အင္းဝေခတ္ အလွထြဋ္ေခါင္ မိဖုရားေစာဥမၼာ

Posted on

သတိုးမင္းဖ်ားရဲ့ မိဖုရား ေစာဥမၼာကို သိတဲ့သူရွိသလို မသိတဲ့သူလည္း ရွိပါလိမ့္မယ္။ သူခိုးႀကီးငတက္ျပားဆိုရင္ေတာ့ အားလုံးသိၾကမွာပါ။ သတိုးမင္းဖ်ားက သူခိုးႀကီးငတက္ျပားကိုဖမ္းၿပီး မသတ္မီ ေနာက္ဆုံးအေနနဲ႔ ဘယ္လက္နက္နဲ႔ ေသခ်င္သလဲ လို႔ေမးျမန္းလိုက္ပါတယ္။
“နင့္ကို မိၿပီ ၊ ရဲတင္း ၊ ပုဆိတ္ ၊ ဓားလွံ ၊ တံက်င္း ဘာကို လိုသလဲ”
ငတက္ျပားကလည္း “ငါ့ကို မိၿပီျဖစ္သည္ ၊ ကြပ္လိုရာ ကြပ္ေတာ္မူေလာ့၊ ငါ့အလိုေသာ္ကား မိဖုရားေစာဥမၼာ” လို႔ ျပန္ေလၽွာက္ပါတယ္။ အခုေခါင္းစဥ္တပ္ထားတဲ့ စကားကိုေျပာခဲ့သူဟာအဲဒီ မိဖုရား ေစာဥမၼာျဖစ္ပါတယ္။

ေစာဥမၼကိုေမြးေတာ့ ပုဏၰားေတြက အလွထြဋ္ေခါင္ျဖစ္မယ္ ၊ မင္း၊ မွူးမတ္ေတြရဲ့ မိဖုရားျဖစ္လိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။ ေဟာထားတဲ့အတိုင္းပဲ အရြယ္ေရာက္လာတဲ့အခါလွပလြန္းတာေၾကာင့္ ပင္းယဘုရင္ ဥဇနာေျပာင္ရဲ့ မိဖုရားျဖစ္လာခဲ့ပါတယ္။ ဥဇနာေျပာင္မင္းဟာ သတိုးမင္းဖ်ားရဲ့လုပ္ႀကံမွုေၾကာင့္ နန္းသက္ ၃ လသာ စံခဲ့ရပါတယ္။ အဲဒီေနာက္ေတာ့ေစာဥမၼာကို နန္းတက္လာတဲ့ သတိုးမင္းဖ်ားက မိဖုရားအရာ ထပ္ေျမႇာက္ခဲ့ပါတယ္။

သတိုးမင္းဖ်ားဟာ အသက္ ၂၀ဝန္းက်င္ နန္းသက္ ၃ႏွစ္ အတြင္းမွာ အရြယ္နဲ႔ မမၽွတဲ့ တိုင္းျပည္ထူေထာင္ေရးလုပ္ငန္းေတြကို လုပ္နိုင္ခဲ့တဲ့ မင္းတစ္ပါးပါ။ စကုစား သိဂၤသူ ပုန္ကန္တာကို ထြက္ႏွိမ္ႏွင္းရင္း ေက်ာက္ေပါက္ၿပီး တပ္ဆုတ္ခဲ့ရပါတယ္။ အနာသည္းၿပီး မကြယ္လြန္ခင္မွာသူခ်စ္ျမတ္နိုးလြန္းလို႔ စိတ္မခ်တဲ့သူဟာ မိဖုရားေစာဥမၼာပါ။ ဒါေၾကာင့္ အတြင္းသင္မွူးငႏုကို အပါးမွာေခၚၿပီး မွာပါတယ္။
“ငါမရွိရင္ ငါ့မိဖုရား ေစာဥမၼာကို သူ မိဖုရားေျမႇာက္ေတာ့မည္။ ငါႏွေျမာေတာ္မူသည္ ။ နင္ သြားသတ္ေခ်” တဲ့။

ငႏုကလည္း အင္းဝကို အျပင္းဆန္ၿပီး မိဖုရားေစာဥမၼာေရွ႕ကို ဝင္ခဲ့ပါတယ္။ သူ႔ကိုလုပ္ႀကံခိုင္းမွန္းသိတဲ့ေနာက္ ေစာဥမၼာက ငႏုကိုေျပာလိုက္ပါတယ္။
“ဟဲ့ ငႏု နင္ေယာက်ာ္း မဟုတ္သေလာ” ဆိုၿပီးေတာ့ေပါ့။

ဒီအခ်ိန္မွာ ငႏုလည္း စဥ္းစားပါတယ္။ မိဖုရားကိုသတ္လိုက္လို႔လည္း ဆုေတာ္ခ်ီးျမႇင့္မယ့္ ဘုရင္က နတ္ရြာစံႏွင့္ၿပီ။ မိဖုရားသတ္သူဆိုၿပီး ေနာက္ပိုင္းရန္ေတြကလည္း တစ္သီႀကီးလာနိုင္တဲ့အတြက္ ေစာဥမၼာရဲ့စကားအတိုင္း ေစာဥမၼာကိုယူလိုက္ပါတယ္။ (သေဘာမတူတဲ့ အထိန္းသမီးကို သုတ္သင္လိုက္ၾကပါတယ္)အင္းဝမွာ ၁လခြဲေလာက္ေနၿပီး စစ္ကိုင္းဘက္ကို ကူးၿပီးတစ္ထီးတစ္နန္းေနၾကပါတယ္။

သတိုးမင္းဖ်ားနတ္ရြာစံၿပီးေနာက္ မွူးမတ္ေတြက ရမည္းသင္းစားသီလဝကို ထီးနန္းအပ္ေသာ္လည္း လက္မခံတာေၾကာင့္ မင္းႀကီးစြာေစာ္ကဲ ဘုရင္ျဖစ္လာပါတယ္။ မင္းႀကီးစြာေစာ္ကဲဟာ ငႏုရဲ့ အစ္ကို ရာဇသၾကၤန္(ေခၚ) ငေမာက္ ကို ေခၚယူၿပီး ငႏုကိုေခၚလို႔ရရင္ ဝါးရင္းတုတ္ရြာကိုစားေစၿပီး မိဖုရားေစာဥမၼာနဲ႔ ေပးစားမယ္လို႔ မိန္႔ပါတယ္။ ဒီလုိမိန္႔ေတာ့ ငေမာက္ဟာ လက္ခံၿပီး ညီျဖစ္သူ ငႏုကိုသြားေခၚပါတယ္။

ငႏုရွိရာစစ္ကိုင္းသဲျပင္မွာ ေလွဆိုက္ၿပီး “ငါ့ညီ မင္းျဖစ္ေနၿပီဟု ၾကားတာေၾကာင့္ လာေတြ႕သည္ ၊ ယခုေနမေကာင္းျဖစ္ေနတာေၾကာင့္ ငါ့ညီလာေတြ႕ပါ” လို႔ တစ္ေယာက္ကိုအေခၚလႊတ္တယ္။ ငႏုကလည္း ယုံတာေၾကာင့္ရဲမက္အေစာင့္ေတြကို ေခၚမလာပဲ ေလွေပၚတန္းတက္ခဲ့ပါတယ္။ ငေမာက္ဟာ ငႏုတက္တက္ခ်င္းမွာပဲ ေလွႀကိဳးကိုျဖတ္ၿပီး ကမ္းကခြာလာလိုက္ပါတယ္။ ၿပီးေတာ့ ငႏုကိုႀကိမ္းပါတယ္။
“နင့္အမိဘက္က လည္း မင္းမ်ိဳးမဟုတ္ ၊ အဖဘက္ကလည္းမင္းမ်ိဳး မဟုတ္ ၊ နင္ တယ္ ဘုရင္ျဖစ္ခ်င္သလား” ဆိုၿပီး သံေျခခ်င္းခတ္ထားလိုက္ပါတယ္။

မင္းႀကီးစြာကလည္း ကတိအတိုင္း ငႏုကိုအက်ဥ္းခ်ထားၿပီး ငေမာက္ကို ဝါးရင္းတုတ္ရြာကိုစားေစတဲ့အျပင္ မိဖုရားေစာဥမၼာနဲ႔ ေပးစားလိုက္ပါတယ္။ မိဖုရားေစာ ဥမၼာဟာ ရြာစားကေတာ္ျဖစ္လာရျပန္ပါတယ္။ မ်ားမၾကာမီ ငႏုအက်ဥ္းက လြတ္ၿပီး မင္းႀကီးစြာေစာ္ကဲကို ပုန္ကန္ပါတယ္။ ညီအစ္ကိုခ်င္းလႊတ္ေပးသည္ဟု ဆိုကာ ငေမာက္ကိုဖမ္း ေစာဥမၼာကို သိမ္းဖို႔ႀကံပါတယ္။

အဓိကကေတာ့ ေစာဥမၼာရဲ့အလွကို ႏွေျမာလွတာေၾကာင့္ သိမ္းပိုက္ဖို႔အေၾကာင္းရွာတာပါ။ အမတ္ႀကီး ဖိုးရာဇာက မင္းတို႔မည္သည္ ေပးၿပီးသားကတိ မေဖာက္ဖ်က္သင့္ပါလို႔တားတာေၾကာင့္ မင္းႀကီးစြာေစာ္ကဲဟာ သူ႔ရဲ့ ေစာဥမၼာသိမ္းပိုက္ေရးအႀကံကို လက္ေလၽွာ့ခဲ့ရတာပါ။ ဒါကေတာ့ အင္းဝေခတ္ အလွထြဋ္ေခါင္ မိဖုရားေစာဥမၼာနဲ႔ ပတ္သတ္တဲ့အျဖစ္ေတြပါပဲ။

ကုိးကား :
သမိုင္းမတြင္ သမိုင္းတြင္ သမိုင္းဝင္ေနတဲ့ စကားမ်ား – ခ်စ္ဦးညိဳ
ေခတ္မီျမန္မာ့ရာဇဝင္ အက်ဥ္း – ဦးဖိုးက်ား
ျမန္မာ့စြယ္စုံက်မ္း

——————-

အင်းဝခေတ် အလှထိဋ်ခေါင် မိဖုရားစောဥမ္မာ (unicode

သတိုးမင်းဖျားရဲ့ မိဖုရား စောဥမ္မာကို သိတဲ့သူရှိသလို မသိတဲ့သူလည်း ရှိပါလိမ့်မယ်။ သူခိုးကြီးငတက်ပြားဆိုရင်တော့ အားလုံးသိကြမှာပါ။ သတိုးမင်းဖျားက သူခိုးကြီးငတက်ပြားကိုဖမ်းပြီး မသတ်မီ နောက်ဆုံးအနေနဲ့ ဘယ်လက်နက်နဲ့ သေချင်သလဲ လို့မေးမြန်းလိုက်ပါတယ်။
“နင့်ကို မိပြီ ၊ ရဲတင်း ၊ ပုဆိတ် ၊ ဓားလှံ ၊ တံကျင်း ဘာကို လိုသလဲ”
ငတက်ပြားကလည်း “ငါ့ကို မိပြီဖြစ်သည် ၊ ကွပ်လိုရာ ကွပ်တော်မူလော့၊ ငါ့အလိုသော်ကား မိဖုရားစောဥမ္မာ” လို့ ပြန်လျှောက်ပါတယ်။ အခုခေါင်းစဉ်တပ်ထားတဲ့ စကားကိုပြောခဲ့သူဟာအဲဒီ မိဖုရား စောဥမ္မာဖြစ်ပါတယ်။

စောဥမ္မကိုမွေးတော့ ပုဏ္ဏားတွေက အလှထွဋ်ခေါင်ဖြစ်မယ် ၊ မင်း၊ မှူးမတ်တွေရဲ့ မိဖုရားဖြစ်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ ဟောထားတဲ့အတိုင်းပဲ အရွယ်ရောက်လာတဲ့အခါလှပလွန်းတာကြောင့် ပင်းယဘုရင် ဥဇနာပြောင်ရဲ့ မိဖုရားဖြစ်လာခဲ့ပါတယ်။ ဥဇနာပြောင်မင်းဟာ သတိုးမင်းဖျားရဲ့လုပ်ကြံမှုကြောင့် နန်းသက် ၃ လသာ စံခဲ့ရပါတယ်။ အဲဒီနောက်တော့စောဥမ္မာကို နန်းတက်လာတဲ့ သတိုးမင်းဖျားက မိဖုရားအရာ ထပ်မြှောက်ခဲ့ပါတယ်။

သတိုးမင်းဖျားဟာ အသက် ၂ဝဝန်းကျင် နန်းသက် ၃နှစ် အတွင်းမှာ အရွယ်နဲ့ မမျှတဲ့ တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်နိုင်ခဲ့တဲ့ မင်းတစ်ပါးပါ။ စကုစား သိင်္ဂသူ ပုန်ကန်တာကို ထွက်နှိမ်နှင်းရင်း ကျောက်ပေါက်ပြီး တပ်ဆုတ်ခဲ့ရပါတယ်။ အနာသည်းပြီး မကွယ်လွန်ခင်မှာသူချစ်မြတ်နိုးလွန်းလို့ စိတ်မချတဲ့သူဟာ မိဖုရားစောဥမ္မာပါ။ ဒါကြောင့် အတွင်းသင်မှူးငနုကို အပါးမှာခေါ်ပြီး မှာပါတယ်။
“ငါမရှိရင် ငါ့မိဖုရား စောဥမ္မာကို သူ မိဖုရားမြှောက်တော့မည်။ ငါနှမြောတော်မူသည် ။ နင် သွားသတ်ချေ” တဲ့။

ငနုကလည်း အင်းဝကို အပြင်းဆန်ပြီး မိဖုရားစောဥမ္မာရှေ့ကို ဝင်ခဲ့ပါတယ်။ သူ့ကိုလုပ်ကြံခိုင်းမှန်းသိတဲ့နောက် စောဥမ္မာက ငနုကိုပြောလိုက်ပါတယ်။
“ဟဲ့ ငနု နင်ယောက်ျား မဟုတ်သလော” ဆိုပြီးတော့ပေါ့။

ဒီအချိန်မှာ ငနုလည်း စဉ်းစားပါတယ်။ မိဖုရားကိုသတ်လိုက်လို့လည်း ဆုတော်ချီးမြှင့်မယ့် ဘုရင်က နတ်ရွာစံနှင့်ပြီ။ မိဖုရားသတ်သူဆိုပြီး နောက်ပိုင်းရန်တွေကလည်း တစ်သီကြီးလာနိုင်တဲ့အတွက် စောဥမ္မာရဲ့စကားအတိုင်း စောဥမ္မာကိုယူလိုက်ပါတယ်။ (သဘောမတူတဲ့ အထိန်းသမီးကို သုတ်သင်လိုက်ကြပါတယ်)အင်းဝမှာ ၁လခွဲလောက်နေပြီး စစ်ကိုင်းဘက်ကို ကူးပြီးတစ်ထီးတစ်နန်းနေကြပါတယ်။

သတိုးမင်းဖျားနတ်ရွာစံပြီးနောက် မှူးမတ်တွေက ရမည်းသင်းစားသီလဝကို ထီးနန်းအပ်သော်လည်း လက်မခံတာကြောင့် မင်းကြီးစွာစော်ကဲ ဘုရင်ဖြစ်လာပါတယ်။ မင်းကြီးစွာစော်ကဲဟာ ငနုရဲ့ အစ်ကို ရာဇသင်္ကြန်(ခေါ်) ငမောက် ကို ခေါ်ယူပြီး ငနုကိုခေါ်လို့ရရင် ဝါးရင်းတုတ်ရွာကိုစားစေပြီး မိဖုရားစောဥမ္မာနဲ့ ပေးစားမယ်လို့ မိန့်ပါတယ်။ ဒီလိုမိန့်တော့ ငမောက်ဟာ လက်ခံပြီး ညီဖြစ်သူ ငနုကိုသွားခေါ်ပါတယ်။

ငနုရှိရာစစ်ကိုင်းသဲပြင်မှာ လှေဆိုက်ပြီး “ငါ့ညီ မင်းဖြစ်နေပြီဟု ကြားတာကြောင့် လာတွေ့သည် ၊ ယခုနေမကောင်းဖြစ်နေတာကြောင့် ငါ့ညီလာတွေ့ပါ” လို့ တစ်ယောက်ကိုအခေါ်လွှတ်တယ်။ ငနုကလည်း ယုံတာကြောင့်ရဲမက်အစောင့်တွေကို ခေါ်မလာပဲ လှေပေါ်တန်းတက်ခဲ့ပါတယ်။ ငမောက်ဟာ ငနုတက်တက်ချင်းမှာပဲ လှေကြိုးကိုဖြတ်ပြီး ကမ်းကခွာလာလိုက်ပါတယ်။ ပြီးတော့ ငနုကိုကြိမ်းပါတယ်။
“နင့်အမိဘက်က လည်း မင်းမျိုးမဟုတ် ၊ အဖဘက်ကလည်းမင်းမျိုး မဟုတ် ၊ နင် တယ် ဘုရင်ဖြစ်ချင်သလား” ဆိုပြီး သံခြေချင်းခတ်ထားလိုက်ပါတယ်။

မင်းကြီးစွာကလည်း ကတိအတိုင်း ငနုကိုအကျဉ်းချထားပြီး ငမောက်ကို ဝါးရင်းတုတ်ရွာကိုစားစေတဲ့အပြင် မိဖုရားစောဥမ္မာနဲ့ ပေးစားလိုက်ပါတယ်။ မိဖုရားစော ဥမ္မာဟာ ရွာစားကတော်ဖြစ်လာရပြန်ပါတယ်။ များမကြာမီ ငနုအကျဉ်းက လွတ်ပြီး မင်းကြီးစွာစော်ကဲကို ပုန်ကန်ပါတယ်။ ညီအစ်ကိုချင်းလွှတ်ပေးသည်ဟု ဆိုကာ ငမောက်ကိုဖမ်း စောဥမ္မာကို သိမ်းဖို့ကြံပါတယ်။

အဓိကကတော့ စောဥမ္မာရဲ့အလှကို နှမြောလှတာကြောင့် သိမ်းပိုက်ဖို့အကြောင်းရှာတာပါ။ အမတ်ကြီး ဖိုးရာဇာက မင်းတို့မည်သည် ပေးပြီးသားကတိ မဖောက်ဖျက်သင့်ပါလို့တားတာကြောင့် မင်းကြီးစွာစော်ကဲဟာ သူ့ရဲ့ စောဥမ္မာသိမ်းပိုက်ရေးအကြံကို လက်လျှော့ခဲ့ရတာပါ။ ဒါကတော့ အင်းဝခေတ် အလှထိဋ်ခေါင် မိဖုရားစောဥမ္မာနဲ့ ပတ်သတ်တဲ့အဖြစ်တွေပါပဲ။

ကိုးကား :
သမိုင်းမတွင် သမိုင်းတွင် သမိုင်းဝင်နေတဲ့ စကားများ – ချစ်ဦးညို
ခေတ်မီမြန်မာ့ရာဇဝင် အကျဉ်း – ဦးဖိုးကျား
မြန်မာ့စွယ်စုံကျမ်း

Leave a Reply