ေႁမြပါေလးေတြအေၾကာင္း သိေကာင္းစရာ

Posted on

ေႁမြပါ (Mongoose) သည္ ဗီဗာရီးဒီးမ်ိဳးရင္းဝင္ျဖစ္၍ ႐ုတ္တရက္ၾကည့္က ရွဥ့္ကေလးမ်ားႏွင့္ သဏၭာန္တူသည္ ဟု ထင္ရေသာ္လည္း၊ အၿမီးသည္ ရွဥ့္ထက္ တိုသည့္ျပင္ ကိုယ္ေနကိုယ္ထားလည္း တစ္မ်ိဳးစီျဖစ္၏။ ကိုယ္လုံး ၁၆ လက္မခန္႔ရွည္၍ အေရာင္ ကား ျပာမႈိင္းမႈိင္း ၫိုတိုတိုအေရာင္ရွိၿပီးလၽွင္ အေမြးရွည္သည္။ ပါးေစာင္ႏွင့္ လည္ပင္းတြင္မူ နီၾကန္ၾကန္အေရာင္ ရွိ၏။

ေႁမြပါသည္ အလြန္စိတ္ခက္ထန္ေသာ သတၱဝါျဖစ္ေသာ္ လည္း ယဥ္ေအာင္သင္ရန္ လြယ္ကူေလသည္။ ေႁမြပါကို အာရွတိုက္၊ အာဖရိကတိုက္တို႔တြင္ မ်ားစြာ ေတြ႕ရ၏။ ဥေရာပတိုက္ တြင္မူ စပိန္ႏိုင္ငံ၌သာ ေတြ႕ရေလသည္။ အိႏၵိယႏိုင္ငံရွိ ေႁမြပါ မ်ိဳးစိတ္ကို ပါဏေဗဒ အလိုအရ ဟာပတ္စတီးမန္ဂိုဟု ေခၚ၍ ယင္းတို႔သည္ အီဂ်စ္ႏိုင္ငံရွိ ေႁမြပါမ်ားထက္ ေသးသည္။

ေႁမြပါသည္ ႂကြက္၊ ေႁမြ စေသာ သတၱဝါတို႔ကို ကိုက္ သတ္ႏိုင္သျဖင့္ ထင္ရွား၏။ သို႔ရာတြင္ အဆိပ္ၿပီး၍ကား မဟုတ္။ ထိုအဆိပ္ျပင္းေသာ သတၱဝါမ်ားထက္ လ်င္ျမန္မႈ ေၾကာင့္ ျဖစ္၏။ သူတို႔၏ ပါးနပ္ လ်င္ျမန္ျခင္း၊ မ်က္စိရွင္ ျခင္း၊ အေမြးထူျခင္းတို႔ေၾကာင့္ ေႁမြမ်ားက ေပါက္ေသာ္လည္း လြတ္ေအာင္ ေရွာင္တိမ္းႏိုင္၍ ေႁမြ၏ ဇက္ေပၚသို႔ ခုန္တက္ ကာ ကိုက္သတ္ႏိုင္ေလသည္။ ထိုျပင္ ေႁမြပါသည္ စိတ္ဆိုး ေသာအခါ အေမြးအမွင္မ်ားကို ပြေယာင္းေထာင္ႂကြေစလ်က္ မာန္ဖီႏိုင္သျဖင့္ ေႁမြသည္ ေႁမြပါကို ထိပါးရန္ မလြယ္ကူေခ်။

ကားလမ္းေပၚမွ ေျမြပါ ႏွင့္ ေျမြေဟာက္တုိ႔ရဲ႕တုိက္ပြဲ

ထိုေၾကာင့္ ေႁမြပါသည္ ေႁမြေပါမ်ားေသာ အိႏၵိယႏိုင္ငံ၊ ျမန္မာ ႏိုင္ငံ၊ အေရွ႕အိႏၵိယ ကၽြန္းစု စသည္တို႔၌ ေႁမြေဘးကာကြယ္ရန္ အထူးအသုံးဝင္ေလသည္။ သို႔ရာတြင္ ေႁမြပါသည္ ေႁမြကို သာမက အျခားၾကက္ငွက္ႏွင့္ ႂကြက္မ်ားကိုလည္း ကိုက္သတ္ ဖ်က္ဆီးတတ္၏။ လြန္ခဲ့ေသာႏွစ္မ်ားက ၿဗိတိသၽွပိုင္ အေနာက္ အိႏၵိယကၽြန္းစုရွိ ဂ်ေမးကားကၽြန္းသို႔ သြင္းယူေမြးျမဴခဲ့ရာ လ်င္ျမန္စြာ ေပါက္ပြား၍ လူတို႔ ေမြးျမဴထားေသာ ဘဲၾကက္ စသည္တို႔ကို အရမ္းမဲ့ ဖ်က္ဆီးၾကသျဖင့္ ယခုအခါ ရွင္ႀကီး က်ားထက္ဆိုးေသာ သတၱဝါျဖစ္ေနေလသည္။ ထိုေၾကာင့္ အေမရိကန္ျပည္ေထာင္စုတြင္ ေႁမြပါကို မေမြးျမဴၾက ရန္ႏွင့္ ဥပေဒျဖင့္ တားျမစ္ထားေလသည္။

ေျမြပါအမ်ဳိးအစား ၄၀ နီးပါးခန္႔ရွိၿပီး ထင္ရွားတဲ့ေျမြပါမ်ဳိးစိတ္မ်ားကို ေဖာ္ျပရေသာ္

ေႁမြပါျဖဴ

ေႁမြပါျဖဴ (Ermine) ကို ပါဏေဗဒ အလိုအရ မတ္စတီလာ အာမီနီယာဟု ေခၚသည္။ ကမၻာ့ေျမာက္ပိုင္းေဒသ အလြန္ေအးေသာ ေနရာ မ်ားတြင္ ေႁမြပါျဖဴ၏ ေဆာင္းရာသီအေရာင္မွာ အျဖဴေရာင္ ျဖစ္သည္။ သို႔ေသာ္ အၿမီးဖ်ား၏ အေရာင္မွာ အစဥ္သျဖင့္ အမည္းသာျဖစ္သည္။

ထိုကဲ့သို႔ ေဆာင္းရာသီ၌ ေႁမြပါျဖဴ၏ အေမြးေရာင္ ေျပာင္းလဲသြားျခင္းသည္ ေႁမြပါျဖဴအား အထူး အဆင္ေျပေစသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ေရခဲျပင္ေပၚတြင္ သားေကာင္မ်ားအား ယင္တို႔၏ရန္သူ လိုက္လာသည္ကို မျမင္ ေစႏိုင္ျခင္းေၾကာင့္ ျဖစ္သည္။ ေႁမြပါျဖဴသည္ ေသးသြယ္ေသာ္ လည္း သတၱိရွိ၍ လ်င္ျမန္သည္။ ထိုျပင္ အၿငိမ္မေနဘဲ သတ္ ျဖတ္လိုသည့္ဆႏၵရွိေသာ တိရစၧာန္ ျဖစ္သည္။

ေႁမြပါျဖဴ၏ အလ်ားသည္ အၿမီးမပါ ၁ဝ လက္မရွိ၏။ အၿမီး၏ အလ်ားမွာ ေလးလက္မခန္႔ရွိ၍ အေမြး ထူသည္။ ေႏြရာသီတြင္ ေျမပါျဖဴ၏ အေရာင္မွာ အေပၚပိုင္း၌ အနီရင့္ ေရာင္ျဖစ္၍ ေအာက္ပိုင္းတြင္ ျဖဴသည္။

ေႁမြပါျဖဴမ်ိဳးစိတ္ကို သမပိုင္းႏွင့္ အေအးေလ်ာ့ပိုင္းေဒသ မ်ားတြင္ မူရင္းေဒသအျဖစ္ ေတြ႕ရသည္။ ခ်ဳံမ်ား ရွိရာႏွင့္ ေက်ာက္ေပါမ်ားရာ ေဒသမ်ားတြင္ ေနထိုင္သည္။ ထိုျပင္ ေပြးေကာင္ႏွင့္ အျခားတြင္းေအာင္း တိရစၧာန္မ်ား စြန္႔ပစ္သြား သည့္ တြင္းေဟာင္းမ်ားတြင္လည္း ေနထိုင္သည္။ တိရစၧာန္ ကေလးမ်ား၊ ငွက္ႏွင့္ ဥမ်ားသည္ ေႁမြပါျဖဴတို႔၏ အစာျဖစ္ၾက ၏။

အလယ္ေခတ္အတြင္းက ေႁမြပါျဖဴ သားေမြးပါရွိေသာ အဝတ္မ်ားကို ဘုရင္၊ မိဖုရားႏွင့္ မင္းညီမင္းသား သာလၽွင္ အသုံးျပဳႏိုင္ခြင့္ ရွိခဲ့ၾကသည္။ ထိုေနာက္တြင္ တရားလႊတ္ေတာ္ တရားဝန္ႀကီးမ်ား အဝတ္မ်ားတြင္သာ ထည့္၍အသုံးျပဳရန္ ခြင့္ ေပးခဲ့သည္။ ထိုသို႔ ျပဳလုပ္ျခင္းသည္ တရားဥပေဒ၏ ခန္႔ညား ဖြယ္ေကာင္းေၾကာင္းကို ေဖာ္ျပလို၍ျဖစ္ေကာင္း ျဖစ္မည္ဟု ယူဆရေပသည္။

ေႁမြပါေမြးရွည္

ေႁမြပါေမြးရွည္ (Mink) သည္ ေႁမြပါၿမီးတိုႏွင့္တူ၍ မတ္စတီလာ မ်ိဳးစု ဝင္ျဖစ္သည္။ လူသိအမ်ားဆုံး ျဖစ္ေသာ ေႁမြပါေမြးရွည္ မ်ိဳးစိတ္ႏွစ္ခုမွာ မတ္စတီလာ လတ္ထရီယိုလာႏွင့္ မတ္စတီလာ ဗီဆန္တို႔ ျဖစ္ၾက သည္။ မတ္စတီလာ လတ္ထရီယိုလာမ်ိဳးစိတ္ကို ဥေရာပတိုက္ အေရွ႕ပိုင္းတြင္ ေတြ႕ရ၍ မတ္စတီလာ ဗီဆန္ မ်ိဳးစိတ္ကို ေျမာက္အေမရိကတိုက္တြင္ ေတြ႕ရသည္။ ထိုမ်ိဳးစိတ္ႏွစ္ခုသည္ လြန္စြာ တူၾက ၏။

ေျမာက္ အေမရိကတိုက္တြင္ ေတြ႕ရေသာ ေႁမြပါေမြး ရွည္သည္ အေမြးထူေသာ ရွစ္လက္မခန္႔ရွိ အၿမီးအပါအဝင္ ႏွစ္ေပမၽွ ရွည္သည္။ ေသးငယ္သည့္ နား႐ြက္၊ ရွည္ေသာ လည္ပင္းႏွင့္ တိုေသာေျခေထာက္မ်ား ရွိသည္။ ဥေရာပတိုက္ ေႁမြပါေမြးရွည္မ်ိဳးသည္ အေမရိကတိုက္ ေႁမြပါေမြးရွည္မ်ိဳးထက္ အနည္းငယ္ ေသးငယ္သည္။ အမ်ိဳးသမီးမ်ား အထူးႏွစ္သက္ေသာ သားေမြး အေႏြးထည္ မ်ားကို ေႁမြပါေမြးရွည္၏ သားေမြးမ်ားျဖင့္ ခ်ဳပ္ယူေလ့ရွိၾက သည္။

ေႁမြပါေမြးရွည္မ်ားသည္ ေတာမ်ားႏွင့္ ကြင္းျပင္မ်ားရွိ ေခ်ာင္း၊ ေျမာင္း၊ အင္းအိုင္တို႔၏ ကမ္းပါးမ်ားတြင္ ေနထိုင္ေလ့ ရွိၾကသည္၊ ယင္းတို႔သည္ ေရကူး၊ ေရငုပ္ရာ အလြန္ကၽြမ္းက်င္ သည္။ အစာကို ကုန္းႏွင့္ ေရ ႏွစ္မ်ိဳးစလုံးမွာပင္ ရွာေဖြၾက သည္။ ငွက္မ်ားကို အစာအျဖစ္ ႀကိဳက္ႏွစ္သက္ၾက၍ တစ္ခါ တစ္ရံ သစ္ပင္မ်ားကို တက္၍ ငွက္သိုက္မ်ားရွိ ငွက္ဥမ်ားကို ခိုးစားေလ့ရွိၾကသည္။ ထိုျပင္ ဖား၊ ငါးႏွင့္ ဖြတ္၊ ပုတတ္မ်ား ကိုလည္း စားေသာက္ၾကသည္။

ကမၻာ့ေျမာက္ပိုင္းတြင္ ေတြ႕ရေသာ ေႁမြပါ ေမြးရွည္တို႔၏ သားေမြးသည္ အေကာင္းဆုံးျဖစ္၏။ အေရာင္မွာ မ်ားေသာ အားျဖင့္ အၫိုရင့္ေရာင္ ျဖစ္သည္။ ေက်ာဘက္ရွိ အေရာင္မွာ ပို၍ရင့္ၿပီးလၽွင္ အၿမီး၏အေရာင္ မွာ အနက္နီးပါး ျဖစ္သည္။

ေႁမြပါေမြးရွည္တို႔သည္ ေခ်ာင္း၊ ေျမာင္း၊ အင္းအိုင္း ကမ္းပါးရွိ တြင္းမ်ား၊ သစ္တုံးရွိတြင္းမ်ား၊ သို႔မဟုတ္ ေက်ာက္ ေဆာင္ရွိ တြင္းမ်ားတြင္ တစ္ႏွစ္တစ္ခါ ဧၿပီလေလာက္တြင္ သားေပါက္ၾက၏။ တစ္ၿမဳံလၽွင္ သားငယ္ ငါးေကာင္၊ ေျခာက္ ေကာင္ ရွိတတ္သည္။

ေႁမြပါေမြးရွည္အမသည္ အထီးထက္ ငယ္သည္။ အၿမီးသည္ အေမြးထူ၍ အဖ်ားဘက္သို႔ ႐ႉးသြားသည္။ ေႁမြပါေမြးရွည္သည္ ရန္သူႏွင့္ မေရွာင္သာေသာ အခါမ်ားတြင္ ေၾကာက္မက္ဖြယ္ ေကာင္းေအာင္ တိုက္ခိုက္ တတ္၍ အနံ႔ဆိုးမ်ားကိုလည္း ထုတ္ လႊတ္တတ္သည္။ ဥေရာပတိုက္ႏွင့္ အေမရိကတိုက္မ်ားရွိ သားေမြးလုပ္ငန္းမ်ား တြင္ ေႁမြပါ ေမြးရွည္မ်ားကို ေမြးျမဴၾကရာ ေအာင္ျမင္လ်က္ ရွိေပသည္။

ေႁမြပါၿမီးတို

ပါဏေဗဒ အလိုအရ ေႁမြပါၿမီးတို (Weasel) ကို မတ္စတီလာ နီဗာလစ္ဟု ေခၚသည္။ ယင္းသည္ မတ္စတယ္လီဒီး မ်ိဳးရင္းဝင္ျဖစ္၏။ ထိုမ်ိဳးရင္းတြင္ ေႁမြပါႀကီး၊ ေခြးတူဝက္တူ၊ စကန္႔ေကာင္ႏွင့္ ဖ်ံတို႔လည္း ပါဝင္ၾကသည္။ ေႁမြပါၿမီးတို႔တြင္ ရွည္ေသာေခါင္း ႏွင့္ တိုေသာ ေျခေထာက္မ်ားရွိသည္။ သြား ၃၄ ေခ်ာင္း ရွိ သည္။ ေျခေထာက္၌ ေျခေခ်ာင္းကေလး ငါးေခ်ာင္းရွိသည္။ ေႁမြပါၿမီးတို႔သည္ အလ်ား ၁၂ လက္မႏွင့္ ၁၅ လက္မထိ ရွည္တတ္ရာ၊ ထိုအလ်ားတြင္ အၿမီး၏ အလ်ားက သုံးပုံ တစ္ပုံခန္႔ ပါဝင္သည္။ ေႁမြပါၿမီးတိုတြင္ အထီးက အမထက္ ပို၍ ႀကီးသည္။

ေႁမြပါၿပီးတိုသည္ အနံ႔ခံေကာင္း၍ အျမင္အလြန္သန္၏။ သားေကာင္ကို လိုက္ရာတြင္ လြန္စြာ လ်င္ျမန္သည္။ ယုန္ သည္ အလြန္အေျပးျမန္သည္ဟုဆိုေသာ္လည္း ေႁမြပါၿမီးတိုကိုမူ လြတ္ေအာင္ ေျပးႏိုင္ခဲသည္။ ႂကြက္ကို လိုက္ရာတြင္ ႂကြက္ သည္ ရန္သူ႕ေဘးမွ လြတ္ေျမာက္ရန္ တြင္းထဲသို႔ ေျပးဝင္ေသာ္ လည္း ေႁမြပါၿမီးတိုသည္ တြင္းထဲသို႔ပင္ ႂကြက္ကို မမီမျခင္း လိုက္ဖမ္းေလ့ရွိသည္။ ေျမျပင္ႏွင့္ အေတာ္ျမင့္ျမင့္တြင္ ပ်ံေန ေသာ ငွက္ကိုလည္း ခုန္၌ ဖမ္းယူႏိုင္သည္။

သားေကာင္ကို တိုက္ခိုက္ရာတြင္ လည္ကုပ္၊ သို႔မဟုတ္ လည္ေခ်ာင္းကို ကိုက္ခဲထားၿပီးလၽွင္ ေသြးကို စုတ္ယူေလ့ရွိသည္။ ထိုေနာက္မွ ဦးေႏွာက္ကို စားေလ့ရွိသည္။ ထိုမၽွႏွင့္ မဝေသးေသာအခါမွ က်န္အစိတ္အပိုင္းမ်ားကို စားေလ့ရွိသည္။ ထိုသို႔ သားေကာင္ မ်ားကို ၾကမ္းၾကဳတ္စြာလိုက္၍ ကိုက္သတ္ စားေသာက္ႏိုင္ေသာ္ လည္း ယင္းတို႔ကိုယ္တိုင္လည္း ဇီးကြက္၊ သို႔မဟုတ္ သိမ္းငွက္တို႔၏ သုတ္ယူစားေသာက္ျခင္းကို ခံရတ္ၾကသည္။

ေႁမြပါၿမီးတိုသည္ ႂကြက္၊ ေပြး၊ ဂေရာက္ရစ္၊ ယုန္ ႏွင့္ ၾကက္ ကေလးမ်ားကို ႀကိဳက္ႏွစ္သက္သည္။ ငွက္ဥမ်ားကိုလည္း ခိုးစားတတ္သည္။ ယင္းတို႔သည္ လူတို႔ ေမြးျမဴထားသည့္ၾကက္ မ်ားကို စားေသာက္ပစ္ျခင္းျဖင့္ အေႏွာင့္အယွက္ ျဖစ္ေစေသာ္ လည္း၊ လူတို႔၏ ရိကၡာျဖစ္ေသာ သီးႏွံပင္မ်ားကို ဖ်က္ဆီးသည့္ သတၱဝါမ်ားကို သုတ္သင္ ရွင္းလင္းေပးျခင္းျဖင့္ လူတို႔အား အကူအညီ ေပးေလသည္။

ေႁမြပါၿမီးတိုသည္ သစ္ပင္အိုႀကီးမ်ား၏ အျမစ္မ်ား အၾကား ရွိ အေပါက္မ်ားတြင္ သစ္႐ြက္ေျခာက္မ်ားႏွင့္ ျမက္မ်ားျဖင့္ ျပဳလုပ္ထားေသာ အသိုက္တြင္ ေနထိုင္သည္။ ေဆာင္းရာသီ အတြက္ အစာကို သိုေလွာင္ စားတတ္၏။ ထိုအခ်ိန္၌ သား ေပါက္ၾက၍ တစ္ၿမဳံလၽွင္ သားငယ္ ငါးေကာင္ ေျခာက္ေကာင္ ရွိတတ္သည္။ ရန္သူသားေကာင္အေပၚ၌ ရက္စက္ေသာ္လည္း မိမိ၏ သားငယ္မ်ားအေပၚတြင္မူ ၾကင္နာၾကသည္။ သားငယ္ မ်ား ႀကီးျပင္းလာသည့္တိုင္ေအာင္ အစာကို ရွာေဖြေကၽြးေမြး သည္။

ေႁမြပါၿမီးတိုသည္ အစာကို လိုသည္ထက္ပို၍ သတ္တတ္ သည္။ ျမင္းႏွင့္ ႏြားမ်ားကိုပင္ တိုက္ခိုက္တတ္ေၾကာင္း မွတ္တမ္းတြင္ ေတြ႕ရသည္။ ေႁမြပါၿမီးတို၏ ေဆာင္းရာသီအေရာင္မွာ အျဖဴျဖစ္သည္။ အေႏြးထည္မ်ား ခ်ဳပ္လုပ္ရန္အတြက္ မ်ားေသာအားျဖင့္ ေျမာက္အေမရိကတိုက္ႏွင့္ ဆိုက္ဗီးရီးယား ျပည္နယ္မ်ားမွ ေႁမြပါၿမီးတိုတို႔၏ သားေမြးမ်ားကို အသုံးျပဳေလ့ရွိသည္

ေႁမြပါႀကီး

ေႁမြပါႀကီး (Marten) မ်ိဳးစိတ္ အမ်ိဳးမ်ိဳးကို ဥေရာပတိုက္၊ အာရွတိုက္ႏွင့္ ေျမာက္အေမရိကတိုက္တို႔တြင္ ေတြ႕ႏိုင္သည္။ ယင္းတို႔သည္ ေႁမြပါၿမီးတို မ်ိဳးရင္းဝင္ျဖစ္သည္။ ေနရပ္ေဒသကို လိုက္၍ ပါဏေဗဒအလိုအားျဖင့္ မာတီးအေမရိကာနာ၊ မာတီး ပင္နန္တီ၊ မာတီးဖြိဳင္န စသည္ျဖင့္ အမ်ိဳးမ်ိဳး ေခၚတြင္ေလ သည္။ ေသးသြယ္၍ ရွည္လ်ားေသာ ကိုယ္ႏွင့္တိုသည့္ ေျခ ေထာက္မ်ားရွိသည္။ အ႐ြယ္မွာ ၁၇ လက္မမွ လက္မ ၄ဝ ထိ ရွိတတ္သည္။

ေႁမြပါႀကီးမ်ားသည္ မ်ားေသာအားျဖင့္ သစ္ ေခါင္းမ်ားတြင္ ေနေလ့ရွိေသာ္လည္း၊ တစ္ခါတစ္ရံ ေက်ာက္ တြင္းမ်ားလည္း ေနေလ့ရွိသည္။ သစ္ပင္တက္ အလြန္ ကၽြမ္းက်င္၍ ရွဥ့္မ်ားကဲ့သို႔ပင္ တစ္ပင္မွ တစ္ပင္သို႔ ခုန္ကူးႏိုင္သည္။

ေႁမြပါႀကီးမ်ားသည္ ယုန္၊ ရွဥ့္၊ ခါႏွင့္အျခားငွက္မ်ား၊ ႂကြက္ႏွင့္ အခြံမာသီးမ်ားကို စားေသာက္သည္။ တစ္ၿမဳံလၽွင္ ေျခာက္ေကာင္မွ ရွစ္ေကာင္အထိ ရွိတတ္သျဖင့္ အပြား ျမန္သည္။

ေႁမြပါႀကီးမ်ား၏ သားေမြးသည္ လူႀကိဳက္မ်ားေသာပစၥည္း ျဖစ္၍ တန္ဖိုးႀကီးသည္။ အထူးသျဖင့္ ကမၻာ့ေျမာက္ဖက္စြန္း အနီးတြင္ ေနထိုင္သည့္ ေႁမြပါႀကီးမ်ား၏သားေမြးမ်ားကို ပို၍ ႀကိဳက္ႏွစ္သက္ၾကသည္။ ေဆာင္းတြင္း၌ ဖမ္းယူရရွိေသာ ေႁမြပါ ႀကီးမ်ား၏ သားေမြးသည္ ပို၍ တန္ဖိုးႀကီး၏။ ထိုသို႔ ျဖစ္ရ သည္မွာ ထိုအခ်ိန္၌ သားေမြးသည္ ပို၍ အေမြးထူၿပီးလၽွင္ ပို၍ ရွည္ေသာေၾကာင့္ ျဖစ္သည္။

ထိုသားေမြးမ်ားျဖင့္ အေႏြးထည္ မ်ားကို ခ်ဳပ္ယူၾကသည္။ ထိုသားေမြးျဖင့္ လုပ္ယူသည့္ ပန္းခ်ီစုတ္တံမ်ားသည္လည္း လြန္စြာ ေကာင္းမြန္သည္ကို ေတြ႕ရ သည္။ ေႁမြပါႀကီးမ်ားကို ေထာင္ေခ်ာက္မ်ားျဖင့္ ဖမ္းယူေလ့ရွိၾကသည္။

ျမန္မာ့စြယ္စုံက်မ္း ၊ အတြဲ ၁၀
Myanmar Wikipedia

————-

မြွေပါလေးတွေအကြောင်း သိကောင်းစရာ (unicode)

မြွေပါ (Mongoose) သည် ဗီဗာရီးဒီးမျိုးရင်းဝင်ဖြစ်၍ ရုတ်တရက်ကြည့်က ရှဉ့်ကလေးများနှင့် သဏ္ဌာန်တူသည် ဟု ထင်ရသော်လည်း၊ အမြီးသည် ရှဉ့်ထက် တိုသည့်ပြင် ကိုယ်နေကိုယ်ထားလည်း တစ်မျိုးစီဖြစ်၏။ ကိုယ်လုံး ၁၆ လက်မခန့်ရှည်၍ အရောင် ကား ပြာမှိုင်းမှိုင်း ညိုတိုတိုအရောင်ရှိပြီးလျှင် အမွေးရှည်သည်။ ပါးစောင်နှင့် လည်ပင်းတွင်မူ နီကြန်ကြန်အရောင် ရှိ၏။

မြွေပါသည် အလွန်စိတ်ခက်ထန်သော သတ္တဝါဖြစ်သော် လည်း ယဉ်အောင်သင်ရန် လွယ်ကူလေသည်။ မြွေပါကို အာရှတိုက်၊ အာဖရိကတိုက်တို့တွင် များစွာ တွေ့ရ၏။ ဥရောပတိုက် တွင်မူ စပိန်နိုင်ငံ၌သာ တွေ့ရလေသည်။ အိန္ဒိယနိုင်ငံရှိ မြွေပါ မျိုးစိတ်ကို ပါဏဗေဒ အလိုအရ ဟာပတ်စတီးမန်ဂိုဟု ခေါ်၍ ယင်းတို့သည် အီဂျစ်နိုင်ငံရှိ မြွေပါများထက် သေးသည်။

မြွေပါသည် ကြွက်၊ မြွေ စသော သတ္တဝါတို့ကို ကိုက် သတ်နိုင်သဖြင့် ထင်ရှား၏။ သို့ရာတွင် အဆိပ်ပြီး၍ကား မဟုတ်။ ထိုအဆိပ်ပြင်းသော သတ္တဝါများထက် လျင်မြန်မှု ကြောင့် ဖြစ်၏။ သူတို့၏ ပါးနပ် လျင်မြန်ခြင်း၊ မျက်စိရှင် ခြင်း၊ အမွေးထူခြင်းတို့ကြောင့် မြွေများက ပေါက်သော်လည်း လွတ်အောင် ရှောင်တိမ်းနိုင်၍ မြွေ၏ ဇက်ပေါ်သို့ ခုန်တက် ကာ ကိုက်သတ်နိုင်လေသည်။ ထိုပြင် မြွေပါသည် စိတ်ဆိုး သောအခါ အမွေးအမှင်များကို ပွယောင်းထောင်ကြွစေလျက် မာန်ဖီနိုင်သဖြင့် မြွေသည် မြွေပါကို ထိပါးရန် မလွယ်ကူချေ။

ထိုကြောင့် မြွေပါသည် မြွေပေါများသော အိန္ဒိယနိုင်ငံ၊ မြန်မာ နိုင်ငံ၊ အရှေ့အိန္ဒိယ ကျွန်းစု စသည်တို့၌ မြွေဘေးကာကွယ်ရန် အထူးအသုံးဝင်လေသည်။ သို့ရာတွင် မြွေပါသည် မြွေကို သာမက အခြားကြက်ငှက်နှင့် ကြွက်များကိုလည်း ကိုက်သတ် ဖျက်ဆီးတတ်၏။ လွန်ခဲ့သောနှစ်များက ဗြိတိသျှပိုင် အနောက် အိန္ဒိယကျွန်းစုရှိ ဂျမေးကားကျွန်းသို့ သွင်းယူမွေးမြူခဲ့ရာ လျင်မြန်စွာ ပေါက်ပွား၍ လူတို့ မွေးမြူထားသော ဘဲကြက် စသည်တို့ကို အရမ်းမဲ့ ဖျက်ဆီးကြသဖြင့် ယခုအခါ ရှင်ကြီး ကျားထက်ဆိုးသော သတ္တဝါဖြစ်နေလေသည်။ ထိုကြောင့် အမေရိကန်ပြည်ထောင်စုတွင် မြွေပါကို မမွေးမြူကြ ရန်နှင့် ဥပဒေဖြင့် တားမြစ်ထားလေသည်။

မြွေပါအမျိုးအစား ၄၀ နီးပါးခန့်ရှိပြီး ထင်ရှားတဲ့မြွေပါမျိုးစိတ်များကို ဖော်ပြရသော်

မြွေပါဖြူ

မြွေပါဖြူ (Ermine) ကို ပါဏဗေဒ အလိုအရ မတ်စတီလာ အာမီနီယာဟု ခေါ်သည်။ ကမ္ဘာ့မြောက်ပိုင်းဒေသ အလွန်အေးသော နေရာ များတွင် မြွေပါဖြူ၏ ဆောင်းရာသီအရောင်မှာ အဖြူရောင် ဖြစ်သည်။ သို့သော် အမြီးဖျား၏ အရောင်မှာ အစဉ်သဖြင့် အမည်းသာဖြစ်သည်။ ထိုကဲ့သို့ ဆောင်းရာသီ၌ မြွေပါဖြူ၏ အမွေးရောင် ပြောင်းလဲသွားခြင်းသည် မြွေပါဖြူအား အထူး အဆင်ပြေစေသည်။ အဘယ်ကြောင့်ဆိုသော် ရေခဲပြင်ပေါ်တွင် သားကောင်များအား ယင်တို့၏ရန်သူ လိုက်လာသည်ကို မမြင် စေနိုင်ခြင်းကြောင့် ဖြစ်သည်။ မြွေပါဖြူသည် သေးသွယ်သော် လည်း သတ္တိရှိ၍ လျင်မြန်သည်။ ထိုပြင် အငြိမ်မနေဘဲ သတ် ဖြတ်လိုသည့်ဆန္ဒရှိသော တိရစ္ဆာန် ဖြစ်သည်။

မြွေပါဖြူ၏ အလျားသည် အမြီးမပါ ၁ဝ လက်မရှိ၏။ အမြီး၏ အလျားမှာ လေးလက်မခန့်ရှိ၍ အမွေး ထူသည်။ နွေရာသီတွင် မြေပါဖြူ၏ အရောင်မှာ အပေါ်ပိုင်း၌ အနီရင့် ရောင်ဖြစ်၍ အောက်ပိုင်းတွင် ဖြူသည်။

မြွေပါဖြူမျိုးစိတ်ကို သမပိုင်းနှင့် အအေးလျော့ပိုင်းဒေသ များတွင် မူရင်းဒေသအဖြစ် တွေ့ရသည်။ ချုံများ ရှိရာနှင့် ကျောက်ပေါများရာ ဒေသများတွင် နေထိုင်သည်။ ထိုပြင် ပွေးကောင်နှင့် အခြားတွင်းအောင်း တိရစ္ဆာန်များ စွန့်ပစ်သွား သည့် တွင်းဟောင်းများတွင်လည်း နေထိုင်သည်။ တိရစ္ဆာန် ကလေးများ၊ ငှက်နှင့် ဥများသည် မြွေပါဖြူတို့၏ အစာဖြစ်ကြ ၏။

အလယ်ခေတ်အတွင်းက မြွေပါဖြူ သားမွေးပါရှိသော အဝတ်များကို ဘုရင်၊ မိဖုရားနှင့် မင်းညီမင်းသား သာလျှင် အသုံးပြုနိုင်ခွင့် ရှိခဲ့ကြသည်။ ထိုနောက်တွင် တရားလွှတ်တော် တရားဝန်ကြီးများ အဝတ်များတွင်သာ ထည့်၍အသုံးပြုရန် ခွင့် ပေးခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းသည် တရားဥပဒေ၏ ခန့်ညား ဖွယ်ကောင်းကြောင်းကို ဖော်ပြလို၍ဖြစ်ကောင်း ဖြစ်မည်ဟု ယူဆရပေသည်။

မြွေပါမွေးရှည်

မြွေပါမွေးရှည် (Mink) သည် မြွေပါမြီးတိုနှင့်တူ၍ မတ်စတီလာ မျိုးစု ဝင်ဖြစ်သည်။ လူသိအများဆုံး ဖြစ်သော မြွေပါမွေးရှည် မျိုးစိတ်နှစ်ခုမှာ မတ်စတီလာ လတ်ထရီယိုလာနှင့် မတ်စတီလာ ဗီဆန်တို့ ဖြစ်ကြ သည်။ မတ်စတီလာ လတ်ထရီယိုလာမျိုးစိတ်ကို ဥရောပတိုက် အရှေ့ပိုင်းတွင် တွေ့ရ၍ မတ်စတီလာ ဗီဆန် မျိုးစိတ်ကို မြောက်အမေရိကတိုက်တွင် တွေ့ရသည်။ ထိုမျိုးစိတ်နှစ်ခုသည် လွန်စွာ တူကြ ၏။

မြောက် အမေရိကတိုက်တွင် တွေ့ရသော မြွေပါမွေး ရှည်သည် အမွေးထူသော ရှစ်လက်မခန့်ရှိ အမြီးအပါအဝင် နှစ်ပေမျှ ရှည်သည်။ သေးငယ်သည့် နားရွက်၊ ရှည်သော လည်ပင်းနှင့် တိုသောခြေထောက်များ ရှိသည်။ ဥရောပတိုက် မြွေပါမွေးရှည်မျိုးသည် အမေရိကတိုက် မြွေပါမွေးရှည်မျိုးထက် အနည်းငယ် သေးငယ်သည်။ အမျိုးသမီးများ အထူးနှစ်သက်သော သားမွေး အနွေးထည် များကို မြွေပါမွေးရှည်၏ သားမွေးများဖြင့် ချုပ်ယူလေ့ရှိကြ သည်။

မြွေပါမွေးရှည်များသည် တောများနှင့် ကွင်းပြင်များရှိ ချောင်း၊ မြောင်း၊ အင်းအိုင်တို့၏ ကမ်းပါးများတွင် နေထိုင်လေ့ ရှိကြသည်၊ ယင်းတို့သည် ရေကူး၊ ရေငုပ်ရာ အလွန်ကျွမ်းကျင် သည်။ အစာကို ကုန်းနှင့် ရေ နှစ်မျိုးစလုံးမှာပင် ရှာဖွေကြ သည်။ ငှက်များကို အစာအဖြစ် ကြိုက်နှစ်သက်ကြ၍ တစ်ခါ တစ်ရံ သစ်ပင်များကို တက်၍ ငှက်သိုက်များရှိ ငှက်ဥများကို ခိုးစားလေ့ရှိကြသည်။ ထိုပြင် ဖား၊ ငါးနှင့် ဖွတ်၊ ပုတတ်များ ကိုလည်း စားသောက်ကြသည်။

ကမ္ဘာ့မြောက်ပိုင်းတွင် တွေ့ရသော မြွေပါ မွေးရှည်တို့၏ သားမွေးသည် အကောင်းဆုံးဖြစ်၏။ အရောင်မှာ များသော အားဖြင့် အညိုရင့်ရောင် ဖြစ်သည်။ ကျောဘက်ရှိ အရောင်မှာ ပို၍ရင့်ပြီးလျှင် အမြီး၏အရောင် မှာ အနက်နီးပါး ဖြစ်သည်။

မြွေပါမွေးရှည်တို့သည် ချောင်း၊ မြောင်း၊ အင်းအိုင်း ကမ်းပါးရှိ တွင်းများ၊ သစ်တုံးရှိတွင်းများ၊ သို့မဟုတ် ကျောက် ဆောင်ရှိ တွင်းများတွင် တစ်နှစ်တစ်ခါ ဧပြီလလောက်တွင် သားပေါက်ကြ၏။ တစ်မြုံလျှင် သားငယ် ငါးကောင်၊ ခြောက် ကောင် ရှိတတ်သည်။

မြွေပါမွေးရှည်အမသည် အထီးထက် ငယ်သည်။ အမြီးသည် အမွေးထူ၍ အဖျားဘက်သို့ ရှူးသွားသည်။ မြွေပါမွေးရှည်သည် ရန်သူနှင့် မရှောင်သာသော အခါများတွင် ကြောက်မက်ဖွယ် ကောင်းအောင် တိုက်ခိုက် တတ်၍ အနံ့ဆိုးများကိုလည်း ထုတ် လွှတ်တတ်သည်။ ဥရောပတိုက်နှင့် အမေရိကတိုက်များရှိ သားမွေးလုပ်ငန်းများ တွင် မြွေပါ မွေးရှည်များကို မွေးမြူကြရာ အောင်မြင်လျက် ရှိပေသည်။

မြွေပါမြီးတို

ပါဏဗေဒ အလိုအရ မြွေပါမြီးတို (Weasel) ကို မတ်စတီလာ နီဗာလစ်ဟု ခေါ်သည်။ ယင်းသည် မတ်စတယ်လီဒီး မျိုးရင်းဝင်ဖြစ်၏။ ထိုမျိုးရင်းတွင် မြွေပါကြီး၊ ခွေးတူဝက်တူ၊ စကန့်ကောင်နှင့် ဖျံတို့လည်း ပါဝင်ကြသည်။ မြွေပါမြီးတို့တွင် ရှည်သောခေါင်း နှင့် တိုသော ခြေထောက်များရှိသည်။ သွား ၃၄ ချောင်း ရှိ သည်။ ခြေထောက်၌ ခြေချောင်းကလေး ငါးချောင်းရှိသည်။ မြွေပါမြီးတို့သည် အလျား ၁၂ လက်မနှင့် ၁၅ လက်မထိ ရှည်တတ်ရာ၊ ထိုအလျားတွင် အမြီး၏ အလျားက သုံးပုံ တစ်ပုံခန့် ပါဝင်သည်။ မြွေပါမြီးတိုတွင် အထီးက အမထက် ပို၍ ကြီးသည်။

မြွေပါပြီးတိုသည် အနံ့ခံကောင်း၍ အမြင်အလွန်သန်၏။ သားကောင်ကို လိုက်ရာတွင် လွန်စွာ လျင်မြန်သည်။ ယုန် သည် အလွန်အပြေးမြန်သည်ဟုဆိုသော်လည်း မြွေပါမြီးတိုကိုမူ လွတ်အောင် ပြေးနိုင်ခဲသည်။ ကြွက်ကို လိုက်ရာတွင် ကြွက် သည် ရန်သူ့ဘေးမှ လွတ်မြောက်ရန် တွင်းထဲသို့ ပြေးဝင်သော် လည်း မြွေပါမြီးတိုသည် တွင်းထဲသို့ပင် ကြွက်ကို မမီမခြင်း လိုက်ဖမ်းလေ့ရှိသည်။ မြေပြင်နှင့် အတော်မြင့်မြင့်တွင် ပျံနေ သော ငှက်ကိုလည်း ခုန်၌ ဖမ်းယူနိုင်သည်။ သားကောင်ကို တိုက်ခိုက်ရာတွင် လည်ကုပ်၊ သို့မဟုတ် လည်ချောင်းကို ကိုက်ခဲထားပြီးလျှင် သွေးကို စုတ်ယူလေ့ရှိသည်။ ထိုနောက်မှ ဦးနှောက်ကို စားလေ့ရှိသည်။ ထိုမျှနှင့် မဝသေးသောအခါမှ ကျန်အစိတ်အပိုင်းများကို စားလေ့ရှိသည်။ ထိုသို့ သားကောင် များကို ကြမ်းကြုတ်စွာလိုက်၍ ကိုက်သတ် စားသောက်နိုင်သော် လည်း ယင်းတို့ကိုယ်တိုင်လည်း ဇီးကွက်၊ သို့မဟုတ် သိမ်းငှက်တို့၏ သုတ်ယူစားသောက်ခြင်းကို ခံရတ်ကြသည်။

မြွေပါမြီးတိုသည် ကြွက်၊ ပွေး၊ ဂရောက်ရစ်၊ ယုန် နှင့် ကြက် ကလေးများကို ကြိုက်နှစ်သက်သည်။ ငှက်ဥများကိုလည်း ခိုးစားတတ်သည်။ ယင်းတို့သည် လူတို့ မွေးမြူထားသည့်ကြက် များကို စားသောက်ပစ်ခြင်းဖြင့် အနှောင့်အယှက် ဖြစ်စေသော် လည်း၊ လူတို့၏ ရိက္ခာဖြစ်သော သီးနှံပင်များကို ဖျက်ဆီးသည့် သတ္တဝါများကို သုတ်သင် ရှင်းလင်းပေးခြင်းဖြင့် လူတို့အား အကူအညီ ပေးလေသည်။

မြွေပါမြီးတိုသည် သစ်ပင်အိုကြီးများ၏ အမြစ်များ အကြား ရှိ အပေါက်များတွင် သစ်ရွက်ခြောက်များနှင့် မြက်များဖြင့် ပြုလုပ်ထားသော အသိုက်တွင် နေထိုင်သည်။ ဆောင်းရာသီ အတွက် အစာကို သိုလှောင် စားတတ်၏။ ထိုအချိန်၌ သား ပေါက်ကြ၍ တစ်မြုံလျှင် သားငယ် ငါးကောင် ခြောက်ကောင် ရှိတတ်သည်။ ရန်သူသားကောင်အပေါ်၌ ရက်စက်သော်လည်း မိမိ၏ သားငယ်များအပေါ်တွင်မူ ကြင်နာကြသည်။ သားငယ် များ ကြီးပြင်းလာသည့်တိုင်အောင် အစာကို ရှာဖွေကျွေးမွေး သည်။

မြွေပါမြီးတိုသည် အစာကို လိုသည်ထက်ပို၍ သတ်တတ် သည်။ မြင်းနှင့် နွားများကိုပင် တိုက်ခိုက်တတ်ကြောင်း မှတ်တမ်းတွင် တွေ့ရသည်။ မြွေပါမြီးတို၏ ဆောင်းရာသီအရောင်မှာ အဖြူဖြစ်သည်။ အနွေးထည်များ ချုပ်လုပ်ရန်အတွက် များသောအားဖြင့် မြောက်အမေရိကတိုက်နှင့် ဆိုက်ဗီးရီးယား ပြည်နယ်များမှ မြွေပါမြီးတိုတို့၏ သားမွေးများကို အသုံးပြုလေ့ရှိသည်

မြွေပါကြီး

မြွေပါကြီး (Marten) မျိုးစိတ် အမျိုးမျိုးကို ဥရောပတိုက်၊ အာရှတိုက်နှင့် မြောက်အမေရိကတိုက်တို့တွင် တွေ့နိုင်သည်။ ယင်းတို့သည် မြွေပါမြီးတို မျိုးရင်းဝင်ဖြစ်သည်။ နေရပ်ဒေသကို လိုက်၍ ပါဏဗေဒအလိုအားဖြင့် မာတီးအမေရိကာနာ၊ မာတီး ပင်နန်တီ၊ မာတီးဖွိုင်န စသည်ဖြင့် အမျိုးမျိုး ခေါ်တွင်လေ သည်။ သေးသွယ်၍ ရှည်လျားသော ကိုယ်နှင့်တိုသည့် ခြေ ထောက်များရှိသည်။ အရွယ်မှာ ၁၇ လက်မမှ လက်မ ၄ဝ ထိ ရှိတတ်သည်။

မြွေပါကြီးများသည် များသောအားဖြင့် သစ် ခေါင်းများတွင် နေလေ့ရှိသော်လည်း၊ တစ်ခါတစ်ရံ ကျောက် တွင်းများလည်း နေလေ့ရှိသည်။ သစ်ပင်တက် အလွန် ကျွမ်းကျင်၍ ရှဉ့်များကဲ့သို့ပင် တစ်ပင်မှ တစ်ပင်သို့ ခုန်ကူးနိုင်သည်။

မြွေပါကြီးများသည် ယုန်၊ ရှဉ့်၊ ခါနှင့်အခြားငှက်များ၊ ကြွက်နှင့် အခွံမာသီးများကို စားသောက်သည်။ တစ်မြုံလျှင် ခြောက်ကောင်မှ ရှစ်ကောင်အထိ ရှိတတ်သဖြင့် အပွား မြန်သည်။

မြွေပါကြီးများ၏ သားမွေးသည် လူကြိုက်များသောပစ္စည်း ဖြစ်၍ တန်ဖိုးကြီးသည်။ အထူးသဖြင့် ကမ္ဘာ့မြောက်ဖက်စွန်း အနီးတွင် နေထိုင်သည့် မြွေပါကြီးများ၏သားမွေးများကို ပို၍ ကြိုက်နှစ်သက်ကြသည်။ ဆောင်းတွင်း၌ ဖမ်းယူရရှိသော မြွေပါ ကြီးများ၏ သားမွေးသည် ပို၍ တန်ဖိုးကြီး၏။ ထိုသို့ ဖြစ်ရ သည်မှာ ထိုအချိန်၌ သားမွေးသည် ပို၍ အမွေးထူပြီးလျှင် ပို၍ ရှည်သောကြောင့် ဖြစ်သည်။

ထိုသားမွေးများဖြင့် အနွေးထည် များကို ချုပ်ယူကြသည်။ ထိုသားမွေးဖြင့် လုပ်ယူသည့် ပန်းချီစုတ်တံများသည်လည်း လွန်စွာ ကောင်းမွန်သည်ကို တွေ့ရ သည်။ မြွေပါကြီးများကို ထောင်ချောက်များဖြင့် ဖမ်းယူလေ့ရှိကြသည်။

မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ ၁၀
Myanmar Wikipedia

Leave a Reply