ဂ်ပန္မွာ တရား၀င္ ေသနတ္ကုိင္ခြင့္ျပဳထားေပမယ့္ ျပစ္ခတ္မႈနည္းပါးရတဲ့အေၾကာင္းရင္း

Posted on

ေရးသားသူ – TMK(သမန္းက်ား)
ရတနာပုံ ေန႔စဥ္

ဂ်ပန္နိုင္ငံဟာ ကမၻာေပၚမွာ ေသနတ္ကိုင္ျပစ္မႈျဖစ္ပြားမႈ အနည္းဆံုးႏိုင္ငံေတြထဲမွာ ပါ၀င္ပါတယ္။ ၂၀၁၄ ခုနွစ္မွာ ေသနတ္ကိုင္က်ဴးလြန္တဲ့ျပစ္မႈေၾကာင့္ ေသဆံုးသူ (၆)ဦးပဲရွိခဲ့ပါတယ္။ အဲဒီနွစ္မွာပဲ အေမရိကန္ျပည္ေထာင္စုမွာ ေတာ့ ေသနတ္ပစ္ခတ္ခံရျပီး လူေပါင္း ၃၃၅၉၉ ဦးေသဆံုးခဲ့ပါတယ္။ ဂ်ပန္နုိင္ငံဟာ ေသနတ္ကိုင္ျပစ္မႈက်ဴးလြန္ ျခင္းေတြ နည္းပါးေအာင္ ဘယ္လိုလုပ္ေနသလဲဆိုတာ ေလ့လာၾကည့္ရေအာင္။

ဂ်ပန္နုိင္ငံမွာ ေသနတ္တစ္လက္၀ယ္ခ်င္ရင္ စိတ္ရွည္ရမယ္၊ ဆံုးျဖတ္ခ်က္ခိုင္မာရပါမယ္။ တစ္ေနကုန္ အတန္းတက္ ရမယ္။ ေရးေျဖစာေမးပြဲေျဖရမယ္။ ေသနတ္ဘယ္ေလာက္ပစ္တတ္သလဲဆိုတာကို အရည္အခ်င္းအစစ္ခံရမယ္။ ၉၅ ရာခိုင္ႏႈန္းေအာက္ ေရာက္ေနရင္ သင့္ကို ေသနတ္၀ယ္ယူခြင့္ျပဳမွာမဟုတ္ပါဘူး။

စိတ္က်န္းမာေရးစစ္ေဆးမႈနဲ ့ မူးယစ္ေဆး၀ါးသံုးစြဲျခင္း ရွိ၊မရွိ စစ္ေဆးတာလည္း ပါပါေသးတယ္။ သင့္မွာ ျပစ္မႈက်ဴးလြန္ခဲ့ဖူးတဲ့မွတ္တမ္း ရွိ၊မရွိ နဲ ့ အစြန္းေရာက္အဖြဲ ့ေတြနဲ ့ ဆက္ႏြယ္မႈ ရွိ၊မရွိ လည္း ရဲတပ္ဖြဲ ့က စစ္ေဆးပါဦးမယ္။ သင့္ေနာက္ေၾကာင္းရွင္းတယ္ ဆိုရင္လည္း သင့္ေဆြမ်ိဳးေတြကိုစစ္ေဆးဦးမွာပါ။ သင့္ေဆြမ်ိဳးေတြလည္းရွင္းတယ္ဆိုရင္ သင့္လုပ္ေဖာ္ကိုင္ဖက္ေတြ ကိုပါ ထပ္စစ္ပါေသးတယ္။

အားလံုးစိတ္တိုင္းက်ျပီဆိုမွ ထုတ္ေပးလိုက္တဲ့ေသနတ္၀ယ္ယူခြင့္နဲ ့ သင္၀ယ္ယူထားတဲ့ ေသနတ္ကို ရဲတပ္ဖြဲ ့က အခ်ိန္မေရြး ျပန္သိမ္းပိုင္ခြင့္လည္း ရွိေနပါေသးတယ္။ ဒါ့အျပင္ ေနာက္ဆံုးဖမ္းထားတဲ့ အကြက္က လွပါတယ္။ ပစၥတိုလို ေသနတ္အတိုေတြ ၀ယ္ယူခြင့္မရွိပါဘူး။ ေလေသနတ္နဲ ့ shotgun လို ့ေခၚတဲ့ ေမာင္းရွည္ေသနတ္ေတြကိုပဲ ၀ယ္ယူခြင့္ရွိပါတယ္။ ဒီေတာ့ ေသနတ္၀ယ္ယူထားသူဟာ သုိသုိသိပ္သိပ္ သယ္လို ့ မရေတာ့ဘူးေပါ့။

ဂ်ပန္မွာ ေသနတ္အေရာင္းဆိုင္ ဘယ္ႏွစ္ဆိုင္ပဲဖြင့္ခြင့္ရမယ္ ဆိုတာကိုလည္း ဥပေဒနဲ ့ ကန္ ့သတ္ထားပါတယ္။ ဂ်ပန္တစ္နိုင္ငံလံုးမွာ ျပည္နယ္ခြဲ ၄၀ ခုခန္ ့ရွိတဲ့ထဲမွာမွ ေသနတ္အေရာင္းဆိုင္ (၃)ဆိုင္ထက္ပိုခြင့္ မရွိပါဘူး။ အဲဒီ ၃-ဆိုင္မွာေတာင္မွ က်ည္ဆံအသစ္၀ယ္ခ်င္ရင္ က်ည္ခြံအေဟာင္းကိုျပနိုင္မွ ၀ယ္လို ့ရမွာပါ။ အဲဒီက်ည္ခြံအေဟာင္း ေတြ ဆိုတာကလည္း အရင္တစ္ေခါက္က သင္၀ယ္ယူသြားခဲ့တဲ့က်ည္ခြံေတြမွန္ေၾကာင္း တူညီတဲ့အမွတ္အသားေတြ ပါရွိရဦးမွာပါ။

သင့္အိမ္မွာထားလည္း ေသနတ္ကိုဘယ္ေနရာမွာထားတယ္ဆိုတာ ရဲတပ္ဖြဲ ့ကို အေၾကာင္းၾကားထားရပါတယ္။ ေသနတ္နဲ ့က်ည္ဆံကိုလည္း အတူထားလို ့မရပါဘူး။ သီးျခားေသာ့ခတ္ျပီးထားရပါတယ္။ အဲဒီလိုထားတဲ့ေသနတ္ ကို ရဲက တစ္နွစ္ကိုတစ္ၾကိမ္ စစ္ေဆးပါေသးတယ္။ ဒီလိုနဲ ့ ၃-နွစ္ျပည့္ရင္ သင့္ေသနတ္ကိုင္ခြင့္လိုင္စင္ သက္တမ္း ကုန္ဆံုးပါျပီ။ လိုင္စင္သက္တမ္းတိုးခ်င္ရင္ ျဖစ္စဥ္တစ္ခုလံုးကို အစကေနျပန္စရပါမယ္။ စာသင္ခန္းထဲမွာ စာေတြ ့ သင္တန္း ျပန္တက္တာကေန စပါတယ္။

ဒီေလာက္ကန္ ့သတ္ထိန္းခ်ဳပ္ထားမွေတာ့ ဂ်ပန္မွာ ေသနတ္ကိုင္ျပီးက်ဴးလြန္တဲ့ျပစ္မႈေတြ ရွားပါးတာ မထူးဆန္းပါ ဘူး။ တစ္ကယ္လို ့မ်ား လူအုပ္ၾကီးကိုတိုက္ခိုက္တာေတြ ျဖစ္ပြားလာရင္လည္း ဓါးကိုင္ျပီးတိုက္ခိုက္တာေတြပဲ မ်ား ပါတယ္။ အခုလက္ရွိေသနတ္ထိန္းခ်ဳပ္ေရးဥပေဒကို ၁၉၅၈ မွာ စတင္ျပ႒ာန္းခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီလိုဥပေဒျပဳ ျပ႒ာန္း ျခင္း မလုပ္နိုင္ခင္မွာ အဲဒီမူ၀ါဒရဲ ့မူလအစက ရာစုနွစ္ေပါင္းမ်ားစြာအထိ အလွမ္းမီပါတယ္။

ေသနတ္ဆိုတာ ဂ်ပန္နုိင္ငံထဲကို စတင္၀င္ေရာက္လာကတည္းက တင္းက်ပ္တဲ့ေသနတ္ဥပေဒ ရွိခဲ့ပါတယ္။ တစ္ကမၻာလံုးမွာ ေသနတ္ဥပေဒကို အရင္ဆံုးျပ႒ာန္းတာ ဂ်ပန္ပါပဲ။ ကၽြန္ေတာ္တို ့ရဲ ့ေသနတ္ထိန္းခ်ဳပ္မႈဥပေဒရဲ ့ ေအာင္ျမင္မႈတစ္ခုကေတာ့ လူ ့ေဘာင္လူ ့အသိုင္းအ၀ိုင္းနဲ ့ေသနတ္နဲ ့ မအပ္စပ္ဘူးဆိုတာ ဂ်ပန္နိုင္ငံသားတိုင္းက လက္ခံယံုၾကည္သြားတဲ့ကိစၥပဲ ျဖစ္ပါတယ္ လို ့ လက္နက္ကိုင္အၾကမ္းဖက္မႈတားဆီးနွိမ္နင္းေရးအဖြဲ ့ရဲ ့ ညႊန္ၾကား ေရးမွဴး Iain Overton က ေျပာပါတယ္။

၁၆၈၅ မွာ ေသနတ္ျပန္အပ္တဲ့လူေတြကို ဂ်ပန္အစိုးရက ဆုေပးခဲ့ပါတယ္။ အဲဒါ ကမၻာေပၚမွာ ပထမဆံုးအၾကိမ္ အရပ္သားလက္ထဲေရာက္ေနတဲ့ ေသနတ္ကို အစိုးရက ျပန္၀ယ္ယူျခင္း ျဖစ္ပါတယ္။ အက်ိဳးဆက္အေနနဲ ့ ဂ်ပန္မွာ အရပ္သားေသနတ္ပိုင္ဆိုင္မႈ ေတာက္ေလွ်ာက္က်ဆင္းသြားခဲ့ျပီး ၂၀၀၇ မွာ လူတစ္ရာမွာ ေသနတ္ပိုင္ဆိုင္သူ ၀.၆ ဦး ပဲ ရွိခဲ့ပါတယ္။ အဲဒီႏွစ္မွာပဲ အဂၤလန္မွာေတာ့ ၆.၂ ဦး ရွိခဲ့ျပီး အေမရိကန္မွာ ၈၈.၈ ဦး ရွိခဲ့ပါတယ္။

လူ ့ေဘာင္လူ ့အသိုင္းအ၀ိုင္းထဲမွာ ေသနတ္ရွိရင္ ေသနတ္ကိုင္ျပစ္မႈ ျဖစ္ပြားမွာပါပဲ။ ဒါေပမယ့္ ေသနတ္အေရ အတြက္ကိုေလွ်ာ့ခ်နိုင္မယ္ဆိုရင္ ျပစ္မႈအေရအတြက္ကိုလည္း ေလွ်ာ့ခ်နိုင္မွာ ျဖစ္ပါတယ္။ ဂ်ပန္ရဲေတြကိုယ္တိုင္ ေသနတ္သံုးတာ ရွားပါတယ္။ ကိုယ္ခံပညာကို ဦးစားေပးပါတယ္။ ဂ်ပန္မွာ ရဲေတြအားလံုးက ဂ်ဴဒိုမွာ ခါးပတ္နက္ ေတြ ျဖစ္ေအာင္လို ့ အစိုးရကလည္း အားေပးတိုက္တြန္းပံ့ပိုးေပးပါတယ္။ ကင္ဒိုဓါးသိုင္းကိုလည္း အလြန္ကၽြမ္းက်င္ သူေတြပါ။ သူတို ့အတြက္ ေသနတ္ ဟာ သိပ္ေျပာပေလာက္ေအာင္ မလိုပါဘူး။

အၾကမ္းဖက္မႈကို အၾကမ္းဖက္မႈနဲ ့မတုန္ ့ျပန္ပါဘူး။ အၾကမ္းဖက္မႈကို အရွိန္က်သြားေအာင္လုပ္ျပီးထိန္းပါတယ္။ ၂၀၁၅ တစ္နွစ္လံုးမွာ ဂ်ပန္ရဲက ေသနတ္ (၆)ၾကိမ္ပဲ ပစ္ခဲ့ပါတယ္။ ဂ်ပန္ရဲေတြဟာ တာ၀န္ခ်ိန္မဟုတ္ရင္ ေသနတ္ ကို အိမ္သယ္သြားခြင့္ မရွိပါဘူး။ ရဲစခန္းမွာ အပ္နွံခဲ့ရပါတယ္။

ဂ်ပန္နုိင္ငံရဲ ့ ထူးျခားလွတဲ့ ေသနတ္ထိန္းခ်ဳပ္မႈအေၾကာင္း ေလ့လာေရးသားတင္ျပလိုက္ပါတယ္။

TMK(သမန္းက်ား)
ရတနာပုံ ေန႔စဥ္

——————

ဂျပန်မှာ တရားဝင် သေနတ်ကိုင်ခွင့်ပြုထားပေမယ့် ပြစ်ခတ်မှုနည်းပါးရတဲ့အကြောင်းရင်း (unicode)

ရေးသားသူ – TMK(သမန်းကျား)
ရတနာပုံ နေ့စဉ်

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သေနတ်ကိုင်ပြစ်မှုဖြစ်ပွားမှု အနည်းဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ သေနတ်ကိုင်ကျူးလွန်တဲ့ပြစ်မှုကြောင့် သေဆုံးသူ (၆)ဦးပဲရှိခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ အမေရိကန်ပြည်ထောင်စုမှာ တော့ သေနတ်ပစ်ခတ်ခံရပြီး လူပေါင်း ၃၃၅၉၉ ဦးသေဆုံးခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ သေနတ်ကိုင်ပြစ်မှုကျူးလွန် ခြင်းတွေ နည်းပါးအောင် ဘယ်လိုလုပ်နေသလဲဆိုတာ လေ့လာကြည့်ရအောင်။

ဂျပန်နိုင်ငံမှာ သေနတ်တစ်လက်ဝယ်ချင်ရင် စိတ်ရှည်ရမယ်၊ ဆုံးဖြတ်ချက်ခိုင်မာရပါမယ်။ တစ်နေကုန် အတန်းတက် ရမယ်။ ရေးဖြေစာမေးပွဲဖြေရမယ်။ သေနတ်ဘယ်လောက်ပစ်တတ်သလဲဆိုတာကို အရည်အချင်းအစစ်ခံရမယ်။ ၉၅ ရာခိုင်နှုန်းအောက် ရောက်နေရင် သင့်ကို သေနတ်ဝယ်ယူခွင့်ပြုမှာမဟုတ်ပါဘူး။

စိတ်ကျန်းမာရေးစစ်ဆေးမှုနဲ့ မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ၊မရှိ စစ်ဆေးတာလည်း ပါပါသေးတယ်။ သင့်မှာ ပြစ်မှုကျူးလွန်ခဲ့ဖူးတဲ့မှတ်တမ်း ရှိ၊မရှိ နဲ့ အစွန်းရောက်အဖွဲ့တွေနဲ့ ဆက်နွယ်မှု ရှိ၊မရှိ လည်း ရဲတပ်ဖွဲ့က စစ်ဆေးပါဦးမယ်။ သင့်နောက်ကြောင်းရှင်းတယ် ဆိုရင်လည်း သင့်ဆွေမျိုးတွေကိုစစ်ဆေးဦးမှာပါ။ သင့်ဆွေမျိုးတွေလည်းရှင်းတယ်ဆိုရင် သင့်လုပ်ဖော်ကိုင်ဖက်တွေ ကိုပါ ထပ်စစ်ပါသေးတယ်။

အားလုံးစိတ်တိုင်းကျပြီဆိုမှ ထုတ်ပေးလိုက်တဲ့သေနတ်ဝယ်ယူခွင့်နဲ့ သင်ဝယ်ယူထားတဲ့ သေနတ်ကို ရဲတပ်ဖွဲ့က အချိန်မရွေး ပြန်သိမ်းပိုင်ခွင့်လည်း ရှိနေပါသေးတယ်။ ဒါ့အပြင် နောက်ဆုံးဖမ်းထားတဲ့ အကွက်က လှပါတယ်။ ပစ္စတိုလို သေနတ်အတိုတွေ ဝယ်ယူခွင့်မရှိပါဘူး။ လေသေနတ်နဲ့ shotgun လို့ခေါ်တဲ့ မောင်းရှည်သေနတ်တွေကိုပဲ ဝယ်ယူခွင့်ရှိပါတယ်။ ဒီတော့ သေနတ်ဝယ်ယူထားသူဟာ သိုသိုသိပ်သိပ် သယ်လို့ မရတော့ဘူးပေါ့။

ဂျပန်မှာ သေနတ်အရောင်းဆိုင် ဘယ်နှစ်ဆိုင်ပဲဖွင့်ခွင့်ရမယ် ဆိုတာကိုလည်း ဥပဒေနဲ့ ကန့်သတ်ထားပါတယ်။ ဂျပန်တစ်နိုင်ငံလုံးမှာ ပြည်နယ်ခွဲ ၄၀ ခုခန့်ရှိတဲ့ထဲမှာမှ သေနတ်အရောင်းဆိုင် (၃)ဆိုင်ထက်ပိုခွင့် မရှိပါဘူး။ အဲဒီ ၃-ဆိုင်မှာတောင်မှ ကျည်ဆံအသစ်ဝယ်ချင်ရင် ကျည်ခွံအဟောင်းကိုပြနိုင်မှ ဝယ်လို့ရမှာပါ။ အဲဒီကျည်ခွံအဟောင်း တွေ ဆိုတာကလည်း အရင်တစ်ခေါက်က သင်ဝယ်ယူသွားခဲ့တဲ့ကျည်ခွံတွေမှန်ကြောင်း တူညီတဲ့အမှတ်အသားတွေ ပါရှိရဦးမှာပါ။

သင့်အိမ်မှာထားလည်း သေနတ်ကိုဘယ်နေရာမှာထားတယ်ဆိုတာ ရဲတပ်ဖွဲ့ကို အကြောင်းကြားထားရပါတယ်။ သေနတ်နဲ့ကျည်ဆံကိုလည်း အတူထားလို့မရပါဘူး။ သီးခြားသော့ခတ်ပြီးထားရပါတယ်။ အဲဒီလိုထားတဲ့သေနတ် ကို ရဲက တစ်နှစ်ကိုတစ်ကြိမ် စစ်ဆေးပါသေးတယ်။ ဒီလိုနဲ့ ၃-နှစ်ပြည့်ရင် သင့်သေနတ်ကိုင်ခွင့်လိုင်စင် သက်တမ်း ကုန်ဆုံးပါပြီ။ လိုင်စင်သက်တမ်းတိုးချင်ရင် ဖြစ်စဉ်တစ်ခုလုံးကို အစကနေပြန်စရပါမယ်။ စာသင်ခန်းထဲမှာ စာတွေ့ သင်တန်း ပြန်တက်တာကနေ စပါတယ်။

ဒီလောက်ကန့်သတ်ထိန်းချုပ်ထားမှတော့ ဂျပန်မှာ သေနတ်ကိုင်ပြီးကျူးလွန်တဲ့ပြစ်မှုတွေ ရှားပါးတာ မထူးဆန်းပါ ဘူး။ တစ်ကယ်လို့များ လူအုပ်ကြီးကိုတိုက်ခိုက်တာတွေ ဖြစ်ပွားလာရင်လည်း ဓါးကိုင်ပြီးတိုက်ခိုက်တာတွေပဲ များ ပါတယ်။ အခုလက်ရှိသေနတ်ထိန်းချုပ်ရေးဥပဒေကို ၁၉၅၈ မှာ စတင်ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုဥပဒေပြု ပြဋ္ဌာန်း ခြင်း မလုပ်နိုင်ခင်မှာ အဲဒီမူဝါဒရဲ့မူလအစက ရာစုနှစ်ပေါင်းများစွာအထိ အလှမ်းမီပါတယ်။

သေနတ်ဆိုတာ ဂျပန်နိုင်ငံထဲကို စတင်ဝင်ရောက်လာကတည်းက တင်းကျပ်တဲ့သေနတ်ဥပဒေ ရှိခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာ သေနတ်ဥပဒေကို အရင်ဆုံးပြဋ္ဌာန်းတာ ဂျပန်ပါပဲ။ ကျွန်တော်တို့ရဲ့သေနတ်ထိန်းချုပ်မှုဥပဒေရဲ့ အောင်မြင်မှုတစ်ခုကတော့ လူ့ဘောင်လူ့အသိုင်းအဝိုင်းနဲ့သေနတ်နဲ့ မအပ်စပ်ဘူးဆိုတာ ဂျပန်နိုင်ငံသားတိုင်းက လက်ခံယုံကြည်သွားတဲ့ကိစ္စပဲ ဖြစ်ပါတယ် လို့ လက်နက်ကိုင်အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေးအဖွဲ့ရဲ့ ညွှန်ကြား ရေးမှူး Iain Overton က ပြောပါတယ်။

၁၆၈၅ မှာ သေနတ်ပြန်အပ်တဲ့လူတွေကို ဂျပန်အစိုးရက ဆုပေးခဲ့ပါတယ်။ အဲဒါ ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် အရပ်သားလက်ထဲရောက်နေတဲ့ သေနတ်ကို အစိုးရက ပြန်ဝယ်ယူခြင်း ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ ဂျပန်မှာ အရပ်သားသေနတ်ပိုင်ဆိုင်မှု တောက်လျှောက်ကျဆင်းသွားခဲ့ပြီး ၂၀၀၇ မှာ လူတစ်ရာမှာ သေနတ်ပိုင်ဆိုင်သူ ၀.၆ ဦး ပဲ ရှိခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ အင်္ဂလန်မှာတော့ ၆.၂ ဦး ရှိခဲ့ပြီး အမေရိကန်မှာ ၈၈.၈ ဦး ရှိခဲ့ပါတယ်။

လူ့ဘောင်လူ့အသိုင်းအဝိုင်းထဲမှာ သေနတ်ရှိရင် သေနတ်ကိုင်ပြစ်မှု ဖြစ်ပွားမှာပါပဲ။ ဒါပေမယ့် သေနတ်အရေ အတွက်ကိုလျှော့ချနိုင်မယ်ဆိုရင် ပြစ်မှုအရေအတွက်ကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဂျပန်ရဲတွေကိုယ်တိုင် သေနတ်သုံးတာ ရှားပါတယ်။ ကိုယ်ခံပညာကို ဦးစားပေးပါတယ်။ ဂျပန်မှာ ရဲတွေအားလုံးက ဂျူဒိုမှာ ခါးပတ်နက် တွေ ဖြစ်အောင်လို့ အစိုးရကလည်း အားပေးတိုက်တွန်းပံ့ပိုးပေးပါတယ်။ ကင်ဒိုဓါးသိုင်းကိုလည်း အလွန်ကျွမ်းကျင် သူတွေပါ။ သူတို့အတွက် သေနတ် ဟာ သိပ်ပြောပလောက်အောင် မလိုပါဘူး။

အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့မတုန့်ပြန်ပါဘူး။ အကြမ်းဖက်မှုကို အရှိန်ကျသွားအောင်လုပ်ပြီးထိန်းပါတယ်။ ၂၀၁၅ တစ်နှစ်လုံးမှာ ဂျပန်ရဲက သေနတ် (၆)ကြိမ်ပဲ ပစ်ခဲ့ပါတယ်။ ဂျပန်ရဲတွေဟာ တာဝန်ချိန်မဟုတ်ရင် သေနတ် ကို အိမ်သယ်သွားခွင့် မရှိပါဘူး။ ရဲစခန်းမှာ အပ်နှံခဲ့ရပါတယ်။

ဂျပန်နိုင်ငံရဲ့ ထူးခြားလှတဲ့ သေနတ်ထိန်းချုပ်မှုအကြောင်း လေ့လာရေးသားတင်ပြလိုက်ပါတယ်။

TMK(သမန်းကျား)
ရတနာပုံ နေ့စဉ်

Leave a Reply