ပစိဖိ္တ္သမုဒၵရာႀကီးအလယ္က မိသားစုကၽြန္း

Posted on

ပစိဖိတ္သမုဒၵရာထဲက Cook ကၽြန္းစုအတြင္းမွာတည္ရွိ Palmerston ကၽြန္းငယ္ေလး ဟာ နယူးဇီလန္နိုင္ငံကေန (၃၂၀၀)ကီလိုမီတာအကြာမွာရွိျပီး ကၽြန္းသူ/သားအားလံုး ဟာေဆြမ်ိဳးရင္းခ်ာေတြ ျဖစ္ပါတယ္။ Palmerstonကၽြန္းရဲ့ မူလနာမည္ကေတာ့ Avarau ျဖစ္ျပီး ေဒသခံဘာသာစကားအရ သေဘာၤသားနွစ္ရာ တက္ေရာက္ခိုလႈံခဲ့ဖူးတဲ့ ကၽြန္းလို႔ အဓိပၸါယ္ရပါတယ္။ ကြ်န္းရဲ႕ကုန္းေျမဧရိယာကေတာ့ ၁မုိင္ စတုရန္းမုိင္ခန္႔သာ ရွိပါတယ္။

Atoll လို႔သိၾကတဲ့ ကၽြန္းအလယ္မွာ ပင္လယ္ထံုး အိုင္တစ္ခုတည္ရွိေနတဲ့သႏၱာေက်ာက္ကၽြန္းအမ်ိဳးအစားျဖစ္တဲ့Palmerstonကၽြန္းေလးဟာ ေလယာဥ္ကြင္းလည္းမရွိ၊ အင္တာနက္ဆက္သြယ္ေရးလုပ္ငန္းေတြလည္းမရွိ၊ စားေသာက္ဆိုင္၊တည္းခိုခန္းေတြလည္းမရွိနဲ႔ တကယ္ကို ကမာၻၾကီးရဲ့ ျပင္ပေနရာလို ယခင္က ျဖစ္ေနခဲ့ရပါတယ္။ တစ္နွစ္ကို ကုန္သေဘၤာ (၂)ၾကိမ္သာကပ္ေလ့ရွိျပီး ယင္းအခ်ိန္မွသာ ကၽြန္းသူ/သားေတြအေနနဲ႔ လိုအပ္တဲ့ ေဆးဝါးအပါအဝင္ ေခတ္မီ အသံုးအေဆာင္ေတြကို ဝယ္ယူရေလ့ရွိပါတယ္။

တခ်ိန္ကေတာ့ Palmerston ကၽြန္းကိုသြားေရာက္ရတဲ့ ခရီးစဥ္ဟာ အလြန္ရွည္လ်ားျပီး အႏ ၱရာယ္မ်ား တာေၾကာင့္ လာေရာက္လည္ပတ္သူ မရွိသေလာက္ရွားပါး ပါတယ္။ရံဖန္ရံခါမွာေတာ့ စူးစမ္းေလ့လာေရး သေဘၤာေတြ လာေရာက္တတ္ၾကပါတယ္။ Palmerston ဟာ ထင္ရွားတဲ့သဘာဝ ရႈခင္းေတြေၾကာင့္နာမည္ေက်ာ္ လူသိမ်ားသလို လူပုဂၢိဳလ္တစ္ဦး  လာေရာက္အေျခခ်ေနထိုင္ျပီး ယေန႔မ်ိဳးဆက္ေတြကို ဆင့္ပြားတဲ့ျဖစ္ရပ္ ေၾကာင့္လည္း ေက်ာ္ၾကားပါတယ္။

Palmerston Atoll ဟာ မ်ားစြာေသာ သႏာၱကၽြန္းငယ္ေလးေတြ ပတ္လည္တည္ရွိေနရာ မွ သဘာဝအရ ေပၚေပါက္လာတဲ့ ထုံးေက်ာက္အိုင္ျဖစ္ျပီး ကန္ရဲ့ေဘးေတြမွာတည္ရွိတဲ့ Palmerston အပါအဝင္ North Island၊ Lee to US၊ Leicester၊Primose၊ Toms နဲ႔ Cooks ကၽြန္းေတြေၾကာင့္ သႏာၱေက်ာက္တန္းေတြနဲ႔ အလံုပိတ္ထားတဲ့ ကန္တစ္ခု နဲ႔ အလားသ႑န္တူပါတယ္။ ထံုးေရကန္ရဲ့ စုစုေပါင္းဧရိယာဟာ အေရွကအေနာက္္ကို (၁၁)ကီလိုမီတာေလာက္က်ယ္ျပီး၊ ေျမာက္မွေတာင္ကိုေတာ့ (၁၅)ကီလိုမီတာ ေလာက္ကို က်ယ္ဝန္းပါတယ္။

Palmerston Atollဟာ ပစိဖိတ္သမုဒၵရာရဲ့ (၅၆) စတုရန္း ကီလိုမီတာေလာက္ကို ရယူထားပါတယ္။ (၁၇၇၄)ခုနွစ္ေလာက္က အဂၤလန္ေတာ္ဝင္ေရတပ္က Captain Cook က Palmerston ကၽြန္းကို စတင္ေတြ႔ရွိခဲ့ျပီး (၁၇၇၇)ခုနွစ္ ဧျပီလ(၁၃)ရက္ေန႔မွ စတင္ေျခခ်ခဲ့ပါတယ္။ ကပၸတိန္ကြတ္ စတင္ေတြ႔ရွိခ်ိန္တုန္းကေတာ့ Palmersto ဟာ ေရွးေက်ာက္ဂူမ်ားစြာ ကိုေတြ႔ခဲ့ရျပီး လူေတြအေျခခ်ေနထိုင္ဖို႔ ခက္ခဲမယ္လို႔ ေကာက္ခ်က္ခ်ခဲ့ပါတယ္။ Captain Cook ဟာ ယင္းကာလတုန္းက ထင္ရွားတဲ့ ျဗိတိန္နိုင္ငံေရးသမားလည္းျဖစ္ ေတာ္ဝင္ေရတပ္ရဲ့ အၾကီးအကဲေဟာင္းျဖစ္သူ Henery Temple,2nd Viscount Palmerston ကိုဂုဏ္ျပဳတဲ့ အေနနဲ႔ ယင္းကၽြန္းကို Palmerstonလို နာမည္ေပးခဲ့ပါတယ္။

(၁၈၆၃)ခုနွစ္မွာေတ့အဂၤလန္လူမ်ိဳး လူစြန္႔စားတစ္ဦးျဖစ္သူ William Marsters ဆိုသူဟာ Polynesian ကၽြန္းသူ အမ်ိဳးသမီးနွစ္ေယာက္္ကို ဇနီးမယားအျဖစ္ အတူေခၚ ေဆာင္လာခဲ့ျပီး Palmerston ကၽြန္းမွာ စတင္အေျခခ်ေနထိုင္ခဲ့ပါတယ္။ ဝီလီယန္ဟာ သေဘၤာတည္ေဆာက္မႈနဲ႔ ေရစည္ပိုင္းေတြကို တည္ေဆာက္တဲ့ ပညာရွင္တစ္ဦးလည္း ျဖစ္ပါတယ္။ သူဟာေနာက္ပို္င္းမွာ တတိယေျမာက္မိန္းကေလးကို လက္ထပ္ခဲ့ျပီး Palmerstonကၽြန္းမွာ ကေလး(၂၃)ေယာက္အထိ ထြန္းကားလာခဲ့ပါတယ္။

William Marsters ဟာ Palmerston ကၽြန္းရဲ့ ဦးေဆာင္သူအျဖစ္ အလိုအေလ်ာက္ ျဖစ္သြားခဲ့ျပီး အဂၤလိပ္ဘာသာစကားကို Palmerston ကၽြန္းရဲ့ ပင္မဘာသာစကား အျဖစ္ သတ္မွတ္ခဲ့ပါတယ္။ သူစတင္ေရာက္ရွိခ်ိန္တုန္းက Palmerstonကၽြန္းဟာ လူေတြ ေနနိုင္ေလာက္တဲ့ အေနအထားမရွိခဲ့ပါဘူး။

William Marsters နဲ႔ ဇနီးသည္ ေတြကပဲ ၾကိဳးစားျပဳျပင္ခဲ့ျပီး ကၽြန္းကိုလာေရာက္ဆိုက္ကပ္တဲ့ သေဘၤာပ်က္ေတြက သစ္ေတြကိုယူေဆာင္ျပီး ေနထိုင္စရာအိမ္နဲ႔ ေမြးျမဴေရးရံုေတြကို စတင္တည္ေဆာက္ ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဘုရားရွိခိုးေက်ာင္း၊စာသင္ေက်ာင္းေတြကိုပါ William Marsters က တည္ေဆာက္ေပးနိုင္ခဲ့ပါတယ္။ William Marsters ရဲ့အေမြဆက္ခံတဲ့ Palmerston ကၽြန္းသူ/သားေတြဟာ သူတို႔ကိုယ္ကို အဂၤလန္နိုင္ငံသားေတြလို သတ္မွတ္ထားျပီးအခမ္းအနားေတြမွာ အဂၤလန္နိုင္ငံရဲ့ အလံကိုသာလႊင့္ထူထားေလ့ ရွိပါတယ္။

Palmerston ကၽြန္းရဲ့ ေနအိမ္ေတြမွာ အဂၤလန္ဘုရင္မၾကီးရဲ့ ပံုေတြကိုသာ ျမင္ေတြ႔ရမွာ ျဖစ္ျပီး ဒါအျပင္ Queen Elizabeth (2) ရဲ့ The Royal Yacht Britannia ေရာက္ရွိလာပံုကို ယေန႔အခ်ိန္ထိ ဂုဏ္ယူလို႔မဆံုးၾကေသးပါဘူး။ အမွန္က Palmerston ကၽြန္းဟာ နယူးဇီလန္နိုင္ငံရဲ့့ ပို္င္နက္နယ္ေျမအတြင္းမွာ ပါဝင္လ်က္ရွိေပမဲ့ နယူးဇီလန္အစိုးရကိုယ္တုိင္ ယေန႔အထိ လ်စ္လ်ဴျပဳထားခဲ့ရတာလည္း ျဖစ္ပါတယ္။

(၁၉၅၄)ခုနွစ္မွာေတာ့ Palmerston ကၽြန္းရဲ့့ William Marsters မိသားစုပိုင္ သေဘာၤကို စတင္ေရခ်ခဲ့ပါတယ္။ အထူးသျဖင့္ေတာ့ အဲဒီ သေဘၤာကို နယူးဇီလန္နိုင္ငံကို သြားေရာက္ျပီး အေရာင္း အဝယ္ျပဳလုပ္ရာမွာ အသံုးျပဳပါတယ္။ William Marsters မေသဆံုးခင္ကတည္းက သူရဲ့မိန္းမ(၃)ဦးနဲ႔ သား၊ေျမးေတြကို Palmerstonရဲ့ ေနရာေတြကိုခြဲျခမ္းျပီး ထိန္းသိမ္းဖို႔ စည္းကမ္းခ်မွတ္ခဲ့ပါတယ္။ ယေန႔အခ်ိန္မွာေတာ့ Palmerstonကၽြန္းရဲ့ မိသားစု(၃)စုအထိ ျဖစ္သြားျပီး ေနထိုင္သူ (၆၂)ဦး အထိရွိေနျပီလည္း ျဖစ္ပါတယ္။

ပိုင္းျခား ထားတဲ့နယ္ေျမေတြကို ယခင္ကထက္ပိုမို စည္ပင္လာေအာင္နဲ႔ သက္ဆိုင္ရာ စီးပြား ေရးလုပ္ငန္းေတြကို ဦးစီးေဆာင္ရြက္ရန္ ရည္ရြယ္ခ်က္နဲ႔ William Marstersက နယ္ေျမ ပိုင္းျခားေပးခဲ့တာပါ။ ယင္းစည္းကမ္းဟာ ယေန႔အထိ တည္ေနျပီး နယူးဇီလန္အစိုးရ လက္ေအာက္ခံ ေဒသဖြံုျဖိဳးေရး ေကာင္စီတစ္ခုကိုေတာင္ လက္ရွိအခ်ိန္မွာ ဖြဲ႕စည္းျပီး ပါျပီ။ ေကာင္စီမွာေတာ့ အဖြဲ႕ဝင္(၆)ဦးပါဝင္ျပီး ေခါင္းေဆာင္(၃)ဦးအျပင္ လက္ရွိမိသား စုဝင္(၃)ေယာက္က ေရြးခ်ယ္ထားတဲ့ ပုဂၢိဳလ္(၃)ဦးေပါင္းျပီး ဖြဲ႕စည္းထားပါတယ္။ လက္ရွိအၾကီးအကဲကေတာ့ Bob Marsters ဆုိသူျဖစ္ပါတယ္။

Palmerstonကၽြန္းသူ/သားေတြရဲ့ ေနထိုင္မႈပံုစံကေတာ့ အလြန္ရိုးရွင္းပါတယ္။ ဒီေဒသ မွာ ေစ်းဆိုင္၊တည္းခိုခန္းမရွိပါဘူး။ အိမ္တို္င္းမွာေတာ့ အိမ္သာ(၂)လံုး ထားရွိျပီး ေသာက္ေရ အျဖစ္မိုးေရကိုသာ အဓိကထားအသံုးျပဳၾကပါတယ္။ ျပင္ပနဲ႔ကုန္သြယ္တာ ကလြဲလို႔ ေငြေၾကးကို ေဒသခံေတြအၾကား သံုးစြဲတဲ့အေလ့မရွိပဲ လုပ္ငန္းေတြကို ဝိုင္းလုပ္/ဝိုင္းစား သေဘာမ်ိဳးနဲ႔ လုပ္ကို္င္ၾကေလ့ရွိပါတယ္။

ေနာက္ပိုင္းမွာ လ်ွပ္စစ္မီး ျဖန့္ျဖဴးေရးကို အစိုးရကစီစဥ္ေပးခဲ့ျပီး ညေန(၆)နာရီကေန ည(၁၂)နာရီအထိ လ်ွပ္စစ္ ဓာတ္အားရရွိပါတယ္။ ဒါအျပင္ တယ္လီဖုန္းဆက္သြယ္ေရး ရံုးခန္းတစ္ခုလည္းရွိတာေၾကာင့္ Palmerston ေဒသခံေတြရဲ့ လူမႈစီးပြားေရးကို မ်ားစြာ အေထာက္အကူ ျဖစ္ေစခဲ့ပါတယ္။ ငါးဖမ္းလုပ္ငန္းကေတာ့ Palmerstonကၽြန္းရဲ့ အဓိကစီးပြားေရးလုပ္ငန္း ျဖစ္ျပီး အဓိက ငါးဖမ္းတဲ့ ေနရာကိုေတာ့ ကၽြန္းကိုစတင္တည္ေထာင္ခဲ့တဲ့ William Marsters ကို ဂုဏ္ျပဳေသာအားျဖင့္ သူအမည္ကိုမွည့္ေခၚေစပါတယ္။

Palmerston ကၽြန္းရဲ့အဓိက ပို့ကုန္ျဖစ္တဲ့ ၾကက္တူေရြးငါးေတြကို ေရခဲရိုက္ျပီး နွစ္စဥ္(၁)တန္ကေန(၂)တန္ၾကား နယူးဇီလန္ နိုင္ငံကို ပို႔ေဆာင္ပါတယ္။ ယင္းကေနရတဲ့ ဝင္ေငြကို ေလာင္စာ၊ေဆးဝါးဆန္နဲ႔ ကၽြန္းသား ေတြရဲ့ အေျခခံလိုအပ္ခ်က္ေတြကို ဝယ္ယူပါတယ္။ တစ္နွစ္ကို(၂)ၾကိမ္လာေရာက္တဲ့ ကုန္သြယ္သေဘာၤေတြအျပင္ ဒါဇင္နဲ႔ခ်ီတဲ့ ဧည့္သည္ ေတြဟာ Palmerstonကၽြန္းကို နွစ္စဥ္လာေရာက္လည္ပတ္ေလ့ရွိပါတယ္။

လာေရာက္သူေတြအားလံုးဟာလည္း Palmerstonကၽြန္းသူ/သားေတြရဲ့ ေနအိမ္ေတြမွာ တည္းခိုေလ့ရွိႀကျပီး အလြန္ဧည့္ဝတ္ေက်ပြန္ၾကတယ္လို႔ သြားခဲ့ဖူးသူေတြကဆုိပါတယ္။ နယူးဇီလန္အစိုးရကေတာ့ Palmerstonကၽြန္းရဲ့တိုးမ်ားလာတဲ့ လူဦး ေရအေပၚမူတည္ျပီး ပညာေရး၊က်န္းမာေရး၊လူမႈေရး ကိစၥရပ္ေတြကို ျပည္မၾကီးနဲ႔ တန္းတူျဖစ္ေစရမယ္လို႔ အသိေပးေျပာၾကားခဲ့ပါတယ္။

VIDEO

————————–

ပစိဖိ်တ်သမုဒ္ဒရာကြီးအလယ်က  မိသားစုရဲ့ကျွန်း (unicode)

ပစိဖိတ်သမုဒ္ဒရာထဲက Cook ကျွန်းစုအတွင်းမှာတည်ရှိ Palmerston ကျွန်းငယ်လေး ဟာ နယူးဇီလန်နိုင်ငံကနေ (၃၂၀၀)ကီလိုမီတာအကွာမှာရှိပြီး ကျွန်းသူ/သားအားလုံး ဟာဆွေမျိုးရင်းချာတွေ ဖြစ်ပါတယ်။ Palmerstonကျွန်းရဲ့ မူလနာမည်ကတော့ Avarau ဖြစ်ပြီး ဒေသခံဘာသာစကားအရ သဘောၤသားနှစ်ရာ တက်ရောက်ခိုလှုံခဲ့ဖူးတဲ့ ကျွန်းလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်းရဲ့ကုန်းမြေဧရိယာကတော့ ၁မိုင် စတုရန်းမိုင်ခန့်သာ ရှိပါတယ်။

Atoll လို့သိကြတဲ့ ကျွန်းအလယ်မှာ ပင်လယ်ထုံး အိုင်တစ်ခုတည်ရှိနေတဲ့သန္တာကျောက်ကျွန်းအမျိုးအစားဖြစ်တဲ့Palmerstonကျွန်းလေးဟာ လေယာဉ်ကွင်းလည်းမရှိ၊ အင်တာနက်ဆက်သွယ်ရေးလုပ်ငန်းတွေလည်းမရှိ၊ စားသောက်ဆိုင်၊တည်းခိုခန်းတွေလည်းမရှိနဲ့ တကယ်ကို ကမ္ဘာကြီးရဲ့ ပြင်ပနေရာလို ယခင်က ဖြစ်နေခဲ့ရပါတယ်။ တစ်နှစ်ကို ကုန်သင်္ဘော (၂)ကြိမ်သာကပ်လေ့ရှိပြီး ယင်းအချိန်မှသာ ကျွန်းသူ/သားတွေအနေနဲ့ လိုအပ်တဲ့ ဆေးဝါးအပါအဝင် ခေတ်မီ အသုံးအဆောင်တွေကို ဝယ်ယူရလေ့ရှိပါတယ်။

တချိန်ကတော့ Palmerston ကျွန်းကိုသွားရောက်ရတဲ့ ခရီးစဉ်ဟာ အလွန်ရှည်လျားပြီး အန ၱရာယ်များ တာကြောင့် လာရောက်လည်ပတ်သူ မရှိသလောက်ရှားပါး ပါတယ်။ရံဖန်ရံခါမှာတော့ စူးစမ်းလေ့လာရေး သင်္ဘောတွေ လာရောက်တတ်ကြပါတယ်။ Palmerston ဟာ ထင်ရှားတဲ့သဘာဝ ရှုခင်းတွေကြောင့်နာမည်ကျော် လူသိများသလို လူပုဂ္ဂိုလ်တစ်ဦး  လာရောက်အခြေချနေထိုင်ပြီး ယနေ့မျိုးဆက်တွေကို ဆင့်ပွားတဲ့ဖြစ်ရပ် ကြောင့်လည်း ကျော်ကြားပါတယ်။

Palmerston Atoll ဟာ များစွာသော သန္တာကျွန်းငယ်လေးတွေ ပတ်လည်တည်ရှိနေရာ မှ သဘာဝအရ ပေါ်ပေါက်လာတဲ့ ထုံးကျောက်အိုင်ဖြစ်ပြီး ကန်ရဲ့ဘေးတွေမှာတည်ရှိတဲ့ Palmerston အပါအဝင် North Island၊ Lee to US၊ Leicester၊Primose၊ Toms နဲ့ Cooks ကျွန်းတွေကြောင့် သန္တာကျောက်တန်းတွေနဲ့ အလုံပိတ်ထားတဲ့ ကန်တစ်ခု နဲ့ အလားသဏ္ဍန်တူပါတယ်။ ထုံးရေကန်ရဲ့ စုစုပေါင်းဧရိယာဟာ အရှေကအနောက်ကို (၁၁)ကီလိုမီတာလောက်ကျယ်ပြီး၊ မြောက်မှတောင်ကိုတော့ (၁၅)ကီလိုမီတာ လောက်ကို ကျယ်ဝန်းပါတယ်။

Palmerston Atollဟာ ပစိဖိတ်သမုဒ္ဒရာရဲ့ (၅၆) စတုရန်း ကီလိုမီတာလောက်ကို ရယူထားပါတယ်။ (၁၇၇၄)ခုနှစ်လောက်က အင်္ဂလန်တော်ဝင်ရေတပ်က Captain Cook ကPalmerston ကျွန်းကို စတင်တွေ့ရှိခဲ့ပြီး (၁၇၇၇)ခုနှစ် ဧပြီလ(၁၃)ရက်နေ့မှ စတင်ခြေချခဲ့ပါတယ်။ ကပ္ပတိန်ကွတ် စတင်တွေ့ရှိချိန်တုန်းကတော့ Palmersto ဟာ ရှေးကျောက်ဂူများစွာ ကိုတွေ့ခဲ့ရပြီး လူတွေအခြေချနေထိုင်ဖို့ ခက်ခဲမယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ Captain Cook ဟာ ယင်းကာလတုန်းက ထင်ရှားတဲ့ ဗြိတိန်နိုင်ငံရေးသမားလည်းဖြစ် တော်ဝင်ရေတပ်ရဲ့ အကြီးအကဲဟောင်းဖြစ်သူ Henery Temple,2nd Viscount Palmerston ကိုဂုဏ်ပြုတဲ့ အနေနဲ့ ယင်းကျွန်းကို Palmerstonလို နာမည်ပေးခဲ့ပါတယ်။

(၁၈၆၃)ခုနှစ်မှာတေ့အင်္ဂလန်လူမျိုး လူစွန့်စားတစ်ဦးဖြစ်သူ William Marsters ဆိုသူဟာ Polynesian ကျွန်းသူ အမျိုးသမီးနှစ်ယောက်ကို ဇနီးမယားအဖြစ် အတူခေါ် ဆောင်လာခဲ့ပြီး Palmerston ကျွန်းမှာ စတင်အခြေချနေထိုင်ခဲ့ပါတယ်။ ဝီလီယန်ဟာ သင်္ဘောတည်ဆောက်မှုနဲ့ ရေစည်ပိုင်းတွေကို တည်ဆောက်တဲ့ ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာနောက်ပ်ိုင်းမှာ တတိယမြောက်မိန်းကလေးကို လက်ထပ်ခဲ့ပြီး Palmerstonကျွန်းမှာ ကလေး(၂၃)ယောက်အထိ ထွန်းကားလာခဲ့ပါတယ်။

William Marsters ဟာ Palmerston ကျွန်းရဲ့ ဦးဆောင်သူအဖြစ် အလိုအလျောက် ဖြစ်သွားခဲ့ပြီး အင်္ဂလိပ်ဘာသာစကားကို Palmerston ကျွန်းရဲ့ ပင်မဘာသာစကား အဖြစ် သတ်မှတ်ခဲ့ပါတယ်။ သူစတင်ရောက်ရှိချိန်တုန်းက Palmerstonကျွန်းဟာ လူတွေ နေနိုင်လောက်တဲ့ အနေအထားမရှိခဲ့ပါဘူး။

William Marsters နဲ့ ဇနီးသည် တွေကပဲ ကြိုးစားပြုပြင်ခဲ့ပြီး ကျွန်းကိုလာရောက်ဆိုက်ကပ်တဲ့ သင်္ဘောပျက်တွေက သစ်တွေကိုယူဆောင်ပြီး နေထိုင်စရာအိမ်နဲ့ မွေးမြူရေးရုံတွေကို စတင်တည်ဆောက် ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘုရားရှိခိုးကျောင်း၊စာသင်ကျောင်းတွေကိုပါ William Marsters က တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ William Marsters ရဲ့အမွေဆက်ခံတဲ့ Palmerston ကျွန်းသူ/သားတွေဟာ သူတို့ကိုယ်ကို အင်္ဂလန်နိုင်ငံသားတွေလို သတ်မှတ်ထားပြီးအခမ်းအနားတွေမှာ အင်္ဂလန်နိုင်ငံရဲ့ အလံကိုသာလွှင့်ထူထားလေ့ ရှိပါတယ်။

Palmerston ကျွန်းရဲ့ နေအိမ်တွေမှာ အင်္ဂလန်ဘုရင်မကြီးရဲ့ ပုံတွေကိုသာ မြင်တွေ့ရမှာ ဖြစ်ပြီး ဒါအပြင် Queen Elizabeth (2) ရဲ့ The Royal Yacht Britannia ရောက်ရှိလာပုံကို ယနေ့အချိန်ထိ ဂုဏ်ယူလို့မဆုံးကြသေးပါဘူး။ အမှန်က Palmerston ကျွန်းဟာ နယူးဇီလန်နိုင်ငံရဲ့ ပ်ိုင်နက်နယ်မြေအတွင်းမှာ ပါဝင်လျက်ရှိပေမဲ့ နယူးဇီလန်အစိုးရကိုယ်တိုင် ယနေ့အထိ လျစ်လျူပြုထားခဲ့ရတာလည်း ဖြစ်ပါတယ်။

(၁၉၅၄)ခုနှစ်မှာတော့ Palmerston ကျွန်းရဲ့ William Marsters မိသားစုပိုင် သဘောၤကို စတင်ရေချခဲ့ပါတယ်။ အထူးသဖြင့်တော့ အဲဒီ သင်္ဘောကို နယူးဇီလန်နိုင်ငံကို သွားရောက်ပြီး အရောင်း အဝယ်ပြုလုပ်ရာမှာ အသုံးပြုပါတယ်။ William Marsters မသေဆုံးခင်ကတည်းက သူရဲ့မိန်းမ(၃)ဦးနဲ့ သား၊မြေးတွေကို Palmerstonရဲ့ နေရာတွေကိုခွဲခြမ်းပြီး ထိန်းသိမ်းဖို့ စည်းကမ်းချမှတ်ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ Palmerstonကျွန်းရဲ့ မိသားစု(၃)စုအထိ ဖြစ်သွားပြီး နေထိုင်သူ (၆၂)ဦး အထိရှိနေပြီလည်း ဖြစ်ပါတယ်။

ပိုင်းခြား ထားတဲ့နယ်မြေတွေကို ယခင်ကထက်ပိုမို စည်ပင်လာအောင်နဲ့ သက်ဆိုင်ရာ စီးပွား ရေးလုပ်ငန်းတွေကို ဦးစီးဆောင်ရွက်ရန် ရည်ရွယ်ချက်နဲ့ William Marstersက နယ်မြေ ပိုင်းခြားပေးခဲ့တာပါ။ ယင်းစည်းကမ်းဟာ ယနေ့အထိ တည်နေပြီး နယူးဇီလန်အစိုးရ လက်အောက်ခံ ဒေသဖွုံဖြိုးရေး ကောင်စီတစ်ခုကိုတောင် လက်ရှိအချိန်မှာ ဖွဲ့စည်းပြီး ပါပြီ။ ကောင်စီမှာတော့ အဖွဲ့ဝင်(၆)ဦးပါဝင်ပြီး ခေါင်းဆောင်(၃)ဦးအပြင် လက်ရှိမိသား စုဝင်(၃)ယောက်က ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်(၃)ဦးပေါင်းပြီး ဖွဲ့စည်းထားပါတယ်။ လက်ရှိအကြီးအကဲကတော့ Bob Marsters ဆိုသူဖြစ်ပါတယ်။

Palmerstonကျွန်းသူ/သားတွေရဲ့ နေထိုင်မှုပုံစံကတော့ အလွန်ရိုးရှင်းပါတယ်။ ဒီဒေသ မှာ ဈေးဆိုင်၊တည်းခိုခန်းမရှိပါဘူး။ အိမ်တ်ိုင်းမှာတော့ အိမ်သာ(၂)လုံး ထားရှိပြီး သောက်ရေ အဖြစ်မိုးရေကိုသာ အဓိကထားအသုံးပြုကြပါတယ်။ ပြင်ပနဲ့ကုန်သွယ်တာ ကလွဲလို့ ငွေကြေးကို ဒေသခံတွေအကြား သုံးစွဲတဲ့အလေ့မရှိပဲ လုပ်ငန်းတွေကို ဝိုင်းလုပ်/ဝိုင်းစား သဘောမျိုးနဲ့ လုပ်က်ိုင်ကြလေ့ရှိပါတယ်။

နောက်ပိုင်းမှာ လျှပ်စစ်မီး ဖြန့်ဖြူးရေးကို အစိုးရကစီစဉ်ပေးခဲ့ပြီး ညနေ(၆)နာရီကနေ ည(၁၂)နာရီအထိ လျှပ်စစ် ဓာတ်အားရရှိပါတယ်။ ဒါအပြင် တယ်လီဖုန်းဆက်သွယ်ရေး ရုံးခန်းတစ်ခုလည်းရှိတာကြောင့် Palmerston ဒေသခံတွေရဲ့ လူမှုစီးပွားရေးကို များစွာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ငါးဖမ်းလုပ်ငန်းကတော့ Palmerstonကျွန်းရဲ့ အဓိကစီးပွားရေးလုပ်ငန်း ဖြစ်ပြီး အဓိက ငါးဖမ်းတဲ့ နေရာကိုတော့ ကျွန်းကိုစတင်တည်ထောင်ခဲ့တဲ့ William Marsters ကို ဂုဏ်ပြုသောအားဖြင့် သူအမည်ကိုမှည့်ခေါ်စေပါတယ်။

Palmerston ကျွန်းရဲ့အဓိက ပို့ကုန်ဖြစ်တဲ့ ကြက်တူရွေးငါးတွေကို ရေခဲရိုက်ပြီး နှစ်စဉ်(၁)တန်ကနေ(၂)တန်ကြား နယူးဇီလန် နိုင်ငံကို ပို့ဆောင်ပါတယ်။ ယင်းကနေရတဲ့ ဝင်ငွေကို လောင်စာ၊ဆေးဝါးဆန်နဲ့ ကျွန်းသား တွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဝယ်ယူပါတယ်။ တစ်နှစ်ကို(၂)ကြိမ်လာရောက်တဲ့ ကုန်သွယ်သဘောၤတွေအပြင် ဒါဇင်နဲ့ချီတဲ့ ဧည့်သည် တွေဟာ Palmerstonကျွန်းကို နှစ်စဉ်လာရောက်လည်ပတ်လေ့ရှိပါတယ်။

လာရောက်သူတွေအားလုံးဟာလည်း Palmerstonကျွန်းသူ/သားတွေရဲ့ နေအိမ်တွေမှာ တည်းခိုလေ့ရှိကြပြီး အလွန်ဧည့်ဝတ်ကျေပွန်ကြတယ်လို့ သွားခဲ့ဖူးသူတွေကဆိုပါတယ်။ နယူးဇီလန်အစိုးရကတော့ Palmerstonကျွန်းရဲ့တိုးများလာတဲ့ လူဦး ရေအပေါ်မူတည်ပြီး ပညာရေး၊ကျန်းမာရေး၊လူမှုရေး ကိစ္စရပ်တွေကို ပြည်မကြီးနဲ့ တန်းတူဖြစ်စေရမယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။

Leave a Reply