ကမာၻ႔ အၾကမ္းတမ္းဆံုးအလုပ္တစ္ခုျဖစ္တဲ့  မီးေတာင္ထဲက ဆာလ္ဖာတူးေဖာ္ေရး

Posted on

ေရးသားသူ – TMK (သမန္းက်ား)
ရတနာပံုေန႔စဥ္။

အင္ဒိုနီးရွားနိုင္ငံ၊ ဂ်ားဗားကၽြန္းအေရွ ့ပိုင္းက အိုင္ဂ်င္မီးေတာင္ၾကီး ေပါက္ကြဲခဲ့တာ ၆၆-နွစ္ ၾကာျမင့္ခဲ့ျပီ ျဖစ္ေပမယ့္ မီးေတာင္ၾကီးဟာ အေတာ့္ကို သက္၀င္လွဳပ္ရွားဆဲျဖစ္ပါတယ္။ နဂါးပြက္အိုင္လိုပဲ မီးေတာင္အခိုးအေငြ ့ေတြ ရွဴးခနဲ၊ ရွဴးခနဲ ထြက္ေနတာဟာလည္း ကမၻာၾကီးေပၚက ငရဲခန္းၾကီးအတိုင္း တုန္လွဳပ္ေျခာက္ခ်ားဖြယ္ ေကာင္းလွပါတယ္။ ဒီလိုအဆိပ္ေငြ ့ေတြအဆက္မျပတ္လႊတ္ထုတ္ေနတဲ့မီးေတာင္ထဲကိုဆင္းျပီး ဆာလ္ဖာတူးေဖာ္ေရးလုပ္ငန္းလုပ္ကိုင္ ေနၾကတဲ့ လုပ္သားေတြကို ျမင္ရ၊ေတြ ့ရတဲ့အခါ မအံ့ၾသဘဲမေနနိုင္ေတာ့ပါဘူး။

ေဒသခံအင္ဒိုနီးရွားလူမ်ိဳးေတြဟာ ညသန္းေခါင္အခ်ိန္မွာ အိုင္ဂ်င္မီးေတာင္ၾကီးကို စတက္ပါတယ္။ ပင္လယ္ေရ မ်က္နွာျပင္အထက္ အျမင့္ ၂၇၉၉ မီတာရွိတဲ့ မီးေတာင္ၾကီးကို မတ္ေစာက္တဲ့ေတာင္တက္လမ္းက်ဥ္းေလးအတိုင္း တြန္းတက္ရ ပါတယ္။ အေပၚကိုေရာက္လာတာနဲ ့အမွ် အေမွာင္ထုကပိုျပီးထူထဲလာျပီးေတာ့ ရွဴရတဲ့ေလဟာလည္း မီးေတာင္ အခိုးအေငြ ့ေတြနဲ ့ ျပည့္လာပါေတာ့တယ္။ အေတြ ့အၾကံဳမရွိတဲ့ကၽြန္ေတာ့္အဖို ့မွာေတာ့ အာေခါင္၊ လည္ေခ်ာင္း၊ အဆုပ္ အားလံုးပူစပ္ျပီး ေအာက္ကိုျပန္ဆင္းေျပးခ်င္တဲ့စိတ္ေတြ တားမရ၊ဆီးမရ ျဖစ္လာပါတယ္။

အားေကာင္းလွတဲ့ဓါတ္မီးနဲ ့ထိုးထားတာေတာင္ အေရွ ့ကို ၃-ေပထက္ပိုမျမင္ရေအာင္ မီးေတာင္အခုိးအေငြ ့ေတြက ဖံုးလြမ္းေနတာပါ။ ဒီလိုနဲ ့မီးေတာင္ထိပ္၀ကိုေရာက္ပါျပီ။ မီးေတာင္အခိုးအေငြ ့ေတြက ျပင္းထန္လြန္းေတာ့ ဘယ္လို မွ အသက္ရွဴလို ့မရေတာ့ပါဘူး။ အားလံုး ဓါတ္ေငြ ့ကာမ်က္နွာဖံုးေတြထုတ္ျပီး စြပ္ရပါတယ္။ အတူပါလာတဲ့ ထိုင္း ကမၻာလွည့္ခရီးသည္တစ္ဦးကေတာ့ ေခ်ာင္းအဆက္မျပတ္ဆိုးျပီး အသက္မရွဴနိုင္ေတာ့ပဲ သတိလစ္မလို ျဖစ္ေနလို ့ ေဒသခံေတြက ေတာာင္ေအာက္ကို ျပန္သယ္ သြားၾကပါတယ္။

ကၽြန္ေတာ္တို ့ကေတာ့ မီးေတာင္၀ကေနေအာက္ကို ဆက္ဆင္းၾကတယ္။ ကၽြန္ေတာ့္စိတ္ထဲမွာ နဂါးပါးစပ္ကေန ဗိုက္ထဲကို ၀င္ေနရတဲ့အတိုင္းပဲ။ အဆိပ္ေငြ ့ေတြနဲ ့ျပည့္ေနတဲ့ အဆိပ္တြင္းထဲကို ငါဘာျဖစ္လို ့ဆင္းေနမိပါလိမ့္လို ့ ကုိယ့္ကိုယ္ကိုယ္လည္း အျပစ္တင္မိတယ္။ ေအာက္အဆင္းမွာ လမ္းတစ္၀က္ေလာက္ေရာက္ေတာ့ နွင္းနဲ ့မီးခိုး ေတြၾကား အျပာေရာင္မီးေတြဟာ ေရတံခြန္စီးက်ေနတဲ့အတိုင္း လင္းေနတာကိုေတြ ့ရတယ္။

ဒါ မီးေတာင္ဓါတ္ေငြ ့ နဲ ့ ေလနဲ ့ထိေတြ ့ျပီး ေပါက္ကြဲမႈျဖစ္ေနတာတဲ့။ အပူခ်ိန္က ၄၀၀ ဒီဂရီဆဲလ္စီးယပ္ေက်ာ္နိုင္တယ္တဲ့။ ျပဳတ္မ်ားက် သြားရင္ မေတြးရဲစရာ။ အေပၚျပန္တက္ရင္ေကာင္းမယ္လို ့ေတြးမိေပမယ့္ ေအာက္ကိုတအားဆင္းမိသြားျပီ။ မထူး ေတာ့ဘူး။

မီးေတာင္တြင္းရဲ ့ေအာက္ေျခကို ေရာက္ပါျပီ။ ေဒသခံလုပ္သားေတြက ေမွာင္နဲ ့မည္းမည္းထဲမွာ လုပ္ငန္းစၾက ေတာ့တာပဲ။ သံေခ်ာင္းအရွည္ၾကီးေတြနဲ ့အ၀ါေရာင္ေက်ာက္သားေတြကို လိုက္ခြာၾကတယ္။ အဲဒါ ဆာလ္ဖာေတြ တဲ့။ မီးေတာင္ထဲမွာ ဘယ္နားၾကည့္ၾကည့္ ဆာလ္ဖာေတြအျပည့္ပဲ။ ဒီလိုနဲ ့ အရုဏ္တက္ခ်ိန္ေရာက္လာတယ္။ ဒီေတာ့မွ မလွမ္းမကမ္းမွာ ေရကန္တစ္ကန္ကိုေတြ ့လုိက္ရတယ္။ ေရက နို ့နွစ္ေရာင္၊ ဒါေပမယ့္ ျပာလဲ့လဲ့နဲ ့၊ အခိုးအေငြ ့ေတြကေတာက္ေလွ်ာက္ထြက္ေနပံုမ်ား ေရပူကန္လိုလို။

ကိုင္ၾကည့္လို ့ရတယ္ဆိုလို ့ ကိုင္ၾကည့္လိုက္တာ ေရကေႏြးေႏြးေလးပဲ။ အနက္ မီတာ ၂၀၀ ေလာက္ရွိတယ္တဲ့။ ေရထဲမွာ မီးေတာင္ဓါတ္ေငြ ့နဲ ့ ဆာလ္ဖာဒိုင္ေအာက္ဆိုက္နဲ ့ျပည့္ေနတယ္။ လက္ကလည္း အက္ဆစ္ေလာင္သလို ပူစပ္ပူေလာင္ျဖစ္သြားတယ္။ ေလတစ္ခ်က္အေျပးမွာ လုပ္သားေတြကိုၾကည့္လိုက္ေတာ့ ဓါတ္ေငြ ့ကာအစြပ္မပါသူ ေတြလည္းရွိတာကိုေတြ ့ရတယ္။

မာဖလာလို လည္စည္းတစ္မ်ိဳးနဲ ့ နွာေခါင္းကိုတစ္ခ်က္တစ္ခ်က္အုပ္ျပီး ဒီအတိုင္း အသက္ရွဴျပီးေတာ့ ဆာလ္ဖာေတြခြာေနၾကတာကိုေတြ ့ရတယ္။ ျပီးတာနဲ ့ ေနာက္ေက်ာမွာပိုးရမယ့္ျခင္းေတြထဲကို ဆာလ္ဖာေတြထည့္ၾကတယ္။ ၾကိဳးကိုနဖူးမွာသိုင္းျပီး မနည္းဆင္းလာရတဲ့မီးေတာင္ၾကီးကို ၀ိတ္အျပည့္ထည့္ထား တဲ့ ျခင္းကိုလြယ္ျပီး ျပန္တက္ၾကမယ္၊ ဓါတ္ေငြ ့ကာအစြပ္ေတြမပါပဲ။

ျခင္းေတြပိုးျပီး ေတာင္ကိုတက္ၾကေတာ့ သူတို ့ရဲ ့အသက္ရွဴသံေတြဟာ ရႊီးခနဲ၊ရႊီးခနဲ ျမည္လာတယ္။ လည္ေခ်ာင္း၊ အဆုပ္ ေတြထဲမွာ ခရာေတြ၊ ၀ီစီေတြ၊ ပလတ္စတစ္ေတြ ထည့္ေပးထားတဲ့အတိုင္းပဲ။ အနည္းဆံုး ၈၀ ကီလိုဂရမ္ ေလာက္ေလးတဲ့ ဆာလ္ဖာေတြကို သယ္ရင္း လႊားခနဲလႊားခနဲေတာင္တက္ေနၾကသူေတြကို ကၽြန္ေတာ္တအံ့တၾသ ၾကည့္ရင္း သူတို ့နဲ ့သိပ္မျပတ္ေအာင္ ၾကိဳးစားေနရတယ္။

ေမးၾကည့္ေတာ့ က်င့္သားရေနပါျပီ။ ဒီလိုပဲ မီးေတာင္ထဲကိုဆင္းလိုက္၊တက္လိုက္ လုပ္ေနတာ နွစ္နဲ ့ခ်ီေနပါျပီ။ မ်က္စိစပ္ေပမယ့္ အဆိပ္ေတာ့မသင့္ပါဘူး။ ေက်ာလည္းမနာပါဘူး။ ဒူးပဲနည္းနည္းနာတယ္။ တစ္ညကို နွစ္ေခါက္ ေလာက္ သယ္နိုင္ရင္ မိသားစုစား၀တ္ေနေရး ဖူလံုပါတယ္လို ့ အသက္ ၄၂-နွစ္ အရြယ္ ေဒသခံအထမ္းသမား တစ္ဦးက ေျပာျပပါတယ္။

ဆက္ျပီးေမးၾကည့္ေတာ့ ဆာလ္ဖာ တစ္ကီလိုကို အေမရိကန္ ၈ ဆင့္ နဲ ့ ကုမၸဏီက ၀ယ္တယ္၊ တစ္ညကို နွစ္ေခါက္သယ္နိုင္ရင္ ၁၂ ေဒၚလာေလာက္ရတယ္လို ့ေျပာရင္း သူထမ္းလာတဲ့ဆာလ္ဖာျခင္းကို ထေရာ္လီလွည္း ေပၚ တင္လိုက္ပါတယ္။ အခု အဲဒီဆာလ္ဖာျခင္းကို မီတာေထာင္နဲ ့ခ်ီျပီး ေအာက္ကိုျပန္ခ်ရပါဦးမယ္။ ထေရာ္လီ လွည္း၀ယ္ဖို ့ပိုက္ဆံမတတ္နိုင္သူေတြလည္း ရွိေသးတယ္။ ျခင္းကိုထမ္းျပီး ေတာင္ေအာက္ကို အစ၊အဆံုး ျပန္ဆင္း ၾကတယ္။

သက္ျပင္းကိုအခါခါခ်ရင္း ဒီကမၻာၾကီးေပၚမွာ ဒီေလာက္အႏၱရာယ္မ်ားျပီး ဒီေလာက္ပင္ပန္းဆင္းရဲတဲ့နည္းနဲ ့ လုပ္ကိုင္ရွာေဖြစားေသာက္ရသူေတြ ရွိေသးပါလားလို ့ သံေ၀ဂရမိျပီး ဒါဟာ ကၽြန္ေတာ္ေတြ ့ဖူးခဲ့သမွ်ထဲမွာ ကမၻာ့ အၾကမ္းတမ္းဆံုးအလုပ္တစ္ခု ျဖစ္ပါေၾကာင္း ေလ့လာေရးသားတင္ျပလိုက္ရပါတယ္။

VIDEO

TMK (သမန္းက်ား)
ရတနာပံုေန႔စဥ္။

—————–

ကမ္ဘာ့ အကြမ်းတမ်းဆုံးအလုပ်တစ်ခုဖြစ်တဲ့  မီးတောင်ထဲက ဆာလ်ဖာတူးဖော်ရေး (unicode)

ရေးသားသူ – TMK (သမန်းကျား)
ရတနာပုံနေ့စဉ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျားဗားကျွန်းအရှေ့ပိုင်းက အိုင်ဂျင်မီးတောင်ကြီး ပေါက်ကွဲခဲ့တာ ၆၆-နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် မီးတောင်ကြီးဟာ အတော့်ကို သက်ဝင်လှုပ်ရှားဆဲဖြစ်ပါတယ်။ နဂါးပွက်အိုင်လိုပဲ မီးတောင်အခိုးအငွေ့တွေ ရှူးခနဲ၊ ရှူးခနဲ ထွက်နေတာဟာလည်း ကမ္ဘာကြီးပေါ်က ငရဲခန်းကြီးအတိုင်း တုန်လှုပ်ခြောက်ချားဖွယ် ကောင်းလှပါတယ်။ ဒီလိုအဆိပ်ငွေ့တွေအဆက်မပြတ်လွှတ်ထုတ်နေတဲ့မီးတောင်ထဲကိုဆင်းပြီး ဆာလ်ဖာတူးဖော်ရေးလုပ်ငန်းလုပ်ကိုင် နေကြတဲ့ လုပ်သားတွေကို မြင်ရ၊တွေ့ရတဲ့အခါ မအံ့ဩဘဲမနေနိုင်တော့ပါဘူး။

ဒေသခံအင်ဒိုနီးရှားလူမျိုးတွေဟာ ညသန်းခေါင်အချိန်မှာ အိုင်ဂျင်မီးတောင်ကြီးကို စတက်ပါတယ်။ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် ၂၇၉၉ မီတာရှိတဲ့ မီးတောင်ကြီးကို မတ်စောက်တဲ့တောင်တက်လမ်းကျဉ်းလေးအတိုင်း တွန်းတက်ရ ပါတယ်။ အပေါ်ကိုရောက်လာတာနဲ့အမျှ အမှောင်ထုကပိုပြီးထူထဲလာပြီးတော့ ရှူရတဲ့လေဟာလည်း မီးတောင် အခိုးအငွေ့တွေနဲ့ ပြည့်လာပါတော့တယ်။ အတွေ့အကြုံမရှိတဲ့ကျွန်တော့်အဖို့မှာတော့ အာခေါင်၊ လည်ချောင်း၊ အဆုပ် အားလုံးပူစပ်ပြီး အောက်ကိုပြန်ဆင်းပြေးချင်တဲ့စိတ်တွေ တားမရ၊ဆီးမရ ဖြစ်လာပါတယ်။

အားကောင်းလှတဲ့ဓါတ်မီးနဲ့ထိုးထားတာတောင် အရှေ့ကို ၃-ပေထက်ပိုမမြင်ရအောင် မီးတောင်အခိုးအငွေ့တွေက ဖုံးလွမ်းနေတာပါ။ ဒီလိုနဲ့မီးတောင်ထိပ်ဝကိုရောက်ပါပြီ။ မီးတောင်အခိုးအငွေ့တွေက ပြင်းထန်လွန်းတော့ ဘယ်လို မှ အသက်ရှူလို့မရတော့ပါဘူး။ အားလုံး ဓါတ်ငွေ့ကာမျက်နှာဖုံးတွေထုတ်ပြီး စွပ်ရပါတယ်။ အတူပါလာတဲ့ ထိုင်း ကမ္ဘာလှည့်ခရီးသည်တစ်ဦးကတော့ ချောင်းအဆက်မပြတ်ဆိုးပြီး အသက်မရှူနိုင်တော့ပဲ သတိလစ်မလို ဖြစ်နေလို့ ဒေသခံတွေက တောင်အောက်ကို ပြန်သယ် သွားကြပါတယ်။

ကျွန်တော်တို့ကတော့ မီးတောင်ဝကနေအောက်ကို ဆက်ဆင်းကြတယ်။ ကျွန်တော့်စိတ်ထဲမှာ နဂါးပါးစပ်ကနေ ဗိုက်ထဲကို ဝင်နေရတဲ့အတိုင်းပဲ။ အဆိပ်ငွေ့တွေနဲ့ပြည့်နေတဲ့ အဆိပ်တွင်းထဲကို ငါဘာဖြစ်လို့ဆင်းနေမိပါလိမ့်လို့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိတယ်။ အောက်အဆင်းမှာ လမ်းတစ်ဝက်လောက်ရောက်တော့ နှင်းနဲ့မီးခိုး တွေကြား အပြာရောင်မီးတွေဟာ ရေတံခွန်စီးကျနေတဲ့အတိုင်း လင်းနေတာကိုတွေ့ရတယ်။

ဒါ မီးတောင်ဓါတ်ငွေ့ နဲ့ လေနဲ့ထိတွေ့ပြီး ပေါက်ကွဲမှုဖြစ်နေတာတဲ့။ အပူချိန်က ၄၀၀ ဒီဂရီဆဲလ်စီးယပ်ကျော်နိုင်တယ်တဲ့။ ပြုတ်များကျ သွားရင် မတွေးရဲစရာ။ အပေါ်ပြန်တက်ရင်ကောင်းမယ်လို့တွေးမိပေမယ့် အောက်ကိုတအားဆင်းမိသွားပြီ။ မထူး တော့ဘူး။

မီးတောင်တွင်းရဲ့အောက်ခြေကို ရောက်ပါပြီ။ ဒေသခံလုပ်သားတွေက မှောင်နဲ့မည်းမည်းထဲမှာ လုပ်ငန်းစကြ တော့တာပဲ။ သံချောင်းအရှည်ကြီးတွေနဲ့အဝါရောင်ကျောက်သားတွေကို လိုက်ခွာကြတယ်။ အဲဒါ ဆာလ်ဖာတွေ တဲ့။ မီးတောင်ထဲမှာ ဘယ်နားကြည့်ကြည့် ဆာလ်ဖာတွေအပြည့်ပဲ။ ဒီလိုနဲ့ အရုဏ်တက်ချိန်ရောက်လာတယ်။ ဒီတော့မှ မလှမ်းမကမ်းမှာ ရေကန်တစ်ကန်ကိုတွေ့လိုက်ရတယ်။ ရေက နို့နှစ်ရောင်၊ ဒါပေမယ့် ပြာလဲ့လဲ့နဲ့၊ အခိုးအငွေ့တွေကတောက်လျှောက်ထွက်နေပုံများ ရေပူကန်လိုလို။

ကိုင်ကြည့်လို့ရတယ်ဆိုလို့ ကိုင်ကြည့်လိုက်တာ ရေကနွေးနွေးလေးပဲ။ အနက် မီတာ ၂၀၀ လောက်ရှိတယ်တဲ့။ ရေထဲမှာ မီးတောင်ဓါတ်ငွေ့နဲ့ ဆာလ်ဖာဒိုင်အောက်ဆိုက်နဲ့ပြည့်နေတယ်။ လက်ကလည်း အက်ဆစ်လောင်သလို ပူစပ်ပူလောင်ဖြစ်သွားတယ်။ လေတစ်ချက်အပြေးမှာ လုပ်သားတွေကိုကြည့်လိုက်တော့ ဓါတ်ငွေ့ကာအစွပ်မပါသူ တွေလည်းရှိတာကိုတွေ့ရတယ်။

မာဖလာလို လည်စည်းတစ်မျိုးနဲ့ နှာခေါင်းကိုတစ်ချက်တစ်ချက်အုပ်ပြီး ဒီအတိုင်း အသက်ရှူပြီးတော့ ဆာလ်ဖာတွေခွာနေကြတာကိုတွေ့ရတယ်။ ပြီးတာနဲ့ နောက်ကျောမှာပိုးရမယ့်ခြင်းတွေထဲကို ဆာလ်ဖာတွေထည့်ကြတယ်။ ကြိုးကိုနဖူးမှာသိုင်းပြီး မနည်းဆင်းလာရတဲ့မီးတောင်ကြီးကို ဝိတ်အပြည့်ထည့်ထား တဲ့ ခြင်းကိုလွယ်ပြီး ပြန်တက်ကြမယ်၊ ဓါတ်ငွေ့ကာအစွပ်တွေမပါပဲ။

ခြင်းတွေပိုးပြီး တောင်ကိုတက်ကြတော့ သူတို့ရဲ့အသက်ရှူသံတွေဟာ ရွှီးခနဲ၊ရွှီးခနဲ မြည်လာတယ်။ လည်ချောင်း၊ အဆုပ် တွေထဲမှာ ခရာတွေ၊ ဝီစီတွေ၊ ပလတ်စတစ်တွေ ထည့်ပေးထားတဲ့အတိုင်းပဲ။ အနည်းဆုံး ၈၀ ကီလိုဂရမ် လောက်လေးတဲ့ ဆာလ်ဖာတွေကို သယ်ရင်း လွှားခနဲလွှားခနဲတောင်တက်နေကြသူတွေကို ကျွန်တော်တအံ့တဩ ကြည့်ရင်း သူတို့နဲ့သိပ်မပြတ်အောင် ကြိုးစားနေရတယ်။

မေးကြည့်တော့ ကျင့်သားရနေပါပြီ။ ဒီလိုပဲ မီးတောင်ထဲကိုဆင်းလိုက်၊တက်လိုက် လုပ်နေတာ နှစ်နဲ့ချီနေပါပြီ။ မျက်စိစပ်ပေမယ့် အဆိပ်တော့မသင့်ပါဘူး။ ကျောလည်းမနာပါဘူး။ ဒူးပဲနည်းနည်းနာတယ်။ တစ်ညကို နှစ်ခေါက် လောက် သယ်နိုင်ရင် မိသားစုစားဝတ်နေရေး ဖူလုံပါတယ်လို့ အသက် ၄၂-နှစ် အရွယ် ဒေသခံအထမ်းသမား တစ်ဦးက ပြောပြပါတယ်။

ဆက်ပြီးမေးကြည့်တော့ ဆာလ်ဖာ တစ်ကီလိုကို အမေရိကန် ၈ ဆင့် နဲ့ ကုမ္ပဏီက ဝယ်တယ်၊ တစ်ညကို နှစ်ခေါက်သယ်နိုင်ရင် ၁၂ ဒေါ်လာလောက်ရတယ်လို့ပြောရင်း သူထမ်းလာတဲ့ဆာလ်ဖာခြင်းကို ထရော်လီလှည်း ပေါ် တင်လိုက်ပါတယ်။ အခု အဲဒီဆာလ်ဖာခြင်းကို မီတာထောင်နဲ့ချီပြီး အောက်ကိုပြန်ချရပါဦးမယ်။ ထရော်လီ လှည်းဝယ်ဖို့ပိုက်ဆံမတတ်နိုင်သူတွေလည်း ရှိသေးတယ်။ ခြင်းကိုထမ်းပြီး တောင်အောက်ကို အစ၊အဆုံး ပြန်ဆင်း ကြတယ်။

သက်ပြင်းကိုအခါခါချရင်း ဒီကမ္ဘာကြီးပေါ်မှာ ဒီလောက်အန္တရာယ်များပြီး ဒီလောက်ပင်ပန်းဆင်းရဲတဲ့နည်းနဲ့ လုပ်ကိုင်ရှာဖွေစားသောက်ရသူတွေ ရှိသေးပါလားလို့ သံဝေဂရမိပြီး ဒါဟာ ကျွန်တော်တွေ့ဖူးခဲ့သမျှထဲမှာ ကမ္ဘာ့ အကြမ်းတမ်းဆုံးအလုပ်တစ်ခု ဖြစ်ပါကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

TMK (သမန်းကျား)
ရတနာပုံနေ့စဉ်။

Leave a Reply