ရဲေဘာ္သံုးက်ိပ္ ေနာက္ကြယ္ကသူ (သုိ႔) ဂ်ပန္စပုိင္ ဘုန္းေတာ္ႀကီး နာဂါအိစံ

Posted on

ေရးသားသူ – သန္း၀င္းလႈိင္

ရဲေဘာ္သံုးက်ိပ္ဟူသည္ နယ္ခ်ဲ႕ၿဗိတိသွ်တို႔၏ သူ႔ကၽြန္ဘ၀ေအာက္တြင္ ျပားျပားေမွာက္၀ပ္စင္းေနေသာ ျမန္မာတမ်ိဳးသားလံုး လြတ္လပ္ေရးအတြက္ အသက္ေသြးျဖင့္ ရင္း၍ ေဆာင္႐ြက္ခဲ့ၾကေသာ မ်ိဳးခ်စ္ျမန္မာလူငယ္တစ္စုျဖစ္သည္။ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းဦးေဆာင္ေသာ ရဲေဘာ္သံုးက်ိပ္၀င္မ်ား ဂ်ပန္တို႔ထံတြင္ စစ္ပညာသင္ၾကားေရးႏွင့္ လက္နက္အင္အား ရယူႏိုင္ရန္ အဓိကေနရာမွ စီမံခဲ့သူမွာ ဂ်ပန္ဘုန္းေတာ္ႀကီး နာဂါအိစံျဖစ္သည္။

နာဂါအိစံသည္ ဂ်ပန္ဗုဒၶဘာသာ ဒိုခ်ိရင္းဂိုဏ္း၀င္ျဖစ္ၿပီး အဂၤလိပ္လက္ထက္ကပင္ ျမန္မာႏုိင္ငံသို႔ ေရာက္႐ွိေနသူျဖစ္သည္။ ထိုစဥ္က ေ႐ႊတိဂံုေစတီေတာ္ေပၚတြင္္ေၾကးစည္ကေလးတီးတီးၿပီး ၀တ္ျပဳေနသူျဖစ္ေၾကာင္း ဆရာပါရဂူက ေျပာျပဖူးသည္။ သူႏွင့္အေတာ္ ပင္ ရင္းႏွီးသည္ဟု ဆိုသည္။ အဂၤလိပ္လက္ထက္တြင္ ဂ်ပန္အစိုးရသည္ ျမန္မာႏုိင္ငံတြင္ ဓာတ္ပံုဆရာအျဖစ္ျဖင့္ လည္းေကာင္း၊ ကုန္သည္အျဖစ္ျဖင့္လည္းေကာင္း၊ သတင္းေထာက္အျဖစ္ျဖင့္လည္းေကာင္း၊ ကမၻာလွည့္ခရီးသည္တစ္ဦး အျဖစ္ျဖင့္ လည္းေကာင္း၊ ဘုန္းႀကီးအျဖစ္ျဖင့္လည္းေကာင္း စပိုင္မ်ားေစလႊတ္ခဲ့သည္။ ယင္းစပိုင္မ်ားထဲတြင္ နာဂါအိစံသည္ ဘုန္းႀကီးစပိုင္ျဖစ္သည္။

နာဂါအိစံကို ၁၉၀၇ ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၈ ရက္ ၾကာသပေတးေန႔တြင္ ဂ်ပန္ႏုိင္ငံ က်ိဳ႐ိုခ႐ိုင္အာယားဘဲ့ၿမိဳ႕၏ ေျမာက္ဘက္ ၈ ကီလိုမီတာခန္႔ ေ၀းကြာေသာ မိုႏိုဘဲ့႐ြာကေလးတြင္ အဖ ေတာစုတားေရာ ႏွင့္ အမိ ေ႐ွာေတာတို တို႔မွ ဖြားျမင္သည့္ ဒုတိယေျမာက္ သားျဖစ္သည္။ နာဂါအိစံ၏ ဖခင္မွာ ဆရာ၀န္တစ္ဦးျဖစ္ၿပီး အသက္ ၄၀ အ႐ြယ္တြင္ ကြယ္လြန္သြားခဲ့သည္။

နာဂါအိစံသည္ ၁၉၃၁ ခုႏွစ္၌ က်ိဳတိုၿမိဳ႕ ေျမာ႐ွင္းဂ်ီေက်ာင္းထုိင္ဘုန္းႀကီးသင္ေက်ာင္းတြင္ သင္တန္းတက္ေရာက္ ခြင့္ ရေသာ္လည္း တစ္၀က္တစ္ပ်က္ျဖင့္ ေက်ာင္းမွထြက္ခဲ့ရေလသည္။ ၁၉၃၂ ခုႏွစ္တြင္ နာဂါအိစံသည္ က်ိဳတိုၿမိဳ႕တြင္ ၀ါအရင့္ဆံုးျဖစ္ေသာ ဒိုင္းဟြန္းေျမာကင္းဂ်ီဘုန္းေတာ္ႀကီးေက်ာင္း ၏ ဂိုဏ္းအုပ္ ကာ၀အီနိ႐ွင္းေဂးဆရာေတာ္၏ ထံပါးတြင္ ခ်ဥ္းကပ္၍ တရားေဒသနာမ်ားကို ထပ္ေလာင္းေလ့လာခဲ့ျပန္သည္။

နာဂါအိစံသည္ ဆရာေတာ္ ဖူဂ်ီအိစံ၏ အလယ္အလတ္က်ေသာ က်င့္ႀကံမႈကို အားက်သည့္အတြက္ ဆရာေတာ္ႏွင့္အတူ ႐ွန္ဟိုင္း၊ စကၤာပူေဒသမ်ားသို႔ လွည့္လည္ကာ ၁၉၃၃ ခုႏွစ္၌ ပီနံ၊ သီဟိုဠ္ (သီရိလကၤာ) စသည့္ တုိင္းျပည္မ်ားအထိ ေျခဆန္႔ခဲ့ေလသည္။

၁၉၃၄ ခုႏွစ္ ေမလ ၂၀ ရက္ေန႔တြင္ ဆရာေတာ္ ဖူဂ်ီအိစံထံမွ ‘ေကာဂ်ီအင္နိက်ိေအာေဂ်ာဂ်င္”ဟူေသာ ဘြဲ႕တံဆိပ္ ကို ခံယူၿပီးေနာက္ နာဂါအိစံသည္ နိခ်ိရင္းဗုဒၶ႐ုပ္ပြားေတာ္ကို ပင့္ေဆာင္လ်က္ ျမန္မာႏိုင္ငံသို႔ ေရာက္႐ွိခဲ့ေလသည္။

နာဂါအိစံသည္ ရန္ကုန္ၿမိဳ႕ ရန္ကုန္တိုင္း ကမာ႐ြတ္ၿမိဳ႕နယ္တြင္ ေက်ာင္သခၤမ္းတစ္ခု ေဆာက္၍ သီတင္းသံုးသည္။ နာဂါအိစံ၏ ေက်ာင္းသခၤမ္းမွာ ရန္ကုန္တကၠသိုလ္ႏွင့္ မလွမ္းမကမ္းတြင္ ႐ွိေလသည္။ ၁၉၄၁ ခုႏွစ္ ၾသဂုတ္လ ၂၈ ရက္ေန႔ ေရာက္ေသာအခါ နာဂါအိစံသည္ ႐ုတ္တရက္ ျမန္မာႏိုင္ငံကာကြယ္ေရး အက္ဥပေဒပုဒ္မ ၂၆ အရ အဖမ္းခံရၿပီး အင္းစိန္ေထာင္တြင္း၌ အက်ဥ္းက်ခံခဲ့ရေလသည္။

နာဂါအိစံလည္း ခ်က္ခ်င္းပင္ ျမန္မာႏုိင္ငံ ဘုရင္ခံ ဆာေဒၚမန္စမစ္ထံသို႔ မတရားဖမ္းဆီးခ်ဳပ္ေႏွာင္မႈကို ကန္႔ကြက္စာေပးပို႔ခဲ့ၿပီး ရက္ေပါင္း ၇၂ ရက္တုိင္တုိင္ အစာအငတ္ခံဆႏၵျပခဲ့သည္။ သို႔ေသာ္လည္း နာဂါအိစံ၏ ႏွာေခါင္းမွ တဆင့္ ပိုက္ျဖင့္ အစာသြတ္သြင္းခဲ့မႈေၾကာင့္ အသက္မေသဘဲ ႐ွိခဲ့ရေလသည္။ သို႔ျဖင့္ ႏို၀င္ဘာလ ၉ ရက္ေန႔တြင္ အဂၤလိပ္အစိုးရက နာဂါအိစံအား ျပည္ႏွင္ဒဏ္ခတ္ခဲ့ေသာေၾကာင့္ နိက်ိအဲဒမာ႐ု သေဘၤာျဖင့္ ျမန္မာႏုိင္ငံမွ ထြက္ခြာလာခဲ့ရာ ႏို၀င္ဘာလ ၂၁ ရက္ေန႔တြင္ ကိုဘိဆိပ္ကမ္းသို႔ ဆုိက္ေရာက္ခဲ့ရသည္။

မၾကာမီမွာပင္ ဒီဇင္ဘာလ ၈ ရက္ေန႔၌ ဂ်ပန္ဗဟိုစစ္ဦးစီးဌာနခ်ဳပ္က အာ႐ွေတာင္ပိုင္းစစ္မ်က္ႏွာတပ္မေတာ္ စစ္ေသနာပတိခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးေနရာဥခ်ိ (Field Marshall Hisaichi Terauchi) အား ျမန္မာႏိုင္ငံေတာင္ပိုင္း႐ွိ ရန္သူစစ္ ေလယာဥ္ကြင္းမ်ားကို တိုက္ခိုက္သိမ္းပိုက္ရန္ စစ္မိန္႔ေပးခဲ့ေသာေၾကာင့္ ျမန္မာႏိုင္ငံအား စတင္ထိုးစစ္ဆင္ တုိက္ခုိက္ခဲ့ေလ သည္။

ထိုအခ်ိန္အတြင္း စစ္သင္တန္းအမ်ိဳးမ်ိဳးကို ခက္ခဲပင္ပန္းစြာသင္ယူၿပီးေနာက္ ျမန္မာႏုိင္ငံ ရဲေဘာ္သံုးက်ိပ္၀င္ မ်ားသည္ ထိုင္းႏုိင္ငံဘန္ေကာက္ၿမိဳ႕တြင္ ေစာင့္ဆုိင္းကာ မိမိတို႔၏ ႏိုင္ငံသို႔ ၀င္ေရာက္ႏုိင္ေရးအတြက္ ဂ်ပန္အစိုးရမွ ခ်မွတ္လာမည့္ အမိန္႔ကို ရင္တမမႏွင့္ ေစာင့္ေမွ်ာ္ေနခဲ့ၾကရေပသည္။ သို႔ေသာ္လည္း ထိုအမိန္႔ က်မလာမီ ဒီဇင္ဘာလ ၈ ရက္ေန႔တြင္ ပစိဖိတ္သမုဒၵရာစစ္ပြဲႀကီး စတင္ေပၚေပါက္လာေသာေၾကာင့္ အေျခအေနမွာ တမ်ိဳးတဖံုေျပာင္းလဲရ ေတာ့သည္။

မီနာမီကီကန္အဖြဲ႕ႀကီး၏ မူ၀ါဒမ်ားသည္လည္း အႀကီးအက်ယ္ေျပာင္လဲလာခဲ့ေတာ့သည္။ ထို႔ေနာက္ ဒီဇင္ဘာလ ၂၃ ရက္ေန႔တြင္ မီနာမီကီကန္ အဖြဲ႕ကို ေတာင္ပိုင္းတပ္မေတာ္လက္ေအာက္မွ ဂ်ပန္အမွတ္ ၁၅ တပ္မေတာ္၏ လက္ေအာက္သို႔ လႊဲေျပာင္းယူခဲ့သည္။

ယင္းေနာက္ ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕သို႔ ေရာက္႐ွိေနေသာ ျမန္မာမ်ိဳးခ်စ္လူငယ္ ၂၀၀ ေက်ာ္ႏွင့္ ရဲေဘာ္ သံုးက်ိပ္၀င္မ်ားကို ဗဟိုျပဳ၍ ၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလ ၂၇ ရက္ေန႔တြင္ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ (B.I.A) ကို ဖြဲ႕စည္းခဲ့ ၿပီးေနာက္ ၁၉၄၂ ခုႏွစ္ ဇန္န၀ါရီလ ျမန္မာႏိုင္ငံတြင္းသို႔ ေရေၾကာင္း၊ ၾကည္းေၾကာင္းျဖင့္ စတင္၀င္ေရာက္တုိက္ခုိက္ခဲ့သည္။ ဘုန္းေတာ္ႀကီးနာဂါအိစံသည္ ၁၉၄၂ ခုႏွစ္ ဇန္န၀ါရီလ ၁၆ ရက္ေန႔တြင္ ဂ်ပန္တပ္မ်ားႏွင့္အတူ ျမန္မာႏိုင္ငံသို႔ ဒုတိယအႀကိမ္ ေရာက္႐ွိလာခဲ့ျပန္သည္။

၁၉၄၂ ခုႏွစ္ ဇန္န၀ါရီလ ၂၂ ရက္တြင္ အမွတ္ ၅၅ ဂ်ပန္တပ္မသည္ ယိုးဒယား ျမန္မာနယ္စပ္ကို ျဖတ္ေက်ာ္၍ ေကာ့ကရိတ္ၿမိဳ႕ကို သိမ္းပိုက္ခဲ့သည္။ ယင္းေနာက္ ၁၉၄၂ မတ္လ ၈ ရက္ေန႔တြင္ အမွတ္ ၂၁၅ ဂ်ပန္ေျခလ်င္တပ္မႀကီးႏွင့္ ဗမာ့လြတ္လပ္ေရးတပ္မေတာ္တို႔ နံနက္ ၁၀း၀၀ နာရီတြင္ ရန္ကုန္ၿမိဳ႕သို႔ ၀င္ေရာက္သိမ္းခဲ့ၾကသည္။ ရန္ကုန္ၿမိဳ႕ကို ၀င္ေရာက္သိမ္းပိုက္ၿပီးေနာက္ တစ္ေန႔၌ပင္ အမွတ္ ၁၅ ဂ်ပန္တပ္မေတာ္၏ စစ္ေသနာပတိခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ႐ႈိဂ်ီ႐ိုအီးဒါး (Lieut-Gen. Shajiro Iida) သည္ ရန္ကုန္ၿမိဳ႕သို႔ ေရာက္႐ွိလာခဲ့သည္။

နာဂါအိစံသည္ ၁၉၄၁ ခုႏွစ္ ႏို၀င္ဘာလတြင္ ျမန္မာႏိုင္ငံမွ ၿဗိတိသွ်အစိုးရ၏ ျပည္ႏွင္ဒဏ္ခံခဲ့ရၿပီးေနာက္ “ျမန္မာ့ ငရဲခန္း မွတ္တမ္း” အမည္ေပးထားေသာ စာအုပ္တစ္အုပ္ကို ေရးသားခဲ့ေလသည္။ ၁၉၄၂ ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔တြင္ ထုတ္ေ၀ခဲ့ေသာေၾကာင့္ နာဂါအိစံ ဒုတိယအႀကိမ္ ျမန္မာႏုိင္ငံသို႔ ျပန္သြားသည့္ ၁၉၄၂ ခုႏွစ္ ဇန္န၀ါရီလ အလယ္ပိုင္းအၾကား တိုေတာင္းလွေသာ ၂လတာကာလအခ်ိန္အတြင္း ေရးသားခဲ့ျခင္းျဖစ္သည္။ ဤစာအုပ္မွာ နာမည္ေပး ထားသည့္အတုိင္း အင္းစိန္ေထာင္တြင္း၌ ၇၂ ရက္ၾကာ အစာငတ္ခံဆႏၵျပခဲ့သည့္ ငရဲတမွ် အေတြ႕အႀကံဳမ်ားကို အေျခခံ၍ မွတ္တမ္းတင္ထားျခင္းျဖစ္သည္။

ဤစာအုပ္ကို ဖတ္ၾကည့္ျခင္းအားျဖင့္ နာဂါအိစံသည္ ရန္ကုန္ၿမိဳ႕မွ လား႐ွိဳးၿမိဳ႕အထိ မိုင္ေပါင္း ၆၇၀ ခန္႔ကို ကုန္းေၾကာင္းလမ္းေလွ်ာက္ရင္း မွတ္တမ္းတင္ခဲ့ရ႐ွာေပသည္။ ဘုန္းေတာ္ႀကီး နာဂါအိစံႏွင့္ ပတ္သက္၍ “ေအာတခုဆိုးအိက်ိ” ေရးသားေသာ ‘စီးဆင္းေနေသာ မီးေတာက္မ်ား’ စာအုပ္ထဲတြင္ –

“ျမန္မာႏုိင္ငံ၌ စစ္ႀကီးမျဖစ္ပြားမီ ႏွစ္အေတာ္မ်ားမ်ားကပင္ ဂ်ပန္နိုင္ငံ ဆန္းေျမာေဟာဂ်ီဘုရားေက်ာင္းမွ နာဂါအိစံ သည္ ယပ္ေတာင္ႏွင့္ စည္ကေလးတစ္လံုးကို တီးခတ္ကာ တစ္အိမ္တက္တစ္အိမ္ဆင္း ၀င္ထြက္သြားလာေနခဲ့ေပသည္။ တစ္ဖက္မွလည္း ကုန္သည္ေယာင္၊ သတင္းေထာက္ေယာင္ေဆာင္ထားၾကေသာ ဂ်ပန္သူလွ်ိဳမ်ားကို သတင္းစုေဆာင္း၍ အကူအညီမ်ားစြာ ေပးခဲ့ေပသည္။ ယခုအခါ ျမန္မာအမ်ိဳးသားေခါင္းေဆာင္ျဖစ္လာေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအပါအ၀င္ ရဲေဘာ္သံုးက်ိပ္၀င္မ်ားအား ဂ်ပန္နိုင္ငံသို႔ တိတ္တဆိတ္ပို႔ေဆာင္၍ စစ္ပညာသင္ၾကားႏုိင္ရန္ စီမံေပးခဲ့သူမွာလည္း နာဂါအိစံပင္ ျဖစ္ေပသည္” ဟူ၍ ေရးသားထားမႈေၾကာင့္ သူသည္ စပိုင္တစ္ဦးျဖစ္ေၾကာင္း အတိအက် ေျပာႏုိင္ေပသည။္

ထို႔အျပင္ စစ္အတြင္း ဂ်ပန္႐ုပ္ေသးအစိုးရတြင္ အဓိပတိတာ၀န္ထမ္းေဆာင္ခဲ့ေသာ ေဒါက္တာဘေမာ္ ေရးသားခဲ့ သည့္ ‘႐ုန္းထြက္ခဲ့ရေသာ ျမန္မာႏုိင္ငံ’ (Breakthrough in Burma) စာအုပ္ထဲတြင္ နာဂါအိစံႏွင့္ပတ္သက္၍-

“နာဂါအိစံသည္ ဘုန္းေတာ္ႀကီးဟန္ေဆာင္လ်က္ ဂ်ပန္ေထာက္လွမ္းေရးအဖြဲ႕ႀကီးႏွင့္ အတြင္းက်က် ဆက္သြယ္ ေနသည္။ ရန္ကုန္တြင္ သူ႔ကို ခပ္ေၾကာင္ေၾကာင္ပုဂၢိဳလ္တစ္ဦးအျဖစ္ နားလည္ထားၾကသည္။ သို႔ေသာ္လည္း သူသည္ လူသိမ်ားသည္။ ရန္ကုန္ၿမိဳ႕႐ွိ ဘုရားေပါင္းစံုသို႔ လွည့္လည္သြားလာေနၿပီး သူ႔ထံ ၀ိုင္းအံုလာေသာ လူအမ်ားကို ႐ြတ္ဖတ္သရဇၥ်ာယ္ရင္း ထူးထူးဆန္းဆန္း ေခါင္းေလာင္းကေလးတစ္ခုကို တီးျပတတ္သည္။

သို႔တုိင္ ထိုသူကား ဂ်ပန္ေထာက္လွမ္းေရးတစ္ဦးျဖစ္ၿပီး ေဒါက္တာသိမ္းေမာင္ႏွင့္ ရင္းႏွီးသူလည္း ျဖစ္သည္။ ကၽြႏ္ုပ္တို႔၏ ဇာတ္လမ္းတြင္ နာဂါအိစံပါ၀င္သည့္အခန္းမွာ ေသးငယ္၍ လွ်ပ္တျပက္သာ ပါ၀င္ခဲ့ေသာ္ လည္း ေနာက္ပိုင္း ဇာတ္အခ်ိတ္အဆက္မ်ားအတြက္ သူသည္ အဓိကေနရာမွ ပါ၀င္ခဲ့သည္။ သူ႔အေနႏွင့္ ရဟန္တပါးျဖစ္သည့္အေလ်ာက္ ျမန္မာအိမ္မ်ားတြင္ ဆြမ္းခံႏိုင္သည့္အတြက္ မည္သူမွ် သူ႔ကို သံသယမ႐ွိၾကေပ။ ထိုနည္းျဖင့္ ေဒါက္တာသိန္းေမာင္ႏွင့္ ကာနယ္ စူဆူကီးတို႔အၾကားတြင္ ဆက္သြယ္ေပးခဲ့သည္။” ဟူ၍ ေရးသားေဖာ္ျပထားေလသည္။

အဂၤလန္ျပည္႐ွိ အိႏၵိယပိုင္းဆုိင္ရာ စာၾကည့္တုိက္မွတ္တမ္းထဲ၌လည္း ျမန္မာႏိုင္ငံ႐ွိ ‘ဂ်ပန္လႈပ္႐ွားမႈမွတ္တမ္း’ (၁၉၃၇-၁၉၄၀) ဟူေသာ အပိုင္းတြင္ နာဂါအိစံသည္ စပိုင္လုပ္ငန္းမ်ားကို တက္ၾကြစြာ လႈပ္႐ွားေနခဲ့သည္ဟု ေဖာ္ျပထားသည္။ ထို႔ေနာက္ ဘုန္းေတာ္ႀကီးနာဂါအိစံသည္ ၁၉၄၅ ခုႏွစ္ ဧၿပီလကုန္အထိ ျမန္မာႏုိင္ငံတြင္ ေနထိုင္၍ ဂ်ပန္စစ္တပ္ ျမန္မာႏုိင္ငံမွ ဆုတ္ခြာသည့္ေနာက္ဆံုးစစ္ေၾကာင္းႏွင့္အတူ ျမန္မာ-ထုိင္းနယ္စပ္ကို ျဖတ္ေက်ာ္ကာ ဂ်ပန္ႏိုင္ငံသို႔ ဘန္ေကာက္ၿမိဳ႕မွတဆင့္ ျပန္လည္ထြက္သြားသည္။

သို႔ကလို ေနာင္တြင္ ရဲေဘာ္သံုးက်ိပ္၀င္မ်ားျဖစ္လာမည့္ ျမန္မာ့မ်ိဳးခ်စ္လူငယ္မ်ားအား ဟိုင္နန္ကၽြန္းတြင္ စစ္ပညာသင္ၾကားရန္ အဓိကေနရာမွ ပါ၀င္စီမံေပးခဲ့ေသာ နာဂါအိစံသည္ အသက္ ၆၇ ႏွစ္ အ႐ြယ္ ၁၉၇၄ ခုႏွစ္ မတ္လ ၂၀ ရက္ေန႔တြင္ က်ိဳတိုၿမိဳ႕၌ ကြယ္လြန္အနိစၥေရာက္သြားခဲ့ေလသည္။

ဆရာသန္း၀င္းလႈိင္ရဲ႕ သမုိင္းတေကြ႕မွ ႏုိင္ငံျခားသားမ်ား ေဆာင္းပါးမွ

—————————
ရဲဘော်သုံးကျိပ် နောက်ကွယ်ကသူ (သို့) ဂျပန်စပိုင် ဘုန်းတော်ကြီး နာဂါအိစံ (unicode)

ရေးသားသူ – သန်းဝင်းလှိုင်

ရဲဘော်သုံးကျိပ်ဟူသည် နယ်ချဲ့ဗြိတိသျှတို့၏ သူ့ကျွန်ဘ၀အောက်တွင် ပြားပြားမှောက်ဝပ်စင်းနေသော မြန်မာတမျိုးသားလုံး လွတ်လပ်ရေးအတွက် အသက်သွေးဖြင့် ရင်း၍ ဆောင်ရွက်ခဲ့ကြသော မျိုးချစ်မြန်မာလူငယ်တစ်စုဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်ဝင်များ ဂျပန်တို့ထံတွင် စစ်ပညာသင်ကြားရေးနှင့် လက်နက်အင်အား ရယူနိုင်ရန် အဓိကနေရာမှ စီမံခဲ့သူမှာ ဂျပန်ဘုန်းတော်ကြီး နာဂါအိစံဖြစ်သည်။

နာဂါအိစံသည် ဂျပန်ဗုဒ္ဓဘာသာ ဒိုချိရင်းဂိုဏ်းဝင်ဖြစ်ပြီး အင်္ဂလိပ်လက်ထက်ကပင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသူဖြစ်သည်။ ထိုစဉ်က ရွှေတိဂုံစေတီတော်ပေါ်တွင်ကြေးစည်ကလေးတီးတီးပြီး ဝတ်ပြုနေသူဖြစ်ကြောင်း ဆရာပါရဂူက ပြောပြဖူးသည်။ သူနှင့်အတော် ပင် ရင်းနှီးသည်ဟု ဆိုသည်။ အင်္ဂလိပ်လက်ထက်တွင် ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် ဓာတ်ပုံဆရာအဖြစ်ဖြင့် လည်းကောင်း၊ ကုန်သည်အဖြစ်ဖြင့်လည်းကောင်း၊ သတင်းထောက်အဖြစ်ဖြင့်လည်းကောင်း၊ ကမ္ဘာလှည့်ခရီးသည်တစ်ဦး အဖြစ်ဖြင့် လည်းကောင်း၊ ဘုန်းကြီးအဖြစ်ဖြင့်လည်းကောင်း စပိုင်များစေလွှတ်ခဲ့သည်။ ယင်းစပိုင်များထဲတွင် နာဂါအိစံသည် ဘုန်းကြီးစပိုင်ဖြစ်သည်။

နာဂါအိစံကို ၁၉၀၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် ကြာသပတေးနေ့တွင် ဂျပန်နိုင်ငံ ကျိုရိုခရိုင်အာယားဘဲ့မြို့၏ မြောက်ဘက် ၈ ကီလိုမီတာခန့် ဝေးကွာသော မိုနိုဘဲ့ရွာကလေးတွင် အဖ တောစုတားရော နှင့် အမိ ရှောတောတို တို့မှ ဖွားမြင်သည့် ဒုတိယမြောက် သားဖြစ်သည်။ နာဂါအိစံ၏ ဖခင်မှာ ဆရာဝန်တစ်ဦးဖြစ်ပြီး အသက် ၄၀ အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။

နာဂါအိစံသည် ၁၉၃၁ ခုနှစ်၌ ကျိုတိုမြို့ မြောရှင်းဂျီကျောင်းထိုင်ဘုန်းကြီးသင်ကျောင်းတွင် သင်တန်းတက်ရောက် ခွင့် ရသော်လည်း တစ်ဝက်တစ်ပျက်ဖြင့် ကျောင်းမှထွက်ခဲ့ရလေသည်။ ၁၉၃၂ ခုနှစ်တွင် နာဂါအိစံသည် ကျိုတိုမြို့တွင် ဝါအရင့်ဆုံးဖြစ်သော ဒိုင်းဟွန်းမြောကင်းဂျီဘုန်းတော်ကြီးကျောင်း ၏ ဂိုဏ်းအုပ် ကာဝအီနိရှင်းဂေးဆရာတော်၏ ထံပါးတွင် ချဉ်းကပ်၍ တရားဒေသနာများကို ထပ်လောင်းလေ့လာခဲ့ပြန်သည်။

နာဂါအိစံသည် ဆရာတော် ဖူဂျီအိစံ၏ အလယ်အလတ်ကျသော ကျင့်ကြံမှုကို အားကျသည့်အတွက် ဆရာတော်နှင့်အတူ ရှန်ဟိုင်း၊ စင်္ကာပူဒေသများသို့ လှည့်လည်ကာ ၁၉၃၃ ခုနှစ်၌ ပီနံ၊ သီဟိုဠ် (သီရိလင်္ကာ) စသည့် တိုင်းပြည်များအထိ ခြေဆန့်ခဲ့လေသည်။

၁၉၃၄ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ဆရာတော် ဖူဂျီအိစံထံမှ ‘ကောဂျီအင်နိကျိအောဂျောဂျင်”ဟူသော ဘွဲ့တံဆိပ် ကို ခံယူပြီးနောက် နာဂါအိစံသည် နိချိရင်းဗုဒ္ဓရုပ်ပွားတော်ကို ပင့်ဆောင်လျက် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့လေသည်။

နာဂါအိစံသည် ရန်ကုန်မြို့ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်တွင် ကျောင်သင်္ခမ်းတစ်ခု ဆောက်၍ သီတင်းသုံးသည်။ နာဂါအိစံ၏ ကျောင်းသင်္ခမ်းမှာ ရန်ကုန်တက္ကသိုလ်နှင့် မလှမ်းမကမ်းတွင် ရှိလေသည်။ ၁၉၄၁ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ ရောက်သောအခါ နာဂါအိစံသည် ရုတ်တရက် မြန်မာနိုင်ငံကာကွယ်ရေး အက်ဥပဒေပုဒ်မ ၂၆ အရ အဖမ်းခံရပြီး အင်းစိန်ထောင်တွင်း၌ အကျဉ်းကျခံခဲ့ရလေသည်။

နာဂါအိစံလည်း ချက်ချင်းပင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်ထံသို့ မတရားဖမ်းဆီးချုပ်နှောင်မှုကို ကန့်ကွက်စာပေးပို့ခဲ့ပြီး ရက်ပေါင်း ၇၂ ရက်တိုင်တိုင် အစာအငတ်ခံဆန္ဒပြခဲ့သည်။ သို့သော်လည်း နာဂါအိစံ၏ နှာခေါင်းမှ တဆင့် ပိုက်ဖြင့် အစာသွတ်သွင်းခဲ့မှုကြောင့် အသက်မသေဘဲ ရှိခဲ့ရလေသည်။ သို့ဖြင့် နိုဝင်ဘာလ ၉ ရက်နေ့တွင် အင်္ဂလိပ်အစိုးရက နာဂါအိစံအား ပြည်နှင်ဒဏ်ခတ်ခဲ့သောကြောင့် နိကျိအဲဒမာရု သင်္ဘောဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့ရာ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကိုဘိဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ရသည်။

မကြာမီမှာပင် ဒီဇင်ဘာလ ၈ ရက်နေ့၌ ဂျပန်ဗဟိုစစ်ဦးစီးဌာနချုပ်က အာရှတောင်ပိုင်းစစ်မျက်နှာတပ်မတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီးနေရာဥချိ (Field Marshall Hisaichi Terauchi) အား မြန်မာနိုင်ငံတောင်ပိုင်းရှိ ရန်သူစစ် လေယာဉ်ကွင်းများကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်မိန့်ပေးခဲ့သောကြောင့် မြန်မာနိုင်ငံအား စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လေ သည်။

ထိုအချိန်အတွင်း စစ်သင်တန်းအမျိုးမျိုးကို ခက်ခဲပင်ပန်းစွာသင်ယူပြီးနောက် မြန်မာနိုင်ငံ ရဲဘော်သုံးကျိပ်ဝင် များသည် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် စောင့်ဆိုင်းကာ မိမိတို့၏ နိုင်ငံသို့ ဝင်ရောက်နိုင်ရေးအတွက် ဂျပန်အစိုးရမှ ချမှတ်လာမည့် အမိန့်ကို ရင်တမမနှင့် စောင့်မျှော်နေခဲ့ကြရပေသည်။ သို့သော်လည်း ထိုအမိန့် ကျမလာမီ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပစိဖိတ်သမုဒ္ဒရာစစ်ပွဲကြီး စတင်ပေါ်ပေါက်လာသောကြောင့် အခြေအနေမှာ တမျိုးတဖုံပြောင်းလဲရ တော့သည်။

မီနာမီကီကန်အဖွဲ့ကြီး၏ မူဝါဒများသည်လည်း အကြီးအကျယ်ပြောင်လဲလာခဲ့တော့သည်။ ထို့နောက် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မီနာမီကီကန် အဖွဲ့ကို တောင်ပိုင်းတပ်မတော်လက်အောက်မှ ဂျပန်အမှတ် ၁၅ တပ်မတော်၏ လက်အောက်သို့ လွှဲပြောင်းယူခဲ့သည်။

ယင်းနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသော မြန်မာမျိုးချစ်လူငယ် ၂၀၀ ကျော်နှင့် ရဲဘော် သုံးကျိပ်ဝင်များကို ဗဟိုပြု၍ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A) ကို ဖွဲ့စည်းခဲ့ ပြီးနောက် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ မြန်မာနိုင်ငံတွင်းသို့ ရေကြောင်း၊ ကြည်းကြောင်းဖြင့် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဘုန်းတော်ကြီးနာဂါအိစံသည် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဂျပန်တပ်များနှင့်အတူ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိလာခဲ့ပြန်သည်။

၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင် အမှတ် ၅၅ ဂျပန်တပ်မသည် ယိုးဒယား မြန်မာနယ်စပ်ကို ဖြတ်ကျော်၍ ကော့ကရိတ်မြို့ကို သိမ်းပိုက်ခဲ့သည်။ ယင်းနောက် ၁၉၄၂ မတ်လ ၈ ရက်နေ့တွင် အမှတ် ၂၁၅ ဂျပန်ခြေလျင်တပ်မကြီးနှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်တို့ နံနက် ၁၀း၀၀ နာရီတွင် ရန်ကုန်မြို့သို့ ဝင်ရောက်သိမ်းခဲ့ကြသည်။ ရန်ကုန်မြို့ကို ဝင်ရောက်သိမ်းပိုက်ပြီးနောက် တစ်နေ့၌ပင် အမှတ် ၁၅ ဂျပန်တပ်မတော်၏ စစ်သေနာပတိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရှိုဂျီရိုအီးဒါး (Lieut-Gen. Shajiro Iida) သည် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။

နာဂါအိစံသည် ၁၉၄၁ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံမှ ဗြိတိသျှအစိုးရ၏ ပြည်နှင်ဒဏ်ခံခဲ့ရပြီးနောက် “မြန်မာ့ ငရဲခန်း မှတ်တမ်း” အမည်ပေးထားသော စာအုပ်တစ်အုပ်ကို ရေးသားခဲ့လေသည်။ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ဝေခဲ့သောကြောင့် နာဂါအိစံ ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ ပြန်သွားသည့် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ အလယ်ပိုင်းအကြား တိုတောင်းလှသော ၂လတာကာလအချိန်အတွင်း ရေးသားခဲ့ခြင်းဖြစ်သည်။ ဤစာအုပ်မှာ နာမည်ပေး ထားသည့်အတိုင်း အင်းစိန်ထောင်တွင်း၌ ၇၂ ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့သည့် ငရဲတမျှ အတွေ့အကြုံများကို အခြေခံ၍ မှတ်တမ်းတင်ထားခြင်းဖြစ်သည်။

ဤစာအုပ်ကို ဖတ်ကြည့်ခြင်းအားဖြင့် နာဂါအိစံသည် ရန်ကုန်မြို့မှ လားရှိုးမြို့အထိ မိုင်ပေါင်း ၆၇၀ ခန့်ကို ကုန်းကြောင်းလမ်းလျှောက်ရင်း မှတ်တမ်းတင်ခဲ့ရရှာပေသည်။ ဘုန်းတော်ကြီး နာဂါအိစံနှင့် ပတ်သက်၍ “အောတခုဆိုးအိကျိ” ရေးသားသော ‘စီးဆင်းနေသော မီးတောက်များ’ စာအုပ်ထဲတွင် –

“မြန်မာနိုင်ငံ၌ စစ်ကြီးမဖြစ်ပွားမီ နှစ်အတော်များများကပင် ဂျပန်နိုင်ငံ ဆန်းမြောဟောဂျီဘုရားကျောင်းမှ နာဂါအိစံ သည် ယပ်တောင်နှင့် စည်ကလေးတစ်လုံးကို တီးခတ်ကာ တစ်အိမ်တက်တစ်အိမ်ဆင်း ဝင်ထွက်သွားလာနေခဲ့ပေသည်။ တစ်ဖက်မှလည်း ကုန်သည်ယောင်၊ သတင်းထောက်ယောင်ဆောင်ထားကြသော ဂျပန်သူလျှိုများကို သတင်းစုဆောင်း၍ အကူအညီများစွာ ပေးခဲ့ပေသည်။ ယခုအခါ မြန်မာအမျိုးသားခေါင်းဆောင်ဖြစ်လာသော ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ရဲဘော်သုံးကျိပ်ဝင်များအား ဂျပန်နိုင်ငံသို့ တိတ်တဆိတ်ပို့ဆောင်၍ စစ်ပညာသင်ကြားနိုင်ရန် စီမံပေးခဲ့သူမှာလည်း နာဂါအိစံပင် ဖြစ်ပေသည်” ဟူ၍ ရေးသားထားမှုကြောင့် သူသည် စပိုင်တစ်ဦးဖြစ်ကြောင်း အတိအကျ ပြောနိုင်ပေသည။်

ထို့အပြင် စစ်အတွင်း ဂျပန်ရုပ်သေးအစိုးရတွင် အဓိပတိတာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာဘမော် ရေးသားခဲ့ သည့် ‘ရုန်းထွက်ခဲ့ရသော မြန်မာနိုင်ငံ’ (Breakthrough in Burma) စာအုပ်ထဲတွင် နာဂါအိစံနှင့်ပတ်သက်၍-

“နာဂါအိစံသည် ဘုန်းတော်ကြီးဟန်ဆောင်လျက် ဂျပန်ထောက်လှမ်းရေးအဖွဲ့ကြီးနှင့် အတွင်းကျကျ ဆက်သွယ် နေသည်။ ရန်ကုန်တွင် သူ့ကို ခပ်ကြောင်ကြောင်ပုဂ္ဂိုလ်တစ်ဦးအဖြစ် နားလည်ထားကြသည်။ သို့သော်လည်း သူသည် လူသိများသည်။ ရန်ကုန်မြို့ရှိ ဘုရားပေါင်းစုံသို့ လှည့်လည်သွားလာနေပြီး သူ့ထံ ဝိုင်းအုံလာသော လူအများကို ရွတ်ဖတ်သရဇ္စျာယ်ရင်း ထူးထူးဆန်းဆန်း ခေါင်းလောင်းကလေးတစ်ခုကို တီးပြတတ်သည်။

သို့တိုင် ထိုသူကား ဂျပန်ထောက်လှမ်းရေးတစ်ဦးဖြစ်ပြီး ဒေါက်တာသိမ်းမောင်နှင့် ရင်းနှီးသူလည်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ဇာတ်လမ်းတွင် နာဂါအိစံပါဝင်သည့်အခန်းမှာ သေးငယ်၍ လျှပ်တပြက်သာ ပါဝင်ခဲ့သော် လည်း နောက်ပိုင်း ဇာတ်အချိတ်အဆက်များအတွက် သူသည် အဓိကနေရာမှ ပါဝင်ခဲ့သည်။ သူ့အနေနှင့် ရဟန်တပါးဖြစ်သည့်အလျောက် မြန်မာအိမ်များတွင် ဆွမ်းခံနိုင်သည့်အတွက် မည်သူမျှ သူ့ကို သံသယမရှိကြပေ။ ထိုနည်းဖြင့် ဒေါက်တာသိန်းမောင်နှင့် ကာနယ် စူဆူကီးတို့အကြားတွင် ဆက်သွယ်ပေးခဲ့သည်။” ဟူ၍ ရေးသားဖော်ပြထားလေသည်။

အင်္ဂလန်ပြည်ရှိ အိန္ဒိယပိုင်းဆိုင်ရာ စာကြည့်တိုက်မှတ်တမ်းထဲ၌လည်း မြန်မာနိုင်ငံရှိ ‘ဂျပန်လှုပ်ရှားမှုမှတ်တမ်း’ (၁၉၃၇-၁၉၄၀) ဟူသော အပိုင်းတွင် နာဂါအိစံသည် စပိုင်လုပ်ငန်းများကို တက်ကြွစွာ လှုပ်ရှားနေခဲ့သည်ဟု ဖော်ပြထားသည်။ ထို့နောက် ဘုန်းတော်ကြီးနာဂါအိစံသည် ၁၉၄၅ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် နေထိုင်၍ ဂျပန်စစ်တပ် မြန်မာနိုင်ငံမှ ဆုတ်ခွာသည့်နောက်ဆုံးစစ်ကြောင်းနှင့်အတူ မြန်မာ-ထိုင်းနယ်စပ်ကို ဖြတ်ကျော်ကာ ဂျပန်နိုင်ငံသို့ ဘန်ကောက်မြို့မှတဆင့် ပြန်လည်ထွက်သွားသည်။

သို့ကလို နောင်တွင် ရဲဘော်သုံးကျိပ်ဝင်များဖြစ်လာမည့် မြန်မာ့မျိုးချစ်လူငယ်များအား ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ကြားရန် အဓိကနေရာမှ ပါဝင်စီမံပေးခဲ့သော နာဂါအိစံသည် အသက် ၆၇ နှစ် အရွယ် ၁၉၇၄ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ကျိုတိုမြို့၌ ကွယ်လွန်အနိစ္စရောက်သွားခဲ့လေသည်။

ဆရာသန်းဝင်းလှိုင်ရဲ့ သမိုင်းတကွေ့မှ နိုင်ငံခြားသားများ ဆောင်းပါးမှ

Leave a Reply