အခ်ိန္ဆြဲတတ္တဲ့ အက်င့္ကို ကုစားၾကမလား

Posted on

ေရးသားသူ – TMK(သမန္းက်ား)

လူၾကီးနဲ ့လူငယ္အၾကား ျပႆနာခဏခဏျဖစ္ေစတဲ့အေၾကာင္းရင္းေတြထဲမွာ လူငယ္ေတြအခ်ိန္ဆြဲတာ လည္း တစ္ခုအပါအ၀င္ျဖစ္ပါတယ္။ တကယ္ေတာ့ လူငယ္ေတြပဲ အခ်ိန္ဆြဲၾကတာမဟုတ္ပါဘူး။ လူၾကီး ေတြလည္း ပါတာပါပဲ။ သို ့ေသာ္ လူၾကီးေတြက သူတို ့အခ်ိန္ဆြဲရတဲ့အေၾကာင္းရင္းကို လိမၼာပါးနပ္စြာ ေျပာျပတတ္ၾကေလေတာ့ အျပစ္ဆိုရခက္ေနတတ္ပါတယ္။

ဒီေတာ့ လူငယ္ျဖစ္ေစ၊ လူၾကီးျဖစ္ေစ၊ အခ်ိန္ဆြဲၾကတာက ဆဲြၾကတာပါပဲ။ တကယ္လုပ္စရာရွိတာကို ခ်က္ျခင္းထမလုပ္ေသးဘဲ Facebook အ၀ ၾကည့္ရင္ၾကည့္မယ္ေပါ့။ ဒါမွမဟုတ္ ေဆာ့လက္စဂိမ္းကို ျပီးေအာင္ေဆာ့မယ္။ ဒါမွမဟုတ္ ဘာမွမစားရေသးဘူးဆိုတဲ့ ျငင္းရင္ရိုင္းရာက်တဲ့ အေၾကာင္းျပခ်က္ ေပးမယ္၊ အစရွိသည္ျဖင့္ေပါ့။ ဒီအခ်ိန္ဆြဲတတ္တဲ့အက်င့္ဆိုးကို ေဖ်ာက္ဖို ့ဘယ္လိုလုပ္ရင္ေကာင္းမလဲ။

ပထမဆံုး ကိုယ္လတ္တေလာလုပ္လိုက္တာေလးက အနာဂါတ္မွာ ဘယ္လိုအက်ိဳးသက္ေရာက္မွာလဲ ဆိုတာကို ဆင္ျခင္သံုးသပ္ဖို ့ျဖစ္ပါတယ္။ အခုအခ်ိန္ဆြဲလိုက္တဲ့အတြက္ ခဏေနက်ရင္ ဘယ္လိုအဆင္ မေျပမႈေတြျဖစ္လာမလဲ။ အလုပ္ေတြအားလံုး စနစ္တက်နဲ ့အခ်ိန္မီျပီးနုိင္ေအာင္ တက္ညီလက္ညီ လုပ္ေနၾကတဲ့ အစုအဖြဲ ့ထဲမွာ ကိုယ္တစ္ေယာက္အခ်ိန္ဆြဲလိုက္တဲ့အတြက္ အစီအစဥ္ေတြ ကေမာက္ ကမ ျဖစ္ကုန္တာ ၾကံဳဖူးၾကမွာပါ။

အလုပ္တစ္ခုကို အခုလုပ္ရင္ရသားနဲ ့ အခ်ိန္ဆြဲေနတဲ့အတြက္ ခဏေန သူမ်ားေတြျပန္ခ်ိန္မွာ ကိုယ္ကျပန္လို ့မရ၊ အမ်ားေတြလိုကိုယ္ကလည္းျပန္ခ်င္ နဲ ့ ကိုယ့္ပတ္၀န္းက်င္မွာ ဂုဏ္သိကၡာညိဳးႏြမ္းတဲ့ သိုးမည္း ျဖစ္မွန္းမသိ ျဖစ္ေနရတာ အခ်ိန္ဆြဲတတ္တဲ့ အက်င့္ေၾကာင့္ပါ။ ဒီေတာ့ ကိုယ္အခုအခ်ိန္ဆြဲလိုက္တဲ့အတြက္ ခဏေနဘယ္လိုဆိုးက်ိဳးေတြသက္ေရာက္လာမွာလဲဆိုတာကို နာရီ၊ ရက္၊ လ၊ နွစ္ အဆင့္ဆင့္ လွမ္းေမွ်ာ္ၾကည့္ရွဳဆင္ျခင္သံုးသပ္သင့္ပါတယ္။

ဒုတိယအေနနဲ ့ ကိုယ္ဘာလို ့အခ်ိန္ဆြဲတာလဲ ဆိုတာ ကိုယ္ကိုယ္တိုင္သိဖို ့လိုပါတယ္။ ပ်င္းလို ့လား။ မလုပ္ခ်င္လို ့လား။ မကၽြမ္းက်င္လို ့လား။ တစ္စံုတစ္ေယာက္က မေလ်ာ္ၾသဇာ သံုးထားလို ့လား။ ျဖစ္လာမယ့္ အက်ိဳးဆက္ကို ရင္မဆိုင္ရဲလို ့လား။ အစရွိသျဖင့္ ကိုယ္ဘာလို ့အခ်ိန္ဆြဲေနတာလည္း ဆိုတာကို ကိုယ္ကိုယ္တိုင္ ရွင္းရွင္းလင္းလင္းသိဖို ့ လိုအပ္ပါတယ္။

အမ်ားဆံုးျမင္ရတတ္တဲ့ အခ်ိန္ဆြဲရ တဲ့ အေၾကာင္းရင္းကေတာ့ တစ္ဖက္လူကို အေလးမထားလို ့ပါ။ သူ ့ကိုအေလးမထားလို ့ ကိုယ္ကအခ်ိန္ ဆြဲတယ္ဆိုေပမယ့္ အဲဒီအခ်ိန္ဆြဲလိုက္တဲ့ဒဏ္ကို ကိုယ္ကလည္းခံရတယ္ဆိုတာ မေမ့ပါနဲ ့။ ဒါ့အျပင္ေပါ့ အခ်ိန္ဆြဲရတဲ့အေၾကာင္းရင္းေတြ အမ်ားၾကီး က်န္ေနပါဦးမယ္ေလ။

ဒီေတာ့ တတိယအဆင့္မွာ ကၽြန္ေတာ္တို ့ အခ်ိန္ဆြဲတတ္တဲ့အက်င့္ကိုေဖ်ာက္ဖို ့ ဘယ္လိုေလ့က်င့္ရ ဆိုတာ ေဆြးေႏြးပါမယ္။ ဥပမာေလးတစ္ခုနဲ ့စလိုက္ရေအာင္။ ညကိုအိပ္မေပ်ာ္ရင္ ဒီနည္းေလးစမ္းၾကည့္ ပါ။ အဲဒါကေတာ့ မနက္ထလာရင္ လုပ္ရမွာေတြကို တစ္ခုျပီးတစ္ခု တစ္ဆင့္ျပီးတစ္ဆင့္ ေတြးဖို ့ပါပဲ။ အဲဒါေတြထလုပ္ရမွာေၾကာက္လို ့လားမသိ၊ သင္ခဏေလးအတြင္း အိပ္ေပ်ာ္သြားပါလိမ့္မယ္။

ဒါဘာေလ့က်င့္ခန္းလဲဆိုေတာ့ ၾကံဳရမယ့္အနာဂါတ္ကို တစ္ဆင့္စီေတြးျပီး စိတ္ကိုျပင္တဲ့ေလ့က်င့္ခန္းပါ။ အလွ ျပင္ျပီးရင္ စိတ္ကိုျပင္ လို ့ ေရွးလူၾကီးေတြေျပာတာ ၾကားဖူးပါတယ္။ စိတ္ဓါတ္အလွကိုလည္း ျပင္ဖို ့လိုတယ္လို ့ ဆိုလိုဟန္တူပါတယ္။ ကၽြန္ေတာ္ကေတာ့ ေနာက္တစ္မ်ိဳး အဓိပၸါယ္ေကာက္ျပီး ေဆြးေႏြးၾကည့္ပါမယ္။

မိန္းကေလးတစ္ေယာက္ဟာ အလွေတာ့ ျပင္ျပီးျပီ၊ သို ့ေသာ္ သူ၀တ္စားထားတာ၊ လိမ္းခ်ယ္ထားတာေတြအေပၚ မိမိကိုယ္ကိုယ္ယံုၾကည္မႈ မရွိရင္ လူပံုအလယ္မွာ လွရဲမွာမဟုတ္ပါဘူး။ အလွျပင္လိုက္သလို စိတ္ကိုလည္းျပင္လိုက္ျပီဆိုမွ သူ ့ဆံပင္၊သူ ့၀တ္စံု၊သူ ့ဖိနပ္၊သူ ့မိတ္ကပ္နဲ ့ လိုက္ဖက္ညီတဲ့ ကိုယ္ေနဟန္ထားနဲ ့လွဳပ္ရွားမႈကို ထုတ္ေဖာ္နုိင္မွာပါ။ ပြင့္ပြင့္လင္းလင္း ျပံဳးနုိင္မွာပါ။

ကဲ။ အခ်ိန္ဆြဲတတ္တဲ့ကၽြန္ေတာ္တို ့လည္း စိတ္ကိုျပင္ရေအာင္။ ဘယ္လိုျပင္ရမလဲဆိုေတာ့ အနာဂါတ္ မွာ ကိုယ္ဘယ္လိုလူစားမ်ိဳးျဖစ္ခ်င္တယ္ဆိုတာကို ပံုေဖာ္ၾကည့္ဖို ့ပါ။ ကၽြန္ေတာ္ကေတာ့ ခ်စ္ဇနီးေလးနဲ ့ ေအးေအးလူလူထိုင္ေနတာ၊ အေနာက္ဘက္ပံုရိပ္မွာ ေျမးျမစ္ေတြေဆာ့ကစားေနတာ၊ ကၽြန္ေတာ့္ ပတ္၀န္းက်င္မွာ တန္ဖိုးၾကီးပရိေဘာဂေတြ၊အျပင္အဆင္ေတြရွိတာ၊ကၽြန္ေတာ့္ပံုစံဟာ မေၾကာင့္မက်၊ မေတာင့္မတေနရျပီး သက္ၾကီးဘ၀ကို ျပည့္စံုစြာျဖတ္သန္းေနတာ ဆိုတာကို ပံုေဖာ္ထားပါတယ္။

ဒါျဖစ္ရင္ ဒီအဆင့္ေရာက္ေအာင္ ကၽြန္ေတာ္ ဘာေတြကိုျဖတ္သန္းရမလဲ ဆိုတာကို တျဖည္းျဖည္း ေနာက္ျပန္ဆြဲယူျပီး စဥ္းစားပါတယ္။ သားနဲ ့ေခၽြးမ ေကာင္းဖို ့လိုမယ္။ ေငြစုေဆာင္းထားနုိင္ဖို ့လိုမယ္။ က်န္းမာေရးေကာင္းဖို ့လုိမယ္။ အဆင့္ေတြအမ်ားၾကီးထဲက ဥပမာေတြေပါ့။ ဒီေတာ့ အခု ကၽြန္ေတာ္ အရက္စိတ္ၾကိဳက္ေသာက္ေနလို ့ မျဖစ္ဘူးေလ။ ေငြကိုလည္းျဖဳန္းလို ့မျဖစ္သလို ဒီထက္ပိုရွာနိုင္မယ့္ နည္းလမ္းေတြကို ရွာၾကံရမယ္။

သားဘယ္ေရာက္ေနလဲ။ ဖုန္းဆက္ေခၚျပီး အျမန္ဆံုး ျပင္သင့္တာေတြ ကို ျပင္ရမယ္။ ျပီးေတာ့ ဒါေတြက ေကာက္ရိုးမီးလို ခဏေလးလုပ္လို ့ရတာမဟုတ္ဘူး။ အက်င့္ျဖစ္ ေအာင္ စြဲလုပ္ရဦးမယ္။ ဒီေတာ့ အခုေလာေလာဆယ္ ျဖတ္စရာရွိတာေတြ ျဖတ္လိုက္ဦးမွ။ ဟင္း။ ေဆာင္းပါးေရးဖို ့က်န္ေနတာ အခုပဲေရးလိုက္ေတာ့မယ္ ဆိုျပီး အခ်ိန္ဆြဲမိေနတာကို မိနစ္ပိုင္းအတြင္း ကုစားလိုက္နုိင္တာေပါ့။

ဒီေတာ့ အခ်ိန္ဆြဲတာကိုကုစားဖို ့ ကၽြန္ေတာ္တို ့ စိတ္ကူးယဥ္တတ္ရပါမယ္။ စိတ္ကူးယဥ္တယ္ဆိုတာ ကလည္း အေရးအၾကီးဆံုးအခ်ိန္ေတြမွာ ထိုင္ယဥ္ေနလို ့မျဖစ္ေသးပါဘူး။ ေန ့တစ္ေန ့ရဲ ့ အထိုင္းမိႈင္း ဆံုးအခ်ိန္ျဖစ္တဲ့ ေန ့လည္ေန ့ခင္းထမင္းဆိပ္တက္ခ်ိန္မွာ အရင္လို ဖုန္းေဘအကုန္ခံျပီး ေလွ်ာက္ၾကည့္ မေနဘဲ စိတ္ကူးယဥ္ရပါမယ္။

ဟိုး ၁၀ နွစ္ေလာက္ကိုေက်ာ္ျပီးေတြးရပါမယ္။ အဲဒီကေန ေနာက္နွစ္၊ ေနာက္လ၊ ေနာက္တစ္ပတ္၊ ေနာက္ေန ့၊ ခဏေန တစ္ဆင့္ျပီးတစ္ဆင့္ ေတြးလိုက္ျခင္းအားျဖင့္ အခ်ိန္ ဆြဲစရာအေၾကာင္းမရွိဘဲ လုပ္သင့္တာေတြကို ခ်က္ျခင္းလုပ္နုိင္လာပါလိမ့္မယ္။ ေၾကာက္လို ့ အခ်ိန္ဆြဲထားမိခဲ့ရင္လည္း အေျဖရွာေတြ ့မွာပါ။ တစ္ဖက္လူကိုအေလးမထားမိလို ့ဆိုရင္ လည္း အလြယ္တကူေပ်ာက္သြားပါလိမ့္မယ္ အဲဒီအက်င့္က။

ခုအခ်ိန္ကစျပီး အခ်ိန္ဆြဲမိရင္ ဒီလိုအခ်ိန္ဆြဲမိတဲ့အတြက္ ခဏေန လုပ္စရာေတြပံုသြားမယ္၊ အစီအစဥ္ တက်ျဖစ္ေနတဲ့ဟန္ခ်က္ေတြပ်က္သြားမယ္၊ အနာဂါတ္အတြက္ စီစဥ္စရာရွိတာေတြ ေႏွာင့္ေႏွးကုန္မယ္ ဆိုတာကို ကိုယ့္ကိုယ္ကိုယ္အတင္းလုပ္ဖို ့မလိုဘဲ အလိုအေလ်ာက္သေဘာေပါက္သြားေစမယ့္ အနာဂါတ္ရဲ ့ကိုယ့္အေျခအေနကို ပံုေဖာ္ၾကည့္တဲ့နည္းနဲ ့ ကုစားနုိင္ပါေၾကာင္း ေလ့လာေရးသား တင္ျပ လိုက္ရပါတယ္။

TMK(သမန္းက်ား)

ဇူလိုင္လ ေဆာင္းပါး
ရတနာပံုသတင္းစာ

—————–

အချိန်ဆွဲတတ်တဲ့ အကျင့်ကို ကုစားကြမလား (unicode)

ရေးသားသူ – TMK(သမန်းကျား)

လူကြီးနဲ့လူငယ်အကြား ပြဿနာခဏခဏဖြစ်စေတဲ့အကြောင်းရင်းတွေထဲမှာ လူငယ်တွေအချိန်ဆွဲတာ လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တကယ်တော့ လူငယ်တွေပဲ အချိန်ဆွဲကြတာမဟုတ်ပါဘူး။ လူကြီး တွေလည်း ပါတာပါပဲ။ သို့သော် လူကြီးတွေက သူတို့အချိန်ဆွဲရတဲ့အကြောင်းရင်းကို လိမ္မာပါးနပ်စွာ ပြောပြတတ်ကြလေတော့ အပြစ်ဆိုရခက်နေတတ်ပါတယ်။

ဒီတော့ လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ၊ အချိန်ဆွဲကြတာက ဆွဲကြတာပါပဲ။ တကယ်လုပ်စရာရှိတာကို ချက်ခြင်းထမလုပ်သေးဘဲ Facebook အဝ ကြည့်ရင်ကြည့်မယ်ပေါ့။ ဒါမှမဟုတ် ဆော့လက်စဂိမ်းကို ပြီးအောင်ဆော့မယ်။ ဒါမှမဟုတ် ဘာမှမစားရသေးဘူးဆိုတဲ့ ငြင်းရင်ရိုင်းရာကျတဲ့ အကြောင်းပြချက် ပေးမယ်၊ အစရှိသည်ဖြင့်ပေါ့။ ဒီအချိန်ဆွဲတတ်တဲ့အကျင့်ဆိုးကို ဖျောက်ဖို့ဘယ်လိုလုပ်ရင်ကောင်းမလဲ။

ပထမဆုံး ကိုယ်လတ်တလောလုပ်လိုက်တာလေးက အနာဂါတ်မှာ ဘယ်လိုအကျိုးသက်ရောက်မှာလဲ ဆိုတာကို ဆင်ခြင်သုံးသပ်ဖို့ဖြစ်ပါတယ်။ အခုအချိန်ဆွဲလိုက်တဲ့အတွက် ခဏနေကျရင် ဘယ်လိုအဆင် မပြေမှုတွေဖြစ်လာမလဲ။ အလုပ်တွေအားလုံး စနစ်တကျနဲ့အချိန်မီပြီးနိုင်အောင် တက်ညီလက်ညီ လုပ်နေကြတဲ့ အစုအဖွဲ့ထဲမှာ ကိုယ်တစ်ယောက်အချိန်ဆွဲလိုက်တဲ့အတွက် အစီအစဉ်တွေ ကမောက် ကမ ဖြစ်ကုန်တာ ကြုံဖူးကြမှာပါ။

အလုပ်တစ်ခုကို အခုလုပ်ရင်ရသားနဲ့ အချိန်ဆွဲနေတဲ့အတွက် ခဏနေ သူများတွေပြန်ချိန်မှာ ကိုယ်ကပြန်လို့မရ၊ အများတွေလိုကိုယ်ကလည်းပြန်ချင် နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာညိုးနွမ်းတဲ့ သိုးမည်း ဖြစ်မှန်းမသိ ဖြစ်နေရတာ အချိန်ဆွဲတတ်တဲ့ အကျင့်ကြောင့်ပါ။ ဒီတော့ ကိုယ်အခုအချိန်ဆွဲလိုက်တဲ့အတွက် ခဏနေဘယ်လိုဆိုးကျိုးတွေသက်ရောက်လာမှာလဲဆိုတာကို နာရီ၊ ရက်၊ လ၊ နှစ် အဆင့်ဆင့် လှမ်းမျှော်ကြည့်ရှုဆင်ခြင်သုံးသပ်သင့်ပါတယ်။

ဒုတိယအနေနဲ့ ကိုယ်ဘာလို့အချိန်ဆွဲတာလဲ ဆိုတာ ကိုယ်ကိုယ်တိုင်သိဖို့လိုပါတယ်။ ပျင်းလို့လား။ မလုပ်ချင်လို့လား။ မကျွမ်းကျင်လို့လား။ တစ်စုံတစ်ယောက်က မလျော်ဩဇာ သုံးထားလို့လား။ ဖြစ်လာမယ့် အကျိုးဆက်ကို ရင်မဆိုင်ရဲလို့လား။ အစရှိသဖြင့် ကိုယ်ဘာလို့အချိန်ဆွဲနေတာလည်း ဆိုတာကို ကိုယ်ကိုယ်တိုင် ရှင်းရှင်းလင်းလင်းသိဖို့ လိုအပ်ပါတယ်။

အများဆုံးမြင်ရတတ်တဲ့ အချိန်ဆွဲရ တဲ့ အကြောင်းရင်းကတော့ တစ်ဖက်လူကို အလေးမထားလို့ပါ။ သူ့ကိုအလေးမထားလို့ ကိုယ်ကအချိန် ဆွဲတယ်ဆိုပေမယ့် အဲဒီအချိန်ဆွဲလိုက်တဲ့ဒဏ်ကို ကိုယ်ကလည်းခံရတယ်ဆိုတာ မမေ့ပါနဲ့။ ဒါ့အပြင်ပေါ့ အချိန်ဆွဲရတဲ့အကြောင်းရင်းတွေ အများကြီး ကျန်နေပါဦးမယ်လေ။

ဒီတော့ တတိယအဆင့်မှာ ကျွန်တော်တို့ အချိန်ဆွဲတတ်တဲ့အကျင့်ကိုဖျောက်ဖို့ ဘယ်လိုလေ့ကျင့်ရ ဆိုတာ ဆွေးနွေးပါမယ်။ ဥပမာလေးတစ်ခုနဲ့စလိုက်ရအောင်။ ညကိုအိပ်မပျော်ရင် ဒီနည်းလေးစမ်းကြည့် ပါ။ အဲဒါကတော့ မနက်ထလာရင် လုပ်ရမှာတွေကို တစ်ခုပြီးတစ်ခု တစ်ဆင့်ပြီးတစ်ဆင့် တွေးဖို့ပါပဲ။ အဲဒါတွေထလုပ်ရမှာကြောက်လို့လားမသိ၊ သင်ခဏလေးအတွင်း အိပ်ပျော်သွားပါလိမ့်မယ်။

ဒါဘာလေ့ကျင့်ခန်းလဲဆိုတော့ ကြုံရမယ့်အနာဂါတ်ကို တစ်ဆင့်စီတွေးပြီး စိတ်ကိုပြင်တဲ့လေ့ကျင့်ခန်းပါ။ အလှ ပြင်ပြီးရင် စိတ်ကိုပြင် လို့ ရှေးလူကြီးတွေပြောတာ ကြားဖူးပါတယ်။ စိတ်ဓါတ်အလှကိုလည်း ပြင်ဖို့လိုတယ်လို့ ဆိုလိုဟန်တူပါတယ်။ ကျွန်တော်ကတော့ နောက်တစ်မျိုး အဓိပ္ပါယ်ကောက်ပြီး ဆွေးနွေးကြည့်ပါမယ်။

မိန်းကလေးတစ်ယောက်ဟာ အလှတော့ ပြင်ပြီးပြီ၊ သို့သော် သူဝတ်စားထားတာ၊ လိမ်းချယ်ထားတာတွေအပေါ် မိမိကိုယ်ကိုယ်ယုံကြည်မှု မရှိရင် လူပုံအလယ်မှာ လှရဲမှာမဟုတ်ပါဘူး။ အလှပြင်လိုက်သလို စိတ်ကိုလည်းပြင်လိုက်ပြီဆိုမှ သူ့ဆံပင်၊သူ့ဝတ်စုံ၊သူ့ဖိနပ်၊သူ့မိတ်ကပ်နဲ့ လိုက်ဖက်ညီတဲ့ ကိုယ်နေဟန်ထားနဲ့လှုပ်ရှားမှုကို ထုတ်ဖော်နိုင်မှာပါ။ ပွင့်ပွင့်လင်းလင်း ပြုံးနိုင်မှာပါ။

ကဲ။ အချိန်ဆွဲတတ်တဲ့ကျွန်တော်တို့လည်း စိတ်ကိုပြင်ရအောင်။ ဘယ်လိုပြင်ရမလဲဆိုတော့ အနာဂါတ် မှာ ကိုယ်ဘယ်လိုလူစားမျိုးဖြစ်ချင်တယ်ဆိုတာကို ပုံဖော်ကြည့်ဖို့ပါ။ ကျွန်တော်ကတော့ ချစ်ဇနီးလေးနဲ့ အေးအေးလူလူထိုင်နေတာ၊ အနောက်ဘက်ပုံရိပ်မှာ မြေးမြစ်တွေဆော့ကစားနေတာ၊ ကျွန်တော့် ပတ်ဝန်းကျင်မှာ တန်ဖိုးကြီးပရိဘောဂတွေ၊အပြင်အဆင်တွေရှိတာ၊ကျွန်တော့်ပုံစံဟာ မကြောင့်မကျ၊ မတောင့်မတနေရပြီး သက်ကြီးဘဝကို ပြည့်စုံစွာဖြတ်သန်းနေတာ ဆိုတာကို ပုံဖော်ထားပါတယ်။

ဒါဖြစ်ရင် ဒီအဆင့်ရောက်အောင် ကျွန်တော် ဘာတွေကိုဖြတ်သန်းရမလဲ ဆိုတာကို တဖြည်းဖြည်း နောက်ပြန်ဆွဲယူပြီး စဉ်းစားပါတယ်။ သားနဲ့ချွေးမ ကောင်းဖို့လိုမယ်။ ငွေစုဆောင်းထားနိုင်ဖို့လိုမယ်။ ကျန်းမာရေးကောင်းဖို့လိုမယ်။ အဆင့်တွေအများကြီးထဲက ဥပမာတွေပေါ့။ ဒီတော့ အခု ကျွန်တော် အရက်စိတ်ကြိုက်သောက်နေလို့ မဖြစ်ဘူးလေ။ ငွေကိုလည်းဖြုန်းလို့မဖြစ်သလို ဒီထက်ပိုရှာနိုင်မယ့် နည်းလမ်းတွေကို ရှာကြံရမယ်။

သားဘယ်ရောက်နေလဲ။ ဖုန်းဆက်ခေါ်ပြီး အမြန်ဆုံး ပြင်သင့်တာတွေ ကို ပြင်ရမယ်။ ပြီးတော့ ဒါတွေက ကောက်ရိုးမီးလို ခဏလေးလုပ်လို့ရတာမဟုတ်ဘူး။ အကျင့်ဖြစ် အောင် စွဲလုပ်ရဦးမယ်။ ဒီတော့ အခုလောလောဆယ် ဖြတ်စရာရှိတာတွေ ဖြတ်လိုက်ဦးမှ။ ဟင်း။ ဆောင်းပါးရေးဖို့ကျန်နေတာ အခုပဲရေးလိုက်တော့မယ် ဆိုပြီး အချိန်ဆွဲမိနေတာကို မိနစ်ပိုင်းအတွင်း ကုစားလိုက်နိုင်တာပေါ့။

ဒီတော့ အချိန်ဆွဲတာကိုကုစားဖို့ ကျွန်တော်တို့ စိတ်ကူးယဉ်တတ်ရပါမယ်။ စိတ်ကူးယဉ်တယ်ဆိုတာ ကလည်း အရေးအကြီးဆုံးအချိန်တွေမှာ ထိုင်ယဉ်နေလို့မဖြစ်သေးပါဘူး။ နေ့တစ်နေ့ရဲ့ အထိုင်းမှိုင်း ဆုံးအချိန်ဖြစ်တဲ့ နေ့လည်နေ့ခင်းထမင်းဆိပ်တက်ချိန်မှာ အရင်လို ဖုန်းဘေအကုန်ခံပြီး လျှောက်ကြည့် မနေဘဲ စိတ်ကူးယဉ်ရပါမယ်။

ဟိုး ၁၀ နှစ်လောက်ကိုကျော်ပြီးတွေးရပါမယ်။ အဲဒီကနေ နောက်နှစ်၊ နောက်လ၊ နောက်တစ်ပတ်၊ နောက်နေ့၊ ခဏနေ တစ်ဆင့်ပြီးတစ်ဆင့် တွေးလိုက်ခြင်းအားဖြင့် အချိန် ဆွဲစရာအကြောင်းမရှိဘဲ လုပ်သင့်တာတွေကို ချက်ခြင်းလုပ်နိုင်လာပါလိမ့်မယ်။ ကြောက်လို့ အချိန်ဆွဲထားမိခဲ့ရင်လည်း အဖြေရှာတွေ့မှာပါ။ တစ်ဖက်လူကိုအလေးမထားမိလို့ဆိုရင် လည်း အလွယ်တကူပျောက်သွားပါလိမ့်မယ် အဲဒီအကျင့်က။

ခုအချိန်ကစပြီး အချိန်ဆွဲမိရင် ဒီလိုအချိန်ဆွဲမိတဲ့အတွက် ခဏနေ လုပ်စရာတွေပုံသွားမယ်၊ အစီအစဉ် တကျဖြစ်နေတဲ့ဟန်ချက်တွေပျက်သွားမယ်၊ အနာဂါတ်အတွက် စီစဉ်စရာရှိတာတွေ နှောင့်နှေးကုန်မယ် ဆိုတာကို ကိုယ့်ကိုယ်ကိုယ်အတင်းလုပ်ဖို့မလိုဘဲ အလိုအလျောက်သဘောပေါက်သွားစေမယ့် အနာဂါတ်ရဲ့ကိုယ့်အခြေအနေကို ပုံဖော်ကြည့်တဲ့နည်းနဲ့ ကုစားနိုင်ပါကြောင်း လေ့လာရေးသား တင်ပြ လိုက်ရပါတယ်။

TMK(သမန်းကျား)

ဇူလိုင်လ ဆောင်းပါး
ရတနာပုံသတင်းစာ။

Leave a Reply