ကမာၻ႔တန္ဖုိးအျမင့္ဆုံး ေငြစကၠဴတန္မ်ား

Posted on

တန္ဖုိးအမ်ားဆုံး နဲ႔ တန္ဖုိးအနည္းဆုံး ေငြေၾကးစနစ္ေတြအေၾကာင္းကို အရင္က တင္ခဲ့ၿပီးပါၿပီ။ ဒီတစ္ခါေတာ့ ဘယ္ႏုိင္ငံရဲ႕ ေငြစကၠဴဘယ္ေလာက္တန္က တန္ဖုိးအျမင့္ဆုံးလဲ ဆုိတာကို သုတဇုန္ မိတ္ေဆြမ်ားအတြက္ ဗဟုသုတ အေနနဲ႔ မွ်ေ၀သြားပါမယ္။

ကမာၻေပၚမွာ တန္ဖုိးအမ်ားဆုံး ေငြေၾကးစနစ္ကေတာ့ ကူ၀ိတ္ႏုိင္ငံရဲ႕ ဒင္နာ ျဖစ္ပါတယ္။ ကူ၀ိတ္ ၁ဒင္နာ ဟာ အေမရိကန္ေဒၚလာ ၃.၃၃ေဒၚလာနဲ႔ ညီပါတယ္။ ဒါေပမယ့္ ေငြစကၠဴအေနနဲ႔ ၂၀ ဒင္နာတန္ အထိပဲရွိပါတယ္။ အေမရိကန္မွာဆုိရင္ ၁၀၀ ေဒၚလာ တန္အထိရွိပါတယ္။ UK ရဲ႕ ေပါင္စတာလင္ ဆုိရင္လည္း ၁၀၀တန္ အထိရွိပါတယ္။(ေပါင္စတာလင္မွာေတာ့ ၁၀၀ တန္ကို သိပ္မေတြ႔ရပဲ ၅၀တန္ေတြကုိပဲ ေတြ႔ရေလ့ရွိပါတယ္)။ အခုမွ်ေ၀သြားမွာကေတာ့ အဲဒါေတြထက္ တန္ဖုိးပုိျမင့္တဲ့ ေငြစကၠဴတန္ေတြအေၾကာင္းပါ။

၇။ ၁သိန္းတန္ အာေမးနီးယန္း ေငြစကၠဴ
100,000 ARMENIAN DRAM (AMD) = $207

နံပါတ္ ၇ တန္ဖုိးအျမင့္ဆုံး ေငြစကၠဴေနရာမွာ ရွိေနတာကေတာ့ အာေမးနီးယန္းႏုိင္ငံငယ္ေလးရဲ႕ ၁သိန္း ေငြစကၠဴျဖစ္ပါတယ္။ ေငြစကၠဴေပၚမွာေတာ့ ေအဒီ ၄၀ ၀န္းက်င္က ဘုရင္တစ္ပါးျဖစ္တဲ့ Abgar V ရဲ႕ပုံကုိေရးဆြဲထားၿပီး ဒီ ၁သိန္းတန္ေတြကုိ ၂၀၀၉ခုႏွစ္က စတင္ ရုိက္ႏွိပ္ထုတ္ေ၀ခဲ့တာျဖစ္ပါတယ္။ ဒီ အာေမးနီးယန္း ၁သိန္းတန္ဟာ အေမရိကန္ေဒၚလာနဲ႔တြက္မယ္ဆုိရင္ ၂၀၇ေဒၚလာ တန္ဖုိးရွိပါတယ္။

၆။ ၁ေထာင္တန္ ယူေအအီး ေငြစကၠဴ
1,000 EMIRATI DIRHAMS (AED) = $272

အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုႏုိင္ငံ ယူေအအီးရဲ႕ ဒါဟမ္ ၁ေထာင္တန္ျဖစ္ပါတယ္။ ၁၉၇၆ခုႏွစ္ကတည္းက ထုတ္လုပ္ခဲ့ပါတယ္။ ဒီေငြစကၠဴေပၚမွာေတာ့ ၿမဳိ႕ေတာ္ အဘူဒါဘီရဲ႕ ေရွးအက်ဆုံးေက်ာက္တုံး အေဆာက္အဦးျဖစ္တဲ့ Qasr al-Hosn ရဲ႕ပုံကုိ ရုိက္ႏွိပ္ထားပါတယ္။ သူ႔ရဲ႕တန္ဖုိးကေတာ့ အေမရိကန္ေဒၚလာ ၂၇၂ေဒၚလာ နဲ႔ ညီမွ်ပါတယ္။

၅။ ယူရုိ ၅၀၀တန္
500 EUROPEAN UNION EUROS (EUR) = $620

ယူရုိေငြေၾကးစနစ္ရဲ႕ အျမင့္ဆုံးျဖစ္တဲ့ ယူရုိ ၅၀၀ တန္ ေငြစကၠဴေတြကုိေတာ့ ၂၀၀၂ ခုႏွစ္ကေန ၂၀၁၄ခုႏွစ္အထိ ရုိက္ႏွိပ္ထုတ္ေ၀ခဲ့ပါတယ္။ အခုထိတုိင္လည္း ေစ်းကြက္အတြင္းမွာ လည္ပတ္သုံးစြဲေနဆဲပါ။ ၅၀၀တန္ ယူရုိေငြစကၠဴရဲ႕ အေရွ႕ဘက္မွာေတာ့ ၂၀ရာစု ေခတ္သစ္အေဆာက္အဦးတစ္ခုရဲ႕ပုံပါၿပီး အေနာက္ဘက္မွာေတာ့ စပိန္နဲ႔ ေပၚတူဂီကုိ ဆက္သြယ္ထားတဲ့ Guadiana တံတားပုံသ႑ာန္ကုိ ေရးဆြဲထားပါတယ္။  ၾသစႀတီးယား ဒီဇုိင္းပညာရွင္ Robert Kalina ရဲ႕လက္ရာေတြပါ။ ယူရုိ ၅၀၀တန္ကေတာ့ အေမရိကန္ေဒၚလာ ၆၂၀ တန္ဖုိးရွိပါတယ္။

၄။ ၁ေထာင္တန္ စင္ကာပူေဒၚလာ
1,000 SINGAPORE DOLLARS (SGD) = $765

စင္ကာပူဟာ ၁၉၆၇ခုႏွစ္မွ အေၾကြေစ့ နဲ႔ ေငြစကၠဴေတြကုိ စတင္ထုတ္လုပ္သုံးစြဲခဲ့တာပါ။ ဒီမတုိင္ခင္ကေတာ့ မေလးရွားေငြေၾကးစနစ္ကိုပဲ သုံးစြဲခဲ့ပါတယ္။ ၁၉၆၇ခုႏွစ္ကေန ၁၉၇၆ခုႏွစ္အထိ စင္ကာပူ ၁ေဒၚလာတန္ကေန စလုိ႔ ေငြစကၠဴ ၉ မ်ဳိးကုိရုိက္ႏွိပ္ခဲ့ပါတယ္။ ၁ေထာင္တန္ စင္ကာပူေဒၚလာကေတာ့ သုံးစြဲမႈ အနည္းငယ္ရွားတဲ့အထဲမွာ ပါ၀င္ပါတယ္။ ေငြစကၠဴေပၚမွာေတာ့ စင္ကာပူေဒၚလာေတြ ထုံးစံအတုိင္း စင္ကာပူရဲ႕ ပထမဆုံး သမၼတ Yusof Ishak ရဲ႕ ပုံကုိ ရုိက္ႏွိပ္ထားပါတယ္။ သူ႔ရဲ႕တန္ဖုိးကေတာ့ အေမရိကန္ေဒၚလာ ၇၆၅ ျဖစ္ပါတယ္။

၃။ ၁၀၀၀တန္ ဆြစ္ဖရန္႔
1,000 SWISS FRANCS (CHF) = $1,068

နံပါတ္ ၃ ေနရာမွာ ရွိေနတာကေတာ့ ဆြစ္ဖရန္႔ ၁၀၀၀ တန္ပါ။ ဆြစ္ဇာလန္ႏုိင္ငံအျပင္ လစ္ခ်္တင္စတိန္းႏုိင္ငံမွာပါ သုံးစြဲပါတယ္။ ဆြစ္ဇာလန္ဟာ ၁၉၀၇ခုႏွစ္ကတည္းက စတင္လုိ႔ ေငြစကၠဴေတြကို ရုိက္ႏွိပ္ခဲ့တာပါ။ လက္ရွိ ၁၀၀၀ တန္ ကိုေတာ့ ၁၉၉၈ခုႏွစ္မွာ ျပန္လည္ရုိက္ႏွိပ္ခဲ့တာပါ။ ဒီေငြစကၠဴေပၚမွာေတာ့ ဆြစ္လူမ်ဳိး အႏုပညာ ၊ ယဥ္ေက်းမႈ နဲ႔ သမုိင္းပညာရွင္ Jacob Burckhardt ရဲ႕ပုံကို ရုိက္ႏွိပ္ထားပါတယ္။ ဆြစ္ ၁၀၀၀ တန္ဟာ အေမရိကန္ေဒၚလာ ၁၀၆၈ေဒၚလာ နဲ႔ ညီမွ်ပါတယ္။

၂။ ၁ေသာင္းတန္ ဘရူႏုိင္းေဒၚလာ
10,000 BRUNEI DOLLARS (BND) = $7,645

စဥ္ထားလုိ႔သာ နံပါတ္ ၂ ေရာက္ေနေပမယ့္ နံပါတ္ ၁ နဲ႔ တန္ုဖုိးခ်င္းအတူတူပါပဲ။ အေရွ႕ေတာင္အာရွက ၾကြယ္၀တဲ့ႏုိင္ငံတစ္ခုျဖစ္တဲ့ ဘရူႏုိင္းဟာ အေၾကြေစ့နဲ႔ ေငြစကၠဴေတြကို ၁၉၆၇ခုႏွစ္မွာမွ ထုတ္လုပ္ႏုိင္ခဲ့တာပါ။ စစခ်င္းမွာ ၁ ေဒၚလာကေန ၁၀၀တန္အထိပဲ ရုိက္ႏွိပ္ခဲ့ပါတယ္။ ဘရူႏုိင္းေဒၚလာ ၁ေသာင္းတန္ကုိေတာ့ ၁၉၈၉ခုႏွစ္မွ ထုတ္လုပ္ခဲ့တာပါ။ ဘရူႏုိင္းေငြစကၠဴေတြရဲ႕ထုံးစံအတုိင္း ဆူလ္တန္ဘုရင္ Hassanal Bolkiah ရဲ႕ပုံကုိ ရုိက္ႏွိပ္ထားပါတယ္။ သူ႔ရဲ႕တန္ဖုိးကေတာ့ အေမရိကန္ေဒၚလာ ၇၆၄၅ ပါ။

၁။ ၁ေသာင္းတန္ စင္ကာပူေဒၚလာ
10,000 SINGAPORE DOLLARS (SGD) = $7,645

လက္ရွိသုံးစြဲေနဆဲ ကမာၻ႔တန္ဖုိးအႀကီးဆုံးေငြစကၠဴေနရာမွာေတာ့ ဘရူႏုိင္း ၁ေသာင္းတန္ နဲ႔ အတူတူ စင္ကာပူ ၁ေသာင္းတန္ ေငြစကၠဴက ရပ္တည္ေနပါတယ္။ သုံးစြဲေနဆဲျဖစ္ေပမယ့္ အနည္းငယ္ရွားတဲ့ ေငြစကၠဴျဖစ္ပါတယ္။ ဒီ ၁ေသာင္းတန္ စင္ကာပူေဒၚလာ ေငြစကၠဴရဲ႕ အရြယ္အစားကေတာ့ တျခားစင္ကာပူေငြစကၠဴေတြထက္ ပုိႀကီးၿပီး 180 × 90 mm အရြယ္အစားရွိပါတယ္။ ၁၉၉၉ ခုႏွစ္မွာ ၄ႀကိမ္ေျမာက္ထုတ္လုပ္ခဲ့တဲ့ ဒီ ၁ေသာင္းတန္ေဒၚလာရဲ႕ ေပၚမွာလည္း စင္ကာပူ ပထမဆုံး သမၼတ Yusof Ishak ရဲ႕ ပုံကုိပဲ ရုိက္ႏွိပ္ထားပါတယ္။ သူ႔ရဲ႕တန္ဖုိးကေတာ့ အေမရိကန္ေဒၚလာ ၇၆၄၅ နဲ႔ ညီမွ်ပါတယ္။

ဒါေတြကေတာ့ လက္ရွိ ကမာၻ႔တန္ဖုိးအျမင့္ဆုံး ေငြစကၠဴ ၇ မ်ဳိးရဲ႕ အေၾကာင္းပါ။

သုတဇုန္

——————-

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေစက္ကူတန်များ (unicode)

တန်ဖိုးအများဆုံး နဲ့ တန်ဖိုးအနည်းဆုံး ငွေကြေးစနစ်တွေအကြောင်းကို အရင်က တင်ခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ ဘယ်နိုင်ငံရဲ့ ငွေစက္ကူဘယ်လောက်တန်က တန်ဖိုးအမြင့်ဆုံးလဲ ဆိုတာကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ မျှဝေသွားပါမယ်။

ကမ္ဘာပေါ်မှာ တန်ဖိုးအများဆုံး ငွေကြေးစနစ်ကတော့ ကူဝိတ်နိုင်ငံရဲ့ ဒင်နာ ဖြစ်ပါတယ်။ ကူဝိတ် ၁ဒင်နာ ဟာ အမေရိကန်ဒေါ်လာ ၃.၃၃ဒေါ်လာနဲ့ ညီပါတယ်။ ဒါပေမယ့် ငွေစက္ကူအနေနဲ့ ၂၀ ဒင်နာတန် အထိပဲရှိပါတယ်။ အမေရိကန်မှာဆိုရင် ၁၀၀ ဒေါ်လာ တန်အထိရှိပါတယ်။ UK ရဲ့ ပေါင်စတာလင် ဆိုရင်လည်း ၁၀ဝတန် အထိရှိပါတယ်။(ပေါင်စတာလင်မှာတော့ ၁၀၀ တန်ကို သိပ်မတွေ့ရပဲ ၅ဝတန်တွေကိုပဲ တွေ့ရလေ့ရှိပါတယ်)။ အခုမျှဝေသွားမှာကတော့ အဲဒါတွေထက် တန်ဖိုးပိုမြင့်တဲ့ ငွေစက္ကူတန်တွေအကြောင်းပါ။

၇။ ၁သိန်းတန် အာမေးနီးယန်း ငွေစက္ကူ
100,000 ARMENIAN DRAM (AMD) = $207

နံပါတ် ၇ တန်ဖိုးအမြင့်ဆုံး ငွေစက္ကူနေရာမှာ ရှိနေတာကတော့ အာမေးနီးယန်းနိုင်ငံငယ်လေးရဲ့ ၁သိန်း ငွေစက္ကူဖြစ်ပါတယ်။ ငွေစက္ကူပေါ်မှာတော့ အေဒီ ၄၀ ဝန်းကျင်က ဘုရင်တစ်ပါးဖြစ်တဲ့ Abgar V ရဲ့ပုံကိုရေးဆွဲထားပြီး ဒီ ၁သိန်းတန်တွေကို ၂၀၀၉ခုနှစ်က စတင် ရိုက်နှိပ်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဒီ အာမေးနီးယန်း ၁သိန်းတန်ဟာ အမေရိကန်ဒေါ်လာနဲ့တွက်မယ်ဆိုရင် ၂၀၇ဒေါ်လာ တန်ဖိုးရှိပါတယ်။

၆။ ၁ထောင်တန် ယူအေအီး ငွေစက္ကူ
1,000 EMIRATI DIRHAMS (AED) = $272

အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ ယူအေအီးရဲ့ ဒါဟမ် ၁ထောင်တန်ဖြစ်ပါတယ်။ ၁၉၇၆ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့ပါတယ်။ ဒီငွေစက္ကူပေါ်မှာတော့ မြို့တော် အဘူဒါဘီရဲ့ ရှေးအကျဆုံးကျောက်တုံး အဆောက်အဦးဖြစ်တဲ့ Qasr al-Hosn ရဲ့ပုံကို ရိုက်နှိပ်ထားပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၂၇၂ဒေါ်လာ နဲ့ ညီမျှပါတယ်။

၅။ ယူရို ၅၀ဝတန်
500 EUROPEAN UNION EUROS (EUR) = $620

ယူရိုငွေကြေးစနစ်ရဲ့ အမြင့်ဆုံးဖြစ်တဲ့ ယူရို ၅၀၀ တန် ငွေစက္ကူတွေကိုတော့ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိ ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ အခုထိတိုင်လည်း ဈေးကွက်အတွင်းမှာ လည်ပတ်သုံးစွဲနေဆဲပါ။ ၅၀ဝတန် ယူရိုငွေစက္ကူရဲ့ အရှေ့ဘက်မှာတော့ ၂ဝရာစု ခေတ်သစ်အဆောက်အဦးတစ်ခုရဲ့ပုံပါပြီး အနောက်ဘက်မှာတော့ စပိန်နဲ့ ပေါ်တူဂီကို ဆက်သွယ်ထားတဲ့ Guadiana တံတားပုံသဏ္ဍာန်ကို ရေးဆွဲထားပါတယ်။  ဩစတြီးယား ဒီဇိုင်းပညာရှင် Robert Kalina ရဲ့လက်ရာတွေပါ။ ယူရို ၅၀ဝတန်ကတော့ အမေရိကန်ဒေါ်လာ ၆၂၀ တန်ဖိုးရှိပါတယ်။

၄။ ၁ထောင်တန် စင်ကာပူဒေါ်လာ
1,000 SINGAPORE DOLLARS (SGD) = $765

စင်ကာပူဟာ ၁၉၆၇ခုနှစ်မှ အကြွေစေ့ နဲ့ ငွေစက္ကူတွေကို စတင်ထုတ်လုပ်သုံးစွဲခဲ့တာပါ။ ဒီမတိုင်ခင်ကတော့ မလေးရှားငွေကြေးစနစ်ကိုပဲ သုံးစွဲခဲ့ပါတယ်။ ၁၉၆၇ခုနှစ်ကနေ ၁၉၇၆ခုနှစ်အထိ စင်ကာပူ ၁ဒေါ်လာတန်ကနေ စလို့ ငွေစက္ကူ ၉ မျိုးကိုရိုက်နှိပ်ခဲ့ပါတယ်။ ၁ထောင်တန် စင်ကာပူဒေါ်လာကတော့ သုံးစွဲမှု အနည်းငယ်ရှားတဲ့အထဲမှာ ပါဝင်ပါတယ်။ ငွေစက္ကူပေါ်မှာတော့ စင်ကာပူဒေါ်လာတွေ ထုံးစံအတိုင်း စင်ကာပူရဲ့ ပထမဆုံး သမ္မတ Yusof Ishak ရဲ့ ပုံကို ရိုက်နှိပ်ထားပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၇၆၅ ဖြစ်ပါတယ်။

၃။ ၁၀၀ဝတန် ဆွစ်ဖရန့်
1,000 SWISS FRANCS (CHF) = $1,068

နံပါတ် ၃ နေရာမှာ ရှိနေတာကတော့ ဆွစ်ဖရန့် ၁၀၀၀ တန်ပါ။ ဆွစ်ဇာလန်နိုင်ငံအပြင် လစ်ခ်ျတင်စတိန်းနိုင်ငံမှာပါ သုံးစွဲပါတယ်။ ဆွစ်ဇာလန်ဟာ ၁၉၀၇ခုနှစ်ကတည်းက စတင်လို့ ငွေစက္ကူတွေကို ရိုက်နှိပ်ခဲ့တာပါ။ လက်ရှိ ၁၀၀၀ တန် ကိုတော့ ၁၉၉၈ခုနှစ်မှာ ပြန်လည်ရိုက်နှိပ်ခဲ့တာပါ။ ဒီငွေစက္ကူပေါ်မှာတော့ ဆွစ်လူမျိုး အနုပညာ ၊ ယဉ်ကျေးမှု နဲ့ သမိုင်းပညာရှင် Jacob Burckhardt ရဲ့ပုံကို ရိုက်နှိပ်ထားပါတယ်။ ဆွစ် ၁၀၀၀ တန်ဟာ အမေရိကန်ဒေါ်လာ ၁၀၆၈ဒေါ်လာ နဲ့ ညီမျှပါတယ်။

၂။ ၁သောင်းတန် ဘရူနိုင်းဒေါ်လာ
10,000 BRUNEI DOLLARS (BND) = $7,645

စဉ်ထားလို့သာ နံပါတ် ၂ ရောက်နေပေမယ့် နံပါတ် ၁ နဲ့ တန်ုဖိုးချင်းအတူတူပါပဲ။ အရှေ့တောင်အာရှက ကြွယ်ဝတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ ဘရူနိုင်းဟာ အကြွေစေ့နဲ့ ငွေစက္ကူတွေကို ၁၉၆၇ခုနှစ်မှာမှ ထုတ်လုပ်နိုင်ခဲ့တာပါ။ စစချင်းမှာ ၁ ဒေါ်လာကနေ ၁၀ဝတန်အထိပဲ ရိုက်နှိပ်ခဲ့ပါတယ်။ ဘရူနိုင်းဒေါ်လာ ၁သောင်းတန်ကိုတော့ ၁၉၈၉ခုနှစ်မှ ထုတ်လုပ်ခဲ့တာပါ။ ဘရူနိုင်းငွေစက္ကူတွေရဲ့ထုံးစံအတိုင်း ဆူလ်တန်ဘုရင် Hassanal Bolkiah ရဲ့ပုံကို ရိုက်နှိပ်ထားပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၇၆၄၅ ပါ။

၁။ ၁သောင်းတန် စင်ကာပူဒေါ်လာ
10,000 SINGAPORE DOLLARS (SGD) = $7,645

လက်ရှိသုံးစွဲနေဆဲ ကမ္ဘာ့တန်ဖိုးအကြီးဆုံးငွေစက္ကူနေရာမှာတော့ ဘရူနိုင်း ၁သောင်းတန် နဲ့ အတူတူ စင်ကာပူ ၁သောင်းတန် ငွေစက္ကူက ရပ်တည်နေပါတယ်။ သုံးစွဲနေဆဲဖြစ်ပေမယ့် အနည်းငယ်ရှားတဲ့ ငွေစက္ကူဖြစ်ပါတယ်။ ဒီ ၁သောင်းတန် စင်ကာပူဒေါ်လာ ငွေစက္ကူရဲ့ အရွယ်အစားကတော့ တခြားစင်ကာပူငွေစက္ကူတွေထက် ပိုကြီးပြီး 180 × 90 mm အရွယ်အစားရှိပါတယ်။ ၁၉၉၉ ခုနှစ်မှာ ၄ကြိမ်မြောက်ထုတ်လုပ်ခဲ့တဲ့ ဒီ ၁သောင်းတန်ဒေါ်လာရဲ့ ပေါ်မှာလည်း စင်ကာပူ ပထမဆုံး သမ္မတ Yusof Ishak ရဲ့ ပုံကိုပဲ ရိုက်နှိပ်ထားပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၇၆၄၅ နဲ့ ညီမျှပါတယ်။

ဒါတွေကတော့ လက်ရှိ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေစက္ကူ ၇ မျိုးရဲ့ အကြောင်းပါ။

သုတဇုန်

 

Leave a Reply