ေရာင္းစားျခင္းခံလိုက္ရတဲ့ ေဆးတကၠသိုလ္ေရွ႕က လိပ္ခုံး

Posted on

ေရးသားသူ – ဆရာေ႒း (DVB Burmese)

“လိပ္ခုံးပါလားေဟ့” ဆိုတ့ဲ ကားစပါယ္ယာရဲ႕ အသံနဲ႔အတူ ေဆးတကၠသိုလ္ ေက်ာင္းသားေတြ၊ ပညာေရးတကၠသိုလ္ ေက်ာင္းသားေတြ ဒီမွတ္တိုင္မွာဆင္းၿပီး မိမိတို႔ဆိုင္ရာဆိုင္ရာ စာသင္ခန္း သြားခဲ့ၾကတာေတြကို သတိရေနမိတယ္။ လိပ္ခုံးလို႔ ခရီးသည္အမ်ား သိေနတာက ရန္ကုန္တကၠသိုလ္ဝင္းထဲမွာ ျပည္လမ္းေပၚကၾကည့္ရင္ လိပ္ေက်ာကုန္းနဲ႔တူတဲ့ အေဆာက္အုံငယ္ေလးတခုပဲ။

သူ႔ေနာက္ဘက္မွာေတာ့ ေဆးတကၠသိုလ္ စာသင္ခန္းမႀကီးရွိတယ္။ ေဆးေက်ာင္းသားတို႔ရဲ႕ စာသင္ခန္း ေနာက္ဘက္မွာေတာ့ ပညာေရးတကၠသိုလ္ ေက်ာင္းေဆာင္နဲ႔ စာသင္ခန္းေတြ ရွိတာေပါ့။ အဲဒီအေဆာက္အုံေတြရဲ႕ ေရွ႕မ်က္ႏွာစာမွာေတာ့ ျပည္လမ္းမေပၚကေန လွမ္းျမင္ႏိုင္တဲ့ လိပ္ခုံးခန္းမကို အထီးထီး ျမင္ေနရတယ္။ သူ႔ေရွ႕မွာ ေရကန္ငယ္နဲ႔ ျမက္ခင္းျပင္ေလးကလည္း အေဆာက္အအုံရဲ႕ အလွကို ေဖာ္ညႊန္းေနပါတယ္။

အဲဒီ လိပ္ကေလးရဲ႕ေရွ႕မွာ “အဆည” လို႔ေခၚတဲ့ အဆင့္ျမင့္ပညာဦးစီးဌာနဆိုတဲ့ အေဆာက္အအုံရွိတယ္။ အဲဒီအခ်ိန္က ေက်ာင္းသားေတြက အဲဒီအေဆာက္အအုံဝန္းႀကီးကို ၾကည့္ၿပီး ပညာေရးညံ့တာလည္း မေျပာနဲ႔၊ အဆင့္ျမင့္ပညာဆီကို လိပ္ကေလးရဲ႕ အလ်င္ႏႈန္းနဲ႔ သြားေနတာကိုးလုိ႔ ေျပာစမွတ္ျပဳခဲ့ၾကတယ္။ ဒါေပမယ့္ ဒီအေဆာက္အအုံေလးကို ေက်ာင္းသားတိုင္း တန္ဖိုးထားခဲ့ၾကတယ္။ အျမတ္တႏိုး နားခိုခဲ့ၾကတယ္။ ရန္ကုန္တကၠသိုလ္အေၾကာင္းေျပာရင္ ကန္္႔ေကာ္ပင္တန္းေတြ၊ သစ္ပုတ္ပင္၊ ဂ်ပ္ဆင္တို႔ မပါရင္မၿပီးသလို လိပ္ခုံးက်န္ေနရင္ မျပည့္စုံဘူးလို႔ေတာင္ အဲဒီေခတ္ ေက်ာင္းသားေတြရဲ႕ စိတ္ႏွလုံးမွာ စြဲထင္ခဲ့ၾကရတယ္။

အဲဒီလိပ္ခုံးခန္းမနဲ႔ ျမက္ခင္းျပင္ေတြေပၚမွာ မဂၤလာဧည့္ခံပြဲေတြ က်င္းပခဲ့ဖူးတယ္။ အေမရိကန္ အာကာသယာဥ္မႉးတဦးေတာင္ အာကာသပ်ံသန္းေရး အေတြ႔အႀကံဳ ေဟာေျပာပြဲ က်င္းပခဲ့ေသးတယ္။ အင္းလ်ားေဆာင္သူေတြရဲ႕ ျမန္မာ့႐ုိးရာ ဆင္ယဥ္ထုံးဖြဲ႔မႈျပပြဲ၊ ႏိုင္ငံတကာ စာတတ္ေျမာက္ေရး အထိမ္းအမွတ္ပြဲ၊ ပန္းခ်ီျပပြဲ၊ စကားရည္လုပြဲ စတာေတြ က်င္းပခဲ့ဖူးတယ္။

လိပ္ခုံးခန္းမ အဝင္ဝမွာေတာ့ ကြယ္လြန္သူ ဗဂ်ီေအာင္စိုးရဲ႕ လက္ရာတရပ္ျဖစ္တဲ့ အလြန္လက္ရာေျမာက္တဲ့ ေဒါင္း႐ုပ္ပန္းခ်ီကားခ်ပ္ႀကီးရွိတယ္။ လိပ္ခုံးရယ္ ေဒါင္းရယ္ ပ်ားအုံသဏၭာန္ အေဆာက္အအုံရယ္နဲ႔ အလြန္ပဏာရလွပတင့္လို႔ “ေသာဘဏရသ” နဲ႔ျပည့္စုံတဲ့ ေနရာအျဖစ္ တခ်ိန္က ကမၸည္းတင္ခံရတဲ့ ေနရာေလးေပါ့။

လိပ္ခုံးခန္းမမွာ ဘာလို႔ ပြဲေတြက်င္းပခဲ့ရသလဲဆိုတာ စိတ္ဝင္စားစရာပါ။ လွပ ပနံတင့္႐ုံသာမကဘဲ ထူးျခားတဲ့ အေဆာက္အအုံ ဗိသုကာဖြဲ႔စည္းပုံေၾကာင့္လည္း ျဖစ္ဟန္ရွိပါတယ္။ အေဆာက္အအုံရဲ႕ အက်ယ္ဟာ အနံ ၉၃ ေပ။ အလ်ား ၁၅၃ ေပ ရွိတယ္။ ဧရိယာ စတုရန္းေပ ၁၄၂၂၉ ရွိတယ္။ ထူးျခားတာက အဲဒီအက်ယ္အဝန္းထဲမွာ မိုက္က႐ုိဖုန္းမလို၊ ေဆာင္းေဘာက္မလိုဘဲ ဘယ္ေနရာကေျပာေျပာ ဘယ္ေနရာက နားေထာင္နားေထာင္ အသံကို ပီပီသသ ၾကည္ၾကည္ျမျမ ၾကားေနရျခင္းပါပဲ။ ဒီလို ထူးျခားခ်က္ကို ျဖစ္ေပၚေစတာက “ေရကေန အသံထိန္းစနစ္တခု ရွိေနျခင္းေၾကာင့္ပါပဲ။ (Surrounding Sound System) ပါပဲ။ ဒါဟာ လိပ္ခုံးအေဆာက္အအုံရဲ႕ ထူးျခားခ်က္ပါ။

ဒီေတာ့ လိပ္ခုံးအေဆာက္အအုံအေၾကာင္း ၾကည့္ၾကရေအာင္ပါ။ မွတ္မိသမွ် လိပ္ခုံးခန္းမရဲ႕ ပုံသဏၭာန္ကို ေဖာ္ၾကည့္မိတယ္။ ေအာက္ၾကမ္းခင္းမွာ ဆ႒ဂံလို ပ်ားအုံကြက္ေတြ၊ မွန္အထူေတြ ခင္းထားတယ္။ အလယ္တိုင္မပါဘဲ ခန္းမက်ယ္ႀကီးရွိတယ္။ အဝင္ဝမွာ ေျခႏွစ္ေခ်ာင္းနဲ႔ ေထာက္ထားတဲ့ ေပၚတီကုိရွိတယ္။ ေပၚတီကုိကို အေပၚစီးကၾကည့္ရင္ လိပ္ရဲ႕ ဦးေခါင္းသဏၭာန္ ျဖစ္တယ္။ အမိုးကို လွ်ာထိုးသစ္ေတြနဲ႔ ကန္႔လန္႔ျဖတ္ သုံးလႊာခင္းထားတယ္။

တလႊာနဲ႔တလႊာၾကားမွာ ကတၱရာျပားေတြ ခင္းထားတယ္။ မိုးလုံေအာင္ထင္ပါရဲ႕။ အေပၚကေတာ့ ေၾကးျပားေတြခင္းၿပီး ေၾကးျပားေတြကိုေတာ့ ေၾကးမိႈနဲ႔ ႐ုိက္ထားတာပါ။ အေဆာက္အအုံ ေဘးေတြမွာေတာ့ ေရေျမာင္းေတြရွိတယ္။ ေရေျမာင္းေတြကို အေပၚက မွန္အၾကည္အထူနဲ႔ အုပ္ထားတယ္။ ေျမာင္းထဲ ေရသြင္းၿပီး မီးေခ်ာင္ေတြနဲ႔ အလွဆင္လို႔ရတယ္။

ေထာင့္ေလးခုမွာလည္း ေလးေပပတ္လည္ခန္႔က်ယ္တဲ့ ေရကန္တခုစီ ရွိတယ္။ အခမ္းအနား လုပ္မယ္ဆိုရင္ တက္ေရာက္မယ့္လူ အေရအတြက္ကိုၾကည့္ၿပီး အဲ့ဒီကန္ေတြကို ေရအနိမ့္အျမင့္ ခ်ိန္ျဖည့္ရတယ္။ ေဟာေျပာပြဲလုပ္တဲ့အခါ ထပ္ဆင့္အသံလိႈင္းေတြ မေပၚေစဘဲ အသံကို ၾကည္ၾကည္လင္လင္ ၾကားရေအာင္ တြက္ခ်က္စီမံ ေဆာင္ရြက္ခဲ့တာပါ။ ဒါေၾကာင့္ လိပ္ခုံးမွာ အခမ္းအနားက်င္းပရင္ စပီကာေတြ၊ ေဆာင္းေဘာက္ေတြ၊ မိုက္ခ႐ုိဖုန္းေတြ မလိုဘဲ အသံကို ပီပီျပင္ျပင္ ၾကားရပါတယ္။ အေဆာက္အအုံေအာက္မွာလည္း ေရေလွာင္ကန္ေတြ ထားရွိတယ္။ လူအင္အားနဲ႔ အသံကို ခ်ိန္ညႇိရတဲ့စနစ္ပါ။ လူအင္အားမ်ားရင္ ေရအျပည့္ျဖည့္ၿပီး အသံကို ထိန္းညႇိရတယ္လို႔ ဆိုပါတယ္။

လိပ္ခုံးအေဆာက္အအုံေတြကိုေတာ့ ၁၉၅၄ မတ္လ ၃ ရက္ေန႔မွာ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးႏုက အုတ္ျမစ္ခ်ေပးခဲ့တာ။ မူလရည္ရြယ္ခ်က္ကေတာ့ အင္ဂ်င္နီယာ ေက်ာင္းသားေတြအတြက္ ေဆာက္လုပ္ခဲ့တာပါ။ ၁၉၅၇ ခုႏွစ္မွာ ေဆာက္လုပ္ၿပီးစီးခဲ့တယ္။ ၁၉၅၇-၅၈ ပညာသင္ႏွစ္ကစၿပီး အင္ဂ်င္နီယာသင္တန္းေတြကို ဖြင့္လွစ္သင္ၾကားခဲ့ပါတယ္။

၁၉၆၀ ထဲမွာ လိပ္ခုံးဟာ ဗိသုကာဒီဇိုင္းဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။ လိပ္ခုံးရဲ႕ ဗိသုကာအဖြဲ႔ဟာ ၿဗိတိသွ်နာမည္ႀကီး Raglan Squire အဖြဲ႔ရဲ႕ လက္ရာပါ။ အင္ဂ်င္နီယာေက်ာင္းသားေတြအတြက္ ရည္ရြယ္ခဲ့ေပမယ့္ ၁၉၆၀-၆၁ ထဲေရာက္ေတာ့ ရန္ကင္းေကာလိပ္ကိုပိတ္ၿပီး ဥပစအပိုင္ (က) နဲ႔ (ခ) တို႔ကို ဒီအေဆာက္အုံေတြမွာပဲ သင္ၾကားခဲ့ရပါတယ္။ ၁၉၆၄ ထဲေရာက္ေတာ့ တကၠသိုလ္ရဲ႕ ပညာေရးစနစ္ေဟာင္း ခ်ဳပ္ၿငိမ္းသြားၿပီး စနစ္သစ္ပညာေရးမွာ ေဆးတကၠသိုလ္ (၁) အျဖစ္ ေျပာင္းလဲသြားခဲ့ရပါေတာ့တယ္။

၁၉၈၉ ထဲေရာက္ေတာ့ လိပ္ခုံးဟာ အေတာ္အိုမင္းလို႔ က်ားကန္ထားတာ ေတြ႔ရတယ္။ ျမန္မာအင္ဂ်င္နီယာေတြ ျပဳျပင္ဖို႔ လုပ္ကိုင္ေနတာကို ျမင္ေတြ႔ေနရတယ္။ ဒါေပမယ့္ စြမ္းႏိုင္တာ မရွိဘူးထင္ပါရဲ႕။ ၁၉၉၀ ခုႏွစ္ေရာက္ေတာ့ လိပ္ခုံးအေဆာက္အုံႀကီးကို က်ပ္ ၂၅ သိန္း ၁ ေသာင္းနဲ႔ တန္ဖုိးသင့္ၿပီး ေရာင္းစားလိုက္တယ္ဆိုတဲ့ သတင္းရလို႔ အလြမ္းေျပ သြားၾကည့္ခ်ိန္မွာေတာ့ အေဆာက္အအုံလက္က်န္ဆိုလို႔ ေက်ာက္စီေဒါင္းပန္းခ်ီတခ်ပ္သာ ေတြ႔ရပါေတာ့တယ္။ အဲဒီပန္းခ်ီကားဟာ ဗဂ်ီေအာင္စိုးရဲ႕ လက္ရာတခုပါ။ ေနာက္ေတာ့ အဲဒီပန္းခ်ီကားေတာင္ လက္စေပ်ာက္သြားပါေတာ့တယ္။

အင္ဂ်င္နီယာေက်ာင္းသားတို႔အတြက္ ေရနဲ႔ အသံထိန္းစနစ္တခုျဖစ္တဲ့ Surrounding Sound System တခုကို ေလ့လာဖို႔ အခြင့္အေရးပါ ဆုံး႐ႈံးသြားခဲ့ရပါေတာ့တယ္။ အခုေတာ့ မိုက္ခ႐ုိဖုန္းမလို၊ ေဆာင္းေဘာက္မလိုဘဲ ေရနဲ႔ အသံထိန္းညႇိတဲ့ လိပ္ခုံးခန္းမ ရွိခ့ဲဖူးတယ္ဆိုတာ ဒ႑ာရီတခုပင္ ျဖစ္ေနပါေတာ့တယ္။

ဆရာေ႒း
DVB Burmese

——————-

ရောင်းစားခြင်းခံလိုက်ရတဲ့ ဆေးတက္ကသိုလ်ရှေ့က လိပ်ခုံး (unicode)

ရေးသားသူ – ဆရာဋ္ဌေး (DVB Burmese)

“လိပ်ခုံးပါလားဟေ့” ဆိုတဲ့ ကားစပါယ်ယာရဲ့ အသံနဲ့အတူ ဆေးတက္ကသိုလ် ကျောင်းသားတွေ၊ ပညာရေးတက္ကသိုလ် ကျောင်းသားတွေ ဒီမှတ်တိုင်မှာဆင်းပြီး မိမိတို့ဆိုင်ရာဆိုင်ရာ စာသင်ခန်း သွားခဲ့ကြတာတွေကို သတိရနေမိတယ်။ လိပ်ခုံးလို့ ခရီးသည်အများ သိနေတာက ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ပြည်လမ်းပေါ်ကကြည့်ရင် လိပ်ကျောကုန်းနဲ့တူတဲ့ အဆောက်အုံငယ်လေးတခုပဲ။

သူ့နောက်ဘက်မှာတော့ ဆေးတက္ကသိုလ် စာသင်ခန်းမကြီးရှိတယ်။ ဆေးကျောင်းသားတို့ရဲ့ စာသင်ခန်း နောက်ဘက်မှာတော့ ပညာရေးတက္ကသိုလ် ကျောင်းဆောင်နဲ့ စာသင်ခန်းတွေ ရှိတာပေါ့။ အဲဒီအဆောက်အုံတွေရဲ့ ရှေ့မျက်နှာစာမှာတော့ ပြည်လမ်းမပေါ်ကနေ လှမ်းမြင်နိုင်တဲ့ လိပ်ခုံးခန်းမကို အထီးထီး မြင်နေရတယ်။ သူ့ရှေ့မှာ ရေကန်ငယ်နဲ့ မြက်ခင်းပြင်လေးကလည်း အဆောက်အအုံရဲ့ အလှကို ဖော်ညွှန်းနေပါတယ်။

အဲဒီ လိပ်ကလေးရဲ့ရှေ့မှာ “အဆည” လို့ခေါ်တဲ့ အဆင့်မြင့်ပညာဦးစီးဌာနဆိုတဲ့ အဆောက်အအုံရှိတယ်။ အဲဒီအချိန်က ကျောင်းသားတွေက အဲဒီအဆောက်အအုံဝန်းကြီးကို ကြည့်ပြီး ပညာရေးညံ့တာလည်း မပြောနဲ့၊ အဆင့်မြင့်ပညာဆီကို လိပ်ကလေးရဲ့ အလျင်နှုန်းနဲ့ သွားနေတာကိုးလို့ ပြောစမှတ်ပြုခဲ့ကြတယ်။ ဒါပေမယ့် ဒီအဆောက်အအုံလေးကို ကျောင်းသားတိုင်း တန်ဖိုးထားခဲ့ကြတယ်။ အမြတ်တနိုး နားခိုခဲ့ကြတယ်။ ရန်ကုန်တက္ကသိုလ်အကြောင်းပြောရင် ကန့်ကော်ပင်တန်းတွေ၊ သစ်ပုတ်ပင်၊ ဂျပ်ဆင်တို့ မပါရင်မပြီးသလို လိပ်ခုံးကျန်နေရင် မပြည့်စုံဘူးလို့တောင် အဲဒီခေတ် ကျောင်းသားတွေရဲ့ စိတ်နှလုံးမှာ စွဲထင်ခဲ့ကြရတယ်။

အဲဒီလိပ်ခုံးခန်းမနဲ့ မြက်ခင်းပြင်တွေပေါ်မှာ မင်္ဂလာဧည့်ခံပွဲတွေ ကျင်းပခဲ့ဖူးတယ်။ အမေရိကန် အာကာသယာဉ်မှူးတဦးတောင် အာကာသပျံသန်းရေး အတွေ့အကြုံ ဟောပြောပွဲ ကျင်းပခဲ့သေးတယ်။ အင်းလျားဆောင်သူတွေရဲ့ မြန်မာ့ရိုးရာ ဆင်ယဉ်ထုံးဖွဲ့မှုပြပွဲ၊ နိုင်ငံတကာ စာတတ်မြောက်ရေး အထိမ်းအမှတ်ပွဲ၊ ပန်းချီပြပွဲ၊ စကားရည်လုပွဲ စတာတွေ ကျင်းပခဲ့ဖူးတယ်။ လိပ်ခုံးခန်းမ အဝင်ဝမှာတော့ ကွယ်လွန်သူ ဗဂျီအောင်စိုးရဲ့ လက်ရာတရပ်ဖြစ်တဲ့ အလွန်လက်ရာမြောက်တဲ့ ဒေါင်းရုပ်ပန်းချီကားချပ်ကြီးရှိတယ်။ လိပ်ခုံးရယ် ဒေါင်းရယ် ပျားအုံသဏ္ဌာန် အဆောက်အအုံရယ်နဲ့ အလွန်ပဏာရလှပတင့်လို့ “သောဘဏရသ” နဲ့ပြည့်စုံတဲ့ နေရာအဖြစ် တချိန်က ကမ္ပည်းတင်ခံရတဲ့ နေရာလေးပေါ့။

လိပ်ခုံးခန်းမမှာ ဘာလို့ ပွဲတွေကျင်းပခဲ့ရသလဲဆိုတာ စိတ်ဝင်စားစရာပါ။ လှပ ပနံတင့်ရုံသာမကဘဲ ထူးခြားတဲ့ အဆောက်အအုံ ဗိသုကာဖွဲ့စည်းပုံကြောင့်လည်း ဖြစ်ဟန်ရှိပါတယ်။ အဆောက်အအုံရဲ့ အကျယ်ဟာ အနံ ၉၃ ပေ။ အလျား ၁၅၃ ပေ ရှိတယ်။ ဧရိယာ စတုရန်းပေ ၁၄၂၂၉ ရှိတယ်။ ထူးခြားတာက အဲဒီအကျယ်အဝန်းထဲမှာ မိုက်ကရိုဖုန်းမလို၊ ဆောင်းဘောက်မလိုဘဲ ဘယ်နေရာကပြောပြော ဘယ်နေရာက နားထောင်နားထောင် အသံကို ပီပီသသ ကြည်ကြည်မြမြ ကြားနေရခြင်းပါပဲ။ ဒီလို ထူးခြားချက်ကို ဖြစ်ပေါ်စေတာက “ရေကနေ အသံထိန်းစနစ်တခု ရှိနေခြင်းကြောင့်ပါပဲ။ (Surrounding Sound System) ပါပဲ။ ဒါဟာ လိပ်ခုံးအဆောက်အအုံရဲ့ ထူးခြားချက်ပါ။

ဒီတော့ လိပ်ခုံးအဆောက်အအုံအကြောင်း ကြည့်ကြရအောင်ပါ။ မှတ်မိသမျှ လိပ်ခုံးခန်းမရဲ့ ပုံသဏ္ဌာန်ကို ဖော်ကြည့်မိတယ်။ အောက်ကြမ်းခင်းမှာ ဆဋ္ဌဂံလို ပျားအုံကွက်တွေ၊ မှန်အထူတွေ ခင်းထားတယ်။ အလယ်တိုင်မပါဘဲ ခန်းမကျယ်ကြီးရှိတယ်။ အဝင်ဝမှာ ခြေနှစ်ချောင်းနဲ့ ထောက်ထားတဲ့ ပေါ်တီကိုရှိတယ်။ ပေါ်တီကိုကို အပေါ်စီးကကြည့်ရင် လိပ်ရဲ့ ဦးခေါင်းသဏ္ဌာန် ဖြစ်တယ်။ အမိုးကို လျှာထိုးသစ်တွေနဲ့ ကန့်လန့်ဖြတ် သုံးလွှာခင်းထားတယ်။

တလွှာနဲ့တလွှာကြားမှာ ကတ္တရာပြားတွေ ခင်းထားတယ်။ မိုးလုံအောင်ထင်ပါရဲ့။ အပေါ်ကတော့ ကြေးပြားတွေခင်းပြီး ကြေးပြားတွေကိုတော့ ကြေးမှိုနဲ့ ရိုက်ထားတာပါ။ အဆောက်အအုံ ဘေးတွေမှာတော့ ရေမြောင်းတွေရှိတယ်။ ရေမြောင်းတွေကို အပေါ်က မှန်အကြည်အထူနဲ့ အုပ်ထားတယ်။ မြောင်းထဲ ရေသွင်းပြီး မီးချောင်တွေနဲ့ အလှဆင်လို့ရတယ်။

ထောင့်လေးခုမှာလည်း လေးပေပတ်လည်ခန့်ကျယ်တဲ့ ရေကန်တခုစီ ရှိတယ်။ အခမ်းအနား လုပ်မယ်ဆိုရင် တက်ရောက်မယ့်လူ အရေအတွက်ကိုကြည့်ပြီး အဲ့ဒီကန်တွေကို ရေအနိမ့်အမြင့် ချိန်ဖြည့်ရတယ်။ ဟောပြောပွဲလုပ်တဲ့အခါ ထပ်ဆင့်အသံလှိုင်းတွေ မပေါ်စေဘဲ အသံကို ကြည်ကြည်လင်လင် ကြားရအောင် တွက်ချက်စီမံ ဆောင်ရွက်ခဲ့တာပါ။ ဒါကြောင့် လိပ်ခုံးမှာ အခမ်းအနားကျင်းပရင် စပီကာတွေ၊ ဆောင်းဘောက်တွေ၊ မိုက်ခရိုဖုန်းတွေ မလိုဘဲ အသံကို ပီပီပြင်ပြင် ကြားရပါတယ်။ အဆောက်အအုံအောက်မှာလည်း ရေလှောင်ကန်တွေ ထားရှိတယ်။ လူအင်အားနဲ့ အသံကို ချိန်ညှိရတဲ့စနစ်ပါ။ လူအင်အားများရင် ရေအပြည့်ဖြည့်ပြီး အသံကို ထိန်းညှိရတယ်လို့ ဆိုပါတယ်။

လိပ်ခုံးအဆောက်အအုံတွေကိုတော့ ၁၉၅၄ မတ်လ ၃ ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက အုတ်မြစ်ချပေးခဲ့တာ။ မူလရည်ရွယ်ချက်ကတော့ အင်ဂျင်နီယာ ကျောင်းသားတွေအတွက် ဆောက်လုပ်ခဲ့တာပါ။ ၁၉၅၇ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တယ်။ ၁၉၅၇-၅၈ ပညာသင်နှစ်ကစပြီး အင်ဂျင်နီယာသင်တန်းတွေကို ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။

၁၉၆၀ ထဲမှာ လိပ်ခုံးဟာ ဗိသုကာဒီဇိုင်းဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ လိပ်ခုံးရဲ့ ဗိသုကာအဖွဲ့ဟာ ဗြိတိသျှနာမည်ကြီး Raglan Squire အဖွဲ့ရဲ့ လက်ရာပါ။ အင်ဂျင်နီယာကျောင်းသားတွေအတွက် ရည်ရွယ်ခဲ့ပေမယ့် ၁၉၆၀-၆၁ ထဲရောက်တော့ ရန်ကင်းကောလိပ်ကိုပိတ်ပြီး ဥပစအပိုင် (က) နဲ့ (ခ) တို့ကို ဒီအဆောက်အုံတွေမှာပဲ သင်ကြားခဲ့ရပါတယ်။ ၁၉၆၄ ထဲရောက်တော့ တက္ကသိုလ်ရဲ့ ပညာရေးစနစ်ဟောင်း ချုပ်ငြိမ်းသွားပြီး စနစ်သစ်ပညာရေးမှာ ဆေးတက္ကသိုလ် (၁) အဖြစ် ပြောင်းလဲသွားခဲ့ရပါတော့တယ်။

၁၉၈၉ ထဲရောက်တော့ လိပ်ခုံးဟာ အတော်အိုမင်းလို့ ကျားကန်ထားတာ တွေ့ရတယ်။ မြန်မာအင်ဂျင်နီယာတွေ ပြုပြင်ဖို့ လုပ်ကိုင်နေတာကို မြင်တွေ့နေရတယ်။ ဒါပေမယ့် စွမ်းနိုင်တာ မရှိဘူးထင်ပါရဲ့။ ၁၉၉၀ ခုနှစ်ရောက်တော့ လိပ်ခုံးအဆောက်အုံကြီးကို ကျပ် ၂၅ သိန်း ၁ သောင်းနဲ့ တန်ဖိုးသင့်ပြီး ရောင်းစားလိုက်တယ်ဆိုတဲ့ သတင်းရလို့ အလွမ်းပြေ သွားကြည့်ချိန်မှာတော့ အဆောက်အအုံလက်ကျန်ဆိုလို့ ကျောက်စီဒေါင်းပန်းချီတချပ်သာ တွေ့ရပါတော့တယ်။ အဲဒီပန်းချီကားဟာ ဗဂျီအောင်စိုးရဲ့ လက်ရာတခုပါ။ နောက်တော့ အဲဒီပန်းချီကားတောင် လက်စပျောက်သွားပါတော့တယ်။

အင်ဂျင်နီယာကျောင်းသားတို့အတွက် ရေနဲ့ အသံထိန်းစနစ်တခုဖြစ်တဲ့ Surrounding Sound System တခုကို လေ့လာဖို့ အခွင့်အရေးပါ ဆုံးရှုံးသွားခဲ့ရပါတော့တယ်။ အခုတော့ မိုက်ခရိုဖုန်းမလို၊ ဆောင်းဘောက်မလိုဘဲ ရေနဲ့ အသံထိန်းညှိတဲ့ လိပ်ခုံးခန်းမ ရှိခဲ့ဖူးတယ်ဆိုတာ ဒဏ္ဍာရီတခုပင် ဖြစ်နေပါတော့တယ်။

ဆရာဋ္ဌေး
DVB Burmese

Leave a Reply