သစ္ရြက္ေျခာက္ ေတာက္တဲ့

Posted on

ရုတ္တရက္ၾကည့္လိုက္ရင္ သစ္ရြက္ပဲ ျဖစ္ပါတယ္။ ေသခ်ာၾကည့္ရင္ေတာင္ သတိမထားမိသူဖို႔ သစ္ရြက္ေျခာက္ လို႔ပဲ ထင္စရာ ရွိပါတယ္။ အမွန္ေတာ့ သူက ေတာက္တဲ့မ်ိဳးဝင္တဲ့ သစ္ရြက္ေျခာက္ ေတာက္တဲ့ (Uroplatus phantasticus) ျဖစ္ပါတယ္။

မဂါဒတ္စကားႏိုင္ငံမွာပဲ ရွိတဲ့ ေတာက္တဲ့ ျဖစ္ပါတယ္။ မဂါဒတ္စကား ႏိုင္ငံ ဆုိတာ အာဖရိကတိုက္ အေရွ ႔ေတာင္ပိုင္း အိႏၵိယသမုဒၵရာ တြင္းက ကြ်န္းစု ႏိုင္ငံ ျဖစ္ပါတယ္။ ဘယ္ေနရာမွာမွ မေတြ႔ရပဲ ယင္းကြ်န္းမွာသာ ရွိတဲ့ သတၱဝါတစ္မ်ိဳး ျဖစ္ပါတယ္။

ဒီေတာက္တဲ့အေၾကာင္းကို ၁၈၈၈ခုႏွစ္မွာ တိရစာၦန္ေလ့လာေရးပညာရွင္တစ္ေယာက္ျဖစ္တဲ့ ဘယ္လ္ဂ်ီယံလူမ်ဳိး George Albert Boulenger က စတင္ေဖာ္ထုတ္ခဲ့တာျဖစ္ပါတယ္။

အရွည္အားျဖင့္ ဦးေခါင္းကေန အၿမီးအထိ ၂.၅ ကေန ၆ လက္မအထိသာ အရွည္ ရွိႏိုင္တဲ့ ေတာက္တဲ့ ျဖစ္ပါတယ္။ အျခားေတာက္တဲ့ေတြလုိပဲ ဒီေတာက္တဲ့မွာလည္း မ်က္ခြံမပါပါဘူး။ မ်က္ခြံမပါတာေၾကာင့္ မ်က္စိထဲကို အမႈန္အမႊားေတြ ၀င္တဲ့အခါမ်ဳိးမွာ သူတုိ႔ရဲ႕ ရွည္လ်ားတဲ့ လွ်ာ ကိုအသုံးျပဳၿပီး ဖယ္ရွားေလ့ရွိပါတယ္။

အေရာင္ကေတာ့ ခရမ္း ၊ အ၀ါ ၊ လိေမၼာ္ စသည္ျဖင့္ မ်ဳိးစုံရွိႏုိင္ေပမယ့္ အမ်ားဆုံးေတြ႔ရေလ့ရွိတဲ့အေရာင္ကေတာ့ အညဳိေပ်ာက္ေရာင္ျဖစ္ပါတယ္။ သန္မာတဲ့ေျခေခ်ာင္းလက္ေခ်ာင္းေတြကို ပုိင္ဆုိင္ထားတာေၾကာင့္ သစ္ပင္ေတြေပၚမွာ လွ်င္ျမန္စြာ အတက္အဆင္းလုပ္ႏုိင္ပါတယ္။

တစ္ကုိယ္လုံး သစ္ရြက္နဲ႔ ဆင္ေနေပမယ့္ ပါးစပ္ကေတာ့ ပန္းႏုေရာင္ျဖစ္ပါတယ္။ အျခားသားေကာင္ေတြရဲ႕ ရန္မွ ကာကြယ္လုိတဲ့အခါ ခႏၶာကုိယ္ကုိ သူတုိ႔ရဲ႕သစ္ရြက္အၿမီးနဲ႔ ဖုံးအုပ္ကာ ကာကြယ္ေလ့ရွိပါတယ္။ သူတုိ႔ရဲ႕အစာက အင္းဆက္ေတြျဖစ္ၿပီး ညဘက္မွာမွ ရွာေဖြစားေသာက္ေလ့ရွိၾကပါတယ္။

သူ႔ရဲ ႔ ထူးျခားတဲ့ အသြင္ သ႑ာန္ေၾကာင့္ လိုခ်င္သူမ်ားျပားျပီး ေစ်းၾကီးေပး ေရာင္းဝယ္ၾကပါတယ္။ ေဆးဝါးအျဖစ္ လည္း သံုးစြဲသလို အိမ္ေမြးတိရစၦာန္အျဖစ္လည္း ေမြးျမဴၾကပါတယ္။

ဒါေၾကာင့္ သူတုိ႔ကုိ ကမၻာ့အလိုရွိဆံုး သတၱဝါမ်ိဳးစိတ္ ၁၀ခု၀င္အျဖစ္ ကမာၻ႔သဘာ၀ဆုိင္ရာ ေငြေၾကးေထာက္ပံ့ေရးအဖြဲ႔ႀကီး(WWF) က မွတ္တမ္းတင္ ထားတယ္လို႔ သိရပါတယ္။ အေမရိကန္မွာေတာ့ ဒီေတာက္တဲ့ေတြကို ထိမ္းသိမ္းျပသထားတဲ့ တိရစာၦန္ရုံ ၇ရုံခန္႔ရွိေနပါတယ္။

VIDEO

————–

သစ်ရွက်ခြောက် တောက်တဲ့ (unicode)

ရုတ်တရက်ကြည့်လိုက်ရင် သစ်ရွက်ပဲ ဖြစ်ပါတယ်။ သေချာကြည့်ရင်တောင် သတိမထားမိသူဖို့ သစ်ရွက်ခြောက် လို့ပဲ ထင်စရာ ရှိပါတယ်။ အမှန်တော့ သူက တောက်တဲ့မျိုးဝင်တဲ့ သစ်ရွက်ခြောက် တောက်တဲ့ (Uroplatus phantasticus) ဖြစ်ပါတယ်။

မဂါဒတ်စကားနိုင်ငံမှာပဲ ရှိတဲ့ တောက်တဲ့ ဖြစ်ပါတယ်။ မဂါဒတ်စကား နိုင်ငံ ဆိုတာ အာဖရိကတိုက် အရှေ့တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာ တွင်းက ကျွန်းစု နိုင်ငံ ဖြစ်ပါတယ်။ ဘယ်နေရာမှာမှ မတွေ့ရပဲ ယင်းကျွန်းမှာသာ ရှိတဲ့ သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။

ဒီတောက်တဲ့အကြောင်းကို ၁၈၈၈ခုနှစ်မှာ တိရစ္ဆာန်လေ့လာရေးပညာရှင်တစ်ယောက်ဖြစ်တဲ့ ဘယ်လ်ဂျီယံလူမျိုး George Albert Boulenger က စတင်ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။

အရှည်အားဖြင့် ဦးခေါင်းကနေ အမြီးအထိ ၂.၅ ကနေ ၆ လက်မအထိသာ အရှည် ရှိနိုင်တဲ့ တောက်တဲ့ ဖြစ်ပါတယ်။ အခြားတောက်တဲ့တွေလိုပဲ ဒီတောက်တဲ့မှာလည်း မျက်ခွံမပါပါဘူး။ မျက်ခွံမပါတာကြောင့် မျက်စိထဲကို အမှုန်အမွှားတွေ ဝင်တဲ့အခါမျိုးမှာ သူတို့ရဲ့ ရှည်လျားတဲ့ လျှာ ကိုအသုံးပြုပြီး ဖယ်ရှားလေ့ရှိပါတယ်။

အရောင်ကတော့ ခရမ်း ၊ အဝါ ၊ လိမ္မော် စသည်ဖြင့် မျိုးစုံရှိနိုင်ပေမယ့် အများဆုံးတွေ့ရလေ့ရှိတဲ့အရောင်ကတော့ အညိုပျောက်ရောင်ဖြစ်ပါတယ်။ သန်မာတဲ့ခြေချောင်းလက်ချောင်းတွေကို ပိုင်ဆိုင်ထားတာကြောင့် သစ်ပင်တွေပေါ်မှာ လျှင်မြန်စွာ အတက်အဆင်းလုပ်နိုင်ပါတယ်။

တစ်ကိုယ်လုံး သစ်ရွက်နဲ့ ဆင်နေပေမယ့် ပါးစပ်ကတော့ ပန်းနုရောင်ဖြစ်ပါတယ်။ အခြားသားကောင်တွေရဲ့ ရန်မှ ကာကွယ်လိုတဲ့အခါ ခန္ဓာကိုယ်ကို သူတို့ရဲ့သစ်ရွက်အမြီးနဲ့ ဖုံးအုပ်ကာ ကာကွယ်လေ့ရှိပါတယ်။ သူတို့ရဲ့အစာက အင်းဆက်တွေဖြစ်ပြီး ညဘက်မှာမှ ရှာဖွေစားသောက်လေ့ရှိကြပါတယ်။

သူ့ရဲ့ ထူးခြားတဲ့ အသွင် သဏ္ဍာန်ကြောင့် လိုချင်သူများပြားပြီး ဈေးကြီးပေး ရောင်းဝယ်ကြပါတယ်။ ဆေးဝါးအဖြစ် လည်း သုံးစွဲသလို အိမ်မွေးတိရစ္ဆာန်အဖြစ်လည်း မွေးမြူကြပါတယ်။

ဒါကြောင့် သူတို့ကို ကမ္ဘာ့အလိုရှိဆုံး သတ္တဝါမျိုးစိတ် ၁ဝခုဝင်အဖြစ် ကမ္ဘာ့သဘာဝဆိုင်ရာ ငွေကြေးထောက်ပံ့ရေးအဖွဲ့ကြီး(WWF) က မှတ်တမ်းတင် ထားတယ်လို့ သိရပါတယ်။ အမေရိကန်မှာတော့ ဒီတောက်တဲ့တွေကို ထိမ်းသိမ်းပြသထားတဲ့ တိရစ္ဆာန်ရုံ ၇ရုံခန့်ရှိနေပါတယ်။

Leave a Reply