အိပ္ယာေပၚမွာ ရွဥ့္ေပါက္ေလးကို ေတြ႔ခဲ့ၿပီးတဲ့ေနာက္

Posted on

တစ္ေန႔မွာေတာ့ လူတစ္ေယာက္ဟာ အျပင္ကေန သူ႔အိမ္ကုိျပန္ေရာက္တဲ့အခါ ထူးျခားတဲ့အရာတစ္ခုကို သြားေတြ႔ပါတယ္။ အဲဒါကေတာ့ သူ႔အိပ္ယာေပၚမွာ ရွဥ့္တစ္ေကာင္ဟာ ထင္းရႈးပင္ အရြက္ေျခာက္ ၊ အကိုင္းငယ္ေတြနဲ႔ အသုိက္ေဆာက္ေနတာကိုပါ။ ေသခ်ာၾကည့္တဲ့အခါမွာေတာ့ ေမြးကင္းစ ရွဥ္႔ေလးႏွစ္ေကာင္ပါေတြ႔ပါတယ္။

ေတာရုိင္းတိရစာၦန္ ျပန္လည္ထူေထာင္ေရး၀န္ထမ္းေတြျဖစ္တဲ့  Michael နဲ႔ Christina တုိ႔ရဲ႕အိမ္မွာျဖစ္ခဲ့တာပါ။ ဒါေပမယ့္ ခဏေနေတာ့ ရွဥ့္မႀကီးဟာ ထြက္ေျပးသြားပါတယ္။ ျပန္လာၿပီး သူ႔ကေလးေတြကုိ လာေခၚဖုိ႔ေမွ်ာ္လင့္ေပမယ့္ ရွဥ့္မႀကီးဟာ ျပန္မလာေတာ့ပါဘူး။ ဒါေၾကာင့္ Michae မုိက္ကယ္တုိ႔ စုံတြဲဟာ ရွဥ့္ေပါက္ေလးေတြ မေသေစဖုိ႔ တိရစာၦန္ဆရာ၀န္ကုိေခၚျပပါတယ္။ စိတ္မေကာင္းစရာကေတာ့ ရွဥ့္ေပါက္ေလး ႏွစ္ေကာင္မွာ တစ္ေကာင္ဟာ ေသဆုံးေနခဲ့ပါၿပီ။

ဒါေၾကာင့္ အသက္ရွင္ေနေသးတဲ့ ရွဥ့္ေပါက္ေလးတစ္ေကာင္ကို ဂရုတစုိက္ ေမြးစားဖုိ႔ Christina နဲ႔ Michael တုိ႔ ဆုံးျဖတ္လုိက္ၾကပါတယ္။ ရွဥ့္မေလးကုိ Thumbelina လို႔အမည္ေပးလုိက္ပါတယ္။ ကယ္တင္မယ့္သူ မရွိရင္ေသဖြယ္ရာသာရွိတဲ့ ရွဥ့္ေပါက္ေလးရဲ႕ဘ၀ဟာ တိရစာၦန္ခ်စ္သူေတြရဲ႕ ဂရုတစုိက္ျပုစုမႈေၾကာင့္ ျပန္လည္ရွင္သန္လာခဲ့ရပါတယ္။

ရွဥ့္ေပါက္ေလးရဲ႕ အစာအတြက္ ႏုိ႔ ကုိ အဓိကထားၿပီး တုိက္ခဲ့ၾကရပါတယ္။ ရွဥ့္ေပါက္ေလးဟာ တျဖည္းျဖည္းႀကီးလာေပမယ့္ အျခားရွဥ့္ေတြနဲ႔ အမူအက်င့္ေတြ မတူေတာ့ပါဘူး။ အျခားရွဥ့္ေတြက ေျပးတာ လႊားတာ သစ္ပင္တက္တာ ခုန္တာေတြကို လုပ္ေပမယ့္ Thumbelina ကေတာ့ ဒါေတြကို စိတ္၀င္စားျခင္းမရွိပါဘူး။ ေျပးတာအစား လမ္းေလွ်ာက္တာ နဲ႔ သစ္ပင္တက္တာအစား ထုိင္တာကိုပဲ လုပ္တတ္ပါတယ္။

အျခားရွဥ့္ေတြနဲ႔ အတူတူထားၿပီး ရွဥ့္တစ္ေကာင္ရဲ႕ ပုံမွန္ဘ၀ကို ျပန္ရဖုိ႔ ႀကဳိးစားေပးၾကေပမယ့္  Thumbelina ဟာ အျခားရွဥ့္ေတြနဲ႔ ယွဥ္တြဲမေနတတ္ေတာ့ပါဘူး။ ေရာထားၿပီး ခဏၾကာတာနဲ႔ အိမ္ကုိျပန္လာတတ္ပါတယ္။ သူ႔ကိုျပဳစု ေစာင့္ေရွာက္ခဲ့တဲ့ Michael တုိ႔ စုံတြဲကေတာ့ ” သူ႔ကုိယ္သူ ဘာထင္ေနလဲ ကြ်န္ေတာ္တုိ႔မသိေတာ့ပါဘူး ၊ ေသခ်ာတာကေတာ့ သူ႔ကုိသူ ရွဥ့္တစ္ေကာင္လုိ႔ ထင္မေနတာပါ” လုိ႔ ဆုိပါတယ္။

အခုဆုိရင္ အသက္ ၂ႏွစ္ ရွိသြားၿပီ ျဖစ္တဲ့ အေရွ႕တုိင္း အညဳိေရာင္ရွဥ့္မေလး Thumbelina ဟာ သူ႔ေမြးစားမိဘေတြရဲ႕ အိမ္ထဲမွာပဲ ေပ်ာ္ရႊင္ေနပါတယ္။ သူဟာ သၾကားပဲသီးအျပား ၊ ဆလတ္ရြက္ နဲ႔ ေထာပတ္သီးေတြကုိ ႀကဳိက္ပါတယ္။ သူမုန္းတဲ့ အရာေတြကေတာ့ အိမ္အျပင္ထြက္ျခင္း ၊ ေအးတဲ့ရာသီဥတု ၊ အျခားရွဥ့္ေတြ နဲ႔ ဖုန္စုပ္ဆက္ေတြ ျဖစ္ပါသတဲ့။

သူ႔ရဲ႕ေမြးစားမိဘေတြဟာ ရွဥ့္မေလး ရဲ႕ အေၾကာင္း နဲ႔ ပုံရိပ္ေတြကုိ ေဖ့ဘုတ္မွာ Little Thumbelina Girl ဆုိတဲ့ အမည္နဲ႔ စာမ်က္ႏွာ တစ္ခုဖြင့္ၿပီး တင္ေလ့ရွိပါတယ္။ အခုဆုိရင္ ရွဥ့္မေလး ကို ႏွစ္သက္သူေပါင္း ၅ေသာင္းေက်ာ္ ရွိိေနၿပီ ျဖစ္ပါတယ္။

VIDEO

Ref:
BoredPanda
Little Thumbelina Girl  Page

——————-

အိပ်ယာပေါ်မှာတွေ့တဲ့ ရှဉ့်ပေါက်လေး ကို မွေးစားခဲ့ကြသူများ (unicode)

တစ်နေ့မှာတော့ လူတစ်ယောက်ဟာ အပြင်ကနေ သူ့အိမ်ကိုပြန်ရောက်တဲ့အခါ ထူးခြားတဲ့အရာတစ်ခုကို သွားတွေ့ပါတယ်။ အဲဒါကတော့ သူ့အိပ်ယာပေါ်မှာ ရှဉ့်တစ်ကောင်ဟာ ထင်းရှုးပင် အရွက်ခြောက် ၊ အကိုင်းငယ်တွေနဲ့ အသိုက်ဆောက်နေတာကိုပါ။ သေချာကြည့်တဲ့အခါမှာတော့ မွေးကင်းစ ရှဉ့်လေးနှစ်ကောင်ပါတွေ့ပါတယ်။

တောရိုင်းတိရစ္ဆာန် ပြန်လည်ထူထောင်ရေးဝန်ထမ်းတွေဖြစ်တဲ့  Michael နဲ့ Christina တို့ရဲ့အိမ်မှာဖြစ်ခဲ့တာပါ။ ဒါပေမယ့် ခဏနေတော့ ရှဉ့်မကြီးဟာ ထွက်ပြေးသွားပါတယ်။ ပြန်လာပြီး သူ့ကလေးတွေကို လာခေါ်ဖို့မျှော်လင့်ပေမယ့် ရှဉ့်မကြီးဟာ ပြန်မလာတော့ပါဘူး။ ဒါကြောင့် Michae မိုက်ကယ်တို့ စုံတွဲဟာ ရှဉ့်ပေါက်လေးတွေ မသေစေဖို့ တိရစ္ဆာန်ဆရာဝန်ကိုခေါ်ပြပါတယ်။ စိတ်မကောင်းစရာကတော့ ရှဉ့်ပေါက်လေး နှစ်ကောင်မှာ တစ်ကောင်ဟာ သေဆုံးနေခဲ့ပါပြီ။

ဒါကြောင့် အသက်ရှင်နေသေးတဲ့ ရှဉ့်ပေါက်လေးတစ်ကောင်ကို ဂရုတစိုက် မွေးစားဖို့ Christina နဲ့ Michael တို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ရှဉ့်မလေးကို Thumbelina လို့အမည်ပေးလိုက်ပါတယ်။ ကယ်တင်မယ့်သူ မရှိရင်သေဖွယ်ရာသာရှိတဲ့ ရှဉ့်ပေါက်လေးရဲ့ဘဝဟာ တိရစ္ဆာန်ချစ်သူတွေရဲ့ ဂရုတစိုက်ပြုစုမှုကြောင့် ပြန်လည်ရှင်သန်လာခဲ့ရပါတယ်။

ရှဉ့်ပေါက်လေးရဲ့ အစာအတွက် နို့ ကို အဓိကထားပြီး တိုက်ခဲ့ကြရပါတယ်။ ရှဉ့်ပေါက်လေးဟာ တဖြည်းဖြည်းကြီးလာပေမယ့် အခြားရှဉ့်တွေနဲ့ အမူအကျင့်တွေ မတူတော့ပါဘူး။ အခြားရှဉ့်တွေက ပြေးတာ လွှားတာ သစ်ပင်တက်တာ ခုန်တာတွေကို လုပ်ပေမယ့် Thumbelina ကတော့ ဒါတွေကို စိတ်ဝင်စားခြင်းမရှိပါဘူး။ ပြေးတာအစား လမ်းလျှောက်တာ နဲ့ သစ်ပင်တက်တာအစား ထိုင်တာကိုပဲ လုပ်တတ်ပါတယ်။

အခြားရှဉ့်တွေနဲ့ အတူတူထားပြီး ရှဉ့်တစ်ကောင်ရဲ့ ပုံမှန်ဘဝကို ပြန်ရဖို့ ကြိုးစားပေးကြပေမယ့်  Thumbelina ဟာ အခြားရှဉ့်တွေနဲ့ ယှဉ်တွဲမနေတတ်တော့ပါဘူး။ ရောထားပြီး ခဏကြာတာနဲ့ အိမ်ကိုပြန်လာတတ်ပါတယ်။ သူ့ကိုပြုစု စောင့်ရှောက်ခဲ့တဲ့ Michael တို့ စုံတွဲကတော့ ” သူ့ကိုယ်သူ ဘာထင်နေလဲ ကျွန်တော်တို့မသိတော့ပါဘူး ၊ သေချာတာကတော့ သူ့ကိုသူ ရှဉ့်တစ်ကောင်လို့ ထင်မနေတာပါ” လို့ ဆိုပါတယ်။

အခုဆိုရင် အသက် ၂နှစ် ရှိသွားပြီ ဖြစ်တဲ့ အရှေ့တိုင်း အညိုရောင်ရှဉ့်မလေး Thumbelina ဟာ သူ့မွေးစားမိဘတွေရဲ့ အိမ်ထဲမှာပဲ ပျော်ရွှင်နေပါတယ်။ သူဟာ သကြားပဲသီးအပြား ၊ ဆလတ်ရွက် နဲ့ ထောပတ်သီးတွေကို ကြိုက်ပါတယ်။ သူမုန်းတဲ့ အရာတွေကတော့ အိမ်အပြင်ထွက်ခြင်း ၊ အေးတဲ့ရာသီဥတု ၊ အခြားရှဉ့်တွေ နဲ့ ဖုန်စုပ်ဆက်တွေ ဖြစ်ပါသတဲ့။

သူ့ရဲ့မွေးစားမိဘတွေဟာ ရှဉ့်မလေး ရဲ့ အကြောင်း နဲ့ ပုံရိပ်တွေကို ဖေ့ဘုတ်မှာ Little Thumbelina Girl ဆိုတဲ့ အမည်နဲ့ စာမျက်နှာ တစ်ခုဖွင့်ပြီး တင်လေ့ရှိပါတယ်။ အခုဆိုရင် ရှဉ့်မလေး ကို နှစ်သက်သူပေါင်း ၅သောင်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Ref:
BoredPanda
Little Thumbelina Girl  Page

Leave a Reply