စိတ္၀င္စားဖြယ္ရာ အသားစားပင္မ်ားအေၾကာင္း

Posted on

Via : Mg Wisdom

တခါတရံ ဇီဝေဗဒကို ဒီလိုေလး သင္ၾကည့္တယ္… မူရင္းေရးသားသူမ်ားကို ေက်းဇူးအထူးတင္ပါတယ္ ခင္ဗ်ာ…

ဆယ္တန္း ဇီဝေဗဒ အခန္း(၁)
“Insectivorous or carnivorous plants”

အင္းဆက္ပိုးစားပင္မ်ားကို အသားစားပင္မ်ား carnivorous plants ေတြလို႔လည္းေခၚပါတယ္။ ဒီအပင္ေတြဟာ သာမာန္အပင္ေတြလိုဘဲ အျမစ္ေတြ အရြက္ေတြပါပါတယ္။ ဒါေပမယ့္ သူတို႔ေပါက္ေသာေျမကေတာ့ အာဟာရဓါတ္ခ်ဳိ႕တဲ့ၿပီး ညံ့ဖ်င္းေသာေျမမ်ဳိးျဖစ္တယ္။ အထူးသျဖင့္ nitrogen နည္းပါးေလ့ရွိတယ္။ အင္းဆက္မွ စုပ္ယူလိုက္ေသာ အရည္တြင္ ပ႐ိုတင္းေခၚ အသားဓါတ္ ပါပါတယ္။ ပ႐ိုတင္းကို ႏိုက္ႀတိဳဂ်င္ပါေသာ ပစၥည္းမ်ားျဖင့္ဖြဲ႕စည္းထားရာ စာပိုဒ္ထဲတြင္ပါေသာ nitrogenous ဆိုသည္မွာ ထိုအရာကို ၫႊန္းသည္ဟု ဆိုႏိုင္ပါတယ္။

1.Pitcher plant

သိပၸံအမည္ Nepenthes rafflesiana လုိ႔ ေခၚတြင္တဲ့ Raffles ေရတေကာင္းပင္ (Pitcher Plant) ေတြဟာ သားေကာင္ေတြကုိ ဖမ္းယူစားေသာက္ၿပီး အာဟာရ ရယူၾကပါတယ္။ သူတုိ႔ရဲ႕ ကေတာ့ပံု ထူးရွယ္/ကဲ အရြက္ေတြရဲ႕ ႏႈတ္ခမ္းဝမွာ အင္းဆက္ေတြႏွစ္သက္တဲ့ ဝတ္ရည္ခ်ဳိေတြကုိ စစ္ထုတ္ၿပီး အင္းဆက္ေတြကုိ ဆြဲေဆာင္ပါတယ္။

အတြင္းဘက္ အရြက္မ်က္ႏွာျပင္ဟာ စုိစြတ္ၿပီး ေခ်ာ္ေနပါတယ္။ ဝတ္ရည္ခ်ဳိေတြဆီ လာေရာက္ၾကတဲ့ အင္းဆက္ေတြဟာ ေခ်ာ္ၾကၿပီး ေအာက္ဘက္မွာရွိတဲ့ အပင္ရဲ႕ အစာေျခ အရည္ေတြထဲ ျပဳတ္က်သြားပါတယ္။ ထူးဆန္းမႈ တစ္ခုကုိ ပညာရွင္ေတြ ေတြ႕ရွိခဲ့ရတာကေတာ့ ပူျပင္းတဲ့ ေန႔ရက္ေတြမွာ ဒီအပင္ေတြမွာ သူတုိ႔ရဲ႕ အတြင္းဘက္အရြက္မ်က္ႏွာျပင္ကုိ ရွစ္နာရီခန္႔ စုိစြတ္ေခ်ာ္ေနေအာင္ မလုပ္ဘဲ ထားထားတတ္ပါတယ္။

ဆုိေတာ့ လာေရာက္တဲ့ ပုရြက္ဆိတ္ေတြ မေခ်ာ္က်ေတာ့ဘူးေပါ႔ ၊ ဘာလုိ႔မ်ားပါလိမ့္ ။ အခ်ိန္ျပည့္ စုိစြတ္ေခ်ာ္ေနေအာင္ လုပ္ထားမွ ပုရြက္ဆိတ္ေတြ အပင္ရဲ႕ အစာေျခ အရည္ထဲ ေခ်ာ္က်ၿပီး အပင္က အဟာရ ရမွာေလ ။ ဒါျဖင့္ ဒီအပင္ေတြက ငတံုးေတြလား ။

မဟုတ္ပါဘူး၊ ဒီအပင္ေတြက ဉာဏ္ႀကီးရွင္ေတြပါ။ ပုရြက္ဆိတ္ေတြဟာ အဖြဲ႕အစည္းနဲ႔ ေနထုိင္တဲ့ အင္းဆက္ေတြ ျဖစ္ပါတယ္။ ပုရြက္ဆိတ္တစ္ေကာင္ဟာ အစာကုိ ေတြ႕ရွိၿပီဆုိရင္ သူ႔အသုိက္ကုိ ျပန္သြားၿပီး ပုရြက္ဆိတ္ေတြ အံုလုိက္က်င္းလုိက္ ေခၚလာတတ္ပါတယ္။ ဒီလုိ အံုလုိက္က်င္းလုိက္ ေခၚလာခ်ိန္မွာမွ ဒီအပင္ေတြရဲ႕ အတြင္းဘက္ အရြက္မ်က္ႏွာျပင္ဟာ စုိစြတ္ေနၿပီး ပုရြက္ဆိတ္ေတြ အံုလုိက္က်င္းလုိက္ အစာေျခရည္ထဲ ျပဳတ္က်ကုန္တာကုိ ပညာရွင္ေတြ ေတြ႕ရွိၾကရပါတယ္။

တကယ္လုိ႔ ဒီအပင္အေနနဲ႔ အခ်ိန္ျပည့္ စုိစြတ္ေခ်ာမြတ္ေအာင္သာ လုပ္ထားရင္ ပထမဆံုး ဝတ္ရည္ေတြ႕တဲ့ ပုရြက္ဆိတ္ဟာ သူ႔အေဖာ္ေတြကုိ အံုလုိက္က်င္းလုိက္ သြားေခၚႏုိင္မွာမဟုတ္ပဲ အပင္ရဲ႕ အစာေျခရည္ထဲ ျပဳတ္က်ေသဆံုးသြားမွာျဖစ္ၿပီး အက်ဳိးဆက္အေနနဲ႔ အပင္ဟာလဲ ပုရြက္ဆိတ္တစ္ေကာင္ဆီကပဲ အဟာရ ရယူႏုိင္ေတာ့မွာေပါ႔။

ဒါေပမဲ့လည္း ဒီအပင္ေတြဟာ ပုရြက္ဆိတ္ေတြ သူတုိ႔အေဖာ္ေတြကုိ သြားေရာက္ေခၚေဆာင္ ႏုိင္ေစရန္ စစခ်င္း ရွစ္နာရီခန္႔ သူတုိ႔ရဲ႕ေထာင္ေခ်ာက္ရြက္ေတြကုိ မစုိစြတ္ မေခ်ာ္မြတ္ေစေအာင္ ထားရွိ လွည့္ျဖားထားၾကေလရဲ႕။

2.Sundew

Sundew ပင္ကို ေနႏွင္းေပါက္ပင္လို႔ ေခၚရျခင္းမွာ အဓိပၸါယ္ရွိသည္ ၊ sun ဆိုတာ ေန, dew ဆိုတာ ႏွင္းေပါက္ ႏွင္းစက္မ်ားျဖစ္သည္၊ ‘ဒေရာ့ဆီရာ’မ်ိဳးစုတြင္ ပါဝင္သည္။ ဒီအပင္ေတြသည္ အာဟာရ သတၳဳခ်ဳိ႕တဲ့လွသည့္ေျမမ်ဳိးမွာေပါက္သည္။ အရြက္မ်က္ႏွာျပင္တစ္ခုလုံး ေစးကပ္သည့္ ဂလင္းမ်ားရွိသည့္ ရွည္လ်ားေသာ ႐ိုးတံပါ အေမႊးမ်ားျဖင့္ဖုံးထားသည္။

႐ိုးတံ၏ထိပ္ျဖားတြင္ အေရာင္တလက္လက္ ေတာက္ပေနသည့္ ႏွင္းစက္မ်ားႏွင့္တူသည့္ ဂလင္းေလးမ်ားရွိသည္။ မနက္ခင္းတြင္က်ေနေသာ ႏွင္းရည္စက္ေလးမ်ားအလားထင္ရသည္။ ပိုးမႊားေကာင္မ်ားသည္ ေနေရာင္ေအာက္တြင္ တလက္လက္ ေတာက္ေနေသာ ဆန္းဒ်ဴး႐ြက္လႊာမ်ားကို မ်က္စိက်မိသည္။ ထိုေၾကာင့္ အနီးသို႔ပ်ံသန္းလာၾက၍၊ အေစးေပၚတြင္ နားၾက သည္။ ဝတ္ရည္မ်ားကို ေလာဘႀကီးစြာ စုတ္ယူရန္ ဟန္ျပင္ၾက သည္။

သို႔ရာတြင္ အမၽွင္အဂၤါမ်ားသည္ ပိုးမႊားေကာင္၏ ထိ ခိုက္မႈေၾကာင့္ ေကြးၫြတ္လာၿပီးလၽွင္ ပိုးမႊား၏ ကိုယ္အဂၤါႏွင့္ ေျခလက္မ်ားကို ဖိညွပ္ လိုက္ၾကသည္။ ထိုအခါ၌ ပိုးမႊားသည္ မလႈပ္မရွားႏိုင္ေတာ့ဘဲ၊ ညပ္၍မိေနေတာ့သည္။ လြတ္ေအာင္ ႐ုန္းေသာ္လည္း ပို၍သာတင္းၾကပ္လာၿပီးလၽွင္ ေနာက္ဆုံးတြင္ ပိုးမႊားမွာ ထိုေနရာ၌ပင္ အသက္ေပ်ာက္ေတာ့သည္။

႐ြက္လႊာတစ္ခုေပၚတြင္ အမၽွင္ေပါင္း ၂ဝဝ နီးပါးမၽွရွိ၏။ ေပၚတူဂီႏိုင္ငံတြင္ ဆန္းဒ်ဴးပင္၏ အမ်ိဳးအႏြယ္ျဖစ္ေသာ ပိုးမႊား စားပင္ တစ္မ်ိဳးရွိသည္။ ေက်း႐ြာမ်ားတြင္ ေက်းေတာသားမ်ား သည္ ပိုးမႊားမ်ားေဘးမွ ကာကြယ္ရန္အတြက္ ထိုအပင္မွ အကိုင္းအခက္မ်ားကို တဲအိမ္မ်ားတြင္ ခ်ိတ္ဆြဲထားေလ့ရွိၾက သည္။

3.Venus flytrap

ဗီးနပ္စ္ေထာင္ေခ်ာက္ပင္သည္ ပိုးမႊားအမ်ားစုကိုစားေသာ္လည္း အဓိကအားျဖင့္ ယင္ေကာင္မ်ားကို ဖမ္းယူစားေသာက္သျဖင့္ ယင္ေကာင္စားပင္ဟုလည္း ေခၚသည္။ ယင္ေကာင္ ႀကိဳက္ေသာအနံ႔တစ္မ်ိဳးထုတ္လႊတ္ၿပီး ျမဴဆြယ္
ကာ ဖမ္းယူသည္။ သူ႔အျမစ္မ်ားသည္ ေျမႀကီးမွအာဟာရကို လံုေလာက္ေအာင္မစုပ္ယူႏိုင္ေသာေၾကာင့္ သူ႔အသက္႐ွင္ ရပ္တည္ေရးအတြက္ အင္းဆက္မ်ားကို စားေသာက္ျခင္းျဖစ္သည္။

ပိုးေကာင္တစ္ေကာင္ဖမ္းမိရင္ ၂ပတ္ေလာက္ ပိတ္သြားၿပီး ျပန္ဖြင့္ခ်ိန္တြင္ ေနာက္ထက္ သားေကာင္ကို ဖမ္းဖို႔အသင့္ျဖစ္ေနသည္။ အပင္ျမင့္ ၃” မွ ၆” ထိ႐ွိသည္။ အိုးတြင္ ေျမစာအျဖစ္ sphagnum moss ထည့္၍ စိုက္ရသည္။ တိုက္႐ိုက္ေနေရာင္ကိုႀကိဳက္ႏွစ္သက္သည္။ အျမစ္ဥ သို႔မဟုတ္ အေစ့မွမ်ိဳးပြားႏိုင္သည္။ မိုးေရကိုႀကိဳက္ သည္။ ေန႔စဥ္ ေရမွန္မွန္ေလာင္းရၿပီး ၁ ပတ္တစ္ႀကိမ္ေျမၾသဇာအရည္ေကြၽးေပးရသည္။ အင္းဆက္ သို႔မဟုတ္ အသားစေသးေသးေလး ၁ ပတ္ တစ္ႀကိမ္ေကြၽးေပးႏိုင္သည္။ ရန္ကုန္ ေျမပေဒသာကြၽန္းတြင္ ဝယ္ယူရ႐ွိႏိုင္သည္။

4.Bladderworts

Utricularia အပင္မ်ားသည္​ ေရကန္မ်ားတြင္ေတြ႕ရေသာ အသားစား အပင္မ်ားျဖစ္တယ္။ ပန္းပြင့္ေသာ အပင္ Angiosperms ျဖစ္ေသာ္လည္း ပင္ပုိင္း အဖြဲ႕အစည္းေတြဟာ အျမစ္ အရြက္ ပင္စည္ရယ္လုိ႕ ခြဲျခားမထားပါဘူး ၊ေရျမက္ႏွာျပင္ေအာက္နားမွာေနၿပီး ပဲပန္း အ၀ါေရာင္နဲ႕တူေသာ ပန္းေလးေတြကုိ ေရေပၚမွာ ပြင့္ေလ့ရွိတယ္။ အရြက္၏ အစိတ္အပုိင္းမ်ားဟာ ဗူေဘာင္း bladder အျဖစ္ထူးကဲေနႀကတယ္။

အလြန္ငယ္ေသာ ေရေနသက္ရွိေလးမ်ား aquatic animals ကုိ bladder-like traps မ်ားျဖင့္ဖမ္းယူၾကတယ္။ bladder မ်ားဟာ အရြယ္ငယ္ေသာ္လည္း တည္ေဆာက္ထားပုံက အလြန္ေခတ္မီဆန္းျပားလွတယ္။ ဘူေဘာင္း၏အ၀ဟာ “trapdoor” ေထာင္ေျခာက္အ၀ျဖစ္တယ္။ ထုိေနရာမွာ “trigger hairs” ေခၚသည့္ အေမႊးေလးမ်ားရွိတယ္ ။ ထုိအေမႊးေလးေတြက ေရေနသတၱ၀ါငယ္ေလးေတြကုိ တံျမက္စည္းလွည္းသလုိ လွည္းရင္း trapdoor အေပါက္၀ ထဲကုိ သြတ္သြင္းေပးၾကတယ္။ bladder ကလည္း ပတ္၀န္းက်င္ေရထုႏွင့္ ႏွဳိင္းယွဥ္လွ်င္ negative pressure ရွိေနတာမုိ႕ ေရမ်ားႏွင့္ သတၱ၀ါမ်ား အတြင္းကုိ အလြယ္တကူ၀င္လာေစတယ္။

ဒီေနရာမွာလည္း ထူးဆန္းတာတစ္ခုက ေရေနသတၱ၀ါငယ္ေလးေတြ အဖုိ႔ ၀င္လမ္းသာ ရွိၿပီး ျပန္ထြက္ဖုိ႔ရာ မျဖစ္ႏုိင္ပါဘူး။ ေရ ႏွင့္ သားေကာင္မ်ား အားလုံး bladder ထဲကုိ စုပ္ယူလုိက္သလုိပါဘဲ။ bladder ထဲ ေရေတြျပည့္သြားရင္ေတာ့ ထိပ္၀ အေပါက္က ပိတ္သြားပါတယ္။ သားေကာင္ေတြ အတြင္းေရာက္သည္ႏွင့္ တျပိဳင္နက္ အစာေျချခင္း စတင္ပါေတာ့တယ္။ digestive secretions မ်ားေၾကာင့္ သားေကာင္မ်ားဟာ ေပ်ာ္၀င္ကာ သြားၾကရတယ္။ အစာေျခရည္ေတြ စုပ္ယူၿပီးရင္ေတာ့ အ၀က ျပန္ပြင့္လာပါတယ္။

VIDEO

ဒီအထိ မပ်င္းမရိဖတ္ရႈေပးတဲ့အတြက္ ေက်းဇူးအထူးပါ…
Mg Wisdom

———————–

စိတ်ဝင်စားဖွယ်ရာ အသားစားပင်များအကြောင်း (unicode)

Via : Mg Wisdom

တခါတရံ ဇီဝဗေဒကို ဒီလိုလေး သင်ကြည့်တယ်… မူရင်းရေးသားသူများကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ…

ဆယ်တန်း ဇီဝဗေဒ အခန်း(၁)
“Insectivorous or carnivorous plants”

အင်းဆက်ပိုးစားပင်များကို အသားစားပင်များ carnivorous plants တွေလို့လည်းခေါ်ပါတယ်။ ဒီအပင်တွေဟာ သာမာန်အပင်တွေလိုဘဲ အမြစ်တွေ အရွက်တွေပါပါတယ်။ ဒါပေမယ့် သူတို့ပေါက်သောမြေကတော့ အာဟာရဓါတ်ချို့တဲ့ပြီး ညံ့ဖျင်းသောမြေမျိုးဖြစ်တယ်။ အထူးသဖြင့် nitrogen နည်းပါးလေ့ရှိတယ်။ အင်းဆက်မှ စုပ်ယူလိုက်သော အရည်တွင် ပရိုတင်းခေါ် အသားဓါတ် ပါပါတယ်။ ပရိုတင်းကို နိုက်တြိုဂျင်ပါသော ပစ္စည်းများဖြင့်ဖွဲ့စည်းထားရာ စာပိုဒ်ထဲတွင်ပါသော nitrogenous ဆိုသည်မှာ ထိုအရာကို ညွှန်းသည်ဟု ဆိုနိုင်ပါတယ်။

1.Pitcher plant

သိပ္ပံအမည် Nepenthes rafflesiana လို့ ခေါ်တွင်တဲ့ Raffles ရေတကောင်းပင် (Pitcher Plant) တွေဟာ သားကောင်တွေကို ဖမ်းယူစားသောက်ပြီး အာဟာရ ရယူကြပါတယ်။ သူတို့ရဲ့ ကတော့ပုံ ထူးရှယ်/ကဲ အရွက်တွေရဲ့ နှုတ်ခမ်းဝမှာ အင်းဆက်တွေနှစ်သက်တဲ့ ဝတ်ရည်ချိုတွေကို စစ်ထုတ်ပြီး အင်းဆက်တွေကို ဆွဲဆောင်ပါတယ်။

အတွင်းဘက် အရွက်မျက်နှာပြင်ဟာ စိုစွတ်ပြီး ချော်နေပါတယ်။ ဝတ်ရည်ချိုတွေဆီ လာရောက်ကြတဲ့ အင်းဆက်တွေဟာ ချော်ကြပြီး အောက်ဘက်မှာရှိတဲ့ အပင်ရဲ့ အစာခြေ အရည်တွေထဲ ပြုတ်ကျသွားပါတယ်။ ထူးဆန်းမှု တစ်ခုကို ပညာရှင်တွေ တွေ့ရှိခဲ့ရတာကတော့ ပူပြင်းတဲ့ နေ့ရက်တွေမှာ ဒီအပင်တွေမှာ သူတို့ရဲ့ အတွင်းဘက်အရွက်မျက်နှာပြင်ကို ရှစ်နာရီခန့် စိုစွတ်ချော်နေအောင် မလုပ်ဘဲ ထားထားတတ်ပါတယ်။

ဆိုတော့ လာရောက်တဲ့ ပုရွက်ဆိတ်တွေ မချော်ကျတော့ဘူးပေါ့ ၊ ဘာလို့များပါလိမ့် ။ အချိန်ပြည့် စိုစွတ်ချော်နေအောင် လုပ်ထားမှ ပုရွက်ဆိတ်တွေ အပင်ရဲ့ အစာခြေ အရည်ထဲ ချော်ကျပြီး အပင်က အဟာရ ရမှာလေ ။ ဒါဖြင့် ဒီအပင်တွေက ငတုံးတွေလား ။

မဟုတ်ပါဘူး၊ ဒီအပင်တွေက ဉာဏ်ကြီးရှင်တွေပါ။ ပုရွက်ဆိတ်တွေဟာ အဖွဲ့အစည်းနဲ့ နေထိုင်တဲ့ အင်းဆက်တွေ ဖြစ်ပါတယ်။ ပုရွက်ဆိတ်တစ်ကောင်ဟာ အစာကို တွေ့ရှိပြီဆိုရင် သူ့အသိုက်ကို ပြန်သွားပြီး ပုရွက်ဆိတ်တွေ အုံလိုက်ကျင်းလိုက် ခေါ်လာတတ်ပါတယ်။ ဒီလို အုံလိုက်ကျင်းလိုက် ခေါ်လာချိန်မှာမှ ဒီအပင်တွေရဲ့ အတွင်းဘက် အရွက်မျက်နှာပြင်ဟာ စိုစွတ်နေပြီး ပုရွက်ဆိတ်တွေ အုံလိုက်ကျင်းလိုက် အစာခြေရည်ထဲ ပြုတ်ကျကုန်တာကို ပညာရှင်တွေ တွေ့ရှိကြရပါတယ်။

တကယ်လို့ ဒီအပင်အနေနဲ့ အချိန်ပြည့် စိုစွတ်ချောမွတ်အောင်သာ လုပ်ထားရင် ပထမဆုံး ဝတ်ရည်တွေ့တဲ့ ပုရွက်ဆိတ်ဟာ သူ့အဖော်တွေကို အုံလိုက်ကျင်းလိုက် သွားခေါ်နိုင်မှာမဟုတ်ပဲ အပင်ရဲ့ အစာခြေရည်ထဲ ပြုတ်ကျသေဆုံးသွားမှာဖြစ်ပြီး အကျိုးဆက်အနေနဲ့ အပင်ဟာလဲ ပုရွက်ဆိတ်တစ်ကောင်ဆီကပဲ အဟာရ ရယူနိုင်တော့မှာပေါ့။

ဒါပေမဲ့လည်း ဒီအပင်တွေဟာ ပုရွက်ဆိတ်တွေ သူတို့အဖော်တွေကို သွားရောက်ခေါ်ဆောင် နိုင်စေရန် စစချင်း ရှစ်နာရီခန့် သူတို့ရဲ့ထောင်ချောက်ရွက်တွေကို မစိုစွတ် မချော်မွတ်စေအောင် ထားရှိ လှည့်ဖြားထားကြလေရဲ့။

2.Sundew

Sundew ပင်ကို နေနှင်းပေါက်ပင်လို့ ခေါ်ရခြင်းမှာ အဓိပ္ပါယ်ရှိသည် ၊ sun ဆိုတာ နေ, dew ဆိုတာ နှင်းပေါက် နှင်းစက်များဖြစ်သည်၊ ‘ဒရော့ဆီရာ’မျိုးစုတွင် ပါဝင်သည်။ ဒီအပင်တွေသည် အာဟာရ သတ္ထုချို့တဲ့လှသည့်မြေမျိုးမှာပေါက်သည်။ အရွက်မျက်နှာပြင်တစ်ခုလုံး စေးကပ်သည့် ဂလင်းများရှိသည့် ရှည်လျားသော ရိုးတံပါ အမွှေးများဖြင့်ဖုံးထားသည်။

ရိုးတံ၏ထိပ်ဖြားတွင် အရောင်တလက်လက် တောက်ပနေသည့် နှင်းစက်များနှင့်တူသည့် ဂလင်းလေးများရှိသည်။ မနက်ခင်းတွင်ကျနေသော နှင်းရည်စက်လေးများအလားထင်ရသည်။ ပိုးမွှားကောင်များသည် နေရောင်အောက်တွင် တလက်လက် တောက်နေသော ဆန်းဒျူးရွက်လွှာများကို မျက်စိကျမိသည်။ ထိုကြောင့် အနီးသို့ပျံသန်းလာကြ၍၊ အစေးပေါ်တွင် နားကြ သည်။ ဝတ်ရည်များကို လောဘကြီးစွာ စုတ်ယူရန် ဟန်ပြင်ကြ သည်။

သို့ရာတွင် အမျှင်အင်္ဂါများသည် ပိုးမွှားကောင်၏ ထိ ခိုက်မှုကြောင့် ကွေးညွတ်လာပြီးလျှင် ပိုးမွှား၏ ကိုယ်အင်္ဂါနှင့် ခြေလက်များကို ဖိညှပ် လိုက်ကြသည်။ ထိုအခါ၌ ပိုးမွှားသည် မလှုပ်မရှားနိုင်တော့ဘဲ၊ ညပ်၍မိနေတော့သည်။ လွတ်အောင် ရုန်းသော်လည်း ပို၍သာတင်းကြပ်လာပြီးလျှင် နောက်ဆုံးတွင် ပိုးမွှားမှာ ထိုနေရာ၌ပင် အသက်ပျောက်တော့သည်။

ရွက်လွှာတစ်ခုပေါ်တွင် အမျှင်ပေါင်း ၂ဝဝ နီးပါးမျှရှိ၏။ ပေါ်တူဂီနိုင်ငံတွင် ဆန်းဒျူးပင်၏ အမျိုးအနွယ်ဖြစ်သော ပိုးမွှား စားပင် တစ်မျိုးရှိသည်။ ကျေးရွာများတွင် ကျေးတောသားများ သည် ပိုးမွှားများဘေးမှ ကာကွယ်ရန်အတွက် ထိုအပင်မှ အကိုင်းအခက်များကို တဲအိမ်များတွင် ချိတ်ဆွဲထားလေ့ရှိကြ သည်။

3.Venus flytrap

ဗီးနပ်စ်ထောင်ချောက်ပင်သည် ပိုးမွှားအများစုကိုစားသော်လည်း အဓိကအားဖြင့် ယင်ကောင်များကို ဖမ်းယူစားသောက်သဖြင့် ယင်ကောင်စားပင်ဟုလည်း ခေါ်သည်။ ယင်ကောင် ကြိုက်သောအနံ့တစ်မျိုးထုတ်လွှတ်ပြီး မြူဆွယ်
ကာ ဖမ်းယူသည်။ သူ့အမြစ်များသည် မြေကြီးမှအာဟာရကို လုံလောက်အောင်မစုပ်ယူနိုင်သောကြောင့် သူ့အသက်ရှင် ရပ်တည်ရေးအတွက် အင်းဆက်များကို စားသောက်ခြင်းဖြစ်သည်။

ပိုးကောင်တစ်ကောင်ဖမ်းမိရင် ၂ပတ်လောက် ပိတ်သွားပြီး ပြန်ဖွင့်ချိန်တွင် နောက်ထက် သားကောင်ကို ဖမ်းဖို့အသင့်ဖြစ်နေသည်။ အပင်မြင့် ၃” မှ ၆” ထိရှိသည်။ အိုးတွင် မြေစာအဖြစ် sphagnum moss ထည့်၍ စိုက်ရသည်။ တိုက်ရိုက်နေရောင်ကိုကြိုက်နှစ်သက်သည်။ အမြစ်ဥ သို့မဟုတ် အစေ့မှမျိုးပွားနိုင်သည်။ မိုးရေကိုကြိုက် သည်။ နေ့စဉ် ရေမှန်မှန်လောင်းရပြီး ၁ ပတ်တစ်ကြိမ်မြေဩဇာအရည်ကျွေးပေးရသည်။ အင်းဆက် သို့မဟုတ် အသားစသေးသေးလေး ၁ ပတ် တစ်ကြိမ်ကျွေးပေးနိုင်သည်။ ရန်ကုန် မြေပဒေသာကျွန်းတွင် ဝယ်ယူရရှိနိုင်သည်။

4.Bladder-wort

Utricularia အပင်များသည်​ ရေကန်များတွင်တွေ့ရသော အသားစား အပင်များဖြစ်တယ်။ ပန်းပွင့်သော အပင် Angiosperms ဖြစ်သော်လည်း ပင်ပိုင်း အဖွဲ့အစည်းတွေဟာ အမြစ် အရွက် ပင်စည်ရယ်လို့ ခွဲခြားမထားပါဘူး ၊ရေမြက်နှာပြင်အောက်နားမှာနေပြီး ပဲပန်း အဝါရောင်နဲ့တူသော ပန်းလေးတွေကို ရေပေါ်မှာ ပွင့်လေ့ရှိတယ်။ အရွက်၏ အစိတ်အပိုင်းများဟာ ဗူဘောင်း bladder အဖြစ်ထူးကဲနေကြတယ်။

အလွန်ငယ်သော ရေနေသက်ရှိလေးများ aquatic animals ကို bladder-like traps များဖြင့်ဖမ်းယူကြတယ်။ bladder များဟာ အရွယ်ငယ်သော်လည်း တည်ဆောက်ထားပုံက အလွန်ခေတ်မီဆန်းပြားလှတယ်။ ဘူဘောင်း၏အဝဟာ “trapdoor” ထောင်ခြောက်အဝဖြစ်တယ်။ ထိုနေရာမှာ “trigger hairs” ခေါ်သည့် အမွှေးလေးများရှိတယ် ။ ထိုအမွှေးလေးတွေက ရေနေသတ္တဝါငယ်လေးတွေကို တံမြက်စည်းလှည်းသလို လှည်းရင်း trapdoor အပေါက်၀ ထဲကို သွတ်သွင်းပေးကြတယ်။ bladder ကလည်း ပတ်ဝန်းကျင်ရေထုနှင့် နှိုင်းယှဉ်လျှင် negative pressure ရှိနေတာမို့ ရေများနှင့် သတ္တဝါများ အတွင်းကို အလွယ်တကူဝင်လာစေတယ်။

ဒီနေရာမှာလည်း ထူးဆန်းတာတစ်ခုက ရေနေသတ္တဝါငယ်လေးတွေ အဖို့ ဝင်လမ်းသာ ရှိပြီး ပြန်ထွက်ဖို့ရာ မဖြစ်နိုင်ပါဘူး။ ရေ နှင့် သားကောင်များ အားလုံး bladder ထဲကို စုပ်ယူလိုက်သလိုပါဘဲ။ bladder ထဲ ရေတွေပြည့်သွားရင်တော့ ထိပ်၀ အပေါက်က ပိတ်သွားပါတယ်။ သားကောင်တွေ အတွင်းရောက်သည်နှင့် တပြိုင်နက် အစာခြေခြင်း စတင်ပါတော့တယ်။ digestive secretions များကြောင့် သားကောင်များဟာ ပျော်ဝင်ကာ သွားကြရတယ်။ အစာခြေရည်တွေ စုပ်ယူပြီးရင်တော့ အဝက ပြန်ပွင့်လာပါတယ်။

ဒီအထိ မပျင်းမရိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးပါ…
Mg Wisdom

Leave a Reply