အလယ္ေခတ္ ကမာၻကုိေျပာင္းလဲေစခဲ့ေသာ တီထြင္မႈႀကီး ၁၈ ခု

Posted on

အလယ္ေခတ္ဆုိတာ ကမာၻ႔ သမုိင္းတြင္ပါ၀င္တဲ့ အခ်ိန္ကာလတစ္ခုျဖစ္ပါတယ္။ အေနာက္ ေရာမအင္ပါယာ က်ဆုံးခ်ိန္ ေအဒီ ၄၇၆ ခုႏွစ္ခန္႔တြင္ စတင္ခဲ့ၿပီး ခရစ္စတိုဖာ ကိုလံဘတ္ ကမၻာသစ္ကို ရွာေဖြေတြ႕ရွိခဲ့သည့္ ၁၄၉၂ ခန္႔ အထိကို အလယ္ေခတ္လုိ႔ သတ္မွတ္ပါတယ္။ အလယ္ေခတ္လုိ႔ေခၚရျခင္းအေၾကာင္းကေတာ့  ေရာမ နန္းစဥ္ ပ်က္သုဥ္းျခင္းႏွင့္ ေခတ္သစ္ဥေရာပ အေစာပိုင္းကာလမ်ား စတင္ျခင္းတို႔ရဲ႕ အလယ္တြင္ ရွိေသာေၾကာင့္ ျဖစ္ပါတယ္။ အေနာက္ ေရာမအင္ပါယာမွ က်န္ရွိေသာ ေဒသမ်ားသည္ အဂၤလန္၊ ျပင္သစ္၊ ဂ်ာမနီ၊ ဟန္ေဂရီ၊ စပိန္၊ ေပၚတူဂီ၊ ပိုလန္ ႏွင့္ ႐ုရွား အစရွိသည့္ လြတ္လပ္ေသာ ႏိုင္ငံမ်ားအျဖစ္ တျဖည္းျဖည္းခ်င္း ေပၚေပါက္လာခဲ့ပါတယ္။

အေနာက္ရာမအင္ပါယာ ပ်က္သုဥ္းျပီးခ်ိန္ျဖစ္တဲ့ ေအဒီ(၅)ရာစုကာလေတြမွာေတာ့ လူသားေတြရဲ့ တီထြင္ဖန္တီးမႈစြမ္းပကားေတြဟာ အလြန္ျမင့္မားလာခဲ့ပါတယ္။ ယင္းကာလေနာက္ပိုင္း အလယ္ေခတ္ေရာက္တဲ့အခ်ိန္ေလာက္ထိ လူသားေတြရဲ့ တီထြင္ၾကံဆမႈေတြဟာ အဆင့္ဆင့္တိုးတက္လာခဲ့တာကိုေတြ႕ရပါတယ္။

ဒီလို လူသား ေတြရဲ့အျပိဳင္အဆိုင္တီထြင္မႈေတြကပဲ မ်ားစြာေသာစစ္ပြဲေတြ၊ငတ္မြတ္ေဘးေတြ၊ ေရာဂါ ဘယက်ေရာက္မႈေတြကို အေကာင္းဆံုးေက်ာ္ျဖတ္နိုင္ခဲ့ျပီး လူသားေတြရဲ့ အခန္းက႑ ဟာ ကမာၻေပၚမွာ ပိုမိုထင္ရွားလာခဲ့ပါတယ္။ ယင္းကာလကတီထြင္ဖန္တီးသူေတြရဲ့ အေျခအေနဟာအလြန္ပင္ပန္းဆင္းရဲခဲ့ေပမဲ့ အခက္အခဲအၾကားကေနပဲ သူတို႔ရဲ့ဖန္တီး မႈေတြဟာ ေရွဆက္နိုင္ခဲ့ပါတယ္။

ဒီေနရာမွာမ်ွေဝေပးခ်င္တာကေတာ့ အလယ္ေခတ္ ကာလက စတင္တီထြင္ခဲ့ျပီးယေန႔အခ်ိန္ထိ လူသားေတြအတြက္အသံုးဝင္ဆဲျဖစ္ခဲ့တဲ့ တီထြင္မႈ (၁၈)မ်ိဳးရဲ့အေၾကာင္းပဲျဖစ္ပါတယ္။

(၁) ပုံႏွိပ္စက္

အလယ္ေခတ္တစ္ေလ်ာက္တီထြင္မႈေတြမွာေတာ့ စာပုံႏွိပ္စက္ဟာ အေရးပါဆုံး တီထြင္မႈျဖစ္ခဲ့ပါတယ္။ ယင္းကာလက အစိုးရဌာနေတြနဲ႔ ဘာသာေရးေက်ာင္း ေတြအတြက္ ျဖန္႔ေဝစာေတြဟာ မရွိမျဖစ္လိုအပ္တဲ့အရာေတြျဖစ္လာတဲ့အတြက္ စာကူး စက္ေတြကို ဥေရာပတစ္လႊားအျပိဳင္အဆိုင္ ဆန္းသစ္လာခဲ့ပါတယ္။ ဒါအျပင္ ေရွးဂရိ စာေပနဲ႔အေတြးအေခၚပညာရပ္ေတြ ျပန္လည္ထုတ္ေဖာ္ခဲ့တဲ့(၁၄)ရာစုကေန(၁၆)ရာစု ကာလေတြအတြင္းမွာ လူသားေတြရဲ့ပညာရပ္ဆိုင္ရာေတာ္လွန္ေရးေတြ အမ်ားအျပား ေပၚေပါက္လာခဲ့တာေၾကာင့္ စာအုပ္၊ စာေပေတြရဲ့က႑ဟာအလြန္ၾကီးထြားလာခဲ့ပါ တယ္။

ပုံႏွိပ္စက္ေတြကို(၃)ရာစုေလာက္ကတည္းက တရုတ္နိိုင္ငံအတြင္းမွာ တီထြင္ခဲ့ပါတယ္။ အဲဒီတီထြင္မႈကိုအေျခခံျပီး (၁၅) ရာစုမွာ နာမည္ေက်ာ္တီထြင္သူ Johannes Guttenberg က ဥေရာပမွာ စတင္မိတ္ဆက္ေပးခဲ့ပါတယ္။ ေရွးလူေတြတီထြင္ခဲ့တဲ့ ပုံႏွိပ္စက္ေတြနဲ႔ ဂူတင္ဘတ္တီထြင္တဲ့ ပုံႏွိပ္စက္ရဲ႕ ကြာျခားခ်က္ကေတာ့ အုပ္ေရမ်ားမ်ားကို အရည္အေသြးေကာင္းေကာင္းနဲ႔ ျမန္ျမန္ပုံႏွိပ္ႏုိင္လာခဲ့တာပါ။ ယေန႔ေခတ္စာပံုနွိပ္စက္ေတြ ဟာ Guttenbergရဲ့ဖန္တီးမႈကို အေျခခံျပီးတည္ေဆာက္လာခဲ့ၾကတာျဖစ္ပါတယ္။

(၂) ေကာ္ဖီဆိုင္ယဥ္ေက်းမႈ

ဥေရာပမွာေတာ့ အိမ္ကိုလာတဲ့ဧည္သည္ေတြကို ေကာ္မဖီနဲ႔ဧည့္ဝတ္ျပဳၾကတဲ့ ဓေလ့ဟာ အလယ္ေခတ္ကာလကပင္စတင္ခဲ့ပါတယ္။ ေအာ္တိုမန္အင္ပါယာ ထြန္းေတာက္စဥ္ ကာလကတည္းက ေကာ္ဖီနဲ႔ဧည့္ခံတဲ့ဓေလ့ဟာ အခိုင္အမာရွိခဲ့တာလို႔ လည္းသိရပါတယ္။ မၾကာခင္မွာပဲ ေကာ္ဖီဆိုင္မ်ားစြာဟာ အစီအရီေပၚလာခဲ့ပါေတာ့တယ္။ ဒါေၾကာင့္ ယေန႔ လဖက္ရည္ဆိုင္ ေကာက္ဖီဆုိင္ေတြရဲ့ သမိုင္းဟာအလယ္ေခတ္ကာလ ကေနစတင္ခဲ့တာလို႔ ဆိုရပါမယ္။

(၃) ၾကီးမားတဲ့ထယ္မ်ား

(၆)ရာစုေလာက္မွာေတာ့ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းအတြင္းမွာ ၾကီးမားတဲ့ ထယ္ၾကီး ေတြကိုအသံုးျပဳျပီး ခ်ဲ႔ထြင္စိုက္ပ်ိဳးလာနိုင္ခဲ့ပါတယ္။ ယခင္ကေတာ့အလြန္ေသးငယ္ တဲ့ ပံုစံရွိတဲ့ထယ္ေတြကိုအသံုးျပဳတာေၾကာင့္ စိုက္ပ်ိဳးေျမေတြကို လိုအပ္သလိုထြန္ယက္ နိုင္ဖို႔အကန္႔အသတ္ရွိေနခဲ့တာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ဘီးေတြကိုပါ အလြန္ၾကီးမားတဲ့သ႑ာန္ျဖစ္ေအာင္ ဖန္တီးဖို႔အားထုတ္ခဲ့ၾကေပမဲ့ အလြယ္တကူအသံုးမျပဳနိုင္တာ ေၾကာင့္ သတၳဳထယ္ေတြနဲ႔ ဘီးေတြကိုပဲ အစားထိုးသံုးစြဲလာခဲ့ၾကပါတယ္။

လူဦးေရေပါက္ဖြားမႈ မ်ားျပားလာတဲ့အညီ စားနပ္ရိကၡာပိုမိုထုတ္လုပ္ရန္ လိုအပ္လာတဲ့ အတြက္ေၾကာင့္ အျခားလယ္ယာပစၥည္းေတြကို ဆန္းသစ္ထုတ္လုပ္လာေပမဲ့ အလယ္ ေခတ္ကာလက ထူးထူးျခားျခားေျပာင္းလဲသြားတာကေတာ့ ၾကီးမားတဲ့ထယ္ေတြကို အသံုးျပဳလာၾကျခင္းျဖစ္ပါတယ္။

(၄) သဲနာရီအစား ခ်ိန္သီးနာရီေတြကို အစားထုိးခဲ့

ခ်ိန္သီးနာရီ မေပၚခင္က ေတာ့ လူသားေတြဟာ အခ်ိန္ကိုသိရွိရန္ ေနနာရီ၊ သဲနာရီေတြကို အဆင့္ဆင့္ျပဳလုပ္ တီထြင္အသံုးျပဳခဲ့ၾကတာကိုလည္း ေတြ႔ရွိနိုင္ပါတယ္။ သဲနာရီေတြဟာ ထပ္တလဲလဲ ျပန္လည္အသံုးျပဳနိုင္ျပီး ေစ်းေပါတာေၾကာင့္ လူတန္းစားမေရြး ဝယ္ယူအသံုးျပဳခဲ့ၾကပါတယ္။ ေအဒီ ၁၃၀၀ ဝန္းက်င္ကာလေတြမွာေတာ့ ခ်ိန္သီးနာရီ ကဲ့သို႔ေသာ စက္နာရီေတြေပၚလာခဲ့ၿပီး ေနရာအနည္းငယ္မွာ သဲနာရီေတြေနရာအတြက္ အစားထုိးသုံးစြဲခဲ့ၾကပါတယ္။  (၁၅)ရာစုေရာက္ခ်ိန္မွာေတာ့ ဥေရာပက ေနရာေတာ္ေတာ္မ်ားမ်ားမွာ အဲဒီနာရီေတြကိုပဲ က်ယ္က်ယ္ျပန္႔ျပန္႔ သုံးစြဲၾကပါေတာ့တယ္။

(၅) ေငြစကၠဴထုတ္လုပ္အသံုးခ်မႈ

မွတ္တမ္းေတြအရေတာ့ ပထမဆံုးေသာေငြစကၠဴကို (၁၁)ရာစုက တရုတ္နိုင္ငံအတြင္း မွာစတင္အသံုးျပဳခဲ့တယ္လုိ႔ ဆုိပါတယ္။ ယင္းကာလကေငြေၾကးဟာ ေဒသအပိုင္းအျခားနဲ႔ထုတ္လုပ္တာျဖစ္တာေၾကာင့္ နိုင္ငံနဲ႔အဝွမ္းအသံုးျပဳနိုင္ခဲ့ျခင္းေတာ့ မရွိခဲ့ပါဘူး။ ဒါအျပင္ ေရွးတရုတ္လူမ်ိဳးေတြဟာ ေငြေပးေခ်ေရး ကတိစာခ်ဳပ္ေတြကိုပါ ယင္းအခ်ိန္တည္းကစတင္အသံုးျပဳခဲ့ၾကျပီး ေနာက္ပိုင္းမွာေငြစကၠဴအစား အဖိုးတန္ သတၳဳဒဂၤါးေတြကိုေျပာင္းလဲ သံုးစြဲလာခဲ့ၾကပါတယ္။ မာကိုပိုလိုဟာ သူ႔ရဲ႕ အာရွခရီးစဥ္မွတ္တမ္းမွာေတာ့ အေရွတိုင္းကေငြေၾကးသံုးစြဲမႈစနစ္ကုိ ေရးသားခဲ့ေပမယ့္ ၁၆၀၀ ခုႏွစ္၀န္းက်င္တုိင္ေအာင္ ဒီေငြေၾကးစနစ္ကို ဥေရာပမွာ တြင္က်ယ္စြာ မသုံးစြဲခဲ့ၾကေသးပါဘူး။

(၆) သဲနာရီရဲ့အေရးပါမႈ

သဲနာရီေတြဟာ ဥေရာပမွာ(၈)ရာစုေလာက္ကတည္းက တီထြင္သံုးစြဲလာၾကေပမဲ့ (၁၄)ရာစုေလာက္ေရာက္ရွိခ်ိန္မွသာ လူသိမ်ားလာခဲ့တာျဖစ္ပါတယ္။ ယခင္အသံုးျပဳ ေနတဲ့ ေနနာရီေနရာကိုအစားထိုးဝင္ေရာက္လာခဲ့တဲ့ သဲနာရီေတြကို ပင္လယ္အတြင္း ရက္ရွည္ခရီးသြားတဲ့ အခါမွာ အဓိကသံုးစြဲခဲ့ၾကပါတယ္။ (၁၅)ရာစုေရာက္ခ်ိန္မွာေတာ့ ပင္လယ္ကူးသေဘၤာအားလံုးနီးပါးမွာ သဲနာရီေတြရွိေနျပီ ျဖစ္ျပီး ေနာက္ပို္င္း ခရစ္ယာန္ဘုရားေက်ာင္းနဲ႔ စက္မႈလုပ္ငန္းအလုပ္ရံုေတြမွာေတာင္ သဲနာရီေတြဟာ ေနရာယူလာၾကပါတယ္။

သဲနာရီေတြဟာ ယင္းထက္ေစာေပၚတဲ့ ေနနာရီထက္ အခ်ိန္ကိုတိတိက်က် ေဖာ္ျပနိုင္ျပီး ထပ္တလဲလဲျပန္လည္အသံုးျပဳနိုင္တာ ေၾကာင့္ လူၾကိဳက္မ်ားထင္ရွားခဲ့ပါတယ္။ သဲနာရီေတြနဲ႔အၿပဳိင္ ခ်ိန္သီးနာရီေတြေပၚလာသည့္ တိုင္ေအာင္ သဲနာရီေတြရဲ့အခန္းက႑ဟာ အေရးပါဆဲျဖစ္ခဲ့ပါတယ္။

(၇) ယမ္းမႈန္႔ေတြေၾကာင့္ ေျပာင္းလဲခဲ့ရတဲ့ကမာၻေျမပံုေတြ

ၿဗိတိန္လူမ်ဳိးအေတြးအေခၚပညာရွင္တစ္ေယာက္ျဖစ္တဲ့ Roger Bacon ဟာ ကမာၻအရပ္ရပ္ကို လွည့္လည္သြားလာရင္း (၁၃)ရာစုမွာေတာ့ ယမ္းမႈန္႔ထုတ္လုပ္တဲ့နည္းပညာကို ဥေရာပ ကိုစတင္ယူေဆာင္လာပါတယ္။ ယမ္းမႈန္႔ထုတ္လုပ္တဲ့နည္းပညာကို တရုတ္လူမ်ိဳးေတြ က(၉)ရာစုေလာက္ကတည္းက စတင္ေတြ႔ရွိခဲ့တာေၾကာင့္ အဲဒီနည္းပညာရပ္ရဲ့ ပင္ရင္း ဟာ တရုတ္လူမ်ိဳးေတြျဖစ္ျပီး Roger Bacon က ဆင့္ပြားယူေဆာင္ခဲ့တာျဖစ္ပါတယ္။

တခ်ိဳ႕ကလည္း ယမ္းမႈန္႔ထုတ္လုပ္တဲ့နည္းပညာကို ဥေရာပတိုက္ကိုက်ဴးေက်ာ္ေျခခ်ခဲ့တဲ့ မြန္ဂိုေတြက ယူေဆာင္လာခဲ့တာျဖစ္တယ္လို႔ ေထာက္ျပေျပာဆိုမႈေတြရွိခဲ့ပါတယ္။ အဲဒီကိစၥဟာယေန႔တိုင္ သမိုင္းဆရာေတြအၾကားျငင္းစရာအေနအထား ျဖစ္ေနေပမဲ့ ယင္းေနာက္ပိုင္း ယင္းယမ္းမႈန္႔နည္းပညာကို အဆင့္ျမွင့္တင္ျပီး လက္နက္သဖြယ္ ဖန္တီးယူခဲ့တဲ့ အဂၤလိပ္၊ျပင္သစ္၊ ေဟာ္လန္တို႔ရဲ့ လက္နက္အားကိုးတဲ့ နယ္ခ်ဲ႔မႈေတြေၾကာင့္ ကမာၻတစ္လႊား နိုင္ငံေတြရဲ့ တည္ေနရာ ေျမပံုေတြ ေျပာင္းလဲသြားခဲ့ရတာေတာ့ အမွန္ျဖစ္ပါတယ္။

(၈) ပထမဆံုး သတၳဳ နဲ႔ ဖန္ခ်က္ဖို

ယေန႔အခ်ိန္မွာ သတၳဳနဲ႔ဖန္ခ်က္လုပ္ငန္းဟာ အိမ္သံုးပစၥည္းေတြထုတ္လုပ္ဖို႔နဲ႔ အျခား စက္မႈလုပ္ငန္းေတြအတြက္ အလြန္အေရးပါတဲ့ လုပ္ငန္းေတြအျဖစ္ရပ္တည္ေနပါတယ္။ ပထမဆံုးေသာ သတၳဳနဲ႔ဖန္ခ်က္ဖိုေတြကိုေတာ့ ဥေရာပရဲ့ ဂ်ာမနီနဲ႔ ဆြစ္ဇာလန္နိုင္ငံေတြ မွာစတင္တည္ေဆာက္ခဲ့တယ္လို႔ မွတ္တမ္းေတြရွိခဲ့ပါတယ္။ တစ္ခ်ိဳ႕ကလည္း တရုတ္ နိုင္ငံမွာ (၁)ရာစုေလာက္ကတည္းက ဖန္ထည္နဲ႔သတၳဳခ်က္ဖိုေတြရွိေနခဲ့တယ္လုိ႔ ဆုိၾကပါတယ္။ (၁၂၀၀)ျပည့္နွစ္ေရာက္ခ်ိန္မွ ဥေရာပရဲ့ ဖန္ထည္နဲ႔ သတၳဳခ်က္ဖိုေတြ စတင္ေပၚေပါက္ လာခဲ့ၾကျပီး ယေန႔ေခတ္သတၳဳနဲ႔ဖန္ခ်က္လုပ္ငန္းခြင္ေတြနဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ေတာ့ အေတာ္ေလးနိမ့္က်တဲ့ အေနအထားကိုျမင္ေတြ႔ရမွာပါ။

ယင္းေခတ္ကာလက ထင္ရွားတဲ့ သတၳဳနဲ႔ဖန္ခ်က္ဖိုေတြကေတာ့ ဆြစ္ဇာလန္နိုင္ငံမွာရွိခဲ့တဲ့ Durstel ၊ Lapphyttan နဲ႔ ဂ်ာမနီနိုင္ငံမွာရွိတဲ့ Sauerland တို႔ျဖစ္ပါတယ္။ မွတ္တမ္းေတြအရ အဲဒီ သတၳဳနဲ႔ဖန္ခ်က္ဖိုရံု ေတြထက္ပုိေစာတဲ့ စက္ရံုကေတာ့ ေအဒီ(၁၁၀၀)မွာ ဆြီဒင္နုိင္ငံမွာ ဖြင့္လွစ္ခဲ့တဲ့ Jarnboas သတၳဳနဲ႔ဖန္ခ်က္ဖိုျဖစ္တယ္လို႔ သိရပါတယ္။

(၉) အလယ္ေခတ္ေရာက္ခ်ိန္မွာ ေပၚလာတဲ့ အရက္ခ်က္လုပ္ငန္း

ေအဒီ(၇)ရာစုေရာက္ခ်ိန္မွာေတာ့ အရက္ခ်က္စက္ရံု ေတြစတင္ေပၚေပါက္ လာခဲ့ပါတယ္။ သမိုင္းဆရာေတြကေတာ့ အရက္ခ်က္လုပ္ငန္းေတြဟာ မြန္ဂိုေတြဆီက ေနစတင္ ေပၚေပါက္လာၾကတယ္လို႔ဆိုၾကၿပီး အရည္ကုိေပါင္းခံျပီးေအးခဲေစကာ အရည္မွာပါရွိတဲ့ Crystals ေတြကို ဖယ္ထုတ္ခဲ့ၾကပါတယ္။ အဲဒီစက္ရံုေတြကေန ထြက္ေပၚလာတဲ့ အရက္ကေတာ့ သန္႔စင္မႈအပိုင္းမွာေတာ့ အားနည္းမႈရွိျပီး ဦးေဆာင္ လုပ္ကိုင္သူေတြက ဆက္လက္ၾကံဆခဲ့ပါတယ္။

ယေန႔အရက္ေပါင္းအိုး/အရက္ဖိုလို႔ လူသိမ်ားၾကတဲ့ရံုေတြကိုေတာ့ အထက္ပါနည္း ပညာေတြကိုပဲ အေျခခံျပီး အီရတ္နိုင္ငံသား စြယ္စုံပညာရွင္တစ္ဦးျဖစ္တဲ့ Al-Kindi က(၈)ရာစုကေန(၉)ရာစုအၾကားမွာ စတင္တီထြင္ခဲ့ပါတယ္။ ဒါေပမယ့္ အရက္ထုတ္လုပ္တဲ့အေၾကာင္းနဲ႔ပတ္သက္ျပီး အျခားကြဲျပားတဲ့ သမိုင္းဆိုင္ရာအေထာက္အထား မ်ားစြာရွိေနတာမို႔ သမိုင္းဆရာေတြအၾကားယေန႔တိုင္ အျငင္းပြားစရာေတြျဖစ္ေနတုန္းပါပဲ။ Al-Kindi တီထြင္မႈဟာမၾကာခင္မွာ ဥေရာပကိုပ်ံနွံ႔သြားခဲ့ျပီး(၁၂)ရာစု ေလာက္မွာေတာ့ Salerno ျမိဳ႔က ေလာကဓာတ္ေက်ာင္းေတြမွာ အီတလီဆိုတဲ့နာမည္တဲ့ စတင္ေဖာ္ျပျခင္းခံခဲ့ရပါတယ္။ မ်ားစြာေသာ သမိုင္းပညာရွင္ေတြကေတာ့ ယေန႔အသံုးျပဳ ေနတဲ့ အရက္ခ်က္ လုပ္တဲ့နည္းစနစ္အမ်ားစုဟာ (၁၃)ရာစုေလာက္ ကတည္းက ဥေရာပမွာစတင္သေႏၶတည္လာခဲ့တယ္လို႔ ယံုၾကည္ၾကပါတယ္။

(၁၀) လက္တြန္းလွည္းေတြရဲ့အစ

ယေန႔အခ်ိန္ထိ ကုန္ပစၥည္းတစ္နိုင္တစ္ပိုင္ သယ္ယူမႈေတြမွာ အသံုမ်ားေနဆဲျဖစ္တဲ့ လက္တြန္းလွည္းေတြကိုလည္း အလယ္ေခတ္က စတင္တည္ေဆာက္ခဲ့ၾကတာ ျဖစ္ပါတယ္။ ေရွးတရုတ္လူမ်ိဳးေတြနဲ႔ ဂရိလူမ်ိဳးေတြကလည္း လက္တြန္းလွည္းသ႑ာန္ ယာဥ္မ်ားစြာကုိ တီထြင္အသံုးျပဳၾကတဲ့အဆိုရွိၾကေပမယ့္ တိက်တဲ့မွတ္တမ္းေတြအရေတာ့ တစ္ဘီးတပ္လက္တြန္းလွည္းေတြကို (၁၂)ရာစုေလာက္ကစတင္ျပီး ဥေရာပမွာစတင္ သံုးစြဲလာခဲ့ၾကတယ္ ဆုိတာပါ။

လက္တြန္းလွည္းေတြ တြင္က်ယ္ေအာင္ အသံုးျပဳလာၾကျခင္းဟာ တိုးတက္လာတဲ့ လူေနမႈပံုစံကိုေဖာ္ျပရာေရာက္ပါတယ္။ (၁၅)ရာစုေရာက္ခ်ိန္မွာေတာ့ ဥေရာပက သတၳဳတူးေဖာ္ေရးလုပ္ငန္းေတြနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းေတြအထိ တစ္ဘီးတပ္ လက္တြန္းလွည္းေတြကေန ေလးဘီးတပ္လက္တြန္းလွည္းေတြအထိ အဆင့္ျမွင့္တင္ျပီးသံုးစြဲေနျပီ ျဖစ္ပါတယ္။

(၁၁) ေဆာက္လုပ္မႈပံုစံအသစ္

အလယ္ေခတ္ေဆာက္လုပ္ေရးလုပ္ငန္းရဲ့ မွတ္တိုင္သစ္ကေတာ့ အေဆာက္အအံုၾကီး ေတြကိုတစ္ခုနဲ႔ တစ္ခုေပါင္းကူးျပီး တည္ေဆာက္လာၾကျခင္းျဖစ္ပါတယ္။ အေဆာက္အဦးတစ္ခုရဲ့ ကိုယ္ထည္ကေန ေနာက္တစ္ခုရဲ့ ကိုယ္ထည္ကိုေပါင္းစပ္ ေဆာက္လုပ္တဲ့ နည္းပညာဟာ (၁၂)ရာစုေလာက္ေနစတင္ျပီး Gothic ခရစ္ယာန္ဘုရားေက်ာင္းေတြမွာ စတင္တည္ေဆာက္လာခဲ့ၾကပါတယ္။ Flying buttresses လို႔ေခၚတဲ့ ဗိသုကာ လက္ရာကုိ တည္ေဆာက္နိုင္ဖို႔အတြက္ အေဆာက္အအံု အေတာ္မ်ားမ်ားကို ပံုမွန္ထက္ အေတာ္ေလးျမင့္မားေအာင္တည္ေဆာက္လာၾကတာကို လည္းအလယ္ေခတ္တစ္ေလ်ွာက္ေတြ႔ျမင္နုိင္ပါတယ္။

ဒီအေဆာက္အအံုေတြမွာ ပါးလႊာတဲ့နံရံေတြတပ္ဆပ္ထားျပီး အလြန္ၾကီးမားတဲ့ ျပတင္းေပါက္ေတြ ပါဝင္ပါတယ္။ ဒီလိုနည္းနဲ႔တည္ေဆာက္ခဲ့တဲ့ပံုစံဟာ ဥေရာပရဲ့ယဥ္ေက်းမႈအဆင့္အတန္းျမင့္မားတဲ့ လူအဖြဲ႔အစည္းတစ္ခုကို ကိုယ္စားျပဳတယ္လို႔ ယင္းကာလက ခံယူထားၾကျပီး နိုင္ငံတစ္ နိုင္ငံနဲ႔ တစ္နိုင္ငံအၾကားေဆာက္လုပ္မႈနည္းပညာရပ္ေတြကေတာ့ ကြဲျပားပါတယ္။

(၁၂) ဗုိင္းငင္စက္

ဗုိင္းငင္စက္ ကိုေတာ့ ေအဒီ(၅)ရာစုကေန(၁၀)ရာစုအတြင္းမွာ အိႏၵိယနိုင္ငံက ပညာရွင္ေတြကစတင္တီထြင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဒီကိရိယာ ဟာ ဥေရာပကိုေရာက္ရွိလာခဲ့ျပီးပိုးထည္ရက္လုပ္မႈလုပ္ငန္းအတြက္ မ်ားစြာအက်ိဳး ျဖစ္ထြန္းေစခဲ့ပါတယ္။ ယင္းကာလက ဥေရာပမွာရွိတဲ့အထည္ခ်ဳပ္လုပ္မႈလုပ္ငန္းအား လံုးကို အိႏၵိယကလာတဲ့တီထြင္မႈက လႊမ္းမိုးသြားခဲ့ျပီး ဥေရာပ စက္မႈေတာ္လွန္ေရး အတြင္းမွာေတာ့ Spinning Jenny နဲ႔ Spinning Frame ကဲ့သို႔ နည္းပညာေတြ ေခတ္စားလာခဲ့ပါတယ္။ယင္းကာလက ဒီကိရိယာေတြရဲ့ တည္ ေဆာက္ပံုအရ လူတစ္ဦးထက္ပိုလိုအပ္တာေၾကာင့္ မ်က္ေမွာက္ေခတ္မွာလိုေတာ့ လ်ွင္ျမန္တဲ့ခ်ဳပ္လုပ္မႈပံုစံေတာ့မရွိပါဘူး။

(၁၃) ေရအား စြမ္းအင္ထုတ္ကိရိယာ

ပထမဆံုးေသာ ေရအားကေန စြမ္းအင္ထုတ္ေပးတဲ့ ကိရိယာကိုေတာ့ အိုင္ယာလန္နိုင္ငံမွာ စတင္အသံုးျပဳခဲ့ၾကတာျဖစ္ပါတယ္။ ယခင္ကာလေတြကတည္းက လူသားေတြဟာ ေလနဲ႔ ေရစြမ္းအင္ေတြကို ထုတ္ယူအသံုုးျပဳခဲ့ၾကေပမဲ့ အလယ္ေခတ္ေရာက္ခ်ိန္မွာ ေတာ့ ဒီေရအားကေန စြမ္းအင္ထုတ္လုပ္ အသုံးျပဳတဲ့နည္းလမ္းကုိစတင္ အသံုးျပဳလာၾကပါတယ္။ အိုင္ယာလန္မွာေတာ့ (၆)ရာစုေလာက္ကေနစတင္ျပီး ေရဒလက္ေတြကိုအသံုးျပဳျပီး ဒီနည္းလမ္းဟာ ေရွးေရာမေတြ ျဗိတိန္ကၽြန္းစုကိုအေျခခ်စဥ္က ခ်န္ရစ္တဲ့ပညာရပ္ ျဖစ္တယ္လို႔ သမိုင္းပညာရွင္ေတြကယူဆၾကပါတယ္။

ေနာက္ပိုင္းကာလေတြမွာေတာ့ အရွိန္အဟုန္ေကာင္းေကာင္းနဲ႔ လည္ပတ္နိုင္တဲ့ Vertical Wheel ေတြကိုအသံုးျပဳလာ ၾကျပီး ယင္းတည္ေဆာက္ပံုေတြကို အိုင္ယာလန္နိုင္ငံ Waterford ျမိဳ႔အနီးမွာရွိတဲ့ Kiloteran မွာယေန႔တိုင္တည္ရွိေနပါေသးတယ္။ လူသားေတြရဲ့ သဘာဝအရင္းအျမစ္ ကေနစြမ္းအင္ထုတ္လုပ္တဲ့ နည္းလမ္းကို (၁၀၈၆)ခုနွစ္ကထုတ္ေဝတဲ့ နာမည္ေက်ာ္ Doomsday စာအုပ္မွာေဖာ္ျပထားတာကိုလည္း ေတြ႔ရပါတယ္။

Tide Mill တစ္ခုကို အသုံးျပဳပုံ ဗီဒီယုိ

(၁၄) တက္မေတြကို ဝက္အူရစ္ခံျပီးဖန္တီး

အလယ္ေခတ္ကာလက ေရေၾကာင္းဆက္သြယ္သြားလာေရးလုပ္ငန္းဟာ အေတာ္ ေရးပါခဲ့ျပီး သေဘၤာဦးပိုင္းကေန ထိန္းခ်ဳပ္ေမာင္းနွင္နိုင္တဲ့ ဝက္အူရစ္ေတြပါရွိတဲ့ တက္မေတြကိုစတင္တည္ေဆာက္ခဲ့ၾကပါတယ္။ ယင္းမတိုင္ခင္ကာလေတြတုန္းက ေတာ့ ေရေၾကာင္းသြားလာေနသူေတြဟာ ရြတ္တိုက္ျခင္း၊ သာမန္ပဲ့ထိန္းတက္မေတြနဲ႔ ေလွတက္မ်ားစြာ ကိုအသံုးျပဳျပီး စြန္႔စားသြားလာခဲ့ၾကပါတယ္။ (၁၂)ရာစုေလာက္မွာ ေတာ့ ေရယာဥ္အမ်ားစုမွာ ပဲ့ထိန္းနည္းစနစ္သစ္ေတြကိုတပ္ဆင္ျပီးျဖစ္ျပီး ေရေၾကာင္း ဆက္သြယ္သြားလာေရးလုပ္ငန္းေတြလည္း အလြန္တိုးတက္လာခဲ့ပါတယ္။

ယင္းကာလက ကုန္စည္ကူးသန္းေရာင္းဝယ္ေရးလုပ္ငန္းေတြဟာ ေရေၾကာင္းကိုအဓိက အားထားျပီး ေရာင္းဝယ္ေဖာက္ကားမႈျပဳလုပ္ၾကရပါတယ္။ ေနာက္ပိုင္းမွာေတာ့ေရေၾကာင္းဆက္သြယ္သြားလာေရးဟာ ဥေရာပမွာအလြန္အေရးပါတဲ့ လုပ္ငန္းျဖစ္လာျပီး ပင္လယ္ရပ္ျခားကုန္သြယ္မႈေတြ အပါအဝင္ စြန္႔စားသြားလာသူ ေတြလည္း ေပၚေပါက္လာခဲ့ပါတယ္။

(၁၅) မ်က္မွန္

မ်က္မွန္ကို စတင္ျပဳလုပ္ခဲ့သူကေတာ့ ယမ္းမႈန္႔နည္းပညာကို ဥေရာပကို သယ္ေဆာင္ လာတဲ့ ျပင္သစ္ဘုန္းေတာ္ၾကီး Roger Bacon ပဲျဖစ္ပါတယ္။ သူဟာ(၁၃)ရာစုအစပိုင္း မွ ာမ်က္မွန္ကို စတင္ဖန္တီးခဲ့တာျဖစ္ျပီး (၁၃)ရာစုကုန္ဆံုးခ်ိန္မွာ အီတလီနိုင္ငံ ဖေလာ ရင့္ျမိဳ႕က Alessandro Di Spina ကျပန္လည္ဆန္းသစ္ခဲ့ပါတယ္။ အခ်ဳိ႕ကလည္း ေဒသစံုကိုလွည့္လည္သြားလာေနတဲ့ Giordana da Pisa အမည္ရတဲ့ Dominican ဘုန္းေတာ္ၾကီးတစ္ပါးက မ်က္မွန္ကိုဖန္တီးခဲ့တယ္လို႔လည္းဆုိၾကပါတယ္။

Giordana da Pisa ဟာ မ်က္မွန္ကိုတီထြင္ရတာနဲ႔ပတ္သက္္ျပီး ခရစ္ယာန္ဘုရား ေက်ာင္းမွာ မွတ္တမ္းတစ္ခုခ်န္ခဲ့ပါတယ္။ သူေရးထားတဲ့မွတ္တမ္းအရ လြန္ခဲ့တဲ့ နွစ္(၂၀) ေလာက္ကတည္းက မ်က္မွန္ကိုတီထြင္တဲ့နည္းကို စတင္သိရွိခဲ့ေၾကာင္းနဲ႔ ဒီကိရိယာဟာ သာမန္ထက္ မတူတဲ့ ျခားနားတဲ့အျမင္ကို ရရွိေစတယ္လုိ႔သိရပါတယ္။ ဒီတီထြင္မႈဟာ ယေန႔ထက္တိုင္အလြန္ အသံုးတည့္ေနဆဲျဖစ္ျပီး ဖန္တီးသူေတြရ့ဲ ရည္ရြယ္ခ်က္ဟာျပည့္ေျမာတ္ခဲ့ျပီလို႔ ဆိုရပါမယ္။

(၁၆) ဝန္ခ်ီစက္

ယင္းကာလက စတင္အသံုးျပဳတဲ့ဝန္ခ်ီစက္ေတြကိုေတာ့ သစ္သားနဲ႔ျပဳလုပ္ခဲ့ၾကတာ ျဖစ္ျပီး လူစြမ္းအားနဲ႔ ေပါင္းစပ္အသံုးျပဳခဲ့ရပါတယ္။ အလယ္ေခတ္ကာလက ေဆာက္လုပ္ေရးလုပ္ငန္းေတြျဖစ္တဲ့ ရဲတိုက္နဲ႔ ဘုရားရွိခိုးေက်ာင္း ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြမွာ ဝန္ခ်ီစက္ေတြရဲ့အေရးပါမႈဟာ အေတာ္ေလးထိေရာက္ခဲ့ပါတယ္။ ေအဒီ(၁၂၂၅)မွာေတာ့ ျပင္သစ္နိုင္ငံကေဆာက္လုပ္ေရးလုပ္ငန္းခြင္ တစ္ခုမွာဝန္ခ်ီ စက္ကိုစတင္သံုးစြဲခဲ့ပါတယ္။ ယင္းေနာက္ပိုင္းမွာ ဆိပ္ကမ္းေတြမွာ ကုန္တင္/ကုန္ခ်ရန္ အသံုးျပဳလာျပီး သတၳဳတူးေဖာ္ေရးလုပ္ငန္းေတြနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာ ဝန္ခ်ီစက္ေတြကို က်ယ္က်ယ္ျပန္႔ျပန္႔သံုးစြဲလာခဲ့ပါတယ္။

(၁၇) အေျမာက္လက္နက္ရဲ့စြမ္းပကား

အလယ္ေခတ္ရဲ့ေနာက္ထပ္ ဖန္တီးမႈတစ္ခုကေတာ့ အေျမာက္လက္နက္ေတြ ဖန္တီး နိုင္လာျခင္းပဲျဖစ္ပါတယ္။ မွတ္တမ္းေတြအရေတာ့ (၁၂)ရာစုမွာ တရုတ္လူမ်ိဳးေတြက စတင္ဖန္တီးခဲ့ျပီး ေအဒီ(၁၂၂၇)ေလာက္က ျပဳလုပ္ခဲ့တဲ့ အေျမာက္ကို တရုတ္နိုင္ငံ Sichuanေဒသမွာရွိတဲ့ Dazu Rock Carving မွာယေန႔တိုင္ျပသထားတာကိုေတြ႔ျမင္ရပါ တယ္။ ဒါအျပင္ (၁၂၂၇)ေအဒီက တည္ေဆာက္ခဲ့တဲ့ နာမည္ေက်ာ္ Wuwei Bronzw Canon ၊(၁၂၈၈)ေအဒီက တည္ေဆာက္ခဲ့တဲ့ Heilongjiang hand cannon ၊ ေအဒီ(၁၂၉၈)ကတည္ေဆာက္ခဲ့တဲ့ Xanadu Gun ေတြဟာ အလယ္ေခတ္တစ္ေလ်ွာက္ ေပၚေပါက္အသံုးျပဳခဲ့တဲ့ အေျမာက္ ေတြအျဖစ္နာမည္ ေက်ာ္ပါတယ္။

ဒီအေျမာက္နည္းပညာဟာ ဥေရာပအေရာက္မွာေတာ့ အလြန္လ်ွင္ျမန္စြာ တိုးတက္လာျပီး အဂၤလိပ္ေတြက ျပင္သစ္နဲ႔တိုက္ခိုက္တဲ့ Battle of Crecy မွာ အေျမာက္လက္နက္ေတြကို အသံုးျပဳျပီးတိုက္ခိုက္ခဲ့ပါတယ္။ ေနာက္ပုိင္း နယ္ေျမသိမ္းတိုက္ပြဲေတြမွာေတာ့ အေျမာက္လက္နက္ရဲ့စြမ္းပကားဟာ ဥေရာပႏုိင္ငံေတြရဲ႕ ကုိလုိနီနယ္ပယ္ ခ်ဲ့ထြင္တည္ေဆာက္ရာမွာ အေရးပါတဲ့က႑ကေနပါဝင္လာပါတယ္။

(၁၈) အေစာပုိင္း ကြန္ပ်ဴတာမ်ဳိးဆက္

Astrolabes လို႔သိၾကတဲ့ နကၡတ္တာရာ ၾကည့္ ကိရိယာဟာ အလယ္ေခတ္က ကြန္ပ်ဴတာ(analogue computer) တစ္ခုအျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရပါတယ္။ အဲဒီပစၥည္းဟာ နကၡတ္တာရာ ေလ့လာလိုက္စားသေတြနဲ႔ ေရေၾကာင္းျပသမားေတြအတြက္ေတာ့အလြန္တန္ဖိုးမျဖတ္ နိုင္တဲ့ ပစၥည္းတစ္ခုျဖစ္ျပီး အေဝးကအကြာအေဝးေတြကို ေဖာ္ျပေပးျပီး ေနရာညေရာ အသံုးျပဳနိုင္ပါတယ္။ အေစာဆံုးေသာ Astrolabes ကို ေအဒီ(၅)ရာစုေလာက္ကတည္းက စတင္အသံုးျပဳ လာၾကေပမဲ့ အလယ္ရာစုေရာက္ခ်ိန္မွသာ Astrolabesေတြရဲ့အခန္းက႑ဟာ ပိုမိုေပၚလြင္လာခဲ့ပါတယ္။

သုတဇုန္

Ref:
lordsandladies
List Verse
Medieval Lists

——————–

အလယ်ခေတ် ကမ္ဘာကိုပြောင်းလဲစေခဲ့သော တီထွင်မှုကြီး ၁၈ ခု (unicode)

အလယ်ခေတ်ဆိုတာ ကမ္ဘာ့ သမိုင်းတွင်ပါဝင်တဲ့ အချိန်ကာလတစ်ခုဖြစ်ပါတယ်။ အနောက် ရောမအင်ပါယာ ကျဆုံးချိန် အေဒီ ၄၇၆ ခုနှစ်ခန့်တွင် စတင်ခဲ့ပြီး ခရစ်စတိုဖာ ကိုလံဘတ် ကမ္ဘာသစ်ကို ရှာဖွေတွေ့ရှိခဲ့သည့် ၁၄၉၂ ခန့် အထိကို အလယ်ခေတ်လို့ သတ်မှတ်ပါတယ်။ အလယ်ခေတ်လို့ခေါ်ရခြင်းအကြောင်းကတော့  ရောမ နန်းစဉ် ပျက်သုဉ်းခြင်းနှင့် ခေတ်သစ်ဥရောပ အစောပိုင်းကာလများ စတင်ခြင်းတို့ရဲ့ အလယ်တွင် ရှိသောကြောင့် ဖြစ်ပါတယ်။ အနောက် ရောမအင်ပါယာမှ ကျန်ရှိသော ဒေသများသည် အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ ဟန်ဂေရီ၊ စပိန်၊ ပေါ်တူဂီ၊ ပိုလန် နှင့် ရုရှား အစရှိသည့် လွတ်လပ်သော နိုင်ငံများအဖြစ် တဖြည်းဖြည်းချင်း ပေါ်ပေါက်လာခဲ့ပါတယ်။

အနောက်ရာမအင်ပါယာ ပျက်သုဉ်းပြီးချိန်ဖြစ်တဲ့ အေဒီ(၅)ရာစုကာလတွေမှာတော့ လူသားတွေရဲ့ တီထွင်ဖန်တီးမှုစွမ်းပကားတွေဟာ အလွန်မြင့်မားလာခဲ့ပါတယ်။ ယင်းကာလနောက်ပိုင်း အလယ်ခေတ်ရောက်တဲ့အချိန်လောက်ထိ လူသားတွေရဲ့ တီထွင်ကြံဆမှုတွေဟာ အဆင့်ဆင့်တိုးတက်လာခဲ့တာကိုတွေ့ရပါတယ်။

ဒီလို လူသား တွေရဲ့အပြိုင်အဆိုင်တီထွင်မှုတွေကပဲ များစွာသောစစ်ပွဲတွေ၊ငတ်မွတ်ဘေးတွေ၊ ရောဂါ ဘယကျရောက်မှုတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပြီး လူသားတွေရဲ့ အခန်းကဏ္ဍ ဟာ ကမ္ဘာပေါ်မှာ ပိုမိုထင်ရှားလာခဲ့ပါတယ်။ ယင်းကာလကတီထွင်ဖန်တီးသူတွေရဲ့ အခြေအနေဟာအလွန်ပင်ပန်းဆင်းရဲခဲ့ပေမဲ့ အခက်အခဲအကြားကနေပဲ သူတို့ရဲ့ဖန်တီး မှုတွေဟာ ရှေဆက်နိုင်ခဲ့ပါတယ်။

ဒီနေရာမှာမျှဝေပေးချင်တာကတော့ အလယ်ခေတ် ကာလက စတင်တီထွင်ခဲ့ပြီးယနေ့အချိန်ထိ လူသားတွေအတွက်အသုံးဝင်ဆဲဖြစ်ခဲ့တဲ့ တီထွင်မှု (၁၈)မျိုးရဲ့အကြောင်းပဲဖြစ်ပါတယ်။

(၁) ပုံနှိပ်စက်

အလယ်ခေတ်တစ်လျောက်တီထွင်မှုတွေမှာတော့ စာပုံနှိပ်စက်ဟာ အရေးပါဆုံး တီထွင်မှုဖြစ်ခဲ့ပါတယ်။ ယင်းကာလက အစိုးရဌာနတွေနဲ့ ဘာသာရေးကျောင်း တွေအတွက် ဖြန့်ဝေစာတွေဟာ မရှိမဖြစ်လိုအပ်တဲ့အရာတွေဖြစ်လာတဲ့အတွက် စာကူး စက်တွေကို ဥရောပတစ်လွှားအပြိုင်အဆိုင် ဆန်းသစ်လာခဲ့ပါတယ်။ ဒါအပြင် ရှေးဂရိ စာပေနဲ့အတွေးအခေါ်ပညာရပ်တွေ ပြန်လည်ထုတ်ဖော်ခဲ့တဲ့(၁၄)ရာစုကနေ(၁၆)ရာစု ကာလတွေအတွင်းမှာ လူသားတွေရဲ့ပညာရပ်ဆိုင်ရာတော်လှန်ရေးတွေ အများအပြား ပေါ်ပေါက်လာခဲ့တာကြောင့် စာအုပ်၊ စာပေတွေရဲ့ကဏ္ဍဟာအလွန်ကြီးထွားလာခဲ့ပါ တယ်။

ပုံနှိပ်စက်တွေကို(၃)ရာစုလောက်ကတည်းက တရုတ်နိုင်ငံအတွင်းမှာ တီထွင်ခဲ့ပါတယ်။ အဲဒီတီထွင်မှုကိုအခြေခံပြီး (၁၅) ရာစုမှာ နာမည်ကျော်တီထွင်သူ Johannes Guttenberg က ဥရောပမှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ရှေးလူတွေတီထွင်ခဲ့တဲ့ ပုံနှိပ်စက်တွေနဲ့ ဂူတင်ဘတ်တီထွင်တဲ့ ပုံနှိပ်စက်ရဲ့ ကွာခြားချက်ကတော့ အုပ်ရေများများကို အရည်အသွေးကောင်းကောင်းနဲ့ မြန်မြန်ပုံနှိပ်နိုင်လာခဲ့တာပါ။ ယနေ့ခေတ်စာပုံနှိပ်စက်တွေ ဟာ Guttenbergရဲ့ဖန်တီးမှုကို အခြေခံပြီးတည်ဆောက်လာခဲ့ကြတာဖြစ်ပါတယ်။

(၂) ကော်ဖီဆိုင်ယဉ်ကျေးမှု

ဥရောပမှာတော့ အိမ်ကိုလာတဲ့ဧည်သည်တွေကို ကော်မဖီနဲ့ဧည့်ဝတ်ပြုကြတဲ့ ဓလေ့ဟာ အလယ်ခေတ်ကာလကပင်စတင်ခဲ့ပါတယ်။ အော်တိုမန်အင်ပါယာ ထွန်းတောက်စဉ် ကာလကတည်းက ကော်ဖီနဲ့ဧည့်ခံတဲ့ဓလေ့ဟာ အခိုင်အမာရှိခဲ့တာလို့ လည်းသိရပါတယ်။ မကြာခင်မှာပဲ ကော်ဖီဆိုင်များစွာဟာ အစီအရီပေါ်လာခဲ့ပါတော့တယ်။ ဒါကြောင့် ယနေ့ လဖက်ရည်ဆိုင် ကောက်ဖီဆိုင်တွေရဲ့ သမိုင်းဟာအလယ်ခေတ်ကာလ ကနေစတင်ခဲ့တာလို့ ဆိုရပါမယ်။

(၃) ကြီးမားတဲ့ထယ်များ

(၆)ရာစုလောက်မှာတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွင်းမှာ ကြီးမားတဲ့ ထယ်ကြီး တွေကိုအသုံးပြုပြီး ချဲ့ထွင်စိုက်ပျိုးလာနိုင်ခဲ့ပါတယ်။ ယခင်ကတော့အလွန်သေးငယ် တဲ့ ပုံစံရှိတဲ့ထယ်တွေကိုအသုံးပြုတာကြောင့် စိုက်ပျိုးမြေတွေကို လိုအပ်သလိုထွန်ယက် နိုင်ဖို့အကန့်အသတ်ရှိနေခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဘီးတွေကိုပါ အလွန်ကြီး မားတဲ့သဏ္ဍာန်ဖြစ်အောင် ဖန်တီးဖို့အားထုတ်ခဲ့ကြပေမဲ့ အလွယ်တကူအသုံးမပြုနိုင်တာ ကြောင့် သတ္ထုထယ်တွေနဲ့ ဘီးတွေကိုပဲ အစားထိုးသုံးစွဲလာခဲ့ကြပါတယ်။ လူဦးရေပေါက်ဖွားမှု များပြားလာတဲ့အညီ စားနပ်ရိက္ခာပိုမိုထုတ်လုပ်ရန် လိုအပ်လာတဲ့ အတွက်ကြောင့် အခြားလယ်ယာပစ္စည်းတွေကို ဆန်းသစ်ထုတ်လုပ်လာပေမဲ့ အလယ် ခေတ်ကာလက ထူးထူးခြားခြားပြောင်းလဲသွားတာကတော့ ကြီးမားတဲ့ထယ်တွေကို အသုံးပြုလာကြခြင်းဖြစ်ပါတယ်။

(၄) သဲနာရီအစား ချိန်သီးနာရီတွေကို အစားထိုးခဲ့

ချိန်သီးနာရီ မပေါ်ခင်က တော့ လူသားတွေဟာ အချိန်ကိုသိရှိရန် နေနာရီ၊ သဲနာရီတွေကို အဆင့်ဆင့်ပြုလုပ် တီထွင်အသုံးပြုခဲ့ကြတာကိုလည်း တွေ့ရှိနိုင်ပါတယ်။ သဲနာရီတွေဟာ ထပ်တလဲလဲ ပြန်လည်အသုံးပြုနိုင်ပြီး ဈေးပေါတာကြောင့် လူတန်းစားမရွေး ဝယ်ယူအသုံးပြုခဲ့ကြပါတယ်။ အေဒီ ၁၃၀၀ ဝန်းကျင်ကာလတွေမှာတော့ ချိန်သီးနာရီ ကဲ့သို့သော စက်နာရီတွေပေါ်လာခဲ့ပြီး နေရာအနည်းငယ်မှာ သဲနာရီတွေနေရာအတွက် အစားထိုးသုံးစွဲခဲ့ကြပါတယ်။  (၁၅)ရာစုရောက်ချိန်မှာတော့ ဥရောပက နေရာတော်တော်များများမှာ အဲဒီနာရီတွေကိုပဲ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲကြပါတော့တယ်။

(၅) ငွေစက္ကူထုတ်လုပ်အသုံးချမှု

မှတ်တမ်းတွေအရတော့ ပထမဆုံးသောငွေစက္ကူကို (၁၁)ရာစုက တရုတ်နိုင်ငံအတွင်း မှာစတင်အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ ယင်းကာလကငွေကြေးဟာ ဒေသအပိုင်းအခြားနဲ့ထုတ်လုပ်တာဖြစ်တာကြောင့် နိုင်ငံနဲ့အဝှမ်းအသုံးပြုနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ဒါအပြင် ရှေးတရုတ်လူမျိုးတွေဟာ ငွေပေးချေရေး ကတိစာချုပ်တွေကိုပါ ယင်းအချိန်တည်းကစတင်အသုံးပြုခဲ့ကြပြီး နောက်ပိုင်းမှာငွေစက္ကူအစား အဖိုးတန် သတ္ထုဒင်္ဂါးတွေကိုပြောင်းလဲ သုံးစွဲလာခဲ့ကြပါတယ်။ မာကိုပိုလိုဟာ သူ့ရဲ့ အာရှခရီးစဉ်မှတ်တမ်းမှာတော့ အရှေတိုင်းကငွေကြေးသုံးစွဲမှုစနစ်ကို ရေးသားခဲ့ပေမယ့် ၁၆၀၀ ခုနှစ်ဝန်းကျင်တိုင်အောင် ဒီငွေကြေးစနစ်ကို ဥရောပမှာ တွင်ကျယ်စွာ မသုံးစွဲခဲ့ကြသေးပါဘူး။

(၆)သဲနာရီရဲ့အရေးပါမှု

သဲနာရီတွေဟာ ဥရောပမှာ(၈)ရာစုလောက်ကတည်းက တီထွင်သုံးစွဲလာကြပေမဲ့ (၁၄)ရာစုလောက်ရောက်ရှိချိန်မှသာ လူသိများလာခဲ့တာဖြစ်ပါတယ်။ ယခင်အသုံးပြု နေတဲ့ နေနာရီနေရာကိုအစားထိုးဝင်ရောက်လာခဲ့တဲ့ သဲနာရီတွေကို ပင်လယ်အတွင်း ရက်ရှည်ခရီးသွားတဲ့ အခါမှာ အဓိကသုံးစွဲခဲ့ကြပါတယ်။ (၁၅)ရာစုရောက်ချိန်မှာတော့ ပင်လယ်ကူးသင်္ဘောအားလုံးနီးပါးမှာ သဲနာရီတွေရှိနေပြီ ဖြစ်ပြီး နောက်ပ်ိုင်း ခရစ်ယာန်ဘုရားကျောင်းနဲ့ စက်မှုလုပ်ငန်းအလုပ်ရုံတွေမှာတောင် သဲနာရီတွေဟာ နေရာယူလာကြပါတယ်။ သဲနာရီတွေဟာ ယင်းထက်စောပေါ်တဲ့ နေနာရီထက် အချိန်ကိုတိတိကျကျ ဖော်ပြနိုင်ပြီး ထပ်တလဲလဲပြန်လည်အသုံးပြုနိုင်တာ ကြောင့် လူကြိုက်များထင်ရှားခဲ့ပါတယ်။ သဲနာရီတွေနဲ့အပြိုင် ချိန်သီးနာရီတွေပေါ်လာသည့် တိုင်အောင် သဲနာရီတွေရဲ့အခန်းကဏ္ဍဟာ အရေးပါဆဲဖြစ်ခဲ့ပါတယ်။

(၇)ယမ်းမှုန့်တွေကြောင့် ပြောင်းလဲခဲ့ရတဲ့ကမ္ဘာမြေပုံတွေ

ဗြိတိန်လူမျိုးအတွေးအခေါ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Roger Bacon ဟာ ကမ္ဘာအရပ်ရပ်ကို လှည့်လည်သွားလာရင်း (၁၃)ရာစုမှာတော့ ယမ်းမှုန့်ထုတ်လုပ်တဲ့နည်းပညာကို ဥရောပ ကိုစတင်ယူဆောင်လာပါတယ်။ ယမ်းမှုန့်ထုတ်လုပ်တဲ့နည်းပညာကို တရုတ်လူမျိုးတွေ က(၉)ရာစုလောက်ကတည်းက စတင်တွေ့ရှိခဲ့တာကြောင့် အဲဒီနည်းပညာရပ်ရဲ့ ပင်ရင်း ဟာ တရုတ်လူမျိုးတွေဖြစ်ပြီး Roger Bacon က ဆင့်ပွားယူဆောင်ခဲ့တာဖြစ်ပါတယ်။ တစ်ချို့ကလည်း ယမ်းမှုန့်ထုတ်လုပ်တဲ့နည်းပညာကို ဥရောပတိုက်ကိုကျူးကျော်ခြေချခဲ့တဲ့ မွန်ဂိုတွေက ယူဆောင်လာခဲ့တာဖြစ်တယ်လို့ ထောက်ပြပြောဆိုမှုတွေရှိခဲ့ပါတယ်။ အဲဒီကိစ္စဟာယနေ့တိုင် သမိုင်းဆရာတွေအကြားငြင်းစရာအနေအထား ဖြစ်နေပေမဲ့ ယင်းနောက်ပိုင်း ယင်းယမ်းမှုန့်နည်းပညာကို အဆင့်မြှင့်တင်ပြီး လက်နက်သဖွယ် ဖန်တီးယူခဲ့တဲ့ အင်္ဂလိပ်၊ပြင်သစ်၊ ဟော်လန်တို့ရဲ့ လက်နက်အားကိုးတဲ့ နယ်ချဲ့မှုတွေကြောင့် ကမ္ဘာတစ်လွှား နိုင်ငံတွေရဲ့ တည်နေရာ မြေပုံတွေ ပြောင်းလဲသွားခဲ့ရတာတော့ အမှန်ဖြစ်ပါတယ်။

(၈) ပထမဆုံး သတ္ထု နဲ့ ဖန်ချက်ဖို

ယနေ့အချိန်မှာ သတ္ထုနဲ့ဖန်ချက်လုပ်ငန်းဟာ အိမ်သုံးပစ္စည်းတွေထုတ်လုပ်ဖို့နဲ့ အခြား စက်မှုလုပ်ငန်းတွေအတွက် အလွန်အရေးပါတဲ့ လုပ်ငန်းတွေအဖြစ်ရပ်တည်နေပါတယ်။ ပထမဆုံးသော သတ္ထုနဲ့ဖန်ချက်ဖိုတွေကိုတော့ ဥရောပရဲ့ ဂျာမနီနဲ့ ဆွစ်ဇာလန်နိုင်ငံတွေ မှာစတင်တည်ဆောက်ခဲ့တယ်လို့ မှတ်တမ်းတွေရှိခဲ့ပါတယ်။ တစ်ချို့ကလည်း တရုတ် နိုင်ငံမှာ (၁)ရာစုလောက်ကတည်းက ဖန်ထည်နဲ့သတ္ထုချက်ဖိုတွေရှိနေခဲ့တယ်လို့ ဆိုကြပါတယ်။ (၁၂၀၀)ပြည့်နှစ်ရောက်ချိန်မှ ဥရောပရဲ့ ဖန်ထည်နဲ့ သတ္ထုချက်ဖိုတွေ စတင်ပေါ်ပေါက် လာခဲ့ကြပြီး ယနေ့ခေတ်သတ္ထုနဲ့ဖန်ချက်လုပ်ငန်းခွင်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အတော်လေးနိမ့်ကျတဲ့ အနေအထားကိုမြင်တွေ့ရမှာပါ။ ယင်းခေတ်ကာလက ထင်ရှားတဲ့ သတ္ထုနဲ့ဖန်ချက်ဖိုတွေကတော့ ဆွစ်ဇာလန်နိုင်ငံမှာရှိခဲ့တဲ့ Durstel ၊ Lapphyttan နဲ့ ဂျာမနီနိုင်ငံမှာရှိတဲ့ Sauerland တို့ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ အဲဒီ သတ္ထုနဲ့ဖန်ချက်ဖိုရုံ တွေထက်ပိုစောတဲ့ စက်ရုံကတော့ အေဒီ(၁၁၀၀)မှာ ဆွီဒင်နိုင်ငံမှာ ဖွင့်လှစ်ခဲ့တဲ့ Jarnboas သတ္ထုနဲ့ဖန်ချက်ဖိုဖြစ်တယ်လို့ သိရပါတယ်။

(၉)အလယ်ခေတ်ရောက်ချိန်မှာ ပေါ်လာတဲ့အရက်ချက်လုပ်ငန်း

အေဒီ(၇)ရာစုရောက်ချိန်မှာတော့ အရက်ချက်စက်ရုံ တွေစတင်ပေါ်ပေါက် လာခဲ့ပါတယ်။ သမိုင်းဆရာတွေကတော့ အရက်ချက်လုပ်ငန်းတွေဟာ မွန်ဂိုတွေဆီက နေစတင် ပေါ်ပေါက်လာကြတယ်လို့ဆိုကြပြီး အရည်ကိုပေါင်းခံပြီးအေးခဲစေကာ အရည်မှာပါရှိတဲ့ Crystals တွေကို ဖယ်ထုတ်ခဲ့ကြပါတယ်။ အဲဒီစက်ရုံတွေကနေ ထွက်ပေါ်လာတဲ့ အရက်ကတော့ သန့်စင်မှုအပိုင်းမှာတော့ အားနည်းမှုရှိပြီး ဦးဆောင် လုပ်ကိုင်သူတွေက ဆက်လက်ကြံဆခဲ့ပါတယ်။ ယနေ့အရက်ပေါင်းအိုး/အရက်ဖိုလို့ လူသိများကြတဲ့ရုံတွေကိုတော့ အထက်ပါနည်း ပညာတွေကိုပဲ အခြေခံပြီး အီရတ်နိုင်ငံသား စွယ်စုံပညာရှင်တစ်ဦးဖြစ်တဲ့ Al-Kindi က(၈)ရာစုကနေ(၉)ရာစုအကြားမှာ စတင်တီထွင်ခဲ့ပါတယ်။ ဒါပေမယ့် အရက်ထုတ်လုပ်တဲ့အကြောင်းနဲ့ပတ်သက်ပြီး အခြားကွဲပြားတဲ့ သမိုင်းဆိုင်ရာအထောက်အထား များစွာရှိနေတာမို့ သမိုင်းဆရာတွေအကြားယနေ့တိုင် အငြင်းပွားစရာတွေဖြစ်နေတုန်းပါပဲ။ Al-Kindi တီထွင်မှုဟာမကြာခင်မှာ ဥရောပကိုပျံနှံ့သွားခဲ့ပြီး(၁၂)ရာစု လောက်မှာတော့ Salerno မြို့က လောကဓာတ်ကျောင်းတွေမှာ အီတလီဆိုတဲ့နာမည်တဲ့ စတင်ဖော်ပြခြင်းခံခဲ့ရပါတယ်။ များစွာသော သမိုင်းပညာရှင်တွေကတော့ ယနေ့အသုံးပြု နေတဲ့ အရက်ချက် လုပ်တဲ့နည်းစနစ်အများစုဟာ (၁၃)ရာစုလောက် ကတည်းက ဥရောပမှ ာစတင်သန္ဓေတည်လာခဲ့တယ်လို့ ယုံကြည်ကြပါတယ်။

(၁၀) လက်တွန်းလှည်းတွေရဲ့အစ

ယနေ့အချိန်ထိ ကုန်ပစ္စည်းတစ်နိုင်တစ်ပိုင် သယ်ယူမှုတွေမှာ အသုံများနေဆဲဖြစ်တဲ့ လက်တွန်းလှည်းတွေကိုလည်း အလယ်ခေတ်က စတင်တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ရှေးတရုတ်လူမျိုးတွေနဲ့ ဂရိလူမျိုးတွေကလည်း လက်တွန်းလှည်းသဏ္ဍာန် ယာဉ်များစွာကို တီထွင်အသုံးပြုကြတဲ့အဆိုရှိကြပေမယ့် တိကျတဲ့မှတ်တမ်းတွေအရတော့ တစ်ဘီးတပ်လက်တွန်းလှည်းတွေကို (၁၂)ရာစုလောက်ကစတင်ပြီး ဥရောပမှာစတင် သုံးစွဲလာခဲ့ကြတယ် ဆိုတာပါ။ လက်တွန်းလှည်းတွေ တွင်ကျယ်အောင် အသုံးပြုလာကြခြင်းဟာ တိုးတက်လာတဲ့ လူနေမှုပုံစံကိုဖော်ပြရာရောက်ပါတယ်။ (၁၅)ရာစုရောက်ချိန်မှာတော့ ဥရောပက သတ္ထုတူးဖော်ရေးလုပ်ငန်းတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအထိ တစ်ဘီးတပ် လက်တွန်းလှည်းတွေကနေ လေးဘီးတပ်လက်တွန်းလှည်းတွေအထိ အဆင့်မြှင့်တင်ပြီးသုံးစွဲနေပြီ ဖြစ်ပါတယ်။

(၁၁) ဆောက်လုပ်မှုပုံစံအသစ်

အလယ်ခေတ်ဆောက်လုပ်ရေးလုပ်ငန်းရဲ့ မှတ်တိုင်သစ်ကတော့ အဆောက်အအုံကြီး တွေကိုတစ်ခုနဲ့ တစ်ခုပေါင်းကူးပြီး တည်ဆောက်လာကြခြင်းဖြစ်ပါတယ်။ အဆောက်အဦးတစ်ခုရဲ့ ကိုယ်ထည်ကနေ နောက်တစ်ခုရဲ့ ကိုယ်ထည်ကိုပေါင်းစပ် ဆောက်လုပ်တဲ့ နည်းပညာဟာ (၁၂)ရာစုလောက်နေစတင်ပြီး Gothic ခရစ်ယာန်ဘုရားကျောင်းတွေမှာ စတင်တည်ဆောက်လာခဲ့ကြပါတယ်။ Flying buttresses လို့ခေါ်တဲ့ ဗိသုကာ လက်ရာကို တည်ဆောက်နိုင်ဖို့အတွက် အဆောက်အအုံ အတော်များများကို ပုံမှန်ထက် အတော်လေးမြင့်မားအောင်တည်ဆောက်လာကြတာကို လည်းအလယ်ခေတ်တစ်လျှောက်တွေ့မြင်နိုင်ပါတယ်။ ဒီအဆောက်အအုံတွေမှာ ပါးလွှာတဲ့နံရံတွေတပ်ဆပ်ထားပြီး အလွန်ကြီးမားတဲ့ ပြတင်းပေါက်တွေ ပါဝင်ပါတယ်။ ဒီလိုနည်းနဲ့တည်ဆောက်ခဲ့တဲ့ပုံစံဟာ ဥရောပရဲ့ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားတဲ့ လူအဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုတယ်လို့ ယင်းကာလက ခံယူထားကြပြီး နိုင်ငံတစ် နိုင်ငံနဲ့ တစ်နိုင်ငံအကြားဆောက်လုပ်မှုနည်းပညာရပ်တွေကတော့ ကွဲပြားပါတယ်။

(၁၂) ဗိုင်းငင်စက်

ဗိုင်းငင်စက် ကိုတော့ အေဒီ(၅)ရာစုကနေ(၁၀)ရာစုအတွင်းမှာ အိန္ဒိယနိုင်ငံက ပညာရှင်တွေကစတင်တီထွင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီကိရိယာ ဟာ ဥရောပကိုရောက်ရှိလာခဲ့ပြီးပိုးထည်ရက်လုပ်မှုလုပ်ငန်းအတွက် များစွာအကျိုး ဖြစ်ထွန်းစေခဲ့ပါတယ်။ ယင်းကာလက ဥရောပမှာရှိတဲ့အထည်ချုပ်လုပ်မှုလုပ်ငန်းအား လုံးကို အိန္ဒိယကလာတဲ့တီထွင်မှုက လွှမ်းမိုးသွားခဲ့ပြီး ဥရောပ စက်မှုတော်လှန်ရေး အတွင်းမှာတော့ Spinning Jenny နဲ့ Spinning Frame ကဲ့သို့ နည်းပညာတွေ ခေတ်စားလာခဲ့ပါတယ်။ယင်းကာလက ဒီကိရိယာတွေရဲ့ တည် ဆောက်ပုံအရ လူတစ်ဦးထက်ပိုလိုအပ်တာကြောင့် မျက်မှောက်ခေတ်မှာလိုတော့ လျှင်မြန်တဲ့ချုပ်လုပ်မှုပုံစံတော့မရှိပါဘူး။

(၁၃) ရေအား စွမ်းအင်ထုတ်ကိရိယာ

ပထမဆုံးသော ရေအားကနေ စွမ်းအင်ထုတ်ပေးတဲ့ ကိရိယာကိုတော့ အိုင်ယာလန်နိုင်ငံမှာ စတင်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ယခင်ကာလတွေကတည်းက လူသားတွေဟာ လေနဲ့ ရေစွမ်းအင်တွေကို ထုတ်ယူအသုံးပြုခဲ့ကြပေမဲ့ အလယ်ခေတ်ရောက်ချိန်မှာ တော့ ဒီရေအားကနေ စွမ်းအင်ထုတ်လုပ် အသုံးပြုတဲ့နည်းလမ်းကိုစတင် အသုံးပြုလာကြပါတယ်။ အိုင်ယာလန်မှာတော့ (၆)ရာစုလောက်ကနေစတင်ပြီး ရေဒလက်တွေကိုအသုံးပြုပြီး ဒီနည်းလမ်းဟာ ရှေးရောမတွေ ဗြိတိန်ကျွန်းစုကိုအခြေချစဉ်က ချန်ရစ်တဲ့ပညာရပ် ဖြစ်တယ်လို့ သမိုင်းပညာရှင်တွေကယူဆကြပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ အရှိန်အဟုန်ကောင်းကောင်းနဲ့ လည်ပတ်နိုင်တဲ့ Vertical Wheel တွေကိုအသုံးပြုလာ ကြပြီး ယင်းတည်ဆောက်ပုံတွေကို အိုင်ယာလန်နိုင်ငံ Waterford မြို့အနီးမှာရှိတဲ့ Kiloteran မှာယနေ့တိုင်တည်ရှိနေပါသေးတယ်။ လူသားတွေရဲ့ သဘာဝအရင်းအမြစ် ကနေစွမ်းအင်ထုတ်လုပ်တဲ့ နည်းလမ်းကို (၁၀၈၆)ခုနှစ်ကထုတ်ဝေတဲ့ နာမည်ကျော် Doomsday စာအုပ်မှာဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

(၁၄) တက်မတွေကို ဝက်အူရစ်ခံပြီးဖန်တီး

အလယ်ခေတ်ကာလက ရေကြောင်းဆက်သွယ်သွားလာရေးလုပ်ငန်းဟာ အတော် ရေးပါခဲ့ပြီး သင်္ဘောဦးပိုင်းကနေ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ ဝက်အူရစ်တွေပါရှိတဲ့ တက်မတွေကိုစတင်တည်ဆောက်ခဲ့ကြပါတယ်။ ယင်းမတိုင်ခင်ကာလတွေတုန်းက တော့ ရေကြောင်းသွားလာနေသူတွေဟာ ရွတ်တိုက်ခြင်း၊ သာမန်ပဲ့ထိန်းတက်မတွေနဲ့ လှေတက်များစွာ ကိုအသုံးပြုပြီး စွန့်စားသွားလာခဲ့ကြပါတယ်။ (၁၂)ရာစုလောက်မှာ တော့ ရေယာဉ်အများစုမှာ ပဲ့ထိန်းနည်းစနစ်သစ်တွေကိုတပ်ဆင်ပြီးဖြစ်ပြီး ရေကြောင်း ဆက်သွယ်သွားလာရေးလုပ်ငန်းတွေလည်း အလွန်တိုးတက်လာခဲ့ပါတယ်။ ယင်းကာလက ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေဟာ ရေကြောင်းကိုအဓိက အားထားပြီး ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ကြရပါတယ်။ နောက်ပိုင်းမှာတော့ရေကြောင်းဆက်သွယ်သွားလာရေးဟာ ဥရောပမှာအလွန်အရေးပါတဲ့ လုပ်ငန်းဖြစ်လာပြီး ပင်လယ်ရပ်ခြားကုန်သွယ်မှုတွေ အပါအဝင် စွန့်စားသွားလာသူ တွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

(၁၅) မျက်မှန်

မျက်မှန်ကို စတင်ပြုလုပ်ခဲ့သူကတော့ ယမ်းမှုန့်နည်းပညာကို ဥရောပကို သယ်ဆောင် လာတဲ့ ပြင်သစ်ဘုန်းတော်ကြီး Roger Bacon ပဲဖြစ်ပါတယ်။ သူဟာ(၁၃)ရာစုအစပိုင်း မှ ာမျက်မှန်ကို စတင်ဖန်တီးခဲ့တာဖြစ်ပြီး (၁၃)ရာစုကုန်ဆုံးချိန်မှာ အီတလီနိုင်ငံ ဖလော ရင့်မြို့က Alessandro Di Spina ကပြန်လည်ဆန်းသစ်ခဲ့ပါတယ်။ အချို့ကလည်း ဒေသစုံကိုလှည့်လည်သွားလာနေတဲ့ Giordana da Pisa အမည်ရတဲ့ Dominican ဘုန်းတော်ကြီးတစ်ပါးက မျက်မှန်ကိုဖန်တီးခဲ့တယ်လို့လည်းဆိုကြပါတယ်။ Giordana da Pisa ဟာ မျက်မှန်ကိုတီထွင်ရတာနဲ့ပတ်သက်ပြီး ခရစ်ယာန်ဘုရား ကျောင်းမှာ မှတ်တမ်းတစ်ခုချန်ခဲ့ပါတယ်။ သူရေးထားတဲ့မှတ်တမ်းအရ လွန်ခဲ့တဲ့ နှစ်(၂၀) လောက်ကတည်းက မျက်မှန်ကိုတီထွင်တဲ့နည်းကို စတင်သိရှိခဲ့ကြောင်းနဲ့ ဒီကိရိယာဟာ သာမန်ထက် မတူတဲ့ ခြားနားတဲ့အမြင်ကို ရရှိစေတယ်လို့သိရပါတယ်။ ဒီတီထွင်မှုဟာ ယနေ့ထက်တိုင်အလွန် အသုံးတည့်နေဆဲဖြစ်ပြီး ဖန်တီးသူတွေရဲ့ ရည်ရွယ်ချက်ဟာပြည့်မြောတ်ခဲ့ပြီလို့ ဆိုရပါမယ်။

(၁၆) ဝန်ချီစက်

ယင်းကာလက စတင်အသုံးပြုတဲ့ဝန်ချီစက်တွေကိုတော့ သစ်သားနဲ့ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး လူစွမ်းအားနဲ့ ပေါင်းစပ်အသုံးပြုခဲ့ရပါတယ်။ အလယ်ခေတ်ကာလက ဆောက်လုပ်ရေးလုပ်ငန်းတွေဖြစ်တဲ့ ရဲတိုက်နဲ့ ဘုရားရှိခိုးကျောင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ ဝန်ချီစက်တွေရဲ့အရေးပါမှုဟာ အတော်လေးထိရောက်ခဲ့ပါတယ်။ အေဒီ(၁၂၂၅)မှာတော့ ပြင်သစ်နိုင်ငံကဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှာဝန်ချီ စက်ကိုစတင်သုံးစွဲခဲ့ပါတယ်။ ယင်းနောက်ပိုင်းမှာ ဆိပ်ကမ်းတွေမှာ ကုန်တင်/ကုန်ချရန် အသုံးပြုလာပြီး သတ္ထုတူးဖော်ရေးလုပ်ငန်းတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝန်ချီစက်တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာခဲ့ပါတယ်။

(၁၇) အမြောက်လက်နက်ရဲ့စွမ်းပကား

အလယ်ခေတ်ရဲ့နောက်ထပ် ဖန်တီးမှုတစ်ခုကတော့ အမြောတ်လက်နက်တွေ ဖန်တီး နိုင်လာခြင်းပဲဖြစ်ပါတယ်။ မှတ်တမ်းတွေအရတော့ (၁၂)ရာစုမှာ တရုတ်လူမျိုးတွေက စတင်ဖန်တီးခဲ့ပြီး အေဒီ(၁၂၂၇)လောက်က ပြုလုပ်ခဲ့တဲ့ အမြောက်ကို တရုတ်နိုင်ငံ Sichuanဒေသမှာရှိတဲ့ Dazu Rock Carving မှာယနေ့တိုင်ပြသထားတာကိုတွေ့မြင်ရပါ တယ်။ ဒါအပြင် (၁၂၂၇)အေဒီက တည်ဆောက်ခဲ့တဲ့ နာမည်ကျော် Wuwei Bronzw Canon ၊(၁၂၈၈)အေဒီက တည်ဆောက်ခဲ့တဲ့ Heilongjiang hand cannon ၊ အေဒီ(၁၂၉၈)ကတည်ဆောက်ခဲ့တဲ့ Xanadu Gun တွေဟာ အလယ်ခေတ်တစ်လျှောက် ပေါ်ပေါက်အသုံးပြုခဲ့တဲ့ အမြောက် တွေအဖြစ်နာမည် ကျော်ပါတယ်။ ဒီအမြောက်နည်းပညာဟာ ဥရောပအရောက်မှာတော့ အလွန်လျှင်မြန်စွာ တိုးတက်လာပြီး အင်္ဂလိပ်တွေက ပြင်သစ်နဲ့တိုက်ခိုက်တဲ့ Battle of Crecy မှာ အမြောက်လက်နက်တွေကို အသုံးပြုပြီးတိုက်ခိုက်ခဲ့ပါတယ်။ နောက်ပိုင်း နယ်မြေသိမ်းတိုက်ပွဲတွေမှာတော့ အမြောက်လက်နက်ရဲ့စွမ်းပကားဟာ ဥရောပနိုင်ငံတွေရဲ့ ကိုလိုနီနယ်ပယ် ချဲ့ထွင်တည်ဆောက်ရာမှာ အရေးပါတဲ့ကဏ္ဍကနေပါဝင်လာပါတယ်။

(၁၈) အစောပိုင်း ကွန်ပျူတာမျိုးဆက်

Astrolabes လို့သိကြတဲ့ နက္ခတ်တာရာ ကြည့် ကိရိယာဟာ အလယ်ခေတ်က ကွန်ပျူတာ(analogue computer) တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ အဲဒီပစ္စည်းဟာ နက္ခတ်တာရာ လေ့လာလိုက်စားသတွေနဲ့ ရေကြောင်းပြသမားတွေအတွက်တော့အလွန်တန်ဖိုးမဖြတ် နိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး အဝေးကအကွာအဝေးတွေကို ဖော်ပြပေးပြီး နေရာညရော အသုံးပြုနိုင်ပါတယ်။ အစောဆုံးသော Astrolabes ကို အေဒီ(၅)ရာစုလောက်ကတည်းက စတင်အသုံးပြု လာကြပေမဲ့ အလယ်ရာစုရောက်ချိန်မှသာ Astrolabesတွေရဲ့အခန်းကဏ္ဍဟာ ပိုမိုပေါ်လွင်လာခဲ့ပါတယ်။

သုတဇုန်

Leave a Reply