စစ္ပြဲမ်ားကို အသြင္ေျပာင္းလဲလာေစခဲ့သည့္ နည္းပညာ ၇ မ်ိဳး

Posted on

ေရးသားသူ – TMK(သမန္းက်ား)

စစ္ပြဲသမိုင္းသည္ ရွည္လ်ားလြန္းလွျပီး လူ ့ယဥ္ေက်းမႈ ႏွင့္ တျပိဳင္နက္တည္းလိုလို စတင္ခဲ့ဖြယ္ရွိသည္။ ထို ့အတူ စစ္တပ္မ်ား အသံုးျပဳခဲ့ေသာ စစ္လက္နက္မ်ားသည္လည္း လွံ၊ ေလးျမွား တို ့မွ အစျပဳ၍ ယေန ့ တိုက္ေလယာဥ္မ်ား၊ ေလဆာလက္နက္မ်ား၊ ေမာင္းသူမဲ့ေလယာဥ္မ်ား၊ ဗံုးလက္နက္မ်ားကို သယ္ေဆာင္ေသာ ယာဥ္မ်ားျဖင့္ တစ္ေန ့တ ျခား ေခတ္မီလာေၾကာင္း သိရသည္။ ကမာၻ႔စစ္လက္နက္အဆင့္ကို ေျပာင္းလဲေစခဲ့ေသာ နည္းပညာ (၇)မ်ိဳးကိုမႈ ကမာၻ႔ႏိုင္ငံအသီးသီးက အထူးမွတ္တမ္း တင္ ထားရွိေၾကာင္း Live Science သတင္းတစ္ရပ္တြင္ ေဖာ္ျပထားသည္။

၇။ လူမဲ့ ဒရုန္း ေလယာဥ္

တိုက္ခိုက္ေရး ဒရုန္းမ်ား၊ လူမဲ့ေလယာဥ္မ်ား ကို မိုင္ေပါင္း ေထာင္ႏွင့္ခ်ီေသာ အကြာအေ၀း မွ ထိန္းခ်ဳပ္ကာ ေရွ ့တန္းစစ္မ်က္ႏွာမ်ားတြင္ ကူညီတိုက္ခိုက္ေပးႏိုင္သည္။ ေလယာဥ္မွဴးအသက္ဆံုးရွံဳးမႈ မ်ားစြာကို ေရွာင္ၾကဥ္ႏိုင္ခဲ့သည္။ အေမရိကန္စစ္တပ္တြင္ ဒရုန္း လူမဲ့ေလယာဥ္ကို တြင္က်ယ္စြာ အသံုးျပဳေနသည္။

၆။ ေလယာဥ္အလိုအေလ်ာက္ ပံ်သန္းစနစ္

အလိုအေလ်ာက္ပံ်သန္းစနစ္ျဖင့္ ေလယာဥ္ကို အီလက္ထရြန္းနစ္စနစ္ ျဖင့္ ပို၍ တိက်စြာ ထိန္းခ်ဳပ္နိုင္သည္။ ေလယာဥ္မွဴးက အျခားကိစၥရပ္မ်ားကို ေဆာင္ရြက္ႏိုင္သည္။

၅။ ေရငုပ္သေဘၤာ

ေရေအာက္မွပစ္ခတ္ျပီး ရန္သူသေဘၤာမ်ားကို ဖ်က္ဆီးႏိုင္စြမ္းရွိေသာ ေရငုပ္သေဘၤာ မ်ားကို စစ္၏ သဘာ၀ကို ေျပာင္းလဲေစခဲ့သည္။ ၁၈၆၁ မွ ၁၈၆၅ အထိ ၾကာျမွင့္ခဲ့ေသာ အေမရိကန္ ျပည္တြင္းစစ္ တြင္ ေရငုပ္သေဘၤာမွ ပစ္ခတ္ကာ စစ္သေဘၤာတစ္စီးကို ပထမဦးဆံုးအၾကိမ္ ဖ်က္ဆီးခဲ့သည္။ ယေန ့ စစ္တပ္မ်ားက ေရငုပ္သေဘၤာမ်ားတြင္ ဒံုးက်ဥ္မ်ားကို တပ္ဆင္ကာ ကင္းေထာက္ျခင္း၊ ေျမျပင္တိုက္ပြဲမ်ားတြင္ ကူပစ္ေပးျခင္း၊ ပိတ္ ဆို ့ျခင္း တို ့ကို လုပ္ကိုင္ၾကသည္။

၄။ တိုမာေဟာ့ဒံုးက်ဥ္

တာေ၀းပစ္ဒံုးက်ဥ္ အမ်ိဳးအစားျဖစ္ျပီး ခပ္နိမ့္နိမ့္ ပ်ံသန္းႏိုင္ကာ ေျမျပင္ပစ္မွတ္မ်ားကို ဖ်က္ ဆီးႏိုင္သည္။ ကိုယ္ပိုင္ ဂ်က္အင္ဂ်င္ ပါ၀င္ျပီး ၁၉၉၁ သဲကႏၱာရ စစ္ဆင္ေရးတြင္ အေမရိကန္ က စတင္ အသံုးျပဳခဲ့ သည္။ တစ္နာရီလ်င္ (၅၅၀)မိုင္ႏႈန္း ပ်ံသန္းႏိုင္ျပီး GPS စနစ္ျဖင့္ ပစ္မွတ္ကို တိက်စြာ ရွာေဖြ ဖ်က္ဆီးႏိုင္သည္။

၃။ သူလွ်ိဳေလယာဥ္ (Stealth)

သူလွ်ိဳေလယာဥ္မ်ားသည္ ကိုယ္ထည္တစ္ခုလံုးကို ေဖ်ာက္ႏိုင္စြမ္းရွိျပီး ေရဒါကို လည္း လွည့္စားႏိုင္သည္။ ရန္သူမ်က္စိလည္ေနခ်ိန္တြင္ ေအာင္ျမင္စြာ တိုက္ခိုက္ေလ့ရွိသည္။ သူလွ်ိဳေလယာဥ္ကို ဂ်ာမနီႏိုင္ငံက စတင္ထုတ္လုပ္ခဲ့ေသာ္လည္း အေမရိကန္လုပ္ F-35 Lighting II, F-22 Raptor ႏွင့္ B-2 Spirit တို ့ က ေနာက္ပိုင္းတြင္ ပိုမိုေကာင္းမြန္လာသည္။

၂။ အာကာသ လက္နက္

ကမာၻေပၚရွိ ပစ္မွတ္မ်ားကို မိုးေကာင္းကင္မွ တိုက္ခိုက္ႏိုင္ျပီး ဒံုးက်ဥ္မ်ားကို လမ္းခု လတ္မွ ဖ်က္ဆီးပစ္ႏိုင္သည္။ အာကာသယာဥ္မ်ား၊ ျဂိဳလ္တုမ်ားကို ပစ္ခ်ႏိုင္သည္။ စစ္ေအးကာလတြင္ အေမရိကန္ ႏွင့္ ဆိုဗီယက္ယူနီယံတို ့က ႏိုင္ငံေရးတင္းမာမႈႏွင့္အညီ အာကာသလက္နက္မ်ားကို အျပိဳင္အဆိုင္ တပ္ဆင္ခဲ့ၾက သည္။ အေမရိက၊ ရုရွား ႏွင့္ တရုတ္ႏိုင္ငံတို ့က ျဂိဳလ္တုဖ်က္ လက္နက္မ်ား ထုတ္လုပ္လာၾကသည္။

၁။ န်ဴကလီးယားလက္နက္

ဒုတိယကမာၻစစ္အတြင္းက မန္ဟာတန္စစ္ဆင္ေရး အတြက္ ႐ူပေဗဒ ပညာရွင္ မ်ားက တီထြင္ဖန္တီးခဲ့ျခင္းျဖစ္ျပီး ထိုစဥ္က အက္တမ္ဗံုးဟု ေခၚဆိုခဲ့သည္။ ပထမဆံုးေသာ န်ဴကလီးယားဗံုးကို ၁၉၄၅၊ ဇူလိုင္ ၁၆ တြင္ နယူးမက္ဆီကို ေလတပ္မွ စမ္းသပ္ေဖာက္ခြဲခဲ့ရာ ဗံုးေပါက္ကြဲအား (၁၅၀၀၀) TNT ထက္ ပိုခဲ့ျပီး ၁၉၄၅ တြင္ ဂ်ပန္ႏိုင္ငံ ဟီိရိုရွီးမား ႏွင့္ နာဂါဆာကီ ျမိဳ ့တို ့တြင္ န်ဴကလီးယားဗံုး (၁)လံုးစီ ၾကဲခ်ကာ ဒုတိယ ကမာၻစစ္ကို အဆံုးသတ္ခဲ့သည္။

TMK(သမန္းက်ား)

—————-

စစ်ပွဲများကို အသွင်ပြောင်းလဲလာစေခဲ့သည့် နည်းပညာ ၇ မျိုး (unicode)

ရေးသားသူ – TMK(သမန်းကျား)

စစ်ပွဲသမိုင်းသည် ရှည်လျားလွန်းလှပြီး လူ့ယဉ်ကျေးမှု နှင့် တပြိုင်နက်တည်းလိုလို စတင်ခဲ့ဖွယ်ရှိသည်။ ထို့အတူ စစ်တပ်များ အသုံးပြုခဲ့သော စစ်လက်နက်များသည်လည်း လှံ၊ လေးမြှား တို့မှ အစပြု၍ ယနေ့ တိုက်လေယာဉ်များ၊ လေဆာလက်နက်များ၊ မောင်းသူမဲ့လေယာဉ်များ၊ ဗုံးလက်နက်များကို သယ်ဆောင်သော ယာဉ်များဖြင့် တစ်နေ့တ ခြား ခေတ်မီလာကြောင်း သိရသည်။ ကမ္ဘာ့စစ်လက်နက်အဆင့်ကို ပြောင်းလဲစေခဲ့သော နည်းပညာ (၇)မျိုးကိုမှု ကမ္ဘာ့နိုင်ငံအသီးသီးက အထူးမှတ်တမ်း တင် ထားရှိကြောင်း Live Science သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၇။ လူမဲ့ ဒရုန်း လေယာဉ်

တိုက်ခိုက်ရေး ဒရုန်းများ၊ လူမဲ့လေယာဉ်များ ကို မိုင်ပေါင်း ထောင်နှင့်ချီသော အကွာအဝေး မှ ထိန်းချုပ်ကာ ရှေ့တန်းစစ်မျက်နှာများတွင် ကူညီတိုက်ခိုက်ပေးနိုင်သည်။ လေယာဉ်မှူးအသက်ဆုံးရှုံးမှု များစွာကို ရှောင်ကြဉ်နိုင်ခဲ့သည်။ အမေရိကန်စစ်တပ်တွင် ဒရုန်း လူမဲ့လေယာဉ်ကို တွင်ကျယ်စွာ အသုံးပြုနေသည်။

၆။ လေယာဉ်အလိုအလျောက် ပျံသန်းစနစ်

အလိုအလျောက်ပျံသန်းစနစ်ဖြင့် လေယာဉ်ကို အီလက်ထရွန်းနစ်စနစ် ဖြင့် ပို၍ တိကျစွာ ထိန်းချုပ်နိုင်သည်။ လေယာဉ်မှူးက အခြားကိစ္စရပ်များကို ဆောင်ရွက်နိုင်သည်။

၅။ ရေငုပ်သင်္ဘော

ရေအောက်မှပစ်ခတ်ပြီး ရန်သူသင်္ဘောများကို ဖျက်ဆီးနိုင်စွမ်းရှိသော ရေငုပ်သင်္ဘော များကို စစ်၏ သဘာဝကို ပြောင်းလဲစေခဲ့သည်။ ၁၈၆၁ မှ ၁၈၆၅ အထိ ကြာမြှင့်ခဲ့သော အမေရိကန် ပြည်တွင်းစစ် တွင် ရေငုပ်သင်္ဘောမှ ပစ်ခတ်ကာ စစ်သင်္ဘောတစ်စီးကို ပထမဦးဆုံးအကြိမ် ဖျက်ဆီးခဲ့သည်။ ယနေ့ စစ်တပ်များက ရေငုပ်သင်္ဘောများတွင် ဒုံးကျဉ်များကို တပ်ဆင်ကာ ကင်းထောက်ခြင်း၊ မြေပြင်တိုက်ပွဲများတွင် ကူပစ်ပေးခြင်း၊ ပိတ် ဆို့ခြင်း တို့ကို လုပ်ကိုင်ကြသည်။

၄။ တိုမာဟော့ဒုံးကျဉ်

တာဝေးပစ်ဒုံးကျဉ် အမျိုးအစားဖြစ်ပြီး ခပ်နိမ့်နိမ့် ပျံသန်းနိုင်ကာ မြေပြင်ပစ်မှတ်များကို ဖျက် ဆီးနိုင်သည်။ ကိုယ်ပိုင် ဂျက်အင်ဂျင် ပါဝင်ပြီး ၁၉၉၁ သဲကန္တာရ စစ်ဆင်ရေးတွင် အမေရိကန် က စတင် အသုံးပြုခဲ့ သည်။ တစ်နာရီလျင် (၅၅၀)မိုင်နှုန်း ပျံသန်းနိုင်ပြီး GPS စနစ်ဖြင့် ပစ်မှတ်ကို တိကျစွာ ရှာဖွေ ဖျက်ဆီးနိုင်သည်။

၃။ သူလျှိုလေယာဉ် (Stealth)

သူလျှိုလေယာဉ်များသည် ကိုယ်ထည်တစ်ခုလုံးကို ဖျောက်နိုင်စွမ်းရှိပြီး ရေဒါကို လည်း လှည့်စားနိုင်သည်။ ရန်သူမျက်စိလည်နေချိန်တွင် အောင်မြင်စွာ တိုက်ခိုက်လေ့ရှိသည်။ သူလျှိုလေယာဉ်ကို ဂျာမနီနိုင်ငံက စတင်ထုတ်လုပ်ခဲ့သော်လည်း အမေရိကန်လုပ် F-35 Lighting II, F-22 Raptor နှင့် B-2 Spirit တို့ က နောက်ပိုင်းတွင် ပိုမိုကောင်းမွန်လာသည်။

၂။ အာကာသ လက်နက်

ကမ္ဘာပေါ်ရှိ ပစ်မှတ်များကို မိုးကောင်းကင်မှ တိုက်ခိုက်နိုင်ပြီး ဒုံးကျဉ်များကို လမ်းခု လတ်မှ ဖျက်ဆီးပစ်နိုင်သည်။ အာကာသယာဉ်များ၊ ဂြိုလ်တုများကို ပစ်ချနိုင်သည်။ စစ်အေးကာလတွင် အမေရိကန် နှင့် ဆိုဗီယက်ယူနီယံတို့က နိုင်ငံရေးတင်းမာမှုနှင့်အညီ အာကာသလက်နက်များကို အပြိုင်အဆိုင် တပ်ဆင်ခဲ့ကြ သည်။ အမေရိက၊ ရုရှား နှင့် တရုတ်နိုင်ငံတို့က ဂြိုလ်တုဖျက် လက်နက်များ ထုတ်လုပ်လာကြသည်။

၁။ နျူကလီးယားလက်နက်

ဒုတိယကမ္ဘာစစ်အတွင်းက မန်ဟာတန်စစ်ဆင်ရေး အတွက် ရူပဗေဒ ပညာရှင် များက တီထွင်ဖန်တီးခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အက်တမ်ဗုံးဟု ခေါ်ဆိုခဲ့သည်။ ပထမဆုံးသော နျူကလီးယားဗုံးကို ၁၉၄၅၊ ဇူလိုင် ၁၆ တွင် နယူးမက်ဆီကို လေတပ်မှ စမ်းသပ်ဖောက်ခွဲခဲ့ရာ ဗုံးပေါက်ကွဲအား (၁၅၀၀၀) TNT ထက် ပိုခဲ့ပြီး ၁၉၄၅ တွင် ဂျပန်နိုင်ငံ ဟိရိုရှီးမား နှင့် နာဂါဆာကီ မြို့တို့တွင် နျူကလီးယားဗုံး (၁)လုံးစီ ကြဲချကာ ဒုတိယ ကမ္ဘာစစ်ကို အဆုံးသတ်ခဲ့သည်။

TMK(သမန်းကျား)

Leave a Reply