ထူးဆန္းတဲ့အေရာင္မ်ဳိးစုံ နဲ႔ ေမာ္ရိုကို သဲကႏာၱရ

Posted on

ပံုကိုၾကည့္ၿပီးေတာ့ သဲကႏာၱရဟာ ေရာင္စုံျဖစ္ေနတယ္လုိ႔ ထင္မိေကာင္းထင္မိမွာပါ။ တကယ္ေတာ့ ဒီပုံေတြဟာ ပုံမွန္သဲကႏာၱရ တစ္ခုရဲ႕ မတူညီတဲ့ အခ်ိန္ေတြမွာ က်ေရာက္တဲ့ေနအလင္းေရာင္ကြဲျပားမႈကုိ အေျခခံၿပီး ဓာတ္ပုံဆရာ တစ္ေယာက္က လက္စြမ္းျပရုိက္ကူးထားတဲ့ ပုံေတြျဖစ္ပါတယ္။ အာဖရိကတိုက္ ေမာ္ရိုကိုနိုင္ငံရဲ့ သဲကႏာၱရေဒသကပံုရိပ္ေတြျဖစ္ျပီး သဘာဝပတ္ဝန္းက်င္ရဲ့ ရိုက္ခတ္မႈဟာ လူသားေတြအေပၚ အေတာ္ သက္ေရာက္မႈရွိျပီး အလင္းရဲ့ဆင့္ကဲ ျဖစ္စဥ္အခ်ိဳ႕ကေနပဲ သဘာဝေလာကၾကီးဟာ မူရင္းအေျခအေနနဲ႔ အေတာ္ကိုကြဲျပားသြားခဲ့ရပါတယ္။

အမွန္တကယ္လည္း ကမာၻေျမၾကီးရဲ့ အျပာေရာင္ေကာင္းကင္ဟာ သဲကႏာၱရအတြင္းရွိ သဲေတြကို အနီေရာင္၊ လိေမၼာ္ ေရာင္၊ ခရမ္းေရာင္အျဖစ္ ေျပာင္းလဲေပးနိုင္ပါတယ္။ ယခု ျမင္ေတြ႕ခဲ့ရတဲ့ပံုေတြဟာ အီတလီနိုင္ငံ၊မီလန္ျမိဳ႕ကဓာတ္ပံုဆရာ Luca Tomboli ရဲ့ လက္ရာေတြျဖစ္ျပီး ေနေရာင္ျခည္မွာရွိတဲ့ ကြဲျပားတဲ့ေရာင္စဥ္ေျပာင္းလဲမႈကို အေျခခံျပီး ရိုက္ကူးထားခဲ့တာပဲ ျဖစ္ပါတယ္။ ကမာၻေပၚကို က်ေရာက္တဲ့ေနေရာင္ျခည္ကိုပဲ ရႈေထာင့္ တစ္ေနရာတည္းကေန ကြဲျပားတဲ့ရိုက္ခ်က္ေတြကိုအသံုးျပဳျပီး ကႏာၱရေဒသမွာ လာေရာက္ရိုက္ကူးခဲ့တဲ့ဒီပံုေတြဟာ ျမင္ေတြ႔ရသူအဖို႔ အ့ံၾသမင္သက္ ခဲ့ရပါတယ္။

ေမာ္ရိုကိုိနိုင္ငံ အေရွေတာင္ပိုင္းမွာတည္ရွိတဲ့ Merzouga နဲ႔ Ouzina ေဒသေတြမွာ(၂၀၁၅)ခုနွစ္ေႏြရာသီက ရိုက္ ကူးခဲ့တဲ့ဒီပံုေတြဟာ ယေန႔အခ်ိိန္မွာေတာ့ ေမာ္ရိုကိုရဲ့ ခရီးသြားလုပ္ငန္းကို အေတာ္ေလးသက္ေရာက္မႈရွိေနပါျပီ။ ဓာတ္ပံုဆရာ Tomblini ဟာ မူလကသဲကႏာၱရ ရႈခင္းေတြကို မွတ္တမ္းတင္ဖို႔ရည္ရြယ္ခ်က္နဲ႔ ေရာက္ရွိလာခဲ့ရာမွ အလင္းရဲ့ေျပာင္းလဲမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ သဲကႏာၱရအေျခအေန ကိုစတင္သတိထားမိခဲ့ပါတယ္။

အထူးသျဖင့္ေနဝင္ခ်ိန္နဲ႔ ေနထြက္ခ်ိန္ေတြမွာ ျဖစ္ေပၚေလ့ရွိတဲ့ အလင္းေျပာင္းလဲမႈေတြကို မိမိရရ ရိုက္ကူးနိုင္ဖို႔ Tomblini ဆံုးျဖတ္ခဲ့ပါတယ္။ ဒါေၾကာင့္ Tombliniဟာ ေနဝင္ခိ်န္မတိုင္မီ (၄)နာရီအခ်ိန္ေလာက္ကတည္း က သူရဲ့ကင္မရာကို အဆင္သင့္တပ္ဆင္ျပီး ေစာင့္စားေနခဲ့ျပီး ရိုက္ကူးခဲ့ရပါတယ္။

Tomblini ရဲ့ပံုေတြဟာ လူမႈကြန္ယက္ကိုျဖန္႔ခ်ိလိုက္တဲ့အခ်ိန္ကတည္းက လူအမ်ားရဲ့ စိတ္ပါဝင္စားမႈကို အမ်ားအျပားရရွိခဲ့ျပီး ေနာက္ပိုင္းမွာ သတင္းဌာနေတြက လာေရာက္ ေမးျမန္းရေလာက္တဲ့ အထိေအာင္ျမင္လာခဲ့ပါတယ္။ နည္းပညာနဲ႔ဖန္တီးထားျခင္း မဟုတ္ပဲ သဘာဝအတိုင္းရိုက္ကူးခဲ့တဲ့ Tomblini ရဲ့ဓာတ္ပံုစီးရီးဟာ ပညာရွင္မ်ားစြာရဲ့ အသိအမွတ္ျပဳျခင္းကိုခံခဲ့ရပါတယ္။

Wertn သတင္းဌာနဲ႔ ေတြ႕ဆံုေမးျမန္းခန္းတစ္ခုမွာTombliniက ဒီလုိေျဖခဲ့ပါတယ္။

” ကၽြန္ေတာ္ေမာ္ရိုကို ကိုစေရာက္ေတာ့ ဒီနိုင္ငံရဲ့ ကႏာၱရရႈခင္းေတာ္ ေတာ္မ်ားမ်ားဟာ စြဲေဆာင္မႈရွိတယ္လို႔ ခံစားမိပါတယ္။ ကၽြန္ေတာ္က ျပဳျပင္ရယူထား တဲ့ပံုေတြထက္ သဘာဝအတိုင္းျဖစ္ေပၚတဲ့ပံုေတြကိုသာ မွတ္တမ္းတင္ရိုက္ကူးလိုတာပါ။ ဒါေၾကာင့္ ကားတစ္စီးနဲ႔ ေမာ္ရိုကိုရဲ့ ကႏာၱရေဒသေတာ္ေတာ္မ်ားမ်ားကို ခရီးထြက္ျပီး ရႈခင္းပံုေတာ္ေတာ္မ်ားမ်ားကို မွတ္တမ္းတင္ခဲ့ပါတယ္။

အလင္းနဲ႔ အေမွာင္ ၾကားရိုက္ကူးမႈေတြကို ယခင္တည္းကကၽြန္ေတာ္အၾကိမ္မ်ားစြာ ရိုက္ကူးခဲ့ဖူးပါတယ္။ ရႈခင္းနဲ႔ လူပံု(ဒါမွမဟုတ္)တြဲလ်က္အေနအထားေတြကိုေပါ့။ ပတ္ဝန္းက်င္ရဲ့ ေျပာင္းလဲ မႈဟာ အလင္းေရာင္ေၾကာင့္ဆိုတာ အေျခခံအားျဖင့္သိထားေပမဲ့ Merzouga နဲ႔ Ouzina ေဒသေတြက ကႏာၱရေတြမွာေတာ့ ကၽြန္ေတာ္ကိုယ္တိုင္ေတာင္ အ့ံၾသမင္သက္ရတဲ့ အဲဒီဓာတ္ပံုစီးရီးေတြကို ဖန္တီးနိုင္ခဲ့ပါတယ္။

ပံုေတြအားလံုးကိုေတာ့ ကႏာၱရအတြင္းက သဲေသာင္ခံုတစ္ခုေပၚမွာ (၄)နာရီေက်ာ္ၾကာေအာင္ ေစာင့္ဆိုင္းရင္းမွတ္တမ္းတင္ ခဲ့တာပါ။ ဒီအခ်ိန္တြင္းမွာ စားခ်ိန္၊ ေသာက္ခ်ိန္နဲ႔ မ်က္စိကို ေခတၱအနားေပးတဲ့ အခ်ိန္ေတြကလြဲလို႔ ပတ္ဝန္းက်င္ရႈခင္းကိုပဲအဓိက အာရံုစိုက္ခဲ့တာပါ။ ရိုက္ကူးေရး ကာလတစ္ခုလံုးမွာလည္း ကၽြန္ေတာ္ရဲ့ စိတ္အာရံုတစ္ခုလံုးဟာ ရိုက္ကူးရမယ့္ ပတ္၀န္းက်င္ အတြင္းမွာ နစ္ေျမာေနခဲ့ရတာပါ။

ေနေရာင္က ျဖာက်တဲ့ အလင္းဟာ တျဖည္းျဖည္းေျပာင္းလဲခ်ိန္မွာေတာ့ ကၽြန္ေတာ္လိုခ်င္တဲ့ ပံုေကာင္းေကာင္းေတြကို ရရွိနိုင္ျပီလို႔ ကၽြန္ေတာ္ဦးေနွာက္ကအခ်က္ျပခဲ့ျပီး ယခုျမင္ေတြ႔ေနရတဲ့ ေရာင္စုံ ကႏာၱရေတြကို မွတ္တမ္းတင္လိုက္နိုင္ပါတယ္။ ရိုက္ကူးေရးျပီးဆံုး ခ်ိန္မွာေတာ့ ေနအလင္းေရာင္ဟာ တစ္စြန္းတစ္စသာက်န္ေနခဲ့ျပီး ကၽြန္ေတာ္ကားမွာ တပ္ဆင္ထားတဲ့ GPSကို အသံုးျပဳျပီး တည္းခိုရာ ဟိုတယ္ကို ျပန္လာခဲ့ပါတယ္။”

Tomblini ဟာ နာမည္ေက်ာ္ သဘာဝဓာတ္ပံုဖန္တီးသူျဖစ္ျပီး ေမာ္ရိုကိုမွာသာမက အေမရိက အေရွပိုင္း အျခားအာဖရိကနိုင္ငံ၊ အေရွ႕အလယ္ပိုင္းေဒသေတြအထိ သြားေရာက္ျပီး ကႏာၱရရႈခင္းေတြကို ဖန္တီးမွတ္တမ္းတင္ခဲ့သူလည္း ျဖစ္ပါတယ္။ သူရဲ့ မိဘေတြကိုယ္တိုင္က ခရီးသြားဓာတ္ပံုဆရာေတြ ျဖစ္ၾကျပီး Tomblini ငယ္စဥ္က ပင္မိ ဘေတြရဲ့ ခရီးသြားမွတ္တမ္းေတြကို ေလ့လာရင္း ဓာတ္ပံုဆရာတစ္ေယာက္ျဖစ္လာဖို႔ ဝါသနာပါလာခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ပေရာ္ဖက္ရွင္နယ္ဓာတ္ပံုဆရာ တစ္ေယာက္ ျဖစ္လာခဲ့ျပီး သဘာဝလြန္ ပံုရိပ္ေတြအပါအဝင္၊ မ်ားစြာေသာ ဓာတ္ပံုဆိုင္ရာ ဖန္တီးမႈ ေတြေၾကာင့္ နာမည္ေက်ာ္ၾကားလာသူ ျဖစ္ပါတယ္။

——————–

ထူးဆန်းတဲ့အရောင်မျိုးစုံ နဲ့ မော်ရိုကို သဲကန္တာရ (unicode)

ပုံကိုကြည့်ပြီးတော့ သဲကန္တာရဟာ ရောင်စုံဖြစ်နေတယ်လို့ ထင်မိကောင်းထင်မိမှာပါ။ တကယ်တော့ ဒီပုံတွေဟာ ပုံမှန်သဲကန္တာရ တစ်ခုရဲ့ မတူညီတဲ့ အချိန်တွေမှာ ကျရောက်တဲ့နေအလင်းရောင်ကွဲပြားမှုကို အခြေခံပြီး ဓာတ်ပုံဆရာ တစ်ယောက်က လက်စွမ်းပြရိုက်ကူးထားတဲ့ ပုံတွေဖြစ်ပါတယ်။ အာဖရိကတိုက် မော်ရိုကိုနိုင်ငံရဲ့ သဲကန္တာရဒေသကပုံရိပ်တွေဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဟာ လူသားတွေအပေါ် အတော် သက်ရောက်မှုရှိပြီး အလင်းရဲ့ဆင့်ကဲ ဖြစ်စဉ်အချို့ကနေပဲ သဘာဝလောကကြီးဟာ မူရင်းအခြေအနေနဲ့ အတော်ကိုကွဲပြားသွားခဲ့ရပါတယ်။

အမှန်တကယ်လည်း ကမ္ဘာမြေကြီးရဲ့ အပြာရောင်ကောင်းကင်ဟာ သဲကန္တာရအတွင်းရှိ သဲတွေကို အနီရောင်၊ လိမ္မော် ရောင်၊ ခရမ်းရောင်အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ယခု မြင်တွေ့ခဲ့ရတဲ့ပုံတွေဟာ အီတလီနိုင်ငံ၊မီလန်မြို့ကဓာတ်ပုံဆရာ Luca Tomboli ရဲ့ လက်ရာတွေဖြစ်ပြီး နေရောင်ခြည်မှာရှိတဲ့ ကွဲပြားတဲ့ရောင်စဉ်ပြောင်းလဲမှုကို အခြေခံပြီး ရိုက်ကူးထားခဲ့တာပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်ကို ကျရောက်တဲ့နေရောင်ခြည်ကိုပဲ ရှုထောင့် တစ်နေရာတည်းကနေ ကွဲပြားတဲ့ရိုက်ချက်တွေကိုအသုံးပြုပြီး ကန္တာရဒေသမှာ လာရောက်ရိုက်ကူးခဲ့တဲ့ဒီပုံတွေဟာ မြင်တွေ့ရသူအဖို့ အံ့ဩမင်သက် ခဲ့ရပါတယ်။

မော်ရိုကိုနိုင်ငံ အရှေတောင်ပိုင်းမှာတည်ရှိတဲ့ Merzouga နဲ့ Ouzina ဒေသတွေမှာ(၂၀၁၅)ခုနှစ်နွေရာသီက ရိုက် ကူးခဲ့တဲ့ဒီပုံတွေဟာ ယနေ့အချိန်မှာတော့ မော်ရိုကိုရဲ့ ခရီးသွားလုပ်ငန်းကို အတော်လေးသက်ရောက်မှုရှိနေပါပြီ။ ဓာတ်ပုံဆရာ Tomblini ဟာ မူလကသဲကန္တာရ ရှုခင်းတွေကို မှတ်တမ်းတင်ဖို့ရည်ရွယ်ချက်နဲ့ ရောက်ရှိလာခဲ့ရာမှ အလင်းရဲ့ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ သဲကန္တာရအခြေအနေ ကိုစတင်သတိထားမိခဲ့ပါတယ်။

အထူးသဖြင့်နေဝင်ချိန်နဲ့ နေထွက်ချိန်တွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ အလင်းပြောင်းလဲမှုတွေကို မိမိရရ ရိုက်ကူးနိုင်ဖို့ Tomblini ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် Tombliniဟာ နေဝင်ချိန်မတိုင်မီ (၄)နာရီအချိန်လောက်ကတည်း က သူရဲ့ကင်မရာကို အဆင်သင့်တပ်ဆင်ပြီး စောင့်စားနေခဲ့ပြီး ရိုက်ကူးခဲ့ရပါတယ်။

Tomblini ရဲ့ပုံတွေဟာ လူမှုကွန်ယက်ကိုဖြန့်ချိလိုက်တဲ့အချိန်ကတည်းက လူအများရဲ့ စိတ်ပါဝင်စားမှုကို အများအပြားရရှိခဲ့ပြီး နောက်ပိုင်းမှာ သတင်းဌာနတွေက လာရောက် မေးမြန်းရလောက်တဲ့ အထိအောင်မြင်လာခဲ့ပါတယ်။ နည်းပညာနဲ့ဖန်တီးထားခြင်း မဟုတ်ပဲ သဘာဝအတိုင်းရိုက်ကူးခဲ့တဲ့ Tomblini ရဲ့ဓာတ်ပုံစီးရီးဟာ ပညာရှင်များစွာရဲ့ အသိအမှတ်ပြုခြင်းကိုခံခဲ့ရပါတယ်။

Wertn သတင်းဌာနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာTombliniက ဒီလိုဖြေခဲ့ပါတယ်။

” ကျွန်တော်မော်ရိုကို ကိုစရောက်တော့ ဒီနိုင်ငံရဲ့ ကန္တာရရှုခင်းတော် တော်များများဟာ စွဲဆောင်မှုရှိတယ်လို့ ခံစားမိပါတယ်။ ကျွန်တော်က ပြုပြင်ရယူထား တဲ့ပုံတွေထက် သဘာဝအတိုင်းဖြစ်ပေါ်တဲ့ပုံတွေကိုသာ မှတ်တမ်းတင်ရိုက်ကူးလိုတာပါ။ ဒါကြောင့် ကားတစ်စီးနဲ့ မော်ရိုကိုရဲ့ ကန္တာရဒေသတော်တော်များများကို ခရီးထွက်ပြီး ရှုခင်းပုံတော်တော်များများကို မှတ်တမ်းတင်ခဲ့ပါတယ်။

အလင်းနဲ့ အမှောင် ကြားရိုက်ကူးမှုတွေကို ယခင်တည်းကကျွန်တော်အကြိမ်များစွာ ရိုက်ကူးခဲ့ဖူးပါတယ်။ ရှုခင်းနဲ့ လူပုံ(ဒါမှမဟုတ်)တွဲလျက်အနေအထားတွေကိုပေါ့။ ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲ မှုဟာ အလင်းရောင်ကြောင့်ဆိုတာ အခြေခံအားဖြင့်သိထားပေမဲ့ Merzouga နဲ့ Ouzina ဒေသတွေက ကန္တာရတွေမှာတော့ ကျွန်တော်ကိုယ်တိုင်တောင် အံ့ဩမှင်သက်ရတဲ့ အဲဒီဓာတ်ပုံစီးရီးတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။

ပုံတွေအားလုံးကိုတော့ ကန္တာရအတွင်းက သဲသောင်ခုံတစ်ခုပေါ်မှာ (၄)နာရီကျော်ကြာအောင် စောင့်ဆိုင်းရင်းမှတ်တမ်းတင် ခဲ့တာပါ။ ဒီအချိန်တွင်းမှာ စားချိန်၊ သောက်ချိန်နဲ့ မျက်စိကို ခေတ္တအနားပေးတဲ့ အချိန်တွေကလွဲလို့ ပတ်ဝန်းကျင်ရှုခင်းကိုပဲအဓိက အာရုံစိုက်ခဲ့တာပါ။ ရိုက်ကူးရေး ကာလတစ်ခုလုံးမှာလည်း ကျွန်တော်ရဲ့ စိတ်အာရုံတစ်ခုလုံးဟာ ရိုက်ကူးရမယ့် ပတ်ဝန်းကျင် အတွင်းမှာ နစ်မြောနေခဲ့ရတာပါ။

နေရောင်က ဖြာကျတဲ့ အလင်းဟာ တဖြည်းဖြည်းပြောင်းလဲချိန်မှာတော့ ကျွန်တော်လိုချင်တဲ့ ပုံကောင်းကောင်းတွေကို ရရှိနိုင်ပြီလို့ ကျွန်တော်ဦးနှောက်ကအချက်ပြခဲ့ပြီး ယခုမြင်တွေ့နေရတဲ့ ရောင်စုံ ကန္တာရတွေကို မှတ်တမ်းတင်လိုက်နိုင်ပါတယ်။ ရိုက်ကူးရေးပြီးဆုံး ချိန်မှာတော့ နေအလင်းရောင်ဟာ တစ်စွန်းတစ်စသာကျန်နေခဲ့ပြီး ကျွန်တော်ကားမှာ တပ်ဆင်ထားတဲ့ GPSကို အသုံးပြုပြီး တည်းခိုရာ ဟိုတယ်ကို ပြန်လာခဲ့ပါတယ်။”

Tomblini ဟာ နာမည်ကျော် သဘာဝဓာတ်ပုံဖန်တီးသူဖြစ်ပြီး မော်ရိုကိုမှာသာမက အမေရိက အရှေပိုင်း အခြားအာဖရိကနိုင်ငံ၊ အရှေ့အလယ်ပိုင်းဒေသတွေအထိ သွားရောက်ပြီး ကန္တာရရှုခင်းတွေကို ဖန်တီးမှတ်တမ်းတင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူရဲ့ မိဘတွေကိုယ်တိုင်က ခရီးသွားဓာတ်ပုံဆရာတွေ ဖြစ်ကြပြီး Tomblini ငယ်စဉ်က ပင်မိ ဘတွေရဲ့ ခရီးသွားမှတ်တမ်းတွေကို လေ့လာရင်း ဓာတ်ပုံဆရာတစ်ယောက်ဖြစ်လာဖို့ ဝါသနာပါလာခဲ့ပါတယ်။ နောက်ပိုင်းမှာ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာ တစ်ယောက် ဖြစ်လာခဲ့ပြီး သဘာဝလွန် ပုံရိပ်တွေအပါအဝင်၊ များစွာသော ဓာတ်ပုံဆိုင်ရာ ဖန်တီးမှု တွေကြောင့် နာမည်ကျော်ကြားလာသူ ဖြစ်ပါတယ်။

Leave a Reply