ပင္လယ္ႀကီးရဲ႕ ၀ါးၿမဳိျခင္းကို ခံေနရေသာ ႏုိင္ငံေလး

Posted on

ေရးသားသူ – ဟန္လင္းေအာင္ (Messenger News)

ရာသီဥတု ေျပာင္းလဲမႈေၾကာင့္ ပင္လယ္ေရ မ်က္ႏွာျပင္ ျမင့္တက္ကာ ေရလႊမ္းခံ ရၿပီး မၾကာမီ ႏွစ္ပိုင္းမ်ား အတြင္း ေပ်ာက္ကြယ္ ႏိုင္သည့္ ႏုိင္ငံမ်ား ထဲတြင္ ပစိဖိတ္ ကၽြန္းစု ႏုိင္ငံ ကရီဘတီသည္ ထိပ္ဆံုးက ပါ၀င္ေနသည္။ ဂရိ ဒ႑ာရီ ထဲက အတၱလႏၱိတ္ ေရေအာက္ၿမိဳ႕ေတာ္ လိုမ်ဳိး ဒုတိယ အတၱလႏၱိတ္ အျဖစ္ သမိုင္းစာ မ်က္ႏွာမွာ ကမၸည္း တင္ခံရမွာ ကရီဘတီ ႏုိင္ငံသားမ်ား မလိုလား။

ကရီဘတီျပည္ေထာင္စု သမၼတႏုိင္ငံသည္ ပစိဖိတ္သမုဒၵရာ အတြင္းတြင္ရွိေသာ ကၽြန္းႏိုင္ငံတစ္ႏိုင္ငံ ျဖစ္သည္။ လူဦးေရ ၁၁၀၀၀၀ ခန္႔သာ ရွိၿပီး သႏၲာေက်ာက္ကၽြန္း ၃၂ ကၽြန္းႏွင့္ သႏၲာကၽြန္းအျမင့္ တစ္ခု ပါဝင္ကာ ဧရိယာစတုရန္းမိုင္ေပါင္း ၃.၅ သန္း (၁,၃၅၁,၀၀၀ စတုရန္း ကီလိုမီတာ) အတြင္း ျဖန္႔က်က္တည္ရွိသည္။ ကြ်န္းမ်ားကို စုေပါင္းလုိက္လွ်င္ရသည့္ ႏုိင္ငံ၏စုစုေပါင္း ဧရိယာမွာ ၃၁၃ မုိင္သာ ရွိသည္။ ၿဗိတိသွ်တုိ႔လက္ေအာက္မွ ၁၉၇၉ခုႏွစ္တြင္ လြတ္လပ္ေရး ရရွိခဲ့ၿပီး ၿမဳိ႕ေတာ္မွာ South Tarawa ျဖစ္သည္။ ေနထုိင္သူမ်ားမွာ I-Kiribati ဟုေခၚသည့္ Kiribati မူလကြ်န္းသူကြ်န္းသားမ်ားျဖစ္ၿပီး ခရစ္ယာန္ဘာသာကုိ အမ်ားဆုံး ကုိးကြယ္ၾကသည္။

စာေရးသူတို႔ ေလွကေလး ကရီဘတီ ကမ္း႐ိုးတန္းဆီ ခ်ည္းကပ္ လာသည္ႏွင့္ အမွ် မိုးကုပ္ စက္၀ိုင္းစြန္း ပင္လယ္ျပင္ဆီမွ ထိုးထြက္ ေနေသာ အနက္ေရာင္ အတန္းရွည္ႀကီးသည္ ဘာဆိုတာ ထင္ရွား သထက္ ထင္ရွား လာသည္။ ကရီဘတီကို ပင္လယ္လိႈင္း မ်ား ဒဏ္မွ ကာကြယ္ရန္ ကရီဘတီ သားတို႔ ကိုယ္တိုင္ လက္နဲ႔ စနစ္တက် ထြင္းထားေသာ သႏာၱ ေက်ာက္တံုး မ်ားကို အစီအရီ ထပ္ကာ တံတိုင္း သဖြယ္ ကာတန္း ထားျခင္း ျဖစ္သည္။

စာေရးသူ တို႔၏ ေလွကေလးသည္ ပင္လယ္ႀကီးကို အ႐ံႈးေပးကာ ေရေအာက္ ေရာက္သြား ရွာၿပီ ျဖစ္ေသာ တီဘန္ဂီနာကို ကၽြန္းစုၿမိဳ႕ ကေလး အေပၚ လႊမ္းေနသည့္ ေရျပင္ကို ျဖတ္ၿပီး ကရီဘတီ ၿမိဳ႕ေတာ္ဆီသို႔ ခပ္မွန္မွန္ သြား ေနသည္။ တီဘန္ဂီနာသည္ တစ္ခ်ိန္က အိမ္ေထာင္စု ႏွစ္ရာေက်ာ္ ေနထိုင္ သည့္ ဆိပ္ကမ္း ၿမိဳ႕ငယ္ ျဖစ္သည္။ ယခုမူကား ေက်ာက္စိမ္းေရာင္ ေရျပင္ေအာက္ မီတာနဲ႔ ခ်ီၿပီး နစ္ျမဳပ္လဲေလ်ာင္း ေနၿပီ။

ကၽြန္ေတာ္တို႔ ငယ္ငယ္ ကဆို ေဟာဟို နားဆီထိ ေရကူး သြားၿပီး သေဘၤာႀကီး ေတြကို ၾကည့္ခဲ့ၾက တာေပါ့ ဟု ေရထဲတြင္ ထိပ္ပိုင္း ေလာက္သာ ေပၚေတာ့ေသာ အုန္းပင္တန္းမ်ားဆီ လက္ညိႇဳး ညႊန္ျပကာ ၿမိဳ႕ေတာ္၀န္ ျဖစ္သူက ေျပာသည္။ ေဒသခံ မ်ား၏ ေျပာျပခ်က္ အရ တီဘန္ဂီနာသည္ တစ္ခ်ိန္ က ကရီဘတီတြင္ အဓိက ဆိပ္ကမ္းၿမိဳ႕ ျဖစ္ခဲ့သည္။ ေနာက္ပိုင္းတြင္ ျမင့္တက္ လာေသာ ပင္လယ္ေရက တီဘန္ဂီနာကို ၀ါးမ်ဳိခဲ့သည္။

ယခင္က သေဘၤာေတြ ႀကိဳးခ်ည္ေနက် ျဖစ္ေသာ အုန္းပင္တန္းမ်ား ေနရာတြင္ ပင္လယ္ေရ ၀ါးမ်ဳိ လိုက္ျခင္းေၾကာင့္ ေသဆံုး သြားၿပီ ျဖစ္ေသာ အုန္းပင္ မ်ား၏ ထိပ္ပိုင္းျပတ္ ကိုယ္ထည္ မ်ားသာ ေရျပင္ေပၚ ထိုးထြက္ ေနသည္။ ေသဆံုး သြားၿပီ ျဖစ္ေသာ လူ႔ အဖြဲ႕အစည္း တစ္ခု၏ သခ်ဳိင္း အမွတ္ အသား ကဗ်ည္းတိုင္ေလးမ်ား ပမာ က်ဳိးတိုး က်ဲတဲ ထိုးထိုး ေထာင္ေထာင္ ရွိေနသည္။  တီဘန္ဂီနာကို ရြာကို ပင္လယ္ေရ တိုက္စား ၀ါးမ်ဳိသြားသည့္ အႏၱရာယ္မ်ဳိးကို အျခားကၽြန္းစု ေနရာ အမ်ားအျပား တြင္လည္း ေတြ႕ေန ရၿပီ။

ပင္လယ္ေရ မ်က္ႏွာျပင္ ျမင့္တက္ လာျခင္းေၾကာင့္ ပစိဖိတ္ သမုဒၵရာ အတြင္းမွ ထိခိုက္ႏုိင္သည့္ ကၽြန္းစုႏုိင္ငံ ေျခာက္ခု စာရင္းတြင္ ကရီဘတီ သည္ ထိပ္ဆံုးက ရွိေၾကာင္း ကုလသမဂၢ လက္ေအာက္ခံ ရာသီဥတု ထိန္းသိမ္းေရး သိပၸံ ပညာဆိုင္ရာ အဖြဲ႕ႀကီး (IPCC) က သတိေပး ထားသည္။ ကမ္း႐ိုးတန္းမ်ားကို ပင္လယ္ေရ တိုက္စား၀ါးမ်ဳိျခင္း၊ ကုန္းတြင္းပိုင္းသို႔ ဆားငန္ေရ ထိုးေဖာက္ျခင္း တို႔ေၾကာင့္ ၂၀၅၀ ျပည့္ႏွစ္ေလာက္ေရာက္ လွ်င္ပင္ ကရီဘတီသည္ လူေန ထိုင္ရန္ မျဖစ္ႏုိင္ေသာ အေနအထားသို႔ ေရာက္သြား ႏိုင္ေၾကာင္း IPCC အစီရင္ခံစာက သတိေပးေရးသား ထားသည္။

အရင္က ဒီေရတက္လည္း စိတ္ပူစရာ မရွိတဲ့ ေနရာေတြပါ အခုဆို ဒီေရတက္ရင္ ေရမလြတ္ ေတာ့ဘူး။ အခုဆို ဒီေရဘုရင္ လို႔ပါ နာမည္သစ္ ေပးရတဲ့ ဒီေရမ်ဳိးပါ တက္လာ ေနၿပီ။ ဒီေရတက္ရင္ သိပ္ျမင့္လြန္းလို႔ အဲဒီ နာမည္ အသစ္မွည့္ေပးထား ရတာ။ ကၽြန္ေတာ္တို႔ ငယ္ငယ္ ကဆို အဲဒီလို ဒီေရမ်ဳိး ရွိကို မရွိခဲ့တာ ဟု ကရီဘတီ အစိုးရ၏ ရာသီဥတု ဆိုင္ရာ အႀကီးတန္း အႀကံေပး ပုဂ္ၢိဳလ္ အန္ဒ႐ူး တင္မ္က ေျပာသည္။

လက္ရွိမွာပင္ ကရီဘတီ ႏုိင္ငံသား မ်ားစြာသည္ ပင္လယ္ေရ ၀ါးမ်ဳိခံရေသာ ဇာတိေဒသမ်ားမွ ေျပာင္းေရႊ႕ကာ ကုန္းေျမ ျမင့္ရာ ေနရာ မ်ားသို႔ ေရႊ႕ေျပာင္းရ မႈမ်ား ရွိေနၿပီ။ သဘာ၀ေဘး ဆိုင္ရာ ေရႊ႕ေျပာင္းဒုကၡသည္ ဟူေသာ ေ၀ါဟာရ အသစ္ တစ္ရပ္ပါ ေပါက္ဖြား လာခဲ့ ရသည္။ ၿမိဳ႕ေတာ္တည္ရွိ ရာ ေတာင္တာရာ၀ါ ကၽြန္းမႀကီးသို႔ အမ်ားဆံုး ေရႊ႕ေျပာင္း ေနထိုင္လ်က္ ရွိသည္။

ေျမဧရိယာ ခပ္က်ဥ္းက်ဥ္းသာရွိ ေတာ့ေသာ ေတာင္တာရာ၀ါ ကၽြန္းမႀကီးသို႔ ေျပာင္းေရႊ႕ ေနထိုင္သူ မ်ားျပားလြန္း ေသာေၾကာင့္ လူဦးေရ သိပ္သည္းမႈသည္ တိုက်ဳိ၊ လန္ဒန္ စသည့္ ၿမိဳ႕ႀကီးမ်ား ႏွင့္ပင္ အၿပိဳင္ ျဖစ္လာ ေနၿပီ။ ကေလး ေမြးဖြားႏႈန္းႏွင့္ အသစ္ ၀င္ေရာက္ ေရႊ႕ေျပာင္း ေနထိုင္ႏႈန္း မ်ားကိုသာ မထိန္းခ်ဳပ္ ႏုိင္ပါက ေတာင္တာရာ၀ါ လူဦးေရ သည္ ၂၀၃၀ ျပည့္ႏွစ္ ေရာက္လွ်င္ လက္ရွိ ထက္ႏွစ္ဆ ျဖစ္လာ ေတာ့မည္။

ကၽြန္ေတာ္တို႔မွာ အရွားပါးဆံုးက ေရခ်ဳိပဲ။ ႏုိင္ငံမွာ လူငယ္ထု ပမာဏက တိုးသထက္ တိုးလာေနတယ္။ တိုးလာတဲ့ လူဦးေရ အတြက္ ေရခ်ဳိ မလံုေလာက္တဲ့ ျပႆနာက ႀကီးသထက္ ႀကီးလာေနတယ္။ အဲဒီလို အေျခအေနမ်ဳိးမွာ ရာသီဥတု ေျပာင္းလဲမႈေၾကာင့္ ပင္လယ္ေရ မ်က္ႏွာျပင္ ျမင့္တက္ လာၿပီး ေရခ်ဳိ ရင္းျမစ္ေတြ ကိုပါ ဆားငန္ေရ ၀င္ေရာက္တဲ့ အတြက္ ေရခ်ဳိ ျပႆနာက ပိုဆိုးသထက္ ဆိုးလာေနတယ္ ဟု မစၥတာ တင္မ္က ေျပာသည္။

သူတို႔ႏုိင္ငံ ေရနစ္ျမဳပ္ရမည့္ အႏၱရာယ္ ကာကြယ္ရန္ အတြက္ ကရီဘတီ ကၽြန္းသားမ်ား တတ္အားသမွ် ႀကိဳးပမ္းေန ၾကသည္။ ပင္လယ္ေရ မ်က္ႏွာျပင္ ျမင့္တက္လာ ရျခင္း ဇစ္ျမစ္ ျဖစ္ေသာ ကမာၻႀကီး ပူေႏြးမႈကို ေလွ်ာ့ခ် ႏုိင္ဖို႔ သူတို႔ ႀကိဳးပမ္းေန ၾကသည္။ ကမာၻႀကီးကို ပူေႏြး ေစေသာ ကာဗြန္ဒိုင္ ေအာက္ဆိုက္ ထုတ္လႊတ္ေနမႈမ်ား ကမာၻ ့ႏုိင္ငံႀကီးမ်ား ေလွ်ာ့ခ် ၾကေအာင္ သူတို႔ ႀကိဳးပမ္းေန ၾကသည္။ ကမာၻ ့ႏုိင္ငံႀကီးမ်ားကလည္း ကာဗြန္ ဒိုင္ေအာက္ဆိုက္ဒ္ ထုတ္လႊတ္မႈ ေလွ်ာ့ခ်မည္ဟု ကတိျပဳထားၾက ေသာ္လည္း ၎တို႔ ကတိေပး ထားသည့္ အခ်ိန္ေရာက္လွ်င္ ကရီဘတီသည္ ေရေအာက္ေရာက္ သြားေလာက္ ေနၿပီ။

ကရီဘတီကို ကယ္တင္ဖို႔ အစိုးရသည္ အစီအစဥ္ မ်ားစြာ ျပဳလုပ္လ်က္ ရွိသည္။ လူလုပ္ကၽြန္း တည္ေဆာက္ေရး ပညာမ်ား သင္ယူရန္ ကရီဘတီ ႏုိင္ငံသား မ်ားကို ၾသစေၾတးလ်ႏွင့္ နယူးဇီလန္ တို႔သို႔ ပညာေတာ္သင္ ေစလႊတ္လ်က္ ရွိသည္။ အနာဂတ္တြင္ အသံုးျပဳရန္ ရည္ရြယ္ခ်က္ျဖင့္ ဖီဂ်ီ ႏုိင္ငံမွ ေျမအခ်ဳိ႕ ကိုလည္း ကရီဘတီ အစိုးရက ၀ယ္ယူ ထားသည္။ ေလာကႀကီးနဲ႔ ယွဥ္မထိုးဘဲ ဒီအတိုင္း အေလွ်ာ့ေပးၿပီး အမိေျမကို စြန္႔ခြာဖို႔ ကရီဘတီသား မ်ား စိတ္မကူးၾက။

ကမာၻ ့ႏုိင္ငံႀကီးမ်ား ကာဗြန္ထုတ္လႊတ္မႈ ေလွ်ာ့ခ်လာ ၾကေအာင္ ဥပေဒျဖင့္ပါ ခ်ည္ေႏွာင္မႈ ရွိမည့္ ႏုိင္ငံတကာ သေဘာတူ စာခ်ဳပ္မ်ဳိး ခ်ဳပ္ဆို ျဖစ္ေရး အတြက္ ကရီဘတီ အစိုးရ အပါအ၀င္ က၊ြန္းစု ႏုိင္ငံ အစိုးရမ်ား ၫြန္႔ေပါင္း အဖြဲ႕ကလည္း ႏုိင္ငံတကာ စင္ျမင့္ထက္တြင္ ႀကိဳးပမ္း ေနသည္။စက္မႈ အင္အားႀကီး ႏုိင္ငံႀကီး မ်ားေၾကာင့္ အဓိက ထြက္ခဲ့ေသာ ကာဗြန္ဒိုင္ ေအာက္ဆိုက္ဒ္ ဓာတ္ေငြ႕ မ်ားေၾကာင့္ ယေန႔ ကမာၻ ့ႀကီး ပူေႏြးၿပီး ရာသီဥတုဆိုးမ်ား ျဖစ္ပြား ေနရသည္ ျဖစ္ရာ ထိုႏုိင္ငံႀကီး မ်ားသည္ စက္မႈ မဖြံ႕ၿဖိဳး ေသးေသာ ႏုိင္ငံငယ္ မ်ားအား နစ္နာေၾကးေပး ရမည္ ဟူေသာ သေဘာ တူခ်က္တြင္ ႏိုင္ငံႀကီးမ်ား လက္မွတ္ထိုး လာေအာင္လည္း ကၽြန္းစု ႏုိင္ငံမ်ား ႀကိဳးပမ္းေန ၾကသည္။

ၿပီးခဲ့သည့္ ႏွစ္အတြင္း ကမာၻ ့ကာဗြန္ဒိုင္ ေအာက္ဆိုက္ ထုတ္လႊတ္မႈ အမ်ားဆံုး ျဖစ္ေသာ အေမရိကန္ႏွင့္ တ႐ုတ္တို႔က ကာဗြန္ဒိုင္ ေအာက္ဆိုက္ ထုတ္လႊတ္မႈကို အသီးသီး ေလွ်ာ႔ခ် ၾကမည့္ အစီအစဥ္မ်ားကို ကမာၻသို႔ ေၾကညာခဲ့သည္။ ရာသီဥတု ဆိုးဒဏ္ခံရေသာ ႏုိင္ငံငယ္ မ်ားကို အကူအညီ ေငြေၾကးမ်ား ေပးရန္ ထူေထာင္ ထားေသာ အစိမ္းေရာင္ ရာသီဥတု ရန္ပံုေငြ သို႔လည္း ရန္ပံုေငြေဒၚလာ ဘီလီယံေပါင္း မ်ားစြာ ထည့္၀င္ရန္ ႏုိင္ငံႀကီးမ်ား ကတိျပဳထားၾကသည္။

ကၽြန္ေတာ္တို႔ ကၽြန္းစု ႏုိင္ငံငယ္ေလး ေတြေၾကာင့္ ရာသီဥတု ေျပာင္းလဲမႈေတြ ျဖစ္လာတာ မဟုတ္ပါဘူး။ ဒီျပႆနာ မီးကို ေမြးခဲ့သူေတြ ထဲမွာ ကၽြန္ေတာ္တို႔ မပါပါဘူး။ ကၽြန္ေတာ္ တို႔သာ မီးေမြး ပိုင္ခြင့္ရွိသူ ေနရာ ရခဲ့တယ္ ဆိုရင္လည္း ယေန႔လို အျဖစ္ဆိုးမ်ဳိး ႀကံဳမလာရေအာင္ဆင္ျခင္ ထိန္းသိမ္း ခဲ့ၾကမွာ အမွန္ပါပဲ ဟု မစၥတာ တင္မ္က ေျပာသည္။

ညေန ေန၀င္ခ်ိန္တြင္ တီဘန္ဂီနာကို ၿမိဳ႕၀န္သည္ ေရေအာက္သို႔ အေတာ္မ်ားမ်ား ေရာက္သြားၿပီ ျဖစ္ေသာ တီဘန္ဂီနာကိုၿမိဳ႕၏ တစ္ခ်ိန္က ကမ္း႐ိုးတန္း တစ္ေလွ်ာက္ ေနရာကို ေလွျဖင့္ လိုက္ျပသည္။ ယခင္က ကုန္းေျမ အျဖစ္ရွိ ခဲ့ေသာ ကမ္း႐ိုးတန္းေျမသည္ စာေရး သူတို႔ ေလွေအာက္ေရ ထဲတြင္ ရွိေနသည္။ ေရမျမဳပ္ဘဲ က်န္ေနတာ ဆိုလို႔ ခရစ္ယာန္္ ဘုရားေက်ာင္းႏွင့္ ၿမိဳ႕ေတာ္ ခန္းမ တစ္ခုသာ ရွိေတာ့သည္။ ထိုႏွစ္ခုကို ေရကာ တံတိုင္းနဲ႔ ပတ္ၿပီး ကာထားသည္။ ကာထားေသာ သဲအိတ္တံတိုင္းေတြ ၾကားကေန ေရေတြ စိမ့္၀င္ ေနသည္။ေရလႊမ္းေနေသာ ၿမိဳ႕ငယ္ အလယ္တြင္ ထိုအေဆာက္ အဦ ႏွစ္လံုးက အထီးတည္း ထိုးထြက္လို႔ေနသည္။

ဒီႏွစ္ခု ဆက္တည္ၿမဲေအာင္ေတာ့ ကၽြန္ေတာ္တို႔ ႀကိဳးပမ္း ထိန္းသိမ္းမယ္။ ဘုရားေက်ာင္းဟာ ေရႊ႕ေျပာင္း သြားရၿပီ ျဖစ္တဲ့ ၿမိဳ႕ခံေတြ အတြက္ ကိုးကြယ္ ယံုၾကည္မႈ ရင္းျမစ္ ေနရာ ျဖစ္တယ္။ ၿမိဳ႕ေတာ္ ခန္းမ ဟာလည္း တီဘန္ဂီနာကို ၿမိဳ႕သားေတြ အျဖစ္ သူတို႔ ရွင္သန္ခဲ့တုန္းက စုေ၀းခဲ့ရာ ေနရာ အျဖစ္ အမွတ္တရ ရွိေနဖို႔ ျဖစ္တယ္။ ဒီႏွစ္ခုဟာ တီဘန္ဂီနာကိုနဲ႔ သူ႔ရဲ႕ ၿမိဳ႕သူၿမိဳ႕သားေတြကို ခ်ိတ္ဆက္ေပး ထားတဲ႔ ေနာက္ဆံုး အျမစ္ ႏွစ္ေခ်ာင္းပဲ ဟု ၿမိဳ႕၀န္က ေျပာသည္။ တီဘန္ဂီနာကို ၿမိဳ႕သားေတြ အနာဂတ္ အတြက္ မည္သို႔ စီစဥ္ထား သနည္းဟု ေမးျမန္းသည္တြင္ ၿမိဳ႕၀န္သည္ အတိတ္ ကိုသာ လြမ္းဆြတ္ကာ အေျဖေပး သြားသည္။

ကၽြန္ေတာ္တို႔ ဆက္လက္ တည္ၿမဲေရး အတြက္ အကူအညီ သိပ္လိုအပ္ေန ပါတယ္။ ကၽြန္ေတာ္တို႔ အကူအညီ ေတာင္းသံကို ႏုိင္ငံ တကာ အသိုင္းအ၀ိုင္းၾကား ႏုိင္ေအာင္ ကၽြန္ေတာ္တို႔ အစိုးရက လုပ္ႏိုင္ လိမ့္မယ္ လို႔လည္း ယံုၾကည္ၿပီးသားပါ။ ႏုိင္ငံတကာ အသိုင္းအ၀ိုင္း ဘက္က တံု႔ျပန္လာ မွာကို ကၽြန္ေတာ္တို႔ ေစာင့္စားေနပါတယ္ ဟု ၿမိဳ႕၀န္က ေျပာသည္။ ေနလည္း ၀င္ၿပီ။ ကၽြန္ေတာ္တို႔ ငယ္ငယ္ကဆို ေဟာဟိုနား အုန္းပင္တန္း ေတြဆီ ေရကူးသြားၾက တာေပါ့ ဟု ယခုအခါ ပင္လယ္ျပင္ ႀကီးသာ ျဖစ္ေနေသာ ေနရာ ဆီသို႔ ေငးေမွ်ာ္ရင္း ၿမိဳ႕၀န္က လြမ္းဆြတ္စြာ ေျပာေနေလသည္။

Ref: Nation being devoured by sea (DW)
ဟန္လင္းေအာင္

——————–

ပင်လယ်ကြီးရဲ့ ဝါးမြိုခြင်းကို ခံနေရသော နိုင်ငံလေး (unicode)

ရေးသားသူ – ဟန်လင်းအောင် (Messenger News)

ရာသီဥတု ပြောင်းလဲမှုကြောင့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်ကာ ရေလွှမ်းခံ ရပြီး မကြာမီ နှစ်ပိုင်းများ အတွင်း ပျောက်ကွယ် နိုင်သည့် နိုင်ငံများ ထဲတွင် ပစိဖိတ် ကျွန်းစု နိုင်ငံ ကရီဘတီသည် ထိပ်ဆုံးက ပါဝင်နေသည်။ ဂရိ ဒဏ္ဍာရီ ထဲက အတ္တလန္တိတ် ရေအောက်မြို့တော် လိုမျိုး ဒုတိယ အတ္တလန္တိတ် အဖြစ် သမိုင်းစာ မျက်နှာမှာ ကမ္ပည်း တင်ခံရမှာ ကရီဘတီ နိုင်ငံသားများ မလိုလား။

ကရီဘတီပြည်ထောင်စု သမ္မတနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာ အတွင်းတွင်ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ လူဦးရေ ၁၁၀၀၀၀ ခန့်သာ ရှိပြီး သန္တာကျောက်ကျွန်း ၃၂ ကျွန်းနှင့် သန္တာကျွန်းအမြင့် တစ်ခု ပါဝင်ကာ ဧရိယာစတုရန်းမိုင်ပေါင်း ၃.၅ သန်း (၁,၃၅၁,၀၀၀ စတုရန်း ကီလိုမီတာ) အတွင်း ဖြန့်ကျက်တည်ရှိသည်။ ကျွန်းများကို စုပေါင်းလိုက်လျှင်ရသည့် နိုင်ငံ၏စုစုပေါင်း ဧရိယာမှာ ၃၁၃ မိုင်သာ ရှိသည်။ ဗြိတိသျှတို့လက်အောက်မှ ၁၉၇၉ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ပြီး မြို့တော်မှာ South Tarawa ဖြစ်သည်။
စာရေးသူတို့ လှေကလေး ကရီဘတီ ကမ်းရိုးတန်းဆီ ချည်းကပ် လာသည်နှင့် အမျှ မိုးကုပ် စက်ဝိုင်းစွန်း ပင်လယ်ပြင်ဆီမှ ထိုးထွက် နေသော အနက်ရောင် အတန်းရှည်ကြီးသည် ဘာဆိုတာ ထင်ရှား သထက် ထင်ရှား လာသည်။ ကရီဘတီကို ပင်လယ်လှိုင်း များ ဒဏ်မှ ကာကွယ်ရန် ကရီဘတီ သားတို့ ကိုယ်တိုင် လက်နဲ့ စနစ်တကျ ထွင်းထားသော သန္တာ ကျောက်တုံး များကို အစီအရီ ထပ်ကာ တံတိုင်း သဖွယ် ကာတန်း ထားခြင်း ဖြစ်သည်။

စာရေးသူ တို့၏ လှေကလေးသည် ပင်လယ်ကြီးကို အရှုံးပေးကာ ရေအောက် ရောက်သွား ရှာပြီ ဖြစ်သော တီဘန်ဂီနာကို ကျွန်းစုမြို့ ကလေး အပေါ် လွှမ်းနေသည့် ရေပြင်ကို ဖြတ်ပြီး ကရီဘတီ မြို့တော်ဆီသို့ ခပ်မှန်မှန် သွား နေသည်။ တီဘန်ဂီနာသည် တစ်ချိန်က အိမ်ထောင်စု နှစ်ရာကျော် နေထိုင် သည့် ဆိပ်ကမ်း မြို့ငယ် ဖြစ်သည်။ ယခုမူကား ကျောက်စိမ်းရောင် ရေပြင်အောက် မီတာနဲ့ ချီပြီး နစ်မြုပ်လဲလျောင်း နေပြီ။

ကျွန်တော်တို့ ငယ်ငယ် ကဆို ဟောဟို နားဆီထိ ရေကူး သွားပြီး သင်္ဘောကြီး တွေကို ကြည့်ခဲ့ကြ တာပေါ့ ဟု ရေထဲတွင် ထိပ်ပိုင်း လောက်သာ ပေါ်တော့သော အုန်းပင်တန်းများဆီ လက်ညှိုး ညွှန်ပြကာ မြို့တော်ဝန် ဖြစ်သူက ပြောသည်။ ဒေသခံ များ၏ ပြောပြချက် အရ တီဘန်ဂီနာသည် တစ်ချိန် က ကရီဘတီတွင် အဓိက ဆိပ်ကမ်းမြို့ ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် မြင့်တက် လာသော ပင်လယ်ရေက တီဘန်ဂီနာကို ဝါးမျိုခဲ့သည်။

ယခင်က သင်္ဘောတွေ ကြိုးချည်နေကျ ဖြစ်သော အုန်းပင်တန်းများ နေရာတွင် ပင်လယ်ရေ ဝါးမျို လိုက်ခြင်းကြောင့် သေဆုံး သွားပြီ ဖြစ်သော အုန်းပင် များ၏ ထိပ်ပိုင်းပြတ် ကိုယ်ထည် များသာ ရေပြင်ပေါ် ထိုးထွက် နေသည်။ သေဆုံး သွားပြီ ဖြစ်သော လူ့ အဖွဲ့အစည်း တစ်ခု၏ သချိုင်း အမှတ် အသား ကဗျည်းတိုင်လေးများ ပမာ ကျိုးတိုး ကျဲတဲ ထိုးထိုး ထောင်ထောင် ရှိနေသည်။ ကရီဘတီသည် ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းခြမ်း အီကွေတာ မျဉ်းတစ်လျှောက် (၃၃) ကျွန်းတန်း နေသော ကျွန်းစုနိုင်ငံငယ် ဖြစ်သည်။ တီဘန်ဂီနာကို ရွာကို ပင်လယ်ရေ တိုက်စား ဝါးမျိုသွားသည့် အန္တရာယ်မျိုးကို အခြားကျွန်းစု နေရာ အများအပြား တွင်လည်း တွေ့နေ ရပြီ။

ပင်လယ်ရေ မျက်နှာပြင် မြင့်တက် လာခြင်းကြောင့် ပစိဖိတ် သမုဒ္ဒရာ အတွင်းမှ ထိခိုက်နိုင်သည့် ကျွန်းစုနိုင်ငံ ခြောက်ခု စာရင်းတွင် ကရီဘတီ သည် ထိပ်ဆုံးက ရှိကြောင်း ကုလသမဂ္ဂ လက်အောက်ခံ ရာသီဥတု ထိန်းသိမ်းရေး သိပ္ပံ ပညာဆိုင်ရာ အဖွဲ့ကြီး (IPCC) က သတိပေး ထားသည်။ ကမ်းရိုးတန်းများကို ပင်လယ်ရေ တိုက်စားဝါးမျိုခြင်း၊ ကုန်းတွင်းပိုင်းသို့ ဆားငန်ရေ ထိုးဖောက်ခြင်း တို့ကြောင့် ၂၀၅၀ ပြည့်နှစ်လောက်ရောက် လျှင်ပင် ကရီဘတီသည် လူနေ ထိုင်ရန် မဖြစ်နိုင်သော အနေအထားသို့ ရောက်သွား နိုင်ကြောင်း IPCC အစီရင်ခံစာက သတိပေးရေးသား ထားသည်။

အရင်က ဒီရေတက်လည်း စိတ်ပူစရာ မရှိတဲ့ နေရာတွေပါ အခုဆို ဒီရေတက်ရင် ရေမလွတ် တော့ဘူး။ အခုဆို ဒီရေဘုရင် လို့ပါ နာမည်သစ် ပေးရတဲ့ ဒီရေမျိုးပါ တက်လာ နေပြီ။ ဒီရေတက်ရင် သိပ်မြင့်လွန်းလို့ အဲဒီ နာမည် အသစ်မှည့်ပေးထား ရတာ။ ကျွန်တော်တို့ ငယ်ငယ် ကဆို အဲဒီလို ဒီရေမျိုး ရှိကို မရှိခဲ့တာ ဟု ကရီဘတီ အစိုးရ၏ ရာသီဥတု ဆိုင်ရာ အကြီးတန်း အကြံပေး ပုဂ္ဂ်ိုလ် အန်ဒရူး တင်မ်က ပြောသည်။

လက်ရှိမှာပင် ကရီဘတီ နိုင်ငံသား များစွာသည် ပင်လယ်ရေ ဝါးမျိုခံရသော ဇာတိဒေသများမှ ပြောင်းရွှေ့ကာ ကုန်းမြေ မြင့်ရာ နေရာ များသို့ ရွှေ့ပြောင်းရ မှုများ ရှိနေပြီ။ သဘာ၀ဘေး ဆိုင်ရာ ရွှေ့ပြောင်းဒုက္ခသည် ဟူသော ဝေါဟာရ အသစ် တစ်ရပ်ပါ ပေါက်ဖွား လာခဲ့ ရသည်။ မြို့တော်တည်ရှိ ရာ တောင်တာရာဝါ ကျွန်းမကြီးသို့ အများဆုံး ရွှေ့ပြောင်း နေထိုင်လျက် ရှိသည်။

မြေဧရိယာ ခပ်ကျဉ်းကျဉ်းသာရှိ တော့သော တောင်တာရာဝါ ကျွန်းမကြီးသို့ ပြောင်းရွှေ့ နေထိုင်သူ များပြားလွန်း သောကြောင့် လူဦးရေ သိပ်သည်းမှုသည် တိုကျို၊ လန်ဒန် စသည့် မြို့ကြီးများ နှင့်ပင် အပြိုင် ဖြစ်လာ နေပြီ။ ကလေး မွေးဖွားနှုန်းနှင့် အသစ် ဝင်ရောက် ရွှေ့ပြောင်း နေထိုင်နှုန်း များကိုသာ မထိန်းချုပ် နိုင်ပါက တောင်တာရာဝါ လူဦးရေ သည် ၂၀၃၀ ပြည့်နှစ် ရောက်လျှင် လက်ရှိ ထက်နှစ်ဆ ဖြစ်လာ တော့မည်။

ကျွန်တော်တို့မှာ အရှားပါးဆုံးက ရေချိုပဲ။ နိုင်ငံမှာ လူငယ်ထု ပမာဏက တိုးသထက် တိုးလာနေတယ်။ တိုးလာတဲ့ လူဦးရေ အတွက် ရေချို မလုံလောက်တဲ့ ပြဿနာက ကြီးသထက် ကြီးလာနေတယ်။ အဲဒီလို အခြေအနေမျိုးမှာ ရာသီဥတု ပြောင်းလဲမှုကြောင့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက် လာပြီး ရေချို ရင်းမြစ်တွေ ကိုပါ ဆားငန်ရေ ဝင်ရောက်တဲ့ အတွက် ရေချို ပြဿနာက ပိုဆိုးသထက် ဆိုးလာနေတယ် ဟု မစ္စတာ တင်မ်က ပြောသည်။

သူတို့နိုင်ငံ ရေနစ်မြုပ်ရမည့် အန္တရာယ် ကာကွယ်ရန် အတွက် ကရီဘတီ ကျွန်းသားများ တတ်အားသမျှ ကြိုးပမ်းနေ ကြသည်။ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာ ရခြင်း ဇစ်မြစ် ဖြစ်သော ကမ္ဘာကြီး ပူနွေးမှုကို လျှော့ချ နိုင်ဖို့ သူတို့ ကြိုးပမ်းနေ ကြသည်။ ကမ္ဘာကြီးကို ပူနွေး စေသော ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်နေမှုများ ကမ္ဘာ့နိုင်ငံကြီးများ လျှော့ချ ကြအောင် သူတို့ ကြိုးပမ်းနေ ကြသည်။ ကမ္ဘာ့နိုင်ငံကြီးများကလည်း ကာဗွန် ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှု လျှော့ချမည်ဟု ကတိပြုထားကြ သော်လည်း ၎င်းတို့ ကတိပေး ထားသည့် အချိန်ရောက်လျှင် ကရီဘတီသည် ရေအောက်ရောက် သွားလောက် နေပြီ။

ကရီဘတီကို ကယ်တင်ဖို့ အစိုးရသည် အစီအစဉ် များစွာ ပြုလုပ်လျက် ရှိသည်။ လူလုပ်ကျွန်း တည်ဆောက်ရေး ပညာများ သင်ယူရန် ကရီဘတီ နိုင်ငံသား များကို ဩစတြေးလျနှင့် နယူးဇီလန် တို့သို့ ပညာတော်သင် စေလွှတ်လျက် ရှိသည်။ အနာဂတ်တွင် အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ဖီဂျီ နိုင်ငံမှ မြေအချို့ ကိုလည်း ကရီဘတီ အစိုးရက ဝယ်ယူ ထားသည်။ လောကကြီးနဲ့ ယှဉ်မထိုးဘဲ ဒီအတိုင်း အလျှော့ပေးပြီး အမိမြေကို စွန့်ခွာဖို့ ကရီဘတီသား များ စိတ်မကူးကြ။

ကမ္ဘာ့နိုင်ငံကြီးများ ကာဗွန်ထုတ်လွှတ်မှု လျှော့ချလာ ကြအောင် ဥပဒေဖြင့်ပါ ချည်နှောင်မှု ရှိမည့် နိုင်ငံတကာ သဘောတူ စာချုပ်မျိုး ချုပ်ဆို ဖြစ်ရေး အတွက် ကရီဘတီ အစိုးရ အပါအဝင် က၊ွန်းစု နိုင်ငံ အစိုးရများ ညွန့်ပေါင်း အဖွဲ့ကလည်း နိုင်ငံတကာ စင်မြင့်ထက်တွင် ကြိုးပမ်း နေသည်။စက်မှု အင်အားကြီး နိုင်ငံကြီး များကြောင့် အဓိက ထွက်ခဲ့သော ကာဗွန်ဒိုင် အောက်ဆိုက်ဒ် ဓာတ်ငွေ့ များကြောင့် ယနေ့ ကမ္ဘာ့ကြီး ပူနွေးပြီး ရာသီဥတုဆိုးများ ဖြစ်ပွား နေရသည် ဖြစ်ရာ ထိုနိုင်ငံကြီး များသည် စက်မှု မဖွံ့ဖြိုး သေးသော နိုင်ငံငယ် များအား နစ်နာကြေးပေး ရမည် ဟူသော သဘော တူချက်တွင် နိုင်ငံကြီးများ လက်မှတ်ထိုး လာအောင်လည်း ကျွန်းစု နိုင်ငံများ ကြိုးပမ်းနေ ကြသည်။

ပြီးခဲ့သည့် နှစ်အတွင်း ကမ္ဘာ့ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်မှု အများဆုံး ဖြစ်သော အမေရိကန်နှင့် တရုတ်တို့က ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်မှုကို အသီးသီး လျှော့ချ ကြမည့် အစီအစဉ်များကို ကမ္ဘာသို့ ကြေညာခဲ့သည်။ ရာသီဥတု ဆိုးဒဏ်ခံရသော နိုင်ငံငယ် များကို အကူအညီ ငွေကြေးများ ပေးရန် ထူထောင် ထားသော အစိမ်းရောင် ရာသီဥတု ရန်ပုံငွေ သို့လည်း ရန်ပုံငွေဒေါ်လာ ဘီလီယံပေါင်း များစွာ ထည့်ဝင်ရန် နိုင်ငံကြီးများ ကတိပြုထားကြသည်။

ကျွန်တော်တို့ ကျွန်းစု နိုင်ငံငယ်လေး တွေကြောင့် ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်လာတာ မဟုတ်ပါဘူး။ ဒီပြဿနာ မီးကို မွေးခဲ့သူတွေ ထဲမှာ ကျွန်တော်တို့ မပါပါဘူး။ ကျွန်တော် တို့သာ မီးမွေး ပိုင်ခွင့်ရှိသူ နေရာ ရခဲ့တယ် ဆိုရင်လည်း ယနေ့လို အဖြစ်ဆိုးမျိုး ကြုံမလာရအောင်ဆင်ခြင် ထိန်းသိမ်း ခဲ့ကြမှာ အမှန်ပါပဲ ဟု မစ္စတာ တင်မ်က ပြောသည်။

ညနေ နေဝင်ချိန်တွင် တီဘန်ဂီနာကို မြို့ဝန်သည် ရေအောက်သို့ အတော်များများ ရောက်သွားပြီ ဖြစ်သော တီဘန်ဂီနာကိုမြို့၏ တစ်ချိန်က ကမ်းရိုးတန်း တစ်လျှောက် နေရာကို လှေဖြင့် လိုက်ပြသည်။ ယခင်က ကုန်းမြေ အဖြစ်ရှိ ခဲ့သော ကမ်းရိုးတန်းမြေသည် စာရေး သူတို့ လှေအောက်ရေ ထဲတွင် ရှိနေသည်။ ရေမမြုပ်ဘဲ ကျန်နေတာ ဆိုလို့ ခရစ်ယာန် ဘုရားကျောင်းနှင့် မြို့တော် ခန်းမ တစ်ခုသာ ရှိတော့သည်။ ထိုနှစ်ခုကို ရေကာ တံတိုင်းနဲ့ ပတ်ပြီး ကာထားသည်။ ကာထားသော သဲအိတ်တံတိုင်းတွေ ကြားကနေ ရေတွေ စိမ့်ဝင် နေသည်။ရေလွှမ်းနေသော မြို့ငယ် အလယ်တွင် ထိုအဆောက် အဦ နှစ်လုံးက အထီးတည်း ထိုးထွက်လို့နေသည်။

ဒီနှစ်ခု ဆက်တည်မြဲအောင်တော့ ကျွန်တော်တို့ ကြိုးပမ်း ထိန်းသိမ်းမယ်။ ဘုရားကျောင်းဟာ ရွှေ့ပြောင်း သွားရပြီ ဖြစ်တဲ့ မြို့ခံတွေ အတွက် ကိုးကွယ် ယုံကြည်မှု ရင်းမြစ် နေရာ ဖြစ်တယ်။ မြို့တော် ခန်းမ ဟာလည်း တီဘန်ဂီနာကို မြို့သားတွေ အဖြစ် သူတို့ ရှင်သန်ခဲ့တုန်းက စုဝေးခဲ့ရာ နေရာ အဖြစ် အမှတ်တရ ရှိနေဖို့ ဖြစ်တယ်။ ဒီနှစ်ခုဟာ တီဘန်ဂီနာကိုနဲ့ သူ့ရဲ့ မြို့သူမြို့သားတွေကို ချိတ်ဆက်ပေး ထားတဲ့ နောက်ဆုံး အမြစ် နှစ်ချောင်းပဲ ဟု မြို့ဝန်က ပြောသည်။ တီဘန်ဂီနာကို မြို့သားတွေ အနာဂတ် အတွက် မည်သို့ စီစဉ်ထား သနည်းဟု မေးမြန်းသည်တွင် မြို့ဝန်သည် အတိတ် ကိုသာ လွမ်းဆွတ်ကာ အဖြေပေး သွားသည်။

ကျွန်တော်တို့ ဆက်လက် တည်မြဲရေး အတွက် အကူအညီ သိပ်လိုအပ်နေ ပါတယ်။ ကျွန်တော်တို့ အကူအညီ တောင်းသံကို နိုင်ငံ တကာ အသိုင်းအဝိုင်းကြား နိုင်အောင် ကျွန်တော်တို့ အစိုးရက လုပ်နိုင် လိမ့်မယ် လို့လည်း ယုံကြည်ပြီးသားပါ။ နိုင်ငံတကာ အသိုင်းအဝိုင်း ဘက်က တုံ့ပြန်လာ မှာကို ကျွန်တော်တို့ စောင့်စားနေပါတယ် ဟု မြို့ဝန်က ပြောသည်။ နေလည်း ဝင်ပြီ။ ကျွန်တော်တို့ ငယ်ငယ်ကဆို ဟောဟိုနား အုန်းပင်တန်း တွေဆီ ရေကူးသွားကြ တာပေါ့ ဟု ယခုအခါ ပင်လယ်ပြင် ကြီးသာ ဖြစ်နေသော နေရာ ဆီသို့ ငေးမျှော်ရင်း မြို့ဝန်က လွမ်းဆွတ်စွာ ပြောနေလေသည်။

Ref: Nation being devoured by sea (DW)
ဟန်လင်းအောင်

Leave a Reply