နီေပါႏိုင္ငံ အေၾကာင္း သိေကာင္းစရာ

Posted on

နီေပါႏိုင္ငံ၏ တရားဝင္အမည္မွာ နီေပါ ဖက္ဒရယ္ ဒီမိုကရက္တစ္ သမၼတႏိုင္ငံျဖစ္ၿပီး ေတာင္အာရွရွိ ကုန္းတြင္းပိတ္ ႏိုင္ငံတစ္ခုျဖစ္သည္။ နီေပါႏိုင္ငံသည္ ဟိမဝႏၲာ ေတာင္တန္းေဒသတြင္ တည္ရွိၿပီး ေျမာက္ဘက္တြင္ တ႐ုတ္ႏိုင္ငံႏွင့္ နယ္ေျမျခင္း ထိစပ္လ်က္ရွိကာ ေတာင္ဘက္၊ အေရွ႕ဘက္ႏွင့္ အေနာက္ဘက္တြင္မူ အိႏၵိယႏိုင္ငံက ဝန္းရံထားသည္။ နီေပါႏိုင္ငံသည္ ၁၄၇,၁၈၁ စတုရန္း ကီလိုမီတာ (၅၆,၈၂၇ စတုရန္းမိုင္) က်ယ္ဝန္းၿပီး ကမၻာေပၚတြင္ ဧရိယာအားျဖင့္ နံပါတ္ ၉၃ ျဖစ္သည္။ လူဦးေရမွာ ၂၉သန္း ခန္႔ရွိသည္။ နံပါတ္ ၆၂ ေျမာက္ လူဦးေရ အထူအထပ္ဆုံး ႏိုင္ငံျဖစ္သည္။

ကမၻာေပၚရွိအျမင့္ဆုံးေသာ ေတာင္ႀကီး ၁၀ လုံးအနက္ ၅ လုံးသည္ နီေပါႏိုင္ငံတြင္ တည္ရွိသည္။ ထိုေတာင္တို႔တြင္ ဧဝရတ္ေတာင္ႏွင့္ ကန္ခ်င္ဂၽြန္းဂါးေတာင္တို႔ ပါဝင္သည္။ ၁၈၅၄ ခုႏွစ္၊ ေမလ ၂၉ ရက္ေန႔တြင္ နယူးဇီလန္ႏိုင္ငံသား (ယခုအခါ ဆာဘြဲ႕ရရွိခဲ့သူ) ဒက္ဒမန္ဟစ္လာရီႏွင့္ နီေပါလူမ်ိဳး တင္ဇင္ေနာ္ေကးတို႔သည္ ဧဝရတ္ေတာင္ထြတ္ကို ေရာက္ေအာင္တက္ခဲ့ၾကသည္။ ၁၉၅၄ ခုႏွစ္၊ ေမလ ၂၅ ရက္ေန႔၌ကား အဂၤလိပ္လူမ်ိဳး ေဒါက္တာဒခ်ားအက္ဗန္သည္ ကန္ခ်င္ဂၽြန္းဂါးေတာင္ထြတ္ကို ေရာက္ေအာင္တက္ခဲ့သည္။

ေတာင္ပိုင္း၌ က်ယ္ျပန္႔၍ ေျမဩဇာေကာင္းမြန္ထက္သန္ေသာ လြင္ျပင္ႀကီး ရွိသျဖင့္ နီေပါႏိုင္ငံသည္ အဓိကအားျဖင့္ လယ္ယာစိုက္ပ်ိဳးေသာ ႏိုင္ငံျဖစ္သည္။ ဆန္စပါး၊ လက္ဖက္၊ ႀကံ၊ ေဆးႏွင့္ ဝါမ်ားကို စိုက္ပ်ိဳးၾက၏။ အနည္းငယ္ေျမာက္ဘက္က်ေသာ အရပ္ေဒသတို႔၌မူ မုေယာစပါး၊ ေျပာင္း၊ ဂ်ဳံစေသာ ေကာက္ပဲသီးႏွံတို႔ကို စိုက္ပ်ိဳးၾကသည္။ နီေပါႏိုင္ငံေျမာက္ပိုင္းရွိ ေတာင္ေစာင္းမ်ား၌ ေလွခါးထစ္မ်ားသဖြယ္ျပဳလုပ္ကာ ေတာင္က်ေခ်ာင္းမ်ားမွ ေရသြင္းစိုက္ပ်ိဳးလုပ္ကိုင္ၾကသည္။

ျမက္ခင္းစားက်က္မ်ားရွားပါလွေသာ္လည္း သိုးကို အေတာ္အသင့္ ေမြးျမဴၾကသည္။ ထိုသိုးမ်ားမွ ရရွိေသာ သိုးေမြးသည္ နာမည္ေက်ာ္ၾကားသည္။ နီေပါႏိုင္ငံရွိ ေတာင္ေစာင္းမ်ား၌ ေလွခါးထစ္မ်ားသဖြယ္ျပဳလုပ္ကာ ေတာင္က်ေခ်ာင္းမ်ားမွ ေရသြင္းစိုက္ပ်ိဳးလုပ္ကိုင္ၾကသည္။ ျမက္ခင္းစားက်က္မ်ား ရွားပါးလွေသာ္လည္း သိုးကို အေတာ္အသင့္ေမြးျမဴၾကသည္။

ထိုသိုးမ်ားမွ ရရွိေသာ သိုးေမြးသည္ နာမည္ေက်ာ္ၾကားသည္။ နီေပါႏိုင္ငံရွိ ေတာင္ေစာင္းမ်ား၌ ေပါက္ေရာက္ေနေသာ သစ္ေတာ္တို႔သည္ ယေန႔တိုင္ လူတို႔ ထုတ္လုပ္သုံးစြဲျခားမျပဳရေသးေသာ သစ္ေတာ္မ်ားျဖစ္သည္။ ထိုျပင္ နီေပါႏိုင္ငံသည္ သံ၊ ေက်ာက္မီးေသြး၊ ေၾကးနီ၊ ခဲ၊ သြပ္စေသာ ဓာတ္သတၱဳမ်ား ေပါႂကြယ္လွ၏။ သို႔ရာတြင္ ယင္းတို႔ကို ထိေရာက္စြာ တူးေဖာ္လုပ္ကိုင္ႏိုင္ျခင္းမရွိေသးေခ်။ နီေပါႏိုင္ငံတြင္ ဂုန္ေလၽွာ္စက္အနည္းငယ္ရွိသည္ကလြဲ၍ စက္မႈလက္မႈလုပ္ငန္းမ်ား မရွိသေလာက္ပင္ ျဖစ္သည္။

ၿမိဳ႕ေတာ္ ခတၱမႏၵဳၿမိဳ႕သည္ နီေပါႏိုင္ငံ၏ အႀကီးဆုံးၿမိဳ႕ ျဖစ္သည္။ၿမိဳ႕ေတာ္တြင္ လူဦးေရ ၉၈၅၀၀၀ ခန္႔ေနထုိင္ၾကသည္။ရုံးသုံးဘာသာစကားမ်ားအျဖစ္ နီေပါ ႏွင့္ အဂၤလိပ္ဘာသာစကားမ်ားကို သုံးစြဲၾကသည္။ခတၱမႏၵဳသည္ ယခုေရာ ယခင္ႏွစ္ေပါင္းမ်ားစြာကပင္ နီေပါသမိုင္း၊ အႏုပညာ၊ ယဥ္ေက်းမႈႏွင့္ စီးပြားေရးတို႔၏ ဗဟိုခ်က္ခ်ာ ျဖစ္ခဲ့သည္။ ဟိႏၵဴႏွင့္ ဗုဒၶဘာသာကိုးကြယ္မႈမ်ားအၾကား မတူကြဲျပားေသာ လူမ်ိဳးစုတို႔ ေနထိုင္ၾကသည္။ ထို႔ျပင္ ေနဝါလူမ်ိဳးတို႔၏ မူလေနထိုင္ရာလည္း ျဖစ္သည္။

ခတၱမႏၵဳၿမိဳ႕ေတာ္သည္ ဟိမဝႏၲာေတာင္တန္းသို႔ သြားရာ ဝင္ေပါက္သဖြယ္ျဖစ္ခဲ့ၿပီး ကမၻာ့အေမြအႏွစ္ေနရာ ၇ ခု ရွိရာ ေဒသလည္းျဖစ္သည္။ ထို႔ျပင္ ၿမိဳ႕ေတာ္တြင္ ေလာင္ကစား႐ုံ ၇ ႐ုံလည္း ရွိသည္။ ထိုကလပ္တို႔သည္ လူရမ္းကားတို႔ ျဖစ္ထြန္းရာ အရင္းအျမစ္လည္း ျဖစ္ခဲ့သည္။ ၂၀၁၇ ခုႏွစ္တြင္ ျဖစ္ပြားခဲ့ေသာ မာ့ရွ္မဲလို၏ ႐ႈိးပြဲတြင္ စီစဥ္ထားသည့္ထက္ လက္မွတ္အလြန္အကၽြံေရာင္းခ်ခဲ့မႈျဖင့္ ကလပ္လုပ္ကိုင္သူတို႔ကို ဖမ္းဆီးခဲ့ေသးသည္။

အျခားၿမိဳ႕ႀကီးမ်ားမွာ ပါထန္ၿမိဳ႕ႏွင့္ ဘတ္ဂါအြန္ၿမိဳ႕တို႔ျဖစ္ၾကသည္။ ခတၱမႏၵဴၿမိဳ႕ေတာ္သို႔ ခရီးသည္မ်ားသည္ ခတၱမႏၵဴေတာင္ကားကို ျဖတ္၍ ဝင္ေရာက္ႏိုင္သည္။ ဥေမွတီးရဟြတ္သို႔သြားေသာ မီးရထားလမ္းဆုံ၊ ရက္ကေဇာၿမိဳ႕မွေန၍ လမ္းမႀကီးတစ္ခုကို ထိုေတာင္ၾကားတစ္ေလၽွာက္ ေဖာက္လုပ္ထားသည္။ ၁၉၂၇ ခုႏွစ္တြင္ ရက္ကေဇာမွ အမၼလက္ ဂန္႔ဂ်သို႔ မီးရထားလမ္းေဖာက္လုပ္သည္။ ၁၉၅၃ ခုႏွစ္၌ ခတၱမႏၵဴၿမိဳ႕ႏွင့္ အိႏၵိယႏိုင္ငံတို႔ကို ဆက္သြယ္ရန္ ၇၉ မိုင္ခန္႔ရွည္လ်ားေသာ လမ္းမႀကီးတစ္ခု ေဆာက္လုပ္ၿပီးစီးခဲ့ေလသည္။

နီေပါႏုိင္ငံသည္ ဗုဒၶဘာသာ၀င္မ်ားႏွင့္ ပတ္သတ္သည့္ႏုိင္ငံလည္းျဖစ္သည္။ ဗုဒၶကုိဖြားျမင္ခဲ့ရာေနရာသည္ နီေပါႏုိင္ငံ လုမၺိနီ အင္ၾကင္းေတာတြင္ျဖစ္သည္။ လုမၺိနီ သည္ နီေပါႏိုင္ငံ၊ ႐ူပန္ေဒယီခ႐ိုင္တြင္ တည္ရွိသည္။ လုမၺိနီကို ကမၻာ့အေမြအႏွစ္ေနရာအျဖစ္ ယူနက္စကိုမွ ၁၉၉၇ ခုႏွစ္တြင္ သတ္မွတ္ခဲ့သည္။

နီေပါႏိုင္ငံသည္ စစ္သားေကာင္းအျဖစ္ အထူးနာမည္ေက်ာ္ၾကားေသာ ေဂၚရခါးလူမ်ိဳးမ်ား ေနထိုင္ရာ တိုင္းျပည္ျဖစ္သည္။ ေဂၚရခါးလူမ်ိဳးမ်ားမွာ လူမ်ားစုျဖစ္၍ ပူးရမ္း၊ မဂါး၊ မူးရမစ္၊ နီဝါး၊ လင္လူး၊ လက္ပခ်ားစသည့္လူမ်ိဳးမ်ားလည္း ရွိေသးသည္။ ေဂၚရခါးဆိုေသာအမည္သည္ ယင္းတို႔မူလအစေနထိုင္ခဲ့ရာ ဂိုရက္ပူၿမိဳ႕ကို အစြဲျပဳ၍ ေခၚေဝၚျခင္းျဖစ္သည္။ လူဦးေရ၏ ၈၀% မွာ ဟိႏၵဴဘာသာ၀င္မ်ား ၊ ၁၀% မွာ ဗုဒၶဘာသာ၀င္မ်ား ႏွင့္ က်န္ဘာသာ၀င္အန

နီေပါႏိုင္ငံတြင္ ယင္းသို႔ လူမ်ိဳးစုအသီးသီးရွိကာ၊ နယ္ပယ္အကြဲကြဲအျပားျပား ျဖစ္ေနခဲ့ရာ ၁၇၈၉ ခုႏွစ္၌ေဂၚရခါးတို႔သည္ နီေပါႏိုင္ငံတြင္ အာဏာရွိလူမ်ားစုျဖစ္လာသည္။ ၁၈၁၄ ခုႏွစ္၌ ေဂၚရခါးတို႔သည္ ၿဗိတိသၽွတို႔ႏွင့္ စစ္ပြဲတစ္ပြဲကို တိုက္ခိုက္ခဲ့၍ ၁၈၅၄ ခုႏွစ္၌ တိဗက္ႏိုင္ငံႏွင့္ ၂ ႏွစ္ၾကာမၽွ စစ္ပြဲဆင္ႏႊဲခဲ့ရေလသည္။ ထိုေနာက္တြင္ နီေပါႏိုင္ငံသည္ ၿဗိတိသၽွတို႔ႏွင့္ မဟာမိတ္အျဖစ္ ၿမဲၿမံစြာ ဆက္ဆံလာခဲ့ေလသည္။ ၿဗိတိသၽွတို႔၏ အုပ္ခ်ဳပ္ေရးစနစ္လႊမ္းမိုးလာေသာအခါ နီေပါႏိုင္ငံ၏ အုပ္ခ်ဳပ္ေရးစနစ္သည္ သိသိသာသာ တိုးတက္ေကာင္းမြန္လာခဲ့သည္။ ႏိုင္ငံအႏွံ႔အျပား၌ တရာမ႐ုံးမ်ားႏွင့္ ရာဇဝတ္႐ုံးမ်ားကို တည္ေထာင္ဖြင့္လွစ္ခဲ့သည္။

၁၉၂၃ ခုႏွစ္၌ ၿဗိတိသၽွတို႔သည္ နီေပါႏိုင္ငံကို လုံးဝ လြတ္လပ္ေသာ ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ အသိအမွတ္ျပဳေလသည္။ ၁၈၆၇ ခုႏွစ္၌ သူေကာင္းမ်ားမ်ားက ဘုရင္အား အာဏာစြန္႔လႊတ္ေစ၍ “ရာနာ” ေဆြမ်ိဳးစုေခါင္းေဆာင္းႀကီးအား အုပ္ခ်ဳပ္ေရးအာဏာမ်ားကို ေပးအပ္ကာ ဝန္ႀကီးခ်ဳပ္အျဖစ္ တင္ေျမႇာက္ခဲ့ၾကသည့္အခ်ိန္မွစ၍ နီေပါႏိုင္ငံ၌ ဝန္ႀကီးခ်ဳပ္ရာထူးသည္ ရာနာေဆြမ်ိဳးစုအတြက္ ႐ိုက္ရာခံရာထူးျဖစ္လာခဲ့သည္။ ထို႔ျပင္ ဝန္ႀကီးခ်ဳပ္သည္ ေဂၚရခါးတပ္မေတာ္၏ ေသနာပတိခ်ဳပ္လည္းျဖစ္၏။ ဘုရင္တို႔ကား ႏိုင္ငံ၏ အထြတ္အထိပ္ျဖစ္သည္ဟူေသာ အထိမ္းအမွတ္သဖြယ္မၽွသာရွိလာသည္။

ယင္းသို႔ ရာနာေဆြမ်ိဳးစုသည္ နီေပါႏိုင္ငံတြင္ အုပ္စီးကာ အုပ္ခ်ဳပ္လာခဲ့ရာ၊ ၁၉၅၀ ျပည့္ႏွစ္၌ စတင္ခဲ့ေသာ ေတာ္လွန္ေရးႀကီးအၿပီးတြင္ ရာနာေဆြမ်ိဳးစုသည္ ဝန္ႀကီးခ်ဳပ္ရာထူးကို စြန္႔လြတ္လိုက္ရေလသည္။ နီေပါဘုရင္သည္လည္း ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒအရ အုပ္ခ်ဳပ္ရေသာ ဘုရင္တစ္ပါး ျဖစ္လာေလသည္။

နီေပါႏိုင္ငံ၏ ထြက္ကုန္မ်ားမွာ ေကာက္သီးေကာက္ႏွံမ်ား၊ ဂုံေလၽွာ္၊ သစ္၊ ဆီေစ့၊ ေထာပတ္၊ အာလူး၊ ဘယေဆးပင္မ်ား၊ သားေရႏွင့္ ကၽြဲႏြားမ်ားျဖစ္၍ သြင္းကုန္မ်ားမွာ အထည္အလိပ္၊ စီးကရက္၊ ဆား၊ ဓာတ္ဆီ၊ ေရနံဆီ၊ သကား၊ ေဆးဝါးမ်ား၊ စက္ကိရိယာမ်ား၊ ဖိနပ္မ်ား၊ စကၠဴ၊ ဘိလတ္ေျမ၊ သံႏွင့္ သံမဏိ၊ လက္ဖက္ေျခာက္တို႔ျဖစ္သည္။ နီေပါႏုိင္ငံသားတုိ႔၏ တစ္ဦးခ်င္းႏွစ္စဥ္၀င္ေငြမွာ ေဒၚလာ ၂၆၈၂ ျဖစ္ၿပီး ကမာၻေပၚတြင္ အဆင့္ ၁၅၆ ျဖစ္သည္။

၁၉၅၅ ခုတြင္ နီေပါႏိုင္ငံ၌ အဂၤလိပ္စာသင္ေက်ာင္း ၁၀၂၈ ေက်ာင္း၊ သကၠတစာသင္ေက်ာင္း ၂၄၃ေက်ာင္း၊ အေျခခံစာသင္ေက်ာင္း ၄၉ ေက်ာင္း၊ ဘြဲ႕ရေကာလိပ္ေက်ာင္း ၇ ေက်ာင္း၊ ဥပစာေကာလိပ္ေက်ာင္း ၇ ေက်ာင္းႏွင့္ အျခားေက်ာင္း ၇ ေက်ာင္းရွိေလသည္။ ခတၱမႏၵဳတကၠသုိလ္ကို ၁၉၉၁ခုႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး ေက်ာင္းသား/သူ ဦးေရ ၁၅၀၀၀ ခန္႔ကို စာေပ ၊ အႏုပညာ ၊ အင္ဂ်င္နီယာ ၊ သိပၸံ ၊ ေဆးပညာ ၊ စီးပြားေရး ႏွင့္ ဥပေဒပညာမ်ားကို သင္ၾကားေပးလွ်က္ရွိသည္။ စာတတ္ေျမာက္မႈႏႈန္းမွာမူ ၆၅% ခန္႔သာ ရွိေလသည္။

နီေပါႏုိင္ငံရဲ႕ အခ်က္အလက္တခ်ဳိ႕

၁။ နီေပါႏုိင္ငံရဲ႕ စုစုေပါင္း ရထားလမ္းပိုင္းအရွည္ဟာ ၅၉ ကီလုိမီတာ (၃၇မုိင္ခန္႔) သာ ရွိပါတယ္။

၂။ တစ္ႏုိင္ငံလုံးမွာသုံးစြဲတဲ့ လွ်ပ္စစ္စြမ္းအင္စုစုေပါင္းရဲ႕ ၉၂% ကို ေရအားလွ်ပ္စစ္မွရရွိတာျဖစ္ၿပီး က်န္တာကိုေတာ့ ေက်ာက္မီးေသြး နဲ႔ ေလာင္စာတုိ႔မွရရွိပါတယ္။

၃။ နီေပါႏုိင္ငံမွာရွိတဲ့ ဧ၀ရက္ေတာင္ဟာ ၂၉၀၂၉ ေပျမင့္ၿပီး ကမာၻ႔အျမင့္ဆုံးေတာင္ျဖစ္ပါတယ္။ ဒီေတာင္ကုိ နီေပါလုိ Sagarmatha လုိ႔ေခၚၿပီး အဓိပၸါယ္ကေတာ့ ေကာင္းကင္ရဲ႕နဖူး ျဖစ္ပါတယ္။ ဒီေတာင္ကိုပဲ တိဘက္လူမ်ဳိးေတြက Chomolungma လုိ႔ေခၚၿပီး အဓိပၸါယ္ကေတာ့ ကမာၻေျမႀကီးရဲ႕ မိခင္နတ္သမီး ျဖစ္ပါတယ္။

၄။ နီေပါရဲ႕အလံပုံစံဟာ အျခားႏုိင္ငံအလံေတြလုိ ေလးေထာင့္ပုံစံမဟုတ္ပဲ ကမာၻေပၚမွာ တစ္ခုတည္းရွိတဲ့ပုံစံပါ။ ေထာင့္မွန္ႀတိဂံႏွစ္ခုကုိ ဆင့္ထားတဲ့ပုံသ႑ာန္ပါ။ ဒီအပုိင္းႏွစ္ခုကေတာ့ ဗုဒၶဘာသာ နဲ႔ ဟိႏၵဴဘာသာကို ရည္ညႊန္းပါတယ္။ အလံတစ္ခုလုံးကိုေတာ့ အနီေရာင္ျခယ္ထားၿပီး အနားသတ္ကေတာ့ အျပာေရာင္ရွိကာ အခြ်န္ ၁၂ခုရွိတဲ့ေန နဲ႔ လျခမ္းေကြး တုိ႔လည္းပါရွိပါတယ္ ။

အနီေရာင္ဟာ နီေပါႏုိင္ငံအထိမ္းအမွတ္ ေတာင္ဇလပ္ပန္း အနီရဲ႕ ရဲရင့္ျခင္းကို ကုိယ္စားျပဳပါတယ္။ အျပာေရာင္ကေတာ့ ၿငိမ္းခ်မ္းမႈ နဲ႔ လုိက္ေလ်ာညီေထြျဖစ္မႈ ကိုရည္ညႊန္းပါတယ္။ လကေတာ့ ဟိမ၀ႏၵာ၀န္းက်င္က နီေပါလူမ်ဳိးေတြရဲ႕ ၿငိမ္းေအးမႈကို ဆုိလုိၿပီး ေနကေတာ့ ေျမနိမ့္ပိုင္းေဒသေတြရဲ႕ ရာသီဥတုပူျပင္းမႈကို ရည္ညြန္းတယ္ လုိ႔သိရပါတယ္။

၅။နီေပါႏုိင္ငံရဲ႕ ေနရာအမ်ားစု ဟာ ေတာင္ေပၚေဒသေတြျဖစ္တာေၾကာင့္ ေရကန္ေတြ သိပ္မရွိဘူးလုိ႔ ထင္မိမွာပါ။ တကယ္တမ္းေတာ့ နီေပါႏုိင္ငံမွာ ေရကန္ႀကီးေပါင္း ၂၀၀ ေက်ာ္ရွိေနပါတယ္။ ဒီအထဲက အမ်ားစုဟာ ေတာင္တန္းေတြေပၚမွာ တည္ရွိေနတာပါ။ အႀကီးဆုံးနဲ႔ အေက်ာ္ၾကားဆုံးေရကန္ကေတာ့ Rara ေရကန္ရွိၿပီး အလ်ား ၃.၂မုိင္ ၊ အနံ ၁.၇ မုိင္ ရွိပါတယ္။

၆။ နီေပါႏုိင္ငံမွာ လြတ္လပ္ေရးေန႔ဆုိတာ မရွိပါဘူး။ အေၾကာင္းကေတာ့ နီေပါဟာ ၿဗိတိန္တုိ႔ မဟာမိတ္စာခ်ဳပ္ခ်ဳပ္တာကလြဲလုိ႔ တျခားႏုိင္ငံေတြရဲ႕ ကုိလုိနီလုံးလုံးလ်ားလ်ား မျဖစ္ခဲ့လုိ႔ပါပဲ။

၇။ နီေပါႏုိင္ငံဟာ နီေပါဘာသာ စကားတစ္မ်ဳိးတည္းရွိတာ မဟုတ္ပါဘူး။ ႏုိင္ငံက ငယ္ေပမယ့္ တုိင္းရင္းသာ ဘာသာစကားေပါင္း ၁၂၃ မ်ဳိးခန္႔ ရွိေနပါတယ္။

၈။ ကမာၻ႔အနက္ဆုံးေခ်ာက္ဆုိရင္ မာရီယာနာေခ်ာက္ ဆုိတာ သိၿပီးျဖစ္မွာပါ။ ကုန္းေပၚက အနက္ဆုံးေခ်ာက္ကေတာ့ နီေပါႏုိင္ငံမွာရွိတဲ့ KALI GANDAKI ေခ်ာက္ျဖစ္ၿပီး မီတာ ၆၀၀၀ ေက်ာ္နက္ပါတယ္။

၉။ နီေပါႏုိင္ငံမွာ သစ္ခြမ်ဳိးစိတ္ေပါင္း ၃၆၀ခန္႔ နဲ႔ ငွက္မ်ဳိးစိတ္ေပါင္း ၈၇၀ ခန္႔ရွိေနပါတယ္။ ေတြ႔ရေလ့ရွိတဲ့ တိရစာၦန္ေတြကေတာ့ ႏွင္းက်ားသစ္ ၊ ခ်ဳိတစ္ေခ်ာင္းႀကံ႕ ၊  နဲ႔ Barasingha သမင္ တုိ႔ပဲျဖစ္ပါတယ္။ သယ္ယူပုိ႔ေဆာင္ေရးအတြက္ေတာ့ စာမရီ ေတြကို သုံးၾကပါတယ္။

၁၀။ နီေပါႏုိင္ငံ ခတၱမႏၵဳ ၿမဳိ႕ဟာ ကမာၻေပၚမွာ ကမာၻ႔အေမြအႏွစ္ေနရာအမ်ားဆုံးရွိရာ ၿမဳိ႕ျဖစ္ပါတယ္။ တစ္ၿမဳိ႕တည္းမွာပဲ UNESCO ဆုိဒ္ ၇ ခုရွိေနပါတယ္။ ဒါေတြကေတာ့ ၁။ Pashupatinath ၊ ၂။ Kathmandu Durbar Square ၊ ၃။ Bhaktapur Durbar Square၊ ၄။ Patan Durbar Square ၊ ၅။ Changunarayan Temple ၊ ၆။ Swyambunath “The Monkey Temple” နဲ႔ BOUDHA STUPA တုိ႔ ပဲျဖစ္ပါတယ္။

VIDEO

 

Wikipedia
သုတဇုန္

————-

နီပေါနိုင်ငံ အကြောင်း သိကောင်းစရာ (unicode)

နီပေါနိုင်ငံ၏ တရားဝင်အမည်မှာ နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံဖြစ်ပြီး တောင်အာရှရှိ ကုန်းတွင်းပိတ် နိုင်ငံတစ်ခုဖြစ်သည်။ နီပေါနိုင်ငံသည် ဟိမဝန္တာ တောင်တန်းဒေသတွင် တည်ရှိပြီး မြောက်ဘက်တွင် တရုတ်နိုင်ငံနှင့် နယ်မြေခြင်း ထိစပ်လျက်ရှိကာ တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်တွင်မူ အိန္ဒိယနိုင်ငံက ဝန်းရံထားသည်။ နီပေါနိုင်ငံသည် ၁၄၇,၁၈၁ စတုရန်း ကီလိုမီတာ (၅၆,၈၂၇ စတုရန်းမိုင်) ကျယ်ဝန်းပြီး ကမ္ဘာပေါ်တွင် ဧရိယာအားဖြင့် နံပါတ် ၉၃ ဖြစ်သည်။ လူဦးရေမှာ ၂၉သန်း ခန့်ရှိသည်။ နံပါတ် ၆၂ မြောက် လူဦးရေ အထူအထပ်ဆုံး နိုင်ငံဖြစ်သည်။

ကမ္ဘာပေါ်ရှိအမြင့်ဆုံးသော တောင်ကြီး ၁၀ လုံးအနက် ၅ လုံးသည် နီပေါနိုင်ငံတွင် တည်ရှိသည်။ ထိုတောင်တို့တွင် ဧဝရတ်တောင်နှင့် ကန်ချင်ဂျွန်းဂါးတောင်တို့ ပါဝင်သည်။ ၁၈၅၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် နယူးဇီလန်နိုင်ငံသား (ယခုအခါ ဆာဘွဲ့ရရှိခဲ့သူ) ဒက်ဒမန်ဟစ်လာရီနှင့် နီပေါလူမျိုး တင်ဇင်နော်ကေးတို့သည် ဧဝရတ်တောင်ထွတ်ကို ရောက်အောင်တက်ခဲ့ကြသည်။ ၁၉၅၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့၌ကား အင်္ဂလိပ်လူမျိုး ဒေါက်တာဒချားအက်ဗန်သည် ကန်ချင်ဂျွန်းဂါးတောင်ထွတ်ကို ရောက်အောင်တက်ခဲ့သည်။

တောင်ပိုင်း၌ ကျယ်ပြန့်၍ မြေဩဇာကောင်းမွန်ထက်သန်သော လွင်ပြင်ကြီး ရှိသဖြင့် နီပေါနိုင်ငံသည် အဓိကအားဖြင့် လယ်ယာစိုက်ပျိုးသော နိုင်ငံဖြစ်သည်။ ဆန်စပါး၊ လက်ဖက်၊ ကြံ၊ ဆေးနှင့် ဝါများကို စိုက်ပျိုးကြ၏။ အနည်းငယ်မြောက်ဘက်ကျသော အရပ်ဒေသတို့၌မူ မုယောစပါး၊ ပြောင်း၊ ဂျုံစသော ကောက်ပဲသီးနှံတို့ကို စိုက်ပျိုးကြသည်။ နီပေါနိုင်ငံမြောက်ပိုင်းရှိ တောင်စောင်းများ၌ လှေခါးထစ်များသဖွယ်ပြုလုပ်ကာ တောင်ကျချောင်းများမှ ရေသွင်းစိုက်ပျိုးလုပ်ကိုင်ကြသည်။ မြက်ခင်းစားကျက်များရှားပါလှသော်လည်း သိုးကို အတော်အသင့် မွေးမြူကြသည်။ ထိုသိုးများမှ ရရှိသော သိုးမွေးသည် နာမည်ကျော်ကြားသည်။ နီပေါနိုင်ငံရှိ တောင်စောင်းများ၌ လှေခါးထစ်များသဖွယ်ပြုလုပ်ကာ တောင်ကျချောင်းများမှ ရေသွင်းစိုက်ပျိုးလုပ်ကိုင်ကြသည်။ မြက်ခင်းစားကျက်များ ရှားပါးလှသော်လည်း သိုးကို အတော်အသင့်မွေးမြူကြသည်။

ထိုသိုးများမှ ရရှိသော သိုးမွေးသည် နာမည်ကျော်ကြားသည်။ နီပေါနိုင်ငံရှိ တောင်စောင်းများ၌ ပေါက်ရောက်နေသော သစ်တော်တို့သည် ယနေ့တိုင် လူတို့ ထုတ်လုပ်သုံးစွဲခြားမပြုရသေးသော သစ်တော်များဖြစ်သည်။ ထိုပြင် နီပေါနိုင်ငံသည် သံ၊ ကျောက်မီးသွေး၊ ကြေးနီ၊ ခဲ၊ သွပ်စသော ဓာတ်သတ္တုများ ပေါကြွယ်လှ၏။ သို့ရာတွင် ယင်းတို့ကို ထိရောက်စွာ တူးဖော်လုပ်ကိုင်နိုင်ခြင်းမရှိသေးချေ။ နီပေါနိုင်ငံတွင် ဂုန်လျှော်စက်အနည်းငယ်ရှိသည်ကလွဲ၍ စက်မှုလက်မှုလုပ်ငန်းများ မရှိသလောက်ပင် ဖြစ်သည်။

မြို့တော် ခတ္တမန္ဒုမြို့သည် နီပေါနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သည်။မြို့တော်တွင် လူဦးရေ ၉၈၅၀၀၀ ခန့်နေထိုင်ကြသည်။ရုံးသုံးဘာသာစကားများအဖြစ် နီပေါ နှင့် အင်္ဂလိပ်ဘာသာစကားများကို သုံးစွဲကြသည်။ခတ္တမန္ဒုသည် ယခုရော ယခင်နှစ်ပေါင်းများစွာကပင် နီပေါသမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် စီးပွားရေးတို့၏ ဗဟိုချက်ချာ ဖြစ်ခဲ့သည်။ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာကိုးကွယ်မှုများအကြား မတူကွဲပြားသော လူမျိုးစုတို့ နေထိုင်ကြသည်။ ထို့ပြင် နေဝါလူမျိုးတို့၏ မူလနေထိုင်ရာလည်း ဖြစ်သည်။

ခတ္တမန္ဒုမြို့တော်သည် ဟိမဝန္တာတောင်တန်းသို့ သွားရာ ဝင်ပေါက်သဖွယ်ဖြစ်ခဲ့ပြီး ကမ္ဘာ့အမွေအနှစ်နေရာ ၇ ခု ရှိရာ ဒေသလည်းဖြစ်သည်။ ထို့ပြင် မြို့တော်တွင် လောင်ကစားရုံ ၇ ရုံလည်း ရှိသည်။ ထိုကလပ်တို့သည် လူရမ်းကားတို့ ဖြစ်ထွန်းရာ အရင်းအမြစ်လည်း ဖြစ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မာ့ရှ်မဲလို၏ ရှိုးပွဲတွင် စီစဉ်ထားသည့်ထက် လက်မှတ်အလွန်အကျွံရောင်းချခဲ့မှုဖြင့် ကလပ်လုပ်ကိုင်သူတို့ကို ဖမ်းဆီးခဲ့သေးသည်။

အခြားမြို့ကြီးများမှာ ပါထန်မြို့နှင့် ဘတ်ဂါအွန်မြို့တို့ဖြစ်ကြသည်။ ခတ္တမန္ဒူမြို့တော်သို့ ခရီးသည်များသည် ခတ္တမန္ဒူတောင်ကားကို ဖြတ်၍ ဝင်ရောက်နိုင်သည်။ ဥမှေတီးရဟွတ်သို့သွားသော မီးရထားလမ်းဆုံ၊ ရက်ကဇောမြို့မှနေ၍ လမ်းမကြီးတစ်ခုကို ထိုတောင်ကြားတစ်လျှောက် ဖောက်လုပ်ထားသည်။ ၁၉၂၇ ခုနှစ်တွင် ရက်ကဇောမှ အမ္မလက် ဂန့်ဂျသို့ မီးရထားလမ်းဖောက်လုပ်သည်။ ၁၉၅၃ ခုနှစ်၌ ခတ္တမန္ဒူမြို့နှင့် အိန္ဒိယနိုင်ငံတို့ကို ဆက်သွယ်ရန် ၇၉ မိုင်ခန့်ရှည်လျားသော လမ်းမကြီးတစ်ခု ဆောက်လုပ်ပြီးစီးခဲ့လေသည်။

နီပေါနိုင်ငံသည် ဗုဒ္ဓဘာသာဝင်များနှင့် ပတ်သတ်သည့်နိုင်ငံလည်းဖြစ်သည်။ ဗုဒ္ဓကိုဖွားမြင်ခဲ့ရာနေရာသည် နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ်တွင်ဖြစ်သည်။ လုမ္ဗိနီ သည် နီပေါနိုင်ငံ၊ ရူပန်ဒေယီခရိုင်တွင် တည်ရှိသည်။ လုမ္ဗိနီကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ယူနက်စကိုမှ ၁၉၉၇ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။

နီပေါနိုင်ငံသည် စစ်သားကောင်းအဖြစ် အထူးနာမည်ကျော်ကြားသော ဂေါ်ရခါးလူမျိုးများ နေထိုင်ရာ တိုင်းပြည်ဖြစ်သည်။ ဂေါ်ရခါးလူမျိုးများမှာ လူများစုဖြစ်၍ ပူးရမ်း၊ မဂါး၊ မူးရမစ်၊ နီဝါး၊ လင်လူး၊ လက်ပချားစသည့်လူမျိုးများလည်း ရှိသေးသည်။ ဂေါ်ရခါးဆိုသောအမည်သည် ယင်းတို့မူလအစနေထိုင်ခဲ့ရာ ဂိုရက်ပူမြို့ကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ လူဦးရေ၏ ၈၀% မှာ ဟိန္ဒူဘာသာဝင်များ ၊ ၁၀% မှာ ဗုဒ္ဓဘာသာဝင်များ နှင့် ကျန်ဘာသာဝင်အန

နီပေါနိုင်ငံတွင် ယင်းသို့ လူမျိုးစုအသီးသီးရှိကာ၊ နယ်ပယ်အကွဲကွဲအပြားပြား ဖြစ်နေခဲ့ရာ ၁၇၈၉ ခုနှစ်၌ဂေါ်ရခါးတို့သည် နီပေါနိုင်ငံတွင် အာဏာရှိလူများစုဖြစ်လာသည်။ ၁၈၁၄ ခုနှစ၌ ဂေါ်ရခါးတို့သည် ဗြိတိသျှတို့နှင့် စစ်ပွဲတစ်ပွဲကို တိုက်ခိုက်ခဲ့၍ ၁၈၅၄ ခုနှစ်၌ တိဗက်နိုင်ငံနှင့် ၂ နှစ်ကြာမျှ စစ်ပွဲဆင်နွှဲခဲ့ရလေသည်။ ထိုနောက်တွင် နီပေါနိုင်ငံသည် ဗြိတိသျှတို့နှင့် မဟာမိတ်အဖြစ် မြဲမြံစွာ ဆက်ဆံလာခဲ့လေသည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေးစနစ်လွှမ်းမိုးလာသောအခါ နီပေါနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်သည် သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။ နိုင်ငံအနှံ့အပြား၌ တရာမရုံးများနှင့် ရာဇဝတ်ရုံးများကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။

၁၉၂၃ ခုနှစ်၌ ဗြိတိသျှတို့သည် နီပေါနိုင်ငံကို လုံးဝ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုလေသည်။ ၁၈၆၇ ခုနှစ်၌ သူကောင်းများများက ဘုရင်အား အာဏာစွန့်လွှတ်စေ၍ “ရာနာ” ဆွေမျိုးစုခေါင်းဆောင်းကြီးအား အုပ်ချုပ်ရေးအာဏာများကို ပေးအပ်ကာ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့ကြသည့်အချိန်မှစ၍ နီပေါနိုင်ငံ၌ ဝန်ကြီးချုပ်ရာထူးသည် ရာနာဆွေမျိုးစုအတွက် ရိုက်ရာခံရာထူးဖြစ်လာခဲ့သည်။ ထို့ပြင် ဝန်ကြီးချုပ်သည် ဂေါ်ရခါးတပ်မတော်၏ သေနာပတိချုပ်လည်းဖြစ်၏။ ဘုရင်တို့ကား နိုင်ငံ၏ အထွတ်အထိပ်ဖြစ်သည်ဟူသော အထိမ်းအမှတ်သဖွယ်မျှသာရှိလာသည်။

ယင်းသို့ ရာနာဆွေမျိုးစုသည် နီပေါနိုင်ငံတွင် အုပ်စီးကာ အုပ်ချုပ်လာခဲ့ရာ၊ ၁၉၅၀ ပြည့်နှစ်၌ စတင်ခဲ့သော တော်လှန်ရေးကြီးအပြီးတွင် ရာနာဆွေမျိုးစုသည် ဝန်ကြီးချုပ်ရာထူးကို စွန့်လွတ်လိုက်ရလေသည်။ နီပေါဘုရင်သည်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အုပ်ချုပ်ရသော ဘုရင်တစ်ပါး ဖြစ်လာလေသည်။

နီပေါနိုင်ငံ၏ ထွက်ကုန်များမှာ ကောက်သီးကောက်နှံများ၊ ဂုံလျှော်၊ သစ်၊ ဆီစေ့၊ ထောပတ်၊ အာလူး၊ ဘယဆေးပင်များ၊ သားရေနှင့် ကျွဲနွားများဖြစ်၍ သွင်းကုန်များမှာ အထည်အလိပ်၊ စီးကရက်၊ ဆား၊ ဓာတ်ဆီ၊ ရေနံဆီ၊ သကား၊ ဆေးဝါးများ၊ စက်ကိရိယာများ၊ ဖိနပ်များ၊ စက္ကူ၊ ဘိလတ်မြေ၊ သံနှင့် သံမဏိ၊ လက်ဖက်ခြောက်တို့ဖြစ်သည်။ နီပေါနိုင်ငံသားတို့၏ တစ်ဦးချင်းနှစ်စဉ်ဝင်ငွေမှာ ဒေါ်လာ ၂၆၈၂ ဖြစ်ပြီး ကမ္ဘာပေါ်တွင် အဆင့် ၁၅၆ ဖြစ်သည်။

၁၉၅၅ ခုတွင် နီပေါနိုင်ငံ၌ အင်္ဂလိပ်စာသင်ကျောင်း ၁၀၂၈ ကျောင်း၊ သက္ကတစာသင်ကျောင်း ၂၄၃ကျောင်း၊ အခြေခံစာသင်ကျောင်း ၄၉ ကျောင်း၊ ဘွဲ့ရကောလိပ်ကျောင်း ၇ ကျောင်း၊ ဥပစာကောလိပ်ကျောင်း ၇ ကျောင်းနှင့် အခြားကျောင်း ၇ ကျောင်းရှိလေသည်။ ခတ္တမန္ဒုတက္ကသိုလ်ကို ၁၉၉၁ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/သူ ဦးရေ ၁၅၀၀၀ ခန့်ကို စာပေ ၊ အနုပညာ ၊ အင်ဂျင်နီယာ ၊ သိပ္ပံ ၊ ဆေးပညာ ၊ စီးပွားရေး နှင့် ဥပဒေပညာများကို သင်ကြားပေးလျှက်ရှိသည်။ စာတတ်မြောက်မှုနှုန်းမှာမူ ၆၅% ခန့်သာ ရှိလေသည်။

နီပေါနိုင်ငံရဲ့ အချက်အလက်တချို့

၁။ နီပေါနိုင်ငံရဲ့ စုစုပေါင်း ရထားလမ်းပိုင်းအရှည်ဟာ ၅၉ ကီလိုမီတာ (၃၇မိုင်ခန့်) သာ ရှိပါတယ်။

၂။ တစ်နိုင်ငံလုံးမှာသုံးစွဲတဲ့ လျှပ်စစ်စွမ်းအင်စုစုပေါင်းရဲ့ ၉၂% ကို ရေအားလျှပ်စစ်မှရရှိတာဖြစ်ပြီး ကျန်တာကိုတော့ ကျောက်မီးသွေး နဲ့ လောင်စာတို့မှရရှိပါတယ်။

၃။ နီပေါနိုင်ငံမှာရှိတဲ့ ဧဝရက်တောင်ဟာ ၂၉၀၂၉ ပေမြင့်ပြီး ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ ဒီတောင်ကို နီပေါလို Sagarmatha လို့ခေါ်ပြီး အဓိပ္ပါယ်ကတော့ ကောင်းကင်ရဲ့နဖူး ဖြစ်ပါတယ်။ ဒီတောင်ကိုပဲ တိဘက်လူမျိုးတွေက Chomolungma လို့ခေါ်ပြီး အဓိပ္ပါယ်ကတော့ ကမ္ဘာမြေကြီးရဲ့ မိခင်နတ်သမီး ဖြစ်ပါတယ်။

၄။ နီပေါရဲ့အလံပုံစံဟာ အခြားနိုင်ငံအလံတွေလို လေးထောင့်ပုံစံမဟုတ်ပဲ ကမ္ဘာပေါ်မှာ တစ်ခုတည်းရှိတဲ့ပုံစံပါ။ ထောင့်မှန်တြိဂံနှစ်ခုကို ဆင့်ထားတဲ့ပုံသဏ္ဍာန်ပါ။ ဒီအပိုင်းနှစ်ခုကတော့ ဗုဒ္ဓဘာသာ နဲ့ ဟိန္ဒူဘာသာကို ရည်ညွှန်းပါတယ်။ အလံတစ်ခုလုံးကိုတော့ အနီရောင်ခြယ်ထားပြီး အနားသတ်ကတော့ အပြာရောင်ရှိကာ အချွန် ၁၂ခုရှိတဲ့နေ နဲ့ လခြမ်းကွေး တို့လည်းပါရှိပါတယ် ။ အနီရောင်ဟာ နီပေါနိုင်ငံအထိမ်းအမှတ် တောင်ဇလပ်ပန်း အနီရဲ့ ရဲရင့်ခြင်းကို ကိုယ်စားပြုပါတယ်။ အပြာရောင်ကတော့ ငြိမ်းချမ်းမှု နဲ့ လိုက်လျောညီထွေဖြစ်မှု ကိုရည်ညွှန်းပါတယ်။ လကတော့ ဟိမဝန္ဒာဝန်းကျင်က နီပေါလူမျိုးတွေရဲ့ ငြိမ်းအေးမှုကို ဆိုလိုပြီး နေကတော့ မြေနိမ့်ပိုင်းဒေသတွေရဲ့ ရာသီဥတုပူပြင်းမှုကို ရည်ညွန်းတယ် လို့သိရပါတယ်။

၅။နီပေါနိုင်ငံရဲ့ နေရာအများစု ဟာ တောင်ပေါ်ဒေသတွေဖြစ်တာကြောင့် ရေကန်တွေ သိပ်မရှိဘူးလို့ ထင်မိမှာပါ။ တကယ်တမ်းတော့ နီပေါနိုင်ငံမှာ ရေကန်ကြီးပေါင်း ၂၀၀ ကျော်ရှိနေပါတယ်။ ဒီအထဲက အများစုဟာ တောင်တန်းတွေပေါ်မှာ တည်ရှိနေတာပါ။ အကြီးဆုံးနဲ့ အကျော်ကြားဆုံးရေကန်ကတော့ Rara ရေကန်ရှိပြီး အလျား ၃.၂မိုင် ၊ အနံ ၁.၇ မိုင် ရှိပါတယ်။

၆။ နီပေါနိုင်ငံမှာ လွတ်လပ်ရေးနေ့ဆိုတာ မရှိပါဘူး။ အကြောင်းကတော့ နီပေါဟာ ဗြိတိန်တို့ မဟာမိတ်စာချုပ်ချုပ်တာကလွဲလို့ တခြားနိုင်ငံတွေရဲ့ ကိုလိုနီလုံးလုံးလျားလျား မဖြစ်ခဲ့လို့ပါပဲ။

၇။ နီပေါနိုင်ငံဟာ နီပေါဘာသာ စကားတစ်မျိုးတည်းရှိတာ မဟုတ်ပါဘူး။ နိုင်ငံက ငယ်ပေမယ့် တိုင်းရင်းသာ ဘာသာစကားပေါင်း ၁၂၃ မျိုးခန့် ရှိနေပါတယ်။

၈။ ကမ္ဘာ့အနက်ဆုံးချောက်ဆိုရင် မာရီယာနာချောက် ဆိုတာ သိပြီးဖြစ်မှာပါ။ ကုန်းပေါ်က အနက်ဆုံးချောက်ကတော့ နီပေါနိုင်ငံမှာရှိတဲ့ KALI GANDAKI ချောက်ဖြစ်ပြီး မီတာ ၆၀၀၀ ကျော်နက်ပါတယ်။

၉။ နီပေါနိုင်ငံမှာ သစ်ခွမျိုးစိတ်ပေါင်း ၃၆ဝခန့် နဲ့ ငှက်မျိုးစိတ်ပေါင်း ၈၇၀ ခန့်ရှိနေပါတယ်။ တွေ့ရလေ့ရှိတဲ့ တိရစ္ဆာန်တွေကတော့ နှင်းကျားသစ် ၊ ချိုတစ်ချောင်းကြံ့ ၊  နဲ့ Barasingha သမင် တို့ပဲဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးအတွက်တော့ စာမရီ တွေကို သုံးကြပါတယ်။

၁၀။ နီပေါနိုင်ငံ ခတ္တမန္ဒု မြို့ဟာ ကမ္ဘာပေါ်မှာ ကမ္ဘာ့အမွေအနှစ်နေရာအများဆုံးရှိရာ မြို့ဖြစ်ပါတယ်။ တစ်မြို့တည်းမှာပဲ UNESCO ဆိုဒ် ၇ ခုရှိနေပါတယ်။ ဒါတွေကတော့ ၁။ Pashupatinath ၊ ၂။ Kathmandu Durbar Square ၊ ၃။ Bhaktapur Durbar Square၊ ၄။ Patan Durbar Square ၊ ၅။ Changunarayan Temple ၊ ၆။ Swyambunath “The Monkey Temple” နဲ့ BOUDHA STUPA တို့ ပဲဖြစ်ပါတယ်။

Wikipedia
သုတဇုန်

Leave a Reply