ျမန္မာႏုိင္ငံရဲ႕ အလွဆုံး ေရတံခြန္တစ္ခုျဖစ္တဲ့ ဘန္႔ေဘြးက်င္းေရတံခြန္ၾကီး

Posted on

ေရးသားသူ – ကုိေနထြန္းဦး

ျပင္ဦးလြင္/ေနာင္ခ်ိဳ/မတၱရာျမိဳ႕နယ္ သံုးျမိဳ႕နယ္ ဆံုရာ ဆည္ေတာ္ၾကီးေရျပင္အနီး ေတာင္ကမ္းပါးယံထက္မွာ သဘာဝအတိုင္း အံ႔မခန္းျဖစ္တည္ေနတဲ႔ အဖိုးမျဖတ္ႏိုင္တဲ႔ သဘာဝ ပန္းခ်ီကား ခ်ပ္ၾကီးတစ္ခ်ပ္အလား ထင္မွတ္ရတဲ႔ ေရတံခြန္ၾကီးတစ္စင္းပဲ ျဖစ္ပါတယ္။

ေဒသအေခၚ ရွမ္းဘာသာ စကားနဲ႔ နမ့္တန္း ေရတံခြန္ဟုေခၚဆိုပါတယ္။ ေမာင္ႏွံခုနစ္ေဖာ္ေရတံခြန္ဟုလည္း ေခၚဆိုျပီး တစ္ခ်ိဳ႕က ဘန္႔ေဘြးခ်င္း ေရတံခြန္ဟုလည္း ေခၚဆိုပါတယ္။ ကြ်န္ေတာ့္စိတ္ထဲမွာေတာ့ ျမန္မာႏိုင္ငံရဲ႕ Angel Fall တစ္စင္းပါဘဲ။ Table top ေတာင္မ်က္ႏွာျပင္တစ္ညီထဲကေန တစ္ေျဖာင့္ထဲ တစ္ရွိန္ထိုး အလံုးလိုက္ ထိုးဆင္းျပီး တစ္ေနရာအေရာက္မွာ ေရလံုးၾကီးဟာ ျဖာျပီးအစိတ္စိတ္အပိုင္းပိုင္း ကြဲထြက္သြားပံုက အျဖဴေရာင္သတို႔သမီး ဂါဝန္ ဝတ္ဆင္ထားသလားေတာင္ ထင္မွတ္ရေအာင္ အံ႔ၾသမွင္သက္ လွပ ပါတယ္။

ျပင္ဦးလြင္နဲ႔ မိုင္ ၃၀ ခန္႔သာ ကြာေဝးျပီး ဆည္ေတာ္ၾကီးရဲ႕ အေရွ႕ဖက္ ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေနာင္ခ်ိဳျမိဳ႕နယ္ ဘန္႔ေဘြးက်င္း ေက်းရြာ ကိုင္းၾကီး သစ္ေတာၾကိဳးဝိုင္းအတြင္းထဲမွာ တည္ရွိျပီး ေနာင္ခ်ိဳျမိဳ႕နယ္ နမ့္ပါ့မြန္ ေခ်ာင္းမွ စီးဆင္းလာတဲ႔ေရမ်ားျဖစ္ျပီး ဘန္႔ေဘြးက်င္းရြာအနီးမွာ ေရတံခြန္ၾကီးျဖစ္တည္ေနပါတယ္။ ေရတံခြန္က ဆင္းတဲ႔ေရမ်ားဟာ ဆည္ေတာ္ၾကီး ဖက္သို႔စီးဝင္သြားပါတယ္။

ေျမာက္လတၲီက်ဴ႕ 22° 24´ 29″ ? အေရွ႕ေလာင္ဂ်ီက်ဴ႕ 96° 22´ 48″ မွာတည္ရွိပါတယ္။ ေရတံခြန္စတင္စီးဆင္းတဲ႔ ထိပ္ဆံုးအျမင့္ေပသည္ ပင္လယ္ေရ မ်က္ႏွာျပင္အထက္ ၂၄၈၆ ေပ ျဖစ္ပါတယ္။ ေရတံခြန္ထိပ္ပိုင္းရဲ႕ ေရစီးေၾကာင္းသည္ table top ေတာင္မ်က္ႏွာျပင္ တစ္ညီထဲကေန 90° မ်ဥ္းမတ္ျဖင့္ တစ္ရွိန္ထိုး တစ္ေျဖာင့္ထဲ ေပ ၅၅၀ ခန္႔ ထိုးဆင္းျပီး တစ္ေနရာအေရာက္မွာ အစိတ္စိတ္အမႊာမႊာ ျပန္႔က်ဲသြားပါတယ္။ ထိုေနရာမွ တစ္ဆင့္ျပီး တစ္ဆင့္ နိမ့္ဆင္းသြားျပီး ေရတံခြန္အဆင့္ ၇၀ နီးပါးေလာက္အထိ ရွိႏိုင္မယ္လို႔ ခန္႔မွန္းရပါတယ္။

ျပင္ဦးလြင္ျမိဳ႕နယ္ မိုးၾကိဳးျပစ္ေက်းရြာမွ တစ္ဆင့္ လမ္းခဲြသြားျပီး ျပင္ဦးလြင္~မိုးကုတ္ လမ္းပိုင္း ၂၃ မိုင္ ၅ ဖာလံု မွ တစ္ဆင့္ လြယ္လိတ္ရြာ သို႔ ဝင္သြားရပါတယ္။ လြယ္လိတ္ လမ္းခြဲအတိုင္း ဝင္လာရင္ ၁ မိုင္ အေက်ာ္မွာ လြယ္လိတ္ရြာသို႔ ေရာက္ပါတယ္။ လြယ္လိတ္ရြာ မွ တစ္ဆင့္ ၃ မိုင္ ၅ ဖာလံု အကြာမွာ သေျပဒိုးရြာ သို႔ေရာက္ရွိပါတယ္။ သေျပဒိုးရြာမွတစ္ဆင့္ ၂ မိုင္အကြာမွာ ေရအားလ်ွပ္စစ္စီမံကိန္း သို႔ေရာက္ရွိပါတယ္။ ေရအားလ်ွပ္စစ္စီမံကိန္းရဲ႕ ၁ မိုင္ခြဲ အကြာ မွာ ေရတံခြန္တည္ရွိပါတယ္။

ကြ်န္ေတာ္တို႔ ေရတံခြန္ေအာက္ဖက္သို႔ ပထမအၾကိမ္ (၃.၉.၂၀၁၇) ေန႔မွာ အဖြဲ႕ဝင္ အင္အား ၁၅ ေယာက္ပါဝင္ျပီး ေအာင္ျမင္စြာ ဆင္းခဲ႔ႏိုင္ပါတယ္။ ေရတံခြန္ ထိပ္ကေန ေအာက္ကိုဆင္းတဲ႔ အဖြဲ႕ဟာ ကြ်န္ေတာ္တို႔ ပထမဆံုးအဖြဲ႕ ဘဲလို႔သိခဲ႔ရလို႔ အားတက္ခဲ႔မိပါတယ္။  (၂၂.၉.၂၀၁၇) ေန႔မွာ ဒုတိယအၾကိမ္အျဖစ္ အဖြဲ႕ဝင္ အင္အား ၇ ေယာက္ပါဝင္ျပီး ေအာင္ျမင္စြာ ဆင္းႏိုင္ခဲ႔ပါတယ္။ ဒုတိယအၾကိမ္ကေတာ့ အရမ္းေက်နပ္အားရခဲ႔ပါတယ္။

ကြ်န္ေတာ္တို႔အဖြဲ႕ ၉ ေယာက္ ျပင္ဦးလြင္မွ မနက္ ၁၀ နာရီမွာ ကားနဲ႔ထြက္ခြာလာခဲ႔ျပီး ေန႔လည္ ၁၂ နာရီ အေက်ာ္မွာ သေျပဒိုးရြာ သို႔ေရာက္ရွိပါတယ္။ သေျပဒိုးရြာမွာ ထမင္းစားနားခဲ႔ၾကျပီး ေန႔လည္ ၁ နာရီအေက်ာ္မွာ သေျပဒိုးရြာမွ ထြက္ခြာလာခဲ႔ျပီး ၂ နာရီဝန္းက်င္းမွာ ေရအားလ်ွပ္စစ္ စီမံကိန္းသို႔ေရာက္ရွိပါတယ္။ ထိုေနရာသည္ အေကာင္းဆံုး view တစ္ခုဘဲျဖစ္ပါတယ္။ ေတာင္စြယ္ ေတာင္တန္းေတြၾကားမွာ ဆည္ေတာ္ၾကီးကန္ေရျပင္ကို အေပၚစီးကေန ၾကည္႕ရႈခံစားႏိုင္ျပီး ျမင္ေနရတဲ႔ျမင္ကြင္းေတြဟာ ပန္းခ်ီကားခ်ပ္ၾကီးအလား ထင္မွတ္ရေလာက္ေအာင္ လွပပါတယ္။ အေဝးဆီက မိုးထိေတာင္ ရဲ႕အလွအပေတြကိုလည္း အတိုင္းသားေတြ႕ေနရျပီး မိုးထိေတာင္ဆိုသည့္အတိုင္း ေတာင္ရဲ႕အျမင့္ဆံုးထိပ္ပိုင္းဟာ တိမ္ေတြနဲ႔တစ္ဆက္ထဲ ျဖစ္ေနတာ ေတြ႕လိုက္ရေတာ့ အရမ္းအံ႔ၾသမွင္သက္ေစခဲ႔ပါတယ္။

ယခုေနရာအထိက ေက်ာက္လမ္းမ ျဖစ္သည့္အတြက္ ကား အဝင္အထြက္ အဆင္ေျပခဲ႔ျပီး ေရအားလ်ွပ္စစ္စီမံကိန္းမွ ေရတံခြန္ သို႔သြားမယ္ တစ္မိုင္ခြဲခန္႔သည္ လမ္းအဆင္မေျပတဲ႔အတြက္ ကားကို အနားက အိမ္ဆိုင္ေလးမွာဘဲ အပ္ထားခဲ႔ျပီး Trekking စတင္ခဲ႔ပါတယ္။ ညေန ၃ နာရီဝန္းက်င္ မွာ ေရတံခြန္ရဲ႕ အေပၚဖက္ view ဆီသို႔ေရာက္ရွိခဲ႔ပါတယ္။

ေရတံခြန္ကို ျမင္လိုက္ရေတာ့ မအံ႔ၾသဘဲကိုမေနႏိုင္ပါ။ ေရအရမ္းမ်ားေနျပီး ရထားတစ္စင္း ခုတ္ေမာင္းေနသလား ထင္မွတ္ရေလာက္ေအာင္ တဂ်ံဳးဂ်ံဳးအသံေတြထြက္ေပၚေနျပီး ေရေတြက်ေနတာ ေတြ႕လိုက္ရပါတယ္။ ေအာက္ကိုငံု႕ၾကည့္လိုက္ရင္ မူးသြားေလာက္ေအာင္အထိ ေခ်ာက္အနက္ၾကီးထဲ ေရေတြထိုးက်ေနပါတယ္။ ေခ်ာက္ကမ္းပါးယံက ဘာအကာအရံမွမရွိ လူတစ္ကိုယ္စာ ေလးျဖစ္ေနတဲ႔အတြက္ ဓာတ္ပံု ရုိက္တဲ႔သူမ်ား သတိ ၾကီးၾကီးထားျပီး ဂရုစိုက္ေစခ်င္ပါတယ္။ ကြ်န္ေတာ္တို႔ ေရတံခြန္ ထိပ္တည့္တည့္ ကေရစီးေၾကာင္းအထိ အနီးကပ္ ေလ့လာခြင့္ရခဲ႔ပါတယ္။

ေရတံခြန္ ေအာက္ဖက္သို႔ ဆင္းရန္ ပထမအၾကိမ္က ေရတံခြန္ရဲ႕ေျမာက္ဖက္ကေန ဆင္းျပီး ေတာင္ဖက္ကေန အေပၚကို ျပန္တက္ခဲ႔ပါတယ္။ ေျမာက္ဖက္လမ္းရဲ႕ အေနအထားဟာ လမ္းေၾကာရွည္လ်ားျပီး အႏၱရာယ္ျဖစ္ေစမယ့္အေနအထားမ်ိဳးေတြ သိပ္မေတြ႔ရဘဲ အဆင္ေျပခဲ႔ပါတယ္။ လမ္းေၾကာဟာ အရမ္း ရွည္လ်ားတဲ႔အတြက္ အဆင္းမွာ ဘဲ အခ်ိန္ ၂ နာရီခြဲ ၾကာျမင့္ခဲ႔ပါတယ္။ ေတာင္ဖက္ကေန ျပန္တက္တဲ႔လမ္းဟာ တိုေတာင္းပါတယ္။ ဒါေပမယ့္ အရမ္းမတ္ေစာက္ျပီး အႏၱရာယ္ အလြန္ၾကီးမားပါတယ္။ ေခ်ာက္နက္ၾကီးရဲ႕ ေတာင္ကမ္းပါးယံေတြထက္မွာ လူတစ္ကိုယ္စာလမ္းေလးေတြကေန ရင္တထိတ္ထိတ္နဲ႔ ျပန္တက္ခဲ႔ရပါတယ္။

စြန္႔စားခရီးသြားရတာ ၾကိဳက္တဲ႔သူေတြအတြက္ေတာ့ သြားသင့္တဲ႔ လမ္းပါ။ ယခုေတာင္ဖက္လမ္းက ေတာင္တက္ ေတာလမ္း အေတြ႕အၾကံဳရွိျပီးသား လူေတြအတြက္ဘဲ အဆင္ေျပမွာပါ။ ေျခအခ်မေတာ္ရင္ သက္တမ္းႏုနယ္ေသးတဲ႔ ေက်ာက္ေတြျဖစ္တဲ႔အတြက္ ေက်ာက္ေတြ ပဲ႔က်ျပီး လူပါေခ်ာက္ထဲျပဳတ္က်သြားႏိုင္ပါတယ္။

ယခု ဒုတိယအၾကိမ္မွာေတာ့ ကြ်န္ေတာ္တို႔ ေတာင္တက္လမ္းတိုေတာင္းတဲ႔ ေရတံခြန္ေတာင္ဖက္ျခမ္းကေနဘဲ အတက္အဆင္း ျပဳလုပ္ခဲ႔တာပါ။ ဆင္းတဲ႔လူ ၇ ႏွစ္ေယာက္လံုးက ေတာင္တက္အေတြ႕အၾကံဳေတြရွိထားျပီး လမ္းေၾကာင္းအေနအထားေတြ နားလည္ထားျပီးသား လူေတြျဖစ္တာေၾကာင့္ ကြ်န္ေတာ္တို႔အတြက္ေတာ့ သာသာယာယာပါဘဲ။ အခက္အခဲ မရွိခဲ႔ပါဘူး။

ကြ်န္ေတာ္တို႔ အဖြဲ႕ မိန္းကေလးမပါဘဲ ေယာက္က်ားေလးေတြခ်ည္းဘဲ ျဖစ္တာနဲ႔ ဇြဲလံု႕လ ဝရီယအားစိုက္ထုတ္ျပီး အရမ္းၾကိဳးစားခဲ႔တာေၾကာင့္ ေရတံခြန္ထိပ္ကေန ေအာက္ဖက္သို႔အဆင္းမွာ ၾကာျမင့္ခ်ိန္ ၄၈ မိနစ္ ဘဲၾကာျမင့္ခဲ႔ပါတယ္။ အတက္လမ္းကိုလည္း ယခုလမ္းကိုဘဲ အသံုးျပဳျပီး ျပန္တက္ခဲ႔ရာ ၾကာျမင့္ခ်ိန္ ၅၀ မီနစ္ မွာ အေပၚသို႔ ျပန္ေရာက္ခဲ႔ပါတယ္။ ကြ်န္ေတာ္တို႔ ညေန ၄ နာရီဝန္းက်င္မွာ ေရတံခြန္ထိပ္ကေန ေတာင္ စဆင္းခဲ႔ပါတယ္။ ေခ်ာက္ကမ္းပါးယံထက္က သက္တမ္းႏုနယ္ေသးတဲ႔ ေက်ာက္ႏုေလးေတြကနင္းျပီး လူတစ္ကိုယ္စာ ေျခခ်စရာလမ္းေလးေတြကေန ဆင္းခဲ႔ပါတယ္။ အေတြ႕အၾကံဳမရွိရင္ေတာ့ အတက္အဆင္းျပဳလုပ္ဖို႔ လံုးဝမလြယ္ကူပါ။

ေတာင္ဆင္းလမ္းမွာ သဘာဝေက်ာက္ဂူမ်ား ေက်ာက္စက္မိုးေမ်ွာ္မ်ား ေက်ာက္စက္ေရမ်ား အရမ္းလွပတဲ႔ ဆည္ေတာ္ၾကီးကန္ေရျပင္နဲ႔ သဘာဝတရားဟာ အလြန္လွပပါတယ္။ ကြ်န္ေတာ္တို႔ ေရတံခြန္အေျခေအာက္ေတာ္ေတာ္နက္တဲ႔အထိ ေရာက္သြားခဲ႔ျပီး အရစ္ရစ္အထပ္အထပ္ေတြနဲ႔ ေတြ႕လိုက္ရေတာ့ ပင္ပန္းသမ်ွအေမာေျပ ခဲ႔ရပါတယ္။ ေရစီးလည္း အရမ္းသန္ေနျပီး တစ္ဆင့္နဲ႔တစ္ဆင့္ ပံုစံမတူ ကြဲျပားျပီး ရသမ်ိဳးစံု ေပးစြမ္းပါတယ္။

ကြ်န္ေတာ္တို႔ မွတ္တမ္းဓာတ္ပံုေတြရုိက္ၾက အမွတ္တရဓာတ္ပံုေတြ ရုိက္ၾကျပီး ေရတံခြန္ အေပၚဆင့္ ေတြဆီ တစ္ဆင့္ျပီးတစ္ဆင့္ တက္ခဲ႔ပါတယ္။ ညေန ၆ နာရီ တိတိ မွာ ေရတံခြန္ ေအာက္ေျခရဲ႕ အေကာင္းဆံုး view တစ္ခုကို ေရာက္ရွိခဲ႔ပါတယ္။ ရုတ္တရက္ၾကီး ကိုယ့္မ်က္စိေရွ႕မွာ ျမင္လိုက္ရတဲ႔ ေရတံခြန္ျမင္ကြင္းေၾကာင့္ သတိလြတ္သြားျပီး အသကုန္ ေအာ္ထည့္လိုက္တာ လူပါေခ်ာ္က်ကာ ဖုန္းပါကြဲသြားခဲ႔တာ အမွတ္တရတစ္ခုပါဘဲ။ တကယ္ကိုလွတာဗ်ာ ၊ ကိုယ့္ကိုယ္ေတာင္ အိမ္မက္မက္ေနသလားေတာင္ ထင္မွတ္ရပါတယ္။

ပထမအၾကိမ္ဆင္းတုန္းက ယခုေနရာကို မေရာက္ခဲ႔ပါ။ အရမ္းခ်စ္စရာေကာင္းတဲ႔ သဘာဝတရားရဲ႕ အလွဟာ အရမ္းဆန္းၾကယ္လြန္းပါတယ္။ ဒီေလာက္လွေနတဲ႔ သဘာဝအလွေတြနဲ႔ အနီးကပ္ထိေတြ႕ခြင့္ ရခဲ႔တဲ႔အတြက္ အရမ္းေက်နပ္ခဲ႔ရပါတယ္။ ကြ်န္ေတာ္တို႔ ထိုေနရာမွာ စတင္ထြက္ခြာျပီး ေတာင္ေပၚသို႔ျပန္တက္ခ်ိန္မွာ မိုးခ်ဳပ္သြားခဲ႔ပါျပီ။ အေမွာင္ထဲမွာ ဓာတ္မီးေတြထိုးျပီး အထူးဂရုစိုက္ သတိ ၾကီးစြာနဲ႔ ေတာင္ျပတ္တက္ခဲ႔ရာ ည ၇ နာရီေက်ာ္မွာ ေတာင္ေပၚသို႔ ျပန္ေရာက္ပါတယ္။

ေရတံခြန္ေတာင္ထိပ္က view point နားမွာ နားၾက ညစာေခါက္ဆြဲျပဳတ္စားၾက အနားယူျပီး ည ၈ နာရီ ဝန္းက်င္မွာ view point ကေန ေရအားလ်ွပ္စစ္စီမံကိန္းအထိ trekking ျပန္စတင္ခဲ႔ပါတယ္။ အေမွာင္ထုဟာ ၾကီးစိုးေနျပီး လ်ွပ္စီးေရာင္ေတြတလက္လက္နဲ႔ ၾကယ္ေတြထြန္းလင္းေတာက္ပေနတဲ႔ ညတစ္ည ေျပာင္းဖူးခင္းေတြၾကားမွာ သဘာဝေရစီးေၾကာင္းေတြကိုျဖတ္ျပီး အေမွာင္ထဲက လက္ေနတဲ႔ ဆည္ေတာ္ၾကီးေရျပင္ကို ေငးေမာျပီး ေတာတြင္း လမ္းေလ်ွာက္ခဲ႔ရတဲ႔ ညတစ္ညဟာ ကြ်န္ေတာ့္အတြက္ေတာ့ အဖိုးမျဖတ္ႏိုင္တဲ႔ အမွတ္တရအျဖစ္ဆံုး ညတစ္ညပါဘဲ။ တိတ္ဆိတ္ျငိမ္သက္ေနတဲ႔ သဘာဝပတ္ဝန္းက်င္မွာ လြတ္လပ္မူရဲ႕ အရသာကို အျပည့္အဝ ခံစားရတဲ႔ စိတ္ခံစားမူဟာ ဘာနဲ႔မွ လဲလို႔မရပါ။ ကြ်န္ေတာ္တို႔ ည ၉ နာရီဝန္းက်င္မွာ ေရအားလ်ွပ္စစ္စီမံကိန္း ကားထားခဲ႔တဲ႔ ေနရာကို ေရာက္ရွိပါတယ္။ ထိုေနရာမွာ ျပန္လည္ ထြက္ခြာလာခဲ႔ျပီး ည ၁၁ နာရီေက်ာ္မွာ ေမျမိဳ႕သို႔ ျပန္လည္ေရာက္ရွိပါတယ္။

ကြ်န္ေတာ္တို႔အဖြဲ႕မွာ ေရခဲေတာင္ ေတာင္တက္သမား ကိုမိုးမင္းသိန္း(ပူတာအို) / ျပင္ဦးလြင္ျမိဳ႕ ပိႏၷဲကုန္းရြာ ဥကၠဌ ေလးေလး ဦးေဇာ္ဝင္း / region conductor ကိုျငိမ္းေမာင္ / ခရီးသြားလမ္းညႊန္မွ ကိုရန္ႏိုင္မိုး / ေမျမိဳ႕ ခရီးသြားလုပ္ငန္း တိုးတက္ေအာင္ ၾကိဳးစားေနသည့္ ကိုေက်ာ္ေဝဦး / သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးေလ့လာေနသည့္ ကို အၾကီးေကာင္ / သဘာဝတရားကို ခ်စ္ျမတ္ႏိုးတဲ႔ ကိုေက်ာ္သူရထြန္း / စြန္႔စားခရီးသြား ဝါသနာရွင္ ကိုထူးထူးလင္း ႏွင့္ သဘာဝရဲ႕ျဖစ္တည္မူေတြကို အထူးတန္ဖိုးထားခ်စ္ျမတ္ႏိုးျပီး အနီးကပ္ေလ့လာရွာေဖြေနတဲ႔ ကြ်န္ေတာ္ ေနထြန္းဦးတို႔ ပါဝင္ခဲ႔ပါတယ္။ ေတာအေနအထားသည္ မိုးအခါမွာ ေတာဆင္းရုိင္းေတြရွိတတ္ပါတယ္။ ေႏြအခါမွာ ေတာဝက္ေတြ ရွိတတ္ပါတယ္။ လြန္ခဲ႔သည့္ ၃ ရက္က ဝံ တတ္လာသည္ဟု ေဒသခံေတြဆီက သိခဲ႔ရပါတယ္။

ယခု ကြ်န္ေတာ္ေရးခဲ႔တာ လိုအပ္ခ်က္ တစ္ခုလိုေနမယ္ဆိုတာ ကြ်န္ေတာ္သိပါတယ္။ လိုအပ္ခ်က္ကို အက်ယ္တဝင့္ ရွင္းျပရန္ ကြ်န္ေတာ္အေျခခံက်က် ထိနားလည္တတ္ကြ်မ္းထားမူ မရွိတဲ႔အတြက္ ထိန္ခ်န္ထားခဲ႔တာပါ။ ကြ်န္ေတာ္ ေရးသားခ်က္ အမွားအယြင္းတစ္စံုတစ္ရာ ပါသြားမွာ စိုးထိတ္မိပါတယ္။ ဒါေၾကာင့္ မရွင္းျပေတာ့ပါ။ အညိဳေရာင္နယ္ေျမ ျဖစ္တယ္လို႔ ေျပာျပရင္ လံုေလာက္ပါျပီ။ ဒီေလာက္ဆို သေဘာေပါက္မယ္ထင္ပါတယ္။ (အခုဆုိရင္ေတာ့ ေတာ္ေတာ္မ်ားမ်ား သြားေနၾကတဲ့ အေျခအေနေရာက္ေနပါၿပီ)

VIDEO (The Burmese Nomad)

ေနထြန္းဦး

—————-

မြန်မာနိုင်ငံရဲ့ အလှဆုံး ရေတံခွန်တစ်ခုဖြစ်တဲ့ ဘန့်ဘွေးကျင်းရေတံခွန်ကြီး (unicode)

ရေးသားသူ – ကိုနေထွန်းဦး

ပြင်ဦးလွင်/နောင်ချို/မတ္တရာမြို့နယ် သုံးမြို့နယ် ဆုံရာ ဆည်တော်ကြီးရေပြင်အနီး တောင်ကမ်းပါးယံထက်မှာ သဘာဝအတိုင်း အံ့မခန်းဖြစ်တည်နေတဲ့ အဖိုးမဖြတ်နိုင်တဲ့ သဘာဝ ပန်းချီကား ချပ်ကြီးတစ်ချပ်အလား ထင်မှတ်ရတဲ့ ရေတံခွန်ကြီးတစ်စင်းဘဲ ဖြစ်ပါတယ်။

ဒေသအခေါ် ရှမ်းဘာသာ စကားနဲ့ နမ့်တန်း ရေတံခွန်ဟုခေါ်ဆိုပါတယ်။ မောင်နှံခုနစ်ဖော်ရေတံခွန်ဟုလည်း ခေါ်ဆိုပြီး တစ်ချို့က ဘန့်ဘွေးချင်း ရေတံခွန်ဟုလည်း ခေါ်ဆိုပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ မြန်မာနိုင်ငံရဲ့ Angel Fall တစ်စင်းပါဘဲ။ Table top တောင်မျက်နှာပြင်တစ်ညီထဲကနေ တစ်ဖြောင့်ထဲ တစ်ရှိန်ထိုး အလုံးလိုက် ထိုးဆင်းပြီး တစ်နေရာအရောက်မှာ ရေလုံးကြီးဟာ ဖြာပြီးအစိတ်စိတ်အပိုင်းပိုင်း ကွဲထွက်သွားပုံက အဖြူရောင်သတို့သမီး ဂါဝန် ဝတ်ဆင်ထားသလားတောင် ထင်မှတ်ရအောင် အံ့ဩမှင်သက် လှပ ပါတယ်။

ပြင်ဦးလွင်နဲ့ မိုင် ၃၀ ခန့်သာ ကွာဝေးပြီး ဆည်တော်ကြီးရဲ့ အရှေ့ဖက် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် ဘန့်ဘွေးကျင်း ကျေးရွာ ကိုင်းကြီး သစ်တောကြိုးဝိုင်းအတွင်းထဲမှာ တည်ရှိပြီး နောင်ချိုမြို့နယ် နမ့်ပါ့မွန် ချောင်းမှ စီးဆင်းလာတဲ့ရေများဖြစ်ပြီး ဘန့်ဘွေးကျင်းရွာအနီးမှာ ရေတံခွန်ကြီးဖြစ်တည်နေပါတယ်။ ရေတံခွန်က ဆင်းတဲ့ရေများဟာ ဆည်တော်ကြီး ဖက်သို့စီးဝင်သွားပါတယ်။

မြောက်လတ္တီကျူ့ 22° 24´ 29″ ? အရှေ့လောင်ဂျီကျူ့ 96° 22´ 48″ မှာတည်ရှိပါတယ်။ ရေတံခွန်စတင်စီးဆင်းတဲ့ ထိပ်ဆုံးအမြင့်ပေသည် ပင်လယ်ရေ မျက်နှာပြင်အထက် ၂၄၈၆ ပေ ဖြစ်ပါတယ်။ ရေတံခွန်ထိပ်ပိုင်းရဲ့ ရေစီးကြောင်းသည် table top တောင်မျက်နှာပြင် တစ်ညီထဲကနေ 90° မျဉ်းမတ်ဖြင့် တစ်ရှိန်ထိုး တစ်ဖြောင့်ထဲ ပေ ၅၅၀ ခန့် ထိုးဆင်းပြီး တစ်နေရာအရောက်မှာ အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲသွားပါတယ်။ ထိုနေရာမှ တစ်ဆင့်ပြီး တစ်ဆင့် နိမ့်ဆင်းသွားပြီး ရေတံခွန်အဆင့် ၇၀ နီးပါးလောက်အထိ ရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

ပြင်ဦးလွင်မြို့နယ် မိုးကြိုးပြစ်ကျေးရွာမှ တစ်ဆင့် လမ်းခွဲသွားပြီး ပြင်ဦးလွင်~မိုးကုတ် လမ်းပိုင်း ၂၃ မိုင် ၅ ဖာလုံ မှ တစ်ဆင့် လွယ်လိတ်ရွာ သို့ ဝင်သွားရပါတယ်။ လွယ်လိတ် လမ်းခွဲအတိုင်း ဝင်လာရင် ၁ မိုင် အကျော်မှာ လွယ်လိတ်ရွာသို့ ရောက်ပါတယ်။ လွယ်လိတ်ရွာ မှ တစ်ဆင့် ၃ မိုင် ၅ ဖာလုံ အကွာမှာ သပြေဒိုးရွာ သို့ရောက်ရှိပါတယ်။ သပြေဒိုးရွာမှတစ်ဆင့် ၂ မိုင်အကွာမှာ ရေအားလျှပ်စစ်စီမံကိန်း သို့ရောက်ရှိပါတယ်။ ရေအားလျှပ်စစ်စီမံကိန်းရဲ့ ၁ မိုင်ခွဲ အကွာ မှာ ရေတံခွန်တည်ရှိပါတယ်။

ကျွန်တော်တို့ ရေတံခွန်အောက်ဖက်သို့ ပထမအကြိမ် (၃.၉.၂၀၁၇) နေ့မှာ အဖွဲ့ဝင် အင်အား ၁၅ ယောက်ပါဝင်ပြီး အောင်မြင်စွာ ဆင်းခဲ့နိုင်ပါတယ်။ ရေတံခွန် ထိပ်ကနေ အောက်ကိုဆင်းတဲ့ အဖွဲ့ဟာ ကျွန်တော်တို့ ပထမဆုံးအဖွဲ့ ဘဲလို့သိခဲ့ရလို့ အားတက်ခဲ့မိပါတယ်။  (၂၂.၉.၂၀၁၇) နေ့မှာ ဒုတိယအကြိမ်အဖြစ် အဖွဲ့ဝင် အင်အား ၇ ယောက်ပါဝင်ပြီး အောင်မြင်စွာ ဆင်းနိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ်ကတော့ အရမ်းကျေနပ်အားရခဲ့ပါတယ်။

ကျွန်တော်တို့အဖွဲ့ ၉ ယောက် ပြင်ဦးလွင်မှ မနက် ၁၀ နာရီမှာ ကားနဲ့ထွက်ခွာလာခဲ့ပြီး နေ့လည် ၁၂ နာရီ အကျော်မှာ သပြေဒိုးရွာ သို့ရောက်ရှိပါတယ်။ သပြေဒိုးရွာမှာ ထမင်းစားနားခဲ့ကြပြီး နေ့လည် ၁ နာရီအကျော်မှာ သပြေဒိုးရွာမှ ထွက်ခွာလာခဲ့ပြီး ၂ နာရီဝန်းကျင်းမှာ ရေအားလျှပ်စစ် စီမံကိန်းသို့ရောက်ရှိပါတယ်။ ထိုနေရာသည် အကောင်းဆုံး view တစ်ခုဘဲဖြစ်ပါတယ်။ တောင်စွယ် တောင်တန်းတွေကြားမှာ ဆည်တော်ကြီးကန်ရေပြင်ကို အပေါ်စီးကနေ ကြည့်ရှုခံစားနိုင်ပြီး မြင်နေရတဲ့မြင်ကွင်းတွေဟာ ပန်းချီကားချပ်ကြီးအလား ထင်မှတ်ရလောက်အောင် လှပပါတယ်။ အဝေးဆီက မိုးထိတောင် ရဲ့အလှအပတွေကိုလည်း အတိုင်းသားတွေ့နေရပြီး မိုးထိတောင်ဆိုသည့်အတိုင်း တောင်ရဲ့အမြင့်ဆုံးထိပ်ပိုင်းဟာ တိမ်တွေနဲ့တစ်ဆက်ထဲ ဖြစ်နေတာ တွေ့လိုက်ရတော့ အရမ်းအံ့ဩမှင်သက်စေခဲ့ပါတယ်။

ယခုနေရာအထိက ကျောက်လမ်းမ ဖြစ်သည့်အတွက် ကား အဝင်အထွက် အဆင်ပြေခဲ့ပြီး ရေအားလျှပ်စစ်စီမံကိန်းမှ ရေတံခွန် သို့သွားမယ် တစ်မိုင်ခွဲခန့်သည် လမ်းအဆင်မပြေတဲ့အတွက် ကားကို အနားက အိမ်ဆိုင်လေးမှာဘဲ အပ်ထားခဲ့ပြီး Trekking စတင်ခဲ့ပါတယ်။ ညနေ ၃ နာရီဝန်းကျင် မှာ ရေတံခွန်ရဲ့ အပေါ်ဖက် view ဆီသို့ရောက်ရှိခဲ့ပါတယ်။

ရေတံခွန်ကို မြင်လိုက်ရတော့ မအံ့ဩဘဲကိုမနေနိုင်ပါ။ ရေအရမ်းများနေပြီး ရထားတစ်စင်း ခုတ်မောင်းနေသလား ထင်မှတ်ရလောက်အောင် တဂျုံးဂျုံးအသံတွေထွက်ပေါ်နေပြီး ရေတွေကျနေတာ တွေ့လိုက်ရပါတယ်။ အောက်ကိုငုံ့ကြည့်လိုက်ရင် မူးသွားလောက်အောင်အထိ ချောက်အနက်ကြီးထဲ ရေတွေထိုးကျနေပါတယ်။ ချောက်ကမ်းပါးယံက ဘာအကာအရံမှမရှိ လူတစ်ကိုယ်စာ လေးဖြစ်နေတဲ့အတွက် ဓာတ်ပုံ ရိုက်တဲ့သူများ သတိ ကြီးကြီးထားပြီး ဂရုစိုက်စေချင်ပါတယ်။ ကျွန်တော်တို့ ရေတံခွန် ထိပ်တည့်တည့် ကရေစီးကြောင်းအထိ အနီးကပ် လေ့လာခွင့်ရခဲ့ပါတယ်။

ရေတံခွန် အောက်ဖက်သို့ ဆင်းရန် ပထမအကြိမ်က ရေတံခွန်ရဲ့မြောက်ဖက်ကနေ ဆင်းပြီး တောင်ဖက်ကနေ အပေါ်ကို ပြန်တက်ခဲ့ပါတယ်။ မြောက်ဖက်လမ်းရဲ့ အနေအထားဟာ လမ်းကြောရှည်လျားပြီး အန္တရာယ်ဖြစ်စေမယ့်အနေအထားမျိုးတွေ သိပ်မတွေ့ရဘဲ အဆင်ပြေခဲ့ပါတယ်။ လမ်းကြောဟာ အရမ်း ရှည်လျားတဲ့အတွက် အဆင်းမှာ ဘဲ အချိန် ၂ နာရီခွဲ ကြာမြင့်ခဲ့ပါတယ်။ တောင်ဖက်ကနေ ပြန်တက်တဲ့လမ်းဟာ တိုတောင်းပါတယ်။ ဒါပေမယ့် အရမ်းမတ်စောက်ပြီး အန္တရာယ် အလွန်ကြီးမားပါတယ်။ ချောက်နက်ကြီးရဲ့ တောင်ကမ်းပါးယံတွေထက်မှာ လူတစ်ကိုယ်စာလမ်းလေးတွေကနေ ရင်တထိတ်ထိတ်နဲ့ ပြန်တက်ခဲ့ရပါတယ်။

စွန့်စားခရီးသွားရတာ ကြိုက်တဲ့သူတွေအတွက်တော့ သွားသင့်တဲ့ လမ်းပါ။ ယခုတောင်ဖက်လမ်းက တောင်တက် တောလမ်း အတွေ့အကြုံရှိပြီးသား လူတွေအတွက်ဘဲ အဆင်ပြေမှာပါ။ ခြေအချမတော်ရင် သက်တမ်းနုနယ်သေးတဲ့ ကျောက်တွေဖြစ်တဲ့အတွက် ကျောက်တွေ ပဲ့ကျပြီး လူပါချောက်ထဲပြုတ်ကျသွားနိုင်ပါတယ်။

ယခု ဒုတိယအကြိမ်မှာတော့ ကျွန်တော်တို့ တောင်တက်လမ်းတိုတောင်းတဲ့ ရေတံခွန်တောင်ဖက်ခြမ်းကနေဘဲ အတက်အဆင်း ပြုလုပ်ခဲ့တာပါ။ ဆင်းတဲ့လူ ၇ နှစ်ယောက်လုံးက တောင်တက်အတွေ့အကြုံတွေရှိထားပြီး လမ်းကြောင်းအနေအထားတွေ နားလည်ထားပြီးသား လူတွေဖြစ်တာကြောင့် ကျွန်တော်တို့အတွက်တော့ သာသာယာယာပါဘဲ။ အခက်အခဲ မရှိခဲ့ပါဘူး။

ကျွန်တော်တို့ အဖွဲ့ မိန်းကလေးမပါဘဲ ယောက်ကျားလေးတွေချည်းဘဲ ဖြစ်တာနဲ့ ဇွဲလုံ့လ ဝရီယအားစိုက်ထုတ်ပြီး အရမ်းကြိုးစားခဲ့တာကြောင့် ရေတံခွန်ထိပ်ကနေ အောက်ဖက်သို့အဆင်းမှာ ကြာမြင့်ချိန် ၄၈ မိနစ် ဘဲကြာမြင့်ခဲ့ပါတယ်။ အတက်လမ်းကိုလည်း ယခုလမ်းကိုဘဲ အသုံးပြုပြီး ပြန်တက်ခဲ့ရာ ကြာမြင့်ချိန် ၅၀ မီနစ် မှာ အပေါ်သို့ ပြန်ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ ညနေ ၄ နာရီဝန်းကျင်မှာ ရေတံခွန်ထိပ်ကနေ တောင် စဆင်းခဲ့ပါတယ်။ ချောက်ကမ်းပါးယံထက်က သက်တမ်းနုနယ်သေးတဲ့ ကျောက်နုလေးတွေကနင်းပြီး လူတစ်ကိုယ်စာ ခြေချစရာလမ်းလေးတွေကနေ ဆင်းခဲ့ပါတယ်။ အတွေ့အကြုံမရှိရင်တော့ အတက်အဆင်းပြုလုပ်ဖို့ လုံးဝမလွယ်ကူပါ။

တောင်ဆင်းလမ်းမှာ သဘာဝကျောက်ဂူများ ကျောက်စက်မိုးမျှော်များ ကျောက်စက်ရေများ အရမ်းလှပတဲ့ ဆည်တော်ကြီးကန်ရေပြင်နဲ့ သဘာဝတရားဟာ အလွန်လှပပါတယ်။ ကျွန်တော်တို့ ရေတံခွန်အခြေအောက်တော်တော်နက်တဲ့အထိ ရောက်သွားခဲ့ပြီး အရစ်ရစ်အထပ်အထပ်တွေနဲ့ တွေ့လိုက်ရတော့ ပင်ပန်းသမျှအမောပြေ ခဲ့ရပါတယ်။ ရေစီးလည်း အရမ်းသန်နေပြီး တစ်ဆင့်နဲ့တစ်ဆင့် ပုံစံမတူ ကွဲပြားပြီး ရသမျိုးစုံ ပေးစွမ်းပါတယ်။

ကျွန်တော်တို့ မှတ်တမ်းဓာတ်ပုံတွေရိုက်ကြ အမှတ်တရဓာတ်ပုံတွေ ရိုက်ကြပြီး ရေတံခွန် အပေါ်ဆင့် တွေဆီ တစ်ဆင့်ပြီးတစ်ဆင့် တက်ခဲ့ပါတယ်။ ညနေ ၆ နာရီ တိတိ မှာ ရေတံခွန် အောက်ခြေရဲ့ အကောင်းဆုံး view တစ်ခုကို ရောက်ရှိခဲ့ပါတယ်။ ရုတ်တရက်ကြီး ကိုယ့်မျက်စိရှေ့မှာ မြင်လိုက်ရတဲ့ ရေတံခွန်မြင်ကွင်းကြောင့် သတိလွတ်သွားပြီး အသကုန် အော်ထည့်လိုက်တာ လူပါချော်ကျကာ ဖုန်းပါကွဲသွားခဲ့တာ အမှတ်တရတစ်ခုပါဘဲ။ တကယ်ကိုလှတာဗျာ ၊ ကိုယ့်ကိုယ်တောင် အိမ်မက်မက်နေသလားတောင် ထင်မှတ်ရပါတယ်။

ပထမအကြိမ်ဆင်းတုန်းက ယခုနေရာကို မရောက်ခဲ့ပါ။ အရမ်းချစ်စရာကောင်းတဲ့ သဘာဝတရားရဲ့ အလှဟာ အရမ်းဆန်းကြယ်လွန်းပါတယ်။ ဒီလောက်လှနေတဲ့ သဘာဝအလှတွေနဲ့ အနီးကပ်ထိတွေ့ခွင့် ရခဲ့တဲ့အတွက် အရမ်းကျေနပ်ခဲ့ရပါတယ်။ ကျွန်တော်တို့ ထိုနေရာမှာ စတင်ထွက်ခွာပြီး တောင်ပေါ်သို့ပြန်တက်ချိန်မှာ မိုးချုပ်သွားခဲ့ပါပြီ။ အမှောင်ထဲမှာ ဓာတ်မီးတွေထိုးပြီး အထူးဂရုစိုက် သတိ ကြီးစွာနဲ့ တောင်ပြတ်တက်ခဲ့ရာ ည ၇ နာရီကျော်မှာ တောင်ပေါ်သို့ ပြန်ရောက်ပါတယ်။

ရေတံခွန်တောင်ထိပ်က view point နားမှာ နားကြ ညစာခေါက်ဆွဲပြုတ်စားကြ အနားယူပြီး ည ၈ နာရီ ဝန်းကျင်မှာ view point ကနေ ရေအားလျှပ်စစ်စီမံကိန်းအထိ trekking ပြန်စတင်ခဲ့ပါတယ်။ အမှောင်ထုဟာ ကြီးစိုးနေပြီး လျှပ်စီးရောင်တွေတလက်လက်နဲ့ ကြယ်တွေထွန်းလင်းတောက်ပနေတဲ့ ညတစ်ည ပြောင်းဖူးခင်းတွေကြားမှာ သဘာဝရေစီးကြောင်းတွေကိုဖြတ်ပြီး အမှောင်ထဲက လက်နေတဲ့ ဆည်တော်ကြီးရေပြင်ကို ငေးမောပြီး တောတွင်း လမ်းလျှောက်ခဲ့ရတဲ့ ညတစ်ညဟာ ကျွန်တော့်အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရအဖြစ်ဆုံး ညတစ်ညပါဘဲ။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ သဘာဝပတ်ဝန်းကျင်မှာ လွတ်လပ်မူရဲ့ အရသာကို အပြည့်အဝ ခံစားရတဲ့ စိတ်ခံစားမူဟာ ဘာနဲ့မှ လဲလို့မရပါ။ ကျွန်တော်တို့ ည ၉ နာရီဝန်းကျင်မှာ ရေအားလျှပ်စစ်စီမံကိန်း ကားထားခဲ့တဲ့ နေရာကို ရောက်ရှိပါတယ်။ ထိုနေရာမှာ ပြန်လည် ထွက်ခွာလာခဲ့ပြီး ည ၁၁ နာရီကျော်မှာ မေမြို့သို့ ပြန်လည်ရောက်ရှိပါတယ်။

ကျွန်တော်တို့အဖွဲ့မှာ ရေခဲတောင် တောင်တက်သမား ကိုမိုးမင်းသိန်း(ပူတာအို) / ပြင်ဦးလွင်မြို့ ပိန္နဲကုန်းရွာ ဥက္ကဌ လေးလေး ဦးဇော်ဝင်း / region conductor ကိုငြိမ်းမောင် / ခရီးသွားလမ်းညွှန်မှ ကိုရန်နိုင်မိုး / မေမြို့ ခရီးသွားလုပ်ငန်း တိုးတက်အောင် ကြိုးစားနေသည့် ကိုကျော်ဝေဦး / သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလေ့လာနေသည့် ကို အကြီးကောင် / သဘာဝတရားကို ချစ်မြတ်နိုးတဲ့ ကိုကျော်သူရထွန်း / စွန့်စားခရီးသွား ဝါသနာရှင် ကိုထူးထူးလင်း နှင့် သဘာဝရဲ့ဖြစ်တည်မူတွေကို အထူးတန်ဖိုးထားချစ်မြတ်နိုးပြီး အနီးကပ်လေ့လာရှာဖွေနေတဲ့ ကျွန်တော် နေထွန်းဦးတို့ ပါဝင်ခဲ့ပါတယ်။ တောအနေအထားသည် မိုးအခါမှာ တောဆင်းရိုင်းတွေရှိတတ်ပါတယ်။ နွေအခါမှာ တောဝက်တွေ ရှိတတ်ပါတယ်။ လွန်ခဲ့သည့် ၃ ရက်က ဝံ တတ်လာသည်ဟု ဒေသခံတွေဆီက သိခဲ့ရပါတယ်။

ယခု ကျွန်တော်ရေးခဲ့တာ လိုအပ်ချက် တစ်ခုလိုနေမယ်ဆိုတာ ကျွန်တော်သိပါတယ်။ လိုအပ်ချက်ကို အကျယ်တဝင့် ရှင်းပြရန် ကျွန်တော်အခြေခံကျကျ ထိနားလည်တတ်ကျွမ်းထားမူ မရှိတဲ့အတွက် ထိန်ချန်ထားခဲ့တာပါ။ ကျွန်တော် ရေးသားချက် အမှားအယွင်းတစ်စုံတစ်ရာ ပါသွားမှာ စိုးထိတ်မိပါတယ်။ ဒါကြောင့် မရှင်းပြတော့ပါ။ အညိုရောင်နယ်မြေ ဖြစ်တယ်လို့ ပြောပြရင် လုံလောက်ပါပြီ။ ဒီလောက်ဆို သဘောပေါက်မယ်ထင်ပါတယ်။

နေထွန်းဦး

Leave a Reply