လူသိနည္းတဲ့ အဂၤလိပ္အကၡရာေတြရဲ႕ ထူးျခားခ်က္မ်ား

Posted on

ေရးသားသူ – TMK (သမန္းက်ား) ၊ ရတနာပံုသတင္းစာ။

အဂၤလိပ္အကၡရာတစ္လံုးခ်င္းစီရဲ ့ ထူးျခားတဲ့အခ်က္ေတြဟာ စိတ္၀င္စားစရာေကာင္းလွပါတယ္။ အဂၤလိပ္အကၡရာ A ကို ေရွးအီဂ်စ္လူမ်ိဳးေတြလက္ထက္မွာ ေျပာင္းျပန္ေရးခဲ့ၾကပါတယ္။ အဲဒီတုန္းက ခ်ိဳတပ္ထားတဲ့ပဲ့ပံုစံပါ။

B လား။ စာရြက္နဲ ့ခဲတံကိုင္ျပီး အဂၤလိပ္ဂဏန္းေတြကို စာလံုးေပါင္းနဲ ့ခ်ေရးၾကည့္ပါ။ B လံုး၀ မပါပါဘူး။ ဘယ္ထိေအာင္မပါဘူးလဲဆိုေတာ့ ဘီလီယံ ဆိုတဲ့ပမာဏမေရာက္မခ်င္းကို မပါတာပါ။

C ကို အေမရိကန္သမၼတ ဘင္ဂ်မင္ဖရန္ကလင္ က J, Q, W နဲ ့ X တို ့နဲ ့အတူ အဂၤလိပ္ ဘာသာစကားကေန ပယ္ဖ်က္ျပီး အဂၤလိပ္စာလံုးေပါင္းေတြကို ပိုျပီးရိုးရွင္းေအာင္လုပ္ဖို ့ ၾကိဳးစားခဲ့ဖူးပါတယ္။

D ကို စစ္တပ္ေတြက ရက္စြဲ၀ွက္သေကၤတအျဖစ္ အသံုးျပဳပါတယ္။ ဥပမာ ဒုတိယကမၻာစစ္တုန္းက D-day ဆိုတာ အလြန္နာမည္ၾကီးခဲ့တာပါ။ အဲဒီ D က ဘယ္ေန ့ကိုကိုယ္စားျပဳသလဲဆိုတာ လွ်ိဳ ့၀ွက္ထားခဲ့ၾကတာေပါ့။ အမ်ားထင္သလို Doom (ဖ်က္ဆီးသည္) Disaster (ဆိုးရြားေသာအျဖစ္အပ်က္) ကို ဆိုလိုတာ မဟုတ္ပါဘူး။

E ကေတာ့ အဂၤလိပ္ဘာသာစကားမွာ အသံုးအမ်ားဆံုးပါ။ F ရရင္ ဘယ္ေက်ာင္းသားမွ မေပ်ာ္ပါဘူး။ အဲဒါ Fail (က်ရွံဳးသည္) ကို ကိုယ္စားျပဳလို ့ပါ။ တစ္ခ်ိန္တုန္းကေတာ့ E လုိ ့ေပးခဲ့တာ ေက်ာင္းသားေတြ Excellent (သိပ္ေကာင္းသည္) နဲ ့မွားမွာစိုးလို ့ ၁၈၉၈ မွာ F လို ့ ေျပာင္းေပးခဲ့တာပါ။

အရင္တုန္းက C နဲ ့ G ဆိုတာ အတူတူပဲ။ ေနာက္ပိုင္းမွ ေရာမလူမ်ိဳးေတြက C နဲ ့ G ကြဲေအာင္ G မွာ အခုပါတဲ့ ဘားေလးထည့္လိုက္တာ။ H ကို ျဗိတိသွ်လူမ်ိဳးေတြက နွစ္ေပါင္း ၂ ေထာင္ေလာက္ၾကာတဲ့အထိ အသံနွစ္မ်ိဳး ထြက္ခဲ့ၾကတယ္။ ေအးခ်္ နဲ ့ ဟိတ္ခ်္ နဲ ့ေပါ့။ ေအး အသံနဲ ့ဖတ္ရင္ အဆင့္နိမ့္ျပီး ဟိတ္ အသံနဲ ့ဖတ္မွ အထက္တန္းက်တယ္လို ့ ယူဆခဲ့ၾကပါတယ္။

i နဲ ့ j တို ့ရဲ ့ထိပ္ကအစက္ကေလးေတြမွာ နာမည္ရွိပါတယ္။ Tittle ပါ။ Superscript Dot လို ့လည္းေခၚပါတယ္။ ျဒပ္အက္တမ္အေလးဆဇယားထဲမွာမပါတဲ့ တစ္ခုတည္းေသာအဂၤလိပ္အကၡရာကလည္း J ပါပဲ။ J ကို အီတလီက ၁၅၂၄ မွာ တီထြင္ခဲ့တာျဖစ္ျပီး အဂၤလိပ္အကၡရာထဲကို ေနာက္ဆံုးမွေရာက္လာတဲ့အကၡရာလည္း ျဖစ္ပါတယ္။

အဂၤလိပ္လိုေရတြက္တာေတြကို စာလံုးေပါင္းခ်ေရးၾကည့္ပါ။ ၾကိဳက္သေလာက္ ကုေဋကဋာဘီလီယံအထိ ေပါင္းပါ။ K လံုး၀ မပါပါဘူး။ J နဲ ့ Z လည္း မပါပါဘူး။ ေရာမလို ၅၀ ကို L လို ့ေပါင္းပါတယ္။ L ဆိုတာ ေဘာလံုးေလာကမွာ Loss (ရွံဳးပြဲ) ကို ကိုယ္စားျပဳပါတယ္။ M ကို ႏႈတ္ခမ္းနွစ္ခုမထိဘဲ ေျပာလို ့မရပါဘူး။ N ဆိုတာ တစ္ခ်ိန္တုန္းက ငါးကို ကိုယ္စားျပဳခဲ့ပါတယ္။

အဂၤလိပ္ဘာသာစကားၾကီးတစ္ခုလံုးမွာ စာလံုးအစမွာ နွစ္ခါေရးတာ A, E, O, L ပဲ ရွိပါတယ္။ ဥပမာ aardvark, eel, ooze, llama လိုမ်ိဳးေပါ့။ သို ့ေသာ္ အဂၤလိပ္စာမွာ ဘယ္အကၡရာမွ ႏွစ္ၾကိမ္ထက္ပိုျပီး မထပ္ပါဘူး။

P ရဲ ့မူလအစက R ျဖစ္ပါတယ္။ R ကို အစက Rosh လို ့ဖတ္တာပါ။ Rosh ဆိုတာ ေခါင္းပါ။ ဒါေၾကာင့္ P သည္လည္း လူရဲ ့ေခါင္းနဲ ့လည္ပင္းနဲ ့တူေနပါတယ္။ Q ကိုေတာ့ အဂၤလိပ္ဘာသာ စကားမွာ အသံုးအနည္းဆံုးပါ။ ျပီးေတာ့ အေမရိကန္ျပည္ေထာင္စုထဲက ျပည္နယ္ ၅၀ ရဲ ့ ဘယ္နာမည္ မွာမွ Q မပါပါဘူး။

R ကို ေခြးအကၡရာလို ့ေခၚခဲ့ၾကဖူးပါတယ္။ R အသံကိုေျပာတဲ့အခါ ေခြးေတြမာန္ဖီသလိုေျပာရလို ့တဲ့။ ရွိတ္စပီးယားရဲ ့ ရိုမီယိုဂ်ဴးလီယက္မွာ ရိုမီယိုရဲ ့နာမည္စာလံုးေပါင္း R နဲ ့စတာကို ကဲ့ရဲ ့တဲ့အခန္း ပါခဲ့ပါတယ္။

s ဆိုတာ တစ္ခ်ိန္က သံရွည္ s ရွိခဲ့ဖူးပါတယ္။ ေနာက္ပိုင္းမွာ အသံုးနည္းျပီး ေပ်ာက္သြားတာေပါ့။ ခုေခတ္ T-shirt လို ့ေခၚေနၾကတာ t-shirt ရဲ ့ပံုစံက အဂၤလိပ္အကၡရာ T နဲ ့ တူလို ့ပါ။ T-shirt ဆိုတဲ့စကားလံုးကို ၁၉၂၀ မွ စတင္အသံုးျပဳခဲ့ပါတယ္။

၁၆၂၉ အထိ U နဲ ့ V ကို အသြင္တူအစားထိုး သံုးခဲ့ၾကပါတယ္။ V က V လည္းဟုတ္၊ U လည္း ဟုတ္ခဲ့ပါတယ္။ ပံုနွိပ္လုပ္ငန္းေတြစလာေတာ့မွ U နဲ ့ V ကို ကြဲကြဲျပားျပား သံုးခဲ့ၾကတာပါ။ အဂၤလိပ္စာမွာ ဘယ္ေတာ့မွ အသံေဖ်ာက္မရြတ္ရတာ V ပါပဲ။ က်န္တဲ့အကၡရာေတြအားလံုး တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ အသံေဖ်ာက္ရြတ္ရပါတယ္။

W ကို double u (ယူနွစ္ထပ္)လို ့ဖတ္တယ္။ တစ္ကယ္ဆို double v လို ့ဖတ္ရမွာ။ အမွန္က အဂၤလိပ္ စာက လက္တင္ဘာသာက ဆင္းသက္လာတာ။ လက္တင္ဘာသာထဲမွာ w ကို ကိုယ္စားျပဳမယ့္အသံက မရွိ။ ဒီေတာ့ ၇ ရာစုနွစ္အထိကို w ေနရာေရာက္ရင္ uu လို ့ပဲ ေရးခဲ့ၾကတာ၊ ေနာက္ပိုင္းမွ ေပါင္းေရးလိုက္ျပီးေတာ့ w (double-u) လို ့ ဖတ္တာပါ။ X နဲ ့ Y ကေတာ့ သခၤ်ာမွာ နာမည္ၾကီးေပါ့။

မသိတာကိုကိုယ္ စားျပဳတာ X သိတာကို ကိုယ္စားျပဳတာ a,b,c ပါ။ Y ကိုေတာ့ semivowel လို ့ သတ္မွတ္ထားပါတယ္။ ဗ်ဥ္းတစ္ပိုင္း၊ သရတစ္ပိုင္းေပါ့။ Z ဟာ အဂၤလိပ္အကၡရာရဲ ့ေနာက္ဆံုးတစ္လံုး အျမဲမဟုတ္ခဲ့ပါဘူး။ အရင္တုန္းက နံပါတ္ ၇ ေနရာမွာပါလို ့ ေလ့လာေရးသားတင္ျပလိုက္ရပါတယ္။

TMK (သမန္းက်ား) ၊ ရတနာပံုသတင္းစာ။

————————

လူသိနည်းတဲ့ အင်္ဂလိပ်အက္ခရာတွေရဲ့ ထူးခြားချက်များ (unicode)

ရေးသားသူ – TMK (သမန်းကျား) ၊ ရတနာပုံသတင်းစာ။

အင်္ဂလိပ်အက္ခရာတစ်လုံးချင်းစီရဲ့ ထူးခြားတဲ့အချက်တွေဟာ စိတ်ဝင်စားစရာကောင်းလှပါတယ်။ အင်္ဂလိပ်အက္ခရာ A ကို ရှေးအီဂျစ်လူမျိုးတွေလက်ထက်မှာ ပြောင်းပြန်ရေးခဲ့ကြပါတယ်။ အဲဒီတုန်းက ချိုတပ်ထားတဲ့ပဲ့ပုံစံပါ။

B လား။ စာရွက်နဲ့ခဲတံကိုင်ပြီး အင်္ဂလိပ်ဂဏန်းတွေကို စာလုံးပေါင်းနဲ့ချရေးကြည့်ပါ။ B လုံး၀ မပါပါဘူး။ ဘယ်ထိအောင်မပါဘူးလဲဆိုတော့ ဘီလီယံ ဆိုတဲ့ပမာဏမရောက်မချင်းကို မပါတာပါ။

C ကို အမေရိကန်သမ္မတ ဘင်ဂျမင်ဖရန်ကလင် က J, Q, W နဲ့ X တို့နဲ့အတူ အင်္ဂလိပ် ဘာသာစကားကနေ ပယ်ဖျက်ပြီး အင်္ဂလိပ်စာလုံးပေါင်းတွေကို ပိုပြီးရိုးရှင်းအောင်လုပ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။

D ကို စစ်တပ်တွေက ရက်စွဲဝှက်သင်္ကေတအဖြစ် အသုံးပြုပါတယ်။ ဥပမာ ဒုတိယကမ္ဘာစစ်တုန်းက D-day ဆိုတာ အလွန်နာမည်ကြီးခဲ့တာပါ။ အဲဒီ D က ဘယ်နေ့ကိုကိုယ်စားပြုသလဲဆိုတာ လျှို့ဝှက်ထားခဲ့ကြတာပေါ့။ အများထင်သလို Doom (ဖျက်ဆီးသည်) Disaster (ဆိုးရွားသောအဖြစ်အပျက်) ကို ဆိုလိုတာ မဟုတ်ပါဘူး။

E ကတော့ အင်္ဂလိပ်ဘာသာစကားမှာ အသုံးအများဆုံးပါ။ F ရရင် ဘယ်ကျောင်းသားမှ မပျော်ပါဘူး။ အဲဒါ Fail (ကျရှုံးသည်) ကို ကိုယ်စားပြုလို့ပါ။ တစ်ချိန်တုန်းကတော့ E လို့ပေးခဲ့တာ ကျောင်းသားတွေ Excellent (သိပ်ကောင်းသည်) နဲ့မှားမှာစိုးလို့ ၁၈၉၈ မှာ F လို့ ပြောင်းပေးခဲ့တာပါ။

အရင်တုန်းက C နဲ့ G ဆိုတာ အတူတူပဲ။ နောက်ပိုင်းမှ ရောမလူမျိုးတွေက C နဲ့ G ကွဲအောင် G မှာ အခုပါတဲ့ ဘားလေးထည့်လိုက်တာ။ H ကို ဗြိတိသျှလူမျိုးတွေက နှစ်ပေါင်း ၂ ထောင်လောက်ကြာတဲ့အထိ အသံနှစ်မျိုး ထွက်ခဲ့ကြတယ်။ အေးခ်ျ နဲ့ ဟိတ်ခ်ျ နဲ့ပေါ့။ အေး အသံနဲ့ဖတ်ရင် အဆင့်နိမ့်ပြီး ဟိတ် အသံနဲ့ဖတ်မှ အထက်တန်းကျတယ်လို့ ယူဆခဲ့ကြပါတယ်။

i နဲ့ j တို့ရဲ့ထိပ်ကအစက်ကလေးတွေမှာ နာမည်ရှိပါတယ်။ Tittle ပါ။ Superscript Dot လို့လည်းခေါ်ပါတယ်။ ဒြပ်အက်တမ်အလေးဆဇယားထဲမှာမပါတဲ့ တစ်ခုတည်းသောအင်္ဂလိပ်အက္ခရာကလည်း J ပါပဲ။ J ကို အီတလီက ၁၅၂၄ မှာ တီထွင်ခဲ့တာဖြစ်ပြီး အင်္ဂလိပ်အက္ခရာထဲကို နောက်ဆုံးမှရောက်လာတဲ့အက္ခရာလည်း ဖြစ်ပါတယ်။

အင်္ဂလိပ်လိုရေတွက်တာတွေကို စာလုံးပေါင်းချရေးကြည့်ပါ။ ကြိုက်သလောက် ကုဋေကဋာဘီလီယံအထိ ပေါင်းပါ။ K လုံး၀ မပါပါဘူး။ J နဲ့ Z လည်း မပါပါဘူး။ ရောမလို ၅၀ ကို L လို့ပေါင်းပါတယ်။ L ဆိုတာ ဘောလုံးလောကမှာ Loss (ရှုံးပွဲ) ကို ကိုယ်စားပြုပါတယ်။ M ကို နှုတ်ခမ်းနှစ်ခုမထိဘဲ ပြောလို့မရပါဘူး။
N ဆိုတာ တစ်ချိန်တုန်းက ငါးကို ကိုယ်စားပြုခဲ့ပါတယ်။

အင်္ဂလိပ်ဘာသာစကားကြီးတစ်ခုလုံးမှာ စာလုံးအစမှာ နှစ်ခါရေးတာ A, E, O, L ပဲ ရှိပါတယ်။ ဥပမာ aardvark, eel, ooze, llama လိုမျိုးပေါ့။ သို့သော် အင်္ဂလိပ်စာမှာ ဘယ်အက္ခရာမှ နှစ်ကြိမ်ထက်ပိုပြီး မထပ်ပါဘူး။

P ရဲ့မူလအစက R ဖြစ်ပါတယ်။ R ကို အစက Rosh လို့ဖတ်တာပါ။ Rosh ဆိုတာ ခေါင်းပါ။ ဒါကြောင့် P သည်လည်း လူရဲ့ခေါင်းနဲ့လည်ပင်းနဲ့တူနေပါတယ်။ Q ကိုတော့ အင်္ဂလိပ်ဘာသာ စကားမှာ အသုံးအနည်းဆုံးပါ။ ပြီးတော့ အမေရိကန်ပြည်ထောင်စုထဲက ပြည်နယ် ၅၀ ရဲ့ ဘယ်နာမည် မှာမှ Q မပါပါဘူး။

R ကို ခွေးအက္ခရာလို့ခေါ်ခဲ့ကြဖူးပါတယ်။ R အသံကိုပြောတဲ့အခါ ခွေးတွေမာန်ဖီသလိုပြောရလို့တဲ့။ ရှိတ်စပီးယားရဲ့ ရိုမီယိုဂျူးလီယက်မှာ ရိုမီယိုရဲ့နာမည်စာလုံးပေါင်း R နဲ့စတာကို ကဲ့ရဲ့တဲ့အခန်း ပါခဲ့ပါတယ်။

s ဆိုတာ တစ်ချိန်က သံရှည် s ရှိခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ အသုံးနည်းပြီး ပျောက်သွားတာပေါ့။ ခုခေတ် T-shirt လို့ခေါ်နေကြတာ t-shirt ရဲ့ပုံစံက အင်္ဂလိပ်အက္ခရာ T နဲ့ တူလို့ပါ။ T-shirt ဆိုတဲ့စကားလုံးကို ၁၉၂၀ မှ စတင်အသုံးပြုခဲ့ပါတယ်။

၁၆၂၉ အထိ U နဲ့ V ကို အသွင်တူအစားထိုး သုံးခဲ့ကြပါတယ်။ V က V လည်းဟုတ်၊ U လည်း ဟုတ်ခဲ့ပါတယ်။ ပုံနှိပ်လုပ်ငန်းတွေစလာတော့မှ U နဲ့ V ကို ကွဲကွဲပြားပြား သုံးခဲ့ကြတာပါ။ အင်္ဂလိပ်စာမှာ ဘယ်တော့မှ အသံဖျောက်မရွတ်ရတာ V ပါပဲ။ ကျန်တဲ့အက္ခရာတွေအားလုံး တစ်ချိန်မဟုတ်တစ်ချိန် အသံဖျောက်ရွတ်ရပါတယ်။

W ကို double u (ယူနှစ်ထပ်)လို့ဖတ်တယ်။ တစ်ကယ်ဆို double v လို့ဖတ်ရမှာ။ အမှန်က အင်္ဂလိပ် စာက လက်တင်ဘာသာက ဆင်းသက်လာတာ။ လက်တင်ဘာသာထဲမှာ w ကို ကိုယ်စားပြုမယ့်အသံက မရှိ။ ဒီတော့ ၇ ရာစုနှစ်အထိကို w နေရာရောက်ရင် uu လို့ပဲ ရေးခဲ့ကြတာ၊ နောက်ပိုင်းမှ ပေါင်းရေးလိုက်ပြီးတော့ w (double-u) လို့ ဖတ်တာပါ။ X နဲ့ Y ကတော့ သင်္ချာမှာ နာမည်ကြီးပေါ့။

မသိတာကိုကိုယ် စားပြုတာ X သိတာကို ကိုယ်စားပြုတာ a,b,c ပါ။ Y ကိုတော့ semivowel လို့ သတ်မှတ်ထားပါတယ်။ ဗျဉ်းတစ်ပိုင်း၊ သရတစ်ပိုင်းပေါ့။ Z ဟာ အင်္ဂလိပ်အက္ခရာရဲ့နောက်ဆုံးတစ်လုံး အမြဲမဟုတ်ခဲ့ပါဘူး။ အရင်တုန်းက နံပါတ် ၇ နေရာမှာပါလို့ လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

TMK (သမန်းကျား) ၊ ရတနာပုံသတင်းစာ။

Leave a Reply