မဲေခါင္ျမစ္ အေၾကာင္း သိေကာင္းစရာ

Posted on

မဲေခါင္ျမစ္သည္ အာရွတိုက္တြင္ စီးဆင္းေသာ ျမစ္ႀကီး တစ္သြယ္ ျဖစ္သည္။ မိုင္ေပါင္း ၂၇၀၃မုိင္ ရွိ၍အေရွ႕ေတာင္အာရွတြင္ အရွည္ဆုံးျမစ္ျဖစ္သည့္ မဲေခါင္ျမစ္သည္ တိဗက္ကုန္းျပင္ျမင့္တြင္ ျမစ္ဖ်ားခံသည္။ သံလြင္ျမစ္၏ ျမစ္ဖ်ား ခံရာေနရာႏွင့္ မ်ားစြာ မေဝးလွေပ။ အဦးအစ စီးဆင္းသည္မွစ၍ အထက္ပိုင္းတြင္ အေနာက္ဘက္ရွိ သံလြင္ျမစ္ႏွင့္ လည္းေကာင္း၊ အေရွ႕ဖက္ရွိ ယန္စီျမစ္တို႔ႏွင့္ လည္းေကာင္း မ်ဥ္းၿပိဳင္ဆိုသလို စီးဆင္းသည္။

အေရွ႕ေတာင္အာရွေဒသ၏ ဗဟိုခ်က္မကို ျဖတ္၍ ႏိုင္ငံ ၅-ခုကို ျဖတ္သန္းစီးဆင္းလာပါသည္။ မိုင္ေပါင္း ၁၂ဝဝ မၽွ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ တြင္း စီးဆင္းၿပီးေနာက္ ျမန္မာႏိုင္ငံျဖစ္ေသာ ရွမ္းျပည္ က်ိဳင္းတုံနယ္စပ္တစ္ေလၽွာက္ ဝိုက္သန္းစီးဆင္း၍ တစ္စိတ္ တစ္ေဒသအားျဖင့္ လာအိုႏိုင္ငံႏွင့္ နယ္နိမိတ္ ပိုင္းျခား သတ္မွတ္လိုက္သည္။

ဤေဒသတြင္ “ေ႐ႊႀတိဂံေဒသ” လည္း အပါအဝင္ျဖစ္ၿပီး ျမန္မာ-ထိုင္း- လာအို ၃-ႏိုင္ငံ ေပါင္းဆုံရာ ေဒသ ျဖစ္ပါသည္။ ေ႐ႊႀတိဂံေဒသမွာ မူးယစ္ေဆးဝါးထုတ္လုပ္မႈႏွင့္ပတ္သတ္၍ လူသိမ်ားလွသည့္ ေဒသလည္း ျဖစ္သည္။

ထိုေနာက္ လာအိုႏိုင္ငံတြင္းသို႔ ျဖတ္သန္းစီးဝင္ၿပီးလၽွင္ ထိုင္းႏိုင္ငံ၏ အေရွ႕ဖက္ နယ္စပ္ တစ္ေလၽွာက္ ပတ္သန္းစီးဆင္း၏။ ထိုမွတစ္ဖန္ ကေမာၻဒီးယားႏိုင္ငံ ကို ျဖတ္သန္းစီးဆင္းၿပီးေသာအခါ ဗီယက္နမ္ ႏိုင္ငံတြင္းသို႔ စီးဝင္ၿပီးလၽွင္ ဆိုင္ဂုံၿမိဳ႕အနီးသို႔ ေရာက္လၽွင္ ျမစ္သည္ ၃ ေၾကာင္းကြဲကာ ေတာင္ တ႐ုတ္ပင္လယ္တြင္းသို႔ စီးဝင္သည္။

ထိုေၾကာင့္ မဲေခါင္ျမစ္သည္ တိဗက္ကုန္းျပင္ျမင့္မွ စတင္စီးဆင္းၿပီးလၽွင္ ႏိုင္ငံေပါင္းမ်ားစြာကို ျဖတ္သန္းစီးဆင္းသည္ျဖစ္၍လည္း အရပ္ေဒသကိုလိုက္၍ အမည္အမ်ိဳးမ်ိဳးတြင္သည္။ မဲေခါင္ျမစ္သည္ တိဗက္ျပည္ ဒဇနတ္လြန္မြန္ေတာင္ေျခမွ စတင္စီးဆင္းသည္ဟု ယူဆရသည္။ ထိုေဒသကား ပင္လယ္ျပင္ အထက္ အျမင့္ေပ ၁၆၇ဝဝ ခန္႔တြင္တည္ရွိသည္။ တိဗက္ျပည္တြင္ ဒဇခ်ဴ(Za Qu)ဟုတြင္သည္။ ျမစ္ဖ်ားခံရာမွ အေရွ႕ေတာင္ဘက္ ခ်ီယမ္ဒိုသို႔ စီးဆင္းသည္။ ထိုေဒသကား ပင္လယ္ျပင္အထက္ အျမင့္ေပ ၁ဝဝဝဝ ခန္႔တြင္ တည္ရွိသည္။

ဆက္လက္၍ ေတာင္ဘက္သို႔မထင္ရွားေသာ ေတာႀကိဳ ေတာင္ ၾကား တစ္ေလၽွာက္စီးဆင္းသည္။ လတၱီက်ဴ႕ ၂၉ ဒီဂရီ ရွိ ဒါယူမွ လြန္ေသာအခါ လန္ဆန္က်န္(Lancang Jiang)ဟူ၍ တ႐ုတ္အမည္ျဖင့္ တြင္သည္။ မိုင္ေပါင္း ၃ဝဝ မၽွ မထင္မရွား ျမင့္မားေသာ ေတာင္ေစာင္း ေက်ာက္ကမ္းပါးမ်ား အၾကားတြင္ အဟုန္ျပင္းစြာ စီးဆင္းသည္။ တ႐ုတ္ႏိုင္ငံမွ လြန္ေသာအခါ ျမစ္သည္ ကိုက္ ၃ဝဝ၊ ၄ဝဝ ခန္႔ က်ယ္လာသည္။

လာအုိ ႏွင့္ ထုိင္းတုိ႔ကမူ မဲနမ္ေခါင္(Mae Nam Khong) ၊ ကေမာၻဒီးယားကမူ မဲေခါင္(Mekong) ႏွင့္ ဗီယက္နမ္ကမူ ဆုမ္မဲေခါင္(Song Me Kong) ဟု အသီးသီးေခၚေ၀ၚၾကသည္။

ေရွးအခါက ဗန္းေမာ္မွတာလီဖူးသို႔ သြားေသာလွည္းဝန္တင္ လမ္းသည္ မဲေခါင္ျမစ္ကို ႀကိဳးတံတားျဖင့္ ျဖတ္ေက်ာ္ရသည္။ မဲေခါင္ျမစ္သည္ ယင္းျဖတ္သြားရေသာ ေတာင္ထုႀကီး မ်ားအလိုက္၊ လမ္းေၾကာင္းေျပာင္း၍ စီးဆင္းသည္။ ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္ႏွင့္ လာအိုႏိုင္ငံတို႔ကို ပိုင္းျခားေသာ နယ္နိမိတ္ သဖြယ္လည္း ျဖစ္၏။

မဲေခါင္ျမစ္သည္ ေျမျပန္႔ႏွင့္ ျမစ္ဝကၽြန္းေပၚ ေဒသမ်ားတြင္ ေရႀကီးတတ္သည္။ ကေမၺာဒီးယားႏိုင္ငံႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔ သည္ မဲေခါင္ျမစ္ေၾကာင့္ ေျမဩဇာေကာင္းမြန္ၾကသည္။ လူသန္းေပါင္း ၆ဝ ခန္႔သည္ မဲေခါင္ျမစ္ႏွင့္ ၎၏ ျမစ္လက္တက္မ်ားကိုမွီ၍ အစားအေသာက္၊ ေရႏွင့္ သယ္ယူပို႔ေဆာင္ေရးကိစၥမ်ားအတြက္ ျမစ္ကို အသုံးျပဳေနၾကရပါသည္။

ထို႔အျပင္ ျမစ္ကိုမွီ၍ ေန႔စဥ္ သက္ေမြးဝမ္းေၾကာင္းကိစၥအမ်ားကို ေဆာင္႐ြက္ေနၾကရၿပီး၊ ယဥ္ေက်းမႈပိုင္းဆိုင္ရာအရလည္း အထူးအေရးပါသည့္ ျမစ္ျဖစ္ပါသည္။ ထို႔အျပင္ မဲေခါင္ျမစ္သည္ ကမၻာေပၚတြင္ မ်ိဳးစိတ္အကြဲျပားဆုံး ငါးမ်ားရရွိေစၿပီး တံငါလုပ္ငန္းကိုလည္း အေထာက္အကူျပဳပါသည္။ ဘရာဇီးႏိုင္ငံရွိ အေမဇုံျမစ္ၿပီးလၽွင္ မဲေခါင္ျမစ္သည္ ငါးမ်ိဳးစိတ္ အစုံလင္ဆုံးေသာ ျမစ္တစင္း ျဖစ္ပါသည္။

မဲေခါင္ျမစ္ ျဖတ္သန္းစီးဆင္းရာ ျမန္မာႏိုင္ငံ၏ ေတာင္တန္းမ်ားေပၚ၌ ဌာေနတိုင္းရင္းသား ၂၂,၀၀ဝ ခန္႔ မွီတင္းေနထိုင္လၽွက္ ရွိပါသည္။ ဤေနရာမ်ားမွာ ေဝးလံေခါင္သီလွၿပီး အခါ၊ ရွမ္း၊ လားဟူ၊ လြယ္လ (ဆမ္ေတာင္)၊ တ႐ုတ္ႏွင့္ အင္းတိုင္းရင္းသားမ်ား ေနထိုင္လၽွက္ ရွိသည္။

မဲေခါင္ျမစ္သည္ တ႐ုတ္လူမ်ိဳးမ်ားကဲ့သို႔ပင္၊ လားဟူလူမ်ိဳးမ်ားအတြက္လည္း အထူးအေရးပါလွပါသည္။ သူတို႔က မဲေခါင္ ျမစ္ကို လန္ကန္း (Lancang) ဟု ေခၚၾကပါသည္။ ေရွး႐ိုးရာပုံျပင္မ်ားအရ ေရွးဦးလားဟူလူမ်ိဳးမ်ားသည္ ဤျမစ္ဖ်ားခံရာ ေဒသမွ ဆင္းသက္လာၾကသည္ဟု ဆိုၾကၿပီး၊ ႐ိုးရာ သီခ်င္းမ်ား၊ ပုံျပင္မ်ားက ဤျမစ္ကို ကိုးကား၍ ေဖာ္ျပေျပာဆိုေလ့ ရွိ ၾကပါသည္။

မဲေခါင္ျမစ္ တစ္ေလၽွာက္တြင္ ေလွသေဘၤာမ်ား သြားလာႏိုင္ေအာင္ ျပင္သစ္တို႔ကမ်ားစြာ ႀကိဳးပမ္းျပဳျပင္ခဲ့သည္။ ယခုအခါတြင္လည္း အေမရိကန္ႏွင့္ အာရွတိုင္းရင္းသားတို႔သည္ မဲေခါင္ျမစ္အေၾကာင္းကို ပိုမိုသိရွိႏိုင္ရန္ ေလ့လာစုံးစမ္းလ်က္ရွိ၍၊ တိုးတက္ေရး လမ္းစမ်ားကို ရွာေဖြေနၾကေပၿပီ။ မဲေခါင္ျမစ္ေပၚတြင္ တည္ရွိေသာ ၿမိဳ႕မ်ားအနက္ ထင္ရွားသည္တို႔ကား လာအိုႏိုင္ငံၿမိဳ႕ေတာ္ ဗီယင္က်န္းၿမိဳ႕ႏွင့္ ကေမာၻဒီးယားႏိုင္ငံ၏ၿမိဳ႕ေတာ္ ဖႏြမ္းပင္ၿမိဳ႕တို႔ ျဖစ္ၾက ၏။

ကိုးကား
2009 ျမန္မာႏိုင္ငံ ျမစ္ေခ်ာင္းမ်ားဆိုင္ရာ ကြန္ယက္ (BRN)
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၉)
Myanmar Wiki

——————

မဲခေါင်မြစ် အကြောင်း သိကောင်းစရာ (unicode)

မဲခေါင်မြစ်သည် အာရှတိုက်တွင် စီးဆင်းသော မြစ်ကြီး တစ်သွယ် ဖြစ်သည်။ မိုင်ပေါင်း ၂၇၀၃မိုင် ရှိ၍အရှေ့တောင်အာရှတွင် အရှည်ဆုံးမြစ်ဖြစ်သည့် မဲခေါင်မြစ်သည် တိဗက်ကုန်းပြင်မြင့်တွင် မြစ်ဖျားခံသည်။ သံလွင်မြစ်၏ မြစ်ဖျား ခံရာနေရာနှင့် များစွာ မဝေးလှပေ။ အဦးအစ စီးဆင်းသည်မှစ၍ အထက်ပိုင်းတွင် အနောက်ဘက်ရှိ သံလွင်မြစ်နှင့် လည်းကောင်း၊ အရှေ့ဖက်ရှိ ယန်စီမြစ်တို့နှင့် လည်းကောင်း မျဉ်းပြိုင်ဆိုသလို စီးဆင်းသည်။

အရှေ့တောင်အာရှဒေသ၏ ဗဟိုချက်မကို ဖြတ်၍ နိုင်ငံ ၅-ခုကို ဖြတ်သန်းစီးဆင်းလာပါသည်။ မိုင်ပေါင်း ၁၂ဝဝ မျှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တွင်း စီးဆင်းပြီးနောက် မြန်မာနိုင်ငံဖြစ်သော ရှမ်းပြည် ကျိုင်းတုံနယ်စပ်တစ်လျှောက် ဝိုက်သန်းစီးဆင်း၍ တစ်စိတ် တစ်ဒေသအားဖြင့် လာအိုနိုင်ငံနှင့် နယ်နိမိတ် ပိုင်းခြား သတ်မှတ်လိုက်သည်။ ဤဒေသတွင် “ရွှေတြိဂံဒေသ” လည်း အပါအဝင်ဖြစ်ပြီး မြန်မာ-ထိုင်း- လာအို ၃-နိုင်ငံ ပေါင်းဆုံရာ ဒေသ ဖြစ်ပါသည်။ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုကြောင့် လူသိများလှသည့် ဒေသလည်း ဖြစ်သည်။

ထိုနောက် လာအိုနိုင်ငံတွင်းသို့ ဖြတ်သန်းစီးဝင်ပြီးလျှင် ထိုင်းနိုင်ငံ၏ အရှေ့ဖက် နယ်စပ် တစ်လျှောက် ပတ်သန်းစီးဆင်း၏။ ထိုမှတစ်ဖန် ကမ္ဘောဒီးယားနိုင်ငံ ကို ဖြတ်သန်းစီးဆင်းပြီးသောအခါ ဗီယက်နမ် နိုင်ငံတွင်းသို့ စီးဝင်ပြီးလျှင် ဆိုင်ဂုံမြို့အနီးသို့ ရောက်လျှင် မြစ်သည် ၃ ကြောင်းကွဲကာ တောင် တရုတ်ပင်လယ်တွင်းသို့ စီးဝင်သည်။

ထိုကြောင့် မဲခေါင်မြစ်သည် တိဗက်ကုန်းပြင်မြင့်မှ စတင်စီးဆင်းပြီးလျှင် နိုင်ငံပေါင်းများစွာကို ဖြတ်သန်းစီးဆင်းသည်ဖြစ်၍လည်း အရပ်ဒေသကိုလိုက်၍ အမည်အမျိုးမျိုးတွင်သည်။ မဲခေါင်မြစ်သည် တိဗက်ပြည် ဒဇနတ်လွန်မွန်တောင်ခြေမှ စတင်စီးဆင်းသည်ဟု ယူဆရသည်။ ထိုဒေသကား ပင်လယ်ပြင် အထက် အမြင့်ပေ ၁၆၇ဝဝ ခန့်တွင်တည်ရှိသည်။ တိဗက်ပြည်တွင် ဒဇချူ(Za Qu)ဟုတွင်သည်။ မြစ်ဖျားခံရာမှ အရှေ့တောင်ဘက် ချီယမ်ဒိုသို့ စီးဆင်းသည်။ ထိုဒေသကား ပင်လယ်ပြင်အထက် အမြင့်ပေ ၁ဝဝဝဝ ခန့်တွင် တည်ရှိသည်။

ဆက်လက်၍ တောင်ဘက်သို့မထင်ရှားသော တောကြို တောင် ကြား တစ်လျှောက်စီးဆင်းသည်။ လတ္တီကျူ့ ၂၉ ဒီဂရီ ရှိ ဒါယူမှ လွန်သောအခါ လန်ဆန်ကျန်(Lancang Jiang)ဟူ၍ တရုတ်အမည်ဖြင့် တွင်သည်။ မိုင်ပေါင်း ၃ဝဝ မျှ မထင်မရှား မြင့်မားသော တောင်စောင်း ကျောက်ကမ်းပါးများ အကြားတွင် အဟုန်ပြင်းစွာ စီးဆင်းသည်။ တရုတ်နိုင်ငံမှ လွန်သောအခါ မြစ်သည် ကိုက် ၃ဝဝ၊ ၄ဝဝ ခန့် ကျယ်လာသည်။

လာအို နှင့် ထိုင်းတို့ကမူ မဲနမ်ခေါင်(Mae Nam Khong) ၊ ကမ္ဘောဒီးယားကမူ မဲခေါင်(Mekong) နှင့် ဗီယက်နမ်ကမူ ဆုမ်မဲခေါင်(Song Me Kong) ဟု အသီးသီးခေါ်ဝေါ်ကြသည်။

ရှေးအခါက ဗန်းမော်မှတာလီဖူးသို့ သွားသောလှည်းဝန်တင် လမ်းသည် မဲခေါင်မြစ်ကို ကြိုးတံတားဖြင့် ဖြတ်ကျော်ရသည်။ မဲခေါင်မြစ်သည် ယင်းဖြတ်သွားရသော တောင်ထုကြီး များအလိုက်၊ လမ်းကြောင်းပြောင်း၍ စီးဆင်းသည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံတို့ကို ပိုင်းခြားသော နယ်နိမိတ် သဖွယ်လည်း ဖြစ်၏။

မဲခေါင်မြစ်သည် မြေပြန့်နှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် ရေကြီးတတ်သည်။ ကမ္ဗောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ သည် မဲခေါင်မြစ်ကြောင့် မြေဩဇာကောင်းမွန်ကြသည်။ လူသန်းပေါင်း ၆ဝ ခန့်သည် မဲခေါင်မြစ်နှင့် ၎င်း၏ မြစ်လက်တက်များကိုမှီ၍ အစားအသောက်၊ ရေနှင့် သယ်ယူပို့ဆောင်ရေးကိစ္စများအတွက် မြစ်ကို အသုံးပြုနေကြရပါသည်။

ထို့အပြင် မြစ်ကိုမှီ၍ နေ့စဉ် သက်မွေးဝမ်းကြောင်းကိစ္စအများကို ဆောင်ရွက်နေကြရပြီး၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာအရလည်း အထူးအရေးပါသည့် မြစ်ဖြစ်ပါသည်။ ထို့အပြင် မဲခေါင်မြစ်သည် ကမ္ဘာပေါ်တွင် မျိုးစိတ်အကွဲပြားဆုံး ငါးများရရှိစေပြီး တံငါလုပ်ငန်းကိုလည်း အထောက်အကူပြုပါသည်။ ဘရာဇီးနိုင်ငံရှိ အမေဇုံမြစ်ပြီးလျှင် မဲခေါင်မြစ်သည် ငါးမျိုးစိတ် အစုံလင်ဆုံးသော မြစ်တစင်း ဖြစ်ပါသည်။

မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာနိုင်ငံ၏ တောင်တန်းများပေါ်၌ ဌာနေတိုင်းရင်းသား ၂၂,၀ဝဝ ခန့် မှီတင်းနေထိုင်လျှက် ရှိပါသည်။ ဤနေရာများမှာ ဝေးလံခေါင်သီလှပြီး အခါ၊ ရှမ်း၊ လားဟူ၊ လွယ်လ (ဆမ်တောင်)၊ တရုတ်နှင့် အင်းတိုင်းရင်းသားများ နေထိုင်လျှက် ရှိသည်။

မဲခေါင်မြစ်သည် တရုတ်လူမျိုးများကဲ့သို့ပင်၊ လားဟူလူမျိုးများအတွက်လည်း အထူးအရေးပါလှပါသည်။ သူတို့က မဲခေါင် မြစ်ကို လန်ကန်း (Lancang) ဟု ခေါ်ကြပါသည်။ ရှေးရိုးရာပုံပြင်များအရ ရှေးဦးလားဟူလူမျိုးများသည် ဤမြစ်ဖျားခံရာ ဒေသမှ ဆင်းသက်လာကြသည်ဟု ဆိုကြပြီး၊ ရိုးရာ သီချင်းများ၊ ပုံပြင်များက ဤမြစ်ကို ကိုးကား၍ ဖော်ပြပြောဆိုလေ့ ရှိ ကြပါသည်။

မဲခေါင်မြစ် တစ်လျှောက်တွင် လှေသင်္ဘောများ သွားလာနိုင်အောင် ပြင်သစ်တို့ကများစွာ ကြိုးပမ်းပြုပြင်ခဲ့သည်။ ယခုအခါတွင်လည်း အမေရိကန်နှင့် အာရှတိုင်းရင်းသားတို့သည် မဲခေါင်မြစ်အကြောင်းကို ပိုမိုသိရှိနိုင်ရန် လေ့လာစုံးစမ်းလျက်ရှိ၍၊ တိုးတက်ရေး လမ်းစများကို ရှာဖွေနေကြပေပြီ။ မဲခေါင်မြစ်ပေါ်တွင် တည်ရှိသော မြို့များအနက် ထင်ရှားသည်တို့ကား လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းမြို့နှင့် ကမ္ဘောဒီးယားနိုင်ငံ၏မြို့တော် ဖနွမ်းပင်မြို့တို့ ဖြစ်ကြ ၏။

ကိုးကား
2009 မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက် (BRN)
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
Myanmar Wiki

Leave a Reply