လူသိနည္းတဲ့ ဝါးပင္ရဲ႕ အက်ိဳးေက်းဇူးမ်ား

Posted on

Voice Of James Mint မွ

ဝါးပင္ဟာ တကယ္ေတာ့ ျမက္ပင္လို႔ ေျပာလို႔ရပါတယ္။ ဒါေပမယ့္ ဝါးပင္ဟာ သိပ္ကိုထူးျခားတဲ့ အပင္ပါ။ ႀကီးထြားႏႈန္း ျမန္ဆန္ၿပီး သစ္မဟုတ္တဲ့ သစ္ေတာထြက္ ပစၥည္းထဲမွာ ပါဝင္ၿပီးေတာ့ ကမာၻေပၚမွာ အလြန္အေရးပါတဲ့ အလိုအေလ်ာက္ ေပါက္တဲ့အပင္မ်ိဳးထဲမွာ ပါဝင္ပါတယ္။

ဝါးပင္မွာ မ်ိဳးကြဲေပါင္း ၁၂၀၀ ေက်ာ္ရွိၿပီးေတာ့ ကမာၻအႏွံ႔မွာ ေပါက္ပါတယ္။ အမ်ိဳးကြဲေတြေပၚ မူတည္ၿပီး ၃၀ မီတာကေန အဲ့ဒိထက္ ပိုၿပီး ျမင့္တက္ႏိုင္ပါတယ္။ အာရွ၊ အာဖရိကနဲ႔ အေမရိကတို႔ အပါအဝင္ ကမာၻ႔ သစ္ေတာေတြရဲ႔ ေဂဟစနစ္ေတြထဲက ဟက္တာဧက ၁၈ သန္းခန္႔ ေပါက္ေရာက္ေနပါတယ္။

သစ္အေနနဲ႔ ထုတ္လုပ္လို႔ရတဲ့ အပင္ေတြနဲ႔ မတူတဲ့ ထူးျခားခ်က္ကေတာ့ ဝါးပင္ေတြဟာ သဘာဝအေလ်ာက္ ျပန္လည္ ေပါက္ေရာက္ႏိုင္စြမ္း ရွိတဲ့ အပင္ေတြပဲ ျဖစ္ပါတယ္။ ဒီႏွစ္ ခုတ္ပီးတာနဲ႔ အလိုေလ်ာက္ ျပန္ေပါက္ၿပီး ေနာင္ႏွစ္မွာ ျပန္လည္ ခုတ္ယူႏိုင္ပါတယ္။

ဖြံ႔ၿဖိဳးဆဲ ႏိုင္ငံေတြမွာ ဝါးေတြဟာ အၾကမ္းသံုးအေနနဲ႔ ေနရာေပါင္းစံုမွာ အသံုးျပဳၾကသလို အိမ္ေဆာက္ျခင္း၊ ပရိေဘာဂ ပစၥည္းမ်ားအျဖစ္ အသံုးျပဳျခင္း၊ လက္မႈပစၥည္းမ်ားအျဖစ္ အသံုးျပဳျခင္း၊ မီးဖိုေခ်ာင္မွာ အသံုးျပဳျခင္း စသည္ျဖင့္ ပံုစံမ်ိဳးစံုနဲ႔ အသံုးျပဳၾကပါတယ္။ ေခတ္ေပၚ သစ္သားအစားထိုး အေနနဲ႔ အသံုးျပဳသလို စကၠဴထုတ္ယူရာမွာလည္း အသံုးျပဳပါတယ္။

ဝါးပင္ကို သဘာဝပါတ္ဝန္းက်င္ကို အမ်ားႀကီး အက်ိဳးျပဳတဲ့ အပင္အျဖစ္ သတ္မွတ္လို႔ရပါတယ္။ ေတာင္ေစာင္း ေတာင္စြန္းေတြမွာ ေဂဟစနစ္ကို အေထာက္အကူျဖစ္ေစတဲ့ ေျမဆီလႊာ သမမွ်တေအာင္ ညွိေပးၿပီး တိုက္စားခံရျခင္းမွာ ကာကြယ္ေပးပါတယ္ ။

ဝါးပင္ဟာ သစ္ေတာမ်ားအတြက္ အလြန္အေရးႀကီးတဲ့ အပင္ျဖစ္ၿပီးေတာ့ သဘာဝ သစ္ေတာေတြကေန ခုတ္ယူႏိုင္တယ္၊ စိုက္ပ်ိဳးႏိုင္တယ္၊ သစ္ေတာေတြထဲမွာ အျခားေသာ အပင္ေတြနဲ႔ ေရာေထြးၿပီး သမမ ွ်တစြာ ေပါက္ႏိုင္စြမ္းရွိတဲ့ အပင္လည္း ျဖစ္ပါတယ္။

အပူပုိင္း သစ္ေတာေတြကို ထိမ္းသိမ္းဖို႔၊ ေစာင့္ေလွ်ာက္ဖို႔နဲ႔ သစ္ထုတ္လုပ္ျခင္း သစ္ေစး ထုတ္လုပ္ျခင္း လုပ္ငန္းေတြကို အေထာက္အကူျဖစ္ေစဖို႔ ဝါးပင္ကို စိုက္ပ်ိဳးေပးျခင္းဟာလည္း နည္းလမ္းတစ္ခု ျဖစ္ပါတယ္။ ဝါးပင္ဟာ ေတာေန ဆင္းရဲတဲ့ လူေတြအတြက္ စီးပြားေရးအရ မ်ားစြာ အေထာက္အပံ့ေပးႏိုင္တဲ့ အပင္လည္း ျဖစ္ပါတယ္။

ကမာၻေပၚမွာရွိတဲ့ သန္း ၆၀၀ ေက်ာ္ လူအမ်ားစုဟာ ဝါးပင္ေတြကေနတစ္ဆင့္ ရရွိတဲ့ ဝင္ေငြကို မွီခိုေနရတာ ျဖစ္ၿပီး သန္း ရာနဲ႔ခ်ီတဲ့ လူအမ်ားစုဟာ ဝါးနဲ႔ ေဆာက္လုပ္ထားတဲ့ အိမ္ေတြမွာ ေနထိုင္ၾကတာ ျဖစ္ပါတယ္။ ဝါးပင္ရဲ႔အားသာခ်က္ကေတာ့ ကေလးငယ္ေတြေကာ အမ်ိဳးသမီးေတြပါ အလြယ္တကူ ခုတ္ယူႏိုင္ျခင္း၊ သယ္ယူႏိုင္ျခင္းပဲ ျဖစ္ပါတယ္။

ဝါးပင္ဟာ အလြယ္တကူ စိုက္ပ်ိဳးႏိုင္ျခင္း၊ ခုတ္ယူၿပီး အလိုအေလ်ာက္ ျပန္လည္ ေပါက္ေရာက္ႏိုင္ျခင္းတို႔ေၾကာင့္ လူသားေတြအေပၚ မ်ားစြာ အက်ိဳးျပဳပါတယ္။  လယ္ကြက္ ပါတ္ပါတ္လည္မွာ စိုက္ပ်ိဳးထားမယ္ဆိုရင္လည္း လယ္သမားေတြအတြက္ ပံုမွန္ဝင္ေငြကို ရရွိေစႏိုင္ပါတယ္။

လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြက သုေတသန လုပ္ခဲ့တာေတြကေန ေတြ႔လာရတဲ့ အသိေတြေၾကာင့္ ဝါးပင္ဟာ စီးပြားေရးမွာ မ်ားစြာ အေထာက္အကူေပးႏိုင္စြမ္း ရွိၿပီးေတာ့ အျခားေသာ ထုတ္ကုန္မ်ားအေနနဲ႔လည္း အသံုးျပဳႏိုင္တာကို ေလ့လာေတြ႔ရွိခဲ့ပါတယ္။ ဝါးပင္ကေန ေပ်ာ့ဖတ္နဲ႔ စကၠဴကို ထုတ္လုပ္ႏိုင္ပါတယ္။

ဝါးနဲ႔ ျပဳလုပ္ထားတဲ့ မီးေသြးဟာ အနံ႔ဆိုးေတြ၊ မေကာင္းတဲ့ အနံ႔အသက္ေတြကို စုပ္ယူႏိုင္စြမ္း အင္မတန္ အားေကာင္းလွတာေၾကာင့္ ေဟာ္တယ္မ်ား၊ ကိန္းခန္းႀကီးလွတဲ့ သူေဌးႀကီးမ်ားရဲ႕ခန္႔ျငားထည္ဝါတဲ့ အိမ္ေတြမွာ အသံုးျပဳၾကပါတယ္။ ျမန္မာႏိုင္ငံမွာလည္း စစ္ေတြကို ကားလမ္း ေဖာက္ခ်ိန္မွာ ေပ်ာ့ေျပာင္းလွတဲ့ ေအာက္ခံေျမသားေၾကာင့္ ဝါးကို အသံုးျပဳၿပီး လမ္းေဖာက္လုပ္ခဲ့ရတယ္လို႔ သိရပါတယ္။

ဝါးပင္နဲ႔ ပါတ္သက္လို႔ လူသားေတြအတြက္ အက်ိဳးျပဳတဲ့ ေနာက္တစ္မ်ိဳးကေတာ့ ေပါက္ခါစ ဝါးပင္ျဖစ္တဲ့ မွ်စ္ကို အစားအစာအျဖစ္ စားသံုးႏိုင္ျခင္းပဲ ျဖစ္ပါတယ္။ ဖိုင္ဘာနဲ႔ အဟာရဓါတ္ မ်ားစြာ ၾကြယ္ဝၿပီး လူ႔ခႏၶာကိုယ္ကို တည္ေဆာက္ရာမွာ မ်ားစြာ အသံုးဝင္တဲ့ ဓါတ္ေတြ ပါဝင္ပါတယ္။

မွ်စ္မွာ ပါဝင္တဲ့ ဖိုင္ဘာဓါတ္ဟာ ေရရွည္ ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ေပးၿပီး အူမႀကီးကင္ဆာျဖစ္တာကို ကာကြယ္ေပးႏိုင္ပါတယ္။မွ်စ္မွာ ပါဝင္တဲ့ Lignas ဟာ ကင္ဆာ၊ ဘက္တီးရီးယား၊ မိႈစြဲကပ္ျခင္း၊ ဗိုင္းရပ္စ္ေၾကာင့္ ျဖစ္တဲ့ ေဝဒနာေတြကို ကာကြယ္ေပးႏိုင္ၿပီး Phenolic acid ကေတာ့ အိုမင္းရင့္ေရာ္ျခင္းနဲ႔ ေရာင္ရမ္းျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။

မွ်စ္မွာ ဗီတာမင္နဲ႔ သတၳဳဓါတ္မ်ား ၾကြယ္ဝစြာ ပါဝင္ၿပီး ခႏၶာကိုယ္ တည္ေဆာက္ရာမွာ အဓိကၾကတဲ့ ဗီတာမင္ ေအ၊ ဗီတာမင္ ဘီ၊ ဗီတာမင္ စီ၊ ကယ္လ္စီယမ္၊ သံဓါတ္၊ Thiamine, Riboflavin, Niacin, Phosphorus, Fat, Carbohydrates, Protein, and Calories ေတြမ်ားစြာ ပါဝင္ပါတယ္။

မွ်စ္မွာပါဝင္တဲ့ ပိုတက္စီယမ္ဟာ ခႏၶာကိုယ္တြင္းက ေသြးေပါင္နဲ႔ ႏွလံုးခံုႏႈန္းကို ပံုမွန္ျဖစ္ေစရန္ ထိမ္းညွိေပးပါတယ္။ ဝါးပင္ကေန ဗီနီဂါလည္း ထုတ္ယူရရွိႏိုင္သလို၊ ဝါးနဲ႔ ျပဳလုပ္ထားတဲ့ ၾကမ္းခင္းေတြကို ပါေကးအစား အသံုးျပဳမႈေတြလည္း ပိုမို မ်ားျပားလာပါတယ္။

“ဝါးပင္မ်ားရဲ႕အဓိက အက်ိဳးျပဳမႈကေတာ့ ေလထုထဲမွာရွိတဲ့ ေအာက္စီဂ်င္နဲ႔ ကာဗြန္ဒိုင္ေအာင္ဆိုဒ္ကို သမမ ွ်တေအာင္ ထိန္းညွိေပးပါတယ္။ ႀကီးထြားျမန္ အပင္မ်ိဳး ျဖစ္တဲ့အတြက္ သစ္အစားထိုး အသံုးျပဳႏိုင္တဲ့ အပင္လည္း ျဖစ္ပါတယ္။”

ဝါးနဲ႔ အိမ္ေဆာက္ႏိုင္တဲ့အျပင္ တံတားမ်ားပင္ ေဆာက္လုပ္ အသံုးျပဳႏိုင္ပါတယ္။ထိပ္တန္း ပရိေဘာဂ၊ ေကာ္ေဇာ၊ ဖ်ာ၊ ေနကာ ယင္းလိပ္၊ ၿခံစည္းရိုးနဲ႔ တန္ဖိုးျမင့္ အႏုပညာလက္ရာ ပစၥည္းေတြအျဖစ္လည္း ထုတ္လုပ္ အသံုးျပဳႏိုင္ပါတယ္။

တရုတ္ျပည္မွာေတာ့ ကံေကာင္းျခင္းနဲ႔ စြမ္းအားေတြကို ရရွိေစႏိုင္တယ္လို႔ ယံုၾကည္ၾကတဲ့အတြက္ အိမ္တုိင္းလိုလိုမွာ ဝါးပင္ကို ေတြ႔ရတတ္ပါတယ္။ ဝါးပင္နဲ႔ ပါတ္သက္တဲ့ အဓိက ျပႆနာကေတာ့ အလြယ္တကူ ေပါက္ေရာက္ေနတဲ့ သဘာဝအပင္ ျဖစ္ၿပီး လြယ္ကူစြာ ခုတ္ယူႏိုင္ျခင္းပဲ ျဖစ္ပါတယ္။ စည္းကမ္းမဲ့စြာ ဝါးပင္မ်ားကို ခုတ္ယူအသံုးျပဳျခင္းဟာ ဝါးမ်ိဳးသုဥ္းမႈကို ျဖစ္ေပၚေစတာပါပဲ။

ဝါးပင္ရဲ႕လူသားေတြအေပၚ အက်ိဳးျပဳမႈေၾကာင့္ ႏိုင္ငံတကာမွာ ဝါးပင္ေတြကို တန္ဖိုးထားၿပီး စနစ္တက် စိုက္ပ်ိဳးလာခ်ိန္မွာ တစ္ခ်ိန္က အေရွ႕ေတာင္အာရွမွာ အႀကီးမားဆံုး ဝါးေတာလို႔ တင္စားခဲ့တဲ့ ကၽြန္ေတာ္တုိ႔ႏိုင္ငံက ဧရာဝတီတုိင္းနဲ႔ ရခိုင္ျပည္နယ္ၾကား ျမင္ကြင္းကေတာ့ ပံုပါအတုိင္း ေတာင္ကတံုးေတြ ျဖစ္လို႔ေနပါတယ္။

စနစ္မက်တဲ့ ဝါးထုတ္ယူမႈ၊ အျမွစ္ကေန တူးထုတ္ၿပီး မီးေသြးဖုတ္မႈေၾကာင့္ အသစ္တစ္ဖန္ ျပန္လည္ ေပါက္ႏိုင္ျခင္းမရွိတာေၾကာင့္ ေတာင္မ်ားဟာ ေတာင္ကတံုးအျဖစ္ကို ေရာက္ရွိကုန္ပါေတာ့တယ္။တစ္ခ်ိန္က ေနေပ်ာက္မထိုးတဲ့ သစ္ေတာ၊ လမ္းေဘး ဝဲ ယာ၊ ကိုင္းက်ေနတဲ့ ဝါးေတာဆိုတာ ပံုျပင္တစ္ပုဒ္လိုပါပဲ။

အခုအခါမွာေတာ့ အဲ့ဒိေတာင္ကတံုးေတြဟာ အပိုင္းလိုက္ အပုိင္းလိုက္ ခြဲျခား ေရာင္းခ်ထားၿပီး ဝယ္ယူထားသူေတြကလည္း ဘာအပင္မွာ ျပန္လည္ စိုက္ပ်ိဳးျခင္း မရွိေသးတာေၾကာင့္ အဆိုပါ ေတာင္ကတံုးေတြဟာ သဘာဝ ပါတ္ဝန္းက်င္ကို မ်ားစြာ ထိခိုက္ေစႏိုင္သလို ေဂဟစနစ္ကိုလည္း ပ်က္စီးေစႏိုင္ပါတယ္။

ဒါေၾကာင့္ သက္ဆုိင္သူမ်ား ျပန္လည္ၾကပ္မတ္ၿပီး သဘာဝ ေဂဟစနစ္ကို ျပန္လည္ တည့္မတ္ေပးရင္း ဝါးပင္ရဲ႔ အက်ိဳးေက်းဇူးေတြကို သိရွိႏိုင္ေစဖို႔ ရည္ရြယ္ရင္း ဒီစာကို ေရးလိုက္ပါတယ္။

Voice Of James Mint

—————-

လူသိနည်းတဲ့ ဝါးပင်ရဲ့ အကျိုးကျေးဇူးများ (unicode)

Voice Of James Mint မှ

ဝါးပင်ဟာ တကယ်တော့ မြက်ပင်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဝါးပင်ဟာ သိပ်ကိုထူးခြားတဲ့ အပင်ပါ။ ကြီးထွားနှုန်း မြန်ဆန်ပြီး သစ်မဟုတ်တဲ့ သစ်တောထွက် ပစ္စည်းထဲမှာ ပါဝင်ပြီးတော့ ကမ္ဘာပေါ်မှာ အလွန်အရေးပါတဲ့ အလိုအလျောက် ပေါက်တဲ့အပင်မျိုးထဲမှာ ပါဝင်ပါတယ်။

ဝါးပင်မှာ မျိုးကွဲပေါင်း ၁၂၀၀ ကျော်ရှိပြီးတော့ ကမ္ဘာအနှံ့မှာ ပေါက်ပါတယ်။ အမျိုးကွဲတွေပေါ် မူတည်ပြီး ၃၀ မီတာကနေ အဲ့ဒိထက် ပိုပြီး မြင့်တက်နိုင်ပါတယ်။ အာရှ၊ အာဖရိကနဲ့ အမေရိကတို့ အပါအဝင် ကမ္ဘာ့ သစ်တောတွေရဲ့ ဂေဟစနစ်တွေထဲက ဟက်တာဧက ၁၈ သန်းခန့် ပေါက်ရောက်နေပါတယ်။

သစ်အနေနဲ့ ထုတ်လုပ်လို့ရတဲ့ အပင်တွေနဲ့ မတူတဲ့ ထူးခြားချက်ကတော့ ဝါးပင်တွေဟာ သဘာဝအလျောက် ပြန်လည် ပေါက်ရောက်နိုင်စွမ်း ရှိတဲ့ အပင်တွေပဲ ဖြစ်ပါတယ်။ ဒီနှစ် ခုတ်ပီးတာနဲ့ အလိုလျောက် ပြန်ပေါက်ပြီး နောင်နှစ်မှာ ပြန်လည် ခုတ်ယူနိုင်ပါတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဝါးတွေဟာ အကြမ်းသုံးအနေနဲ့ နေရာပေါင်းစုံမှာ အသုံးပြုကြသလို အိမ်ဆောက်ခြင်း၊ ပရိဘောဂ ပစ္စည်းများအဖြစ် အသုံးပြုခြင်း၊ လက်မှုပစ္စည်းများအဖြစ် အသုံးပြုခြင်း၊ မီးဖိုချောင်မှာ အသုံးပြုခြင်း စသည်ဖြင့် ပုံစံမျိုးစုံနဲ့ အသုံးပြုကြပါတယ်။ ခေတ်ပေါ် သစ်သားအစားထိုး အနေနဲ့ အသုံးပြုသလို စက္ကူထုတ်ယူရာမှာလည်း အသုံးပြုပါတယ်။

ဝါးပင်ကို သဘာဝပါတ်ဝန်းကျင်ကို အများကြီး အကျိုးပြုတဲ့ အပင်အဖြစ် သတ်မှတ်လို့ရပါတယ်။ တောင်စောင်း တောင်စွန်းတွေမှာ ဂေဟစနစ်ကို အထောက်အကူဖြစ်စေတဲ့ မြေဆီလွှာ သမမ ွ်တအောင် ညှိပေးပြီး တိုက်စားခံရခြင်းမှာ ကာကွယ်ပေးပါတယ် ။

ဝါးပင်ဟာ သစ်တောများအတွက် အလွန်အရေးကြီးတဲ့ အပင်ဖြစ်ပြီးတော့ သဘာဝ သစ်တောတွေကနေ ခုတ်ယူနိုင်တယ်၊ စိုက်ပျိုးနိုင်တယ်၊ သစ်တောတွေထဲမှာ အခြားသော အပင်တွေနဲ့ ရောထွေးပြီး သမမ ွ်တစွာ ပေါက်နိုင်စွမ်းရှိတဲ့ အပင်လည်း ဖြစ်ပါတယ်။

အပူပိုင်း သစ်တောတွေကို ထိမ်းသိမ်းဖို့၊ စောင့်လျှောက်ဖို့နဲ့ သစ်ထုတ်လုပ်ခြင်း သစ်စေး ထုတ်လုပ်ခြင်း လုပ်ငန်းတွေကို အထောက်အကူဖြစ်စေဖို့ ဝါးပင်ကို စိုက်ပျိုးပေးခြင်းဟာလည်း နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဝါးပင်ဟာ တောနေ ဆင်းရဲတဲ့ လူတွေအတွက် စီးပွားရေးအရ များစွာ အထောက်အပံ့ပေးနိုင်တဲ့ အပင်လည်း ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ သန်း ၆၀၀ ကျော် လူအများစုဟာ ဝါးပင်တွေကနေတစ်ဆင့် ရရှိတဲ့ ဝင်ငွေကို မှီခိုနေရတာ ဖြစ်ပြီး သန်း ရာနဲ့ချီတဲ့ လူအများစုဟာ ဝါးနဲ့ ဆောက်လုပ်ထားတဲ့ အိမ်တွေမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။ ဝါးပင်ရဲ့အားသာချက်ကတော့ ကလေးငယ်တွေကော အမျိုးသမီးတွေပါ အလွယ်တကူ ခုတ်ယူနိုင်ခြင်း၊ သယ်ယူနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ဝါးပင်ဟာ အလွယ်တကူ စိုက်ပျိုးနိုင်ခြင်း၊ ခုတ်ယူပြီး အလိုအလျောက် ပြန်လည် ပေါက်ရောက်နိုင်ခြင်းတို့ကြောင့် လူသားတွေအပေါ် များစွာ အကျိုးပြုပါတယ်။  လယ်ကွက် ပါတ်ပါတ်လည်မှာ စိုက်ပျိုးထားမယ်ဆိုရင်လည်း လယ်သမားတွေအတွက် ပုံမှန်ဝင်ငွေကို ရရှိစေနိုင်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက သုတေသန လုပ်ခဲ့တာတွေကနေ တွေ့လာရတဲ့ အသိတွေကြောင့် ဝါးပင်ဟာ စီးပွားရေးမှာ များစွာ အထောက်အကူပေးနိုင်စွမ်း ရှိပြီးတော့ အခြားသော ထုတ်ကုန်များအနေနဲ့လည်း အသုံးပြုနိုင်တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ဝါးပင်ကနေ ပျော့ဖတ်နဲ့ စက္ကူကို ထုတ်လုပ်နိုင်ပါတယ်။

ဝါးနဲ့ ပြုလုပ်ထားတဲ့ မီးသွေးဟာ အနံ့ဆိုးတွေ၊ မကောင်းတဲ့ အနံ့အသက်တွေကို စုပ်ယူနိုင်စွမ်း အင်မတန် အားကောင်းလှတာကြောင့် ဟော်တယ်များ၊ ကိန်းခန်းကြီးလှတဲ့ သူဌေးကြီးများရဲ့ခန့်ငြားထည်ဝါတဲ့ အိမ်တွေမှာ အသုံးပြုကြပါတယ်။ မြန်မာနိုင်ငံမှာလည်း စစ်တွေကို ကားလမ်း ဖောက်ချိန်မှာ ပျော့ပြောင်းလှတဲ့ အောက်ခံမြေသားကြောင့် ဝါးကို အသုံးပြုပြီး လမ်းဖောက်လုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ဝါးပင်နဲ့ ပါတ်သက်လို့ လူသားတွေအတွက် အကျိုးပြုတဲ့ နောက်တစ်မျိုးကတော့ ပေါက်ခါစ ဝါးပင်ဖြစ်တဲ့ မျှစ်ကို အစားအစာအဖြစ် စားသုံးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဖိုင်ဘာနဲ့ အဟာရဓါတ် များစွာ ကြွယ်ဝပြီး လူ့ခန္ဓာကိုယ်ကို တည်ဆောက်ရာမှာ များစွာ အသုံးဝင်တဲ့ ဓါတ်တွေ ပါဝင်ပါတယ်။

မျှစ်မှာ ပါဝင်တဲ့ ဖိုင်ဘာဓါတ်ဟာ ရေရှည် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူမကြီးကင်ဆာဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။မျှစ်မှာ ပါဝင်တဲ့ Lignas ဟာ ကင်ဆာ၊ ဘက်တီးရီးယား၊ မှိုစွဲကပ်ခြင်း၊ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ဝေဒနာတွေကို ကာကွယ်ပေးနိုင်ပြီး Phenolic acid ကတော့ အိုမင်းရင့်ရော်ခြင်းနဲ့ ရောင်ရမ်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

မျှစ်မှာ ဗီတာမင်နဲ့ သတ္ထုဓါတ်များ ကြွယ်ဝစွာ ပါဝင်ပြီး ခန္ဓာကိုယ် တည်ဆောက်ရာမှာ အဓိကကြတဲ့ ဗီတာမင် အေ၊ ဗီတာမင် ဘီ၊ ဗီတာမင် စီ၊ ကယ်လ်စီယမ်၊ သံဓါတ်၊ Thiamine, Riboflavin, Niacin, Phosphorus, Fat, Carbohydrates, Protein, and Calories တွေများစွာ ပါဝင်ပါတယ်။

မျှစ်မှာပါဝင်တဲ့ ပိုတက်စီယမ်ဟာ ခန္ဓာကိုယ်တွင်းက သွေးပေါင်နဲ့ နှလုံးခုံနှုန်းကို ပုံမှန်ဖြစ်စေရန် ထိမ်းညှိပေးပါတယ်။ ဝါးပင်ကနေ ဗီနီဂါလည်း ထုတ်ယူရရှိနိုင်သလို၊ ဝါးနဲ့ ပြုလုပ်ထားတဲ့ ကြမ်းခင်းတွေကို ပါကေးအစား အသုံးပြုမှုတွေလည်း ပိုမို များပြားလာပါတယ်။

“ဝါးပင်များရဲ့အဓိက အကျိုးပြုမှုကတော့ လေထုထဲမှာရှိတဲ့ အောက်စီဂျင်နဲ့ ကာဗွန်ဒိုင်အောင်ဆိုဒ်ကို သမမ ွ်တအောင် ထိန်းညှိပေးပါတယ်။ ကြီးထွားမြန် အပင်မျိုး ဖြစ်တဲ့အတွက် သစ်အစားထိုး အသုံးပြုနိုင်တဲ့ အပင်လည်း ဖြစ်ပါတယ်။”

ဝါးနဲ့ အိမ်ဆောက်နိုင်တဲ့အပြင် တံတားများပင် ဆောက်လုပ် အသုံးပြုနိုင်ပါတယ်။ထိပ်တန်း ပရိဘောဂ၊ ကော်ဇော၊ ဖျာ၊ နေကာ ယင်းလိပ်၊ ခြံစည်းရိုးနဲ့ တန်ဖိုးမြင့် အနုပညာလက်ရာ ပစ္စည်းတွေအဖြစ်လည်း ထုတ်လုပ် အသုံးပြုနိုင်ပါတယ်။

တရုတ်ပြည်မှာတော့ ကံကောင်းခြင်းနဲ့ စွမ်းအားတွေကို ရရှိစေနိုင်တယ်လို့ ယုံကြည်ကြတဲ့အတွက် အိမ်တိုင်းလိုလိုမှာ ဝါးပင်ကို တွေ့ရတတ်ပါတယ်။ ဝါးပင်နဲ့ ပါတ်သက်တဲ့ အဓိက ပြဿနာကတော့ အလွယ်တကူ ပေါက်ရောက်နေတဲ့ သဘာဝအပင် ဖြစ်ပြီး လွယ်ကူစွာ ခုတ်ယူနိုင်ခြင်းပဲ ဖြစ်ပါတယ်။ စည်းကမ်းမဲ့စွာ ဝါးပင်များကို ခုတ်ယူအသုံးပြုခြင်းဟာ ဝါးမျိုးသုဉ်းမှုကို ဖြစ်ပေါ်စေတာပါပဲ။

ဝါးပင်ရဲ့လူသားတွေအပေါ် အကျိုးပြုမှုကြောင့် နိုင်ငံတကာမှာ ဝါးပင်တွေကို တန်ဖိုးထားပြီး စနစ်တကျ စိုက်ပျိုးလာချိန်မှာ တစ်ချိန်က အရှေ့တောင်အာရှမှာ အကြီးမားဆုံး ဝါးတောလို့ တင်စားခဲ့တဲ့ ကျွန်တော်တို့နိုင်ငံက ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကြား မြင်ကွင်းကတော့ ပုံပါအတိုင်း တောင်ကတုံးတွေ ဖြစ်လို့နေပါတယ်။

စနစ်မကျတဲ့ ဝါးထုတ်ယူမှု၊ အမြှစ်ကနေ တူးထုတ်ပြီး မီးသွေးဖုတ်မှုကြောင့် အသစ်တစ်ဖန် ပြန်လည် ပေါက်နိုင်ခြင်းမရှိတာကြောင့် တောင်များဟာ တောင်ကတုံးအဖြစ်ကို ရောက်ရှိကုန်ပါတော့တယ်။တစ်ချိန်က နေပျောက်မထိုးတဲ့ သစ်တော၊ လမ်းဘေး ဝဲ ယာ၊ ကိုင်းကျနေတဲ့ ဝါးတောဆိုတာ ပုံပြင်တစ်ပုဒ်လိုပါပဲ။

အခုအခါမှာတော့ အဲ့ဒိတောင်ကတုံးတွေဟာ အပိုင်းလိုက် အပိုင်းလိုက် ခွဲခြား ရောင်းချထားပြီး ဝယ်ယူထားသူတွေကလည်း ဘာအပင်မှာ ပြန်လည် စိုက်ပျိုးခြင်း မရှိသေးတာကြောင့် အဆိုပါ တောင်ကတုံးတွေဟာ သဘာဝ ပါတ်ဝန်းကျင်ကို များစွာ ထိခိုက်စေနိုင်သလို ဂေဟစနစ်ကိုလည်း ပျက်စီးစေနိုင်ပါတယ်။

ဒါကြောင့် သက်ဆိုင်သူများ ပြန်လည်ကြပ်မတ်ပြီး သဘာဝ ဂေဟစနစ်ကို ပြန်လည် တည့်မတ်ပေးရင်း ဝါးပင်ရဲ့ အကျိုးကျေးဇူးတွေကို သိရှိနိုင်စေဖို့ ရည်ရွယ်ရင်း ဒီစာကို ရေးလိုက်ပါတယ်။

Voice Of James Mint

Leave a Reply