ကားေတြမလုိတဲ့ ကမာၻ႔စိတ္၀င္စားဖြယ္ ေနရာေလးမ်ား

Posted on

ေရးသားသူ – မယ္ရူပ (Living Fashion Magazine) ၊ Myworld-Phyophyo Blog

ကားေတြမရွိတဲ့ကမၻာတစ္ခုကို စိတ္ကူးယဥ္ဖူးပါသလား။ စိတ္ကူးယဥ္ခဲ့ဖူးတယ္ဆိုရင္ ဒီေနရာေလးေတြကို ေသေသခ်ာခ်ာမွတ္ထားရေတာ့မွာေပါ့။ ဒါေပမဲ့ အဲဒီေနရာေလးေတြမွာေတာင္မွ အေဆာက္အဦေတြ တည္ေဆာက္ပံု ျပင္ဆင္ေျပာင္းလဲတာနဲ႔ ပတ္ဝန္းက်င္ညစ္ညမ္းတာ၊ ဆူညံသံေတြေႏွာင့္ယွက္တာေတြ ျဖစ္ပြားႏိုင္ပါေသးတယ္။

ကားအသြားအလာမ်ားလြန္းတာ၊ ကားရပ္နားဖို႔ေနရာ ခက္ခက္ခဲခဲရွာေဖြရတာေတြေၾကာင့္ ဓာတ္ဆီျဖဳန္းတီးရတာ စိတ္ညစ္လွတယ္ဆိုရင္ေတာ့ ကမၻာတစ္လႊားက ဒီေနရာေလး ၁၁ ခုဆီ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ခရီးႏွင္ၾကည့္ႏိုင္ပါတယ္။

၁. Mackinac Island, Michigan

၁၈၉၈ ခုႏွစ္မွာ Lake Huron က ကၽြန္းေလးေပၚမွာ စက္တပ္ယာဥ္အားလံုးတားျမစ္ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ မိသားစုေလးေတြ၊ သဘာဝပတ္ဝန္းက်င္ခ်စ္ျမတ္ႏိုးသူေတြနဲ႔ သမိုင္းဆိုင္ရာအခ်က္အလက္စိတ္ဝင္စားတဲ့ ဧည့္သည္ေတြကို ဆြဲေဆာင္ေနတဲ့ ေက်ာ္ၾကားတဲ့ေႏြရာသီအပမ္းေျဖစခန္းတစ္ခုျဖစ္ေနပါၿပီ။ ခရီးသည္ေတြ သယ္ယူပို႔ေဆာင္ေရးအတြက္ကေတာ့ စက္ဘီးနဲ႔ ျမင္းဆြဲတဲ့လူစီးလွည္းေတြပဲ အသံုးျပဳႏိုင္ၿပီး ကၽြန္းေလးမွာ ရွိေနစဥ္အခ်ိန္ေလးအတြင္း ေရွးပစၥည္းတစ္ခုရွာေဖြေတြ႔ရွိသလို ခံစားမႈမ်ုိးရရွိႏိုင္မွာပါ။

၂. Sark, United Kingdom

ျပင္သစ္ႏိုင္ငံ၊ ေနာ္မန္ဒီကမ္းရိုးတန္းနဲ႔ ခပ္လွမ္းလွမ္းက Sark ဟာ အဂၤလိပ္ေရလက္ၾကားကၽြန္းစုေတြထဲက တစ္စိတ္တစ္ပိုင္းျဖစ္တဲ့ကၽြန္းပါ။ ကၽြန္းေလးဟာ ေသးငယ္ပါတယ္။ ဒါေပမဲ့ အင္မတန္လွပတဲ့ရႈခင္းေတြ ရွားပါးျပတ္လပ္သြားတယ္ဆိုတာမရွိဘဲ ခရီးေဝးလမ္းေလွ်ာက္တာနဲ႔ စက္ဘီးစီးဝါသနာႀကီးသူေတြအတြက္ အျပည့္စံုဆံုးကၽြန္းေလးပါ။ ကၽြန္းေပၚမွာ ထြန္စက္တစ္မ်ဳိးတည္းသာ ေမာင္းႏွင္ခြင့္ျပဳထားတယ္။ သယ္ယူပို႔ေဆာင္ေရးအတြက္ေတာ့ ျမင္းလွည္း၊ စက္ဘီးနဲ႔ လမ္းေလွ်ာက္တာမ်ဳိးေတြအသံုးျပဳၿပီး သြားလာႏိုင္ၾကတာေပါ့။

၃. Venice, Italy

ကားေတြသာ ခြင့္ျပဳထားခဲ့မယ္ဆိုရင္ ေကြ႔ပတ္သြားရၿပီးက်ဥ္းေျမာင္းတဲ့လမ္းေတြရွိတဲ့ ဗင္းနစ္ၿမိဳ႕ရဲ႕အလွအပဟာ ခုလို တည္တံ့ေနႏိုင္မွာမဟုတ္ပါဘူး။ ဗင္းနစ္ကၽြန္းၿမိဳ႕တစ္ေလွ်ာက္နဲ႔ အနီးအနားက Murano နဲ႔ Lido ကၽြန္းေလးေတြဆီသြားလာလိုၾကတဲ့ ဗင္းနစ္ၿမိဳ႕သားေတြနဲ႔ ကမၻာလွည့္ခရီးသည္ေတြကို Vaporetto ေလွဘတ္စ္ေလးေတြက သယ္ယူပို႔ေဆာင္ေပးပါတယ္။ ဗင္းနစ္ရဲ႕ ေက်ာ္ၾကားလွတဲ့ တူးေျမာင္းေတြကိုေတာ့ ဂြန္ဒိုလာဦးေကာ့ေလွေတြစီးၿပီး ခရီးသြားႏိုင္ၾကတယ္။

၄. Fes el-Bali, Morocco

ဖက္ဇ္ အယ္လ္ ဘာလီ သည္ ေမာ္႐ိုကိုႏိုင္ငံ ဖက္ဇ္ၿမိဳ႕ရွိ ေရွးအက်ဆုံး တံတိုင္းကာရံထားေသာ အစိတ္အပိုင္း ျဖစ္ၿပီး အလယ္ေခတ္ ဝကၤပါလမ္းေတြရွိတဲ့ေနရာပါ။ ကားတစ္စီးမွရွိမေနတဲ့ၿမိဳ႕ျပထူးဆန္းေထြလာကမၻာအျဖစ္ ထိန္းသိမ္းထားပါတယ္။ ေစ်းဆိုင္ေတြ၊ စားေသာက္ဆိုင္ေတြနဲ႔ အေဆာက္အဦးေတြကို လမ္းေလွ်ာက္ၿပီးလွည့္လည္ၾကည့္ရႈႏိုင္ၾကတယ္။ ကမၻာေပၚတြင္ ေရွးအက်ဆုံး တကၠသိုလ္ တစ္ခု ျဖစ္တဲ့ အယ္လ္ ကာ႐ိုရင္း တကၠသိုလ္ ဟာလည္း ဒီၿမဳိ႕မွာရွိေနပါတယ္။

၅. La Cumbrecita, Argentina

Calamuchita ေတာင္ၾကားမွာရွိေနတဲ့ La Cumbrecita ၿမိဳ႕ဟာ မ်က္စိပသာဒရွိလွတဲ့ ေသးေသးငယ္ငယ္ၿမိဳ႕ေလးပါ။ ေတာင္ေပၚေဒသစတိုင္ရြာေလးမွာ ေျခက်င္လမ္းသြားလမ္းလာမ်ားသာဆိုတဲ့ စည္းကမ္းသတ္မွတ္ထားတယ္။ သဘာဝပတ္ဝန္းက်င္အေလးထားေလ့လာလိုတဲ့ ခရီးသြားလုပ္ငန္းေတြ အသြားအလာမ်ားတဲ့ေနရာပါ။ ခရီးသြားေတြဟာ ေတာေတာင္လမ္းေလးေတြထဲ ခရီးေဝးလမ္းေလွ်ာက္ၿပီး ေရတံခြန္ေတြတသြင္သြင္စီးဆင္ေနပံုကို ေငးၾကတယ္။ ၾကယ္ေတြစံုလင္တဲ့ေကာင္းကင္ေအာက္မွာ ယာယီတဲထိုးစခန္းခ်ၾကတယ္။ ဧည့္သည္ေတြဟာ အနီးအနားက ကားရပ္နားတဲ့ေနရာေတြမွာ ကားေတြရပ္ထားခဲ့ၿပီး Rio del Medio ျမစ္ေပၚက တံတားကို ေျခက်င္ျဖတ္သန္းႏိုင္ၾကတယ္။

၆. Hydra, Greece

တူရကီနဲ႔ ဂရိကမ္းရိုးတန္းၾကားတည္ရွိတဲ့ Aegean ပင္လယ္ထဲက အျပည့္စံုဆံုးပန္းခ်ီကားခ်ပ္အလွအပမ်ဳိးရွိေနတဲ့ Hydra ကၽြန္းဟာ သဘာဝအတိုင္းကို သုခံဘံုတစ္ခုျဖစ္ေနခဲ့တယ္။ ဘီးပါတဲ့စက္တပ္ယာဥ္မွန္သမွ်အသံုးျပဳခြင့္မရွိပါဘူး။ ကားမရွိသလို စကူတာဆိုင္ကယ္ေလးေတြလည္း ရွိမေနပါဘူး။ ေခ်ာေခ်ာေျပာင္ေျပာင္ေက်ာက္လံုးေလးေတြ အစီအရီထားတဲ့လမ္းေတြေပၚမွာ ေျခက်င္ခရီးသြားေတြနဲ႔ ျမည္းေတြသာ သြားလာႏိုင္ၾကတာေပါ့။

Saronic ကၽြန္းေတြထဲက တစ္စိတ္တစ္ပိုင္း Hydra ကၽြန္းေလးဟာ ဗိသုကာပညာရပ္ေတြကို ေကာင္းေကာင္းမြန္မြန္ထိန္းသိမ္းထားႏို္င္တာေၾကာင့္ နာမည္ႀကီးလွပါတယ္။ ေရေတြျပာလဲ့ၾကည္လင္လြန္းတာရယ္ ပုန္းကြယ္ေနတဲ့ပင္လယ္ေအာ္ေတြနဲ႔ သိပ္လွတဲ့ကမ္းရိုးတန္းတစ္ေလွ်ာက္ ေျခက်င္လမ္းေလွ်ာက္ခရီးစဥ္ေတြေၾကာင့္ လူသိမ်ားတဲ့ Hydra ကၽြန္းေလးပါ။

၇. Bald Head Island, North Carolina

သင့္ရဲ႕ ပူေဆြးေသာကေတြနဲ႔ သင့္ရဲ႕ ကားကိုပါ ထားပစ္ခဲ့လိုက္ၿပီး ေျမာက္ကယ္ရိုလိုင္းနားက Bald Head Island ဆီ ဦးတည္လိုက္ပါ။ မ်က္စိပသာဒရွိလွတဲ့ကၽြန္းေလးဟာ အားလပ္ရက္အတြက္ေရြးခ်ယ္စရာေနရာေလးအျဖစ္ ေပၚျပဴလာျဖစ္လွတယ္။ မ်ားျပားလွတဲ့ ကမ္းေျခေတြ၊ ပင္လယ္ကမ္းေျခေဂါက္ကြင္းေတြနဲ႔ တမူထူးျခားလွတဲ့ တစ္ထပ္အိမ္လွလွေလးေတြရွိၾကတယ္။ ကၽြန္းေပၚမွာ သယ္ယူပို႔ေဆာင္ေရးအတြက္ဆိုရင္ ေဂါက္ကြင္းသံုးလွည္းေလးေတြ၊ စက္ဘီးနဲ႔ ကိုယ့္ေျခေထာက္ကိုအားကိုးၿပီးသြားလာလည္ပတ္ရမွာပါ။

၈. Giethoorn, Netherlands

အမ္စတာဒမ္ရဲ႕ အေရွ႕ေျမာက္ ၅၅ မိုင္အကြာမွာတည္ရွိတဲ့ Giethoorn ၿမိဳ႕ေလးကို တစ္ခါတစ္ရံမွာ Dutch Vince လို႔ ေခၚဆိုၾကတယ္။ ၿမိဳ႕ရဲ႕ တူးေျမာင္းတစ္ေလွ်ာက္ ေပါင္းမိုးသ႑န္ေပါင္းကူးဖြဲ႔ယွက္ထားတဲ့ တံတားေပါင္း ၁၈၀ ရွိတယ္ဆိုတာဟာ ၿမိဳ႕ေလးရဲ႕ ဂုဏ္ယူစရာတစ္ခုပါ။ ပန္းခ်ီကားတစ္ခ်ပ္အျပင္ေလာကထဲ ခုန္ထြက္လာသလို ထူးျခားတဲ့အလွအပမ်ဳိးလို႔ညႊန္းဆိုၾကတယ္။ တူးေျမာင္းေတြထဲမွာ ေလွနဲ႔ ခရီးသြားႏိုင္ၿပီး ၿမိဳ႕ေလးရဲ႕ တျခားေနရာေတြကိုေတာ့ ေျခက်င္ၾကည့္ရႈႏိုင္ပါတယ္။

၉. Fire Island, New York

Fire Island ဟာ  Long Island ေတာင္ဘက္ကမ္းေျခခပ္ေဝးေဝးမွာ အဲဒီကၽြန္းေလးရွိၿပီး ကမ္းေျခေတြ၊ ပင္လယ္ေအာ္၊ ပန္းျခံေတြရွိၿပီး အမ်ားအားျဖင့္ ပူေႏြးတဲ့လအေတာအတြင္း စုရုံးေရာက္ရွိလာၾကတဲ့ တမူထူးတဲ့လူစုလူေဝးေတြနဲ႔လည္းဆံုေတြ႔ႏိုင္ၾကတယ္။ ေဒသခံနဲ႔ ဧည္သည္ေတြဟာ စက္ဘီးစီးၿပီး ကၽြန္းတစ္ေလွ်ာက္သြားလာၾကတယ္။ လမ္းေလွ်ာက္တယ္။ ၿပီးေတာ့ ကမ္းေျခမွာ ေက်ာခင္းလဲေလ်ာင္းၿပီး ႏွစ္သက္ဖြယ္ေကာင္းလွတဲ့ ေလထုကို အားပါးတရရႈရႈိက္ႏိုင္ပါတယ္။

၁၀. Zermatt, Switzerland

Zermatt ၿမိဳ႕ဟာ ဆြစ္ဇာလန္ႏိုင္ငံရဲ႕ အျမင့္ဆံုးေတာင္ထိပ္ေနရာေတြထဲက သိပ္လွတဲ့ေတာင္ထြတ္ Matterhorn အပါအဝင္ တခ်ဳိ႕ေနရာေတြရဲ႕ ေအာက္ေျခမွာတည္ရွိတယ္။ ေတာင္ျမင့္ေဒသပိုင္းက ၿမိဳ႕ေလးဟာ ဆြဲေဆာင္မႈရွိလွတဲ့ ျမင္ကြင္းမ်ဳိးကို ေငးေမာၾကည့္ရႈႏိုင္တာတင္မကေသးဘဲ ႏွင္းေလွ်ာစီးနဲ႔ ေဆာင္းတြင္းကစားနည္းေတြ အတြက္ ခရီးပန္းတိုင္တစ္ခုပါ။ ကားမရွိတဲ့ Zermatt ၿမိဳ႕ရဲ႕ေလထုဟာ ညစ္ညမ္းမႈမရွိသေလာက္ သန္႔စင္လွပါတယ္။ ။

၁၁. Inle Lake , Myanmar

အင္းေလးကန္ကေတာ့ အားလုံးနဲ႔ ရင္းႏွီးၿပီးျဖစ္ပါလိမ့္မယ္။  ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေညာင္ေ႐ႊၿမိဳ႕အနီးမွာတည္ရွိပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ဒုတိယေျမာက္ အႀကီးဆုံးကန္ျဖစ္ၿပီး ေတာင္ႏွင့္ေျမာက္တန္းလ်က္ရွိေသာ ေတာင္တန္းႀကီး(၂)ခုၾကားတြင္ ခြက္ဝင္ေနေသာ ေညာင္ေ႐ႊခ်ိဳင့္ဝွမ္းႀကီးရဲ႕ အလယ္ အနက္႐ႈိင္းဆုံးအပိုင္း၌ တည္ရွိပါတယ္။ အင္းေလးေရျပင္ေပၚတြင္ ႐ြာႀကီး၊ ႐ြာငယ္ေပါင္းမ်ားစြာကို တည္ေဆာက္ထားပါတယ္။ တစ္ေနရာမွ တစ္ေနရာသို႔ ေလွမ်ား၊ စက္ေလွမ်ားျဖင့္ သြားလာၾကၿပီး ေလွကို ေျချဖင့္ေလွာ္ခတ္ၾကပါတယ္။ အင္းေလးေဒသ နန္ဟူး႐ြာရွိ ေဖာင္ေတာ္ဦးဘုရားသည္ တန္ခိုးႀကီးဘုရားအျဖစ္ ထင္ရွားေက်ာ္ၾကားပါတယ္။ အင္းေလးေဒသဟာ ျမန္မာႏုိင္ငံရဲ႕ ခရီးသြားလာေရာက္မႈအမ်ားဆုံး ေနရာေတြထဲမွာ တစ္ခုအပါအ၀င္ျဖစ္ပါတယ္။

Source: Magical Places Where There Are No Cars

မယ္ရူပ (Living Fashion Magazine)
Myworld-Phyophyo Blog

——————————–

ကားတွေမရှိတဲ့ ကမ္ဘာ့စိတ်ဝင်စားဖွယ် နေရာလေးများ (unicode)

ရေးသားသူ – မယ်ရူပ (Living Fashion Magazine) ၊ Myworld-Phyophyo Blog

ကားတွေမရှိတဲ့ကမ္ဘာတစ်ခုကို စိတ်ကူးယဉ်ဖူးပါသလား။ စိတ်ကူးယဉ်ခဲ့ဖူးတယ်ဆိုရင် ဒီနေရာလေးတွေကို သေသေချာချာမှတ်ထားရတော့မှာပေါ့။ ဒါပေမဲ့ အဲဒီနေရာလေးတွေမှာတောင်မှ အဆောက်အဦတွေ တည်ဆောက်ပုံ ပြင်ဆင်ပြောင်းလဲတာနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းတာ၊ ဆူညံသံတွေနှောင့်ယှက်တာတွေ ဖြစ်ပွားနိုင်ပါသေးတယ်။

ကားအသွားအလာများလွန်းတာ၊ ကားရပ်နားဖို့နေရာ ခက်ခက်ခဲခဲရှာဖွေရတာတွေကြောင့် ဓာတ်ဆီဖြုန်းတီးရတာ စိတ်ညစ်လှတယ်ဆိုရင်တော့ ကမ္ဘာတစ်လွှားက ဒီနေရာလေး ၁၁ ခုဆီ ပျော်ပျော်ရွှင်ရွှင်ခရီးနှင်ကြည့်နိုင်ပါတယ်။

၁. Mackinac Island, Michigan

၁၈၉၈ ခုနှစ်မှာ Lake Huron က ကျွန်းလေးပေါ်မှာ စက်တပ်ယာဉ်အားလုံးတားမြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ မိသားစုလေးတွေ၊ သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေနဲ့ သမိုင်းဆိုင်ရာအချက်အလက်စိတ်ဝင်စားတဲ့ ဧည့်သည်တွေကို ဆွဲဆောင်နေတဲ့ ကျော်ကြားတဲ့နွေရာသီအပမ်းဖြေစခန်းတစ်ခုဖြစ်နေပါပြီ။ ခရီးသည်တွေ သယ်ယူပို့ဆောင်ရေးအတွက်ကတော့ စက်ဘီးနဲ့ မြင်းဆွဲတဲ့လူစီးလှည်းတွေပဲ အသုံးပြုနိုင်ပြီး ကျွန်းလေးမှာ ရှိနေစဉ်အချိန်လေးအတွင်း ရှေးပစ္စည်းတစ်ခုရှာဖွေတွေ့ရှိသလို ခံစားမှုမျိုးရရှိနိုင်မှာပါ။

၂. Sark, United Kingdom

ပြင်သစ်နိုင်ငံ၊ နော်မန်ဒီကမ်းရိုးတန်းနဲ့ ခပ်လှမ်းလှမ်းက Sark ဟာ အင်္ဂလိပ်ရေလက်ကြားကျွန်းစုတွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ကျွန်းပါ။ ကျွန်းလေးဟာ သေးငယ်ပါတယ်။ ဒါပေမဲ့ အင်မတန်လှပတဲ့ရှုခင်းတွေ ရှားပါးပြတ်လပ်သွားတယ်ဆိုတာမရှိဘဲ ခရီးဝေးလမ်းလျှောက်တာနဲ့ စက်ဘီးစီးဝါသနာကြီးသူတွေအတွက် အပြည့်စုံဆုံးကျွန်းလေးပါ။ ကျွန်းပေါ်မှာ ထွန်စက်တစ်မျိုးတည်းသာ မောင်းနှင်ခွင့်ပြုထားတယ်။ သယ်ယူပို့ဆောင်ရေးအတွက်တော့ မြင်းလှည်း၊ စက်ဘီးနဲ့ လမ်းလျှောက်တာမျိုးတွေအသုံးပြုပြီး သွားလာနိုင်ကြတာပေါ့။

၃. Venice, Italy

ကားတွေသာ ခွင့်ပြုထားခဲ့မယ်ဆိုရင် ကွေ့ပတ်သွားရပြီးကျဉ်းမြောင်းတဲ့လမ်းတွေရှိတဲ့ ဗင်းနစ်မြို့ရဲ့အလှအပဟာ ခုလို တည်တံ့နေနိုင်မှာမဟုတ်ပါဘူး။ ဗင်းနစ်ကျွန်းမြို့တစ်လျှောက်နဲ့ အနီးအနားက Murano နဲ့ Lido ကျွန်းလေးတွေဆီသွားလာလိုကြတဲ့ ဗင်းနစ်မြို့သားတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို Vaporetto လှေဘတ်စ်လေးတွေက သယ်ယူပို့ဆောင်ပေးပါတယ်။ ဗင်းနစ်ရဲ့ ကျော်ကြားလှတဲ့ တူးမြောင်းတွေကိုတော့ ဂွန်ဒိုလာဦးကော့လှေတွေစီးပြီး ခရီးသွားနိုင်ကြတယ်။

၄. Fes el-Bali, Morocco

ဖက်ဇ် အယ်လ် ဘာလီ သည် မော်ရိုကိုနိုင်ငံ ဖက်ဇ်မြို့ရှိ ရှေးအကျဆုံး တံတိုင်းကာရံထားသော အစိတ်အပိုင်း ဖြစ်ပြီး အလယ်ခေတ် ဝင်္ကပါလမ်းတွေရှိတဲ့နေရာပါ။ ကားတစ်စီးမှရှိမနေတဲ့မြို့ပြထူးဆန်းထွေလာကမ္ဘာအဖြစ် ထိန်းသိမ်းထားပါတယ်။ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ အဆောက်အဦးတွေကို လမ်းလျှောက်ပြီးလှည့်လည်ကြည့်ရှုနိုင်ကြတယ်။ ကမ္ဘာပေါ်တွင် ရှေးအကျဆုံး တက္ကသိုလ် တစ်ခု ဖြစ်တဲ့ အယ်လ် ကာရိုရင်း တက္ကသိုလ် ဟာလည်း ဒီမြို့မှာရှိနေပါတယ်။

၅. La Cumbrecita, Argentina

Calamuchita တောင်ကြားမှာရှိနေတဲ့ La Cumbrecita မြို့ဟာ မျက်စိပသာဒရှိလှတဲ့ သေးသေးငယ်ငယ်မြို့လေးပါ။ တောင်ပေါ်ဒေသစတိုင်ရွာလေးမှာ ခြေကျင်လမ်းသွားလမ်းလာများသာဆိုတဲ့ စည်းကမ်းသတ်မှတ်ထားတယ်။ သဘာဝပတ်ဝန်းကျင်အလေးထားလေ့လာလိုတဲ့ ခရီးသွားလုပ်ငန်းတွေ အသွားအလာများတဲ့နေရာပါ။ ခရီးသွားတွေဟာ တောတောင်လမ်းလေးတွေထဲ ခရီးဝေးလမ်းလျှောက်ပြီး ရေတံခွန်တွေတသွင်သွင်စီးဆင်နေပုံကို ငေးကြတယ်။ ကြယ်တွေစုံလင်တဲ့ကောင်းကင်အောက်မှာ ယာယီတဲထိုးစခန်းချကြတယ်။ ဧည့်သည်တွေဟာ အနီးအနားက ကားရပ်နားတဲ့နေရာတွေမှာ ကားတွေရပ်ထားခဲ့ပြီး Rio del Medio မြစ်ပေါ်က တံတားကို ခြေကျင်ဖြတ်သန်းနိုင်ကြတယ်။

၆. Hydra, Greece

တူရကီနဲ့ ဂရိကမ်းရိုးတန်းကြားတည်ရှိတဲ့ Aegean ပင်လယ်ထဲက အပြည့်စုံဆုံးပန်းချီကားချပ်အလှအပမျိုးရှိနေတဲ့ Hydra ကျွန်းဟာ သဘာဝအတိုင်းကို သုခံဘုံတစ်ခုဖြစ်နေခဲ့တယ်။ ဘီးပါတဲ့စက်တပ်ယာဉ်မှန်သမျှအသုံးပြုခွင့်မရှိပါဘူး။ ကားမရှိသလို စကူတာဆိုင်ကယ်လေးတွေလည်း ရှိမနေပါဘူး။ ချောချောပြောင်ပြောင်ကျောက်လုံးလေးတွေ အစီအရီထားတဲ့လမ်းတွေပေါ်မှာ ခြေကျင်ခရီးသွားတွေနဲ့ မြည်းတွေသာ သွားလာနိုင်ကြတာပေါ့။

Saronic ကျွန်းတွေထဲက တစ်စိတ်တစ်ပိုင်း Hydra ကျွန်းလေးဟာ ဗိသုကာပညာရပ်တွေကို ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားန်ိုင်တာကြောင့် နာမည်ကြီးလှပါတယ်။ ရေတွေပြာလဲ့ကြည်လင်လွန်းတာရယ် ပုန်းကွယ်နေတဲ့ပင်လယ်အော်တွေနဲ့ သိပ်လှတဲ့ကမ်းရိုးတန်းတစ်လျှောက် ခြေကျင်လမ်းလျှောက်ခရီးစဉ်တွေကြောင့် လူသိများတဲ့ Hydra ကျွန်းလေးပါ။

၇. Bald Head Island, North Carolina

သင့်ရဲ့ ပူဆွေးသောကတွေနဲ့ သင့်ရဲ့ ကားကိုပါ ထားပစ်ခဲ့လိုက်ပြီး မြောက်ကယ်ရိုလိုင်းနားက Bald Head Island ဆီ ဦးတည်လိုက်ပါ။ မျက်စိပသာဒရှိလှတဲ့ကျွန်းလေးဟာ အားလပ်ရက်အတွက်ရွေးချယ်စရာနေရာလေးအဖြစ် ပေါ်ပြူလာဖြစ်လှတယ်။ များပြားလှတဲ့ ကမ်းခြေတွေ၊ ပင်လယ်ကမ်းခြေဂေါက်ကွင်းတွေနဲ့ တမူထူးခြားလှတဲ့ တစ်ထပ်အိမ်လှလှလေးတွေရှိကြတယ်။ ကျွန်းပေါ်မှာ သယ်ယူပို့ဆောင်ရေးအတွက်ဆိုရင် ဂေါက်ကွင်းသုံးလှည်းလေးတွေ၊ စက်ဘီးနဲ့ ကိုယ့်ခြေထောက်ကိုအားကိုးပြီးသွားလာလည်ပတ်ရမှာပါ။

၈. Giethoorn, Netherlands

အမ်စတာဒမ်ရဲ့ အရှေ့မြောက် ၅၅ မိုင်အကွာမှာတည်ရှိတဲ့ Giethoorn မြို့လေးကို တစ်ခါတစ်ရံမှာ Dutch Vince လို့ ခေါ်ဆိုကြတယ်။ မြို့ရဲ့ တူးမြောင်းတစ်လျှောက် ပေါင်းမိုးသဏ္ဍန်ပေါင်းကူးဖွဲ့ယှက်ထားတဲ့ တံတားပေါင်း ၁၈၀ ရှိတယ်ဆိုတာဟာ မြို့လေးရဲ့ ဂုဏ်ယူစရာတစ်ခုပါ။ ပန်းချီကားတစ်ချပ်အပြင်လောကထဲ ခုန်ထွက်လာသလို ထူးခြားတဲ့အလှအပမျိုးလို့ညွှန်းဆိုကြတယ်။ တူးမြောင်းတွေထဲမှာ လှေနဲ့ ခရီးသွားနိုင်ပြီး မြို့လေးရဲ့ တခြားနေရာတွေကိုတော့ ခြေကျင်ကြည့်ရှုနိုင်ပါတယ်။

၉. Fire Island, New York

Fire Island ဟာ  Long Island တောင်ဘက်ကမ်းခြေခပ်ဝေးဝေးမှာ အဲဒီကျွန်းလေးရှိပြီး ကမ်းခြေတွေ၊ ပင်လယ်အော်၊ ပန်းခြံတွေရှိပြီး အများအားဖြင့် ပူနွေးတဲ့လအတောအတွင်း စုရုံးရောက်ရှိလာကြတဲ့ တမူထူးတဲ့လူစုလူဝေးတွေနဲ့လည်းဆုံတွေ့နိုင်ကြတယ်။ ဒေသခံနဲ့ ဧည်သည်တွေဟာ စက်ဘီးစီးပြီး ကျွန်းတစ်လျှောက်သွားလာကြတယ်။ လမ်းလျှောက်တယ်။ ပြီးတော့ ကမ်းခြေမှာ ကျောခင်းလဲလျောင်းပြီး နှစ်သက်ဖွယ်ကောင်းလှတဲ့ လေထုကို အားပါးတရရှုရှိုက်နိုင်ပါတယ်။

၁၀. Zermatt, Switzerland

Zermatt မြို့ဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ်နေရာတွေထဲက သိပ်လှတဲ့တောင်ထွတ် Matterhorn အပါအဝင် တချို့နေရာတွေရဲ့ အောက်ခြေမှာတည်ရှိတယ်။ တောင်မြင့်ဒေသပိုင်းက မြို့လေးဟာ ဆွဲဆောင်မှုရှိလှတဲ့ မြင်ကွင်းမျိုးကို ငေးမောကြည့်ရှုနိုင်တာတင်မကသေးဘဲ နှင်းလျှောစီးနဲ့ ဆောင်းတွင်းကစားနည်းတွေ အတွက် ခရီးပန်းတိုင်တစ်ခုပါ။ ကားမရှိတဲ့ Zermatt မြို့ရဲ့လေထုဟာ ညစ်ညမ်းမှုမရှိသလောက် သန့်စင်လှပါတယ်။ ။

၁၁. Inle Lake , Myanmar

အင်းလေးကန်ကတော့ အားလုံးနဲ့ ရင်းနှီးပြီးဖြစ်ပါလိမ့်မယ်။  မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့အနီးမှာတည်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် အကြီးဆုံးကန်ဖြစ်ပြီး တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး(၂)ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီးရဲ့ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိပါတယ်။ အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်ပေါင်းများစွာကို တည်ဆောက်ထားပါတယ်။ တစ်နေရာမှ တစ်နေရာသို့ လှေများ၊ စက်လှေများဖြင့် သွားလာကြပြီး လှေကို ခြေဖြင့်လှော်ခတ်ကြပါတယ်။ အင်းလေးဒေသ နန်ဟူးရွာရှိ ဖောင်တော်ဦးဘုရားသည် တန်ခိုးကြီးဘုရားအဖြစ် ထင်ရှားကျော်ကြားပါတယ်။ အင်းလေးဒေသဟာ မြန်မာနိုင်ငံရဲ့ ခရီးသွားလာရောက်မှုအများဆုံး နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Source: Magical Places Where There Are No Cars

မယ်ရူပ (Living Fashion Magazine)
Myworld-Phyophyo Blog

Leave a Reply