ဂ်ာမနီ က နာမည္ေက်္ာ ဧရာမ ဆားေတာင္ႀကီး

Posted on

ဂ်ာမနီနိုင္ငံ၊ Hesse ေဒသအေရွဘက္ပိုင္းက Heringer ျမိဳ႕မွာ တည္ရွိတဲ့ Monte Kali ေတာင္ကေတာ့  ထူးျခားတဲ့ ဝိေသသေတြကို ပိုင္ဆိုင္ထားတဲ့ ေတာင္တစ္ခု အျဖစ္ထင္ရွား ပါတယ္။ ေဒသခံေတြကေတာ့ ဂ်ာမန္ဘာသာနဲ႔ Kalimanjaro (Potash ထြက္တဲ့အရပ္)လို႔ေခၚၾကတဲ့ Monte Kaliဟာ အလြန္ၾကီးမားတဲ့ ဆားေတာင္ၾကီး တစ္ခုအျဖစ္တည္ရွိေနလို႔ ျဖစ္ပါတယ္။

မူလက မီးေတာင္တစ္ခု အေနနဲ႔တည္ရွိတဲ့ Monte Kali ဟာ Potash တူးေဖာ္ ေရးလုပ္ငန္းကိုကာလၾကာ လုပ္ကိုင္ရာကေနတစ္ဆင့္ ယခုလိုၾကီးမားတဲ့ဆားေတာင္ၾကီး ျဖစ္လာခဲ့ျပီး ဆိုဒီယမ္ကလိုရိုကျဒပ္္ေနွာေတြ ျဖစ္တဲ့ အိမ္သံုးဆားၾကမ္းတန္ခ်ိန္မ်ားစြာကို ထုတ္လုပ္ေပးပါတယ္။

လြန္ခဲ့တဲ့ နွစ္ရာေပါင္းမ်ားစြာ အၾကာကတည္းက တြင္းထြက္တစ္မ်ိဳးျဖစ္တဲ့ Potash( ဓါတ္ျပာ) တူးေဖာ္ေရး လုပ္ငန္းဟာ ဒီေဒသရဲ့အဓိက စီးပြားေရးလုပ္ငန္းတစ္ခု ျဖစ္ျပီး ဂ်ာမနီနိုင္ငံရဲ့အၾကီးဆံုး သတၳဳတူးေဖာ္ေရးကုမၸဏီတစ္ခု ျဖစ္တဲ့ Wintershall ကုမၸဏီကလည္း ဒီေဒသမွာ (၁၉၀၃)ခုနွစ္ကတည္းက Potash တူးေဖာ္ေရး လုပ္ငန္းကိုစတင္ေဆာင္ရြက္ခဲ့တာျဖစ္ ပါတယ္။ ယေန႔အခ်ိန္မွာေတာ့ ဒီေဒသဟာ ဂ်ာမနီနိုင္ငံ တြင္းသာမက ကမာၻေပၚမွာ အၾကီးဆံုး Potash တူးေဖာ္ေရးလုပ္ငန္းခြင္ဧရိယာျဖစ္လာခဲ့ျပီး ျမဴးနစ္ျမိဳ႕ထက္ေတာင္ ပိုမိုက်ယ္ဝန္းေနခဲ့ျပီ ျဖစ္ပါတယ္။

Potash ဆိုတာကေတာ့ ဓာတုတြင္းထြက္ပစၥည္းတစ္မ်ိဳးျဖစ္ျပီး ပိုတက္ဆီယမ္ကြန္ေပါင္း နဲ႔ ပိုတက္ဆီယမ္ကလိုရိုက္(KCL)အဓိက ပါဝင္ပါတယ္။ ယင္းကေနတစ္ဆင့္ ေရတြင္ေပ်ာ္ဝင္နိုင္တဲ့ပိုတက္ဆီယမ္ ပါဝင္တဲ့အိမ္သံုးဆားကိုထုတ္လုပ္နိုင္တဲ့ အျပင္ ယေန႔အသံုးျပဳေနၾကတဲ့ ဖန္ထည္ပစၥည္းေတြ၊ဆပ္ျပာေတြဟာလည္း Potash ျဒပ္စင္ကို အေျခခံျပီး ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။

AD 500 ေလာက္ကတည္းက တီထြင္အသံုးျပဳခဲ့ၾကတယ္လို႔ သိရျပီး Potashဟာ စက္မႈလုပ္ငန္းေတြအတြက္ အလြန္အေရးပါတဲ့ဓာတုပစၥည္းတစ္ခုျဖစ္ပါတယ္။ Potashကို(၁၄)ရာစုေလာက္ကတည္းက အာဖရိကတိုက္က အီသီယိုးပီးယားနုိုင္ငံမွာ စတင္ေတြ႔ရွိခဲ့တာလည္း ျဖစ္ျပီး ကမာၻ အရပ္ရပ္မွာ တူးေဖာ္ရရွိနိုင္ပါတယ္။ ယခုအခ်ိန္မွာေတာ့ ရုရွား၊ကေနဒါ၊အေမရိကန္ ျပည္ေထာင္စု၊တရုတ္၊ဘီလာရုစ္၊အစၥေရး၊ေဂ်ာ္ဒန္၊ခ်ီလီ၊ဘရာဇီး အစရွိတဲ့နိုင္ငံေတြမွာ Potash ကိုအၾကီးအက်ယ္ တူးေဖာ္ျခင္းေတြကို လုပ္ေဆာင္ေနပါျပီး Potash တူးေဖာ္တဲ့ မိုင္းတြင္းတစ္ခုဟာ ပ်ွမ္းမ်ွအား ျဖင့္ ေျမေအာက္ကို ေပေပါင္း(၄၄၀၀)ေလာက္ တူးရေလ့ရွိပါတယ္။

Potash မိုင္းတြင္းေတြဟာ Potash ျဒပ္စင္ေတြအျပင္ Sodium Chloride( Potassium (၂၀)ရာခိုင္နႈန္းကေန (၃၅)ရာခိုင္ႏႈန္းအထိ ပူးတြဲပါဝင္)ကိုထုတ္လုပ္ေပး ေလ့ရွိပါတယ္။ဒါကလည္း Potashနဲ႔ Sodium Chloride(ဆားၾကမ္း) ေတြဟာ ျဒပ္ေနွာတစ္ခုအျဖစ္ ပူးတြဲတည္ရွိေနလို႔ပါ။ ဒါေၾကာင့္ Potash တန္ခ်ိန္မ်ားစြာကိုထုတ္ယူလိုက္တိုင္း Sodium Chloride(ဆားၾကမ္း) တန္ခ်ိန္မ်ားစြာ ဟာ ေျမျပင္ေပၚမွာ စုပံုက်န္ရွိေနခဲ့ပါတယ္။

ဒီလိုနည္းနဲ႔ တျဖည္းျဖည္းစုပံုလာရာကေန နွစ္မ်ားစြာ ၾကာတဲ့အခါမွာေတာ့ ျမင္ေတြ႔ရတဲ့ အတိုင္း Monte Kaliေတာင္ဟာ ဆားေတာင္ၾကီး တစ္ခုအျဖစ္ အသြင္ ေျပာင္းသြားခဲ့ပါတယ္။ အတိအက်ဆိုရင္ေတာ့ Monte Kaliေတာင္ရဲ့ (၉၆)ရာခိုင္ႏႈန္း ေလာက္ဟာ ဆားၾကမ္းေတြ အျဖစ္တည္ရွိေနပါတယ္။

Monte Kaliဟာ ၁၉၇၃ ခုႏွစ္ကာလ ေလာက္ကတည္းက စတင္ျဖစ္ေပၚလာခဲ့တာျဖစ္ျပီး မူလက ေျမျပက္ထက္ မီတာ(၂၀၀)ေလာက္သာ ျမင့္ပါတယ္။ ဒါေပမဲ့ ေန႔စဥ္ ထုတ္လုပ္ တဲ့ Potashတန္ခ်ိန္မ်ားစြာကေန ပိုလ်ွံလာတဲ့ ဆားၾကမ္းေတြေၾကာင့္ (၂၀၁၄) ခုနွစ္၊ ဇန္နဝါရီမွာေတာ့ မူလစုပံုရာေနရာကေန (၉၀)hectares ေလာက္အထိကို ဆားၾကမ္း ေတြနဲ႔ ဖံုးလႊမ္းသြားခဲ့ပါတယ္။ အနီးစပ္ဆံုးအေနနဲ႔ Monte Kaliမွာ ဆားၾကမ္း တန္ခ်ိန္ သန္းေပါင္း(၁၈၈) သန္းေလာက္စုပံုေနတာျဖစ္ျပီး နွစ္စဥ္ ေနာက္ထပ္ ဆားတန္ခ်ိန္ (၆.၄) သန္းေလာက္စုပံုေရာက္ရွိေနခဲ့ပါတယ္။

Monte Kaliဟာ ဂ်ာမနီရဲ့အျခားျပည္နယ္တစ္ခုျဖစ္တဲ့ Thuringia နယ္စပ္နဲ႔ ထိစပ္လ်က္ရွိျပီး အလွပဆံုးေသာ (Natural View)တစ္ခုကိုလည္း ပိုင္ဆုိင္ထား ေသးပါတယ္။ ဒါကေတာ့ Monte Kali Towers နဲ႔ Kalimanjaro လို႔ေဒသခံေတြကသိၾကတဲ့ Monte Kali ေတာင္ထိပ္ေပၚကေန Heringen ျမိဳ႔အပါအဝင္ အရပ္ေလးမ်က္နွာက ပတ္ဝန္းက်င္ရႈခင္းေတြကို ရႈျမင္နုိင္တဲ့ေနရာ ျဖစ္ပါတယ္။

ပင္လယ္ေရမ်က္နွာျပင္အထက္ ေပေပါင္း(၁၇၄၀)ေလာက္ျမင့္မားတဲ့ အတြက္ ပတ္ဝန္း က်င္ရႈခင္းေတြကို အေပၚစီးကေနျမင္နိုင္ျပီး နွစ္စဥ္လာေရာက္လည္ပတ္သူ(၁၀၀၀၀) ေလာက္ရွိပါတယ္။ ဒါအျပင္ ကမာၻအရပ္ရပ္က လာေရာက္ေလ့လာသူမ်ားစြာဟာလည္း လာေရာက္လည္ပတ္ျပီး ဂ်ာမနီရဲ့ ဟိုတယ္နဲ႔ခရီးသြားလုပ္ငန္းကို တစ္ဖက္တစ္လမ္း ကေန အက်ိဳးျပဳေနတဲ့ ေဒသလည္း ျဖစ္ပါတယ္။

ဒါေပမဲ့ သဘာဝပတ္ဝန္းက်င္ရႈေထာင့္က ၾကည့္ရင္ေတာ့ ဒီေဒသရဲ့ ေဂဟ စနစ္တစ္ရပ္ လံုးဟာ Monte Kali ေၾကာင့္ အၾကီးအက်ယ္ ပ်က္စီးေနရျပီလည္း ျဖစ္ပါတယ္။ မ်ားစြာ ေသာဆားတန္ခ်ိန္မ်ားစြာဟာ ေဒသရဲ့ ေျမျပင္ေပၚမွာသာမက ေရထု၊ေျမထုနဲ႔ ေျမဆီလႊာထဲကိုပါ စိမ့္ဝင္ေနတာေၾကာင့္ ေျမဆီလႊာအပါအဝင္၊ျမစ္ေရနဲ႔ ေျမေအာက္ ေရေတြပါ ညစ္ႏြမ္းပ်က္စီးရပါတယ္။

ဒါအျပင္ Monte Kaliေဒသ တစ္ဝိုက္မွာရွိတဲ့ ေျမလႊာဟာ စိုက္ပ်ိဳးသီးနွံမ်ား ျဖစ္ထြန္းေအာင္ျမင္ေလ့မရွိပဲ ဆားငန္ဓာတ္ကို ခံနိုင္တဲ့ Halophyte လို အပင္မ်ိဳးေတြပဲ ေပါက္ေရာက္ရွင္သန္နိုင္ပါတယ္။ ဒါအျပင္ ဒီေဒသရဲ့ အနီးစပ္ဆံုးမွာတည္ရွိတဲ့ Werra ျမစ္ပါ မူလက ေရခ်ိဳသယံဇာတကို ထုတ္လုပ္ေပးနိုင္ ခဲ့ေပမယ့္ ယခုအခါမွာေတာ့ ညစ္ႏြမ္း ပ်က္စီးေနရျပီ ျဖစ္ပါတယ္။

VIDEO

———————

ဂျာမနီ က နာမည်ကျေ်ာ ဧရာမ ဆားတောင်ကြီး (unicode)

ဂျာမနီနိုင်ငံ၊ Hesse ဒေသအရှေဘက်ပိုင်းက Heringer မြို့မှာ တည်ရှိတဲ့ Monte Kali တောင်ကတော့  ထူးခြားတဲ့ ဝိသေသတွေကို ပိုင်ဆိုင်ထားတဲ့ တောင်တစ်ခု အဖြစ်ထင်ရှား ပါတယ်။ ဒေသခံတွေကတော့ ဂျာမန်ဘာသာနဲ့ Kalimanjaro (Potash ထွက်တဲ့အရပ်)လို့ခေါ်ကြတဲ့ Monte Kaliဟာ အလွန်ကြီးမားတဲ့ ဆားတောင်ကြီး တစ်ခုအဖြစ်တည်ရှိနေလို့ ဖြစ်ပါတယ်။

မူလက မီးတောင်တစ်ခု အနေနဲ့တည်ရှိတဲ့ Monte Kali ဟာ Potash တူးဖော် ရေးလုပ်ငန်းကိုကာလကြာ လုပ်ကိုင်ရာကနေတစ်ဆင့် ယခုလိုကြီးမားတဲ့ဆားတောင်ကြီး ဖြစ်လာခဲ့ပြီး ဆိုဒီယမ်ကလိုရိုကဒြပ်နှောတွေ ဖြစ်တဲ့ အိမ်သုံးဆားကြမ်းတန်ချိန်များစွာကို ထုတ်လုပ်ပေးပါတယ်။

လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာ အကြာကတည်းက တွင်းထွက်တစ်မျိုးဖြစ်တဲ့ Potash( ဓါတ်ပြာ) တူးဖော်ရေး လုပ်ငန်းဟာ ဒီဒေသရဲ့အဓိက စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပြီး ဂျာမနီနိုင်ငံရဲ့အကြီးဆုံး သတ္ထုတူးဖော်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Wintershall ကုမ္ပဏီကလည်း ဒီဒေသမှာ (၁၉၀၃)ခုနှစ်ကတည်းက Potash တူးဖော်ရေး လုပ်ငန်းကိုစတင်ဆောင်ရွက်ခဲ့တာဖြစ် ပါတယ်။ ယနေ့အချိန်မှာတော့ ဒီဒေသဟာ ဂျာမနီနိုင်ငံ တွင်းသာမက ကမ္ဘာပေါ်မှာ အကြီးဆုံး Potash တူးဖော်ရေးလုပ်ငန်းခွင်ဧရိယာဖြစ်လာခဲ့ပြီး မြူးနစ်မြို့ထက်တောင် ပိုမိုကျယ်ဝန်းနေခဲ့ပြီ ဖြစ်ပါတယ်။

Potash ဆိုတာကတော့ ဓာတုတွင်းထွက်ပစ္စည်းတစ်မျိုးဖြစ်ပြီး ပိုတက်ဆီယမ်ကွန်ပေါင်း နဲ့ ပိုတက်ဆီယမ်ကလိုရိုက်(KCL)အဓိက ပါဝင်ပါတယ်။ ယင်းကနေတစ်ဆင့် ရေတွင်ပျော်ဝင်နိုင်တဲ့ပိုတက်ဆီယမ် ပါဝင်တဲ့အိမ်သုံးဆားကိုထုတ်လုပ်နိုင်တဲ့ အပြင် ယနေ့အသုံးပြုနေကြတဲ့ ဖန်ထည်ပစ္စည်းတွေ၊ဆပ်ပြာတွေဟာလည်း Potash ဒြပ်စင်ကို အခြေခံပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

AD 500 လောက်ကတည်းက တီထွင်အသုံးပြုခဲ့ကြတယ်လို့ သိရပြီး Potashဟာ စက်မှုလုပ်ငန်းတွေအတွက် အလွန်အရေးပါတဲ့ဓာတုပစ္စည်းတစ်ခုဖြစ်ပါတယ်။ Potashကို(၁၄)ရာစုလောက်ကတည်းက အာဖရိကတိုက်က အီသီယိုးပီးယားနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာလည်း ဖြစ်ပြီး ကမ္ဘာ အရပ်ရပ်မှာ တူးဖော်ရရှိနိုင်ပါတယ်။ ယခုအချိန်မှာတော့ ရုရှား၊ကနေဒါ၊အမေရိကန် ပြည်ထောင်စု၊တရုတ်၊ဘီလာရုစ်၊အစ္စရေး၊ဂျော်ဒန်၊ချီလီ၊ဘရာဇီး အစရှိတဲ့နိုင်ငံတွေမှာ Potash ကိုအကြီးအကျယ် တူးဖော်ခြင်းတွေကို လုပ်ဆောင်နေပါပြီး Potash တူးဖော်တဲ့ မိုင်းတွင်းတစ်ခုဟာ ပျှမ်းမျှအား ဖြင့် မြေအောက်ကို ပေပေါင်း(၄၄၀၀)လောက် တူးရလေ့ရှိပါတယ်။

Potash မိုင်းတွင်းတွေဟာ Potash ဒြပ်စင်တွေအပြင် Sodium Chloride( Potassium (၂၀)ရာခိုင်နှုန်းကနေ (၃၅)ရာခိုင်နှုန်းအထိ ပူးတွဲပါဝင်)ကိုထုတ်လုပ်ပေး လေ့ရှိပါတယ်။ဒါကလည်း Potashနဲ့ Sodium Chloride(ဆားကြမ်း) တွေဟာ ဒြပ်နှောတစ်ခုအဖြစ် ပူးတွဲတည်ရှိနေလို့ပါ။ ဒါကြောင့် Potash တန်ချိန်များစွာကိုထုတ်ယူလိုက်တိုင်း Sodium Chloride(ဆားကြမ်း) တန်ချိန်များစွာ ဟာ မြေပြင်ပေါ်မှာ စုပုံကျန်ရှိနေခဲ့ပါတယ်။

ဒီလိုနည်းနဲ့ တဖြည်းဖြည်းစုပုံလာရာကနေ နှစ်များစွာ ကြာတဲ့အခါမှာတော့ မြင်တွေ့ရတဲ့ အတိုင်း Monte Kaliတောင်ဟာ ဆားတောင်ကြီး တစ်ခုအဖြစ် အသွင် ပြောင်းသွားခဲ့ပါတယ်။ အတိအကျဆိုရင်တော့ Monte Kaliတောင်ရဲ့ (၉၆)ရာခိုင်နှုန်း လောက်ဟာ ဆားကြမ်းတွေ အဖြစ်တည်ရှိနေပါတယ်။

Monte Kaliဟာ ၁၉၇၃ ခုနှစ်ကာလ လောက်ကတည်းက စတင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး မူလက မြေပြက်ထက် မီတာ(၂၀၀)လောက်သာ မြင့်ပါတယ်။ ဒါပေမဲ့ နေ့စဉ် ထုတ်လုပ် တဲ့ Potashတန်ချိန်များစွာကနေ ပိုလျှံလာတဲ့ ဆားကြမ်းတွေကြောင့် (၂၀၁၄) ခုနှစ်၊ ဇန်နဝါရီမှာတော့ မူလစုပုံရာနေရာကနေ (၉၀)hectares လောက်အထိကို ဆားကြမ်း တွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။ အနီးစပ်ဆုံးအနေနဲ့ Monte Kaliမှာ ဆားကြမ်း တန်ချိန် သန်းပေါင်း(၁၈၈) သန်းလောက်စုပုံနေတာဖြစ်ပြီး နှစ်စဉ် နောက်ထပ် ဆားတန်ချိန် (၆.၄) သန်းလောက်စုပုံရောက်ရှိနေခဲ့ပါတယ်။

Monte Kaliဟာ ဂျာမနီရဲ့အခြားပြည်နယ်တစ်ခုဖြစ်တဲ့ Thuringia နယ်စပ်နဲ့ ထိစပ်လျက်ရှိပြီး အလှပဆုံးသော (Natural View)တစ်ခုကိုလည်း ပိုင်ဆိုင်ထား သေးပါတယ်။ ဒါကတော့ Monte Kali Towers နဲ့ Kalimanjaro လို့ဒေသခံတွေကသိကြတဲ့ Monte Kali တောင်ထိပ်ပေါ်ကနေ Heringen မြို့အပါအဝင် အရပ်လေးမျက်နှာက ပတ်ဝန်းကျင်ရှုခင်းတွေကို ရှုမြင်နိုင်တဲ့နေရာ ဖြစ်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၁၇၄၀)လောက်မြင့်မားတဲ့ အတွက် ပတ်ဝန်း ကျင်ရှုခင်းတွေကို အပေါ်စီးကနေမြင်နိုင်ပြီး နှစ်စဉ်လာရောက်လည်ပတ်သူ(၁၀၀၀၀) လောက်ရှိပါတယ်။ ဒါအပြင် ကမ္ဘာအရပ်ရပ်က လာရောက်လေ့လာသူများစွာဟာလည်း လာရောက်လည်ပတ်ပြီး ဂျာမနီရဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းကို တစ်ဖက်တစ်လမ်း ကနေ အကျိုးပြုနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်ရှုထောင့်က ကြည့်ရင်တော့ ဒီဒေသရဲ့ ဂေဟ စနစ်တစ်ရပ် လုံးဟာ Monte Kali ကြောင့် အကြီးအကျယ် ပျက်စီးနေရပြီလည်း ဖြစ်ပါတယ်။ များစွာ သောဆားတန်ချိန်များစွာဟာ ဒေသရဲ့ မြေပြင်ပေါ်မှာသာမက ရေထု၊မြေထုနဲ့ မြေဆီလွှာထဲကိုပါ စိမ့်ဝင်နေတာကြောင့် မြေဆီလွှာအပါအဝင်၊မြစ်ရေနဲ့ မြေအောက် ရေတွေပါ ညစ်နွမ်းပျက်စီးရပါတယ်။

ဒါအပြင် Monte Kaliဒေသ တစ်ဝိုက်မှာရှိတဲ့ မြေလွှာဟာ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်လေ့မရှိပဲ ဆားငန်ဓာတ်ကို ခံနိုင်တဲ့ Halophyte လို အပင်မျိုးတွေပဲ ပေါက်ရောက်ရှင်သန်နိုင်ပါတယ်။ ဒါအပြင် ဒီဒေသရဲ့ အနီးစပ်ဆုံးမှာတည်ရှိတဲ့ Werra မြစ်ပါ မူလက ရေချိုသယံဇာတကို ထုတ်လုပ်ပေးနိုင် ခဲ့ပေမယ့် ယခုအခါမှာတော့ ညစ်နွမ်း ပျက်စီးနေရပြီ ဖြစ်ပါတယ်။

Leave a Reply