နာမည္ေက်ာ္တဲ့ Albino တိရစာၦန္ ၇ ေကာင္

Posted on

ေရးသားသူ – Paing Hmu Ko (MYMC)

Albinism ဆိုတဲ့ congenital disorder ေရာဂါ ၿဖစ္ေနတဲ့ ကမာၻ႔ အေက်ာ္ၾကားဆံုး တိရစာၦန္ ၇ ေကာင္ အေၾကာင္း ေဖာ္ၿပ ေပးလိုက္ ပါတယ္။ ဖတ္ၾကည့္ ရေအာင္။

Albinism ဆိုတာ ခႏၶာကိုယ္က အေရၿပား၊ ဆံပင္နဲ႔ မ်က္လံုးေတြမွာ ေရာင္ၿခယ္ေတြ လံုး၀ မရွိတာ၊ နည္းနည္းပဲ ရွိတာေၾကာင့္ ေဖ်ာ့ေတာ့ေနတဲ့၊ ၿဖဴေနတဲ့ congenital disorder တစ္မ်ိဳး ၿဖစ္ပါတယ္။ လူေတြမွာလည္း ျဖစ္ေလ့ ျဖစ္ထရွိျပီး အဲ့ေရာဂါရွိ သူမ်ားဟာ သာမန္လူ မ်ားထက္ ျပင္ပက သက္ေရာက္တဲ့ ေရာဂါေတြ ျဖစ္ဖို႔မ်ားပါတယ္။ ဥပမာ မ်က္စိ အေရာင္ေၾကာင့္ မ်က္စိအားနည္း တာမ်ိဳးေတြ၊ အသားအရည္ ေဖ်ာ့ေတာ့ေတာ့ရွိ သူမ်ားဟာ ေနေရာင္ျခည္ေၾကာင့္ ကင္ဆာ ျဖစ္တာမ်ိဳးေတြ ျဖစ္ပါတယ္။ လူေတြအျပင္ တိရစာၦန္မွာလည္း ျဖစ္ႏိုင္ေပမယ့္ ေတာ္ေတာ္ရွားပါး ပါ တယ္။ အဲဒီ ရွားပါးပါတယ္ ဆိုတဲ့အထဲကမွ နာမည္ေက်ာ္တဲ့ တိရစာၦန္ ၇ ေကာင္ အေၾကာင္း ဇာတ္လမ္း ဆက္ရေအာင္။

၁။ Snowflake the gorilla

“Snowflake” လို႔ ေခၚတဲ့ gorilla အေၾကာင္း ေျပာရရင္ အာဖရိက တိုက္က Equatorial Guinea ႏိုင္ငံကေန စရပါမယ္။ Equatorial Guinea ႏိုင္ငံက လယ္သမား တစ္ေယာက္ဟာ Snowflake ကို ဖမ္းဖုိ႔ Snowflake တို႔ gorilla အုပ္စုထဲက gorilla ေတာ္ေတာ္မ်ားမ်ားကို သတ္ပစ္ခဲ့ျပီး ေနာက္ဆံုးမွာေတာ့ အေမျဖစ္သူရဲ႕ အသက္မရႈ ေတာ့တဲ့ ခႏၶာကို ဖက္တြယ္ေနေသာ သူ႔ကို ဖမ္းမိခဲ့တာက ဇာတ္လမ္း အစျဖစ္ခဲ့ပါတယ္။ အဲ ဒီေနာက္ လူေတာ္ေတာ္ မ်ားမ်ားရဲ႕ လက္ထဲမွာ ေရာင္းခ် ရွင္သန္ခံခဲ့ ရျပီးေနာက္ ၁၉၆၀ ခုႏွစ္မ်ားမွာ Barcelona ျမိဳ႕၀န္က တရား၀င္ ၾကိဳဆိုပြဲ ျပဳလုပ္ျပီး Snowflake ကို ျမိဳ႕ေပၚက တိရစာၦန္ရုံမွာ ထားရွိခဲ့ကာ ျငိမ္းခ်မ္းတဲ့ ဘ၀ကို ျဖတ္သန္းေစခဲ့ပါတယ္။

၀မ္းသာစရာ ေကာင္းတာကေတာ့ Barcelona တိရစာၦန္ရုံမွာ ေနစဥ္ သားသမီး ၂၂ ေကာင္အထိ ရွိလာခဲ့ျပီီး အားလံုး သူ႔လုိ Albinism မျဖစ္ဘဲ သာမန္ျဖစ္ ခဲ့တာပါပဲ။ ဒါေပမယ့္ မျမဲျခင္းတရားအရ ၂၀၀၃ ခုႏွစ္ စက္တင္ဘာလမွာ သူဟာ ေမြးရာပါ Albinism ေရာဂါေၾကာင့္ပဲ အေရျပား ကင္ဆာ ဆန္းဆန္းတစ္ခု ျဖစ္ ေနေၾကာင္း ျပည္သူလူထုကို ေၾကညာခဲ့ပါတယ္။ အဲဒီသတင္းေၾကာင့္ ျပည္သူေတြ ေထာင္ေပါင္းမ်ားစြာဟာ ေန႔စဥ္ သူ႔ကို လာၾကည့္ၾကျပီး မ ၾကာခင္ တစ္လအတြင္းမွာပဲ သူ႔ရဲ႕ ေ၀ဒနာကို တမလြန္ ပို႔ေပးျပီး အဆံုးသတ္လိုက္ ၾကပါတယ္။

၂။ Claude the alligator

“Claude” ဆိုတဲ့ ေခါင္းရွည္မိေက်ာင္း ဟာလည္း Albinism ေရာဂါ ခံစားေနတဲ့ သူပါပဲ။ သူ႔ဘ၀ကေတာ့ ေအးေအးခ်မ္းခ်မ္း ရွိပါတယ္။ The California Academy of Sciences မွာ ေမြးဖြားခ်ိန္ကေန ခုခ်ိန္အထိ ေနထိုင္ေနပါတယ္။ အဲဒီ Acedamy ရဲ႕ ေရကန္လို ေနရာမ်ိဳးမွာ ေန ထိုင္ျပီး ႏွစ္အနည္းငယ္ေလာက္ “Bonnie” လုိ႔ေခၚတဲ့ တျခား မိေက်ာင္း တစ္ေကာင္နဲ႔ တူတူေနခဲ့ရပါတယ္။ ဒါေပမယ့္ Claude မွာရွိတဲ့ ေရာဂါ ေၾကာင့္ အားနည္းေနတဲ့ မ်က္စိေတြဟာ ပတ္၀န္းက်င္ကို ေကာင္းေကာင္း မျမင္ေစဘဲ ေဘးပတ္၀န္းက်င္ကို မၾကာခဏ တိုက္မိရာမွာ Bonnie လည္း ပါ၀င္ပါတယ္။ Bonnie ကလည္း ေကာင္းေကာင္းတံု႔ ျပန္ေလ့မရွိပါဘူး။

သူ႔ကို တိုက္မိတိုင္း Claude ရဲ႕ ေျခေထာက္ေတြကို ျပန္ကိုက္ ေလ့ရွိပါတယ္။ ဒါ့ေၾကာင့္ Bonnie ကို တစ္ေနရာ ေရႊ႔ကာ သူ႔ကို တစ္ေကာင္တည္း ေနေစရာ ယခုႏွစ္ အေစာပိုင္းမွာ ၁၅ ႏွစ္ျပည့္ ေမြးေန႔ကို သူ႔ပရိသတ္ေတြနဲ႔ အတူ ဆင္ႏႊဲခဲ့ပါေသးတယ္။ “Happy Birthday” သီခ်င္းေလးနဲ႔အတူ ေမြးေန႔ကိတ္အစား မိေက်ာင္းစာ အသားတံုးေလး ေတြနဲ႔ေပါ့။

၃။ Snowdrop the penguin

“Snowdrop” ဆိုတဲ့ ပင္ဂြင္းဟာလည္း Albinism ေရာဂါ ခံစားေနတာပါပဲ။ သူနဲ႔ ပတ္သက္လုိ႔ အခ်က္အလက္ မ်ားမ်ားစားစား ေျပာစရာ မရွိ ပါဘူး။ အဂၤလန္က Bristol တိရစာၦန္ရုံမွာ ေမြးဖြားျပီး ေဘာ္ဒါေတြနဲ႔ ေအးေဆးတဲ့ ဘ၀ကို တူတူျဖတ္သန္း ခဲ့ပါတယ္။ ဒါေပမယ့္ သက္တမ္း က ႏွစ္အနည္းငယ္ ေလာက္သာရွိျပီး ၂၀၀၄ ခုႏွစ္ ၾသဂုတ္လမွာ ရုတ္တရက္ ႏႈတ္ဆက္သြားခဲ့ပါတယ္။

၄။ Onya Birri the koala

Onya Birri ဆိုတဲ့ Koala ၀က္၀ံေလးကေတာ့ San Diego တိရစာၦန္ရုံမွာ ၁၉၉၇ ခုႏွစ္က ေမြးဖြားျပီး သူ႔နာမည္ဟာ Aborigine ဘာသာ စကားအရ “Ghost Boy” လုိ႔ အဓိပါၸယ္ရပါတယ္။ သူ႔ရဲ႕ ဘ၀ အေစာပိုင္းကို မိခင္ ၀မ္းပိုက္အိတ္မွာ လြယ္ထားခံကာ ျဖတ္သန္ခဲ့ျပီး ေျခာက္လ အၾကာမွာေတာ့ လူ႔ျမင္ကြင္းထဲမွာ ေပၚေပၚထင္ထင္ ရွင္သန္ပါေတာ့တယ္။

၅။ Migaloo the humpback whale

Migaloo ဆိုတဲ့ humpback ေ၀လငါးကေတာ့ Albinism ေရာဂါရဲ႕ သားေကာင္ ထဲ အပါအ၀င္ ျဖစ္ခဲ့ပါတယ္။ ၾသစေၾတးလ် တိုက္မွာေတာ့ သူက နာမည္ၾကီးပါပဲ။ ဘာေၾကာင့္လည္းဆိုေတာ့ ေဆာင္းခိုခ်ိန္ ရာသီတိုင္းမွာ ၾသစေၾတးလ်တိုက္ရဲ႕ အေရွ႕ဘက္ ကမ္းေျခမွာ အျမဲျမင္ရေလ့ ရွိလုိ႔ပါပဲ။ ႏွစ္တိုင္းလိုလုိ ျမင္ရေလ့ရွိျပီး သူ႕ကုိ ပထမဆံုး သတိထား မိတာကေတာ့ ၁၉၉၁ ခုႏွစ္က ျဖစ္ပါတယ္။ သူကေတာ့ ထူးထူးျခားျခား လူခ်စ္လူခင္ ေပါမ်ားျပီး MigalooWhale.org ဆိုတဲ့ ကုိယ္ပိုင္ Website ေတာင္ရွိပါတယ္။

၆။ Mocha Dick the sperm whale

Mocha Dick ဟာ Sperm ေ၀လငါးျဖစ္ျပီး Migaloo ေ၀လငါးထက္ အမ်ားၾကီး ေစာျပီး ရွိခဲ့ပါတယ္။ ေ၀လငါး ဖမ္းသူေတြနဲ႔ အခါ တစ္ရာ ေက်ာ္ေလာက္ကို ယွဥ္ျပိဳင္ တိုက္ခိုက္ခဲ့ျပီး ပံုမွန္ သဘာ၀အရ ေအးေဆး ေနေလ့ ရွိေပမယ့္ သူ႔ကို လာတိုက္ခုိက္ ရင္ေတာ့ ကုိယ္လံုးနဲ႔ ေလွ ေတြ ႏွစ္ပစ္ေလာက္ေအာင္ ၾကမ္းၾကမ္းတမ္းတမ္း တု႔ံျပန္ေလ့ရွိပါတယ္။ ၁၈၃၈ ခုႏွစ္မွာေတာ့ ေ၀လငါး ဖမ္းသမားေတြလက္ထဲ ေရာက္ေနတဲ့ ေ၀လငါးေပါက္ တစ္ေကာင္နဲ႔ ေရာက္ခါနီး ေ၀လငါးမ တစ္ေကာင္ကို ကယ္ဆယ္ဖို႔ လာရင္း အသတ္ခံရျပီး သူ႔ရဲ႕ ဘ၀ နိဂံုးခ်ဳပ္ ခဲ့ပါ တယ္။

၇။ Pinky the dolphin

၂၀၀၇ ခုႏွစ္ Mexico ပင္လယ္ေကြ႔ရဲ႕ ေျမာက္ဘက္ Calacasieu လုိ႔ေခၚတဲ့ ေရငန္ကန္တစ္ခုမွာ Pinky လုိ႔ေခၚတြင္မယ့္ လင္းပိုင္တစ္ေကာင္ကို ေလွတစ္စီးရဲ႕ ကပၸတိန္ တစ္ေယာက္က ေတြ႔ရွိခဲ့ပါတယ္။ မ်က္စိနဲ႔ အသားအရည္ပါ ပန္းေရာင္ ရွိျပီး လူခ်စ္လူခင္လည္း မ်ားပါတယ္။ Facebook fan page ေတာင္ ရွိပါတယ္တဲ့။

တိရစာၦန္ ေတြရဲ႕ ဘ၀ဟာ နဂိုကတည္းက သနားစရာ ေကာင္းရာမွာ Albinism ဆိုတဲ့ အသားအေရာင္ အားနည္းတဲ့ ေရာဂါမ်ိဳးပါ ျဖစ္တယ္ ဆိုေတာ့ ဘ၀က ပိုၾကမ္းတမ္း သြားပါတယ္။ ဒါ့ေၾကာင့္ စာဖတ္သူမ်ားလည္း ကိုယ့္ပတ္၀န္းက်င္က တိရစာၦန္မ်ား ကိုယ့္အိမ္ေမြး ေခြး၊ ေၾကာင္ပါ မက်န္ ေမတၱာနဲ႔ ဆက္ဆံၾကဖို႔ တိုက္တြန္းရင္း နိဂံုးခ်ဳပ္အပ္ပါတယ္။

Paing Hmu Ko (MYMC)

——————–

နာမည်ကျော်တဲ့ Albino တိရစ္ဆာန် ၇ ကောင် (unicode)

ရေးသားသူ – Paing Hmu Ko (MYMC)

Albinism ဆိုတဲ့ congenital disorder ရောဂါ ဖြစ်နေတဲ့ ကမ္ဘာ့ အကျော်ကြားဆုံး တိရစ္ဆာန် ၇ ကောင် အကြောင်း ဖော်ပြ ပေးလိုက် ပါတယ်။ ဖတ်ကြည့် ရအောင်။

Albinism ဆိုတာ ခန္ဓာကိုယ်က အရေပြား၊ ဆံပင်နဲ့ မျက်လုံးတွေမှာ ရောင်ခြယ်တွေ လုံး၀ မရှိတာ၊ နည်းနည်းပဲ ရှိတာကြောင့် ဖျော့တော့နေတဲ့၊ ဖြူနေတဲ့ congenital disorder တစ်မျိုး ဖြစ်ပါတယ်။ လူတွေမှာလည်း ဖြစ်လေ့ ဖြစ်ထရှိပြီး အဲ့ရောဂါရှိ သူများဟာ သာမန်လူ များထက် ပြင်ပက သက်ရောက်တဲ့ ရောဂါတွေ ဖြစ်ဖို့များပါတယ်။ ဥပမာ မျက်စိ အရောင်ကြောင့် မျက်စိအားနည်း တာမျိုးတွေ၊ အသားအရည် ဖျော့တော့တော့ရှိ သူများဟာ နေရောင်ခြည်ကြောင့် ကင်ဆာ ဖြစ်တာမျိုးတွေ ဖြစ်ပါတယ်။ လူတွေအပြင် တိရစ္ဆာန်မှာလည်း ဖြစ်နိုင်ပေမယ့် တော်တော်ရှားပါး ပါ တယ်။ အဲဒီ ရှားပါးပါတယ် ဆိုတဲ့အထဲကမှ နာမည်ကျော်တဲ့ တိရစ္ဆာန် ၇ ကောင် အကြောင်း ဇာတ်လမ်း ဆက်ရအောင်။

၁။ Snowflake the gorilla

“Snowflake” လို့ ခေါ်တဲ့ gorilla အကြောင်း ပြောရရင် အာဖရိက တိုက်က Equatorial Guinea နိုင်ငံကနေ စရပါမယ်။ Equatorial Guinea နိုင်ငံက လယ်သမား တစ်ယောက်ဟာ Snowflake ကို ဖမ်းဖို့ Snowflake တို့ gorilla အုပ်စုထဲက gorilla တော်တော်များများကို သတ်ပစ်ခဲ့ပြီး နောက်ဆုံးမှာတော့ အမေဖြစ်သူရဲ့ အသက်မရှု တော့တဲ့ ခန္ဓာကို ဖက်တွယ်နေသော သူ့ကို ဖမ်းမိခဲ့တာက ဇာတ်လမ်း အစဖြစ်ခဲ့ပါတယ်။ အဲ ဒီနောက် လူတော်တော် များများရဲ့ လက်ထဲမှာ ရောင်းချ ရှင်သန်ခံခဲ့ ရပြီးနောက် ၁၉၆၀ ခုနှစ်များမှာ Barcelona မြို့ဝန်က တရားဝင် ကြိုဆိုပွဲ ပြုလုပ်ပြီး Snowflake ကို မြို့ပေါ်က တိရစ္ဆာန်ရုံမှာ ထားရှိခဲ့ကာ ငြိမ်းချမ်းတဲ့ ဘဝကို ဖြတ်သန်းစေခဲ့ပါတယ်။

ဝမ်းသာစရာ ကောင်းတာကတော့ Barcelona တိရစ္ဆာန်ရုံမှာ နေစဉ် သားသမီး ၂၂ ကောင်အထိ ရှိလာခဲ့ပြီး အားလုံး သူ့လို Albinism မဖြစ်ဘဲ သာမန်ဖြစ် ခဲ့တာပါပဲ။ ဒါပေမယ့် မမြဲခြင်းတရားအရ ၂၀၀၃ ခုနှစ် စက်တင်ဘာလမှာ သူဟာ မွေးရာပါ Albinism ရောဂါကြောင့်ပဲ အရေပြား ကင်ဆာ ဆန်းဆန်းတစ်ခု ဖြစ် နေကြောင်း ပြည်သူလူထုကို ကြေညာခဲ့ပါတယ်။ အဲဒီသတင်းကြောင့် ပြည်သူတွေ ထောင်ပေါင်းများစွာဟာ နေ့စဉ် သူ့ကို လာကြည့်ကြပြီး မ ကြာခင် တစ်လအတွင်းမှာပဲ သူ့ရဲ့ ဝေဒနာကို တမလွန် ပို့ပေးပြီး အဆုံးသတ်လိုက် ကြပါတယ်။

၂။ Claude the alligator

“Claude” ဆိုတဲ့ ခေါင်းရှည်မိကျောင်း ဟာလည်း Albinism ရောဂါ ခံစားနေတဲ့ သူပါပဲ။ သူ့ဘဝကတော့ အေးအေးချမ်းချမ်း ရှိပါတယ်။ The California Academy of Sciences မှာ မွေးဖွားချိန်ကနေ ခုချိန်အထိ နေထိုင်နေပါတယ်။ အဲဒီ Acedamy ရဲ့ ရေကန်လို နေရာမျိုးမှာ နေ ထိုင်ပြီး နှစ်အနည်းငယ်လောက် “Bonnie” လို့ခေါ်တဲ့ တခြား မိကျောင်း တစ်ကောင်နဲ့ တူတူနေခဲ့ရပါတယ်။ ဒါပေမယ့် Claude မှာရှိတဲ့ ရောဂါ ကြောင့် အားနည်းနေတဲ့ မျက်စိတွေဟာ ပတ်ဝန်းကျင်ကို ကောင်းကောင်း မမြင်စေဘဲ ဘေးပတ်ဝန်းကျင်ကို မကြာခဏ တိုက်မိရာမှာ Bonnie လည်း ပါဝင်ပါတယ်။ Bonnie ကလည်း ကောင်းကောင်းတုံ့ ပြန်လေ့မရှိပါဘူး။ သူ့ကို တိုက်မိတိုင်း Claude ရဲ့ ခြေထောက်တွေကို ပြန်ကိုက် လေ့ရှိပါတယ်။ ဒါ့ကြောင့် Bonnie ကို တစ်နေရာ ရွှေ့ကာ သူ့ကို တစ်ကောင်တည်း နေစေရာ ယခုနှစ် အစောပိုင်းမှာ ၁၅ နှစ်ပြည့် မွေးနေ့ကို သူ့ပရိသတ်တွေနဲ့ အတူ ဆင်နွှဲခဲ့ပါသေးတယ်။ “Happy Birthday” သီချင်းလေးနဲ့အတူ မွေးနေ့ကိတ်အစား မိကျောင်းစာ အသားတုံးလေး တွေနဲ့ပေါ့။

၃။ Snowdrop the penguin

“Snowdrop” ဆိုတဲ့ ပင်ဂွင်းဟာလည်း Albinism ရောဂါ ခံစားနေတာပါပဲ။ သူနဲ့ ပတ်သက်လို့ အချက်အလက် များများစားစား ပြောစရာ မရှိ ပါဘူး။ အင်္ဂလန်က Bristol တိရစ္ဆာန်ရုံမှာ မွေးဖွားပြီး ဘော်ဒါတွေနဲ့ အေးဆေးတဲ့ ဘဝကို တူတူဖြတ်သန်း ခဲ့ပါတယ်။ ဒါပေမယ့် သက်တမ်း က နှစ်အနည်းငယ် လောက်သာရှိပြီး ၂၀၀၄ ခုနှစ် ဩဂုတ်လမှာ ရုတ်တရက် နှုတ်ဆက်သွားခဲ့ပါတယ်။

၄။ Onya Birri the koala

Onya Birri ဆိုတဲ့ Koala ဝက်ဝံလေးကတော့ San Diego တိရစ္ဆာန်ရုံမှာ ၁၉၉၇ ခုနှစ်က မွေးဖွားပြီး သူ့နာမည်ဟာ Aborigine ဘာသာ စကားအရ “Ghost Boy” လို့ အဓိပ္ပါယ်ရပါတယ်။ သူ့ရဲ့ ဘ၀ အစောပိုင်းကို မိခင် ဝမ်းပိုက်အိတ်မှာ လွယ်ထားခံကာ ဖြတ်သန်ခဲ့ပြီး ခြောက်လ အကြာမှာတော့ လူ့မြင်ကွင်းထဲမှာ ပေါ်ပေါ်ထင်ထင် ရှင်သန်ပါတော့တယ်။

၅။ Migaloo the humpback whale

Migaloo ဆိုတဲ့ humpback ဝေလငါးကတော့ Albinism ရောဂါရဲ့ သားကောင် တစ်ယောက် အပါအဝင် ဖြစ်ခဲ့ပါတယ်။ ဩစတြေးလျ တိုက်မှာတော့ သူက နာမည်ကြီးပါပဲ။ ဘာကြောင့်လည်းဆိုတော့ ဆောင်းခိုချိန် ရာသီတိုင်းမှာ ဩစတြေးလျတိုက်ရဲ့ အရှေ့ဘက် ကမ်းခြေမှာ အမြဲမြင်ရလေ့ ရှိလို့ပါပဲ။ နှစ်တိုင်းလိုလို မြင်ရလေ့ရှိပြီး သူ့ကို ပထမဆုံး သတိထား မိတာကတော့ ၁၉၉၁ ခုနှစ်က ဖြစ်ပါတယ်။ သူကတော့ ထူးထူးခြားခြား လူချစ်လူခင် ပေါများပြီး MigalooWhale.org ဆိုတဲ့ ကိုယ်ပိုင် Website တောင်ရှိပါတယ်။

၆။ Mocha Dick the sperm whale

Mocha Dick ဟာ Sperm ဝေလငါးဖြစ်ပြီး Migaloo ဝေလငါးထက် အများကြီး စောပြီး ရှိခဲ့ပါတယ်။ ဝေလငါး ဖမ်းသူတွေနဲ့ အခါ တစ်ရာ ကျော်လောက်ကို ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ပြီး ပုံမှန် သဘာဝအရ အေးဆေး နေလေ့ ရှိပေမယ့် သူ့ကို လာတိုက်ခိုက် ရင်တော့ ကိုယ်လုံးနဲ့ လှေ တွေ နှစ်ပစ်လောက်အောင် ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်လေ့ရှိပါတယ်။ ၁၈၃၈ ခုနှစ်မှာတော့ ဝေလငါး ဖမ်းသမားတွေလက်ထဲ ရောက်နေတဲ့ ဝေလငါးပေါက် တစ်ကောင်နဲ့ ရောက်ခါနီး ဝေလငါးမ တစ်ကောင်ကို ကယ်ဆယ်ဖို့ လာရင်း အသတ်ခံရပြီး သူ့ရဲ့ ဘ၀ နိဂုံးချုပ် ခဲ့ပါ တယ်။

၇။ Pinky the dolphin

၂၀၀၇ ခုနှစ် Mexico ပင်လယ်ကွေ့ရဲ့ မြောက်ဘက် Calacasieu လို့ခေါ်တဲ့ ရေငန်ကန်တစ်ခုမှာ Pinky လို့ခေါ်တွင်မယ့် လင်းပိုင်တစ်ကောင်ကို လှေတစ်စီးရဲ့ ကပ္ပတိန် တစ်ယောက်က တွေ့ရှိခဲ့ပါတယ်။ မျက်စိနဲ့ အသားအရည်ပါ ပန်းရောင် ရှိပြီး လူချစ်လူခင်လည်း များပါတယ်။ Facebook fan page တောင် ရှိပါတယ်တဲ့။

တိရစ္ဆာန် တွေရဲ့ ဘဝဟာ နဂိုကတည်းက သနားစရာ ကောင်းရာမှာ Albinism ဆိုတဲ့ အသားအရောင် အားနည်းတဲ့ ရောဂါမျိုးပါ ဖြစ်တယ် ဆိုတော့ ဘဝက ပိုကြမ်းတမ်း သွားပါတယ်။ ဒါ့ကြောင့် စာဖတ်သူများလည်း ကိုယ့်ပတ်ဝန်းကျင်က တိရစ္ဆာန်များ ကိုယ့်အိမ်မွေး ခွေး၊ ကြောင်ပါ မကျန် မေတ္တာနဲ့ ဆက်ဆံကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

Paing Hmu Ko (MYMC)

Leave a Reply