ဆန္းျပားတဲ့ ဒီဇုိင္းနဲ႔ ကမာၻေက်ာ္ခံတပ္ႀကီး

Posted on

ေရးသားသူ – ေအာင္ခမ္း

နယ္သာလန္ႏိုင္ငံ၊ ေျမာက္ဘက္အစြန္း Groningen ျပည္နယ္ Bourtange ရြာမွာ တည္ရွိေနတဲ့ ခံတပ္တစ္ခု ျဖစ္ပါတယ္။

နယ္သာလန္ရဲ ႔ အၾကီးက်ယ္ဆံုး ေနရာထဲမွာ တစ္ခုအပါဝင္ ျဖစ္ပါတယ္။ ဘာလို႔လဲဆုိ တစ္ႏိုင္ငံလံုး ဂ်ာမနီလက္ေအာက္ေရာက္ခ်ိန္ ယင္းခံတပ္ရဲ ႔ အေထာက္အပံ့ေၾကာင့္ ဂ်ာမန္လက္ေအာက္ေရာက္ရမယ့္ အေျခအေနကေန လြတ္ေျမာက္ခဲ့လို႔ ျဖစ္ပါတယ္။

၁၅၉၃ ခုႏွစ္က ၈ႏွစ္ စစ္ပြဲအတြင္းမွာ ဒတ္ခ်္ဘုရင္ William the I of Orange မွ တည္ေဆာက္ခိုင္းလို႔ ျဖစ္ပါတယ္။ အဲ့တုန္းက Groningen ျပည္နယ္ဟာ စပိန္ရဲ ႔ သိမ္းပိုက္ထားမွုကို ခံထားရျပီး တစ္ဖက္ကလည္း ဂ်ာမနီတပ္မ်ား ျခံရံေနပါတယ္။ ဒီေတာ့ ဒီတပ္ႏွစ္တပ္သာ ေပါင္းစံုမိလိုက္ရင္ နယ္သာလန္ဆုိတာ ဖြတ္ဖြတ္ေက်ေအာင္ ပ်က္စီးရမွာမို႔ အေမွ်ာ္အျမင္ၾကီး စြာနဲ႔ ဆက္သြယ္ေရး လမ္းအလယ္တည့္တည့္မွာ ယခုလို ဧရာမ ခံတပ္ အၾကီးၾကီး တည္ေဆာက္ပါတယ္။

ၾကယ္ပံုသ႑ာန္ အကြင္းေပါင္းမ်ားစြာနဲ႔ တစ္ဆင့္ျပီး တစ္ဆင့္မွာ ရႊံ ႔ႏြံေတြ၊ ေရေတြ၊ လက္နက္ဗံုးေတြ အဆင့္ဆင့္ခံပါတယ္။ အေျမာက္တပ္ ေခတ္စားတဲ့အခ်ိန္ဆုိေတာ့ အေျမာက္ဒဏ္ခံႏိုင္ေအာင္ သူ႔ေခတ္သူ႔ခါ နည္းပညာနဲ႔ တည္ေဆာက္ထားပါတယ္။ တကယ္လည္း ခံႏိုင္ပါတယ္။ စပိန္ရဲ ႔တိုက္စစ္ကို တြန္းလွန္ႏိုင္ျပီး Groningen ျပည္နယ္ကို ျပန္ရပါတယ္။

ဂ်ာမနီတပ္လည္း နယ္သာလန္ႏိုင္ငံကို ဝင္သိမ္းပါတယ္။ ျပည္နယ္အားလံုး သိမ္းလို႔ျပီးေပးမယ့္ ယင္း ခံတပ္ တစ္ခုတည္း ကပ္က်န္ေနပါတယ္။ ယင္းတပ္မွာလည္း နယ္သာလန္တို႔ တိုက္ပြဲဝင္ဖို႔ အဆင္သင့္ ျဖစ္ေနပါတယ္။ ဂ်ာမနီတို႔ ထိုးစစ္က Bourtange ခံတပ္ ကို ေရာက္ဖို႔ထက္ သူ႔ရႊံ ႔ႏြံေတြမွာပဲ ဇာတ္သိမ္းသြားပါတယ္။ ေနာက္ဆံုး ဂ်ာမနီေတြ တပ္ျပန္ဆုတ္ ရေလာက္ေအာင္ကို Fort Bourtange က ဂုဏ္အရွိန္အဝါ ၾကီးမားလွပါတယ္။

၁၅ ရာစုကတည္းက နယ္သာလန္ ေဆာက္လုပ္ေရး အင္ဂ်င္နီယာေတြ ဘယ္လို စြမ္းတယ္ဆုိတာကို ယေန႔တိုင္ သက္ေသျပေနပါတယ္။ အေျမာက္တပ္ ရွိရင္ ႏိုင္ငံသိမ္းႏိုင္တယ္ဆိုတဲ့ သမုိင္းကိုလည္း ယင္းခံတပ္က သက္ေသျပသြားပါတယ္။ Bourtange ခံတပ္ဟာ ႏွစ္ေပါင္းမ်ားစြာ တုိက္ပြဲေပါင္းမ်ားစြာကို ႀကံ႕ႀကံ႕ခုိင္ေအာင္ျမင္ခဲ့တဲ့ ခံတပ္ အျဖစ္ ထင္ရွားခဲ့ပါတယ္။

၁၈၅၁ ခုႏွစ္မွာေတာ့ ခံတပ္ကို ေက်းရြာအျဖစ္ ေျပာင္းလဲခဲ့ၿပီး ႏွစ္ေပါင္း ၁၀၀ နီးပါး လူေတြအေျခခ်ေနထုိင္ခဲ့တဲ့ေနရာျဖစ္ခဲ့ပါတယ္။ ၁၉၆၀ ခုႏွစ္ ၀န္းက်င္မွာေတာ့ အစုိးရဟာ ေနထုိင္သူအားလုံးကို ဖယ္ရွားလုိက္ၿပီးေတာ့ သမုိင္း၀င္ေနရာတစ္ခု အျဖစ္ သီးသန္႔ျပန္ထားခဲ့ပါတယ္။

ယေန႔မွာေတာ့ ျပတိုက္တစ္ခုအေနနဲ႔ တည္ရွိေနပါျပီ။ ခံတပ္ကို အေကာင္းပကတိ ထိမ္းသိမ္းထားႏုိင္သလုိ ဒီအထဲမွာ သမုိင္း၀င္ ဘုရားေက်ာင္းေတြ ၊ ေက်ာက္ခင္းလမ္းေတြ ၊ သစ္သားေလရဟတ္ႀကီးေတြ ၊ အံၾသဖြယ္တည္ေဆာက္ထားတဲ့ တံတားေတြ နဲ႔ စစ္တန္းလ်ားေတြ ကို ျမင္ေတြ႔ႏုိင္ပါေသးတယ္။

နယ္သာလန္ႏိုင္ငံရဲ ႔ ၾကီးက်ယ္ျမင့္ျမတ္ခဲ့တဲ့ စစ္တပ္နဲ႔ ဘုရင္မ်ားအေၾကာင္းကို ေလ့လာ လိုသူမ်ားအတြက္ အေကာင္းဆံုးေနရာမ်ားထဲမွာ Fort Bourtange ဟာ တစ္ခုအပါအဝင္ ျဖစ္ေၾကာင္း သိရပါတယ္။

VIDEO

ေအာင္ခမ္း
——————
ဆန်းပြားတဲ့ ဒီဇိုင်းနဲ့ ကမ္ဘာကျော်ခံတပ်ကြီး

ရေးသားသူ – အောင်ခမ်း

နယ်သာလန်နိုင်ငံ၊ မြောက်ဘက်အစွန်း Groningen ပြည်နယ် Bourtange ရွာမှာ တည်ရှိနေတဲ့ ခံတပ်တစ်ခု ဖြစ်ပါတယ်။

နယ်သာလန်ရဲ့ အကြီးကျယ်ဆုံး နေရာထဲမှာ တစ်ခုအပါဝင် ဖြစ်ပါတယ်။ ဘာလို့လဲဆို တစ်နိုင်ငံလုံး ဂျာမနီလက်အောက်ရောက်ချိန် ယင်းခံတပ်ရဲ့ အထောက်အပံ့ကြောင့် ဂျာမန်လက်အောက်ရောက်ရမယ့် အခြေအနေကနေ လွတ်မြောက်ခဲ့လို့ ဖြစ်ပါတယ်။

၁၅၉၃ ခုနှစ်က ၈နှစ် စစ်ပွဲအတွင်းမှာ ဒတ်ခ်ျဘုရင် William the I of Orange မှ တည်ဆောက်ခိုင်းလို့ ဖြစ်ပါတယ်။ အဲ့တုန်းက Groningen ပြည်နယ်ဟာ စပိန်ရဲ့ သိမ်းပိုက်ထားမှုကို ခံထားရပြီး တစ်ဖက်ကလည်း ဂျာမနီတပ်များ ခြံရံနေပါတယ်။ ဒီတော့ ဒီတပ်နှစ်တပ်သာ ပေါင်းစုံမိလိုက်ရင် နယ်သာလန်ဆိုတာ ဖွတ်ဖွတ်ကျေအောင် ပျက်စီးရမှာမို့ အမျှော်အမြင်ကြီး စွာနဲ့ ဆက်သွယ်ရေး လမ်းအလယ်တည့်တည့်မှာ ယခုလို ဧရာမ ခံတပ် အကြီးကြီး တည်ဆောက်ပါတယ်။

ကြယ်ပုံသဏ္ဍာန် အကွင်းပေါင်းများစွာနဲ့ တစ်ဆင့်ပြီး တစ်ဆင့်မှာ ရွှံ့နွံတွေ၊ ရေတွေ၊ လက်နက်ဗုံးတွေ အဆင့်ဆင့်ခံပါတယ်။ အမြောက်တပ် ခေတ်စားတဲ့အချိန်ဆိုတော့ အမြောက်ဒဏ်ခံနိုင်အောင် သူ့ခေတ်သူ့ခါ နည်းပညာနဲ့ တည်ဆောက်ထားပါတယ်။ တကယ်လည်း ခံနိုင်ပါတယ်။ စပိန်ရဲ့တိုက်စစ်ကို တွန်းလှန်နိုင်ပြီး Groningen ပြည်နယ်ကို ပြန်ရပါတယ်။

ဂျာမနီတပ်လည်း နယ်သာလန်နိုင်ငံကို ဝင်သိမ်းပါတယ်။ ပြည်နယ်အားလုံး သိမ်းလို့ပြီးပေးမယ့် ယင်း ခံတပ် တစ်ခုတည်း ကပ်ကျန်နေပါတယ်။ ယင်းတပ်မှာလည်း နယ်သာလန်တို့ တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။ ဂျာမနီတို့ ထိုးစစ်က Bourtange ခံတပ် ကို ရောက်ဖို့ထက် သူ့ရွှံ့နွံတွေမှာပဲ ဇာတ်သိမ်းသွားပါတယ်။ နောက်ဆုံး ဂျာမနီတွေ တပ်ပြန်ဆုတ် ရလောက်အောင်ကို Fort Bourtange က ဂုဏ်အရှိန်အဝါ ကြီးမားလှပါတယ်။

၁၅ ရာစုကတည်းက နယ်သာလန် ဆောက်လုပ်ရေး အင်ဂျင်နီယာတွေ ဘယ်လို စွမ်းတယ်ဆိုတာကို ယနေ့တိုင် သက်သေပြနေပါတယ်။ အမြောက်တပ် ရှိရင် နိုင်ငံသိမ်းနိုင်တယ်ဆိုတဲ့ သမိုင်းကိုလည်း ယင်းခံတပ်က သက်သေပြသွားပါတယ်။ Bourtange ခံတပ်ဟာ နှစ်ပေါင်းများစွာ တိုက်ပွဲပေါင်းများစွာကို ကြံ့ကြံ့ခိုင်အောင်မြင်ခဲ့တဲ့ ခံတပ် အဖြစ် ထင်ရှားခဲ့ပါတယ်။

၁၈၅၁ ခုနှစ်မှာတော့ ခံတပ်ကို ကျေးရွာအဖြစ် ပြောင်းလဲခဲ့ပြီး နှစ်ပေါင်း ၁၀၀ နီးပါး လူတွေအခြေချနေထိုင်ခဲ့တဲ့နေရာဖြစ်ခဲ့ပါတယ်။ ၁၉၆၀ ခုနှစ် ဝန်းကျင်မှာတော့ အစိုးရဟာ နေထိုင်သူအားလုံးကို ဖယ်ရှားလိုက်ပြီးတော့ သမိုင်းဝင်နေရာတစ်ခု အဖြစ် သီးသန့်ပြန်ထားခဲ့ပါတယ်။

ယနေ့မှာတော့ ပြတိုက်တစ်ခုအနေနဲ့ တည်ရှိနေပါပြီ။ ခံတပ်ကို အကောင်းပကတိ ထိမ်းသိမ်းထားနိုင်သလို ဒီအထဲမှာ သမိုင်းဝင် ဘုရားကျောင်းတွေ ၊ ကျောက်ခင်းလမ်းတွေ ၊ သစ်သားလေရဟတ်ကြီးတွေ ၊ အံဩဖွယ်တည်ဆောက်ထားတဲ့ တံတားတွေ နဲ့ စစ်တန်းလျားတွေ ကို မြင်တွေ့နိုင်ပါသေးတယ်။

နယ်သာလန်နိုင်ငံရဲ့ ကြီးကျယ်မြင့်မြတ်ခဲ့တဲ့ စစ်တပ်နဲ့ ဘုရင်များအကြောင်းကို လေ့လာ လိုသူများအတွက် အကောင်းဆုံးနေရာများထဲမှာ Fort Bourtange ဟာ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရပါတယ်။

အောင်ခမ်း

Leave a Reply