ကမ္ဘာ့အမြင့်ဆုံး ခရစ်တော်ရုပ်တု ၇ ခု

Posted on

အရင်က ကမ္ဘာ့အမြင့်ဆုံးရုပ်တုတွေအကြောင်းကို တင်ခဲ့ဖူးပါတယ်။ ဒီတစ်ခါတော့ အဲဒီရုပ်တုတွေများစွာရှိတဲ့အထဲက အမြင့်ဆုံးခရစ်တော် ရုပ်တုတွေရဲ့ အကြောင်းကို သုတဇုန်မိတ်ဆွေတွေ အတွက် ဗဟုသုတအဖြစ်ဝေမျှလိုက်ပါတယ်။

၇။ Christ the Redeemer – Brazil

ရုပ်တုအမြင့်: 30 metres (98 ft)
အောက်ခံခုံအမြင့်: 8 metres (26 ft)

ဒီရုပ်တုကိုတော့ အားလုံးသိပြီးဖြစ်မှာပါ။ ကမ္ဘာပေါ်မှာ လူသိအများဆုံး ခရစ်တော်ရုပ်တုဖြစ်ပေမယ့် အမြင့်ဆုံးရုပ်တုတော့ မဟုတ်ပါဘူး။ Christ the Redeemer ခရစ်တော်ရုပ်တုကြီးဟာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့က ပေ ၂၃၀၀ကျော်မြင့်တဲ့ ကော်ကိုဗာဒို တောင်ထိပ်မှာ တည်ရှိပါတယ်။

၁၉၃၁ခုနှစ်မှတည်ဆောက် ပြီးစီးခဲ့ပြီး ဆောက်လုပ်ချိန် ၉နှစ်ကြာမြင့်ခဲ့ပါတယ်။ ကုန်ကျစရိတ်အနေနဲ့ အဲဒီအချိန်က အမေရိကန်ဒေါ်လာ ၂သိန်းခွဲကုန်ကျခဲ့ပါတယ်။ ဒါဟာ ၂၀၁၆ခုနှစ် အမေရိကန်ဒေါ်လာ ၃.၄သန်းနဲ့ ညီမျှပါတယ်။ ရုပ်တုရဲ့အမြင့် ၉၈ပေ (အောက်ခြေခုံ ၂၆ပေ မပါဝင်) ရှိပြီး ဆန့်ထားတဲ့လက်အကျယ် ၉၂ပေ ရှိပါတယ်။ ခေတ်သစ်ကမ္ဘာ့အံဖွယ် ၇ခု စာရင်းမှာ ထည့်သွင်းဖော်ပြခြင်းခံခဲ့ရတဲ့ရုပ်တုလည်း ဖြစ်ပါတယ်။

၆။ Cristo Resucitado – Mexico

ရုပ်တုအမြင့်: 30 metres (98.5 feet)
အောက်ခံခုံအမြင့်: 18 metres (60 feet)

မက္ကဆီကိုနိုင်ငံ Tlalnepantla မြို့ Jardines del Recuerdo သင်္ချိုင်းမှာတည်ရှိတဲ့ရုပ်တုဖြစ်ပြီး အမြင့်ပေ ၉၈ပေ ရှိပါတယ်။ အောက်ခံခုံအမြင့်ကတော့ ၃၃ပေ ရှိပြီး ၁၉၇၉ခုနှစ်တည်းက တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။ ခရစ်တော်အထိမ်းအမှတ် ဒီရုပ်တုကို သံမဏိ ၊ ကွန်ကရစ်တွေနဲ့ ပေါင်းစပ်တည်ဆောက်ထားတာဖြစ်ပြီး သင်္ချိုင်းထဲမှာတည်ရှိတဲ့ အမြင့်ဆုံးခရစ်တော်ရုပ်တုလည်းဖြစ်ပါတယ်။

၅။ Christ Blessing – Indonesia

ရုပ်တုအမြင့်: 30 metres (98 ft)
အောက်ခံခုံအမြင့်: 20 metres (65 ft)

ဒီရုပ်တုကတော့ အင်ဒိုနီးရှားနိုင်ငံ North Sulawesi ပြည်နယ် Manado မြို့မှာတည်ရှိပါတယ်။ ရုပ်တုကတော့ ၉၈ပေ မြင့်ပြီး အောက်ခံခုံကတော့ ၆၅ပေ မြင့်ပါတယ်။ Manado မြို့ရဲ့အမှတ်အသားဖြစ်လာတဲ့ ဒီရုပ်တုကို ၂၀၀၇ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။

ရုပ်တုကို သံမဏိတန်ပေါင်း ၃၅တန် နဲ့အတူ သတ္တုဖိုက်ဘာပေါင်း ၂၅ တန်ကို ရောစပ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်တုရဲ့ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၅၄၀၀၀ ဖြစ်ပါတယ်။ ၂၀ ဒီဂရီစောင်းကာတည်ဆောက်ထားတဲ့ ဒီရုပ်တုကို ပျံသန်းနေတဲ့ အမြင့်ဆုံးခရစ်တော်ရုပ်တုလို့လည်း ဆိုကြပါတယ်။

၎။ Sacred Heart of Jesus – Philippines

ရုပ်တုအမြင့်: 31 metres (102 ft)
အောက်ခံခုံအမြင့်: 9 metres (29 ft)

ဖိလစ်ပိုင်နိုင်ငံ Capiz ပြည်နယ်ရဲ့မြို့တော် Roxas မြို့မှာတည်ရှိတဲ့ ရုပ်တုဖြစ်ပါတယ်။ အမြင့်ပေ ၁၀၂ပေ ရှိပြီး အောက်ခံခုံကတော့ ပေ၃၀ မြင့်ပါတယ်။ သံမဏိ နဲ့ ကွန်ကရစ်တွေကို အဓိကသုံးတည်ဆောက်ထားတဲ့ ဒီရုပ်တုကို ၂၀၁၅ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။

၃။ Christ of Vung Tau – Vietnam

ရုပ်တုအမြင့်: 32 metres (105 ft)
အောက်ခံခုံအမြင့်: 4 metres (13.2 ft)

ဗီယက်နမ်နိုင်ငံ Vung Tau မြို့မှာရှိတဲ့ ကတ်သလစ်အသင်းတော်က ကြီးမှူးတည်ဆောက်ထားတဲ့ ရုပ်တုဖြစ်ပါတယ်။ Vung Tau မြို့အနီး Mount Nho တောင်ပေါ်မှာတည်ရှိပြီး ရုပ်တုအမြင့်ကတော့ ၁၀၅ပေ ရှိပါတယ်။

အောက်ခံခုံကတော့ ၁၃ပေ မြင့်ပြီး ရုပ်တုအတွင်းကို လှေကားထစ် ၁၃၃ထစ် နဲ့အတူ ၀င်ရောက်ကြည့်ရှု့ကာ ခရစ်တော်ရုပ်တုရဲ့လက်မောင်းပေါ်အထိတက်နိုင်ပါတယ်။ နှစ်ပေါင်း ၂၀နီးပါး တည်ဆောက်ခဲ့ရတဲ့ ခရစ်တော်ရုပ်တုရဲ့ ဦးခေါင်းမှာတော့ အခြားခရစ်တော်ရုပ်တုတွေမှာ ပါလေ့မရှိတဲ့ ရောင်စဉ်စက်ဝိုင်းကို ထည့်သွင်းတည်ဆောက်ထားပါတယ်။

၂။ Christ of Peace – Bolivia

ရုပ်တုအမြင့်: 34.20 metres (112.2 ft)
အောက်ခံခုံအမြင့်: 6.24 metres (20.5 ft)

Cristo de la Concordia ကတော့ ကမ္ဘာပေါ်မှာ ဒုတိယအမြင့်ဆုံး ခရစ်တော်ရုပ်တုဖြစ်ပါတယ်။ အမြင့်ပေ ၁၁၂.၂ပေရှိပြီး ဘိုလီးဗီးယားနိုင်ငံက Cochabamba မြို့အရှေ့ပိုင်း San Pedro တောင်ကုန်းပေါ်မှာတည်ရှိပါတယ်။

အောက်ခြေပန်းပုအောက်ခံခုံကတော့ ၂၀.၅ပေ ရှိပါတယ်။ ၁၉၈၇ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၄ခုနှစ်မှာ မှ ပြီးစီးခဲ့တဲ့အတွက် တည်ဆောက်ချိန်စုစုပေါင်းက ၇နှစ်ပါ။ ဒီရုပ်တုရှိရာနေရာကိုရောက်ဖို့ လှေကားထစ်ပေါင်း ၂၀၀၀ ခန့်ကိုတက်ရမှာဖြစ်ပါတယ်။ မတက်ချင်ဘူးဆိုရင်တော့ ကေဘယ်ကားတွေနဲ့လည်း တက်နိုင်ပါတယ်။

၁။ Christ the King – Poland

ရုပ်တုအမြင့်: 33 metres (118 ft)
အောက်ခံခုံအမြင့်: 3 metres (9.8 ft)

ကမ္ဘာပေါ်မှာ အမြင့်ဆုံး ခရစ်တော်ရုပ်တုကတော့ Christ the King ရုပ်တုဖြစ်ပါတယ်။ ပိုလန်နိုင်ငံ အနောက်ပိုင်းက Świebodzin မြို့မှာတည်ရှိပါတယ်။ လူသားတွေကို ကြိုဆိုနေဟန် ခရစ်တော်ရုပ်တုပါ။ အမြင့်ပေ ၁၁၈ပေ ရှိပြီး သရဖူကတော့ ၉.၈ပေ ရှိပါတယ်။

ရုပ်တုအောက်ခြေက တောင်ကုန်းကလည်း ၅၂ပေ ရှိတာကြောင့် အားလုံးပေါင်းလိုက်ရင် ဒီခရစ်တော်ရုပ်တုဟာ အမြင့် ၁၇၀ပေ ရှိပါတယ်။ ၂၀၁၀ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့တဲ့ ဒီရုပ်တုကို ၅နှစ်ကြာ တည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁.၅သန်း ကုန်ကျခဲ့ပြီး ဒီငွေတွေကို ဒေသခံပေါင်း ၂၁၀၀၀ ခန့်က လှူဒါန်းခဲ့တာဖြစ်ပါတယ်။

သုတဇုန်

Leave a Reply