ဗီဒီယိုဂိမ္းဘာသာရပ္ကုိ သင္ရုိးထဲထည့္လုိက္တဲ့ တရုတ္ႏုိင္ငံ

Posted on

ဗီဒီယုိဂိမ္းေတြ အြန္လုိင္းဂိမ္းေတြဟာ တရုတ္ႏုိင္ငံမွာ အလြန္ေရပန္းစားပါတယ္။ ဒါေၾကာင့္ ႏွစ္ေပါင္းမ်ားစြာ လူႀကဳိက္မ်ားလာခဲ့တဲ့ ဗီဒီယုိဂိမ္းဘာသာရပ္ကို သင္ရုိးညႊန္းတမ္းထဲ ထည့္သြင္းသင္ၾကားဖုိ႔ တရုတ္ရဲ႕ ထိပ္တန္း တကၠသုိလ္တစ္ခုျဖစ္တဲ့ ပီကင္းတကၠသုိလ္က ၿပီးခဲ့တဲ့ မတ္လတည္းက ဆုံးျဖတ္ အတည္ျပဳခဲ့တာျဖစ္ပါတယ္။ ဒီဘာသာရပ္ကိုေတာ့ “The General Theory of Video Games” လုိ႔ အမည္ေပးထားပါတယ္။

ဗီဒီယုိဂိမ္းဘာသာရပ္ ဆုိေပမယ့္ ဂိမ္းကစားနည္းမ်ားကို သင္ၾကားေပးတာေတြ ဂိမ္းၿပဳိင္ပြဲေတြျပဳလုပ္ေပးတာေတြ မဟုတ္ပဲ ဗီဒီယုိဂိမ္းနဲ႔ဆုိင္တဲ့ စီးပြားေရးေစ်းကြက္အျပင္ ဒီဇုိင္းေတြ ၊ နည္းပညာေတြ ၊ ေရးသားနည္းေတြကုိ သီအုိရီေတြနဲ႔ တကြသင္ၾကားတာျဖစ္ပါတယ္။ သင္ရုိးၿပီးဆုံးသြားတာနဲ႔ သင္တန္းသားဟာ ကုိယ္ပုိင္ဗီဒီယုိဂိမ္းပေရာဂ်က္ေတြကုိ စိတ္ႀကဳိက္ဒီဇုိင္းေရးဆြဲျပလာႏုိင္တဲ့ အထိ ထိထိေရာက္ေရာက္သင္ၾကားေပးတာျဖစ္ပါတယ္။

ဒါ့အျပင္ ဂိမ္းေစ်းကြက္ရဲ႕လုိအပ္ခ်က္ေတြ ၊ ဂိမ္းမီဒီယာ ၊ ဂိမ္းစိတ္ပညာေတြကိုပါ သင္ၾကားေပးဦးမွာျဖစ္ၿပီး အသိအမွတ္ျပဳဘြဲ႔ေတြလည္း ခ်ီးျမွင့္ေပးဦးမွာျဖစ္တယ္လုိ႔ သင္တန္းနည္းျပ ဆရာတစ္ဦးျဖစ္တဲ့ Chen Jiang က ဆုိပါတယ္။ ဒါဟာ ပညာေရးေလာကကို ဖီဆန္ျခင္းမဟုတ္ပဲ အလွ်င္အျမန္တုိးတက္လာတဲ့ တရုတ္ဗီဒီယုိဂိမ္းေစ်းကြက္ ရဲ႕ စိန္ေခၚမႈေတြကို ရင္ဆုိင္ႏုိင္ဖုိ႔ျဖစ္တယ္လုိ႔ သူက ထပ္ေျပာပါတယ္။

ဒီဘာသာရပ္သင္တန္းအတြက္ လူဦးေရ ၁၂၀ ကို သာ အကန္႔အသတ္နဲ႔ ေခၚခဲ့ေပမယ့္ စိတ္၀င္တစားတက္လုိသူေပါင္း အဆမတန္မ်ားျပားခဲ့တဲ့အတြက္ သင္တန္းသားဦးေရကုိ ၁၅၀ အထိ တုိးျမွင့္ေပးခဲ့ရပါတယ္။ ဒါေတာင္မွ ဘြဲ႔မရရင္ေနပါ ၊ စိတ္၀င္စားလုိ႔ပါ ဆုိၿပီး အလြတ္လာတက္တဲ့သူကလည္း ၅၀ ေလာက္ရွိေနပါေသးတယ္။

ဂိမ္းေလာက စီးပြားေရးနယ္ပယ္က ထင္ရွားတဲ့ ပညာရွင္ေတြအျပင္ နာမည္ေက်ာ္ ဂိမ္းပညာရွင္ေတြကိုပါ ဖိတ္ေခၚၿပီး သင္ၾကားေပးခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္သင္တန္းသားေတြကိုလည္း ႏုိင္ငံတကာဂိမ္းၿပဳိင္ပြဲေတြကို ေလ့လာသူအေနနဲ႔ ေစလႊတ္တာေတြလည္းရွိပါတယ္။ အဓိကကေတာ့ ဂိမ္းစီးပြားေရးေစ်းကြက္မွာ လူငယ္ေတြရဲ႕ ဖန္တီးမႈေတြကိုလည္း တဖက္တလမ္းက ပါ၀င္လာေစခ်င္လုိ႔ျဖစ္ပါတယ္။

တရုတ္ႏုိင္ငံရဲ႕ စီးပြားေရးေစ်းကြက္ဟာ လက္ရွိအခ်ိန္မွာ ကမာၻေပၚမွာ နံပါတ္ ၁ ျဖစ္ေနပါတယ္။ ၂၀၁၇ခုႏွစ္တုန္းက ဂိမ္းေစ်းကြက္ကေန အေမရိကန္ေဒၚလာ ၃၂ဘီလ်ံအထိ ၀င္ေငြရရွိခဲ့ၿပီး ဒါဟာ အေမရိကန္ႏုိင္ငံထက္ သန္း ၅၀၀ ပုိမ်ားတဲ့ ပမာဏျဖစ္ပါတယ္။

ဂိမ္းဆုိေပမယ့္ အမ်ုိးသားေတြခ်ည္းမဟုတ္ပဲ အမ်ဳိးသမီးေတြလည္းပါ၀င္ေနၿပီး တရုတ္ဂိမ္းေလာကရဲ႕ ၃ပုံ ၁ပုံခန္႔က အမ်ဳိးသမီးေတြျဖစ္ေနပါတယ္။ Tencent , NetEase နဲ႔ Alibaba လုိ တရုတ္နည္းပညာကုမၸဏီႀကီးေတြကလည္း ဂိမ္းနယ္ပယ္ကို အျပည့္အ၀ပံ့ပုိးေပးထားပါတယ္။ ၂၀၁၆ခုႏွစ္တုန္းက တရုတ္နည္းပညာ ကုမၸဏီ Tencent ဟာ ကမာၻ႔ဂိမ္းကုမၸဏီေတြထဲမွာ ေဒၚလာ ၁၀.၂ ဘီလ်ံအထိရရွိခဲ့ၿပီး အမ်ားဆုံး အျမတ္ေငြရရွိခဲ့တဲ့ ကုမၸဏီအျဖစ္ စံခ်ိန္တင္ႏုိင္ခဲ့ပါတယ္။

တရုတ္တကၠသိုလ္ေတြဟာ အခုမွ ဂိမ္းနဲ႔ ဆုိ္င္တဲ့ ဘာသာရပ္ေတြကုိ ထည့္သြင္း သင္ၾကားေပးေနတာမဟုတ္ပဲ ၂၀၁၀ ခုႏွစ္တည္းက Xi’an Physical ပညာေရးတကၠသုိလ္မွာ “electronic sports” ဘာသာရပ္ ၊ ၂၀၁၇ခုႏွစ္တုန္းက တရုတ္လူမႈဆက္ဆံေရးတကၠသုိလ္မွာ “Digital Media Art-Digital Entertainment” ဘာသာရပ္ ေတြကို သင္ၾကားေပးေနခဲ့တာျဖစ္ပါတယ္။

—————–

ဗီဒီယိုဂိမ်းဘာသာရပ်ကို သင်ရိုးထဲထည့်လိုက်တဲ့ တရုတ်နိုင်ငံ (unicode)

ဗီဒီယိုဂိမ်းတွေ အွန်လိုင်းဂိမ်းတွေဟာ တရုတ်နိုင်ငံမှာ အလွန်ရေပန်းစားပါတယ်။ ဒါကြောင့် နှစ်ပေါင်းများစွာ လူကြိုက်များလာခဲ့တဲ့ ဗီဒီယိုဂိမ်းဘာသာရပ်ကို သင်ရိုးညွှန်းတမ်းထဲ ထည့်သွင်းသင်ကြားဖို့ တရုတ်ရဲ့ ထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်တဲ့ ပီကင်းတက္ကသိုလ်က ပြီးခဲ့တဲ့ မတ်လတည်းက ဆုံးဖြတ် အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီဘာသာရပ်ကိုတော့ “The General Theory of Video Games” လို့ အမည်ပေးထားပါတယ်။

ဗီဒီယိုဂိမ်းဘာသာရပ် ဆိုပေမယ့် ဂိမ်းကစားနည်းများကို သင်ကြားပေးတာတွေ ဂိမ်းပြိုင်ပွဲတွေပြုလုပ်ပေးတာတွေ မဟုတ်ပဲ ဗီဒီယိုဂိမ်းနဲ့ဆိုင်တဲ့ စီးပွားရေးဈေးကွက်အပြင် ဒီဇိုင်းတွေ ၊ နည်းပညာတွေ ၊ ရေးသားနည်းတွေကို သီအိုရီတွေနဲ့ တကွသင်ကြားတာဖြစ်ပါတယ်။ သင်ရိုးပြီးဆုံးသွားတာနဲ့ သင်တန်းသားဟာ ကိုယ်ပိုင်ဗီဒီယိုဂိမ်းပရောဂျက်တွေကို စိတ်ကြိုက်ဒီဇိုင်းရေးဆွဲပြလာနိုင်တဲ့ အထိ ထိထိရောက်ရောက်သင်ကြားပေးတာဖြစ်ပါတယ်။
ဒါ့အပြင် ဂိမ်းဈေးကွက်ရဲ့လိုအပ်ချက်တွေ ၊ ဂိမ်းမီဒီယာ ၊ ဂိမ်းစိတ်ပညာတွေကိုပါ သင်ကြားပေးဦးမှာဖြစ်ပြီး အသိအမှတ်ပြုဘွဲ့တွေလည်း ချီးမြှင့်ပေးဦးမှာဖြစ်တယ်လို့ သင်တန်းနည်းပြ ဆရာတစ်ဦးဖြစ်တဲ့ Chen Jiang က ဆိုပါတယ်။ ဒါဟာ ပညာရေးလောကကို ဖီဆန်ခြင်းမဟုတ်ပဲ အလျှင်အမြန်တိုးတက်လာတဲ့ တရုတ်ဗီဒီယိုဂိမ်းဈေးကွက် ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ဖြစ်တယ်လို့ သူက ထပ်ပြောပါတယ်။

ဒီဘာသာရပ်သင်တန်းအတွက် လူဦးရေ ၁၂၀ ကို သာ အကန့်အသတ်နဲ့ ခေါ်ခဲ့ပေမယ့် စိတ်ဝင်တစားတက်လိုသူပေါင်း အဆမတန်များပြားခဲ့တဲ့အတွက် သင်တန်းသားဦးရေကို ၁၅၀ အထိ တိုးမြှင့်ပေးခဲ့ရပါတယ်။ ဒါတောင်မှ ဘွဲ့မရရင်နေပါ ၊ စိတ်ဝင်စားလို့ပါ ဆိုပြီး အလွတ်လာတက်တဲ့သူကလည်း ၅၀ လောက်ရှိနေပါသေးတယ်။

ဂိမ်းလောက စီးပွားရေးနယ်ပယ်က ထင်ရှားတဲ့ ပညာရှင်တွေအပြင် နာမည်ကျော် ဂိမ်းပညာရှင်တွေကိုပါ ဖိတ်ခေါ်ပြီး သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်သင်တန်းသားတွေကိုလည်း နိုင်ငံတကာဂိမ်းပြိုင်ပွဲတွေကို လေ့လာသူအနေနဲ့ စေလွှတ်တာတွေလည်းရှိပါတယ်။ အဓိကကတော့ ဂိမ်းစီးပွားရေးဈေးကွက်မှာ လူငယ်တွေရဲ့ ဖန်တီးမှုတွေကိုလည်း ပါဝင်လာစေချင်လို့ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေးဈေးကွက်ဟာ လက်ရှိအချိန်မှာ ကမ္ဘာပေါ်မှာ နံပါတ် ၁ ဖြစ်နေပါတယ်။ ၂၀၁၇ခုနှစ်တုန်းက ဂိမ်းဈေးကွက်ကနေ အမေရိကန်ဒေါ်လာ ၃၂ဘီလျံအထိ ဝင်ငွေရရှိခဲ့ပြီး ဒါဟာ အမေရိကန်နိုင်ငံထက် သန်း ၅၀၀ ပိုများတဲ့ ပမာဏဖြစ်ပါတယ်။

ဂိမ်းဆိုပေမယ့် အမျိုးသားတွေချည်းမဟုတ်ပဲ အမျိုးသမီးတွေလည်းပါဝင်နေပြီး တရုတ်ဂိမ်းလောကရဲ့ ၃ပုံ ၁ပုံခန့်က အမျိုးသမီးတွေဖြစ်နေပါတယ်။ Tencent , NetEase နဲ့ Alibaba လို တရုတ်နည်းပညာကုမ္ပဏီကြီးတွေကလည်း ဂိမ်းနယ်ပယ်ကို အပြည့်အဝပံ့ပိုးပေးထားပါတယ်။ ၂၀၁၆ခုနှစ်တုန်းက တရုတ်နည်းပညာ ကုမ္ပဏီ Tencent ဟာ ကမ္ဘာ့ဂိမ်းကုမ္ပဏီတွေထဲမှာ ဒေါ်လာ ၁၀.၂ ဘီလျံအထိရရှိခဲ့ပြီး အများဆုံး အမြတ်ငွေရရှိခဲ့တဲ့ ကုမ္ပဏီအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

တရုတ်တက္ကသိုလ်တွေဟာ အခုမှ ဂိမ်းနဲ့ ဆ်ိုင်တဲ့ ဘာသာရပ်တွေကို ထည့်သွင်း သင်ကြားပေးနေတာမဟုတ်ပဲ ၂၀၁၀ ခုနှစ်တည်းက Xi’an Physical ပညာရေးတက္ကသိုလ်မှာ “electronic sports” ဘာသာရပ် ၊ ၂၀၁၇ခုနှစ်တုန်းက တရုတ်လူမှုဆက်ဆံရေးတက္ကသိုလ်မှာ “Digital Media Art-Digital Entertainment” ဘာသာရပ် တွေကို သင်ကြားပေးခဲ့ပြီးဖြစ်ပါတယ်။

 

Leave a Reply