ပြဲေက်ာင္း သမုိင္း သိေကာင္းစရာ

Posted on

ျမန္မာတုိ႔၏ ပြဲေက်ာင္းသည္ ေအဒီ ၅ ရာစုေလာက္မွ၍ ေပၚေပါက္လာသည္ ဟုယူဆရပါသည္။ ထုိအခ်ိန္က ေတာထဲတြင္ တရားထုိင္သည့္အခါ အေညာင္းအညာ ေျပေစရန္အတြက္ လည္းေကာင္း၊ ခုိးသားဓျမတုိ႔၏ ရန္ကုိ ေရွာင္ႏုိင္ရန္ အတြက္လည္းေကာင္း သုိင္းပညာရပ္မ်ားကုိ တီထြင္ခဲ့ၾကသည္။ ထုိသုိင္းပညာရပ္မ်ားျဖင့္ ထင္ရွားလာေသာအခါ ေနျပည္ေတာ္တြင္ သုိင္းသင္ေပးသည့္ သင္တန္းမ်ားကုိ ဖြင့္လွစ္ခဲ့ၾကသည္။ ထုိသင္တန္း ေက်ာင္းမ်ားတြင္ လူစည္းကာလာေသာအခါ ဂါမ၀ါသီပြဲေက်ာင္းဟု ေခၚတြင္လာၾကသည္။

ထုိအခ်ိန္တြင္ ေတာထဲတြင္ရွိေသာ ရေသ့မ်ား၏ပညာရပ္ေတြသည္လည္း အရည၀ါသီ ပြဲေက်ာင္းအျဖစ္သုိ႔ ေရာက္ရွိခဲ့ၾကသည္။ ဂါမ၀ါသီပြဲေက်ာင္းမွ ရေသ့၊ တပသီမ်ားသည္ လူေတြၾကားထဲတြင္ ေနထုိင္ယင္း လူေတြကုိဘာသာေရးမွိဳင္းမ်ား တုိက္ကာ စည္းစိမ္ ခံခဲ့ၾကသည္။ ထုိ႔အတြက္ေၾကာင့္ အေနာ္ရထာမင္းလက္ထက္တြင္ ဂါမ၀ါသီ ပြဲေက်ာင္းမ်ားကုိ ႏွိမ္နင္းခဲ့သည္။ ပုဂံေခတ္တေခတ္လုံးတြင္ ပြဲေက်ာင္းမ်ား ေမွးမွိန္ခဲ့သည္။

ပုဂံကုိ မြန္ဂုိမ်ား၀င္ေရာက္တုိက္ခုိက္လာသည့္အခ်ိန္မွစ၍ အရည၀ါသီ ပြဲေက်ာင္းမွ လူငယ္လူရြယ္မ်ားက တုိင္းျပည္အတြက္၀င္ေရာက္တုိက္ခုိက္ခဲ့သည္။ ထုိအခ်ိန္မွ စ၍ ပြဲေက်ာင္းမ်ားျပန္လည္ ေနရာရလာသည္။ ပုဂံေခတ္ ဂါမ၀ါသီပြဲေက်ာင္း မ်ားႏွင့္ မတူေတာ့သည္မွာ ပင္းယေခတ္မွစ၍ ကုန္းေဘာင္ေခတ္အထိ ပြဲေက်ာင္းမွ ေက်ာင္းအုပ္ခ်ဳပ္သူ နာယကမ်ားမွာ ရဟန္းသံဃာမ်ားျဖစ္လာသည္။

ထင္ရွားသည့္ပြဲေက်ာင္းဆရာေတာ္မွာ အင္း၀ေခတ္ ပထမမင္းေခါင္ (မင္းေဆြ)၏ ဆရာ ေအာင္စည္းခုံသံဃရာဇာဆရာေတာ္ျဖစ္သည္။ အင္း၀ေခတ္တြင္ ပြဲေက်ာင္းပညာရပ္ အထြန္းကားဆုံးျဖစ္သည္။ သင္တန္းနည္းျပ မ်ားမွာ လူပုဂၢိဳလ္၊ ဖုိးသူေတာ္တုိ႔ျဖစ္ၾကသည္။ ကုန္းေဘာင္ေခတ္အျပီး ကုိလုိနီေခတ္တြင္ အဂၤလိပ္တုိ႔က ျမန္မာ့သုိင္းကုိ ႏွိမ္နင္းခဲ့သျဖင့္ ပြဲေက်ာင္းပညာရပ္မ်ား တိမ္ျမဳပ္ေပ်ာက္ ကြယ္ခဲ့ရသည္။

အဓိပၸါယ္

ပြဲ ဟူသည္ကာ စည္ကားေသာ၊ ေက်ာင္းဟူသည္ကာ အတတ္ပညာမ်ားသင္ေပးရာေနရာ ျဖစ္သည္။ ပြဲေက်ာင္း ဟူသည္ကာ အတတ္ပညာမ်ားကုိ သင္ၾကားေပးသည့္ စည္ကား ေသာ္ေနရာဟု အဓိပၸါယ္ရသည္။ ဂါမ၀ါသီ ကာ ရပ္ရြာဟုအဓိပၸါယ္ရသည္။ အရည၀ါသီ ဟူသည္ကာ ေတာအရပ္ဟု အဓိပၸါယ္ရသည္။

ဂါမ၀ါသီပြဲေက်ာင္း

ဂါမ၀ါသီပြဲေက်ာင္းႏွင့္ အရည၀ါသီပြဲေက်ာင္းသည္ အဓိပၸါယ္ကြဲသလုိ ပညာရပ္မ်ားလဲ ကြဲပါသည္။ ဂါမ၀ါသီပြဲေက်ာင္းသည္ လူတုိ႔၏ ရပ္ရြာကုိအေျခခံ၍ အင္း၊ ယၾတာ၊ အေဆာင္၊ စုန္းပေရာဂ၊ ကဲ့သုိ႔ ပညာရပ္မ်ား၊ကုိအဓိကထားခဲ့ၾကသည္။ ေဆးပညာတြင္လည္း ကာမဆႏၵအားေဆး၊ ရုပ္ပ်ိဳကုိယ္ႏုေဆး အစရွိသည့္ ေဆးပညာရပ္မ်ားကုိ သင္းၾကားရသည္။ သုိင္းပညာတြင္ လည္ ရုပ္ပုိင္း ဆုိင္ရာေလ့က်င့္မွဳျဖင့္အႏုိင္ယူႏုိင္ေအာင္ သင္ၾကား၊ ေလ့က်င့္ရသည္။ (ရုပ္ပုိင္းဆုိင္ရာ ေလ့က်င့္မွဳဆုိသည္မွာ ခႏၵာကုိယ္အား အထုိးခံႏုိင္ေအာင္၊ သန္မာေအာင္ ခႏၵာကုိ ၾကီးမာေအာင္၊ ၾကံခုိင္ေအာင္ က်င့္စဥ္မ်ားကုိက်င့္ျခင္းျဖစ္သည္။)

အရည၀ါသီပြဲေက်ာင္း

အရည၀ါသီပြဲေက်ာင္းသည္ ေတာကုိအေျခခံသျဖင့္ နကၡေဗဒင္ပညာ၊ နကၡတ္အျမင္၊ ေတာထဲတြင္ရွိသည့္ သစ္ျမစ္၊ သစ္ဥတုိ႔ျဖင့္ ေရာဂါမ်ားကုိကုသသည့္ ေဆးပညာမ်ား ေတာ၏ ပရိယာယ္၊ ေတာ၏မာယာတုိ႔ အေၾကာင္း၊ သစ္ပင္တုိ႔အေၾကာင္း၊ သစ္ပင္တက္နည္း၊ သစ္ပင္တြင္လင့္စင္ထုိးနည္း၊ ေထာင္ေခ်ာက္ဆင္နည္း တုိ႔ကုိအဓိကထားသင္ၾကားသည္။ သုိင္းပညာရပ္တြင္လည္း ရုပ္ပုိင္းဆုိင္ရာထက္ ရန္သူ၏ အားသာခ်က္၊ အားနည္းခ်က္ အေလ့အက်င့္တုိ႔ကုိ သိေအာင္သင္ၾကားေပးသည္။ ထုိ႔အျပင္ ရန္သူအား ဥာဏ္ကုိသုံး၍ တုိက္ခုိက္တတ္ေအာင္သင္ၾကားရသည္။

အဘယ္ေၾကာင့္ ထုိသုိ႔ သင္ရျခင္းဟူမူ လူသည္ဘယ္ေလာက္မာမာ ဆင္ေလာက္မမာႏုိင္ပါ။ ထုိသုိ႔ ဆင္ ကဲ့သုိ႔ေသာ္ ရန္သူကုိ ခြန္အားႏွင့္အႏုိင္ယူ၍မရပါ ဥာဏ္ႏွင့္သာ အႏုိင္ယူ တုိက္ခုိက္ႏုိင္သည္။ ပင္းယေခတ္မွစ၍ ပြဲေက်ာင္းမ်ားသည္ အရည၀ါသီ ပညာရပ္မ်ားကုိသာသင္ၾကားေပးခဲ့သည္။ ဂါမ၀ါသီပြဲေက်ာင္းပညာရပ္ မ်ားကုိ သင္ၾကားျခင္းမျပဳေတာ့ပါ။ ယေန႔တြင္ ဂါမ၀ါသီပြဲေက်ာင္းမွပညာရပ္မ်ား လုံး၀ ေပ်ာက္ကြယ္သြားျပီျဖစ္သည္။

အဆင့္သတ္မွတ္ပုံ

ပြဲေက်ာင္းသုိင္းပညာတြင္ ခါးပတ္ျဖင့္သတ္မွတ္ျခင္းမရွိပါ၊ အဆင့္ ၅ ဆင့္ျဖင့္ ခြဲျခားထားသည္။ ပြဲေက်ာင္းသားတစ္ဦးသည္ အေျခခံပထမအဆင့္အေနျဖင့္ ၀ုိင္း၀င္၊ ၀ုိင္းထြက္ေျဖရသည္။ ၃ ေယာက္၀ုိင္းေအာင္မွ ၅ ေယာက္၀ုိင္းေျဖရသည္။ ထုိအဆင့္ေအာင္ပါက အေျခခံအဆင့္ေအာင္ျမင္ျပီဟု သတ္မွတ္ သည္။ ခန္း၀င္၊ ခန္းထြက္ (လူ ၁၂ ေယာက္) ေအာင္ပါက ဒုတိယအဆင့္ေက်ာင္းသားဟု သတ္မွတ္သည္။

ရြာ၀င္၊ ရြာထြက္ (လူအေယာက္ ၅၀ ) ေအာင္ပါက တတိယအဆင့္ ေက်ာင္းသားဟု သတ္မွတ္ ခံရသည္။ ျမိဳ ့၀င္၊ ျမိဳ ့ထြက္ (လူအေယာက္ ၁၀၀) ကုိေအာင္ျမင္ပါက စတုတၳအဆင့္ အျဖစ္သတ္မွတ္သည္။ ေတာ၀င္၊ ေတာထြက္ (ေတာတစ္ခုထဲတြင္ အခ်ိန္ ၃ လ မွ ၆ လ) ေနထုိင္၍ အႏၱရာယ္မ်ားအားလုံးကုိ ေက်ာ္လႊာႏုိင္ပါက ပဥၥမအဆင့္သတ္မွတ္သည္။ ထုိအဆင့္ကုိ ရေသ့၊ ရဟန္းမ်ားသာ ေအာင္ျမင္ၾကသည္။ လူပဂၢိဳလ္ထဲမွေအာင္ျမင္သူအလြန္နည္းပါသည္။

Forward Mail မွ

————–

ပွဲကျောင်း သမိုင်း သိကောင်းစရာ (unicode)

မြန်မာတို့၏ ပွဲကျောင်းသည် အေဒီ ၅ ရာစုလောက်မှ၍ ပေါ်ပေါက်လာသည် ဟုယူဆရပါသည်။ ထိုအချိန်က တောထဲတွင် တရားထိုင်သည့်အခါ အညောင်းအညာ ပြေစေရန်အတွက် လည်းကောင်း၊ ခိုးသားဓမြတို့၏ ရန်ကို ရှောင်နိုင်ရန် အတွက်လည်းကောင်း သိုင်းပညာရပ်များကို တီထွင်ခဲ့ကြသည်။ ထိုသိုင်းပညာရပ်များဖြင့် ထင်ရှားလာသောအခါ နေပြည်တော်တွင် သိုင်းသင်ပေးသည့် သင်တန်းများကို ဖွင့်လှစ်ခဲ့ကြသည်။ ထိုသင်တန်း ကျောင်းများတွင် လူစည်းကာလာသောအခါ ဂါမဝါသီပွဲကျောင်းဟု ခေါ်တွင်လာကြသည်။

ထိုအချိန်တွင် တောထဲတွင်ရှိသော ရသေ့များ၏ပညာရပ်တွေသည်လည်း အရညဝါသီ ပွဲကျောင်းအဖြစ်သို့ ရောက်ရှိခဲ့ကြသည်။ ဂါမဝါသီပွဲကျောင်းမှ ရသေ့၊ တပသီများသည် လူတွေကြားထဲတွင် နေထိုင်ယင်း လူတွေကိုဘာသာရေးမှိုင်းများ တိုက်ကာ စည်းစိမ် ခံခဲ့ကြသည်။ ထို့အတွက်ကြောင့် အနော်ရထာမင်းလက်ထက်တွင် ဂါမဝါသီ ပွဲကျောင်းများကို နှိမ်နင်းခဲ့သည်။ ပုဂံခေတ်တခေတ်လုံးတွင် ပွဲကျောင်းများ မှေးမှိန်ခဲ့သည်။

ပုဂံကို မွန်ဂိုများဝင်ရောက်တိုက်ခိုက်လာသည့်အချိန်မှစ၍ အရညဝါသီ ပွဲကျောင်းမှ လူငယ်လူရွယ်များက တိုင်းပြည်အတွက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုအချိန်မှ စ၍ ပွဲကျောင်းများပြန်လည် နေရာရလာသည်။ ပုဂံခေတ် ဂါမဝါသီပွဲကျောင်း များနှင့် မတူတော့သည်မှာ ပင်းယခေတ်မှစ၍ ကုန်းဘောင်ခေတ်အထိ ပွဲကျောင်းမှ ကျောင်းအုပ်ချုပ်သူ နာယကများမှာ ရဟန်းသံဃာများဖြစ်လာသည်။

ထင်ရှားသည့်ပွဲကျောင်းဆရာတော်မှာ အင်း၀ခေတ် ပထမမင်းခေါင် (မင်းဆွေ)၏ ဆရာ အောင်စည်းခုံသံဃရာဇာဆရာတော်ဖြစ်သည်။ အင်း၀ခေတ်တွင် ပွဲကျောင်းပညာရပ် အထွန်းကားဆုံးဖြစ်သည်။ သင်တန်းနည်းပြ များမှာ လူပုဂ္ဂိုလ်၊ ဖိုးသူတော်တို့ဖြစ်ကြသည်။ ကုန်းဘောင်ခေတ်အပြီး ကိုလိုနီခေတ်တွင် အင်္ဂလိပ်တို့က မြန်မာ့သိုင်းကို နှိမ်နင်းခဲ့သဖြင့် ပွဲကျောင်းပညာရပ်များ တိမ်မြုပ်ပျောက် ကွယ်ခဲ့ရသည်။

အဓိပ္ပါယ်

ပွဲ ဟူသည်ကာ စည်ကားသော၊ ကျောင်းဟူသည်ကာ အတတ်ပညာများသင်ပေးရာနေရာ ဖြစ်သည်။ ပွဲကျောင်း ဟူသည်ကာ အတတ်ပညာများကို သင်ကြားပေးသည့် စည်ကား သော်နေရာဟု အဓိပ္ပါယ်ရသည်။ ဂါမဝါသီ ကာ ရပ်ရွာဟုအဓိပ္ပါယ်ရသည်။ အရညဝါသီ ဟူသည်ကာ တောအရပ်ဟု အဓိပ္ပါယ်ရသည်။

ဂါမဝါသီပွဲကျောင်း

ဂါမဝါသီပွဲကျောင်းနှင့် အရညဝါသီပွဲကျောင်းသည် အဓိပ္ပါယ်ကွဲသလို ပညာရပ်များလဲ ကွဲပါသည်။ ဂါမဝါသီပွဲကျောင်းသည် လူတို့၏ ရပ်ရွာကိုအခြေခံ၍ အင်း၊ ယတြာ၊ အဆောင်၊ စုန်းပရောဂ၊ ကဲ့သို့ ပညာရပ်များ၊ကိုအဓိကထားခဲ့ကြသည်။ ဆေးပညာတွင်လည်း ကာမဆန္ဒအားဆေး၊ ရုပ်ပျိုကိုယ်နုဆေး အစရှိသည့် ဆေးပညာရပ်များကို သင်းကြားရသည်။ သိုင်းပညာတွင် လည် ရုပ်ပိုင်း ဆိုင်ရာလေ့ကျင့်မှုဖြင့်အနိုင်ယူနိုင်အောင် သင်ကြား၊ လေ့ကျင့်ရသည်။ (ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုဆိုသည်မှာ ခန္ဒာကိုယ်အား အထိုးခံနိုင်အောင်၊ သန်မာအောင် ခန္ဒာကို ကြီးမာအောင်၊ ကြံခိုင်အောင် ကျင့်စဉ်များကိုကျင့်ခြင်းဖြစ်သည်။)

အရညဝါသီပွဲကျောင်း

အရညဝါသီပွဲကျောင်းသည် တောကိုအခြေခံသဖြင့် နက္ခဗေဒင်ပညာ၊ နက္ခတ်အမြင်၊ တောထဲတွင်ရှိသည့် သစ်မြစ်၊ သစ်ဥတို့ဖြင့် ရောဂါများကိုကုသသည့် ဆေးပညာများ တော၏ ပရိယာယ်၊ တော၏မာယာတို့ အကြောင်း၊ သစ်ပင်တို့အကြောင်း၊ သစ်ပင်တက်နည်း၊ သစ်ပင်တွင်လင့်စင်ထိုးနည်း၊ ထောင်ချောက်ဆင်နည်း တို့ကိုအဓိကထားသင်ကြားသည်။ သိုင်းပညာရပ်တွင်လည်း ရုပ်ပိုင်းဆိုင်ရာထက် ရန်သူ၏ အားသာချက်၊ အားနည်းချက် အလေ့အကျင့်တို့ကို သိအောင်သင်ကြားပေးသည်။ ထို့အပြင် ရန်သူအား ဥာဏ်ကိုသုံး၍ တိုက်ခိုက်တတ်အောင်သင်ကြားရသည်။

အဘယ်ကြောင့် ထိုသို့ သင်ရခြင်းဟူမူ လူသည်ဘယ်လောက်မာမာ ဆင်လောက်မမာနိုင်ပါ။ ထိုသို့ ဆင် ကဲ့သို့သော် ရန်သူကို ခွန်အားနှင့်အနိုင်ယူ၍မရပါ ဥာဏ်နှင့်သာ အနိုင်ယူ တိုက်ခိုက်နိုင်သည်။ ပင်းယခေတ်မှစ၍ ပွဲကျောင်းများသည် အရညဝါသီ ပညာရပ်များကိုသာသင်ကြားပေးခဲ့သည်။ ဂါမဝါသီပွဲကျောင်းပညာရပ် များကို သင်ကြားခြင်းမပြုတော့ပါ။ ယနေ့တွင် ဂါမဝါသီပွဲကျောင်းမှပညာရပ်များ လုံး၀ ပျောက်ကွယ်သွားပြီဖြစ်သည်။

အဆင့်သတ်မှတ်ပုံ

ပွဲကျောင်းသိုင်းပညာတွင် ခါးပတ်ဖြင့်သတ်မှတ်ခြင်းမရှိပါ၊ အဆင့် ၅ ဆင့်ဖြင့် ခွဲခြားထားသည်။ ပွဲကျောင်းသားတစ်ဦးသည် အခြေခံပထမအဆင့်အနေဖြင့် ဝိုင်းဝင်၊ ဝိုင်းထွက်ဖြေရသည်။ ၃ ယောက်ဝိုင်းအောင်မှ ၅ ယောက်ဝိုင်းဖြေရသည်။ ထိုအဆင့်အောင်ပါက အခြေခံအဆင့်အောင်မြင်ပြီဟု သတ်မှတ် သည်။ ခန်းဝင်၊ ခန်းထွက် (လူ ၁၂ ယောက်) အောင်ပါက ဒုတိယအဆင့်ကျောင်းသားဟု သတ်မှတ်သည်။

ရွာဝင်၊ ရွာထွက် (လူအယောက် ၅၀ ) အောင်ပါက တတိယအဆင့် ကျောင်းသားဟု သတ်မှတ် ခံရသည်။ မြို့ဝင်၊ မြို့ထွက် (လူအယောက် ၁၀၀) ကိုအောင်မြင်ပါက စတုတ္ထအဆင့် အဖြစ်သတ်မှတ်သည်။ တောဝင်၊ တောထွက် (တောတစ်ခုထဲတွင် အချိန် ၃ လ မှ ၆ လ) နေထိုင်၍ အန္တရာယ်များအားလုံးကို ကျော်လွှာနိုင်ပါက ပဥ္စမအဆင့်သတ်မှတ်သည်။ ထိုအဆင့်ကို ရသေ့၊ ရဟန်းများသာ အောင်မြင်ကြသည်။ လူပဂ္ဂိုလ်ထဲမှအောင်မြင်သူအလွန်နည်းပါသည်။

Forward Mail မှ

Leave a Reply