေဖြစ်နေတာကိုတွေ့ရှိခဲ့ရတဲ့အတွက် နောက်ဘယ်တော့မှမသုံး တော့တာပါ။ ( နာဆာဟာ ဘော့ပင်အတွက် ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံခဲ့တယ် ဆိုတာကတော့ ချဲ့ထွင်ပြောကြတဲ့စကားသာ ဖြစ်ပါတယ်)

၄။ ကမ္ဘာကျော်စာရေးဆရာကြီး ဟဲမင်းဝေး စာရေးကောင်းရတဲ့ လျှို့ဝှက်ချက်က စာကိုခဲတံနဲ့ရေးလို့ပါတဲ့။

ပုံမှန်ခဲတံတစ်ချောင်းမှာပါတဲ့ ဂရပ်ဖိုက်နဲ့မျဉ်းကြောင်းအရှည်ကြီးဆွဲကြည့်မယ်ဆိုရင် ၃၅ မိုင်အထိဆွဲနိုင်ပါတယ်။ စာလုံးရေအားဖြင့် အလုံးရေ ၄၅၀၀၀ ရေးနိုင်ပါတယ်။ ဟဲမင်းဝေးရဲ့ ကမ္ဘာကျော် The old man and the sea မှာ အလုံးရေ ၂၇၀၀၀ ပဲ ရှိတာပါ။ သူ့ကမ္ဘာကျော်စာအုပ်ကြီးကိုရေးဖို့ ခဲတံတစ်ချောင်းတောင် မကုန်ခဲ့တဲ့သဘောပေါ့။ ခဲတံနဲ့ရေးထားတာကို စာပြန်ရိုက်တော့ ပိုကောင်းအောင်ပြင်ဖို့အခွင့်အရေးရတာပေါ့။ ရေးတုန်းမှာတစ်ကြိမ်၊ စာရိုက်တဲ့အချိန်မှာတစ်ချိန်၊ အဲဒီစာကို proof ပြန်ဖတ်တဲ့အခါမှာတစ်ကြိမ်၊ အကြိမ်ကြိမ်ပြန်ပြင်လို့ရတာမို့ ကျွန်တော်ဟာ စာရေးရင် ခဲတံနဲ့ပဲရေးပါတယ်လို့ဟဲမင်းဝေး က ပြောပြဖူးပါတယ်။

၅။ ခဲတံထဲမှာ ခဲသတ္တိမပါပါဘူး။ အဲဒါတွေက ဂရပ်ဖိုက်နဲ့ကြွေနဲ့ ရောထားတာပါ။

အပူချိန် ၈၀၀ ဒီဂရီဆဲလ်စီးယပ် ထက်မနည်းပေးပြီးလုပ်ထားတာပါ။ ဒါဖြစ်ရင် ဘာဖြစ်လို့ ‘ခဲ’ လို့ခေါ်တာပါလိမ့်။ ၁၅၆၄ မှာ အင်္ဂလန်ကနွားကျောင်း သားတွေဟာ မိုးသက်လေပြင်းထဲမှာပျောက်သွားတဲ့နွားတွေကိုလိုက်ရှာရင်း မိုးကြိုးမှန်ထားတဲ့သစ်ပင်တစ်ပင် အောက်မှာ တောက်ပနေတဲ့ဂရပ်ဖိုက်အပုံကြီးကိုတွေ့ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒါကိုခဲလို့ထင်ပြီး ခဲလို့ပဲခေါ်ခဲ့ပါ တယ်။ အဲဒီဂရပ်ဖိုက်တုံးကြီးတွေကိုဖဲ့ယူပြီး သိုးတွေကိုယ်လုံးပေါ်မှာ အမှတ်အသားတွေလုပ်ခဲ့ကြပါတယ်။ အိမ်ရှင်မ တွေက သံချေးချွတ်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး ဂရပ်ဖိုက်တံကြီးလည်း ခဲတံဖြစ်သွားတာပါပဲ။

၆။ ပထမတော့ ဂရပ်ဖိုက်ကို တစ်တန်လျှင် ပေါင် ၁၀၀ နှုန်းဖြင့်သာ ရောင်းချခဲ့ကြပါတယ်။

ဒါပေမယ့် အမြှောက်ဆံ တွေကိုလည်း ဒီဂရပ်ဖိုက်နဲ့လုံးထားရင် ပိုပြီးအရည်အသွေးကောင်းမွန်တယ်ဆိုတာကိုသိခဲ့ပြီးတဲ့နောက် ၁၈၃၀ မှာ ဂရပ်ဖိုက်ရဲ့ ဈေးနှုန်းသည်လည်း တစ်တန်ကို ပေါင် ၅၀၀၀ အထိ ခုန်တက်သွားခဲ့ပါတယ်။ အဲဒီတုန်းက ခဲတံတစ်ချောင်းခိုးမိရင် အနည်းဆုံးထောင်တန် ၇-နှစ် ချမှတ်ခဲ့ကြပါတယ်။ ရုံးအလုပ်လုပ်ရင်း ခဲတံအမှတ်တမဲ့ယူ သွားမိကြတဲ့ဝန်ထမ်းတွေအများအပြား ထောင်နန်းစံခဲ့ရပါတယ်။

၇။ ဒါတင်မက နောက်ပိုင်းမှာ ခဲချွန်စက်ကိုပါ တားမြစ်ကန့်သတ်လိုက်ပါတယ်။

ဒုတိယကမ္ဘာစစ်ကာလက အင်္ဂလန်မှာ လက်လှည့် ခဲတံချွန်စက်တွေကြောင့် သစ်သားနဲ့ဂရပ်ဖိုက်ဆုံးရှုံးမှုများလွန်းတယ်ဆိုပြီး ခဲတံချွန်စက်တွေကို တားမြစ် ကန့်သတ်လိုက်ပါတယ်။ ခဲတံချွန်ဖို့ဓါးခပ်တုံးတုံးလေးကိုပဲအသုံးပြုခွင့်ပေးခဲ့ပါတယ်။ ခဲချွန်စက်ကိုလက်ဝယ်ထားရှိသူတွေကိုတော့ ထောင်ချတဲ့အထိ အပြစ်ပေးခဲ့ပါတယ်။

၈။ ပြင်သစ်စစ်ဘုရင်နပိုလီယံဟာ အင်္ဂလန်နိုင်ငံရဲ့ခဲတံကို အရူးအမူးလိုချင်ခဲ့ပါတယ်။

၁၇၉၀ မှာ စစ်စဖြစ်ခဲ့ကြပြီး ၁၇၉၅ မှာ ခဲတံဆိုတာ ရှားပါးပစ္စည်းဖြစ်နေပါပြီ။ စစ်မှတ်တမ်းရေးဖို့တောင် ခဲတံမရှိခဲ့တဲ့အတွက် နပိုလီယံရဲ့ စစ်ဖက်ရေးရာဝန်ကြီးက ခဲတံမဖြစ်ဖြစ်အောင်လုပ်ပေးရမယ်လို့ အမိန့်ချမှတ်လိုက်ပါတယ်။ တီထွင်ဥာဏ်ရှိတဲ့ ရဲဘော်လေးတစ်ယောက်က ဂရပ်ဖိုက်ရည်နဲ့ကြွေကိုအပူပေးပြီးဖုတ်လိုက်ရာကနေ ခဲဆံကိုပြန်လည်ထုတ်လုပ်နိုင်ခဲ့ ပါတယ်။ ဒီနေ့အချိန်အထိ ခဲဆံကို ဂရပ်ဖိုက်နဲ့ကြွေနဲ့ပေါင်းပြီး အပူပေးပြီး လုပ်နေကြဆဲပါ။

၉။ #2 ခဲတံအစ အမေရိကန်ပြည်ထောင်စုက ဖြစ်ပါတယ်။

ထင်းရှူးသားနဲ့ပြုလုပ်ထားတဲ့ခဲတံအဝါရောင်တွေရဲ့ အနံ့ကိုလူတွေကြိုက်လွန်းတော့ ထင်းရှူးတောတွေကုန်ခမ်းတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စုမှာ အမွှေးနံ့ ထွက်တဲ့ထင်းရှူးသားနောက် တစ်မျိုးနဲ့ခဲတံကိုထုတ်လုပ်ခဲ့ကြပါတယ်။ ခဲတံအရောင်ကိုလည်း အနီရောင် သုတ်လိမ်းခဲ့ပါတယ်။ တစ်လက်စတည်း ခဲဆံကိုလည်း အထူအပါး(၄)မျိုးသတ်မှတ်လိုက်ပါတယ်။ အပါးဆုံး #1 ကနေ အထူဆုံး #4 ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာအသုံးအများဆုံးကတော့ #2 ဒါမှမဟုတ် *2* ဒါမှမဟုတ် 2B ဖြစ်ပါတယ်လို့ ခဲတံအကြောင်း လူသိနည်းနေတာလေးတွေကို လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

TMK(သမန်းကျား)
ရတနာပုံနေ့စဉ်။

Leave a Reply