ဆရာႀကီး လူထုစိန္ဝင္း၏ စာစုကို Ko Kyel Sin (ဗဟုသုတၾကယ္စင္ဂ႐ု)မွ စာ႐ိုက္တင္ပါသည္။
အန္းဘြန္နီ (Anne Bonney)နဲ႔ ေမရီရိဒ္ (Mary Read) တို႔ကေတာ့ နာမည္ေက်ာ္ မိန္းမ ပင္လယ္ဓားျပႀကီးေတြ ျဖစ္ၾကပါတယ္။ နာမည္ေက်ာ္ၾကားသူတို႔ ထံုးစံအတိုင္း သူတို႔ႏွစ္ဦးနဲ႔ ပတ္သက္တဲ့ ယံုတမ္းပံုျပင္ေတြက အမ်ားႀကီး ႐ွိခဲ့ပါတယ္။
အန္းဘြန္နီ (Anne Bonney)
အန္းဟာ အိုင္ယာလန္ ႏိုင္ငံသား နာမည္ႀကီး ေ႐ွ႕ေန ဝီလ်ံေသာမတ္နဲ႔ သူ႔အေစခံမတစ္ဦးတို႔ တိတ္တိတ္ပုန္းရတဲ့ ကေလး ျဖစ္ပါတယ္။ သူမကို ၁၆၉၇ခုႏွစ္မွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။ ေနာက္ေတာ့ ဝီလ်ံက အေမရိကန္ႏိုင္ငံကို ေျပာင္းေရႊ႔ေနထိုင္ၿပီး စိုက္ပ်ိဳးေရးလုပ္ငန္း၊ ကုန္သြယ္ေရးလုပ္ငန္းေတြနဲ႔ ေအာင္ျမင္ႀကီးပြားသြားပါတယ္။ အန္းရဲ႕မိခင္ ဆံုးသြားေတာ့ ဝီလ်ံက သူ႔သမီး အန္းကို သူ႔လက္ေထာက္နဲ႔ အိမ္ေထာင္ထိန္းေနရာမွာ အလုပ္ေပးထားပါတယ္။ အန္း ၁၇ ႏွစ္သမီး အရြယ္မွာ အိမ္ေထာင္႐ွိတဲ့ သေဘၤာသားတစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္မိတာေၾကာင့္ သူ႔အေဖက ႏွင္ထုတ္လိုက္ပါတယ္။
သေဘၤာသား ဂ်ိမ္းဘြန္နီနဲ႔အတူ အန္းဟာ အေနာက္အိႏၵိယကြၽန္းစုဘက္ကို လိုက္ပါသြားပါတယ္။ အဲဒီ့မွာ ပင္လယ္ဓားျပႀကီး ကာလီကိုဂ်က္ လို႔ေခၚတဲ့ ကြၽန္ရက္ခမ္က အန္းကိုေတြ႔ၿပီး သေဘာက်သြားပါတယ္။ သူက အန္းကို ဝယ္ယူဖို႔ ကမ္းလွမ္းေပမယ့္ ဂ်ိမ္းက လက္မခံဘဲ အန္းကို လူပံုအလယ္မွာ ေမ်ာက္မ,ထားမႈနဲ႔ ႐ိုက္ႏွက္ ထိုးႀကိတ္ပါတယ္။
အန္းက စိတ္နာၿပီး ကာလီကိုဂ်က္နဲ႔ လိုက္ေျပးပါေတာ့တယ္။ အဲဒီ့ေနာက္ေတာ့ သူကိုယ္တိုင္ ေယာက်္ားလိုဝတ္ၿပီး ကာလီကိုဂ်က္နဲ႔အတူ ပင္လယ္ဓားျပ လုပ္ေနပါေတာ့တယ္။ သူသေဘာမက်ရင္ ရက္ရက္စက္စက္ သတ္ျဖတ္ပစ္တတ္တဲ့အတြက္ ပင္လယ္ဓားျပေတြက အန္းကို ဖိမ့္ဖိမ့္တုန္ေအာင္ ေၾကာက္ရြံ႕ၾကရတယ္လို႔ ဆိုၾကပါတယ္။
ေမရီရိဒ္ (Mary Read)
ေမရီရိဒ္အေၾကာင္းကေတာ့ သိပ္မသိရပါဘူး။ တရားမဝင္ ရလာတဲ့ ကေလးလို႔ပဲ ဆုိၾကပါတယ္။ သူ႔ကို ၁၆၈၅ခုႏွစ္မွာ ေမြးၿပီးေနာက္ေတာ့ သူ႔မိခင္ဟာ ေမရီကို ေယာက်္ားေလးတစ္ေယာက္လို ဝတ္ဆင္ေပးၿပီး ျပင္သစ္ႏိုင္ငံမွာ သြားေရာက္ေနထိုင္ပါတယ္။ သားအမိႏွစ္ေယာက္ ျပင္သစ္မွာ အလစ္သုတ္တဲ့ အလုပ္၊ ခိုးတဲ့အလုပ္ေတြ လုပ္ၿပီး အသက္ေမြးၾကရပါတယ္။
ေမရီ ၉ ႏွစ္အရြယ္ ေရာက္ေတာ့ သူ႔မိခင္က ျပင္သစ္အမ်ိဳးသမီးႀကီး တစ္ေယာက္ဆီကို လက္ပါးေစအျဖစ္ ေရာင္းလိုက္ပါတယ္။ ေမရီက အဲဒီ့အလုပ္ကို မႏွစ္ၿမိဳ႕ပါဘူး။ အဲဒါေၾကာင့္ ထြက္ေျပးျပီး စစ္ထဲ ဝင္လိုက္ပါတယ္။ တပ္ထဲမွာ ေတြ႔ရတဲ့ စစ္သားတစ္ဦးကို ေမရီက စံုမက္မိတာေၾကာင့္ သူမိန္းမျဖစ္ေၾကာင္း ဖြင့္ေျပာလိုက္ပါတယ္။ အဲဒီ့ေနာက္ သူတို႔ လက္ထပ္လိုက္ၾကပါတယ္။ ဒါေပမယ့္လို႔ လက္ထပ္ၿပီး ၆ လ အၾကာမွာ သူ႔ခင္ပြန္း တိုက္ပြဲမွာ ေသဆံုးသြားခဲ့လို႔ ၁၆ ႏွစ္ သမီးသာ ႐ွိေသးတဲ့ ေမရီခမ်ာ မုဆိုးမအျဖစ္ က်န္ရစ္ပါေတာ့တယ္။
အဲဒီ့ေနာက္ ေမရီဟာ ေယာက်္ားေလးလို ျပန္ဝတ္ၿပီး ကုန္သေဘၤာတစ္စင္းမွာ အလုပ္ဝင္လုပ္ပါတယ္။ အဲဒီ့သေဘၤာ ပင္လယ္ထဲမွာ ပင္လယ္ဓားျပ တိုက္ခံရတဲ့အခါက်ေတာ့ ေမရီက မိန္းမျဖစ္ေၾကာင္းသိၿပီး အေစာ္ကားခံရမွာ စိုးတဲ့အတြက္ ပင္လယ္ဓားျပအဖြဲ႔ ဝင္လုပ္ပါရေစဆိုၿပီး လိုက္ပါသြားခဲ့ပါတယ္။ ပင္လယ္ဓားျပေတြနဲ႔အတူ သေဘၤာေတြ အေတာ္မ်ားမ်ားကို တိုက္ခိုက္ လုယက္ရာမွာ ပါဝင္ခဲ့ေပမယ့္ ေမရီက သေဘာမက်ပါဘူး။
အဲဒီ့အခ်ိန္မွာ ပင္လယ္ဓားျပေတြကို လြတ္ၿငိ္မ္းခ်မ္းသာခြင့္ ေပးတဲ့အခါ ေမရီက ကုန္းေပၚျပန္တက္လာၿပီး အေနာက္အိႏၵိယ ကြၽန္းစုက အရက္ဆိုင္ တစ္ဆိုင္မွာ အလုပ္ ဝင္လုပ္ပါတယ္။ ဒါေပမယ့္လို႔ စြန္႔စြန္႔စားစား သြားလာလႈပ္႐ွား ေနရတဲ့ဘဝမွာ ေမြ႔ေလ်ာ္ခဲ့ဖူးသူက ဘားဆိုင္က အလုပ္ကို ၿငီးေငြ႔စရာႀကီးလို႔ သေဘာထားမိမွာပါပဲ။ ေနာက္ေတာ့ ကာလီကိုဂ်က္ရဲ႕ အဖြဲ႔ထဲေရာက္ၿပီး ေမရီ၊ အန္းနဲ႔ ကာလီကိုဂ်က္တို႔ရဲ႕ သံုးပြင့္ဆိုင္ဇာတ္ကို ကခဲ့ၾကပါတယ္။
ေမရီနဲ႔ အန္းတုိ႔ႏွစ္ဦးဟာ ကာလီကုိဂ်က္ရဲ႕အဖြဲ႔မွာ ထိပ္ပိုင္းရာထူးေတြရခဲ့ၾကၿပီး လုယက္မႈေပါင္းမ်ားစြာကို အတြဲညီညီက်ဴးလြန္ခဲ့ၾကပါတယ္။ အဲဒီအခ်ိန္က ငါးဖမ္းသေဘၤာေတြ ၊ ကုန္တင္သေဘၤာေတြဟာ သူတုိ႔ႏွစ္ဦးကို အလြန္ပဲေၾကာက္ရြံ႕ၾကပါတယ္။
၁၇၂၀ ျပည့္ႏွစ္မွာ သူတို႔သေဘၤာ အဖမ္းခံရၿပီး ေသဒဏ္ခ်မွတ္ျခင္း ခံၾကရပါတယ္။ ကာလီကိုဂ်က္က ခ်က္ခ်င္း ႀကိဳးေပးသတ္ခံရေပမယ့္ ေမရီနဲ႔ အန္း မိန္းမႏွစ္ေယာက္ကေတာ့ ပဋိသေႏၶ ေဆာင္ထားရေၾကာင္း ေလ်ွာက္လဲၾကလို႔ ခ်က္ခ်င္း အသတ္မခံရပါဘူး။ ေမရီခမ်ာ အဖမ္းခံရၿပီး မၾကာမီမွာပဲ ေထာင္ထဲမွာ ကြယ္လြန္သြားခဲ့ပါတယ္။
အန္းကိုေတာ့ သူ႔ဖခင္က ေရြးထုတ္ ကယ္တင္ခဲ့တဲ့အတြက္ လြတ္ေျမာက္သြားခဲ့ပါတယ္။ အန္းဟာ ကယ္လီဖုိးနီးယားေတာင္ပုိင္းကို ျပန္လာခဲ့ၿပီး အသက္ ၈၀ ၀န္းက်င္အရြယ္မွ ကြယ္လြန္သြားခဲ့ပါတယ္။
ဆရာႀကီး လူထုစိန္ဝင္း၏ စာစုကို Ko Kyel Sin (ဗဟုသုတၾကယ္စင္ဂ႐ု)မွ စာ႐ိုက္တင္ပါသည္။
—————-
နာမည်ကျော် အမျိုးသမီးပင်လယ်ဓားပြ နှစ်ယောက် (unicode)
ဆရာကြီး လူထုစိန်ဝင်း၏ စာစုကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာရိုက်တင်ပါသည်။
အန်းဘွန်နီ (Anne Bonney)နဲ့ မေရီရိဒ် (Mary Read) တို့ကတော့ နာမည်ကျော် မိန်းမ ပင်လယ်ဓားပြကြီးတွေ ဖြစ်ကြပါတယ်။ နာမည်ကျော်ကြားသူတို့ ထုံးစံအတိုင်း သူတို့နှစ်ဦးနဲ့ ပတ်သက်တဲ့ ယုံတမ်းပုံပြင်တွေက အများကြီး ရှိခဲ့ပါတယ်။
အန်းဟာ အိုင်ယာလန် နိုင်ငံသား နာမည်ကြီး ရှေ့နေ ဝီလျံသောမတ်နဲ့ သူ့အစေခံမတစ်ဦးတို့ တိတ်တိတ်ပုန်းရတဲ့ ကလေး ဖြစ်ပါတယ်။ သူမကို ၁၆၉၇ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ နောက်တော့ ဝီလျံက အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်းတွေနဲ့ အောင်မြင်ကြီးပွားသွားပါတယ်။ အန်းရဲ့မိခင် ဆုံးသွားတော့ ဝီလျံက သူ့သမီး အန်းကို သူ့လက်ထောက်နဲ့ အိမ်ထောင်ထိန်းနေရာမှာ အလုပ်ပေးထားပါတယ်။ အန်း ၁၇ နှစ်သမီး အရွယ်မှာ အိမ်ထောင်ရှိတဲ့ သင်္ဘောသားတစ်ယောက်နဲ့ ချစ်ကြိုက်မိတာကြောင့် သူ့အဖေက နှင်ထုတ်လိုက်ပါတယ်။
သင်္ဘောသား ဂျိမ်းဘွန်နီနဲ့အတူ အန်းဟာ အနောက်အိန္ဒိယကျွန်းစုဘက်ကို လိုက်ပါသွားပါတယ်။ အဲဒီ့မှာ ပင်လယ်ဓားပြကြီး ကာလီကိုဂျက် လို့ခေါ်တဲ့ ကျွန်ရက်ခမ်က အန်းကိုတွေ့ပြီး သဘောကျသွားပါတယ်။ သူက အန်းကို ဝယ်ယူဖို့ ကမ်းလှမ်းပေမယ့် ဂျိမ်းက လက်မခံဘဲ အန်းကို လူပုံအလယ်မှာ မျောက်မ,ထားမှုနဲ့ ရိုက်နှက် ထိုးကြိတ်ပါတယ်။
အန်းက စိတ်နာပြီး ကာလီကိုဂျက်နဲ့ လိုက်ပြေးပါတော့တယ်။ အဲဒီ့နောက်တော့ သူကိုယ်တိုင် ယောက်ျားလိုဝတ်ပြီး ကာလီကိုဂျက်နဲ့အတူ ပင်လယ်ဓားပြ လုပ်နေပါတော့တယ်။ သူသဘောမကျရင် ရက်ရက်စက်စက် သတ်ဖြတ်ပစ်တတ်တဲ့အတွက် ပင်လယ်ဓားပြတွေက အန်းကို ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရွံ့ကြရတယ်လို့ ဆိုကြပါတယ်။
မေရီရိဒ်အကြောင်းကတော့ သိပ်မသိရပါဘူး။ တရားမဝင် ရလာတဲ့ ကလေးလို့ပဲ ဆိုကြပါတယ်။ သူ့ကို ၁၆၈၅ခုနှစ်မှာ မွေးပြီးနောက်တော့ သူ့မိခင်ဟာ မေရီကို ယောက်ျားလေးတစ်ယောက်လို ဝတ်ဆင်ပေးပြီး ပြင်သစ်နိုင်ငံမှာ သွားရောက်နေထိုင်ပါတယ်။ သားအမိနှစ်ယောက် ပြင်သစ်မှာ အလစ်သုတ်တဲ့ အလုပ်၊ ခိုးတဲ့အလုပ်တွေ လုပ်ပြီး အသက်မွေးကြရပါတယ်။
မေရီ ၉ နှစ်အရွယ် ရောက်တော့ သူ့မိခင်က ပြင်သစ်အမျိုးသမီးကြီး တစ်ယောက်ဆီကို လက်ပါးစေအဖြစ် ရောင်းလိုက်ပါတယ်။ မေရီက အဲဒီ့အလုပ်ကို မနှစ်မြို့ပါဘူး။ အဲဒါကြောင့် ထြက်ပြေးပြီး စစ်ထဲ ဝင်လိုက်ပါတယ်။ တပ်ထဲမှာ တွေ့ရတဲ့ စစ်သားတစ်ဦးကို မေရီက စုံမက်မိတာကြောင့် သူမိန်းမဖြစ်ကြောင်း ဖွင့်ပြောလိုက်ပါတယ်။ အဲဒီ့နောက် သူတို့ လက်ထပ်လိုက်ကြပါတယ်။ ဒါပေမယ့်လို့ လက်ထပ်ပြီး ၆ လ အကြာမှာ သူ့ခင်ပွန်း တိုက်ပွဲမှာ သေဆုံးသွားခဲ့လို့ ၁၆ နှစ် သမီးသာ ရှိသေးတဲ့ မေရီခမျာ မုဆိုးမအဖြစ် ကျန်ရစ်ပါတော့တယ်။
အဲဒီ့နောက် မေရီဟာ ယောက်ျားလေးလို ပြန်ဝတ်ပြီး ကုန်သင်္ဘောတစ်စင်းမှာ အလုပ်ဝင်လုပ်ပါတယ်။ အဲဒီ့သင်္ဘော ပင်လယ်ထဲမှာ ပင်လယ်ဓားပြ တိုက်ခံရတဲ့အခါကျတော့ မေရီက မိန်းမဖြစ်ကြောင်းသိပြီး အစော်ကားခံရမှာ စိုးတဲ့အတွက် ပင်လယ်ဓားပြအဖွဲ့ ဝင်လုပ်ပါရစေဆိုပြီး လိုက်ပါသွားခဲ့ပါတယ်။ ပင်လယ်ဓားပြတွေနဲ့အတူ သင်္ဘောတွေ အတော်များများကို တိုက်ခိုက် လုယက်ရာမှာ ပါဝင်ခဲ့ပေမယ့် မေရီက သဘောမကျပါဘူး။
အဲဒီ့အချိန်မှာ ပင်လယ်ဓားပြတွေကို လွတ်င်ြိမ်းချမ်းသာခွင့် ပေးတဲ့အခါ မေရီက ကုန်းပေါ်ပြန်တက်လာပြီး အနောက်အိန္ဒိယ ကျွန်းစုက အရက်ဆိုင် တစ်ဆိုင်မှာ အလုပ် ဝင်လုပ်ပါတယ်။ ဒါပေမယ့်လို့ စွန်႔စွန်႔စားစား သွားလာလှုပ်ရှား နေရတဲ့ဘဝမှာ မွေ့လျော်ခဲ့ဖူးသူက ဘားဆိုင်က အလုပ်ကို ငြီးငွေ့စရာကြီးလို့ သဘောထားမိမှာပါပဲ။ နောက်တော့ ကာလီကိုဂျက်ရဲ့ အဖွဲ့ထဲရောက်ပြီး မေရီ၊ အန်းနဲ့ ကာလီကိုဂျက်တို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်ကို ကခဲ့ကြပါတယ်။
မေရီနဲ့ အန်းတို့နှစ်ဦးဟာ ကာလီကိုဂျက်ရဲ့အဖွဲ့မှာ ထိပ်ပိုင်းရာထူးတွေရခဲ့ကြပြီး လုယက်မှုပေါင်းများစွာကို အတွဲညီညီကျူးလွန်ခဲ့ကြပါတယ်။ အဲဒီအချိန်က ငါးဖမ်းသင်္ဘောတွေ ၊ ကုန်တင်သင်္ဘောတွေဟာ သူတို့နှစ်ဦးကို အလွန်ပဲကြောက်ရွံ့ကြပါတယ်။
၁၇၂၀ ပြည့်နှစ်မှာ သူတို့သင်္ဘော အဖမ်းခံရပြီး သေဒဏ်ချမှတ်ခြင်း ခံကြရပါတယ်။ ကာလီကိုဂျက်က ချက်ချင်း ကြိုးပေးသတ်ခံရပေမယ့် မေရီနဲ့ အန်း မိန်းမနှစ်ယောက်ကတော့ ပဋိသန္ဓေ ဆောင်ထားရကြောင်း လျှောက်လဲကြလို့ ချက်ချင်း အသတ်မခံရပါဘူး။ မေရီခမ်ာ အဖမ်းခံရပြီး မကြာမီမှာပဲ ထောင်ထဲမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အန်းကိုတော့ သူ့ဖခင်က ရွေးထုတ် ကယ်တင်ခဲ့တဲ့အတွက် လွတ်မြောက်သွားခဲ့ပါတယ်။ အန်းဟာ ကယ်လီဖိုးနီးယားတောင်ပိုင်းကို ပြန်လာခဲ့ပြီး အသက် ၈၀ ဝန်းကျင်အရွယ်မှ ကွယ်လွန်သွားခဲ့ပါတယ်။
ဆရာကြီး လူထုစိန်ဝင်း၏ စာစုကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာရိုက်တင်ပါသည်။