လက္ႏွစ္ဖက္ မရွိေပမယ့္ နာမည္ႀကီး စာဖုိမွဴးျဖစ္လာခဲ့သူ

Posted on

ေရးသားသူ – ဗန္းေမာ္သိန္းေဖ

သင့္မွာ ကံဆိုးတဲ့ အျဖစ္မ်ိဳးနဲ႔ ၾကံဳေတြ႕ေနရလို စိတ္ဆင္းရဲေနရင္ ဒါေလး ဖတ္ၾကည့္လိုက္ပါ။ သင့္ထက္ အမ်ားႀကီး ကံဆိုးခဲ့သူအေၾကာင္းပါ။ တကယ့္အျဖစ္အပ်က္ပါ။

၂၀၀၀ ခုႏွစ္ စက္တက္တင္ဘာလ ၂၅ ရက္ေန႔မွာ ဖိလစ္ပိုင္ႏိုင္ငံ Zamboanga ဇမ္ဘူအန္ဂါၿမိဳ႕က အသက္ ၁၁ ႏွစ္အရြယ္ ေကာင္မေလး Maricel Apatan မာရီစဲလ္အပါတန္ဟာ သူ႔အေဖ ၿမိဳ႕ျပင္မွာ လမ္းေလွ်ာက္ၿပီး ေရသြားခပ္တာကို အတူလိုက္ပါသြားတယ္။ လမ္းမွာ ဓါးရွည္ေတြကိုင္ထားတဲ့ လူ ၄ ေယာက္က သူတို႔ကို တားလိုက္တယ္။

သူတို႔က ေကာင္မေလးရဲ႕ အေဖကို ေျမႀကီးေပၚမွာ ေမွာက္ေနခိုင္းလိုက္ၿပီ သူ႔လည္ပင္းကို ဓါးေတြနဲ႔ ဝိုင္းခုတ္ၾကတယ္။ အေဖဟာ ပြဲခ်င္းၿပီး ေသဆံုးသြားတယ္။ ေကာင္မေလးဟာ အဲဒီျမင္ကြင္းကို ၾကည့္ၿပီး ပထမေတာ့ အရမ္းအံ့ၾသသြားတယ္။ ဘာလို႔လဲဆိုေတာ့ သူ႔အေဖကို သတ္လိုက္သူေတြဟာ သူတို႔အိမ္နီးခ်င္းေတြ ျဖစ္ေနလို႔ပါ။ ခ်က္ျခင္း သတိျပန္ဝင္လာၿပီး ထြက္ေျပးတယ္။

လူ ၄ ေယာက္ကလည္း သူ႔ေနာက္ကို ေျပးလိုက္ၾကတယ္။ ေကာင္မေလးဟာ ေျပးရင္းနဲ႔ “က်မကို မသတ္ပါနဲ႔။ သနားပါရွင္”လို႔ ေအာ္ေနတယ္။ သူတို႔ဟာ သူ႔ကို မီလာၿပီး ဓါးေတြနဲ႔ ခုတ္လိုက္လို႔ လည္ပင္းနဲ႔ ေက်ာျပင္ကို ထိသြားတယ္။ ေကာင္မေလးလည္း ေသြးေတြနဲ႔ ေျမႀကီးေပၚကို လဲက်သြားတယ္။

ေကာင္မေလး ခဏ သတိလစ္သြားတယ္။ သတိရလို႔ မ်က္စိဖြင့္ၾကည့္လိုက္ေတာ့ လူ ၄ ေယာက္ရဲ႕ ေျခေထာက္ေတြကို ျမင္ရလို႔ မ်က္စိပိတ္ၿပီး ၿငိမ္ၿငိမ္ေန ေသခ်င္ေယာင္ ေဆာင္ေနလိုက္တယ္။ သူတို႔လည္း ေကာင္မေလး ေသၿပီဆိုၿပီး ထြက္သြားၾကတယ္။ ေကာင္မေလးဟာ သူတို႔ကို မျမင္ရေတာ့အခါ ခ်က္ျခင္းထၿပီး အိမ္ဘက္ကို ျပန္ေျပးတယ္။

ေျပးရင္းနဲ႔ လမ္းမွာ သူ႔လက္ ၂ ဖက္စလံုးဟာ လက္ေကာက္ဝတ္ကေန ျပတ္ၿပီး ေသြးေတြ ထြက္က်ေနတာကို ေတြ႕လိုက္ရတယ္။ ဟိုလူေတြက ေကာင္မေလးရဲ႕ လက္၂ ဖက္စလံုးကို ဓါးနဲ႔ ခုတ္ျဖတ္ခဲ့တာကိုး။ ေကာင္မေလးဟာ ငိုရင္းနဲ႔ ဆက္ေျပးတယ္။ တခါတေလ မူးၿပီး ေျမေပၚ လဲက်သြားတယ္။ ဒါေပမဲ့ ျပန္ထၿပီး ဆက္ေျပးတယ္။

သူ႔အိမ္နားေရာက္ေတာ့ သူ႔အေမကို လွမ္းေအာ္ေခၚရင္း လဲက်သြားတယ္။ အေမဟာ တကိုယ္လံုး ေသြးေတြ ရႊဲနစ္ေနတဲ့ သမီးကို ျမင္ေတာ့ ႐ုတ္တရက္ လန္႔ေအာ္လိုက္တယ္။ဒါေပမဲ့ အိမ္နားမွာ ဘယ္သူမွ မရွိၾကလို႔ အေမဟာ သူ႔သမီးကို ေစာင္နဲ႔ ရစ္ပတ္ေပြ႕ခ်ီၿပီး ေဆးရံုကို တေယာက္ထဲ သယ္သြားတယ္။ ေဆးရံုက ၇ မိုင္ေဝးတယ္။ အေမဟာ သူ႔သမီးကို သယ္ေပြ႕ၿပီး ေဆးရံုေရာက္တဲ့အထိ ၄ နာရီၾကာေအာင္ လမ္းေလွ်ာက္ခဲ့ရတယ္။

ေဆးရံုေရာက္ေတာ့ ဒဏ္ရာေတြကို ျမင္တဲ့ ဆရာဝန္ေတြက ေကာင္မေလးကို အသက္ရွင္မယ္ မထင္ၾကဘူး။ ဒါေပမဲ့ သူ႔ဒဏ္ရာေတြကို ႀကိဳးစားၿပီး ခြဲစိပ္ကုသေပးျကတယ္။ ခြဲစိပ္တာ အခ်ိန္ ၅ နာရီၾကာတယ္။ လည္ပင္းနဲ႔ ေက်ာက ဓါးဒဏ္ရာေတြကို ၂၅ ခ်က္ ခ်ဳပ္ေပးရတယ္။ ေကာင္မေလး အသက္မေသပါဘူး။ ဒါေပမဲ့ လက္ေကာက္ဝတ္က ျပတ္သြားတဲ့ လက္ ၂ ဖက္ကိုေတာ့ ျပန္ရွာမရေတာ့ဘူး။ ေနာက္ေန႔ဟာ ေကာင္မေလးရဲ႕ အသက္ ၁၂ ႏွစ္ျပည့္တဲ့ ေမြးေန႔ပါ။

ဒုကၡဆိုတာ အေပါင္းအသင္းနဲ႔ လာတတ္တယ္ဆိုတာ မွန္တယ္လို႔ ေျပာရမယ္။ သူတို႔ သားအမိ ေဆးရံုကေန အိမ္ျပန္ေရာက္ေတာ့ သူတို႔အိမ္ မရွိေတာ့ဘူး။ သူခိုးေတြက အိမ္ထဲက ပစၥည္းေတြ ယူသြားၾကျပီး အိမ္ကိုပါ မီး႐ွိဳ႕သြားလို႔ ျပာပံုပဲ က်န္ေတာ့တယ္။

သူ႔အေမမွာ ေငြမရွိ ေရာင္းစရာ ပစၥည္းလည္း မရွိလို႔ ေဆးရံုမွာ ကုသခေၾကး ပီဆို ၅ ေသာင္းကို မေပးႏိုင္ ျဖစ္ေနတယ္။ ဒါေပမဲ့ သူတို႔နဲ႔ ေဆြမ်ိဳးနီးစပ္ေတာ္တဲ့ ခရစ္ယန္ဘုန္းႀကီးတစ္ပါးက ေဆးကုခစရိတ္ကို ရွင္းေပးလိုက္ရံုမက သူတို႔သားအဖကို ဓါးနဲ႔ ခုတ္သြားသူေတြကို ရဲက ဖမ္းၿပီး တရားရံုးမွာ အျပစ္ေပးေထာင္ခ်ႏိုင္ေအာင္ ကူညီခဲ့ပါတယ္။

ေကာင္မေလး အပါတန္ဟာ ပထမပိုင္းမွာ တေန႔လံုးငိုေနၿပီး တခုခုလုပ္ဖို႔ သူ႔အေမကိုပဲ အားကိုးေနတယ္။ ေနာက္ေတာ့ ငံုးတိတိျပတ္ေနတဲ့ သူ႔လက္ေတြနဲ႔ သူ႔အေမကို အိမ္အလုပ္ ဝိုင္းကူလုပ္ေပးတယ္။ မၾကာခင္ မသန္စြမ္းေက်ာင္းတက္တယ္။ ကြန္ပ်ဴတာဘာသာမွာဆိုရင္ အတန္းထဲမွာ သူဟာ အေတာ္ဆံုးပဲ။ တကၠသိုလ္တက္ၿပီး ဟိုတယ္နဲ႔ စားေသာက္ဆိုင္စီမံခန္႔ခြဲေရးဘာသာနဲ႔ ဘြဲ႕ရတယ္။ ေနာက္ေတာ့ ဟိုတယ္က ဖြင့္တဲ့ စားဖိုမႉးသင္တန္းတက္ၿပီး ၂၀၁၁ ခုႏွစ္မွာ လက္မွတ္ရစားဖိုမႉးတစ္ေယာက္ ျဖစ္လာခဲ့တယ္။

သူက ၇ ႏွစ္သမီးကတဲက အခ်က္အျပဳတ္ ဝါသနာပါခဲ့တာကိုး။ အခုေတာ့ သူဟာ ဟိုတယ္မွာ စားဖိုမႉးအျဖစ္နဲ႔ ေပ်ာ္ေနၿပီ။ သူခ်က္ျပဳတ္ျပင္ဆင္တဲ့ အစားအစာေတြဟာ အရသာရွိသလို အျမင္လဲ လွလို႔ ဟိုတယ္မွာ လာစားသူေတြက သူ႔ကို ခ်ီးက်ဴးၾကတယ္။ လက္မရွိတဲ့ စားဖိုမႉးေလးဆိုၿပီး သူ႔ကို ခ်စ္စႏုိး ေခၚၾကတယ္။ သူကလည္း အဲဒီလို အေခၚခံရတာကို စိတ္မဆိုးတဲ့အျပင္ ဂုဏ္ယူေနပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ သူဟာ မနီလာၿမဳိ႕က နာမည္ႀကီးဟုိတယ္တစ္ခုျဖစ္တဲ့ Edsa Shangri-La Hotel ရဲ႕အေတြ႔အႀကုံရင့္ စာဖုိမွဴးတစ္ေယာက္ျဖစ္ခဲ့သလုိ မိသားစုတစ္စုလုံးကိုလည္း သူမလုပ္စာတစ္ခုတည္းနဲ႔ တင့္ေတာင္းတင့္တယ္ ထားႏုိင္ေနပါၿပီ။

“ဒီအေျခအေနျဖစ္လာဖုိ႔ အရမ္းခက္ခဲခဲ့ပါတယ္။ ဒါေပမယ့္ ကြ်န္မေမွ်ာ္လင့္ခ်က္အတြက္ အေလွ်ာ့မေပးခဲ့ဘူး။ အိပ္မက္ေတြဟာ တကယ္ျဖစ္လာႏုိင္တယ္လုိ႔ ကြ်န္မယုံၾကည္တယ္။ အေလွ်ာ့မေပးပဲ ျပင္းျပင္းထန္ထန္ႀကဳိးစားခဲ့မယ္ ဆုိရင္ေပါ့” လုိ႔ သူမ ဆုိပါတယ္။

ေလာကမွာ ကံဆိုးမိုးေမွာင္က်ၿပီး ဒုကၡအႀကီးအက်ယ္ ေရာက္ခဲ့သူေတြ ရွိၾကပါတယ္။ တခ်ိဳ႕က အဲဒါေတြ ျပန္ေတြးရင္း တသက္လံုး စိတ္ဆင္းရဲေနၾကတယ္။ တခ်ိဳ႕က်ေတာ့ အတိတ္က ျဖစ္ရပ္ကို အတိတ္မွာပဲ ထားခဲ့ၿပီး ပစၥဳပၸန္မွာ အေကာင္းဆံုး ေနထိုင္သြားၾကတယ္။ ဒါေၾကာင့္မို႔ သူတို႔ရဲ႕ အနာဂတ္ဟာ သာယာလွပပါလိမ့္မယ္။

ဗန္းေမာ္သိန္းေဖ

—————

လက်နှစ်ဖက် မရှိပေမယ့် နာမည်ကြီး စာဖိုမှူးဖြစ်လာခဲ့သူ (unicode)

ရေးသားသူ – ဗန်းမော်သိန်းဖေ

သင့်မှာ ကံဆိုးတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့နေရလို စိတ်ဆင်းရဲနေရင် ဒါလေး ဖတ်ကြည့်လိုက်ပါ။ သင့်ထက် အများကြီး ကံဆိုးခဲ့သူအကြောင်းပါ။ တကယ့်အဖြစ်အပျက်ပါ။

၂၀၀၀ ခုနှစ် စက်တက်တင်ဘာလ ၂၅ ရက်နေ့မှာ ဖိလိပိုင်နိုင်ငံ Zamboanga ဇမ်ဘူအန်ဂါမြို့က အသက် ၁၁ နှစ်အရွယ် ကောင်မလေး Maricel Apatan မာရီစဲလ်အပါတန်ဟာ သူ့အဖေ မြို့ပြင်မှာ လမ်းလျှောက်ပြီး ရေသွားခပ်တာကို အတူလိုက်ပါသွားတယ်။ လမ်းမှာ ဓါးရှည်တွေကိုင်ထားတဲ့ လူ ၄ ယောက်က သူတို့ကို တားလိုက်တယ်။ သူတို့က ကောင်မလေးရဲ့ အဖေကို မြေကြီးပေါ်မှာ မှောက်နေခိုင်းလိုက်ပြီ သူ့လည်ပင်းကို ဓါးတွေနဲ့ ဝိုင်းခုတ်ကြတယ်။ အဖေဟာ ပွဲချင်းပြီး သေဆုံးသွားတယ်။

ကောင်မလေးဟာ အဲဒီမြင်ကွင်းကို ကြည့်ပြီး ပထမတော့ အရမ်းအံ့ဩသွားတယ်။ ဘာလို့လဲဆိုတော့ သူ့အဖေကို သတ်လိုက်သူတွေဟာ သူတို့အိမ်နီးချင်းတွေ ဖြစ်နေလို့ပါ။ ချက်ခြင်း သတိပြန်ဝင်လာပြီး ထွက်ပြေးတယ်။ လူ ၄ ယောက်ကလည်း သူ့နောက်ကို ပြေးလိုက်ကြတယ်။ ကောင်မလေးဟာ ပြေးရင်းနဲ့ “ကျမကို မသတ်ပါနဲ့။ သနားပါရှင်”လို့ အော်နေတယ်။ သူတို့ဟာ သူ့ကို မီလာပြီး ဓါးတွေနဲ့ ခုတ်လိုက်လို့ လည်ပင်းနဲ့ ကျောပြင်ကို ထိသွားတယ်။ ကောင်မလေးလည်း သွေးတွေနဲ့ မြေကြီးပေါ်ကို လဲကျသွားတယ်။

ကောင်မလေး ခဏ သတိလစ်သွားတယ်။ သတိရလို့ မျက်စိဖွင့်ကြည့်လိုက်တော့ လူ ၄ ယောက်ရဲ့ ခြေထောက်တွေကို မြင်ရလို့ မျက်စိပိတ်ပြီး ငြိမ်ငြိမ်နေ သေချင်ယောင် ဆောင်နေလိုက်တယ်။ သူတို့လည်း ကောင်မလေး သေပြီဆိုပြီး ထွက်သွားကြတယ်။ ကောင်မလေးဟာ သူတို့ကို မမြင်ရတော့အခါ ချက်ခြင်းထပြီး အိမ်ဘက်ကို ပြန်ပြေးတယ်။

ပြေးရင်းနဲ့ လမ်းမှာ သူ့လက် ၂ ဖက်စလုံးဟာ လက်ကောက်ဝတ်ကနေ ပြတ်ပြီး သွေးတွေ ထွက်ကျနေတာကို တွေ့လိုက်ရတယ်။ ဟိုလူတွေက ကောင်မလေးရဲ့ လက်၂ ဖက်စလုံးကို ဓါးနဲ့ ခုတ်ဖြတ်ခဲ့တာကိုး။ ကောင်မလေးဟာ ငိုရင်းနဲ့ ဆက်ပြေးတယ်။ တခါတလေ မူးပြီး မြေပေါ် လဲကျသွားတယ်။ ဒါပေမဲ့ ပြန်ထပြီး ဆက်ပြေးတယ်။

သူ့အိမ်နားရောက်တော့ သူ့အမေကို လှမ်းအော်ခေါ်ရင်း လဲကျသွားတယ်။ အမေဟာ တကိုယ်လုံး သွေးတွေ ရွှဲနစ်နေတဲ့ သမီးကို မြင်တော့ ရုတ်တရက် လန့်အော်လိုက်တယ်။ဒါပေမဲ့ အိမ်နားမှာ ဘယ်သူမှ မရှိကြလို့ အမေဟာ သူ့သမီးကို စောင်နဲ့ ရစ်ပတ်ပွေ့ချီပြီး ဆေးရုံကို တယောက်ထဲ သယ်သွားတယ်။ ဆေးရုံက ၇ မိုင်ဝေးတယ်။ အမေဟာ သူ့သမီးကို သယ်ပွေ့ပြီး ဆေးရုံရောက်တဲ့အထိ ၄ နာရီကြာအောင် လမ်းလျှောက်ခဲ့ရတယ်။

ဆေးရုံရောက်တော့ ဒဏ်ရာတွေကို မြင်တဲ့ ဆရာဝန်တွေက ကောင်မလေးကို အသက်ရှင်မယ် မထင်ကြဘူး။ ဒါပေမဲ့ သူ့ဒဏ်ရာတွေကို ကြိုးစားပြီး ခွဲစိပ်ကုသပေးကြတယ်။ ခွဲစိပ်တာ အချိန် ၅ နာရီကြာတယ်။ လည်ပင်းနဲ့ ကျောက ဓါးဒဏ်ရာတွေကို ၂၅ ချက် ချုပ်ပေးရတယ်။ ကောင်မလေး အသက်မသေပါဘူး။ ဒါပေမဲ့ လက်ကောက်ဝတ်က ပြတ်သွားတဲ့ လက် ၂ ဖက်ကိုတော့ ပြန်ရှာမရတော့ဘူး။ နောက်နေ့ဟာ ကောင်မလေးရဲ့ အသက် ၁၂ နှစ်ပြည့်တဲ့ မွေးနေ့ပါ။

ဒုက္ခဆိုတာ အပေါင်းအသင်းနဲ့ လာတတ်တယ်ဆိုတာ မှန်တယ်လို့ ပြောရမယ်။ သူတို့ သားအမိ ဆေးရုံကနေ အိမ်ပြန်ရောက်တော့ သူတို့အိမ် မရှိတော့ဘူး။ သူခိုးတွေက အိမ်ထဲက ပစ္စည်းတွေ ယူသွားကြပြီး အိမ်ကိုပါ မီးရှို့သွားလို့ ပြာပုံပဲ ကျန်တော့တယ်။

သူ့အမေမှာ ငွေမရှိ ရောင်းစရာ ပစ္စည်းလည်း မရှိလို့ ဆေးရုံမှာ ကုသခကြေး ပီဆို ၅ သောင်းကို မပေးနိုင် ဖြစ်နေတယ်။ ဒါပေမဲ့ သူတို့နဲ့ ဆွေမျိုးနီးစပ်တော်တဲ့ ခရစ်ယန်ဘုန်းကြီးတစ်ပါးက ဆေးကုခစရိတ်ကို ရှင်းပေးလိုက်ရုံမက သူတို့သားအဖကို ဓါးနဲ့ ခုတ်သွားသူတွေကို ရဲက ဖမ်းပြီး တရားရုံးမှာ အပြစ်ပေးထောင်ချနိုင်အောင် ကူညီခဲ့ပါတယ်။

ကောင်မလေး အပါတန်ဟာ ပထမပိုင်းမှာ တနေ့လုံးငိုနေပြီး တခုခုလုပ်ဖို့ သူ့အမေကိုပဲ အားကိုးနေတယ်။ နောက်တော့ ငုံးတိတိပြတ်နေတဲ့ သူ့လက်တွေနဲ့ သူ့အမေကို အိမ်အလုပ် ဝိုင်းကူလုပ်ပေးတယ်။ မကြာခင် မသန်စွမ်းကျောင်းတက်တယ်။ ကွန်ပျူတာဘာသာမှာဆိုရင် အတန်းထဲမှာ သူဟာ အတော်ဆုံးပဲ။ တက္ကသိုလ်တက်ပြီး ဟိုတယ်နဲ့ စားသောက်ဆိုင်စီမံခန့်ခွဲရေးဘာသာနဲ့ ဘွဲ့ရတယ်။ နောက်တော့ ဟိုတယ်က ဖွင့်တဲ့ စားဖိုမှူးသင်တန်းတက်ပြီး ၂၀၁၁ ခုနှစ်မှာ လက်မှတ်ရစားဖိုမှူးတစ်ယောက် ဖြစ်လာခဲ့တယ်။

သူက ၇ နှစ်သမီးကတဲက အချက်အပြုတ် ဝါသနာပါခဲ့တာကိုး။ အခုတော့ သူဟာ ဟိုတယ်မှာ စားဖိုမှူးအဖြစ်နဲ့ ပျော်နေပြီ။ သူချက်ပြုတ်ပြင်ဆင်တဲ့ အစားအစာတွေဟာ အရသာရှိသလို အမြင်လဲ လှလို့ ဟိုတယ်မှာ လာစားသူတွေက သူ့ကို ချီးကျူးကြတယ်။ လက်မရှိတဲ့ စားဖိုမှူးလေးဆိုပြီး သူ့ကို ချစ်စနိုး ခေါ်ကြတယ်။ သူကလည်း အဲဒီလို အခေါ်ခံရတာကို စိတ်မဆိုးတဲ့အပြင် ဂုဏ်ယူနေပါတယ်။

လက်ရှိအချိန်မှာတော့ သူဟာ မနီလာမြို့က နာမည်ကြီးဟိုတယ်တစ်ခုဖြစ်တဲ့ Edsa Shangri-La Hotel ရဲ့အတွေ့အကြုံရင့် စာဖိုမှူးတစ်ယောက်ဖြစ်ခဲ့သလို မိသားစုတစ်စုလုံးကိုလည်း သူမလုပ်စာတစ်ခုတည်းနဲ့ တင့်တောင်းတင့်တယ် ထားနိုင်နေပါပြီ။

“ဒီအခြေအနေဖြစ်လာဖို့ အရမ်းခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မမျှော်လင့်ချက်အတွက် အလျှော့မပေးခဲ့ဘူး။ အိပ်မက်တွေဟာ တကယ်ဖြစ်လာနိုင်တယ်လို့ ကျွန်မယုံကြည်တယ်။ အလျှော့မပေးပဲ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့မယ် ဆိုရင်ပေါ့” လို့ သူမ ဆိုပါတယ်။

လောကမှာ ကံဆိုးမိုးမှောင်ကျပြီး ဒုက္ခအကြီးအကျယ် ရောက်ခဲ့သူတွေ ရှိကြပါတယ်။ တချို့က အဲဒါတွေ ပြန်တွေးရင်း တသက်လုံး စိတ်ဆင်းရဲနေကြတယ်။ တချို့ကျတော့ အတိတ်က ဖြစ်ရပ်ကို အတိတ်မှာပဲ ထားခဲ့ပြီး ပစ္စုပ္ပန်မှာ အကောင်းဆုံး နေထိုင်သွားကြတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ အနာဂတ်ဟာ သာယာလှပပါလိမ့်မယ်။

ဗန်းမော်သိန်းဖေ

Leave a Reply