ေရမင္းနွင့္ စစ္ခင္းေနရေသာ နယ္သာလန္ႏုိင္ငံ

Posted on

ေရးသားသူ – TMK (သမန္းက်ား)
ရတနာပံုေန ့စဥ္။

အေနာက္ဥေရာပတိုက္မွာ နယ္သာလန္နိုင္ငံရွိပါတယ္။ နယ္သာလန္မွာ ျပည္နယ္ေပါင္း ၁၂ ခု ရွိပါတယ္။ ( ဒါေပမယ့္ ကာရစ္ဘီယန္ကၽြန္းစုေတြထဲမွာပါ၀င္တဲ့ Bonaire, Sint Eustatius နဲ႔ Saba ကြ်န္း ၃ကြ်န္းကိုလည္း နယ္သာလန္က ပုိင္ဆုိင္ပါတယ္။ နယ္သာလန္ႏုိင္ငံရဲ႕ ေ၀းကြာလြန္းတဲ့အရပ္က ဒီကြ်န္း ၃ ကြ်န္းကို စုေပါင္းၿပီးေတာ့ ကာရစ္ဘီယန္ နယ္သာလန္လုိ႔ ေခၚပါတယ္။ ဒီ ၃ ကြ်န္းကေတာ့ နယ္သာလန္ရဲ႕ အထူးေဒသေတြ ျဖစ္ပါတယ္။)

အဲဒီျပည္နယ္ေတြထဲမွာ ေတာင္ပိုင္းေဟာ္လန္နဲ ့ေျမာက္ပိုင္းေဟာ္လန္ဆိုတဲ့ ျပည္နယ္(၂)လည္းပါပါတယ္။ ရံဖန္ရံခါနယ္သာလန္နုိင္ငံကို ေဟာ္လန္လို ့လည္း ေခၚတတ္ၾကတာ ဒီျပည္နယ္(၂)ခုကိုအစြဲျပဳျပီးေခၚတာပါ။ လူမ်ိဳးကိုေတာ့ ဒတ္ခ်္လူမ်ိဳးလို ့ေခၚပါတယ္။ အခု ဒီ နယ္သာလန္နုိင္ငံဟာ ေရနဲ ့စစ္ခင္းေနရပါတယ္ ဆိုရင္ စာဖတ္သူမ်ား အံ့ၾသသြားေလမလား။

နယ္သာလန္နိုင္ငံရဲ ့ ေလးပံုတစ္ပံုခန္ ့ဟာ ပင္လယ္ေရမ်က္နွာျပင္ေအာက္ကိုေရာက္ေနျပီး က်န္ရွိေနေသးတဲ့ ေလးပံုသံုးပံုရဲ ့ထက္၀က္ခန္ ့ဟာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ (၃) ေပခန္ ့ပဲ ျမင့္ပါတယ္။ ကိုယ္တုိင္ကလည္း ေျမာက္ပင္လယ္၀မွာရွိတဲ့ႏုိင္ငံျဖစ္ၿပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္ (၃)ေပဆိုတာ လွိဳင္းတစ္ခ်က္ပုတ္ယံုနဲ ့ ေရေတြဒလေဟာ၀င္လာနိုင္တဲ့အေနအထားရွိတဲ့အျပင္ မုန္တိုင္းမ်ားတုိက္လိုက္ျပီဆိုတာနဲ ့ နယ္သာလန္နိုင္ငံဟာ ေရလႊမ္းျပီးသားျဖစ္ေနတာမို ့ ဆည္ေတြ၊ ကာတာေတြ၊ လူလုပ္သဲေသာင္ျပင္ေတြမ်ိဳးစံုနဲ ့ ကိုယ့္နိုင္ငံေရမျမဳပ္ေအာင္ ေန ့စဥ္နဲ ့အမွ် ေရမင္္းနဲ ့စစ္ခင္းေနရတဲ့ နယ္သာလန္ ျဖစ္ပါတယ္။

ျမိဳ ့ေတာ္ အမ္စတာဒမ္ေလဆိပ္ကေန (၃၆)မိုင္ပဲေ၀းတဲ့ ေရာ့တာဒမ္ကို ကားေမာင္းသြားမယ္ဆိုရင္ ထူးထူး ဆန္းဆန္း အေျပာက်ယ္လွတဲ့ျမက္ခင္းျပင္ေတြထက္ ေရစီးေၾကာင္းေတြကျမင့္ေနတာကို ျမင္ေတြ ့ရပါလိမ့္မယ္။ နိုင္ငံထဲကို ၀င္မိတာနဲ ့အမွ် ေနရာတိုင္းမွာလက္ညိဳးထိုးမလြဲေအာင္ ျမင္ေတြ ့ေနရမယ့္ ေလအားသံုးစက္ရံု၊ တူးေျမာင္း၊ ေရစုပ္က်င္း၊ တာတမံ၊ လူလုပ္သဲေသာင္ ျပင္ေတြဟာ အလွသက္သက္လုပ္ထားတာမဟုတ္မွန္း သိသာေနပါတယ္။ နိုင္ငံထဲကို ဒလေဟာ၀င္လာတဲ့ပင္လယ္ေရကို စနစ္တက်ထိန္းသိမ္းျပီးျပန္ထုတ္ေနရတဲ့ မ်ားေျမာင္ရွဳပ္ေထြးလွတဲ့ ေရသြင္းေရထုတ္ကြန္ရက္ၾကီး ျဖစ္ပါတယ္။

တစ္ကယ္ေတာ့ နယ္သာလန္နိုင္ငံရဲ ့ အမ်ိဳးသားလံုျခံဳေရးဌာနရဲ ့ ၂၄ ရာသီေစာင့္ၾကည့္ရတဲ့ရန္သူၾကီးဟာ ‘ပင္လယ္ေရ’ ျဖစ္ပါတယ္။ နယ္သာလန္မွာ အနိမ့္ဆံုးျမိဳ ့ဟာ Zuidplaspolder ျဖစ္ပါတယ္။ တစ္ျမိဳ ့လံုးကို တာတမံတူးျပီး ကာကြယ္ထားရ ပါတယ္။ ေရတိုင္ကီထဲမွာ ေရခ်ိဳးဖလားကို မနွစ္ရံုတမယ္ ဖိနွစ္ထားၾကည့္ပါ။ အဲဒါ Zuidplaspolder ပါပဲ။ မိုးေလးရြာ လိုက္တာနဲ ့ျမိဳ ့ထဲကိုေရလွ်ံတက္ေလ့ရွိပါတယ္။

ဒါေပမယ့္ ျမိဳ ့သူျမိဳ ့သားေတြက က်င့္သားရေနပါျပီ။ ေရနုတ္ေျမာင္းေတြရွိျပီးသားမို ့ အခ်ိန္တန္ရင္ ေရျပန္က်သြားမွာပါပဲ။ ဒါေပမယ့္ တမံက်ိဳးသြားရင္ေတာ့ တစ္ျမိဳ ့လံုး ေရေအာက္ေရာက္သြားလိမ့္မယ္ဆိုတာ သူတို ့သိၾကပါတယ္။

ဘာပဲျဖစ္ျဖစ္ ၾကံ့ၾကံ့ခံမယ္ဆိုတဲ့ နယ္သာလန္နုိင္ငံသားေတြရဲ ့မ်ိဳးခ်စ္စိတ္ဓါတ္၊ မိသားစုစိတ္ဓါတ္၊ နိုင္ငံခ်စ္စိတ္ဓါတ္ေတြဟာ ရာသီဥတုေျပာင္းလဲမႈေၾကာင့္ ပင္လယ္ေရမ်က္နွာျပင္ျမင့္တက္လာေနတဲ့သတင္းကို ၾကားလိုက္ရတဲ့အခါမွာေတာ့ တုန္လွဳပ္သြားခဲ့ၾကပါတယ္။ ဒီအတိုင္းဆိုရင္ နိုင္ငံရဲ ့သံုးပံုနွစ္ပံုက အျမဲေရလႊမ္းမိုးေန နုိင္ျပီး ၂၁ ရာစုနွစ္ကုန္ပိုင္းမွာ နိုင္ငံတစ္ခုလံုးရဲ ့ထက္၀က္ခန္ ့က ေရေအာက္ျမဳပ္သြားေတာ့မွာ ျဖစ္ပါတယ္။

တစ္နည္းအားျဖင့္ ကမၻာေပၚမွာ နယ္သာလန္လူမ်ိဳးေတြဟာ မ်ိဳးသုဥ္းေပ်ာက္ကြယ္သြားမယ့္အႏၱရာယ္နဲ ့ အျမင့္မားဆံုး ရင္ဆိုင္ေနရသူေတြ ျဖစ္လာပါျပီ။ ဒီေတာ့ နယ္သာလန္ကလည္း ေရၾကီးေရလွ်ံကာကြယ္ေရးစီမံကိန္းၾကီးခ်မွတ္ျပီး နိုင္ငံတဲက နည္းပညာကုမၸဏီ၊ အဖြဲ ့အစည္း၊ အသင္းေပါင္း ၃၀၀ ေက်ာ္ ေပါင္းစပ္ျပီး ေရၾကီးေရလွ်ံမႈကာကြယ္ေရး၊ ေရနုတ္စနစ္ပိုမိုေကာင္းမြန္ေစ ေရး၊ ေရၾကီးေရလွ်ံမႈအႏၱရာယ္ကို ျပည္သူလူထုအခ်ိန္မီသိရွိေစရန္ အခ်ိန္ႏွင့္တေျပးညီသတင္းထုတ္ျပန္ေရး တို ့ကို ဆတိုးေဆာင္ရြက္ေနၾကရပါတယ္။

ဒတ္ခ်္လူမ်ိဳးေတြရဲ ့ေသြးထဲမွာ ကိုယ့္ေျမကိုကာကြယ္မယ္ဆိုတဲ့ခံယူခ်က္ အျပည့္အ၀ရွိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို ့ရင္ဆိုင္ေနရတာဟာ သေဘာ၀အင္အားစုၾကီးျဖစ္တဲ့အတြက္ သာမန္ထက္ပိုျပီး ျပင္ဆင္ရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို ့ရဲ ့ေျခေထာက္ေတြေရမစိုဖို ့ လိုအပ္တာေတြအားလံုး ေဆာင္ရြက္သြားပါမယ္လို ့ နယ္သာလန္မွာ ေရေဘးအႏၱရာယ္အသိပညာေပးလုပ္ငန္းေဆာင္ရြက္ေနတဲ့ UNESCO လက္ေအာက္ခံအဖြဲ ့အစည္း ရဲ ့ ဥကၠဌျဖစ္သူ ခရစ္ဇီဗင္ဘာဂ်င္ က ေျပာပါတယ္။

၁၉၅၃ မွာ နယ္သာလန္နိုင္ငံမွာ အဆိုးဆံုးမုန္တိုင္း Watersnoodramp တိုက္ခတ္ခဲ့ျပီး လူေပါင္း ၁၈၀၀ ေက်ာ္ေသဆံုးျပီးေတာ့ အေယာက္ ၇၀၀၀၀ ေက်ာ္ အိုးအိမ္မဲ့ခဲ့ရပါတယ္။ အမ်ားစုက မုန္တိုင္းေၾကာင့္ေသတာ မဟုတ္ဘဲ ပင္လယ္ေရျမင့္တက္လာျပီး ျမိဳ ့ထဲကိုေရ၀င္လာတာ မသိလိုက္ၾကလို ့ပါ။

အိမ္နီးျခင္းပင္လယ္ျပင္ၾကီးဟာ သာယာလွေပမယ့္ ကၽြန္ေတာ္တို ့နုိင္ငံသားေတြရဲ ့အသက္ေတြကို နုတ္ယူသြားမယ္ ဆိုရင္ေတာ့ ခြင့္မျပဳနိုင္ပါဘူး။ ျဖစ္တဲ့နည္းနဲ ့တားရပါလိမ့္မယ္။ ၁၉၅၃ လိုအျဖစ္မ်ိဳး ဘယ္ေတာ့မွထပ္မျဖစ္ေအာင္ ပင္လယ္ေရ ၂၄ နာရီေစာင့္ၾကည့္ေရးဌာန၊ မိုးေလ၀ါသတင္းထုတ္ျပန္ေရးဌာနတို ့က အခ်ိန္ျပည့္အလုပ္လုပ္ကိုင္ေန ပါတယ္။ တစ္နိုင္ငံလံုးမွာ ပင္လယ္ေရျမင့္တက္ျပီးေရၾကီးေရလွ်ံလာရင္ ေရေတြကိုလမ္းေၾကာင္းလြဲေပးဖုိ ့ Safe Spot ေနရာ ၃၀ ထက္မနည္း ျပဳလုပ္ေနပါတယ္။ မုန္တိုင္းေၾကာင့္ ပင္လယ္ေရျမင့္တက္လာတာကို ပင္လယ္ကမ္းစပ္ ကေန တားနိုင္မယ့္ ကြန္ကရစ္ေရတားတမံၾကီးတစ္ခုကိုလည္း တည္ေဆာက္ေနပါတယ္။

ဒါေပမယ့္ တမံၾကီးက ၾကီးလြန္းေလေတာ့ အနည္းဆံုး နွစ္ ၅၀ အခ်ိန္ယူတည္ေဆာက္ရမယ္လို ့ သိရပါတယ္။ ကမာၻေပၚက ထင္ရွားတဲ့နိုင္ငံတစ္နိုင္ငံဟာ ပင္လယ္ေရေအာက္ကိုေရာက္မသြားေအာင္ မိမိကိုယ္ကိုယ္ အစြမ္းကုန္ ကာကြယ္ေနရပုံကို ေလ့လာေရးသား တင္ျပလိုက္ရပါတယ္။

TMK (သမန္းက်ား)
ရတနာပံုေန ့စဥ္။

—————–

ရေမင်းနှင့်စစ်ခင်းနေရသော နယ်သာလန်နိုင်ငံ (unicode)

ရေးသားသူ – TMK (သမန်းကျား)
ရတနာပုံနေ့စဉ်။

အနောက်ဥရောပတိုက်မှာ နယ်သာလန်နိုင်ငံရှိပါတယ်။ နယ်သာလန်မှာ ပြည်နယ်ပေါင်း ၁၂ ခု ရှိပါတယ်။ ( ဒါပေမယ့် ကာရစ်ဘီယန်ကျွန်းစုတွေထဲမှာပါဝင်တဲ့ Bonaire, Sint Eustatius နဲ့ Saba ကျွန်း ၃ကျွန်းကိုလည်း နယ်သာလန်က ပိုင်ဆိုင်ပါတယ်။ နယ်သာလန်နိုင်ငံရဲ့ ဝေးကွာလွန်းတဲ့အရပ်က ဒီကျွန်း ၃ ကျွန်းကို စုပေါင်းပြီးတော့ ကာရစ်ဘီယန် နယ်သာလန်လို့ ခေါ်ပါတယ်။ ဒီ ၃ ကျွန်းကတော့ နယ်သာလန်ရဲ့ အထူးဒေသတွေ ဖြစ်ပါတယ်။)

အဲဒီပြည်နယ်တွေထဲမှာ တောင်ပိုင်းဟော်လန်နဲ့မြောက်ပိုင်းဟော်လန်ဆိုတဲ့ ပြည်နယ်(၂)လည်းပါပါတယ်။ ရံဖန်ရံခါနယ်သာလန်နိုင်ငံကို ဟော်လန်လို့လည်း ခေါ်တတ်ကြတာ ဒီပြည်နယ်(၂)ခုကိုအစွဲပြုပြီးခေါ်တာပါ။ လူမျိုးကိုတော့ ဒတ်ခ်ျလူမျိုးလို့ခေါ်ပါတယ်။ အခု ဒီ နယ်သာလန်နိုင်ငံဟာ ရေနဲ့စစ်ခင်းနေရပါတယ် ဆိုရင် စာဖတ်သူများ အံ့ဩသွားလေမလား။

နယ်သာလန်နိုင်ငံရဲ့ လေးပုံတစ်ပုံခန့်ဟာ ပင်လယ်ရေမျက်နှာပြင်အောက်ကိုရောက်နေပြီး ကျန်ရှိနေသေးတဲ့ လေးပုံသုံးပုံရဲ့ထက်ဝက်ခန့်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် (၃) ပေခန့်ပဲ မြင့်ပါတယ်။ ကိုယ်တိုင်ကလည်း ကိုယ်တိုင်ကလည်း မြောက်ပင်လယ်ဝမှာရှိတဲ့နိုင်ငံဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၃)ပေဆိုတာ လှိုင်းတစ်ချက်ပုတ်ယုံနဲ့ ရေတွေဒလဟောဝင်လာနိုင်တဲ့အနေအထားရှိတဲ့အပြင် မုန်တိုင်းများတိုက်လိုက်ပြီဆိုတာနဲ့ နယ်သာလန်နိုင်ငံဟာ ရေလွှမ်းပြီးသားဖြစ်နေတာမို့ ဆည်တွေ၊ ကာတာတွေ၊ လူလုပ်သဲသောင်ပြင်တွေမျိုးစုံနဲ့ ကိုယ့်နိုင်ငံရေမမြုပ်အောင် နေ့စဉ်နဲ့အမျှ ရေမင်းနဲ့စစ်ခင်းနေရတဲ့ နယ်သာလန် ဖြစ်ပါတယ်။

မြို့တော် အမ်စတာဒမ်လေဆိပ်ကနေ (၃၆)မိုင်ပဲဝေးတဲ့ ရော့တာဒမ်ကို ကားမောင်းသွားမယ်ဆိုရင် ထူးထူး ဆန်းဆန်း အပြောကျယ်လှတဲ့မြက်ခင်းပြင်တွေထက် ရေစီးကြောင်းတွေကမြင့်နေတာကို မြင်တွေ့ရပါလိမ့်မယ်။ နိုင်ငံထဲကို ဝင်မိတာနဲ့အမျှ နေရာတိုင်းမှာလက်ညိုးထိုးမလွဲအောင် မြင်တွေ့နေရမယ့် လေအားသုံးစက်ရုံ၊ တူးမြောင်း၊ ရေစုပ်ကျင်း၊ တာတမံ၊ လူလုပ်သဲသောင် ပြင်တွေဟာ အလှသက်သက်လုပ်ထားတာမဟုတ်မှန်း သိသာနေပါတယ်။ နိုင်ငံထဲကို ဒလဟောဝင်လာတဲ့ပင်လယ်ရေကို စနစ်တကျထိန်းသိမ်းပြီးပြန်ထုတ်နေရတဲ့ များမြောင်ရှုပ်ထွေးလှတဲ့ ရေသွင်းရေထုတ်ကွန်ရက်ကြီး ဖြစ်ပါတယ်။

တစ်ကယ်တော့ နယ်သာလန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဌာနရဲ့ ၂၄ ရာသီစောင့်ကြည့်ရတဲ့ရန်သူကြီးဟာ ‘ပင်လယ်ရေ’ ဖြစ်ပါတယ်။ နယ်သာလန်မှာ အနိမ့်ဆုံးမြို့ဟာ Zuidplaspolder ဖြစ်ပါတယ်။ တစ်မြို့လုံးကို တာတမံတူးပြီး ကာကွယ်ထားရ ပါတယ်။ ရေတိုင်ကီထဲမှာ ရေချိုးဖလားကို မနှစ်ရုံတမယ် ဖိနှစ်ထားကြည့်ပါ။ အဲဒါ Zuidplaspolder ပါပဲ။ မိုးလေးရွာ လိုက်တာနဲ့မြို့ထဲကိုရေလျှံတက်လေ့ရှိပါတယ်။

ဒါပေမယ့် မြို့သူမြို့သားတွေက ကျင့်သားရနေပါပြီ။ ရေနုတ်မြောင်းတွေရှိပြီးသားမို့ အချိန်တန်ရင် ရေပြန်ကျသွားမှာပါပဲ။ ဒါပေမယ့် တမံကျိုးသွားရင်တော့ တစ်မြို့လုံး ရေအောက်ရောက်သွားလိမ့်မယ်ဆိုတာ သူတို့သိကြပါတယ်။

ဘာပဲဖြစ်ဖြစ် ကြံ့ကြံ့ခံမယ်ဆိုတဲ့ နယ်သာလန်နိုင်ငံသားတွေရဲ့မျိုးချစ်စိတ်ဓါတ်၊ မိသားစုစိတ်ဓါတ်၊ နိုင်ငံချစ်စိတ်ဓါတ်တွေဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာနေတဲ့သတင်းကို ကြားလိုက်ရတဲ့အခါမှာတော့ တုန်လှုပ်သွားခဲ့ကြပါတယ်။ ဒီအတိုင်းဆိုရင် နိုင်ငံရဲ့သုံးပုံနှစ်ပုံက အမြဲရေလွှမ်းမိုးနေ နိုင်ပြီး ၂၁ ရာစုနှစ်ကုန်ပိုင်းမှာ နိုင်ငံတစ်ခုလုံးရဲ့ထက်ဝက်ခန့်က ရေအောက်မြုပ်သွားတော့မှာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ကမ္ဘာပေါ်မှာ နယ်သာလန်လူမျိုးတွေဟာ မျိုးသုဉ်းပျောက်ကွယ်သွားမယ့်အန္တရာယ်နဲ့ အမြင့်မားဆုံး ရင်ဆိုင်နေရသူတွေ ဖြစ်လာပါပြီ။ ဒီတော့ နယ်သာလန်ကလည်း ရေကြီးရေလျှံကာကွယ်ရေးစီမံကိန်းကြီးချမှတ်ပြီး နိုင်ငံတဲက နည်းပညာကုမ္ပဏီ၊ အဖွဲ့အစည်း၊ အသင်းပေါင်း ၃၀၀ ကျော် ပေါင်းစပ်ပြီး ရေကြီးရေလျှံမှုကာကွယ်ရေး၊ ရေနုတ်စနစ်ပိုမိုကောင်းမွန်စေ ရေး၊ ရေကြီးရေလျှံမှုအန္တရာယ်ကို ပြည်သူလူထုအချိန်မီသိရှိစေရန် အချိန်နှင့်တပြေးညီသတင်းထုတ်ပြန်ရေး တို့ကို ဆတိုးဆောင်ရွက်နေကြရပါတယ်။

ဒတ်ခ်ျမလူမျိုးတွေရဲ့သွေးထဲမှာ ကိုယ့်မြေကိုကာကွယ်မယ်ဆိုတဲ့ခံယူချက် အပြည့်အဝရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရင်ဆိုင်နေရတာဟာ သဘောဝအင်အားစုကြီးဖြစ်တဲ့အတွက် သာမန်ထက်ပိုပြီး ပြင်ဆင်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ခြေထောက်တွေရေမစိုဖို့ လိုအပ်တာတွေအားလုံး ဆောင်ရွက်သွားပါမယ်လို့ နယ်သာလန်မှာ ရေဘေးအန္တရာယ်အသိပညာပေးလုပ်ငန်းဆောင်ရွက်နေတဲ့ UNESCO လက်အောက်ခံအဖွဲ့အစည်း ရဲ့ ဥက္ကဌဖြစ်သူ ခရစ်ဇီဗင်ဘာဂျင် က ပြောပါတယ်။

၁၉၅၃ မှာ နယ်သာလန်နိုင်ငံမှာ အဆိုးဆုံးမုန်တိုင်း Watersnoodramp တိုက်ခတ်ခဲ့ပြီး လူပေါင်း ၁၈၀၀ ကျော်သေဆုံးပြီးတော့ အယောက် ၇၀၀၀၀ ကျော် အိုးအိမ်မဲ့ခဲ့ရပါတယ်။ အများစုက မုန်တိုင်းကြောင့်သေတာ မဟုတ်ဘဲ ပင်လယ်ရေမြင့်တက်လာပြီး မြို့ထဲကိုရေဝင်လာတာ မသိလိုက်ကြလို့ပါ။

အိမ်နီးခြင်းပင်လယ်ပြင်ကြီးဟာ သာယာလှပေမယ့် ကျွန်တော်တို့နိုင်ငံသားတွေရဲ့အသက်တွေကို နုတ်ယူသွားမယ် ဆိုရင်တော့ ခွင့်မပြုနိုင်ပါဘူး။ ဖြစ်တဲ့နည်းနဲ့တားရပါလိမ့်မယ်။ ၁၉၅၃ လိုအဖြစ်မျိုး ဘယ်တော့မှထပ်မဖြစ်အောင် ပင်လယ်ရေ ၂၄ နာရီစောင့်ကြည့်ရေးဌာန၊ မိုးလေဝါသတင်းထုတ်ပြန်ရေးဌာနတို့က အချိန်ပြည့်အလုပ်လုပ်ကိုင်နေ ပါတယ်။ တစ်နိုင်ငံလုံးမှာ ပင်လယ်ရေမြင့်တက်ပြီးရေကြီးရေလျှံလာရင် ရေတွေကိုလမ်းကြောင်းလွဲပေးဖို့ Safe Spot နေရာ ၃၀ ထက်မနည်း ပြုလုပ်နေပါတယ်။ မုန်တိုင်းကြောင့် ပင်လယ်ရေမြင့်တက်လာတာကို ပင်လယ်ကမ်းစပ် ကနေ တားနိုင်မယ့် ကွန်ကရစ်ရေတားတမံကြီးတစ်ခုကိုလည်း တည်ဆောက်နေပါတယ်။

ဒါပေမယ့် တမံကြီးက ကြီးလွန်းလေတော့ အနည်းဆုံး နှစ် ၅၀ အချိန်ယူတည်ဆောက်ရမယ်လို့ သိရပါတယ်။ ကမ္ဘာပေါ်က ထင်ရှားတဲ့နိုင်ငံတစ်နိုင်ငံဟာ ပင်လယ်ရေအောက်ကိုရောက်မသွားအောင် မိမိကိုယ်ကိုယ် အစွမ်းကုန် ကာကွယ်နေရပုံကို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

TMK (သမန်းကျား)
ရတနာပုံနေ့စဉ်။

Leave a Reply