ေခြးတူ၀က္တူ ဆုိတာ

Posted on

ေခြးတူ၀က္တူ(Badger) သည္ ေႁမြပါၿမီးတို အသားစားႏုိ႔တုိက္တြားသြားတိရစာၦန္မ်ဳိးႏြယ္ထဲတြင္ပါ၀င္ၿပီး မ်ဳိးစိတ္ေပါင္း 9 ခုခန္႔ရွိသည္။ ၎တုိ႔မွာ ၁။ Honey badger (Mellivora capensis)   ၂။American badger (Taxidea taxus)   ၃။European badger (Meles meles)   ၄။Asian badger (Meles leucurus)   ၅။Japanese badger (Meles anakuma)   ၆။Chinese ferret-badger (Melogale moschata)   ၇။ Burmese ferret-badger (Melogale personata)   ၈။Javan ferret-badger (Melogale orientalis)  ႏွင့္ ၉။Bornean ferret-badger (Melogale everetti) တုိ႔ျဖစ္သည္။ အာရွ ၊ ဥေရာပ ၊ အာဖရိက ႏွင့္ ေျမာက္အေမရိကေဒသမ်ားတြင္ အမ်ားဆုံးေတြ႔ရတတ္သည္။

ေခြးတူဝက္တူဟူေသာ အမည္ကပင္ ထိုတိရစၧာန္မ်ိဳး၏ ပုံပန္းသဏၭာန္ကို ေဖာ္ျပလ်က္ ရွိေပသည္။ ဝက္ဝံႏွင့္လည္း ဆင္တူ၏။ ေခြးတူဝက္တူသည္ လူကို ရန္မမူဘဲ ေအးေအးပင္ ေနေလ့ရွိသည္။ သို႔ေသာ္ သားစားတိရစၧာန္မ်ိဳး ျဖစ္သည့္ အတိုင္း တိရစၧာန္ငယ္ကေလးမ်ားကို ဖမ္းဆီးသတ္ျဖတ္၍ စားတတ္သည္။

ယင္းတို႔၏ ကိုယ္မွာ ထူးျခားစြာ က်ယ္ျပန္႔ ျပားခ်ပ္၍ ႏွာဖ်ားမွ အၿမီးအထိ ၂ ေပ၊ ၂ ေပခြဲခန္႔ ရွည္သည္။ ႏႈတ္သီးခၽြန္ေသာ ဦးေခါင္းႏွင့္ အၿမီးတိုကေလး တို႔သည္ ခပ္ျပားျပားပင္ ျဖစ္သည္။ ေျခလက္မ်ားမွာ အလြန္ သန္၍ မာေက်ာခၽြန္ထက္ေသာ ေျခသည္းလက္သည္းရွည္ႀကီး မ်ား ပါရွိသျဖင့္ ေျမတူးအလြန္ က်င္လ်င္သည္။

သို႔ေသာ္ ဖားလ်ားက်ေနေသာ အေမြးရွည္မ်ားက ေျခလက္တို႔ကို ဖုံးအုပ္ ထားသည့္အတြက္ လမ္းသြားေနစဥ္ၾကည့္လၽွင္ ဝမ္းပိုက္ျဖင့္ ကပ္၍ သြားေနသေလာဟု ထင္ရသည္။ အေရာင္မွာ ကိုယ္တြင္ မီးခိုး ေရာင္ျဖစ္၍ ေျခလက္၊ လည္ပင္းႏွင့္ ရင္ဘတ္ ဝမ္းဗိုက္ တို႔တြင္ မည္းသည္။ တစ္နာရီလွ်င္ ၁၉မုိင္ အျမန္ႏႈန္းႏွင့္ ေျပးႏုိင္သည္။

မ်က္ႏွာတြင္မူ အနက္ေရာင္ ေအာက္ခံ၌ ႏွာတံေပၚတြင္ အျဖဴစင္းတစ္ေၾကာင္း၊ ပါးတစ္ဖက္တစ္ခ်က္ တြင္ တစ္ေၾကာင္းစီ အျဖဴစင္း သုံးေၾကာင္း ပါရွိေသာေၾကာင့္ တစ္နည္းအားျဖင့္ ရယ္စရာ ေကာင္းသည္။

ေခြးတူဝက္တူသည္ လူသူကို ေၾကာက္႐ြံ႕တတ္၍ ေန႔ဖက္၌ တြင္းေအာင္းကာ ညဖက္တြင္သာ အစာရွာ ထြက္တတ္သည့္ အတိုင္း ယင္းတို႔ကို ျမင္ဖူးသူမ်ား ရွားသည္။ ေခြးတူဝက္တူ သည္ ဖြတ္၊ ပုတတ္၊ ပုရစ္၊ ႏွံေကာင္၊ ေျမႂကြက္၊ ရွဥ့္ စေသာအေကာင္မ်ားကိုလည္းေကာင္း၊ ေျမႀကီးေပၚ၌ အသိုက္ လုပ္ ေနထိုင္တတ္ေသာ ငွက္ႏွင့္ ငွက္ဥမ်ားကိုလည္းေကာင္း၊ လိုက္လံရွာေဖြ၍ စားေသာက္ေလ့ရွိသည္။ သစ္ဥသစ္ဖုမ်ား ကိုလည္း စားသည္။

ဝက္ဝံနည္းတူ ပ်ားရည္ကို အလြန္ ႏွစ္သက္သည့္အတိုင္း ပ်ားအုံမ်ားကို ပ်ားတုပ္ခံကာ ဖ်က္ဆီး စားေသာက္ေလ့ရွိသည္။ ပ်ားတုပ္ေသာ္လည္း အေမြးရွည္တို႔ ေၾကာင့္ မနာက်င္ေပ။ နက်ယ္အိမ္မ်ားကိုလည္း ဖ်က္ဆီး၍ အတြင္းရွိပိုးေကာင္ကေလးမ်ားကို စားေသာက္ေလ့ရွိသည္။

လူသံသူသံၾကားလၽွင္ ျဖစ္ေစ၊ ရန္သူႏွင့္ေတြ႕လၽွင္ျဖစ္ေစ ေခြးတူဝက္တူသည္ တြင္းထဲသို႔ ဝင္ေျပးတတ္သည္။ တြင္းသို႔ ေရာက္ေအာင္ မေျပးႏိုင္ပါက လ်င္ျမန္စြာ တြင္းေဖာ္၍ ပုန္း ေအာင္းတတ္သည္။ သို႔တည္းမဟုတ္ ကိုယ္ေအာက္သို႔ ဦးေခါင္းႏွင့္ ေျခလက္တို႔ကို သြင္းကာ ေျမႀကီးေပၚမွာပင္ ျပားျပားဝပ္ခ်လိုက္တတ္သည္။ ထိုသို႔ဝပ္ေနစဥ္ ၾကည့္လိုက္ပါက ေက်ာက္ခဲေက်ာက္တုံးမ်ားႏွင့္ပင္ အျမင္မွားေလာက္ေပသည္။

ေျမေခြး ႏွင့္ ေခြးတူ၀က္တူ တုိ႔ရဲ႕တုိက္ပြဲ ဗီဒီယုိ

ေခြးတူ ဝက္တူသည္ လူသူကို ေၾကာက္႐ြံ႕တတ္ေသာ္လည္း ေျပးမလြတ္ေသာအေျခအေနမ်ိဳးႏွင့္ ႀကဳံႀကိဳက္ေသာအခါတြင္မူ ရန္သူကို သတၱိေကာင္းစြာျဖင့္ သဲသဲမဲမဲ ျပန္လည္ခုခံတတ္ သည္။ သူ၏မာေက်ာခၽြန္ထက္ေသာ ေျခသည္း လက္သည္း တို႔သည္ ရန္သူ၏အသားအေရကို စုတ္ျပတ္သြားေအာင္ ကုတ္ဖဲ့ႏိုင္၍ သူ၏ခိုင္မာသန္စြမ္းေသာ ပါးေစာင္ျဖင့္လည္း ေခြးဘီလူးတို႔ကဲ့သို႔ မလႊတ္တမ္း ကိုက္ခဲထားႏိုင္သည္။သူတုိ႔၏ အဓိကရန္သူမ်ားမွာ ၀ံပုေလြ ၊ ၀က္၀ံ ၊ ေတာေၾကာင္တုိ႔ျဖစ္သည္။

ေခြးတူဝက္တူတစ္ေကာင္ သည္ ေခြး ၄၊ ၅၊ ၆ ေကာင္ႏွင့္ ဖက္ၿပိဳင္တိုက္ခိုက္ႏိုင္၏။ ထို႔ေၾကာင့္ အဂၤလန္ျပည္တြင္ ေရွးက ေခြးတူ ဝက္တူတစ္ေကာင္ကို စည္တစ္ခု၌ထည့္၍ ျပင္ဖက္မွ ေခြးမ်ားႏွင့္ တိုက္ခိုက္ဆြဲထုတ္ေစေသာ ကစားနည္း တစ္မ်ိဳး အလြန္ေခတ္စားခဲ့ဘူးရာ၊ ၁၈၅ဝ ျပည့္ႏွစ္သို႔ေရာက္မွ ဥပေဒ ျဖင့္ တားျမစ္၍ ေပ်ာက္ကြယ္သြားေလသည္။

ဒုတိယကမာၻစစ္အတြင္းက ဥေရာပေခြးတူ၀က္တူမ်ားကို အဓိကအစားအစာရင္းျမစ္အျဖစ္ စားသုံးခဲ့ၾကသည္။ ရုရွားႏုိင္ငံ၏ အခ်ဳိ႕ေဒသမ်ားတြင္ ယခုထက္တုိင္ စားေနၾကေသးသည္။

ေခြးတူ၀က္တူ မ်ဳိးစိတ္အမ်ားစုသည္ အစုအဖြဲ႔ႏွင့္ ေနထုိင္တတ္ၾကသည္။ တစ္ဖြဲ႔လွ်င္ ၂ ေကာင္မွ ၁၅ေကာင္ အထိ ရွိတတ္သည္။ အေမရိကန္ ေခြးတူ၀က္တူမ်ားမွာမူ အၿမဲလုိလိုတစ္ေကာင္တည္း ေနေလ့ရွိသည္။

ေခြးတူဝက္တူသည္ အမသည္ တစ္ခါကုိယ္၀င္ေဆာင္လွင္ ၇ပတ္မွ ၈ပတ္ အထိၾကာျမင့္သည္။ တစ္ႀကိမ္လၽွင္ သား ၁ ေကာင္မွ ၆ ေကာင္အထိ ေမြးသည္။ အေကာင္ကေလးမ်ား သည္ တြင္း(သုိ႔) အသိုက္ထဲတြင္ေနကာ ၈ပတ္ခန္႔ မိခင္ရွာေကၽြးေသာ အစာကို စားေသာက္ေန ၿပီးေသာ္ ကိုယ္တိုင္ အစာရွာေဖြစားေသာက္ႏိုင္ၾကသည္။ အရြယ္ေရာက္ခ်ိန္မွာ ၁၂လမွ ၁၈လ အတြင္းျဖစ္သည္။ ေခြးတူ၀က္တူ တစ္ေကာင္၏ သက္တမ္းမွာ အမ်ုိးအစားအလုိက္ ၁၀ႏွစ္မွ ၂၄ႏွစ္ အထိ ရွိတတ္သည္။

ေခြးတူဝက္တူတြင္ ဆိုး႐ြားေသာ ကိုယ္နံ႔ရွိသည္။ ယင္းတို႔၏ အသားကိုလည္း စားေလ့မရွိေခ်။ သို႔ေသာ္ ထူထဲေသာသားေမြး မွာ အဖိုးတန္၍ အေမြးအမၽွင္မ်ားမွာမူ ပန္းခ်ီေရး စုတ္တံႏွင့္ မုတ္ဆိတ္ဗ႐ြတ္မ်ား ျပဳလုပ္ရာတြင္ အသုံးဝင္သည္။ ထုိ႔ေၾကာင့္လည္း မုဆုိးတုိ႔က ဒီတိရစာၦန္မ်ားကို အဓိကထား၍ အမဲလုိက္္ၾကျခင္းျဖစ္သည္။

Myanmar Wikipedia
Soft School Facts

————————

ခွေးတူဝက်တူ ဆိုတာ (unicode)

ခွေးတူဝက်တူ(Badger) သည် မြွေပါမြီးတို အသားစားနို့တိုက်တွားသွားတိရစ္ဆာန်မျိုးနွယ်ထဲတွင်ပါဝင်ပြီး မျိုးစိတ်ပေါင်း 9 ခုခန့်ရှိသည်။ ၎င်းတို့မှာ ၁။ Honey badger (Mellivora capensis)   ၂။American badger (Taxidea taxus)   ၃။European badger (Meles meles)   ၄။Asian badger (Meles leucurus)   ၅။Japanese badger (Meles anakuma)   ၆။Chinese ferret-badger (Melogale moschata)   ၇။ Burmese ferret-badger (Melogale personata)   ၈။Javan ferret-badger (Melogale orientalis)  နှင့် ၉။Bornean ferret-badger (Melogale everetti) တို့ဖြစ်သည်။ အာရှ ၊ ဥရောပ ၊ အာဖရိက နှင့် မြောက်အမေရိကဒေသများတွင် အများဆုံးတွေ့ရတတ်သည်။

ခွေးတူဝက်တူဟူသော အမည်ကပင် ထိုတိရစ္ဆာန်မျိုး၏ ပုံပန်းသဏ္ဌာန်ကို ဖော်ပြလျက် ရှိပေသည်။ ဝက်ဝံနှင့်လည်း ဆင်တူ၏။ ခွေးတူဝက်တူသည် လူကို ရန်မမူဘဲ အေးအေးပင် နေလေ့ရှိသည်။ သို့သော် သားစားတိရစ္ဆာန်မျိုး ဖြစ်သည့် အတိုင်း တိရစ္ဆာန်ငယ်ကလေးများကို ဖမ်းဆီးသတ်ဖြတ်၍ စားတတ်သည်။

ယင်းတို့၏ ကိုယ်မှာ ထူးခြားစွာ ကျယ်ပြန့် ပြားချပ်၍ နှာဖျားမှ အမြီးအထိ ၂ ပေ၊ ၂ ပေခွဲခန့် ရှည်သည်။ နှုတ်သီးချွန်သော ဦးခေါင်းနှင့် အမြီးတိုကလေး တို့သည် ခပ်ပြားပြားပင် ဖြစ်သည်။ ခြေလက်များမှာ အလွန် သန်၍ မာကျောချွန်ထက်သော ခြေသည်းလက်သည်းရှည်ကြီး များ ပါရှိသဖြင့် မြေတူးအလွန် ကျင်လျင်သည်။

သို့သော် ဖားလျားကျနေသော အမွေးရှည်များက ခြေလက်တို့ကို ဖုံးအုပ် ထားသည့်အတွက် လမ်းသွားနေစဉ်ကြည့်လျှင် ဝမ်းပိုက်ဖြင့် ကပ်၍ သွားနေသလောဟု ထင်ရသည်။ အရောင်မှာ ကိုယ်တွင် မီးခိုး ရောင်ဖြစ်၍ ခြေလက်၊ လည်ပင်းနှင့် ရင်ဘတ် ဝမ်းဗိုက် တို့တွင် မည်းသည်။ တစ်နာရီလျှင် ၁၉မိုင် အမြန်နှုန်းနှင့် ပြေးနိုင်သည်။

မျက်နှာတွင်မူ အနက်ရောင် အောက်ခံ၌ နှာတံပေါ်တွင် အဖြူစင်းတစ်ကြောင်း၊ ပါးတစ်ဖက်တစ်ချက် တွင် တစ်ကြောင်းစီ အဖြူစင်း သုံးကြောင်း ပါရှိသောကြောင့် တစ်နည်းအားဖြင့် ရယ်စရာ ကောင်းသည်။

ခွေးတူဝက်တူသည် လူသူကို ကြောက်ရွံ့တတ်၍ နေ့ဖက်၌ တွင်းအောင်းကာ ညဖက်တွင်သာ အစာရှာ ထွက်တတ်သည့် အတိုင်း ယင်းတို့ကို မြင်ဖူးသူများ ရှားသည်။ ခွေးတူဝက်တူ သည် ဖွတ်၊ ပုတတ်၊ ပုရစ်၊ နှံကောင်၊ မြေကြွက်၊ ရှဉ့် စသောအကောင်များကိုလည်းကောင်း၊ မြေကြီးပေါ်၌ အသိုက် လုပ် နေထိုင်တတ်သော ငှက်နှင့် ငှက်ဥများကိုလည်းကောင်း၊ လိုက်လံရှာဖွေ၍ စားသောက်လေ့ရှိသည်။ သစ်ဥသစ်ဖုများ ကိုလည်း စားသည်။

ဝက်ဝံနည်းတူ ပျားရည်ကို အလွန် နှစ်သက်သည့်အတိုင်း ပျားအုံများကို ပျားတုပ်ခံကာ ဖျက်ဆီး စားသောက်လေ့ရှိသည်။ ပျားတုပ်သော်လည်း အမွေးရှည်တို့ ကြောင့် မနာကျင်ပေ။ နကျယ်အိမ်များကိုလည်း ဖျက်ဆီး၍ အတွင်းရှိပိုးကောင်ကလေးများကို စားသောက်လေ့ရှိသည်။

လူသံသူသံကြားလျှင် ဖြစ်စေ၊ ရန်သူနှင့်တွေ့လျှင်ဖြစ်စေ ခွေးတူဝက်တူသည် တွင်းထဲသို့ ဝင်ပြေးတတ်သည်။ တွင်းသို့ ရောက်အောင် မပြေးနိုင်ပါက လျင်မြန်စွာ တွင်းဖော်၍ ပုန်း အောင်းတတ်သည်။ သို့တည်းမဟုတ် ကိုယ်အောက်သို့ ဦးခေါင်းနှင့် ခြေလက်တို့ကို သွင်းကာ မြေကြီးပေါ်မှာပင် ပြားပြားဝပ်ချလိုက်တတ်သည်။ ထိုသို့ဝပ်နေစဉ် ကြည့်လိုက်ပါက ကျောက်ခဲကျောက်တုံးများနှင့်ပင် အမြင်မှားလောက်ပေသည်။

ခွေးတူ ဝက်တူသည် လူသူကို ကြောက်ရွံ့တတ်သော်လည်း ပြေးမလွတ်သောအခြေအနေမျိုးနှင့် ကြုံကြိုက်သောအခါတွင်မူ ရန်သူကို သတ္တိကောင်းစွာဖြင့် သဲသဲမဲမဲ ပြန်လည်ခုခံတတ် သည်။ သူ၏မာကျောချွန်ထက်သော ခြေသည်း လက်သည်း တို့သည် ရန်သူ၏အသားအရေကို စုတ်ပြတ်သွားအောင် ကုတ်ဖဲ့နိုင်၍ သူ၏ခိုင်မာသန်စွမ်းသော ပါးစောင်ဖြင့်လည်း ခွေးဘီလူးတို့ကဲ့သို့ မလွှတ်တမ်း ကိုက်ခဲထားနိုင်သည်။သူတို့၏ အဓိကရန်သူများမှာ ဝံပုလွေ ၊ ဝက်ဝံ ၊ တောကြောင်တို့ဖြစ်သည်။

ခွေးတူဝက်တူတစ်ကောင် သည် ခွေး ၄၊ ၅၊ ၆ ကောင်နှင့် ဖက်ပြိုင်တိုက်ခိုက်နိုင်၏။ ထို့ကြောင့် အင်္ဂလန်ပြည်တွင် ရှေးက ခွေးတူ ဝက်တူတစ်ကောင်ကို စည်တစ်ခု၌ထည့်၍ ပြင်ဖက်မှ ခွေးများနှင့် တိုက်ခိုက်ဆွဲထုတ်စေသော ကစားနည်း တစ်မျိုး အလွန်ခေတ်စားခဲ့ဘူးရာ၊ ၁၈၅ဝ ပြည့်နှစ်သို့ရောက်မှ ဥပဒေ ဖြင့် တားမြစ်၍ ပျောက်ကွယ်သွားလေသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဥရောပခွေးတူဝက်တူများကို အဓိကအစားအစာရင်းမြစ်အဖြစ် စားသုံးခဲ့ကြသည်။ ရုရှားနိုင်ငံ၏ အချို့ဒေသများတွင် ယခုထက်တိုင် စားနေကြသေးသည်။

ခွေးတူဝက်တူ မျိုးစိတ်အများစုသည် အစုအဖွဲ့နှင့် နေထိုင်တတ်ကြသည်။ တစ်ဖွဲ့လျှင် ၂ ကောင်မှ ၁၅ကောင် အထိ ရှိတတ်သည်။ အမေရိကန် ခွေးတူဝက်တူများမှာမူ အမြဲလိုလိုတစ်ကောင်တည်း နေလေ့ရှိသည်။

ခွေးတူဝက်တူသည် အမသည် တစ်ခါကိုယ်ဝင်ဆောင်လှင် ၇ပတ်မှ ၈ပတ် အထိကြာမြင့်သည်။ တစ်ကြိမ်လျှင် သား ၁ ကောင်မှ ၆ ကောင်အထိ မွေးသည်။ အကောင်ကလေးများ သည် တွင်း(သို့) အသိုက်ထဲတွင်နေကာ ၈ပတ်ခန့် မိခင်ရှာကျွေးသော အစာကို စားသောက်နေ ပြီးသော် ကိုယ်တိုင် အစာရှာဖွေစားသောက်နိုင်ကြသည်။ အရွယ်ရောက်ချိန်မှာ ၁၂လမှ ၁၈လ အတွင်းဖြစ်သည်။ ခွေးတူဝက်တူ တစ်ကောင်၏ သက်တမ်းမှာ အမျိုးအစားအလိုက် ၁၀နှစ်မှ ၂၄နှစ် အထိ ရှိတတ်သည်။

ခွေးတူဝက်တူတွင် ဆိုးရွားသော ကိုယ်နံ့ရှိသည်။ ယင်းတို့၏ အသားကိုလည်း စားလေ့မရှိချေ။ သို့သော် ထူထဲသောသားမွေး မှာ အဖိုးတန်၍ အမွေးအမျှင်များမှာမူ ပန်းချီရေး စုတ်တံနှင့် မုတ်ဆိတ်ဗရွတ်များ ပြုလုပ်ရာတွင် အသုံးဝင်သည်။ ထို့ကြောင့်လည်း မုဆိုးတို့က ဒီတိရစ္ဆာန်များကို အဓိကထား၍ အမဲလိုက်ကြခြင်းဖြစ်သည်။

Leave a Reply