ဒုိင္းခင္ခင္ရဲ႕ ဘ၀ေကာက္ေၾကာင္း

Posted on

ေရးသားသူ – သမုိင္းပုံရိပ္ဘေလာ့

ဒုိင္းခင္ခင္၏ ဖခင္အရင္းသည္ ကန္နီျမိဳ ႔စား ျဖစ္ေလသည္။ ကန္နီျမိဳ ႔စားသည္ ဒုိင္း၀န္မင္းၾကီးကေတာ္၏ ေမာင္အရင္း ျဖစ္ေလသည္။ ဒုိင္း၀န္မင္းၾကီးတုိ႔သည္ သားသမီး မထြန္းကားသျဖင့္ ကန္နီျမိဳ ႔စား၏ သမီးေတာ္ေလး ကို ေမြးစားခဲ့ၾကျပီး ခင္ခင္ၾကီး ဟု နာမည္ေပးခဲ့ၾကသည္။ ဖခင္နာမည္ ကို အစြဲျပဳ ကာ ဒုိင္းခင္ခင္ ဟု လူသိမ်ားခဲ့ေလသည္။ ဒုိင္း၀န္မင္းၾကီးတုိ႔သည္ ေရႊကူမင္းသား၏ ေျမးေတာ္ ေမာင္ေဖငယ္ကုိလည္း သားကဲ့သုိ႔ ခ်စ္ျမတ္ႏုိးသျဖင့္ အခြင့္ရတုိင္း ဒုိင္းခင္ခင္ျဖင့္ ငယ္စဥ္ကတည္းက ေဆာ့ေစရာ အရြယ္ေရာက္ေသာ္ ေမာင္ေဖငယ္သည္ ဒုိင္းခင္ခင္ကို ခ်စ္ခင္စြဲမက္ေလေတာ့သည္။

ေမာင္ေဖငယ္၊ ရေနာင္ေမာင္ေမာင္တုတ္ ႏွင့္ သီေပါမင္း တုိ႔သည္ ငယ္သူငယ္ခ်င္း မ်ားျဖစ္ၾကေလ၏။ ေမာင္ေဖငယ္သည္ မင္းသားမ်ိဴ းရုိးျဖစ္သျဖင့္ သီေပါမင္း ႏွင့္ ငယ္စဥ္က ေက်ာင္းေနဖက္ ျဖစ္သည္။ ေမာင္ေမာင္တုတ္ မွာမူ အမတ္မ်ိဴ းရုိး၊ရဲမက္မ်ိဴ းရုိးျဖစ္ရာ သီေပါမင္းတုိ႔ႏွင့္ စာသင္ခြင့္မရွိေပ။ သုိ႔ေသာ္ ေမာင္ေမာင္တုတ္ သည္ သီေပါမင္းသား အေပၚ အလြန္ သစၥာရွိျပီး ညီအစ္ကိုကဲ့သုိ႔ ေလးစားစြာဆက္ဆံ၏။

ေမာင္ေဖငယ္သည္ ကဗ်ာဘက္တြင္ ထက္ျမက္သူျဖစ္ရာ သီေပါမင္းမွ စုဖုရားလတ္ကို ပုိးပန္းခဲ့စဥ္က အခ်စ္ကဗ်ာ ေရးသားေပးကာ သီေပါမင္းႏွင့္စုဖုရားလတ္တုိ႔ကို နီးစပ္ေစခဲ့ေလသည္။ သီေပါမင္းမွ ထီးနန္းကို သိမ္းပုိက္ႏုိင္ျပီး ဘုရင္ျဖစ္သည့္အခါ ေမာင္ေဖငယ္ႏွင့္ ေမာင္ေမာင္တုတ္တုိ႔ကို သီေပါမင္းမွ အထူးခ်ီးေျမွာက္ေလသည္။ ေမာင္ေမာင္တုတ္သည္ ရေနာင္ျမိဳ ႔ကို စားရသည့္အျပင္ မဟာမင္းလွမင္းထင္စည္သူ ဘြဲ႔ကိုရကာ နန္းေတာ္သို႔ အခ်ိန္မေရႊး ၀င္ေရာက္ခစားႏုိင္ေလသည္။ မင္းသားအဆင့္အထိ ဘုရင္သီေပါမွ ခ်ီးေျမွာက္ခဲ့ရာ ေမာင္ေမာင္တုတ္ သည္ ၾသဇာေညာင္းသူ တဦးျဖစ္လာေလသည္။

ထုိျပင္ ေမာင္ေမာင္တုတ္၏ မိခင္သည္ စုဖုရားလတ္၏ ႏုိ႔ထိန္းျဖစ္ေလသည္။ ေမာင္ေဖငယ္ကိုမူ သီေပါမင္းမွ ရေနာင္ေမာင္ေမာင္တုတ္၏ အကူအညီျဖင့္ ကင္း၀န္မင္းၾကီး တုိ႔ထံမွ အာဏာျပန္သိမ္းႏုိင္သည့္အခါ ေရႊတုိက္စိုး အျဖင့္ ရာထူးခန္႔သည့္အျပင္ ေတာင္သမန္အင္းၾကီးႏွင့္ လယ္ေျမမ်ားကို အပုိင္ေပးသျဖင့္ ေတာင္သမန္ လယ္စား ေမာင္ေဖငယ္ဟု အမည္ထင္ရွားလာသည္။

ေမာင္ေဖငယ္၏ ေကာင္းမူေၾကာင့္ ဒုိင္း၀န္မင္းမွာလည္း ပုဂံျမိဳ ႔ကို အပုိင္ေပးစားခံရကာ အတြင္း၀န္မင္းၾကီး အထိ ရာထူးတုိးျမင့္ျခင္းခံရေလသည္။ နန္းေတာ္တြင္လည္း စုဖုရားလတ္ သည္ မိဖုရားေခါင္ေနရာကုိ ရရန္ အထူးၾကိဳ းပမ္းေလသည္။ အစဥ္အလာအရ သီေပါမင္း ဘိသိတ္ခံရာတြင္ စုဖုရားၾကီးသည္ အၾကီး ျဖစ္သည့္အတြက္ မိဖုရားေခါင္ေနရာ တြင္ ရွိျပီး စုဖုရားလတ္မွာမူ မိဖုရားၾကီးေနရာ တြင္သာ ရွိသည္။

သုိ႔ေသာ္ ဘိသိတ္ပြဲတြင္ စုဖုရားလတ္သည္ ရာဇပလႅင္ေပၚ တက္ထုိင္ေလ၏။ သီေပါမင္း၏ အခ်စ္ဆံုး ျဖစ္သျဖင့္ သူ႔ကိုလည္း ဘိသိတ္သြန္းရမည္ဟု ခပ္ျပတ္ျပတ္ဆုိသျဖင့္ သီေပါမင္းကို ညီအစ္မ ႏွစ္ပါးစံုညီစြာျဖင့္ ဘိသိတ္သြင္းခဲ့ၾကေလသည္။ စုဖုရားၾကီးမွာ မိဖုရားေခါင္ၾကီး ဟု အမည္ခံရုံသာျဖစ္ျပီး သီေပါမင္းသည္လည္း အေဆာင္ေတာ္ မကူးေပ။ အေဆာင္မကူးရန္လည္း စုဖုရားလတ္မွ သီေပါမင္းကို ခက္ခက္ထန္ထန္ တားျမတ္ထား၏။ စုဖုရားလတ္သည္ မိမိခ်စ္ရသူ လင္ေတာ္ေမာင္ကို ဘယ္သူကိုမွ မမွ်ေ၀ႏုိင္ဟူေသာ အခ်စ္မာနကို ကုိင္ဆြဲကာ တလင္တမယားစနစ္ကို စတင္အေကာင္အထည္ေဖာ္ေလသည္။

ထုိေခတ္က မိန္းမမ်ားမ်ား ယူေသာ စနစ္ၾကီးကုိလည္း စုဖုရားလတ္မွ မၾကိဳက္ေပ။ သုိ႔ျဖင့္ စုဖုရားလတ္တြင္ ကုိယ္၀န္ရွိလာ၏။ အဦးအဖ်ားျဖစ္သျဖင့္ ဘုရင္ႏွင့္စုဖုရားလတ္တုိ႔မွ ထံုးစံအတိုင္း ေဗဒင္ေမးၾကေလသည္။ ဟူးရာျဖဴ ၊ဟူးရားညို တုိ႔မွ သားဦးေမြးမည္ ျဖစ္ေၾကာင္း ေလွ်ာက္တင္ၾကေလသည္။ ေလွ်ာက္တင္သည့္အတုိင္း သားေတာ္ေလး တပါး ေမြးဖြားေလသည္။ သီေပါမင္းႏွင့္ စုဖုရားလတ္တုိ႔အလြန္ ေပ်ာ္ရႊင္ၾကေလ၏။ သုိ႔ေသာ္ မၾကာမီပင္ လသားအရြယ္ မင္းသားေလးသည္ ေက်ာက္ေရာဂါျဖင့္ လြန္ေတာ္မူေလ၏။ စုဖုရားလတ္ သည္ ၀မ္းနည္းေၾကကြဲ စိတ္ကို ေျပေပ်ာက္ေစရန္ နန္းေတာ္အတြင္း အလွဴ အဒါန္း ပြဲလမ္းသဘင္ကုိ ဆင္ယင္ က်င္းပေစေလ၏။

ထုိျပင္ သီေပါမင္းကိုလည္း ဘုန္းက်က္သေရ ထပ္မံ တုိးေစရန္ ဘိသိတ္သြန္း အခမ္းအနားကိုပါ က်င္းပရန္ ျပင္ဆင္ၾကေလသည္။ ထုိဘိသိတ္သြန္း ပြဲတြင္ အစဥ္အလာအရ ဘိသိတ္ေတာ္ဆက္ အပ်ိဴ ေတာ္ ကို ေရြးခ်ယ္ေရး ကိစၥ ေပၚေပါက္လာသည္။ ထုိ အပ်ိဴ ေတာ္ သည္ န၀ရတ္ကိုးပါးစီျခယ္ထားေသာ ေရႊဖလား ကို ကုိင္ေဆာင္ရမည္ျဖစ္ျပီး ထုိကိုင္မည့္ မိန္းကေလးမွာလည္း အျပစ္ေျခာက္ပါး ကင္းစင္သည့္ ကညာစင္ ျဖစ္ရမည္။ ထုိအပ်ိဴ ေတာ္ကို ေရြးရန္ အတြက္ မိန္းမကိစၥတြင္ နာမည္ၾကီးသည့္ ရေနာင္ေမာင္ေမာင္တုတ္ကို စုဖုရားလတ္မွ တာ၀န္ ေပးလုိက္ေလ၏။

ရေနာင္ေမာင္ေမာင္တုတ္သည္ အၾကံသမားပီပီ ေနျပည္ေတာ္ တရပ္လံုး အလြန္ေခ်ာေမာလွပသည့္ မိန္းကေလး မ်ားကို ရွာေဖြေလ၏။ ေနာက္ဆံုး တြင္ သူငယ္ခ်င္း ေမာင္ေဖငယ္၏ အိမ္တြင္ ေရာက္ရွိေနသည့္ ဒုိင္းခင္ခင္ကို ေတြ႔သည့္အခါ သေဘာက်ျပီး ဘိသိတ္ေတာ္ဆက္ အပ်ိဴ ေတာ္အျဖစ္ ေရြးခ်ယ္ေလေတာ့သည္။ ထုိဘိသိတ္သြန္းသည့္ေန႔တြင္ ဒုိင္းခင္ခင္သည္ သင္ၾကားေပးသည့္အတုိင္း ေအာင္ျမင္စြာ ျပဳ လုပ္ႏုိင္ခဲ့ေလသည္။ ထုိအတြက္ေၾကာင့္ စုဖုရားလတ္မွ သေဘာက်ကာ အပ်ိဴ ေတာ္အျဖစ္ ေခၚယူထားေလေတာ့သည္။

စုဖုရားလတ္၏ အပ်ိဴ ေတာ္ ျဖစ္သျဖင့္ သီေပါမင္းကို ခစားတုိင္း အျမဲပါရေလ၏။ ဒုိင္းခင္ခင္သည္ တျခားအပ်ိဴ ေတာ္ မ်ားထက္ လွသူျဖစ္ေလရာ သီေပါမင္းမွ စတင္ မ်က္စိက်ေလေတာ့သည္။ထုိစဥ္ စုဖုရားလတ္မွ သမီးေတာ္ ေလး ေမြးဖြားေလရာ သီေပါမင္းသည္ သမီးေတာ္ေလး ကို အေၾကာင္းျပဳ ျပီး ညီလာခံျပီးတုိင္း အေဆာင္ေတာ္ လာေလ၏။ လာတုိင္း မိမိ၏ အေဆာင္သုိ႔ မျပန္လုိ သမီးေတာ္ေလးကို အေၾကာင္းျပျပီး စုဖုရားလတ္ အေဆာင္တြင္ ေနေလ၏။ ထံုးတိမ္းအစဥ္အလာအရ မသင့္ေတာ္လုိ႔သာ စက္ေတာ္ေခၚခ်ိန္တြင္သာ သီေပါမင္း အေဆာင္သုိ႔ ျပန္ၾကြ၏။

သီေပါမင္းသည္ ဒုိင္းခင္ခင္ကို အလြန္တြယ္တာေနရာ ေနာက္ဆံုး မဖံုးႏုိင္ေတာ့ဘဲ ရေနာင္ေမာင္ေမာင္တုတ္ ႏွင့္ ေမာင္ေဖငယ္တုိ႔ကို ဖြင့္ေျပာေလေတာ့သည္။ ရေနာင္ေမာင္ေမာင္တုတ္သည္ မအံ့ၾသေသာ္လည္း ေမာင္ေဖငယ္မွာမူ အလြန္အံ့ၾသသြားေလေတာ့၏။ ဒုိင္းခင္ခင္သည္ မိမိ၏ ငယ္ခ်စ္ဦး ျဖစ္သည္က တေၾကာင္း၊ ဒီအေၾကာင္းကို စုဖုရားလတ္သိလွ်င္ ဒုိင္းခင္ခင္၏ ဘ၀ပ်က္မည္ကို သံုးသပ္မိသျဖင့္ အလြန္ စိတ္ပူေသာက ေရာက္ေလေတာ့၏။ မိမိရင္ထဲတြင္ မီးျမိဳက္သကဲ့သုိ႔ ခံစားရေသာ္လည္း ဘုရင့္ေရွွ႔ျဖစ္သျဖင့္ မ်ိဴ သိပ္ထားရေလ၏။

ေနာက္ဆံုးတြင္ ဘုရင္သီေပါမင္းအတြက္ ရေနာင္ေမာင္ေမာင္တုတ္ႏွင့္ ေမာင္ေဖငယ္တုိ႔ အမူထမ္းရေလေတာ့သည္။ ဒုိင္းခင္ခင္ကို နားခ်ရန္ ေမာင္ေဖငယ္မွ တာ၀န္ယူေလ၏။ ဒိုင္းခင္ခင္ကို စုဖုရားလတ္ အေဆာင္မွ ညတုိင္း ရေနာင္ေမာင္ေမာင္တုတ္ ႏွင့္ ေမာင္ေဖငယ္တုိ႔မွ လာေရာက္ ေခၚေဆာင္ကာ သီေပါမင္းထံ ပုိ႔ ေဆာင္ေပးၾကေလသည္။ ေတြ႔ဖန္မ်ားလာကာ ဒုိင္းခင္ခင္သည္ သီေပါမင္းကို စတင္ေမတၱာ၀င္ကာ ခ်စ္မိေလေတာ့၏။

သီေပါမင္းႏွင့္ ဒုိင္းခင္ခင္တုိ႔သည္ ေနာက္ဆံုးတြင္ မည္သူမွ မခြဲႏုိင္ေသာ ခ်စ္သူမ်ားအျဖစ္သုိ႔ ေရာက္သြားေလေတာ့သည္။ သုိ႔ေသာ္ သီေပါမင္းသည္ စုဖုရားလတ္အေၾကာင္း ကို သိသျဖင့္ တရား၀င္ မေတြ႔ေသးေပ။ ရေနာင္ေမာင္ေမာင္တုတ္တုိ႔ အကူအညီျဖင့္သာ ေတြ႔ေနရေလသည္။ တေန႔တြင္ စုဖုရားလတ္ သိသြားေလေတာ့၏။ စုဖုရားလတ္သည္ အလြန္စိတ္ဆုိးေဒါသထြက္ကာ သီေပါမင္းမွ မိမိအေဆာင္လာစဥ္ သီေပါမင္းအား အျပစ္ဆုိကာ ရဲရဲတင္းတင္းစကားမ်ားကို ဆုိေလေတာ့သည္။ ထုိအခါ သီေပါမင္းသည္ အလြန္ေဒါသထြက္ျပီး မိမိလက္သံုးေတာ္ဓါးျဖင့္ စုဖုရားလတ္ကို ခုတ္ရန္ ျပင္ေလေတာ့သည္။

ထုိအခါ စုဖုရားလတ္သည္ သီေပါမင္းေဒါသထြက္သည္ကို တခါမွ မေတြ႔ဖူးသျဖင့္ အလြန္ေၾကာက္လန္႔ကာ မယ္ေတာ္ဆင္ျဖဴ မရွင္ အေဆာင္သုိ႔ ေျပးေလ၏။ သီေပါမင္းလည္း ေနာက္ကြယ္မွ လုိက္လာေလရာ ေနာက္ဆံုး ဆင္ျဖဴ မရွင္ မွ မိမိသမီးေတာ္ကို အေဆာင္ထဲတြင္ ပုန္းေစျပီး သီေပါမင္းကုိ အက်ိဴ းအေၾကာင္းေျပာကာ ေဒါသကို ေလ်ာ့ေစေလသည္။ သီေပါမင္းလည္း ေဒါသေလ်ာ့ကာ အေဆာင္ေတာ္သုိ႔ ျပန္ေလသည္။ စုဖုရားလတ္သည္ မိမိ၏ အခ်စ္ေတာ္ သီေပါမင္း မွ ဒုိင္းခင္ခင္ကို တမ္းတမ္းတ စြဲလမ္းသြားသည့္အတြက္ အလြန္ ေဒါသထြက္ကာ ပါ၀င္သူမ်ားကို ဖ်က္စီးရန္ ျပင္ဆင္ေတာ့၏။

စုဖုရားလတ္သည္ မိမိ၏ အခ်စ္ေတာ္ လင္ေတာ္ေမာင္ သီေပါမင္း အမ်က္ေျပခ်ိန္တြင္ ပရိယာရ္ျဖင့္ ခ်ဥ္းကပ္ကာ အေၾကာင္းအရင္းမ်ားကို ေမးျမန္းေလသည္။ သီေပါမင္းမွ ဒုိင္းခင္ခင္ကို စုဖုရားလတ္ကဲ့သုိ႔ ခ်စ္ျမတ္ႏုိးသျဖင့္ ေျမာက္နန္းစံမိဖုရားအျဖစ္ တင္ေျမွာက္လုိေၾကာင္း ဆုိလာေလသည္။ စုဖုရားလတ္မွ ျဖစ္ေစရပါမည္ဟု မိန္းမမာယာျဖင့္ ေလွ်ာက္တင္ခဲ့ေလ၏။ သီေပါမင္းမွာ အလြန္ေပ်ာ္ရႊင္ကာ ေျမာက္နန္းေဆာင္ကုိ စတင္ရွင္းလင္းေစကာ အေဆာင္ေတာ္ကိုလည္း ျပန္လည္ ျပင္ဆင္ေစေလသည္။

သုိ႔ေသာ္ စုဖုရားလတ္သည္ ထုိကိစၥကို စတင္ခဲ့ေသာ ရေနာင္ေမာင္ေမာင္တုတ္ကို ရွင္းလင္းရန္ စတင္ေတာ့သည္။ သီေပါမင္းသည္ ဒုိင္းခင္ခင္ကို လြတ္လပ္စြာ ေတြ႔ရသျဖင့္ အလြန္ေပ်ာ္ရႊင္ေနေတာ့သည္။ သုိ႔ေသာ္ ကံဆုိးသည္မွာ မုိးနဲေစာ္ဘြားပုန္ကန္မူျဖစ္ပြားေလသည္။ ျဖစ္ပံုမွာ မုိးနဲေစာ္ဘြား၏ သမီးေတာ္သည္ စုဖုရားလတ္၏ ဒုတိယသမီးေတာ္ကို ထိန္းရေသာ အပ်ိဴ ေတာ္ျဖစ္ေလသည္။ သုိ႔ေသာ္ စုဖုရားလတ္မွ ေဒါသထြက္တုိင္း မုိးနဲမင္းသမီးေလးကို ႏွိပ္စက္ရာ မခံႏုိင္သျဖင့္ ေရႊျမိဳ ႔ေတာ္မွ ထြက္ေျပးျပီး လမ္းခုလတ္တြင္ ဘုရင့္ရဲမက္ လက္ခ်က္ျဖင့္ ကြယ္လြန္ရေလသည္။

ထုိအတြက္ေၾကာင့္ မုိးနဲေစာ္ဘြားမွ ေဒါသထြက္ကာ သီေပါမင္းထံ အခစားမ၀င္ဘဲ ေနေလသည္။ ထုိသုိ႔ အခစား မ၀င္ေသာေၾကာင့္ လႊတ္ေတာ္မွ ၁၈၈၁ ခုႏွစ္ ၁၂ လပုိင္း ၂၀ ရက္တြင္ မုိးနဲေစာ္ဘြားကို ဖမ္းဆီးရန္ စစ္အင္အား ၃ ေထာင္ေက်ာ္ျဖင့္ ေစလႊတ္ေလသည္။ ထုိအခါ နန္းေတာ္တြင္ မုိးနဲေစာ္ဘြားအေရးျဖင့္ ရူပ္ေထြးေနခုိက္ျဖစ္ေလသည္။ ထုိတုိင္းျပည္အေရး မျငိမ္သက္သည္ကို အခြင့္ေကာင္းယူကာ စုဖုရားလတ္မွ သီေပါမင္းအား ဘုရင့္အနားတြင္ သစၥာမရွိသူ မ်ားစြာ ရွိေနေသးသည္ မယံုပါက ေလးျပင္ေလးရပ္တြင္ တုိင္စာ မ်ားကို လက္ခံပါေလ ဟု ဘုရင္ကုိ နားခ်ေလ၏။ သီေပါမင္းလည္း စုဖုရားလတ္ေျပာသည့္အတုိင္း ေလးျပင္ေလးရပ္တြင္ ေရႊေသတၱာ ေထာင္ကာ တုိင္စာမ်ားကို လက္ခံေလသည္။

စုဖုရားလတ္သည္ စီစဥ္ထားသည့္အတုိင္း ရေနာင္ေမာင္ေမာင္တုတ္၏ မေကာင္းမူမ်ားစြာကို ထုိ တုိင္စာထဲ ေရာက္ေအာင္ ျပဳ လုပ္ေလ၏။ ရေနာင္ေမာင္ေမာင္တုတ္သည္လည္း အမွန္တကယ္ လူမုန္းမ်ားသူျဖစ္သျဖင့္ တုိင္သူမ်ားေလ၏။ထုိေရႊေသတၱာမ်ား ဘုရင့္ထံေရာက္ေသာ္ တုိင္စာမ်ား ထက္၀က္ေက်ာ္သည္ ရေနာင္ေမာင္ေမာင္တုတ္၏ လာဘ္စားပံု၊မိန္းမလုိက္စားပံု၊ နန္းေတာ္အျပင္တြင္ ဘုရင္ကဲ့သုိ႔ ေနပံု၊ ရေနာင္၏ အိမ္ေတာ္တြင္ ဘုရင္ကဲ့သုိ႔ ေရႊပလႅင္ျဖင့္ ေနပံု မ်ားစြာ ပါရွိသျဖင့္ သီေပါမင္း အမ်က္ထြက္ေလ၏။ထုိျပင္ စုဖုရားလတ္သည္ ဒုိင္းခင္ခင္ ႏွင့္ ေမာင္ေဖငယ္တုိ႔သည္ ဘုရင့္ေနာက္တြင္ ရည္ငံေနသည္ဟု ေခ်ာက္တြန္း ျပန္ေလသည္။ ေမာင္ေဖငယ္၏ အလြမ္းကဗ်ာမ်ားကို စုဖုရားလတ္မွ သက္ေသအျဖစ္ျပသေလ၏။

အခ်စ္အဆိပ္သင့္ကာ သီေပါမင္းသည္ အလြန္အမ်က္ထြက္ျပီး အားလံုးကို ဖမ္းရန္ အမိန္႔ထုတ္ေလေတာ့သည္။ ေမာင္ေဖငယ္ကို မုိးေကာင္းသုိ႔ ပုိ႔ျပီး ေနာက္ဆံုး ေသဒဏ္ပါ ေပးေလေတာ့သည္။ ဒုိင္းခင္ခင္ကိုလည္း ေထာင္သြင္းခ် ေစေလသည္။ ဒုိင္းခင္ခင္၏ ေမြးစားဖခင္ ဒုိင္း၀န္မင္းၾကီး ကိုပါ ဖမ္းဆီးေစသည္။ ရေနာင္ေမာင္ေမာင္တုတ္ကိုလည္း ဖမ္းဆီးေထာင္သြင္းခ်ကာ ေသဒဏ္ခ်ေလ၏။ ဒုိင္း၀န္မင္းၾကီးလည္း စုဖုရားလတ္ ႏူတ္မိန္႔ျဖင့္ ေထာင္ထဲတြင္ အသတ္ခံရေလသည္။

၁၈၈၂ ခုႏွစ္ ၂ လပုိင္း ၁၇ ရက္ေန႔တြင္ မုိးေကာင္းတြင္ ရွိေသာ ေတာင္တမန္ လယ္စား ေမာင္ေဖငယ္ကို ကြပ္မ်က္ေလသည္။ ရေနာင္ေမာင္ေမာင္တုတ္သည္လည္း အက်ဥ္းေထာင္တြင္မိမိိကုိယ္ကုိ အဆံုးစီရင္ေလသည္။ ထုိဖမ္းစီးခံရခ်ိန္ ဒုိင္းခင္ခင္တြင္ ဘုရင့္ရင္ေသြးရွိေနျပီ ျဖစ္သျဖင့္ တုိင္းတာမင္းၾကီးတုိ႔မွ သီေပါမင္းအား လႊတ္ေပးပါရန္ သနားတင္ေလွ်ာက္ထားပါေသာ္လည္း သီေပါမင္းမွ မလႊတ္ေပးခဲ့ေပ။ စုဖုရားလတ္ မွ ေအာင္ပြဲခံႏုိင္ခဲ့ေလသည္။

ေနာက္ဆံုး မိမိ၏ အခ်စ္ကို လုယူခဲ့ေသာ ဒုိင္းခင္ခင္ကို နန္း၀တ္နန္းစားမ်ား ခၽြတ္ေစျပီး (အ၀တ္အစားမ၀တ္ေစရ) ဆံေကသာအား အာဏာပါးကြက္သားတုိ႔က တပတ္၊ ႏွစ္ပတ္ ရစ္ပတ္ကုိင္ကာ ေျမျပင္တြင္ ဒူးေထာက္ေစလ်က္ ဦးေခါင္းကို ေမာ့ေစျပီး ၀ါးစိမ္းဒုတ္ျဖင့္ လည္ျမိဳ အား ရုိက္ကာ သတ္ေစဟု စုဖုရားလတ္မွ အမိန္႔ေတာ္ခ်ခဲ့ေလသည္။

သမုိင္းပုံရိပ္ဘေလာ့မွ

—————-

ဒိုင်းခင်ခင်ရဲ့ ဘ၀ကောက်ကြောင်း (unicode)

ရေးသားသူ – သမိုင်းပုံရိပ်ဘလော့

ဒိုင်းခင်ခင်၏ ဖခင်အရင်းသည် ကန်နီမြို့စား ဖြစ်လေသည်။ ကန်နီမြို့စားသည် ဒိုင်းဝန်မင်းကြီးကတော်၏ မောင်အရင်း ဖြစ်လေသည်။ ဒိုင်းဝန်မင်းကြီးတို့သည် သားသမီး မထွန်းကားသဖြင့် ကန်နီမြို့စား၏ သမီးတော်လေး ကို မွေးစားခဲ့ကြပြီး ခင်ခင်ကြီး ဟု နာမည်ပေးခဲ့ကြသည်။ ဖခင်နာမည် ကို အစွဲပြု ကာ ဒိုင်းခင်ခင် ဟု လူသိများခဲ့လေသည်။ ဒိုင်းဝန်မင်းကြီးတို့သည် ရွှေကူမင်းသား၏ မြေးတော် မောင်ဖေငယ်ကိုလည်း သားကဲ့သို့ ချစ်မြတ်နိုးသဖြင့် အခွင့်ရတိုင်း ဒိုင်းခင်ခင်ဖြင့် ငယ်စဉ်ကတည်းက ဆော့စေရာ အရွယ်ရောက်သော် မောင်ဖေငယ်သည် ဒိုင်းခင်ခင်ကို ချစ်ခင်စွဲမက်လေတော့သည်။

မောင်ဖေငယ်၊ ရနောင်မောင်မောင်တုတ် နှင့် သီပေါမင်း တို့သည် ငယ်သူငယ်ချင်း များဖြစ်ကြလေ၏။ မောင်ဖေငယ်သည် မင်းသားမျိူ းရိုးဖြစ်သဖြင့် သီပေါမင်း နှင့် ငယ်စဉ်က ကျောင်းနေဖက် ဖြစ်သည်။ မောင်မောင်တုတ် မှာမူ အမတ်မျိူ းရိုး၊ရဲမက်မျိူ းရိုးဖြစ်ရာ သီပေါမင်းတို့နှင့် စာသင်ခွင့်မရှိပေ။ သို့သော် မောင်မောင်တုတ် သည် သီပေါမင်းသား အပေါ် အလွန် သစ္စာရှိပြီး ညီအစ်ကိုကဲ့သို့ လေးစားစွာဆက်ဆံ၏။

မောင်ဖေငယ်သည် ကဗျာဘက်တွင် ထက်မြက်သူဖြစ်ရာ သီပေါမင်းမှ စုဖုရားလတ်ကို ပိုးပန်းခဲ့စဉ်က အချစ်ကဗျာ ရေးသားပေးကာ သီပေါမင်းနှင့်စုဖုရားလတ်တို့ကို နီးစပ်စေခဲ့လေသည်။ သီပေါမင်းမှ ထီးနန်းကို သိမ်းပိုက်နိုင်ပြီး ဘုရင်ဖြစ်သည့်အခါ မောင်ဖေငယ်နှင့် မောင်မောင်တုတ်တို့ကို သီပေါမင်းမှ အထူးချီးမြှောက်လေသည်။ မောင်မောင်တုတ်သည် ရနောင်မြို့ကို စားရသည့်အပြင် မဟာမင်းလှမင်းထင်စည်သူ ဘွဲ့ကိုရကာ နန်းတော်သို့ အချိန်မရွှေး ဝင်ရောက်ခစားနိုင်လေသည်။ မင်းသားအဆင့်အထိ ဘုရင်သီပေါမှ ချီးမြှောက်ခဲ့ရာ မောင်မောင်တုတ် သည် ဩဇာညောင်းသူ တဦးဖြစ်လာလေသည်။

ထိုပြင် မောင်မောင်တုတ်၏ မိခင်သည် စုဖုရားလတ်၏ နို့ထိန်းဖြစ်လေသည်။ မောင်ဖေငယ်ကိုမူ သီပေါမင်းမှ ရနောင်မောင်မောင်တုတ်၏ အကူအညီဖြင့် ကင်းဝန်မင်းကြီး တို့ထံမှ အာဏာပြန်သိမ်းနိုင်သည့်အခါ ရွှေတိုက်စိုး အဖြင့် ရာထူးခန့်သည့်အပြင် တောင်သမန်အင်းကြီးနှင့် လယ်မြေများကို အပိုင်ပေးသဖြင့် တောင်သမန် လယ်စား မောင်ဖေငယ်ဟု အမည်ထင်ရှားလာသည်။

မောင်ဖေငယ်၏ ကောင်းမူကြောင့် ဒိုင်းဝန်မင်းမှာလည်း ပုဂံမြို့ကို အပိုင်ပေးစားခံရကာ အတွင်းဝန်မင်းကြီး အထိ ရာထူးတိုးမြင့်ခြင်းခံရလေသည်။ နန်းတော်တွင်လည်း စုဖုရားလတ် သည် မိဖုရားခေါင်နေရာကို ရရန် အထူးကြို းပမ်းလေသည်။ အစဉ်အလာအရ သီပေါမင်း ဘိသိတ်ခံရာတွင် စုဖုရားကြီးသည် အကြီး ဖြစ်သည့်အတွက် မိဖုရားခေါင်နေရာ တွင် ရှိပြီး စုဖုရားလတ်မှာမူ မိဖုရားကြီးနေရာ တွင်သာ ရှိသည်။

သို့သော် ဘိသိတ်ပွဲတွင် စုဖုရားလတ်သည် ရာဇပလ္လင်ပေါ် တက်ထိုင်လေ၏။ သီပေါမင်း၏ အချစ်ဆုံး ဖြစ်သဖြင့် သူ့ကိုလည်း ဘိသိတ်သွန်းရမည်ဟု ခပ်ပြတ်ပြတ်ဆိုသဖြင့် သီပေါမင်းကို ညီအစ်မ နှစ်ပါးစုံညီစွာဖြင့် ဘိသိတ်သွင်းခဲ့ကြလေသည်။ စုဖုရားကြီးမှာ မိဖုရားခေါင်ကြီး ဟု အမည်ခံရုံသာဖြစ်ပြီး သီပေါမင်းသည်လည်း အဆောင်တော် မကူးပေ။ အဆောင်မကူးရန်လည်း စုဖုရားလတ်မှ သီပေါမင်းကို ခက်ခက်ထန်ထန် တားမြတ်ထား၏။ စုဖုရားလတ်သည် မိမိချစ်ရသူ လင်တော်မောင်ကို ဘယ်သူကိုမှ မမျှဝေနိုင်ဟူသော အချစ်မာနကို ကိုင်ဆွဲကာ တလင်တမယားစနစ်ကို စတင်အကောင်အထည်ဖော်လေသည်။

ထိုခေတ်က မိန်းမများများ ယူသော စနစ်ကြီးကိုလည်း စုဖုရားလတ်မှ မကြိုက်ပေ။ သို့ဖြင့် စုဖုရားလတ်တွင် ကိုယ်ဝန်တည်လေ၏။ အဦးအဖျားဖြစ်သဖြင့် ဘုရင်နှင့်စုဖုရားလတ်တို့မှ ထုံးစံအတိုင်း ဗေဒင်မေးကြလေသည်။ ဟူးရာဖြူ ၊ဟူးရားညို တို့မှ သားဦးမွေးမည် ဖြစ်ကြောင်း လျှောက်တင်ကြလေသည်။ လျှောက်တင်သည့်အတိုင်း သားတော်လေး တပါး မွေးဖွားလေသည်။ သီပေါမင်းနှင့် စုဖုရားလတ်တို့အလွန် ပျော်ရွှင်ကြလေ၏။ သို့သော် မကြာမီပင် လသားအရွယ် မင်းသားလေးသည် ကျောက်ရောဂါဖြင့် လွန်တော်မူလေ၏။ စုဖုရားလတ် သည် ဝမ်းနည်းကြေကွဲ စိတ်ကို ပြေပျောက်စေရန် နန်းတော်အတွင်း အလှူ အဒါန်း ပွဲလမ်းသဘင်ကို ဆင်ယင် ကျင်းပစေလေ၏။

ထိုပြင် သီပေါမင်းကိုလည်း ဘုန်းကျက်သရေ ထပ်မံ တိုးစေရန် ဘိသိတ်သွန်း အခမ်းအနားကိုပါ ကျင်းပရန် ပြင်ဆင်ကြလေသည်။ ထိုဘိသိတ်သွန်း ပွဲတွင် အစဉ်အလာအရ ဘိသိတ်တော်ဆက် အပျိူ တော် ကို ရွေးချယ်ရေး ကိစ္စ ပေါ်ပေါက်လာသည်။ ထို အပျိူ တော် သည် နဝရတ်ကိုးပါးစီခြယ်ထားသော ရွှေဖလား ကို ကိုင်ဆောင်ရမည်ဖြစ်ပြီး ထိုကိုင်မည့် မိန်းကလေးမှာလည်း အပြစ်ခြောက်ပါး ကင်းစင်သည့် ကညာစင် ဖြစ်ရမည်။ ထိုအပျိူ တော်ကို ရွေးရန် အတွက် မိန်းမကိစ္စတွင် နာမည်ကြီးသည့် ရနောင်မောင်မောင်တုတ်ကို စုဖုရားလတ်မှ တာဝန် ပေးလိုက်လေ၏။

ရနောင်မောင်မောင်တုတ်သည် အကြံသမားပီပီ နေပြည်တော် တရပ်လုံး အလွန်ချောမောလှပသည့် မိန်းကလေး များကို ရှာဖွေလေ၏။ နောက်ဆုံး တွင် သူငယ်ချင်း မောင်ဖေငယ်၏ အိမ်တွင် ရောက်ရှိနေသည့် ဒိုင်းခင်ခင်ကို တွေ့သည့်အခါ သဘောကျပြီး ဘိသိတ်တော်ဆက် အပျိူ တော်အဖြစ် ရွေးချယ်လေတော့သည်။ ထိုဘိသိတ်သွန်းသည့်နေ့တွင် ဒိုင်းခင်ခင်သည် သင်ကြားပေးသည့်အတိုင်း အောင်မြင်စွာ ပြု လုပ်နိုင်ခဲ့လေသည်။ ထိုအတွက်ကြောင့် စုဖုရားလတ်မှ သဘောကျကာ အပျိူ တော်အဖြစ် ခေါ်ယူထားလေတော့သည်။

စုဖုရားလတ်၏ အပျိူ တော် ဖြစ်သဖြင့် သီပေါမင်းကို ခစားတိုင်း အမြဲပါရလေ၏။ ဒိုင်းခင်ခင်သည် တခြားအပျိူ တော် များထက် လှသူဖြစ်လေရာ သီပေါမင်းမှ စတင် မျက်စိကျလေတော့သည်။ထိုစဉ် စုဖုရားလတ်မှ သမီးတော် လေး မွေးဖွားလေရာ သီပေါမင်းသည် သမီးတော်လေး ကို အကြောင်းပြု ပြီး ညီလာခံပြီးတိုင်း အဆောင်တော် လာလေ၏။ လာတိုင်း မိမိ၏ အဆောင်သို့ မပြန်လို သမီးတော်လေးကို အကြောင်းပြပြီး စုဖုရားလတ် အဆောင်တွင် နေလေ၏။ ထုံးတိမ်းအစဉ်အလာအရ မသင့်တော်လို့သာ စက်တော်ခေါ်ချိန်တွင်သာ သီပေါမင်း အဆောင်သို့ ပြန်ကြွ၏။

သီပေါမင်းသည် ဒိုင်းခင်ခင်ကို အလွန်တွယ်တာနေရာ နောက်ဆုံး မဖုံးနိုင်တော့ဘဲ ရနောင်မောင်မောင်တုတ် နှင့် မောင်ဖေငယ်တို့ကို ဖွင့်ပြောလေတော့သည်။ ရနောင်မောင်မောင်တုတ်သည် မအံ့ဩသော်လည်း မောင်ဖေငယ်မှာမူ အလွန်အံ့ဩသွားလေတော့၏။ ဒိုင်းခင်ခင်သည် မိမိ၏ ငယ်ချစ်ဦး ဖြစ်သည်က တကြောင်း၊ ဒီအကြောင်းကို စုဖုရားလတ်သိလျှင် ဒိုင်းခင်ခင်၏ ဘဝပျက်မည်ကို သုံးသပ်မိသဖြင့် အလွန် စိတ်ပူသောက ရောက်လေတော့၏။ မိမိရင်ထဲတွင် မီးမြိုက်သကဲ့သို့ ခံစားရသော်လည်း ဘုရင့်ရှေ့ဖြစ်သဖြင့် မျိူ သိပ်ထားရလေ၏။

နောက်ဆုံးတွင် ဘုရင်သီပေါမင်းအတွက် ရနောင်မောင်မောင်တုတ်နှင့် မောင်ဖေငယ်တို့ အမူထမ်းရလေတော့သည်။ ဒိုင်းခင်ခင်ကို နားချရန် မောင်ဖေငယ်မှ တာဝန်ယူလေ၏။ ဒိုင်းခင်ခင်ကို စုဖုရားလတ် အဆောင်မှ ညတိုင်း ရနောင်မောင်မောင်တုတ် နှင့် မောင်ဖေငယ်တို့မှ လာရောက် ခေါ်ဆောင်ကာ သီပေါမင်းထံ ပို့ ဆောင်ပေးကြလေသည်။ တွေ့ဖန်များလာကာ ဒိုင်းခင်ခင်သည် သီပေါမင်းကို စတင်မေတ္တာဝင်ကာ ချစ်မိလေတော့၏။

သီပေါမင်းနှင့် ဒိုင်းခင်ခင်တို့သည် နောက်ဆုံးတွင် မည်သူမှ မခွဲနိုင်သော ချစ်သူများအဖြစ်သို့ ရောက်သွားလေတော့သည်။ သို့သော် သီပေါမင်းသည် စုဖုရားလတ်အကြောင်း ကို သိသဖြင့် တရားဝင် မတွေ့သေးပေ။ ရနောင်မောင်မောင်တုတ်တို့ အကူအညီဖြင့်သာ တွေ့နေရလေသည်။ တနေ့တွင် စုဖုရားလတ် သိသွားလေတော့၏။ စုဖုရားလတ်သည် အလွန်စိတ်ဆိုးဒေါသထွက်ကာ သီပေါမင်းမှ မိမိအဆောင်လာစဉ် သီပေါမင်းအား အပြစ်ဆိုကာ ရဲရဲတင်းတင်းစကားများကို ဆိုလေတော့သည်။ ထိုအခါ သီပေါမင်းသည် အလွန်ဒေါသထွက်ပြီး မိမိလက်သုံးတော်ဓါးဖြင့် စုဖုရားလတ်ကို ခုတ်ရန် ပြင်လေတော့သည်။

ထိုအခါ စုဖုရားလတ်သည် သီပေါမင်းဒေါသထွက်သည်ကို တခါမှ မတွေ့ဖူးသဖြင့် အလွန်ကြောက်လန့်ကာ မယ်တော်ဆင်ဖြူ မရှင် အဆောင်သို့ ပြေးလေ၏။ သီပေါမင်းလည်း နောက်ကွယ်မှ လိုက်လာလေရာ နောက်ဆုံး ဆင်ဖြူ မရှင် မှ မိမိသမီးတော်ကို အဆောင်ထဲတွင် ပုန်းစေပြီး သီပေါမင်းကို အကျိူ းအကြောင်းပြောကာ ဒေါသကို လျော့စေလေသည်။ သီပေါမင်းလည်း ဒေါသလျော့ကာ အဆောင်တော်သို့ ပြန်လေသည်။ စုဖုရားလတ်သည် မိမိ၏ အချစ်တော် သီပေါမင်း မှ ဒိုင်းခင်ခင်ကို တမ်းတမ်းတ စွဲလမ်းသွားသည့်အတွက် အလွန် ဒေါသထွက်ကာ ပါဝင်သူများကို ဖျက်စီးရန် ပြင်ဆင်တော့၏။

စုဖုရားလတ်သည် မိမိ၏ အချစ်တော် လင်တော်မောင် သီပေါမင်း အမျက်ပြေချိန်တွင် ပရိယာရ်ဖြင့် ချဉ်းကပ်ကာ အကြောင်းအရင်းများကို မေးမြန်းလေသည်။ သီပေါမင်းမှ ဒိုင်းခင်ခင်ကို စုဖုရားလတ်ကဲ့သို့ ချစ်မြတ်နိုးသဖြင့် မြောက်နန်းစံမိဖုရားအဖြစ် တင်မြှောက်လိုကြောင်း ဆိုလာလေသည်။ စုဖုရားလတ်မှ ဖြစ်စေရပါမည်ဟု မိန်းမမာယာဖြင့် လျှောက်တင်ခဲ့လေ၏။ သီပေါမင်းမှာ အလွန်ပျော်ရွှင်ကာ မြောက်နန်းဆောင်ကို စတင်ရှင်းလင်းစေကာ အဆောင်တော်ကိုလည်း ပြန်လည် ပြင်ဆင်စေလေသည်။

သို့သော် စုဖုရားလတ်သည် ထိုကိစ္စကို စတင်ခဲ့သော ရနောင်မောင်မောင်တုတ်ကို ရှင်းလင်းရန် စတင်တော့သည်။ သီပေါမင်းသည် ဒိုင်းခင်ခင်ကို လွတ်လပ်စွာ တွေ့ရသဖြင့် အလွန်ပျော်ရွှင်နေတော့သည်။ သို့သော် ကံဆိုးသည်မှာ မိုးနဲစော်ဘွားပုန်ကန်မူဖြစ်ပွားလေသည်။ ဖြစ်ပုံမှာ မိုးနဲစော်ဘွား၏ သမီးတော်သည် စုဖုရားလတ်၏ ဒုတိယသမီးတော်ကို ထိန်းရသော အပျိူ တော်ဖြစ်လေသည်။ သို့သော် စုဖုရားလတ်မှ ဒေါသထွက်တိုင်း မိုးနဲမင်းသမီးလေးကို နှိပ်စက်ရာ မခံနိုင်သဖြင့် ရွှေမြို့တော်မှ ထွက်ပြေးပြီး လမ်းခုလတ်တွင် ဘုရင့်ရဲမက် လက်ချက်ဖြင့် ကွယ်လွန်ရလေသည်။

ထိုအတွက်ကြောင့် မိုးနဲစော်ဘွားမှ ဒေါသထွက်ကာ သီပေါမင်းထံ အခစားမဝင်ဘဲ နေလေသည်။ ထိုသို့ အခစား မဝင်သောကြောင့် လွှတ်တော်မှ ၁၈၈၁ ခုနှစ် ၁၂ လပိုင်း ၂၀ ရက်တွင် မိုးနဲစော်ဘွားကို ဖမ်းဆီးရန် စစ်အင်အား ၃ ထောင်ကျော်ဖြင့် စေလွှတ်လေသည်။ ထိုအခါ နန်းတော်တွင် မိုးနဲစော်ဘွားအရေးဖြင့် ရူပ်ထွေးနေခိုက်ဖြစ်လေသည်။ ထိုတိုင်းပြည်အရေး မငြိမ်သက်သည်ကို အခွင့်ကောင်းယူကာ စုဖုရားလတ်မှ သီပေါမင်းအား ဘုရင့်အနားတွင် သစ္စာမရှိသူ များစွာ ရှိနေသေးသည် မယုံပါက လေးပြင်လေးရပ်တွင် တိုင်စာ များကို လက်ခံပါလေ ဟု ဘုရင်ကို နားချလေ၏။ သီပေါမင်းလည်း စုဖုရားလတ်ပြောသည့်အတိုင်း လေးပြင်လေးရပ်တွင် ရွှေသေတ္တာ ထောင်ကာ တိုင်စာများကို လက်ခံလေသည်။

စုဖုရားလတ်သည် စီစဉ်ထားသည့်အတိုင်း ရနောင်မောင်မောင်တုတ်၏ မကောင်းမူများစွာကို ထို တိုင်စာထဲ ရောက်အောင် ပြု လုပ်လေ၏။ ရနောင်မောင်မောင်တုတ်သည်လည်း အမှန်တကယ် လူမုန်းများသူဖြစ်သဖြင့် တိုင်သူများလေ၏။ထိုရွှေသေတ္တာများ ဘုရင့်ထံရောက်သော် တိုင်စာများ ထက်ဝက်ကျော်သည် ရနောင်မောင်မောင်တုတ်၏ လာဘ်စားပုံ၊မိန်းမလိုက်စားပုံ၊ နန်းတော်အပြင်တွင် ဘုရင်ကဲ့သို့ နေပုံ၊ ရနောင်၏ အိမ်တော်တွင် ဘုရင်ကဲ့သို့ ရွှေပလ္လင်ဖြင့် နေပုံ များစွာ ပါရှိသဖြင့် သီပေါမင်း အမျက်ထွက်လေ၏။ထိုပြင် စုဖုရားလတ်သည် ဒိုင်းခင်ခင် နှင့် မောင်ဖေငယ်တို့သည် ဘုရင့်နောက်တွင် ရည်ငံနေသည်ဟု ချောက်တွန်း ပြန်လေသည်။ မောင်ဖေငယ်၏ အလွမ်းကဗျာများကို စုဖုရားလတ်မှ သက်သေအဖြစ်ပြသလေ၏။

အချစ်အဆိပ်သင့်ကာ သီပေါမင်းသည် အလွန်အမျက်ထွက်ပြီး အားလုံးကို ဖမ်းရန် အမိန့်ထုတ်လေတော့သည်။ မောင်ဖေငယ်ကို မိုးကောင်းသို့ ပို့ပြီး နောက်ဆုံး သေဒဏ်ပါ ပေးလေတော့သည်။ ဒိုင်းခင်ခင်ကိုလည်း ထောင်သွင်းချ စေလေသည်။ ဒိုင်းခင်ခင်၏ မွေးစားဖခင် ဒိုင်းဝန်မင်းကြီး ကိုပါ ဖမ်းဆီးစေသည်။ ရနောင်မောင်မောင်တုတ်ကိုလည်း ဖမ်းဆီးထောင်သွင်းချကာ သေဒဏ်ချလေ၏။ ဒိုင်းဝန်မင်းကြီးလည်း စုဖုရားလတ် နူတ်မိန့်ဖြင့် ထောင်ထဲတွင် အသတ်ခံရလေသည်။

၁၈၈၂ ခုနှစ် ၂ လပိုင်း ၁၇ ရက်နေ့တွင် မိုးကောင်းတွင် ရှိသော တောင်တမန် လယ်စား မောင်ဖေငယ်ကို ကွပ်မျက်လေသည်။ ရနောင်မောင်မောင်တုတ်သည်လည်း အကျဉ်းထောင်တွင်မိမိကိုယ်ကို အဆုံးစီရင်လေသည်။ ထိုဖမ်းစီးခံရချိန် ဒိုင်းခင်ခင်တွင် ဘုရင့်ရင်သွေးရှိနေပြီ ဖြစ်သဖြင့် တိုင်းတာမင်းကြီးတို့မှ သီပေါမင်းအား လွှတ်ပေးပါရန် သနားတင်လျှောက်ထားပါသော်လည်း သီပေါမင်းမှ မလွှတ်ပေးခဲ့ပေ။ စုဖုရားလတ် မှ အောင်ပွဲခံနိုင်ခဲ့လေသည်။

နောက်ဆုံး မိမိ၏ အချစ်ကို လုယူခဲ့သော ဒိုင်းခင်ခင်ကို နန်းဝတ်နန်းစားများ ချွတ်စေပြီး (အဝတ်အစားမဝတ်စေရ) ဆံကေသာအား အာဏာပါးကွက်သားတို့က တပတ်၊ နှစ်ပတ် ရစ်ပတ်ကိုင်ကာ မြေပြင်တွင် ဒူးထောက်စေလျက် ဦးခေါင်းကို မော့စေပြီး ဝါးစိမ်းဒုတ်ဖြင့် လည်မြို အား ရိုက်ကာ သတ်စေဟု စုဖုရားလတ်မှ အမိန့်တော်ချခဲ့လေသည်။

သမိုင်းပုံရိပ်ဘလော့မှ

Leave a Reply