ေက်ာက္တုံးႀကီးပိေနတဲ့ၿမဳိ႕

Posted on

ေရးသားသူ – ေခ်ာ(အစိမ္းေရာင္လြင္ျပင္)

အေ၀းက ၾကည့္လိုက္ရင္ ေက်ာက္တံုးၾကီး ပိေနတယ္လို႔ ထင္ရေလာက္ေအာင္ ေက်ာက္ေဆာင္ၾကီးရဲ႕ ေအာက္မွာ အိမ္ေတြ တည္ေဆာက္ထားတဲ့ ျမိဳ႕ကေလးအေၾကာင္း ေျပာျပခ်င္ပါေသးတယ္ရွင္။ ထူးထူးဆန္းဆန္း စိတ္၀င္စားသူမ်ား၊ ခရီးသြား ၀ါသနာပါသူမ်ားအတြက္ေတာ့  သြားလည္ ေလ့လာခ်င္စရာေကာင္းတဲ့ ေနရာတစ္ခု ျဖစ္ေနမွာေတာ့ ေသခ်ာပါတယ္။

အဲဒီျမိဳ႕ဟာလည္း စပိန္ႏိုင္ငံ Cadiz Andalusia ျပည္နယ္မွာ ရွိတဲ့ Setenil De Las Bodegas လို႔ေခၚတဲ႔ ျမိဳ႕ကေလးပါ။ ၾကီးမားလွတဲ့ ေက်ာက္ေဆာင္ၾကီးက ဖိေနတယ္လို့ ထင္ရေလာက္ေအာင္ အိမ္ေတြကို ေက်ာက္ေဆာင္ၾကီးရဲ႕ ေအာက္ေျခ အတြင္းထဲမွာ စိတ္ကူးေကာင္းေကာင္းနဲ႔ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ အဲဒီ ေက်ာက္ေဆာင္ၾကီး အေပၚမွာလည္း ေနာက္ထပ္ အိမ္ေတြက ရွိေနျပန္ပါတယ္။ အဲဒီအရပ္ေဒသမွာ ငလွ်င္မ်ားသာ လႈပ္လို႔ကေတာ့ မေတြးရဲစရာပါဘဲ။

အခ်ိဳ႕အိမ္မ်ားဆိုရင္ အမိုးက ေက်ာက္ေဆာင္ျဖစ္ေနျပီး အဲဒီအမိုး ေက်ာက္ေဆာင္ေပၚမွာမွ သံလြင္သီးပင္မ်ားကို စိုက္ပ်ိဳးထားတယ္လို့ သိရပါတယ္။ ဒီျမိဳ႕ေလးဟာ လြန္ခဲ့တဲ့ ၁၂ရာစုေလာက္ကတည္းက တည္ရွိေနတာ ျဖစ္ပါတယ္။ သုိ႔ေသာ္လည္း အဲဒီေဒသမွာ လူေတြ ေနထိုင္ခဲ့တဲ့ အေထာက္အထား မ်ားစြာကေတာ့ ဒီထက္ အမ်ားၾကီး ေစာတယ္လို႔ ေဖာ္ျပေနေၾကာင္း သိရပါတယ္။

ေက်ာက္ဂူေတြမွာ ေတြ႔ရွိရတဲ့ သက္ေသ အေထာက္အထားမ်ားကေတာ့ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၅၀၀၀ သက္တမ္းရွိ လူသားတို့ရဲ့ လက္ရာအစအနမ်ားကို ေတြ႔ရွိရတဲ့ အတြက္ ဒီေဒသမွာ ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက လူသားမ်ား အေျခခ် ေနထိုင္ခဲ့ေၾကာင္း ေလ့လာေတြ႔ရွိရတယ္လို့ ဆိုပါတယ္။

ျမိဳ႔ကေလးမွာရွိတဲ့ အိမ္ေတြအားလံုးဟာ အိမ္နံရံေတြကို အျဖဴေရာင္ေဆးမ်ား သုတ္ထားေလ့ရွိတာေၾကာင့္   တစ္ျမိဳ႕လံုး ျဖဴေဖြးသန္႔ရွင္းေနပါတယ္။ ေက်ာက္ေဆာင္ေတြရဲ႕ ေအာက္မွာ လူေနအိမ္ သက္သက္သာ ရွိတာမဟုတ္ဘဲ စားေသာက္ဆိုင္ေတြ၊ ဟိုတယ္ေတြ၊ ဘီယာဘားေတြလဲ ရွိေနပါတယ္။ အဲဒီ ေဒသ ေတာင္ကုန္းေတြ တစ္၀ိုက္က ထြက္တဲ့ အသားနဲ့ပတ္သက္တဲ့ စားေသာက္ဖြယ္ရာ၊ ၀က္အူေခ်ာင္းေတြဟာ အရည္အေသြးေကာင္းျပီး အရသာလဲ ရွိလွတာေၾကာင့္ နံမည္ေက်ာ္ ထင္ရွားပါတယ္။

အသားနဲ့ ျပဳလုပ္ထားတဲ့မုန့္ေတြ၊ အဆာသြပ္မုန့္ ေတြဟာလည္း အဲဒီျမိဳ႕ကေလးရဲ႕ စားေသာက္ဆိုင္ေတြကို နာမည္ၾကီး ေစတဲ့ အရာေတြျဖစ္ေၾကာင္း သိရပါတယ္။ စေနတနဂၤေႏြလို ပိတ္ရက္မ်ိဳးေတြမွာ စားေသာက္ဆိုင္ေတြ၊ ဘားေတြဟာ လူေတြ ျပည့္က်ပ္ေနေလာက္ေအာင္ စည္ကားေနတတ္ပါတယ္ ။ ဒီၿမဳိ႕မွာေနထုိင္တဲ့လူဦးေရက ၃၀၀၀ ခန္႔ပဲ ရွိပါတယ္။

အဲဒီေဒသတစ္၀ိုက္က လူေတြဟာ ေမြးျမဴေရးလုပ္ငန္းနဲ့ စိုက္ပ်ိဳးေရးလုပ္ငန္းေတြကို အဓိက လုပ္ေဆာင္ၾကပါတယ္။ သံလြင္သီး၊  အယ္လ္မန္သီး၊ နဲ့ စပ်စ္သီးတို့ကို စိုက္ပ်ိဳးၾကျပီး အဲဒီေဒသက ထြက္တဲ့ ၀ိုင္နီကလည္း ေဆြမ်ိဳးေမ့ေလာက္ေအာင္ ေကာင္းမြန္ အရသာရွိလွတယ္လို့ ဆိုပါတယ္။ ေက်ာက္တံုးေတြေအာက္က ျမိဳ႕ကေလးရဲ႕ ပတ္လည္ အနီးတစ္၀ိုက္မွာလည္း လည္ပတ္စရာေနရာေတြ အမ်ားအျပား ရွိေနပါေသးတယ္။

ေရွးေခတ္  Morish ရဲတိုက္၊ ေရွးေခတ္ဘုရားရွိခိုးေက်ာင္း ၊ ေအဒီ ၁ရာစု ေလာက္ကတည္းက ရွိခဲ့ဖူးတဲ့ ေရွးေဟာင္းျမိဳ႕ေတာ္ Acinipo ၊ ေရာမေခတ္ ခန္းမေဆာင္ ၊ ေၾကးေခတ္ လူေနမႈစနစ္ရဲ႕ အေထာက္အထား သက္ေသမ်ား စသျဖင့္ စိတ္၀င္စားစရာ ေနရာမ်ားစြာ ရွိေနပါတယ္။

ေက်ာက္တံုးေတြေအာက္က Setenil ျမိဳ႕ကေလးကိုေရာက္လို့  Torism Center နဲ့ ဆက္သြယ္လိုက္ရင္  တည္းခိုရန္ေနရာ၊ လည္ပတ္စရာေနရာ၊ ေက်ာက္တံုးေတြေအာက္က အိမ္တစ္ခ်ိဳ႕ကို သြားေရာက္ႏိုင္ဖို့နဲ့ ျမိဳ႕အနီးတစ္၀ိုက္မွာရွိတဲ႔ ေလ႔လာစရာ ေနရာေတြကို စီစဥ္ေပးတယ္လို့ သိရပါတယ္။ စပိန္ႏိုင္ငံေရာက္လို့ ၾကံဳၾကိဳက္ခဲ့ရင္ စိမ္းလန္းေနတဲ့ ဘူတာကို ေရာက္ေအာင္သြားျပီး ေက်ာက္တံုးေအာက္က ျမိဳ႕ေလးကိုလဲ သြားလည္ၾကပါဦးလို့…………

VIDEO

ေခ်ာ(အစိမ္းေရာင္လြင္ျပင္)

———————-

ကျောက်တုံးကြီးပိနေတဲ့မြို့ (unicode)

ရေးသားသူ – ချော(အစိမ်းရောင်လွင်ပြင်)

အဝေးက ကြည့်လိုက်ရင် ကျောက်တုံးကြီး ပိနေတယ်လို့ ထင်ရလောက်အောင် ကျောက်ဆောင်ကြီးရဲ့ အောက်မှာ အိမ်တွေ တည်ဆောက်ထားတဲ့ မြို့ကလေးအကြောင်း ပြောပြချင်ပါသေးတယ်ရှင်။ ထူးထူးဆန်းဆန်း စိတ်ဝင်စားသူများ၊ ခရီးသွား ဝါသနာပါသူများအတွက်တော့  သွားလည် လေ့လာချင်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်နေမှာတော့ သေချာပါတယ်။

အဲဒီမြို့ဟာလည်း စပိန်နိုင်ငံ Cadiz Andalusia ပြည်နယ်မှာ ရှိတဲ့ Setenil De Las Bodegas လို့ခေါ်တဲ့ မြို့ကလေးပါ။ ကြီးမားလှတဲ့ ကျောက်ဆောင်ကြီးက ဖိနေတယ်လို့ ထင်ရလောက်အောင် အိမ်တွေကို ကျောက်ဆောင်ကြီးရဲ့ အောက်ခြေ အတွင်းထဲမှာ စိတ်ကူးကောင်းကောင်းနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲဒီ ကျောက်ဆောင်ကြီး အပေါ်မှာလည်း နောက်ထပ် အိမ်တွေက ရှိနေပြန်ပါတယ်။ အဲဒီအရပ်ဒေသမှာ ငလျှင်များသာ လှုပ်လို့ကတော့ မတွေးရဲစရာပါဘဲ။

အချို့အိမ်များဆိုရင် အမိုးက ကျောက်ဆောင်ဖြစ်နေပြီး အဲဒီအမိုး ကျောက်ဆောင်ပေါ်မှာမှ သံလွင်သီးပင်များကို စိုက်ပျိုးထားတယ်လို့ သိရပါတယ်။ ဒီမြို့လေးဟာ လွန်ခဲ့တဲ့ ၁၂ရာစုလောက်ကတည်းက တည်ရှိနေတာ ဖြစ်ပါတယ်။ သို့သော်လည်း အဲဒီဒေသမှာ လူတွေ နေထိုင်ခဲ့တဲ့ အထောက်အထား များစွာကတော့ ဒီထက် အများကြီး စောတယ်လို့ ဖော်ပြနေကြောင်း သိရပါတယ်။

ကျောက်ဂူတွေမှာ တွေ့ရှိရတဲ့ သက်သေ အထောက်အထားများကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀၀ သက်တမ်းရှိ လူသားတို့ရဲ့ လက်ရာအစအနများကို တွေ့ရှိရတဲ့ အတွက် ဒီဒေသမှာ ရှေးနှစ်ပေါင်းများစွာကတည်းက လူသားများ အခြေချ နေထိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်။

မြို့ကလေးမှာရှိတဲ့ အိမ်တွေအားလုံးဟာ အိမ်နံရံတွေကို အဖြူရောင်ဆေးများ သုတ်ထားလေ့ရှိတာကြောင့်   တစ်မြို့လုံး ဖြူဖွေးသန့်ရှင်းနေပါတယ်။ ကျောက်ဆောင်တွေရဲ့ အောက်မှာ လူနေအိမ် သက်သက်သာ ရှိတာမဟုတ်ဘဲ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ဘီယာဘားတွေလဲ ရှိနေပါတယ်။ အဲဒီ ဒေသ တောင်ကုန်းတွေ တစ်ဝိုက်က ထွက်တဲ့ အသားနဲ့ပတ်သက်တဲ့ စားသောက်ဖွယ်ရာ၊ ဝက်အူချောင်းတွေဟာ အရည်အသွေးကောင်းပြီး အရသာလဲ ရှိလှတာကြောင့် နံမည်ကျော် ထင်ရှားပါတယ်။

အသားနဲ့ ပြုလုပ်ထားတဲ့မုန့်တွေ၊ အဆာသွပ်မုန့် တွေဟာလည်း အဲဒီမြို့ကလေးရဲ့ စားသောက်ဆိုင်တွေကို နံမည်ကြီး စေတဲ့ အရာတွေဖြစ်ကြောင်း သိရပါတယ်။ စနေတနင်္ဂနွေလို ပိတ်ရက်မျိုးတွေမှာ စားသောက်ဆိုင်တွေ၊ ဘားတွေဟာ လူတွေ ပြည့်ကျပ်နေလောက်အောင် စည်ကားနေတတ်ပါတယ် ။

အဲဒီဒေသတစ်ဝိုက်က လူတွေဟာ မွေးမြူရေးလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို အဓိက လုပ်ဆောင်ကြပါတယ်။ သံလွင်သီး၊  အယ်လ်မန်သီး၊ နဲ့ စပျစ်သီးတို့ကို စိုက်ပျိုးကြပြီး အဲဒီဒေသက ထွက်တဲ့ ဝိုင်နီကလည်း ဆွေမျိုးမေ့လောက်အောင် ကောင်းမွန် အရသာရှိလှတယ်လို့ ဆိုပါတယ်။ ကျောက်တုံးတွေအောက်က မြို့ကလေးရဲ့ ပတ်လည် အနီးတစ်ဝိုက်မှာလည်း လည်ပတ်စရာနေရာတွေ အများအပြား ရှိနေပါသေးတယ်။ ရှေးခေတ်  Morish ရဲတိုက်၊ ရှေးခေတ်ဘုရားရှိခိုးကျောင်း ၊ အေဒီ ၁ရာစု လောက်ကတည်းက ရှိခဲ့ဖူးတဲ့ ရှေးဟောင်းမြို့တော် Acinipo ၊ ရောမခေတ် ခန်းမဆောင် ၊ ကြေးခေတ် လူနေမှုစနစ်ရဲ့ အထောက်အထား သက်သေများ စသဖြင့် စိတ်ဝင်စားစရာ နေရာများစွာ ရှိနေပါတယ်။

ကျောက်တုံးတွေအောက်က Setenil မြို့ကလေးကိုရောက်လို့  Torism Center နဲ့ ဆက်သွယ်လိုက်ရင်  တည်းခိုရန်နေရာ၊ လည်ပတ်စရာနေရာ၊ ကျောက်တုံးတွေအောက်က အိမ်တစ်ချို့ကို သွားရောက်နိုင်ဖို့နဲ့ မြို့အနီးတစ်ဝိုက်မှာရှိတဲ့ လေ့လာစရာ နေရာတွေကို စီစဉ်ပေးတယ်လို့ သိရပါတယ်။ စပိန်နိုင်ငံရောက်လို့ ကြုံကြိုက်ခဲ့ရင် စိမ်းလန်းနေတဲ့ ဘူတာကို ရောက်အောင်သွားပြီး ကျောက်တုံးအောက်က မြို့လေးကိုလဲ သွားလည်ကြပါဦးလို့…………

ချော(အစိမ်းရောင်လွင်ပြင်)

Leave a Reply