Thutazone
Friday, December 13, 2019
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂရိနိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
October 28, 2019
1 min read
0
ဂရိနိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ရေးသားသူ – ကောင်းစည်သူ(သုတအလင်း)

ဟယ်လင်းနစ်နိုင်ငံဟု တရားဝင်အမည်ရှိသည့် ဂရိနိုင်ငံသည် ဥရောပတိုက်တောင်ပိုင်းတွင်တည်ရှိပြီး သမိုင်းတစ်လျောက် Hellas ဟုလည်း ထင်ရှားခဲ့သည်။၂၀၁၆ ခုနှစ်စာရင်းများအရ လူဦးရေ ၁၁ သန်းနေထိုင်သည့် ဂရိနိုင်ငံတွင် အေသင်မြို့သည် အကြီးဆုံးနှင့် နိုင်ငံမြို့တော်ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၅၀၉၄၉ ကျယ်ဝန်းသည်။

ဂရိနိုင်ငံတည်နေရာသည် ဥရောပ၊ အာရှနှင့် အာဖရိက တိုက်တို့၏ ဆုံမှတ်ဖြစ်ပြီး ဘော်လ်ကန်ကျွန်းဆွယ် တောင်ဘက် အစွန်းနေရာ ဖြစ်၍ အနောက်မြောက်ဘက်တွင် အယ်လ်ဘေးနီးယားနိုင်ငံ၊ မြောက်ဘက်တွင် မက်ဆီဒိုးနားနှင့် ဘူဂေးရီးယား၊ အရှေ့ မြောက်ဘက်တွင် တူရကီနိုင်ငံတို့နှင့် ကုန်းမြေချင်း ထိစပ်နေသည်။ထို့အတူ အရှေ့ဘက်တွင် အေဂျီယမ်ပင်လယ်၊အနောက် ဘက် တွင် အိုင်အိုနီးယမ်းပင်လယ်၊ တောင်ဘက်တွင် ခရီတန်ပင်လယ်နှင့် မြေထဲပင်လယ်တို့ရှိသည်။

ဂရိနိုင်ငံသည် မြေထဲပင်လယ်တစ်လျောက် အရှည်လျားဆုံးကမ်းရိုးတန်းကို ပိုင်ဆိုင်ထားကာ ကမ္ဘာပေါ်တွင် ၁၁ ခု မြောက် ကမ်းရိုးတန်း အရှည်ဆုံးနိုင်ငံ(၈၄၉၈ မိုင်) အဖြစ် ရပ်တည်နေသည်။ထို့အတူ လူနေထိုင်သည့် ကျွန်းပေါင်း ၂၂၇ ကျွန်းရှိ သည်။ဂရိ နိုင်ငံ၏ ဧရိယာ ၈၀ ရာခိုင်နှုန်းသည် တောင်တန်းဒေသများဖြစ်၍ ၉၅၇၃ ပေမြင့်သည့် အိုလံပတ်စ်တောင်တန်းသည် အမြင့်ဆုံး ဖြစ် သည်။

ဂရိနိုင်ငံကို ဒီမိုကရေစီ၊ အနောက်တိုင်းဒဿန၊ အနောက်တိုင်းစာပေ၊သမိုင်း၊ နိုင်ငံရေးသိပ္ပံ၊ သင်္ချာပညာအစရှိသည့် အနောက်တိုင်း ယဉ်ကျေးမှုအခြေတည်ခဲ့သည့် နေရာအဖြစ်ယူဆကြသည်။ထို့အတူ ဂရိနိုင်ငံသည် အနောက်တိုင်းအနုပညာ ကဇာတ်များနှင့် အိုလံပစ်အားကစားတို့ သန္ဓေတည်ရာနေရာလည်းဖြစ်သည်။

ခရစ်တော်မပေါ်မီ ၈ ရာစုမှစ၍ ဂရိသည် လွတ်လပ်သော မြို့ပြနိုင်ငံ(Polis)များကို မြေထဲပင်လယ်နှင့် ပင်လယ်နက်ဒေသ များအထိစုစည်းခဲ့သည်။ မက်ဆီဒွန်မှ ဖိလစ်သည် ဘီစီ လေးရာစုတွင် ဂရိကုန်းမြေဒေသ အများစုကိုပေါင်းစုခဲ့ကာ သူ၏သား အလက် ဇန်းဒါးက ရှေးဟောင်းနယ်မြေအများစုကို အောင်နိုင်ခဲ့ပြီး ဂရိယဉ်ကျေးမှုနှင့် သိပ္ပံအတတ်များကို အိန္ဒိယနိုင်ငံအထိ ပျံ့နှံ့ စေခဲ့သည်။ သို့သော် ဘီစီ နှစ်ရာစုတွင် ရောမတို့က ဂရိကိုအနိုင်ရခဲ့သဖြင့် ဂရိသည် ရောမအင်ပါယာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။

ရောမ အင်ပါယာကို ဘိုင်ဇင်တိုင်းတို့ ဆက်ခံချိန်တွင် ဂရိတို့သည် ဘိုင်ဇင်တိုင်း အင်ပါယာအောက်သို့ရောက်ရှိခဲ့သော်လည်း ဂရိ ဘာသာ စကားနှင့်ယဉ်ကျေးမှုက အဓိကနေရာတွင်ရှိခဲ့သည်။ ၁၅ ရာစု အလယ်တွင် အော်တိုမန်အင်ပါယာ ပျက်စီးခဲ့ပြီး ဂရိသည် ၁၈၃၀ ပြည့်နှစ်တွင် လွတ်လပ်ရေးတိုက်ပွဲ ဆင်နွဲခဲ့ကာ ဂရိနိုင်ငံကို ထူထောင်ခဲ့သည်။ယူနက်စ်ကိုအဖွဲ့က အသိအမှတ်ပြုထားသည့် ရှေးဟောင်းအမွေအနှစ် ၁၈ ခုတည်ရှိ နေသည့် ဂရိ နိုင်ငံသည် ဥရောပတိုက်တွင် ယဉ်ကျေးမှု အမွေအနှစ် အများဆုံးနိုင်ငံဖြစ်ပေသည်။

ဂရိသည် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ကာ ဝင်ငွေမြင့်မားသောစီးပွားရေးနှင့်အတူ လူနေမှုအဆင့်မြင့် သည့် နိုင်ငံတစ်ခုဖြစ်သည်။ ကုလသမဂ္ဂကို ကနဦးထူထောင်သည့်နိုင်ငံများတွင်ပါဝင်ခဲ့သည့် ဂရိသည် အီးယူအဖွဲ့တွင် ဒသမမြောက် အဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည်။ ထို့အတူ များစွာသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများတွင်ပါဝင်လှုပ်ရှားလျက်ရှိပြီး ထူးခြားသည့် အမွေအနှစ်များကြောင့် ခရီးသွားလုပ်ငန်းကြီးမားတိုးတက်ခဲ့သည်။

ဂရိနိုင်ငံနှင့် လူမျိုးများ၏အမည်ကို ဘာသာစကား၊ နေရာဒေသနှင့် ယဉ်ကျေးမှုအပေါ်မူတည်လျက် ဟီလာစ် (Hellas)၊ အယ်လ်လာဒါ(Ellada)နှင့် ပိုလီတောနစ်(Polytonic) ဟုလည်း ခေါ်ဆိုကြသည်။အင်္ဂလိပ်တို့က ရောမများသုံးစွဲခဲ့သည့် လက်တင် ဘာသာစကား Graecia မှဆင်းသက်လာသည့် ဂရိတို့ နယ်မြေဟု အဓိပ္ပာယ်ရသည့်ဟူသည့် ဂရိ အမည်ကိုသုံးစွဲသည်။

ဂရိနိုင်ငံသမိုင်း

ဂရိဒေသတွင် ရှေးဦးလူသားများ အခြေချခဲ့သည့် အထောက်အထားသည် ခရစ်တော်မပေါ်မီ နှစ် ၂၇၀၀၀၀ က ဘော်လ် ကန်တောင်ပိုင်း၊ ပီထရာလိုနာဂူတွင် လူသားများနေထိုင်ခဲ့ခြင်းဖြစ်သည်။ ဂရိနိုင်ငံသည် ကျောက်ခေတ်ဟောင်း၊ကျောက်ခေတ်လယ် နှင့် ကျောက်ခေတ်သစ်သုံးခုလုံးကို ကျော်ဖြတ်ခဲ့ကာ ခရစ်တော်မပေါ်မီ နှစ် ၇၀၀၀ တွင် ကျောက်ခေတ်သစ်လူသားများသည် ဂရိ ဒေသတွင် အခြေချခဲ့ကြသည်။

ဂရိသည် ဥရောပတိုက်တွင် ပထမဆုံးယဉ်ကျေးမှု တိုးတက်ခဲ့သည့် ဒေသဖြစ်ကာ ဥရောပယဉ်ကျေးမှုမွေးဖွားခဲ့သည့် နေရာ ဟု ဆိုကြသည်။ဂရိနိုင်ငံသည် ဘီစီ ၃၂၀၀ ဝန်းကျင်တွင် Cycladic ယဉ်ကျေးမှု၊ ဘီစီ ၂၇၀၀ မှ ၁၅၀၀ အကြားတွင် Minoan ယဉ် ကျေးမှုနှင့် ဘီစီ ၁၉၀၀ မှ ၁၁၀၀ အကြားတွင် Mycenaean ယဉ်ကျေးမှုများ ထွန်းကားခဲ့သည်။ယင်းယဉ်ကျေးမှုကာလများတွင် ရှေးဟောင်း ဂရိစာပေ အရေးအသားများပေါ်ပေါက်နေခဲ့ပြီဖြစ်သည်။

Mycenaean ယဉ်ကျေးမှုသည် Minoan ယဉ်ကျေးမှုကို လွှမ်းမိုး ခဲ့ပြီး ဘီစီ ၁၂၀၀ ဝန်းကျင်တွင် ပြိုကွဲပျက်စီးခဲ့ကာ ဂရိယဉ်ကျေးမှု ကသောင်းကနင်းဖြစ်ခဲ့သည့် အချိန်ကို ဂရိအမှောင်ခေတ် (Greek Dark Ages) ကို ဟု ဆိုကြသည်။ အမှောင်ခေတ်၏ အဆုံးသတ်ခဲ့သည့် ဘီစီ ၇၇၆ ခုနှစ်တွင် ဂရိကျွန်းဆွယ်မှ ပင်လယ်နက်၊အီတလီနိုင်ငံတောင်ပိုင်းနှင့် အေရှ မိုင်းနားတွင် မြို့ပြနိုင်ငံများ ထွန်းကားလာခဲ့ပြီး ဂရိနိုင်ငံတွင် အိုလံပစ်ပစ်ပွဲတော်ကို ပထမဆုံးပြုလုပ်ခဲ့သည်။

ဂရိတို့၏ ဂန္ထဝင် စာပေများ ဖြစ်သည့် အီလိယက်(Illiad)နှင့်အော်ဒက်ဆီ(Odyssey) တို့ကို ၇ ရာစု သို့မဟုတ် ၈ ရာစုတွင်ရေးဖွဲ့ခဲ့သည်ဟု ယုံကြည် ကြသည်။ ယင်းမြို့ပြနိုင်ငံများမှ ဂန္ထဝင် ဂရိ ယဉ်ကျေးမှုများ အရှိန်အဟုန်ဖြင့် ထွန်းကားခဲ့ကာ ဘီစီ ၅၀၈ ခုနှစ်တွင် ဂရိတို့သည် အေသင်မြို့တွင် ဒီမိုကရေစီ အစိုးရတစ်ရပ်ကို ထူထောင်ခဲ့ကြသည်။ ဘီစီ ၅၀၀ ပြည့်နှစ်တွင် ပါရှန်အင်ပါရာသည် အေရှာမိုင်နားနှင့် မက်ဆီဒိုးနီးယားရှိ မြို့ပြနိုင်ငံများကို ချုပ်ကိုင်ထားနိုင်ခဲ့ သည်။အေရှာမိုင်နားရှိ ဂရိမြို့ပြနိုင်ငံများက ပါရှန်တို့ကို တော်လှန်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ဘဲ ပါရှန်တို့သည် ဘီစီ ၄၉၂ ခုနှစ်တွင် ဂရိကုန်းမြေကို ကျူးကျော် သိမ်းပိုက်ခဲ့ကြသည်။ သို့သော် ဘီစီ ၄၉၀ ပြည့်နှစ်တွံင် မာရသွန်တိုက်ပွဲဖြစ်ပွားပြီး ပါရှန်များ ဆုတ်ခွာခဲ့ကြပြီးနောက် ဘီစီ ၄၇၉ ခုနှစ်တွင် ပါရှန်တို့သည် ဥရောပမြေမှ အပြီးအပိုင် ထွက်ခွာခဲ့ကြရသည်။

အလက်ဇန်းဒါးသည်ဂရိတ်(Alexander the Great)၏ အောင်ပွဲများက ဟယ်လင်းနစ်ခေတ်ကို ဦးတည်စေခဲ့သည်။အလက် ဇန်းဒါးသည် ဘီစီ ၃၃၀ ပြည့်နှစ်တွင် ပါရှန်အင်ပါရာတစ်ခုလုံးကို အနိုင်ရခဲ့ကာ သမိုင်းတစ်လျောက် အကြီးမားဆုံးအင်ပါရာ အဖြစ် ပိုင်နက်နယ်မြေအကျယ်အဝန်းကို ဂရိမှ အိန္ဒိယအထိ ထူထောင်နိုင်ခဲ့ပြီး ဘီစီ ၃၂၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ဂရိများအတွင်း ညီညွတ်မှုမရှိသဖြင့် စစ်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည့်အနက် စပါတာတို့ အနိုင်ရခဲ့သော ဘီစီ ၄၃၁ ခုနှစ်မှ ၄၀၄ ခုနှစ်အထိဖြစ် ပွားခဲ့သည့် Peloponnesian စစ်ပွဲသည် ဆုံးရှုံးပျက်စီးမှု အများဆုံးဖြစ်ခဲ့သည်။အလက်ဇန်းဒါး ကွယ်လွန်ပြီးနောက် ပေါ်ထွန်းခဲ့သည့် Antigonid မင်းဆက်သည် ဘီစီ ၁၆၈ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။

ဘီစီ ၁၄၆ ခုနှစ်တွင် မက်ဆီဒိုးနားကို ရောမအင်ပါယာ၏ ပြည်နယ်တစ်ခုအဖြစ် သိမ်းပိုက်ခဲ့သည်။ ရောမအင်ပါယာသည် ၁၄၅၃ ခုနှစ်အထိ ရှည်ကြာခဲ့ကာ ၁၅ ရာစုအကုန်တွင် ဂရိနှင့် အေဂျီယန် ကျွန်းများသည် အော်တိုမန်တို့၏ လက်အောက်တွင်ရှိခဲ့သည်။ ၁၆ ရာစုနှင့် ၁၇ ရာစုသည် ဂရိတို့၏ အမှောင်ကာလများဖြစ်ခဲ့ကာ ၁၈၃၀ ပြည့်နှစ်တွင် လန်ဒန် သဘောတူညီချက်အရ ဂရိနိုင်ငံကို အသိအမှတ်ပြုခဲ့သည်။

ဂရိ ပထဝီဝင်

ဥရောပိုက်၏ တောင်ဘက်အဖျားတွင်တည်ရှိသည့် ဂရိသည် ဥရောပတိုက်တွင် တောင်တန်းများ အထူထပ်ဆုံးနိုင်ငံဖြစ်ကာ ပင်လယ်ကမ်းရိုးတန်း ၈၄၉၈ မိုင်နှင့် ကုန်းပိုင်း နယ်စပ် ၇၂၁ မိုင်ရှိသည်။ ဂရိနိုင်ငံရှိ အိုလံပတ်စ်တောင်သည် ၉၅၇၃ ပေမြင့်ကာ ဒဏ္ဍာရီများအရ ဂရိနတ်ဘုရားများပျော်စံခဲ့သည့် နေရာဖြစ်သည်။ နိုင်ငံ၏ အနောက်ပိုင်းတွင် ရေအိုင်များနှင့် ရေတိမ်ဒေသများရှိသည်။

အေဂျီယန်ကျွန်းများသည် ပင်လယ်ရေပြင်အောက်ရှိ တောင်များ ၏ ထိပ်များဖြစ်ကာ ဂရိကုန်းမြေနှင့် ဆက်နေကြသည်။ ယင်းကျွန်းများသည် ၁၂၀၀ မှ ၆၀၀၀ အတွင်းရှိနေကြပြီး ကျွန်း ၂၂၇ ကျွန်း ပေါ်တွင်လူများနေထိုင်ကြရာ Crete ကျွန်းသည် အကြီးဆုံးနှင့် နေထိုင်သူ လူဦးရေ အများဆုံးဖြစ်သည်။ ဂရိနိုင်ငံ၏ ရာသီဥတုသည် မြေထဲပင်လယ်ရာသီဥတုဖြစ်ကာ သမပိုင်းရာသီဥတုရှိပြီး ဆောင်းရာသီတွင် စိုစွတ်ထိုင်းမှိုင်း၍ နွေရာသီတွင် ခြောက်သွေ့ပူလောင်သည်။

တောင်တန်းများ ထူထပ်သည့် အနောက်မြောက်ပိုင်းနေရာများတွင် နှင်းခဲများ ထူထပ်စွာ ကျလေ့ရှိသည်။ယင်းနေရာများတွင် နှစ်စဉ် နှင်းများထူထပ်စွာကျလေ့ရှိသည်။ ကမ္ဘာ့ သဘာ၀ ရံပုံငွေအဖွဲ့(WWFN) နှင့် ဥရောပ ပတ်ဝန်းကျင် အေဂျင်စီ(EEA) တို့၏ သတ်မှတ်ချက်အရ ဂရိနိုင်ငံတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေ ခြောက်ခု ပိုင်းခြားထားသည်။

နိုင်ငံရေး၊ စစ်ရေး၊စီးပွားရေး

ဂရိနိုင်ငံသည် လွှတ်တော် တစ်ရပ်သာ ရှိသည့် ပြည်ထောင်စုနိုင်ငံဖြစ်ကာ နိုင်ငံအကြီးအကဲဖြစ်သည့် သမ္မတကို လွှတ် တော်က ရွေးချယ်ပြီး သက်တမ်းငါးနှစ် တာဝန်ထမ်းဆောင်ရသည်။လက်ရှိ ဂရိနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ၁၉၇၅ ခုနှစ်တွင် အတည်ပြုခဲ့ကာ သုံးကြိမ်ပြင်ဆင်ခဲ့သည်။ဥပဒေတွင် ပုဒ်မ ၁၂၀ ပါရှိ၍ အုပ်ချုပ်ရေး၊ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင် သုံးရပ်ကို ကျင့်သုံးသည်။ သမ္မတသည် အုပ်ချုပ်ရေး အာဏာကို ကျင့်သုံးသည်ဆိုသော်လည်း အစိုးရအဖွဲ့ အကြီးအကဲဖြစ်သည့် ဝန်ကြီးချုပ်သည် နိုင်ငံရေး အာဏာများကို ပိုင်ဆိုင်သည်။ဝန်ကြီးချုပ်ကို သမ္မတက ခန့်အပ်ရပြီး ဝန်ကြီးချုပ်၏ ထောက်ခံမှုအရ သမ္မတသည် ဝန်ကြီး များကို ခန့်ထားခြင်း၊ ထုတ်ပယ်ခြင်းတို့ကို ဆောင်ရွက်သည်။

ဥပဒေပြုရေး အာဏာကို အဖွဲ့ဝင် ၃၀၀ ပါရှိသည့် လွှတ်တော်က ကျင့်သုံးသည်။ လွှတ်တော် ရွေးကောက်ပွဲများကို လေးနှစ် တစ်ကြိမ်ပုံမှန်ကျင်းပသော်လည်း သမ္မတသည် အစိုးရအဖွဲ့၏ တင်ပြမှုအရ လွှတ်တော်ကို သက်တမ်းမစေ့မီ ဖျက်သိမ်းနိုင်သည်။ ဂရိနိုင်ငံ၏ လက်ရှိ သမ္မတသည် Prokopis Pavlopoulos ဖြစ်ပြီး ဝန်ကြီးချုပ်သည် Alexis Tsipras ဖြစ်သည်။ တရားစီရင်ရေးအာဏာကို ဗဟို တရားရုံးသုံးခုက ကျင့်သုံးသည်။ဟယ်လင်းနစ် ရဲတပ်ဖွဲ့သည် ဂရိနိုင်ငံ၏အမျိုးသား ရဲ တပ်ဖွဲ့ဖြစ်သည်။ဂရိရဲတပ်ဖွဲ့ကို ၁၉၈၄ ခုနှစ်တွင် ထူထောင်ခဲ့ပြီး မော်တော်ယာဉ် ကြောပိတ်ဆို့မှု မှသည် အကြမ်းဖက်မှုများ ကို ကာကွယ်သည့်လုပ်ငန်းအထိ တာဝန်ယူကြရသည်။

ဂရိနိုင်ငံ၏ ကာကွယ်ရေးကို ကြည်း၊ရေ၊ လေ တပ်မတော်က တာဝန်ယူသည်။ယင်းတပ်သုံးခုအပြင် ကမ်းခြေစောင့်တပ်ကို ဖွဲ့စည်းကာ ပင်လယ်ပြင်ကို စောင့်ရှောက်လျက်ရှိသည်။ ဂရိတပ်မတော်တွင် အမြဲတမ်း တပ်ဖွဲ့ဝင် ၁၄၂၉၅၀ ဦး နှင့် အရံတပ်ဖွဲ့ဝင် ၂၂၀၅၀၀ ဦး ရှိသည်။အသက် ၁၉ နှစ်မှ ၄၅ နှစ် အရွယ်နိုင်ငံသားများသည် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် တပ်မတော်သို့ ဝင်ကြရကာ ဂရိတပ်မတော်သည် နိုင်ငံတပ်မတော်တွင် နိုင်ငံသားများ တာဝန်ထမ်းဆောင်ရမှု အများဆုံးနိုင်ငံများတွင် အဆင့် ၁၅ ဖြစ်သည်။သို့သော် ကြည်းတပ်တွင် တာဝန်ထမ်းဆောင် ရသည့် သက်တမ်းသည် တစ်နှစ်ပြီး ရေတပ်နှင့် လေတပ်တွင် ကိုးလသာ ဖြစ်သည်။

နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သဖြင့် ဂရိသည် နေတိုးအဖွဲ့၏ စစ်ရေးလေ့ကျင့်မှုများနှင့် တပ်စွဲမှုများတွင်ပါဝင်ခဲ့သည်။နှစ်စဉ် စစ်အသုံးစရိတ်ကို GDP ၏ ၂ ဒသမ ၃ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန် ဒေါ်လာ ၇ ဘီလျံသုံးစွဲသည့် ဂရိသည် ကမ္ဘာပေါ်တွင်စစ် စရိတ် သုံးစွဲမှု အမြင့်ဆုံး အဆင့် ၂၄ နိုင်ငံဖြစ်သည်။ ဂရိနိုင်ငံသည် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်အသက်ဝင်ခဲ့သည့် ပြုပြင်ရေးအစီအစဉ်အရ မြူနီစီပါယ် အုပ်ချုပ်ခွင့် ရ ဒေသ ၃၂၅ ခုကို စုစည်းထားသည့် ဒေသကြီး ၁၃ ခု ဖြင့် ဖွဲ့စည်းသည်။

၂၀၁၃ ခုနှစ် ကမ္ဘာ့ဘဏ်စာရင်းများအရ ဂရိနိုင်ငံသည် အသားတင် ထုတ်ကုန်တန်ဘိုး အမေရိကန်ဒေါ်လာ ၂၄၂ လီလျံရှိ ကာ ကမ္ဘာ့စီးပွားရေးကောင်းမွန်မှုအဆင့် ၄၃ နေရာတွင်ရပ်တည်လျက်ရှိသည်။ပြည်သူတစ်ဦးချင်းဝင်ငွေသည် GDP အချိုးအရ အမေရိကန် ဒေါ်လာ ၂၁၉၁၀ ရှိသဖြင့် ဝင်ငွေမြင့်မားသောနိုင်ငံဖြစ်ပေသည်။နိုင်ငံ၏ စီးပွားရေးသည် ဝန်ဆောင်မှု ၈၀ ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်း ၁၂ ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေးလုပ်ငန်း ၃ ရာခိုင်နှုန်းဖြစ်သည်။

စိုက်ပျိုးရေး လုပ်ငန်းတွင် ဝါဂွမ်းကို အဓိက စိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ ၂၀၁၀ ပြည့်နှစ်တွင် တန်ချိန် ၁၈၃ ၈၀၀ ထုတ်လုပ်နိုင်ခဲ့ကာ ဥရောပ သမဂ္ဂနိုင်ငံများတွင် ဝါဂွမ်းအများဆုံး ထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်လာခဲ့သည်။ဆန်စပါးသည် ဂရိနိုင်ငံ၏ ဒုတိယ ထုတ်လုပ်မှု အများဆုံး စိုက်ပျိုးရေး လုပ်ငန်းဖြစ်ပေသည်။ နိုင်ငံ၏ အရေးပါသော စီးပွားရေး လုပ်ငန်းသည် ခရီးသွားလုပ်ငန်းဖြစ်ကာ ၂၀၀၉ ခုနှစ်တွင် ဂရိနိုင်ငံသို့ ခရီးသွား ၁၄ ဒသမ ၉ သန်းလာရောက်ခဲ့သည်။ကမ္ဘာ့ကုန်သွယ်ရေကြောင်း လိုင်း ၁၆ ဒသမ ၂ ရာခိုင်နှုန်းသည် ဂရိ နိုင်ငံတွင် မှတ်ပုံတင်ထားသည့် လိုင်းများဖြစ်ကြသည်။

သို့တိုင်အောင် လူငယ်အလုပ်လက်မဲ့နှုန်းသည် ၂၀၁၇ ခုနှစ်တွင် ၂၁ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မတ်လတွင် ၄၂ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးမြင့်လာသဖြင့် စိုးရိမ်ဖွယ်အဆင့်သို့ရောက်လာခဲ့သည်။ ၂၀၁၁ ခုနှစ် မေလ ၂၅ ရက်တွင် ဘဏ္ဍာရေး အကျပ်အတည်း ပြဿနာများကြောင့် ပြည်သူများဆန္ဒပြခဲ့ကြသော်လည်း အစိုးရက ပြည်ပနိုင်ငံများ၏ ဘဏ္ဍာရေး အကူအညီများဖြင့် ကြွေးမြီ ပြဿနာများကို ဖြေရှင်းပေးနိုင်ခဲ့သည်။

အထွေထွေ

ဂရိနိုင်ငံ၏ လျှပ်စစ်လိုအပ်ချက် ၁၂ ရာခိုင်နှုန်းကို ရေအားလျှပ်စစ်မှရယူ၍၂၀ ရာခိုင်နှုန်းကို သဘာ၀ ဓာတ်ငွေ့မှ ရယူ သည်။ဆက်သွယ်ရေး ကွန်ရက်တွင် ဖန်ကြိုးမျှင်ကေဘယ်လ်ကြိုး ၂၁၇၈၄ မိုင် ရှိကာ နိုင်ငံလူဦးရေ၏ ၈၂ ရာခိုင်နှုန်းသည် အင်တာနက်ကို သုံးစွဲလျက်ရှိကြသည်။ သုတေသန ဖွံ့ဖြိုးရေး အတွက် ယူရိုငွေ ၄၅၆ ဒသမ ၃၇ သန်းသုံးစွဲကာ နိုင်ငံစုံမှ Ericsson ၊Siemens ၊Coca-Cola အစရှိသည့် ကုမ္ပဏီများကလည်း ဂရိနိုင်ငံတွင်အခြေစိုက်၍ သုတေသန လုပ်ငန်းများဆောင်ရွက်နေကြသည်။

ဂရိနိုင်ငံ၏ လူဦးရေသည် ၂၀၁၁ ခုနှစ်တွင် ၁၀၈၁၆၂၈၆ ဦးဖြစ်၍ မွေးဖွားမှုနှုန်းသည် လူ ၁၀၀၀ တွင် ၉ ဒသမ ၅ ယောက် ဖြစ်သည်။သေဆုံးမှုနှုန်းက လူ ၁၀၀၀ တွင် ၉ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သဖြင့် လူဦးရေ မတိုးနိုင်သည့် အနေအထားဖြစ်နေပေသည်။ ခန့်မှန်းချက်များက ဂရိနိုင်ငံ တွင်၂၀၁၆ ခုနှစ်တွင် မွေးဖွားနှုန်းသည် လူ ၁၀၀၀ တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိကျဆင်းကာ သေဆုံးမှုသည် ၁၁ ဒသမ၂ ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်ဟု ဆိုထားပေသည်။

ပြည်သူများကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားသော်လည်း လူဦးရေ ၉၇ ရာခိုင်နှုန်းသည် Eastern Orthodoxy ခရစ်ယာန်ဘာသာ ကို ကိုးကွယ်ကြသည်။ဂရိနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျန်းမာရေးစောင့်ရှောက်မှုအကောင်းဆုံးအဆင့် ၁၉ နေရာတွင်ရှိကာ ဆေးရုံ ၁၃၈ ရုံ (ကုတင် ၃၁၀၀၀) ရှိသည်။ အားကစားကဏ္ဍတွင် ဂရိနိုင်ငံသည် အိုလံပစ်အားကစား အစပြုခဲ့သည့် နေရာဖြစ်ကာ အိုလံပစ်ပွဲတော် နှစ်ကြိမ်(၁၈၉၆ နှင့် ၂၀၀၄) ကို အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခဲ့သည်။ဂရိဘောလုံးအားကစားသည် ကမ္ဘာ့အဆင့် ၁၂ ရှိကာ၂၀၀၄ ခုနှစ်တွင် ဥရောပ ချန်ပီယံ ဆုဖလားကို ရရှိခဲ့သည်။

အနောက်တိုင်းယဉ်ကျေးမှု အခြေတည်ရာ ဂရိနိုင်ငံသည် များပြားလှသော ရှေးဟောင်းအမွေအနှစ်များနှင့်အတူ ကမ္ဘာ့ အလယ်တွင်ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုး တက်သောနိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက်ရှိနေပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ် စက်တင်ဘာလထုတ် သုတအလင်းမဂ္ဂဇင်းမှ

Tags: countries
Next Post
အင်းဝခေတ် အလှထွဋ်ခေါင် မိဖုရားစောဥမ္မာ

အင်းဝခေတ် အလှထွဋ်ခေါင် မိဖုရားစောဥမ္မာ

Discussion about this post

Trending

ခရစ်စမတ်ပွဲတော်အတွက် စစ်ပွဲကို ခေတ္တရပ်နားခဲ့တဲ့ လွန်ခဲ့တဲ့နှစ်(၁၀၀) ကျော်ကဖြစ်ရပ်
History

ခရစ်စမတ်ပွဲတော်အတွက် စစ်ပွဲကို ခေတ္တရပ်နားခဲ့တဲ့ လွန်ခဲ့တဲ့နှစ်(၁၀၀) ကျော်ကဖြစ်ရပ်

by Thutamm
December 13, 2019
ဂမ်ဘီယာနိုင်ငံ အကြောင်း သိကောင်းစရာ 
Knowledge

ဂမ်ဘီယာနိုင်ငံ အကြောင်း သိကောင်းစရာ 

by Thutamm
December 11, 2019
မြန်မာပြည်ကို ရောက်ခဲ့ဖူးတဲ့ အီသီယိုးပီးယားဘုရင်
Knowledge

မြန်မာပြည်ကို ရောက်ခဲ့ဖူးတဲ့ အီသီယိုးပီးယားဘုရင်

by Thutamm
December 11, 2019
ဆာယာယေဗိုမြို့က ရိုမီယို နဲ့ ဂျူးလိယက် 
Amazing

ဆာယာယေဗိုမြို့က ရိုမီယို နဲ့ ဂျူးလိယက် 

by Thutamm
December 11, 2019
ရန်ကုန် တက္ကသိုလ်၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနား 
History

ရန်ကုန် တက္ကသိုလ်၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနား 

by Thutamm
December 9, 2019

သုတဇုန် ဆိုတာ

သုတဇုန်စာမျက်နှာသည် ထူးထူးဆန်းဆန်းအကြောင်းများ ၊ သုတရသ ဗဟုသုတများ ၊ ရှေးဟောင်းနှောင်းဖြစ်သမိုင်းများ ၊ အသုံးဝင်အချက်အလက်များ ၊ စိတ်ခွန်အားပေးစာစုများ စသည့်အကြောင်းအရာများကို သီးသန့် တင်ဆက်ပေးနေသော စာမျက်နှာဖြစ်ပါတယ်။ ဗဟုသုတအကြောင်းအရာများကို အလွယ်တကူ သိချင် ဖတ်ချင်သူမိတ်ဆွေများအတွက် ကြိုးစားတင်ဆက်ပေးနေပါတယ်။

Tags

amazing ancient knowledge animals buddhism buddhism monk chemistry cities countries facts feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places plants rivers science science knowledge Sport Sport people story successful tech thinking tips to know world actors world actress world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • no
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook
  • About Us
  • Contact Us
  • Home
  • Privacy Policy

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

 

Null