ေရာင္းစားျခင္းခံခဲ့ရတဲ့ ေရာမအင္ပါယာ

Posted on

ေရာမအင္ပါယာဆုိတာ နဲ႔ တခ်ိန္က ကမာၻ႔အႀကီးက်ယ္ အခမ္းနားဆုံးအင္ပါယာျဖစ္တယ္ဆုိတာ အားလုံးသိၿပီးျဖစ္မွာပါ။ ဒီေလာက္ႀကီးက်ယ္တဲ့အင္ပါယာႀကီးဟာ ေငြဒဂၤါးေသာင္းဂဏန္းနဲ႔ေရာင္းခ်ခံခဲ့ရဖူးတယ္ ဆုိရင္ အားလုံးအံၾသမိၾကပါလိမ့္မယ္။ ဒီျဖစ္ရပ္ဟာ ေအဒီ ၁၉၃ ခုႏွစ္တုန္းက ေရာမ မွာ တကယ္ျဖစ္ခဲ့တဲ့ ကမာၻေက်ာ္ျဖစ္ရပ္တစ္ခု ျဖစ္ပါတယ္။

ကမာၻသမိုင္းတစ္ေလ်ာက္ ေရာမအင္ပါယာဟာ ဂုဏ္သတင္း အေက်ာ္ၾကားဆံုးျဖစ္ျပီး အထင္ကရျဖစ္ခဲ့ေပမဲ့ မျမဲတဲ့ျဖစ္တည္မႈတရား ေၾကာင့္ ဘုန္းတန္ခိုးေလ်ာ့ပါးသြားခ်ိန္မွာေတာ့ ေငြေၾကးနဲ႔ ပိုင္းျဖတ္ခံရကာ ေလလံတင္ ေရာင္းခ်ျခင္းကို ခံခဲ့ရပါတယ္။ အဲဒီေလလံပြဲမွာ ေအာင္နို္င္ခဲ့သူကေတာ့ ေရာမအင္ပါယာရဲ့ ဘုရင္တစ္ပါးအျဖစ္ မွတ္တမ္းဝင္ခဲ့တဲ့ Didius Julianus ျဖစ္ပါတယ္။ သူဟာေရာမအင္ပါယာကို (၁၉၃)ခုနွစ္၊ မတ္လကေနဇြန္လအထိ ရက္သတၱပတ္(၉)ပတ္ၾကာေလာက္ ထိန္းခ်ဳပ္ နိုင္ခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

Didius Julianus အုပ္စိုးစဥ္ကာလေတြက ေရာမဟာၾကီးမားက်ယ္ျပန္႔လြန္းလွတဲ့ အင္ပါယာကို မထိန္းနိုင္၊မသိမ္းနိုင္ျဖစ္ေနခဲ့ျပီး ေရာမအင္ပါယာလက္ေအာက္ခံ ဘုရင္ေတြဟာ အင္ပါယာထိန္းခ်ဳပ္ေရးအာဏာကို အျပိဳင္အဆိုင္ ၾကိဳးစားေနခ်ိန္ျဖစ္ပါတယ္။ ေရာမအင္ပါယာအတြင္း ျပည္တြင္းစစ္မ်ားစြာ ကုိဆင္ႏႊဲေနခ်ိန္ျဖစ္ျပီး ေရာမျပည္ရဲ့အာဏာကို ဆီးနိတ္လႊတ္ေတာ္နဲ႔ ဘုရင့္သက္ေတာ္ ေစာင့္အဖြဲ႔ Praetorian Guard ေတြက ဧကရာဇ္ေနာက္ကြယ္ကေန ထိန္းခ်ဳပ္ေနခဲ့ခ်ိန္ လည္းျဖစ္ပါတယ္။

Didius Julianusရဲ့ဖခင္ဟာ Mediolanum(ယခု အီတလီနိုင္ငံ မီလန္ျမိဳ႔)မွာေနထိုင္တဲ့ အထက္တန္းစားမိသားစုကေန ေမြးဖြားလာသူတဲ့ မွဴးမတ္တစ္ေယာက္ျဖစ္ျပီး မိခင္ကေတာ့ အာဖရိကေျမာက္ပုိင္းမွာ ေနထိုင္တဲ့ ေရာမအႏြယ္ဝင္ တစ္ဦးျဖစ္ပါတယ္။ ေမြးခ်င္းအစ္ကို နွစ္ေယာက္ရွိျပီး Didius Julianus ကို ၁၃၇ ခုနွစ္ ေဖေဖာ္ဝါရီလ(၂)ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။ Didius Julianus အရြယ္ေရာက္ခ်ိန္မွာေတာ့ ယင္းကာလအခ်ိန္က ေရာမဧကရာဇ္ Marcus Aurelius ရဲ့မိခင္ျဖစ္သူ Domitia Lucilla ရဲ့ အေရးေပးျခင္းကိုခံခဲ့ရျပီး ငယ္ငယ္ ရြယ္ရြယ္နဲ႔ ရာဇဝတ္တရားသူၾကီး (Vigintisexviri) အျဖစ္ခန္႔အပ္ျခင္း ခံခဲ့ရပါတယ္။

Didius Julianus ဟာ ငယ္ရြယ္ေပမဲ့ အထက္လူၾကီးေတြအထင္ၾကီးေလာက္တဲ့ ေရာမေခတ္တစ္ေလ်ာက္ ေျပာင္ေျမာက္တဲ့ တရားစီရင္မႈမ်ားစြာ ကိုျပဳလုပ္နုိင္ခဲ့ ပါတယ္။ ယင္းကေန လူသိမ်ားထင္ရွားလာတဲ့ Didius Julianusဟာ (၁၅၃) ခုနွစ္ ေလာက္မွာ ေရာမအထက္တန္းလႊာမွာ မိန္းမပ်ိဳ Manlia Scantilla နဲ႔လက္ထပ္ခဲ့ၿပီး သမီးနွစ္ေယာက္ ထြန္းကားခဲ့ပါတယ္။ Didius Julianus လက္ထက္မွာ ေရာမရဲ့တရားစီရင္ေရးက႑ဟာ ဖြံျဖိဳးလာခဲ့ျပီး ေရာမေခတ္တစ္ေလ်ာက္ ထင္ရွားတဲ့ Quaestor နဲ႔ Aedile ကဲ့သို႔ေသာ တရားစီရင္ ေရးရံုးေတြကို ဖြင့္လွစ္နုိင္ခဲ့ျပီး (၁၆၂)ခုနွစ္မွာေတာ့ Praetor ရံုးေတြအျဖစ္ အမည္ေပး ခဲ့ပါတယ္။

(၁၇၀)ခုနွစ္မွာေတာ့ Didius Julianus ဟာ Gallia Belgica(ယခု နယ္သာလန္၊ လူဇင္ဘတ္၊ဘယ္ဂ်ီယံနိုင္ငံ) ေဒသရဲ့ အၾကီးအကဲအျဖစ္ ဘုရင္က ခန္႔အပ္ခဲ့ပါတယ္။ သူဟာ ယင္းေဒသမွာ (၅)နွစ္ခန္႔တာဝန္ထမ္းေဆာင္ျပီးတဲ့ ေနာက္မွာ ေတာ့ ေရာမအထက္တန္းလႊာ အသိုင္းအဝိုင္းမွာ နာမည္တစ္လံုးတြင္က်န္ခဲ့ပါတယ္။ ဒါအျပင္ Gallia Belgica ေဒသကို က်ဴးေက်ာ္တိုက္ခိုုက္လာခဲ့တဲ့ Chauci (ေရွးဂ်ာမန္ လူမ်ိဳးေတြ)ရဲ့ ရန္ကို ေအာင္ျမင္စြာခုခံနိုင္ခဲ့တာၾကာင့္ (၁၇၅)ခုနွစ္မွာ ေကာင္စစ္ဝန္ ရာထူးကို ခန္႔အပ္ျပီး ေရာမဧကရာဇ္ရဲ့ သူေကာင္းျပုျခင္းကို ခံခဲ့ရပါတယ္။

ေရာမအင္ပါယာရဲ့ မ်ားစြာေသာခ်ီးျမွင့္မႈေတြကို ရရွိေနခဲ့ေပမဲ့ Didius Julianusက ေတာ့တင္းတိမ္ နိုင္ျခင္းမရွိပဲ ေရာမအင္ပါယာကို ခ်ဳပ္ကိုင္နိုင္မဲ့ လမ္းစကိုပဲ ရွာေဖြေနခဲ့ ပါတယ္။ ဒီအတြက္ ပုန္ကန္မဲဲ့အစီစဥ္ကို ေရးဆြဲေနခ်ိန္မွာပဲ သတင္းေပးအခ်ိဳ႕ေၾကာင့္ ေရာမအင္ပါယာရဲ့ သစၥာေဖာက္ အျဖစ္စာရင္းသြင္းခံခဲ့ရရွာပါတယ္။ ဒါေပမဲ့ သူရဲ့ပါးနပ္ တဲ့ထြက္ဆိုခ်က္ေတြေၾကာင့္ ေရာမအင္ပါယာ ဗဟိုတရားရံုးကေန မ်က္ျမင္သက္ေသ မရွိဟုဆံုးျဖတ္ကာ အမႈကေန တရားေသလြတ္ေျမာက္ခဲ့ျပီး မူလရာထူး အေဆာင္ အေယာင္အတိုင္း ခ်ီးေျမွာက္မႈကို ျပန္လည္ရရွိနိုင္ခဲ့ပါတယ္။

ထို႔ေနာက္ Bithynia ေဒသရဲ့ အုပ္ခ်ဳပ္သူ၊ အာဖရိကတိုက္ရဲ့ proconsul(ေရာမေခတ္က အုပ္ခ်ဳပ္ေရးအတြက္ နွစ္စဥ္တင္ေျမွာက္ခံရေသာ တရားသူၾကီးနွစ္ဦးအနက္က တစ္ဦး) အျဖစ္ဆက္လက္တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ Didius Julianus ဟာ ေရာမအင္ပါယာ ကို ေငြျပား(၂၅၀၀၀)နဲ႔ေအာင္နိိင္ခ်ိန္မွာေတာ့ သူဟာ အာဖရိက ေကာင္စစ္ဝန္ရာထူးကို ထမ္းေဆာင္ေနခ်ိန္မွာ ျဖစ္ပါတယ္။ ေရာမအင္ပါယာကို စတင္တည္ေထာင္ခဲ့သူ Augustus Caesar လက္ထက္ ကတည္းက အခိုင္အမာ ဖြဲ႔စည္းခဲ့တဲ့ Praetorian Guardအမည္ရွိ ကိုယ္ရံေတာ္တပ္ဖြဲ႔ေတြဟာ ေနာက္ပိုင္းမွာ ေရာမအင္ပါယာဧကရာဇ္ရာထူးေနရာေတြအထိ ဝင္ေရာက္စြက္ဖက္မႈ ေတြျပဳလာခဲ့ျပီး ေရာမဘုရင္ Pertinax ကို(၁၉၃)ခုနွစ္၊မတ္လ(၂၈)ရက္ေန႔မွာ လုပ္ၾကံခဲ့ ပါတယ္။

ယင္းေနာက္္မွာေတာ့ Praetorian Guard ေတြဟာ ေရာမအင္ပါယာကို ထိန္းခ်ဳပ္ဖို႔ ၾကိဳးစားလာခဲ့ပါတယ္။ ဒါေပမဲ့ ေရရွည္မွာ ျပည္သူကအသိအမွတ္ျပဳ ေခါင္း ေဆာင္မရွိပဲ ဆက္လက္ထိန္းသိမ္းရန္ မျဖစ္နိုင္တာေၾကာင့္ ေလလံတင္ေရာင္းခ်ရန္ ဆံုးျဖတ္ခဲ့ပါတယ္။ ယင္းအတြက္ သက္ဆိုင္ရာေရာမအင္ပါယာအတြင္းက စစ္ေခါင္းေဆာင္အခ်ဳိ႕နဲ႔ အရင္းရွင္မ်ားစြာကိုေလလံပြဲျပဳလုပ္ရန္ စည္းေဝးေစခဲ့ပါတယ္။ ယင္းေလလံပြဲမွာ ေသဆံုးသြားခဲ့ျပီျဖစ္တဲ့ ဧကရာဇ္ေဟာင္း Pertinax ရဲ့ ေယာကၡမျဖစ္သူ ဆီးနိတ္ အမက္တစ္ဦးျဖစ္သူ Titus Flavius Claudius Sulpicianus လည္း တက္ေရာက္လာ ခဲ့ပါတယ္။

သူဟာ ေျမပိုင္ရွင္အရင္းရွင္တစ္ေယာက္ ျဖစ္တာနဲ႔ အညီ ေၾကးစားစစ္တပ္ ကိုဖြဲ႕စည္းျပီး ေရာမထီးနန္းကို ျပန္သိမ္းဖို႔ျပင္ဆင္ေနသူ လည္းျဖစ္ပါတယ္။(သူရဲ့ လက္နက္စြဲကိုင္ ၾကိဳးပမ္းမႈကေတာ့ ေနာက္ဆံုးမွာ မေအာင္မျမင္ျဖစ္ခဲ့ရပါတယ္)။ ဒီေလလံပြဲမွာ သူဟာအနိုင္ရဖို႔ပစ္မွတ္ထားေပမဲ့ မထင္မွတ္ပဲ ေရာက္ရွိလာတဲ့ Didius Julianus နဲ႔ဇနီးေၾကာင့္ မ်ားစြာအခက္ေတြ႕ခဲ့ရပါတယ္။ ယင္းေလလံပြဲကို ဦးေဆာင္ က်င္းပတဲ့ Praetorian Guard ေတြအေနနဲ႔ကလည္း Titus Flavius Claudius Sulpicianus ဧကရာဇ္ျဖစ္သြားပါက သူတို႔အတြက္ ဆုံးရႈံးရဖို႔သာရွိေနတာေၾကာင့္ Didius Julianus ကိုသာ ေလလံပြဲမွာ အနိုင္ေပးဖို႔ဆံုးျဖတ္ထားျပီးျဖစ္ပါတယ္။

ယင္းေနာက္ ေလလံပြဲဟာDidius Julianus နဲ႔ Titus Flavius Claudius Sulpicianus တို႔ရဲ့ ပြဲျဖစ္သြားခဲ့ျပီး အျခားတက္ေရာက္လာသူ အမ်ားစုက လက္ေရွာင္ေနခဲ့ပါတယ္။ ဒါကလည္း ေရာမထီးနန္းဟာ ေနရာတိုင္းက ယိုယြင္းေနတာျဖစ္ျပီး ကိုယ္ပုိင္စစ္တပ္နဲ႔ ျပည္ပ မဟာမိတ္ေတြ ခိုင္ခိုင္မာမာမရွိပါက ကိုယ့္ေသတြင္းကိုယ္တူးေနသလို ျဖစ္တာေၾကာင့္ရယ္၊နန္းေတာ္တြင္းကေၾကာက္မက္ဖြယ္ လုပ္ၾကံသတ္ျဖတ္မႈေတြေၾကာင့္ လည္း ျဖစ္ပါတယ္။

ေလလံပြဲစတင္ခ်င္း Titus Flavius Claudius Sulpicianusက ေရာမထီးနန္းကို ၾကမ္းခင္းေစ်း ေငြဒဂါၤးအျပား (၂၀၀၀၀)နဲ႔ စတင္ခဲ့ျပီးေနာက္ Didius Julianusက ေငြဒဂါၤးအျပား(၂၅၀၀၀)အထိ ေစ်းျပိဳင္ေပးခဲ့ပါတယ္။ ထိုအခ်ိန္မွာေတာ့ ယခင္ကတည္း ကအၾကံရွိျပီးျဖစ္တဲ့ ေလလံတာဝန္ရွိသူေတြဟာ ေလလံပြဲကို ရုတ္သိမ္းခဲ့ျပီး Didius Julianus ကို အနိုင္ရရွိသူအျဖစ္ သတ္မွက္ခဲ့ၾကပါတယ္။ အျငင္းပြားမႈမ်ားစြာ ျဖစ္ခဲ့ေပမဲ့ Didius Julianusကို ေရာမအင္ပါယာရဲ့ ဧကရာဇ္အျဖစ္ ဆီးနိတ္လႊတ္ေတာ္က တရားဝင္ အင္ပါယာအရွင္အျဖစ္သတ္မွတ္ကာ သက္ဆိုင္ရာ မိသားစုဝင္ အားလံုးကိုလည္း ေတာ္ဝင္မ်ိဳးႏြယ္ေတြ အျဖစ္ အင္ပါယာ တစ္ခုလံုးကို ေၾကၿငာခဲ့ပါတယ္။

ဒါေပမဲ့ ေရာမအင္ပါယာရဲ့ စစ္သူၾကီးေတြျဖစ္တဲ့ ဆီးရီးယားျပည္ကိုေရာက္ရွိေနတဲ့ Pescennius Niger၊ Pannonia ေဒသမွာ စစ္အေျခခ်စခန္းတည္ေဆာက္ေနတဲ့ Septimius Severus နဲ႔ ျဗိတိန္ကၽြန္းမွာ စစ္အေျခစိုက္စခန္းဖြင့္လွစ္ထားတဲ့ Cloudius Albinus တို႔ကေတာ့ Didius Julianusကို ေရာမအင္ပါယာရဲ့ ဧကရာဇ္အျဖစ္ အသိအမွတ္မျပဳခဲ့ပါဘူး။ ေရာမအင္ပါယာရဲ့ အဓိကစစ္တပ္အမ်ားစုဟာ ယင္းဗိုလ္ခ်ဳပ္ ေတြလက္ေအာက္မွာသာ တည္ရွိေနတာေၾကာင့္ Didius Julianusရဲ့ အာဏာ သက္ေရာက္မႈဟာ မ်ားစြာက်ဆင္းေနခဲ့ရပါတယ္။ ဒါအျပင္နာမည္ေက်ာ္ ေရာမျမင္းတပ္ သံုးခုစလံုးဟာ ယင္းဗိုလ္ခ်ဳပ္(၃)ေယာက္ရဲ့ ထိန္းခ်ဳပ္မႈေအာက္မွာသာ တည္ရွိေနတာ ေၾကာင့္ Didius Julianusရဲ့ အာဏာဟာ အခြံခ်ည္းသာ ရွိေနခဲ့တာပါ။

ဒါကို မေက်နပ္တဲ့ Didius Julianus က ေရာမထီးနန္းနဲ႔ အနီးဆံုးမွာရွိေနတဲ့ Septimius Severus ကို နိုင္ငံရန္သူအျဖစ္ေၾကျငာခဲ့ျပီး ဆီးနိတ္လႊတ္ေတာ္ကေန တပ္သားသစ္ အလ်ွင္အျမန္ ခ်ထားေပးဖို႔ ေတာင္းခံျပီး ရွိရင္းစြဲ တပ္အခ်ိဳ႔နဲ႔ ပူးေပါင္းကာ Septimius Severusရဲ့ တပ္ ကိုတိုက္ခိုက္ေစပါတယ္။ ေအာင္ျမင္မႈမရရွိခဲ့ပဲ တပ္မွဴးအမ်ားစုဟာ Septimius Severus ကိုသစၥာခံခဲ့ျပီးေနာက္ Septimius Severusဟာ ေရာမကို ခ်ီတက္ တိုက္ခိုက္ ဖို႔ဆံုးျဖတ္ခဲ့ပါတယ္။ Septimius Severus ခ်ီတက္ရာ လမ္းေၾကာင္းမွာရွိတဲ့ ေရာမတပ္ေတြဟာလည္း ခုခံရမယ့္ အမိန္႔ကိုဆန္႔က်င္ျပီး ရန္သူတပ္ေတြနဲ႔ ျပန္လည္ေပါင္းစည္းခဲ့တာေၾကာင့္ Septimius Severusရဲ့ တပ္ေတြဟာ ေခ်ာေခ်ာေမာေမာပဲ ေရာမနန္းေတာ္အတြင္းကို ေရာက္ရွိလာ နိုင္ခဲ့ပါတယ္။

ယင္းအခ်ိန္မွာ ဆီးနိတ္အမတ္ေတြနဲ႔ Praetorian Guard ဘုရင္ကိုယ္ရံေတာ္ တပ္မွဴးေတြဟာ ဗိုလ္ခ်ဳပ္Septimius Severus ကို သစၥာခံၾကျပီး ေရာမထီးနန္းကို နွင္းအပ္ခဲ့ၾကပါေတာ့တယ္။ Didius Julianus ကေတာ့ ေနာက္လိုက္အနည္းငယ္နဲ႔ နန္းေတာ္အတြင္းမွာ ခုခံရင္း ရန္သူစစ္ သည္တစ္ဦးရဲ့ ဓါးခ်က္ေအာက္မွာ အသက္ေပ်ာက္ခဲ့ရပါတယ္။ သတ္ရတဲ့ အေၾကာင္းရင္းကေတာ့ Didius Julianus ဟာ ေရာမဘုရင္ Pertinax ကို လုပ္ၾကံတယ္ဆိုတဲ့ စြပ္စြဲ ခ်က္ေၾကာင့္ ျဖစ္ပါတယ္။ အမွန္က Pertinax ကိုလုပ္ၾကံသူေတြဟာ သူရဲ့ ကိုယ္ရံ ေတာ္တပ္ Praetorian Guardေတြ ျဖစ္ေနေပမယ့္ ဗိုလ္ခ်ဳပ္ Septimius Severusဟာ ဘုရင္ ကိုယ္ရံေတာ္ အဖြဲ႔ကို အစကေန ျပန္လည္ဖြဲ႔စည္းရမွာကို မလိုလားေသာေၾကာင့္ အမွန္ တရားကို လ်စ္လ်ဴခဲ့ျခင္းျဖစ္ပါတယ္။

Didius Julianusရဲ့ ရုပ္အေလာင္းကိုေတာ့ သူမိသားစုထံကို ျပန္လည္ေပးအပ္ခဲ့ျပီး အီတလီနိုင္ငံက Via Labicana ေဒသမွာ သူရဲ့ဘိုးေဘးေတြနဲ႔အတူ ျမဳပ္နွံ သျဂိဳလ္ခဲ့ ပါတယ္။ Didius Julianus အုပ္ခ်ဳပ္စဥ္ကာလအတြင္းမွာ ေရာမအင္ပါယာ အတြက္ မည္မည္ရရ ေအာင္ျမင္မႈမရရွိခဲ့ပဲ ျပည္သူေတြကေန ခဲနဲ႔ထုရေလာက္တဲ့အထိ အျဖစ္ဆိုးခဲ့ပါတယ္။ သူဟာ ေရာမအင္ပါယာအတြက္ ေပးေခ်ခဲ့ရတဲ့ ေငြဒဂၤါးတန္ဖိုးကို ကာမိ ေစရန္ ေရာမကထုတ္လုပ္တဲ့ ေငြဒဂၤါးျပားေတြရဲ့ ေငြပါဝင္မႈႏႈန္း မူလက (၈၇)ရာခိုင္ႏႈန္း ကေန (၈၁.၅)ရာခိုင္ႏႈန္းအထိ ေလ်ာ့ခ်ပစ္ခဲ့ပါတယ္။

ဒါေၾကာင့္ေငြ အေလးခ်ိန္ဟာ (၂.၇၅)ဂရမ္ကေန(၂.၄၀)ဂရမ္အထိ က်ဆင္းသြားခဲ့ရလို႔ ေရာမအင္ပါယာရဲ့ ကုန္စည္စီးဆင္းမႈ တန္ဖိုးေတြ၊ ေငြလဲလွယ္မႈ တန္ဖိုးေတြ တစ္ဟုန္ထိုး က်ဆင္းခဲ့ရပါတယ္။ ဒါအျပင္ အခြန္ဘ႑ာေတြကို ဆတိုးေကာတ္ခံခဲ့တာေၾကာင္ံ ျပည္သူေတြရဲ့ သူခိုး၊ဓါးျမ ဘုရင္အျဖစ္ ေထာပနာျပဳျခင္းကိုလည္း ခံခဲ့ရသူ ျဖစ္ပါတယ္။(ယင္းကာလက ေရာမအင္ပါယာ ျပည္သူေတြရဲ့ ငတ္မြတ္ေခါင္းပါးမႈဟာ ေဒသတြင္း အဆက္မျပတ္ ျဖစ္ပြားေနတဲ့ စစ္ပြဲေတြနဲ႔လည္း တိုက္ရိုက္ သက္ဆိုင္မႈ ရွိေနပါတယ္။)

အခ်ဳပ္အားျဖင့္ဆိုရရင္ Didius Julianus ဟာ ဘုရင္တစ္ပါးအေနနဲ႔ေတာ့ နာမည္ဆိုးသာ သမိုင္းမွာက်န္ခဲ့ေပမဲ့ အင္ပါယာတစ္ခုကို ၀ယ္ယူၿပီးဘုရင္ျဖစ္ခဲ့တဲ့ တစ္ဦးတည္းေသာ ပုဂၢိဳလ္အျဖစ္ေတာ့ မွတ္တမ္းတင္သြားခဲ့ပါတယ္။

————–

ရောင်းစားခြင်းခံခဲ့ရတဲ့ ရောမအင်ပါယာ (unicode)

ရောမအင်ပါယာဆိုတာ နဲ့ တချိန်က ကမ္ဘာ့အကြီးကျယ် အခမ်းနားဆုံးအင်ပါယာဖြစ်တယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒီလောက်ကြီးကျယ်တဲ့အင်ပါယာကြီးဟာ ငွေဒင်္ဂါးသောင်းဂဏန်းနဲ့ရောင်းချခံခဲ့ရဖူးတယ် ဆိုရင် အားလုံးအံဩမိကြပါလိမ့်မယ်။ ဒီဖြစ်ရပ်ဟာ အေဒီ ၁၉၃ ခုနှစ်တုန်းက ရောမ မှာ တကယ်ဖြစ်ခဲ့တဲ့ ကမ္ဘာကျော်ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

ကမ္ဘာသမိုင်းတစ်လျောက် ရောမအင်ပါယာဟာ ဂုဏ်သတင်း အကျော်ကြားဆုံးဖြစ်ပြီး အထင်ကရဖြစ်ခဲ့ပေမဲ့ မမြဲတဲ့ဖြစ်တည်မှုတရား ကြောင့် ဘုန်းတန်ခိုးလျော့ပါးသွားချိန်မှာတော့ ငွေကြေးနဲ့ ပိုင်းဖြတ်ခံရကာ လေလံတင် ရောင်းချခြင်းကို ခံခဲ့ရပါတယ်။ အဲဒီလေလံပွဲမှာ အောင်န်ိုင်ခဲ့သူကတော့ ရောမအင်ပါယာရဲ့ ဘုရင်တစ်ပါးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ Didius Julianus ဖြစ်ပါတယ်။ သူဟာရောမအင်ပါယာကို (၁၉၃)ခုနှစ်၊ မတ်လကနေဇွန်လအထိ ရက်သတ္တပတ်(၉)ပတ်ကြာလောက် ထိန်းချုပ် နိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Didius Julianus အုပ်စိုးစဉ်ကာလတွေက ရောမဟာကြီးမားကျယ်ပြန့်လွန်းလှတဲ့ အင်ပါယာကို မထိန်းနိုင်၊မသိမ်းနိုင်ဖြစ်နေခဲ့ပြီး ရောမအင်ပါယာလက်အောက်ခံ ဘုရင်တွေဟာ အင်ပါယာထိန်းချုပ်ရေးအာဏာကို အပြိုင်အဆိုင် ကြိုးစားနေချိန်ဖြစ်ပါတယ်။ ရောမအင်ပါယာအတွင်း ပြည်တွင်းစစ်များစွာ ကိုဆင်နွှဲနေချိန်ဖြစ်ပြီး ရောမပြည်ရဲ့အာဏာကို ဆီးနိတ်လွှတ်တော်နဲ့ ဘုရင့်သက်တော် စောင့်အဖွဲ့ Praetorian Guard တွေက ဧကရာဇ်နောက်ကွယ်ကနေ ထိန်းချုပ်နေခဲ့ချိန် လည်းဖြစ်ပါတယ်။

Didius Julianusရဲ့ဖခင်ဟာ Mediolanum(ယခု အီတလီနိုင်ငံ မီလန်မြို့)မှာနေထိုင်တဲ့ အထက်တန်းစားမိသားစုကနေ မွေးဖွားလာသူတဲ့ မှူးမတ်တစ်ယောက်ဖြစ်ပြီး မိခင်ကတော့ အာဖရိကမြောက်ပိုင်းမှာ နေထိုင်တဲ့ ရောမအနွယ်ဝင် တစ်ဦးဖြစ်ပါတယ်။ မွေးချင်းအစ်ကို နှစ်ယောက်ရှိပြီး Didius Julianus ကို ၁၃၇ ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ Didius Julianus အရွယ်ရောက်ချိန်မှာတော့ ယင်းကာလအချိန်က ရောမဧကရာဇ် Marcus Aurelius ရဲ့မိခင်ဖြစ်သူ Domitia Lucilla ရဲ့ အရေးပေးခြင်းကိုခံခဲ့ရပြီး ငယ်ငယ် ရွယ်ရွယ်နဲ့ ရာဇဝတ်တရားသူကြီး (Vigintisexviri) အဖြစ်ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

Didius Julianus ဟာ ငယ်ရွယ်ပေမဲ့ အထက်လူကြီးတွေအထင်ကြီးလောက်တဲ့ ရောမခေတ်တစ်လျောက် ပြောင်မြောက်တဲ့ တရားစီရင်မှုများစွာ ကိုပြုလုပ်နိုင်ခဲ့ ပါတယ်။ ယင်းကနေ လူသိများထင်ရှားလာတဲ့ Didius Julianusဟာ (၁၅၃) ခုနှစ် လောက်မှာ ရောမအထက်တန်းလွှာမှာ မိန်းမပျို Manlia Scantilla နဲ့လက်ထပ်ခဲ့ပြီး သမီးနှစ်ယောက် ထွန်းကားခဲ့ပါတယ်။ Didius Julianus လက်ထက်မှာ ရောမရဲ့တရားစီရင်ရေးကဏ္ဍဟာ ဖွံဖြိုးလာခဲ့ပြီး ရောမခေတ်တစ်လျောက် ထင်ရှားတဲ့ Quaestor နဲ့ Aedile ကဲ့သို့သော တရားစီရင် ရေးရုံးတွေကို ဖွင့်လှစ်နိုင်ခဲ့ပြီး (၁၆၂)ခုနှစ်မှာတော့ Praetor ရုံးတွေအဖြစ် အမည်ပေး ခဲ့ပါတယ်။

(၁၇၀)ခုနှစ်မှာတော့ Didius Julianus ဟာ Gallia Belgica(ယခု နယ်သာလန်၊ လူဇင်ဘတ်၊ဘယ်ဂျီယံနိုင်ငံ) ဒေသရဲ့ အကြီးအကဲအဖြစ် ဘုရင်က ခန့်အပ်ခဲ့ပါတယ်။ သူဟာ ယင်းဒေသမှာ (၅)နှစ်ခန့်တာဝန်ထမ်းဆောင်ပြီးတဲ့ နောက်မှာ တော့ ရောမအထက်တန်းလွှာ အသိုင်းအဝိုင်းမှာ နာမည်တစ်လုံးတွင်ကျန်ခဲ့ပါတယ်။ ဒါအပြင် Gallia Belgica ဒေသကို ကျူးကျော်တိုက်ခိုက်လာခဲ့တဲ့ Chauci (ရှေးဂျာမန် လူမျိုးတွေ)ရဲ့ ရန်ကို အောင်မြင်စွာခုခံနိုင်ခဲ့တာကြာင့် (၁၇၅)ခုနှစ်မှာ ကောင်စစ်ဝန် ရာထူးကို ခန့်အပ်ပြီး ရောမဧကရာဇ်ရဲ့ သူကောင်းပြုခြင်းကို ခံခဲ့ရပါတယ်။

ရောမအင်ပါယာရဲ့ များစွာသောချီးမြှင့်မှုတွေကို ရရှိနေခဲ့ပေမဲ့ Didius Julianusက တော့တင်းတိမ် နိုင်ခြင်းမရှိပဲ ရောမအင်ပါယာကို ချုပ်ကိုင်နိုင်မဲ့ လမ်းစကိုပဲ ရှာဖွေနေခဲ့ ပါတယ်။ ဒီအတွက် ပုန်ကန်မဲ့အစီစဉ်ကို ရေးဆွဲနေချိန်မှာပဲ သတင်းပေးအချို့ကြောင့် ရောမအင်ပါယာရဲ့ သစ္စာဖောက် အဖြစ်စာရင်းသွင်းခံခဲ့ရရှာပါတယ်။ ဒါပေမဲ့ သူရဲ့ပါးနပ် တဲ့ထွက်ဆိုချက်တွေကြောင့် ရောမအင်ပါယာ ဗဟိုတရားရုံးကနေ မျက်မြင်သက်သေ မရှိဟုဆုံးဖြတ်ကာ အမှုကနေ တရားသေလွတ်မြောက်ခဲ့ပြီး မူလရာထူး အဆောင် အယောင်အတိုင်း ချီးမြှောက်မှုကို ပြန်လည်ရရှိနိုင်ခဲ့ပါတယ်။

ထို့နောက် Bithynia ဒေသရဲ့ အုပ်ချုပ်သူ၊ အာဖရိကတိုက်ရဲ့ proconsul(ရောမခေတ်က အုပ်ချုပ်ရေးအတွက် နှစ်စဉ်တင်မြှောက်ခံရသော တရားသူကြီးနှစ်ဦးအနက်က တစ်ဦး) အဖြစ်ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Didius Julianus ဟာ ရောမအင်ပါယာ ကို ငွေပြား(၂၅၀၀၀)နဲ့အောင်နိင်ချိန်မှာတော့ သူဟာ အာဖရိက ကောင်စစ်ဝန်ရာထူးကို ထမ်းဆောင်နေချိန်မှာ ဖြစ်ပါတယ်။ ရောမအင်ပါယာကို စတင်တည်ထောင်ခဲ့သူ Augustus Caesar လက်ထက် ကတည်းက အခိုင်အမာ ဖွဲ့စည်းခဲ့တဲ့ Praetorian Guardအမည်ရှိ ကိုယ်ရံတော်တပ်ဖွဲ့တွေဟာ နောက်ပိုင်းမှာ ရောမအင်ပါယာဧကရာဇ်ရာထူးနေရာတွေအထိ ဝင်ရောက်စွက်ဖက်မှု တွေပြုလာခဲ့ပြီး ရောမဘုရင် Pertinax ကို(၁၉၃)ခုနှစ်၊မတ်လ(၂၈)ရက်နေ့မှာ လုပ်ကြံခဲ့ ပါတယ်။

ယင်းနောက်မှာတော့ Praetorian Guard တွေဟာ ရောမအင်ပါယာကို ထိန်းချုပ်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒါပေမဲ့ ရေရှည်မှာ ပြည်သူကအသိအမှတ်ပြု ခေါင်း ဆောင်မရှိပဲ ဆက်လက်ထိန်းသိမ်းရန် မဖြစ်နိုင်တာကြောင့် လေလံတင်ရောင်းချရန် ဆုံးဖြတ်ခဲ့ပါတယ်။ ယင်းအတွက် သက်ဆိုင်ရာရောမအင်ပါယာအတွင်းက စစ်ခေါင်းဆောင်အချို့နဲ့ အရင်းရှင်များစွာကိုလေလံပွဲပြုလုပ်ရန် စည်းဝေးစေခဲ့ပါတယ်။ ယင်းလေလံပွဲမှာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့ ဧကရာဇ်ဟောင်း Pertinax ရဲ့ ယောက္ခမဖြစ်သူ ဆီးနိတ် အမက်တစ်ဦးဖြစ်သူ Titus Flavius Claudius Sulpicianus လည်း တက်ရောက်လာ ခဲ့ပါတယ်။

သူဟာ မြေပိုင်ရှင်အရင်းရှင်တစ်ယောက် ဖြစ်တာနဲ့ အညီ ကြေးစားစစ်တပ် ကိုဖွဲ့စည်းပြီး ရောမထီးနန်းကို ပြန်သိမ်းဖို့ပြင်ဆင်နေသူ လည်းဖြစ်ပါတယ်။(သူရဲ့ လက်နက်စွဲကိုင် ကြိုးပမ်းမှုကတော့ နောက်ဆုံးမှာ မအောင်မမြင်ဖြစ်ခဲ့ရပါတယ်)။ ဒီလေလံပွဲမှာ သူဟာအနိုင်ရဖို့ပစ်မှတ်ထားပေမဲ့ မထင်မှတ်ပဲ ရောက်ရှိလာတဲ့ Didius Julianus နဲ့ဇနီးကြောင့် များစွာအခက်တွေ့ခဲ့ရပါတယ်။ ယင်းလေလံပွဲကို ဦးဆောင် ကျင်းပတဲ့ Praetorian Guard တွေအနေနဲ့ကလည်း Titus Flavius Claudius Sulpicianus ဧကရာဇ်ဖြစ်သွားပါက သူတို့အတွက် ဆုံးရှုံးရဖို့သာရှိနေတာကြောင့် Didius Julianus ကိုသာ လေလံပွဲမှာ အနိုင်ပေးဖို့ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။

ယင်းနောက် လေလံပွဲဟာDidius Julianusနဲ့ Titus Flavius Claudius Sulpicianus တို့ရဲ့ ပွဲဖြစ်သွားခဲ့ပြီး အခြားတက်ရောက်လာသူ အများစုက လက်ရှောင်နေခဲ့ပါတယ်။ ဒါကလည်း ရောမထီးနန်းဟာ နေရာတိုင်းက ယိုယွင်းနေတာဖြစ်ပြီး ကိုယ်ပိုင်စစ်တပ်နဲ့ ပြည်ပ မဟာမိတ်တွေ ခိုင်ခိုင်မာမာမရှိပါက ကိုယ့်သေတွင်းကိုယ်တူးနေသလို ဖြစ်တာကြောင့်ရယ်၊နန်းတော်တွင်းကကြောက်မက်ဖွယ် လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် လည်း ဖြစ်ပါတယ်။

လေလံပွဲစတင်ချင်း Titus Flavius Claudius Sulpicianusက ရောမထီးနန်းကို ကြမ်းခင်းဈေး ငွေဒဂါၤးအပြား (၂၀၀၀၀)နဲ့ စတင်ခဲ့ပြီးနောက် Didius Julianusက ငွေဒဂါၤးအပြား(၂၅၀၀၀)အထိ ဈေးပြိုင်ပေးခဲ့ပါတယ်။ ထိုအချိန်မှာတော့ ယခင်ကတည်း ကအကြံရှိပြီးဖြစ်တဲ့ လေလံတာဝန်ရှိသူတွေဟာ လေလံပွဲကို ရုတ်သိမ်းခဲ့ပြီး Didius Julianus ကို အနိုင်ရရှိသူအဖြစ် သတ်မှက်ခဲ့ကြပါတယ်။ အငြင်းပွားမှုများစွာ ဖြစ်ခဲ့ပေမဲ့ Didius Julianusကို ရောမအင်ပါယာရဲ့ ဧကရာဇ်အဖြစ် ဆီးနိတ်လွှတ်တော်က တရားဝင် အင်ပါယာအရှင်အဖြစ်သတ်မှတ်ကာ သက်ဆိုင်ရာ မိသားစုဝင် အားလုံးကိုလည်း တော်ဝင်မျိုးနွယ်တွေ အဖြစ် အင်ပါယာ တစ်ခုလုံးကို ကြေငြာခဲ့ပါတယ်။

ဒါပေမဲ့ ရောမအင်ပါယာရဲ့ စစ်သူကြီးတွေဖြစ်တဲ့ ဆီးရီးယားပြည်ကိုရောက်ရှိနေတဲ့ Pescennius Niger၊ Pannonia ဒေသမှာ စစ်အခြေချစခန်းတည်ဆောက်နေတဲ့ Septimius Severus နဲ့ ဗြိတိန်ကျွန်းမှာ စစ်အခြေစိုက်စခန်းဖွင့်လှစ်ထားတဲ့ Cloudius Albinus တို့ကတော့ Didius Julianusကို ရောမအင်ပါယာရဲ့ ဧကရာဇ်အဖြစ် အသိအမှတ်မပြုခဲ့ပါဘူး။ ရောမအင်ပါယာရဲ့ အဓိကစစ်တပ်အများစုဟာ ယင်းဗိုလ်ချုပ် တွေလက်အောက်မှာသာ တည်ရှိနေတာကြောင့် Didius Julianusရဲ့ အာဏာ သက်ရောက်မှုဟာ များစွာကျဆင်းနေခဲ့ရပါတယ်။ ဒါအပြင်နာမည်ကျော် ရောမမြင်းတပ် သုံးခုစလုံးဟာ ယင်းဗိုလ်ချုပ်(၃)ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာသာ တည်ရှိနေတာ ကြောင့် Didius Julianusရဲ့ အာဏာဟာ အခွံချည်းသာ ရှိနေခဲ့တာပါ။

ဒါကို မကျေနပ်တဲ့ Didius Julianus က ရောမထီးနန်းနဲ့ အနီးဆုံးမှာရှိနေတဲ့ Septimius Severus ကို နိုင်ငံရန်သူအဖြစ်ကြေငြာခဲ့ပြီး ဆီးနိတ်လွှတ်တော်ကနေ တပ်သားသစ် အလျှင်အမြန် ချထားပေးဖို့ တောင်းခံပြီး ရှိရင်းစွဲ တပ်အချို့နဲ့ ပူးပေါင်းကာ Septimius Severusရဲ့ တပ် ကိုတိုက်ခိုက်စေပါတယ်။ အောင်မြင်မှုမရရှိခဲ့ပဲ တပ်မှူးအများစုဟာ Septimius Severus ကိုသစ္စာခံခဲ့ပြီးနောက် Septimius Severusဟာ ရောမကို ချီတက် တိုက်ခိုက် ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Septimius Severus ချီတက်ရာ လမ်းကြောင်းမှာရှိတဲ့ ရောမတပ်တွေဟာလည်း ခုခံရမယ့် အမိန့်ကိုဆန့်ကျင်ပြီး ရန်သူတပ်တွေနဲ့ ပြန်လည်ပေါင်းစည်းခဲ့တာကြောင့် Septimius Severusရဲ့ တပ်တွေဟာ ချောချောမောမောပဲ ရောမနန်းတော်အတွင်းကို ရောက်ရှိလာ နိုင်ခဲ့ပါတယ်။

ယင်းအချိန်မှာ ဆီးနိတ်အမတ်တွေနဲ့ Praetorian Guard ဘုရင်ကိုယ်ရံတော် တပ်မှူးတွေဟာ ဗိုလ်ချုပ်Septimius Severus ကို သစ္စာခံကြပြီး ရောမထီးနန်းကို နှင်းအပ်ခဲ့ကြပါတော့တယ်။ Didius Julianus ကတော့ နောက်လိုက်အနည်းငယ်နဲ့ နန်းတော်အတွင်းမှာ ခုခံရင်း ရန်သူစစ် သည်တစ်ဦးရဲ့ ဓါးချက်အောက်မှာ အသက်ပျောက်ခဲ့ရပါတယ်။ သတ်ရတဲ့ အကြောင်းရင်းကတော့ Didius Julianus ဟာ ရောမဘုရင် Pertinax ကို လုပ်ကြံတယ်ဆိုတဲ့ စွပ်စွဲ ချက်ကြောင့် ဖြစ်ပါတယ်။ အမှန်က Pertinax ကိုလုပ်ကြံသူတွေဟာ သူရဲ့ ကိုယ်ရံ တော်တပ် Praetorian Guardတွေ ဖြစ်နေပေမယ့် ဗိုလ်ချုပ် Septimius Severusဟာ ဘုရင် ကိုယ်ရံတော် အဖွဲ့ကို အစကနေ ပြန်လည်ဖွဲ့စည်းရမှာကို မလိုလားသောကြောင့် အမှန် တရားကို လျစ်လျူခဲ့ခြင်းဖြစ်ပါတယ်။

Didius Julianusရဲ့ ရုပ်အလောင်းကိုတော့ သူမိသားစုထံကို ပြန်လည်ပေးအပ်ခဲ့ပြီး အီတလီနိုင်ငံက Via Labicana ဒေသမှာ သူရဲ့ဘိုးဘေးတွေနဲ့အတူ မြုပ်နှံ သဂြိုလ်ခဲ့ ပါတယ်။ Didius Julianus အုပ်ချုပ်စဉ်ကာလအတွင်းမှာ ရောမအင်ပါယာ အတွက် မည်မည်ရရ အောင်မြင်မှုမရရှိခဲ့ပဲ ပြည်သူတွေကနေ ခဲနဲ့ထုရလောက်တဲ့အထိ အဖြစ်ဆိုးခဲ့ပါတယ်။ သူဟာ ရောမအင်ပါယာအတွက် ပေးချေခဲ့ရတဲ့ ငွေဒင်္ဂါးတန်ဖိုးကို ကာမိ စေရန် ရောမကထုတ်လုပ်တဲ့ ငွေဒင်္ဂါးပြားတွေရဲ့ ငွေပါဝင်မှုနှုန်း မူလက (၈၇)ရာခိုင်နှုန်း ကနေ (၈၁.၅)ရာခိုင်နှုန်းအထိ လျော့ချပစ်ခဲ့ပါတယ်။

ဒါကြောင့်ငွေ အလေးချိန်ဟာ (၂.၇၅)ဂရမ်ကနေ(၂.၄၀)ဂရမ်အထိ ကျဆင်းသွားခဲ့ရလို့ ရောမအင်ပါယာရဲ့ ကုန်စည်စီးဆင်းမှု တန်ဖိုးတွေ၊ ငွေလဲလှယ်မှု တန်ဖိုးတွေ တစ်ဟုန်ထိုး ကျဆင်းခဲ့ရပါတယ်။ ဒါအပြင် အခွန်ဘဏ္ဍာတွေကို ဆတိုးကောတ်ခံခဲ့တာကြောငံ် ပြည်သူတွေရဲ့ သူခိုး၊ဓါးမြ ဘုရင်အဖြစ် ထောပနာပြုခြင်းကိုလည်း ခံခဲ့ရသူ ဖြစ်ပါတယ်။(ယင်းကာလက ရောမအင်ပါယာ ပြည်သူတွေရဲ့ ငတ်မွတ်ခေါင်းပါးမှုဟာ ဒေသတွင်း အဆက်မပြတ် ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့လည်း တိုက်ရိုက် သက်ဆိုင်မှု ရှိနေပါတယ်။)

အချုပ်အားဖြင့်ဆိုရရင် Didius Julianus ဟာ ဘုရင်တစ်ပါးအနေနဲ့တော့ နာမည်ဆိုးသာ သမိုင်းမှာကျန်ခဲ့ပေမဲ့ အင်ပါယာတစ်ခုကို ဝယ်ယူပြီးဘုရင်ဖြစ်ခဲ့တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်အဖြစ်တော့ မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။

Leave a Reply