ေတာင္ကုန္းေပၚက ပင္လယ္ကူးသေဘၤာႀကီး

Posted on

ပင္လယ္ကူး သေဘၤာဟာ ပင္လယ္ထဲမွာ ရွိရမွာျဖစ္ေပမယ့္ ထူးထူးျခားျခား ပင္လယ္ကူးသေဘၤာႀကီးတစ္စီးကေတာ့ ေတာင္ကုိရီးယားႏုိင္ငံ Jeongdongjin ၿမဳိ႕က ေတာင္ကုန္းတစ္ခုေပၚမွာ ရွိေနပါတယ္။ ဒီသေဘၤာႀကီးကုိ ကမာၻ႔ပထမဆုံး ကုန္းေပၚမွာရွိတဲ့ သေဘၤာအျဖစ္ လူသိမ်ားပါတယ္။

တကယ့္သေဘၤာမဟုတ္ပဲ သေဘၤာနဲ႔ လုံး၀တူေတာင္ တည္ေဆာက္ထားတဲ့ အပန္းေျဖဟုိတယ္ပဲျဖစ္ပါတယ္။ သေဘၤာပုံစံဟုိတယ္ေတြထဲမွာေတာ့ အေစာဆုံးျဖစ္ၿပီး ၂၀၀၂ခုႏွစ္တည္းက ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕အမည္ကေတာ့ Sun Cruise Resort & Yacht ျဖစ္ပါတယ္။

ဒီသေဘၤာဟိုတယ္ဟာ အျမင့္ ၁၆၅မီတာ ၊ အနံ ၄၅မီတာ နဲ႔ အေလးခ်ိန္ တန္ ၃၀၀၀၀ ခန္႔ ရွိပါတယ္။ အခန္းေပါင္း ၂၁၁ခန္းရွိၿပီး ဒီအခန္းထဲမွာ ဟုိတယ္စတုိင္ေရာ ၊ ကြန္ဒုိမီနီယံ စတုိင္ အခန္းေတြပါ၀င္ပါတယ္။

အေနာက္တုိင္းနဲ႔ ကုိရီးယားစားေသာက္ဆုိင္ ၊ ေကာင္းကင္ဧည့္ခန္း ၊ ႏုိက္ကလပ္ ၊ ကာရာအုိေကခန္းမ ၊ ေဘာလီေဘာကြင္း ၊ ပုိက္ကြန္မ်ားကာရံထားတဲ့ ေဂါက္ကြင္း ၊ ေရကူးကန္ စတာေတြအျပင္ အစည္းအေ၀းခန္း နဲ႔ အႏုပညာခန္းမမ်ားကုိလည္း ထည့္သြင္းတည္ေဆာက္ထားပါတယ္။ ဒီသေဘၤာဟုိတယ္ေပၚကုိ ေရာက္ရွိသူတုိင္းဟာ တကယ့္ပင္လယ္ထဲမွာ သေဘၤာစီးရတဲ့အတုိင္း ခံစားရမွာပါ။ ေလေအးေပးစနစ္ နဲ႔ လႈိင္းပုတ္သံစပီကာေတြကုိ တပ္ဆင္ထားလုိ႔ျဖစ္ပါတယ္။

ပန္းၿခံအတြင္း၌လက္ေခ်ာင္းႀကီးႏွစ္ခုကိုအျခားပန္းပုရုပ္မ်ားႏွင့္အတူထုလုပ္ျပသထားရာကတိ သစၥာ လက္ ေခ်ာင္းမ်ားလုိ႔နာမည္ႀကီးပါတယ္။ ဒါ့အျပင္ သေဘၤာႀကီးကေန ဖန္သားၾကမ္းခင္းတစ္ခုကို ပင္လယ္ျပင္ဘက္သုိ႔ဆန္႔ထုတ္ေပးထားတာေၾကာင့္ ဒီေနရာကေန ပင္လယ္ျပင္ရဲ႕အလွကုိ လြတ္လြတ္လပ္လပ္ခံစားႏုိင္ပါတယ္။

ဟုိတယ္ေဆာက္ထားတဲ့ ေတာင္ကုန္းဟာ ပင္လယ္ကမ္းေျခနဲ႔ ကပ္ရက္မွာရွိေနတာေၾကာင့္ ပင္လယ္ျပင္ႀကီးတစ္ခုလုံးရဲ႕ျမင္ကြင္းကို ဒီေနရာက ေတြ႔ျမင္ႏုိင္ပါတယ္။ ဂ်ပန္ပင္လယ္လုိ႔ေခၚတဲ့ ဒီပင္လယ္ရဲ႕ ေနထြက္ ေန၀င္ခ်ိန္မ်ားကို ဒီသေဘၤာဟုိတယ္ေပၚက ၾကည့္ရႈ႕ေလ့ရွိၾကပါတယ္။ ျမင္ေနက်ပုံစံမဟုတ္ပဲ ဒီဇုိင္းဆန္းနဲ႔ တည္ေဆာက္ထားတာေၾကာင့္ ဒီေနရာဟာ ကမာၻလွည့္ခရီးသြားေတြကို အဆြဲေဆာင္ႏုိင္ဆုံး  ေတာင္ကုိရီးယားႏုိင္ငံရဲ႕ေနရာတစ္ခုလည္းျဖစ္ပါတယ္။

ဒီသေဘၤာဟုိတယ္ရဲ႕ တစ္ညတာ တည္းခုိစရိတ္အျဖစ္ ေဒၚလာ ၆၀ ၀န္းက်င္ကစလုိ႔ ေစ်းႏႈန္းအမ်ဳိးမ်ဳိး က်သင့္မွာပဲျဖစ္ပါတယ္။

VIDEO

—————-

တောင်ကုန်းပေါ်က ပင်လယ်ကူးသင်္ဘောကြီး (unicode)

ပင်လယ်ကူး သင်္ဘောဟာ ပင်လယ်ထဲမှာ ရှိရမှာဖြစ်ပေမယ့် ထူးထူးခြားခြား ပယ်လယ်ကူးသင်္ဘောကြီးတစ်စီးကတော့ တောင်ကိုရီးယားနိုင်ငံ Jeongdongjin မြို့က တောင်ကုန်းတစ်ခုပေါ်မှာ ရှိနေပါတယ်။ ဒီသင်္ဘောကြီးကို ကမ္ဘာ့ပထမဆုံး ကုန်းပေါ်မှာရှိတဲ့ သင်္ဘောအဖြစ် လူသိများပါတယ်။

တကယ့်သင်္ဘောမဟုတ်ပဲ သင်္ဘောနဲ့ လုံးဝတူတောင် တည်ဆောက်ထားတဲ့ အပန်းဖြေဟိုတယ်ပဲဖြစ်ပါတယ်။ သင်္ဘောပုံစံဟိုတယ်တွေထဲမှာတော့ အစောဆုံးဖြစ်ပြီး ၂၀၀၂ခုနှစ်တည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အမည်ကတော့ Sun Cruise Resort & Yacht ဖြစ်ပါတယ်။ ဒီသင်္ဘောဟိုတယ်ဟာ အမြင့် ၁၆၅မီတာ ၊ အနံ ၄၅မီတာ နဲ့ အလေးချိန် တန် ၃၀၀၀၀ ခန့် ရှိပါတယ်။ အခန်းပေါင်း ၂၁၁ခန်းရှိပြီး ဒီအခန်းထဲမှာ ဟိုတယ်စတိုင်ရော ၊ ကွန်ဒိုမီနီယံ စတိုင် အခန်းတွေပါဝင်ပါတယ်။

အနောက်တိုင်းနဲ့ ကိုရီးယားစားသောက်ဆိုင် ၊ ကောင်းကင်ဧည့်ခန်း ၊ နိုက်ကလပ် ၊ ကာရာအိုကေခန်းမ ၊ ဘောလီဘောကွင်း ၊ ပိုက်ကွန်များကာရံထားတဲ့ ဂေါက်ကွင်း ၊ ရေကူးကန် စတာတွေအပြင် အစည်းအဝေးခန်း နဲ့ အနုပညာခန်းမများကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။ ဒီသင်္ဘောဟိုတယ်ပေါ်ကို ရောက်ရှိသူတိုင်းဟာ တကယ့်ပင်လယ်ထဲမှာ သင်္ဘောစီးရတဲ့အတိုင်း ခံစားရမှာပါ။ လေအေးပေးစနစ် နဲ့ လှိုင်းပုတ်သံစပီကာတွေကို တပ်ဆင်ထားလို့ဖြစ်ပါတယ်။

ပန်းခြံအတွင်း၌လက်ချောင်းကြီးနှစ်ခုကိုအခြားပန်းပုရုပ်များနှင့်အတူထုလုပ်ပြသထားရာကတိ သစ္စာ လက် ချောင်းများလို့နာမည်ကြီးပါတယ်။ ဒါ့အပြင် သင်္ဘောကြီးကနေ ဖန်သားကြမ်းခင်းတစ်ခုကို ပင်လယ်ပြင်ဘက်သို့ဆန့်ထုတ်ပေးထားတာကြောင့် ဒီနေရာကနေ ပင်လယ်ပြင်ရဲ့အလှကို လွတ်လွတ်လပ်လပ်ခံစားနိုင်ပါတယ်။

ဟိုတယ်ဆောက်ထားတဲ့ တောင်ကုန်းဟာ ပင်လယ်ကမ်းခြေနဲ့ ကပ်ရက်မှာရှိနေတာကြောင့် ပင်လယ်ပြင်ကြီးတစ်ခုလုံးရဲ့မြင်ကွင်းကို ဒီနေရာက တွေ့မြင်နိုင်ပါတယ်။ ဂျပန်ပင်လယ်လို့ခေါ်တဲ့ ဒီပင်လယ်ရဲ့ နေထွက် နေဝင်ချိန်များကို ဒီသင်္ဘောဟိုတယ်ပေါ်က ကြည့်ရှု့လေ့ရှိကြပါတယ်။ မြင်နေကျပုံစံမဟုတ်ပဲ ဒီဇိုင်းဆန်းနဲ့ တည်ဆောက်ထားတာကြောင့် ဒီနေရာဟာ ကမ္ဘာလှည့်ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး  တောင်ကိုရီးယားနိုင်ငံရဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဒီသင်္ဘောဟိုတယ်ရဲ့ တစ်ညတာ တည်းခိုစရိတ်အဖြစ် ဒေါ်လာ ၆၀ ဝန်းကျင်ကစလို့ ဈေးနှုန်းအမျိုးမျိုး ကျသင့်မှာပဲဖြစ်ပါတယ်။

 

Leave a Reply