တပင္တုိင္ျမနန္း အေၾကာင္း သိေကာင္းစရာ

Posted on

မူရင္းေရးသားသူ ႏွင့္ ဓာတ္ပုံ – ဆရာသက္ႏုိင္ဦး(မုံရြာတကၠသုိလ္)

သူငယ္ခ်င္း Dr.ေအး၀င္းၾကည္ ဖိတ္လုိ႕ ေတာင္ႀကီးဖက္ကုိ ခဏေရာက္ျဖစ္တယ္။ ရွမ္းျပည္လုိ ေနရာ ေရာက္ရင္ က်ေနာ္ အေတြ႕ခ်င္ဆုံး အပင္ကေတာ့ တပင္တုိင္ျမနန္းပင္ျဖစ္ပါတယ္။ ဘာ့ေၾကာင့္လည္းဆုိေတာ့ ဒီအပင္က ရွမ္းျပည္မွာသာ အမ်ားဆုံးေပါက္ၾကလုိ႕ျဖစ္တယ္။ ေပေပါင္း ၃၀၀၀ -၄၀၀၀ ေက်ာ္မွာ သဘာ၀ေပါက္ပင္ အျဖစ္ေပါက္ေသာ အပင္လည္းျဖစ္တယ္။

ဒီအပင္ကုိ ခ်င္းျပည္ဖက္မွာ ေတြ႕ခဲ့ဖူးေသာ္လည္း ရွမ္းျပည္ေလာက္မေပါပါဘူး၊ အခ်ဳိ႕ဆုိ တပင္​တုိင္​ျမနန္​းလုိ႔​ေတာင္​မသိၾကဖူး၊ စြတ္စုိထုိင္း မွဳိင္းၿပီး ေအးျမေသာ ရာသီ ဥတုဟာ တပင္တုိင္ျမနန္း ပင္ေတြ ႏွစ္သက္​ေသာ အ​ေျခအ​ေနျဖစ္​တယ္​။ ရြာငံေဒသမွာ သဘာ၀ အတုိင္း ပြင့္ ဖူးေနေသာ တပင္တုိင္ ျမနန္း အပင္ကုိ ေတြ႕ရေတာ့ ေပ်ာ္လုိက္သည္ျဖစ္ျခင္း။

ပါလာေသာ ph camera ေလးနဲ႕ ပုံေပါင္းမ်ားစြာ မွတ္တမ္းတင္ျဖစ္တယ္။ က်ေနာ္တုိ႕ အုပ္စုကုိ ထမင္းဖိတ္ေႀကြးေသာ ဓႏု မိသားစု အိမ္ေလးမွာလည္း တပင္တုိင္ျမနန္းကုိ အလွအပင္​ အေနနဲ႕ စုိက္ထားၾကတယ္။ အစိမ္းအျဖဴ အရြက္ေလးေတြေၾကာင့္ အလွအပ အေနနဲ႕ စုိက္ရင္လည္း သင့္ေတာ္သည့္ အပင္ျဖစ္ပါတယ္။ သူႏွစ္သက္တဲ့ေနရာမုိ႕လားမသိ ပြင့္ေနတာမ်ား အားရစရာပါ။ ဒီအပင္ေလးက ရွမ္းျပည္ ေတာင္ပုိင္း သာမက ေျမာက္ပုိင္းမွာလည္း ေပါက္တယ္လုိ႕သိရပါတယ္။

ရြာငံေဒသ ကေတာ့ သဘာ၀ ေတာႀကီးမ်ားရွိေနေသးေတာ့ အမ်ားဆုံးေတြ႕ေနရဆဲပါ။ ေရျပာအုိင္ နားက သစ္ခြ ​ဆုိင္တန္းမွာလည္း တပင္တုိင္ျမနန္းဥေတြ ေရာင္းခ်ေနတာကုိ ေတြ႕ခဲ့ရတယ္။ ေစ်းလည္းခ်ဳိလွတယ္၊ တဥကုိ ၅၀၀ က်ပ္သာသာ နဲ႕ေရာင္းေနတာပါ။ အပင္ေပါက္ေလးေတြလည္းေရာင္းခ်ေပးတယ္။ ဒီအပင္​က စုိက္ပ်ဳိးရ လြယ္ကူပါတယ္။ ဥ ကေန ဒါမွ မဟုတ္ သက္ရင့္ အကုိင္းကေန ပင္ပုိင္းပြားၿပီး စုိက္လုိ႕ ရပါတယ္။ အခ်ဳိ႕လည္း ရွမ္းျပည္​ေရာက္​ အမွတ္တရ အျဖစ္​ တင္​တုိင္​ျမနန္​းအပင္​​ေလး​ေတြ ၀ယ္ယူေနတာ ေတြ႕ရတယ္။

တပင္တုိင္ျမနန္း အပင္၏ သိပၸံအမည္က Cissus discolor ျဖစ္ပါတယ္။ မ်ဳိးရင္း Vitaceae ( စပ်စ္မ်ဳိးရင္း) ထဲမွာပါပါတယ္။ ယခင္က ဒီအပင္၏ အမည္မွာ Vitis discolor Dolz. အျဖစ္ သုံးခဲ့ေသာ္လည္း ယခုအခါမွာေတာ့ Cissus discolor အျဖစ္ေျပာင္းလဲခဲ့ဘီျဖစ္သည္။ တပင္တုိင္ျမနန္းမွာ အျခား အမည္ အျဖဴမ်ဳိး အနီမ်ဳိး အနက္မ်ဳိး စသည္​ျဖင္​့ အမ်ဳိးမ်ဳိး ရွိသည္ဟု ေဖာ္ျပ​ၾကေသာ္လည္း က်ေနာ္ကေတာ့ ယခု ေဖၚျပေသာ မ်ဳိးကုိသာ အဓိက ေဖၚျပျခင္ပါတယ္။

အပင္ကုိတတ္သိႏုိင္ေသာလကၡဏာမ်ား

နံမည္​ႀကီးလွ​ေသာ တပင္​တုိင္​ျမနန္​းပင္​ကုိ ဘယ္​လုိခြဲျခားျက မလည္​း? အပင္​၏ လကၡဏာ​ေတြက​ေတာ့
တပင္တုိင္ျမနန္းအပင္ဟာ ႏွစ္ရွည္ခံေသာ ႏြယ္ပင္တမ်ဳိးသာျဖစ္တယ္။ ေျမႀကီးထဲမွာ tuber ဥ ရွိပါတယ္။ တပင္လုံးမွာ ေဆးဖက္ အ၀င္ဆုံး အပုိင္း က ေျမထဲက ဥ သာျဖစ္ပါတယ္။ သဘာ၀ ေဆးထုတ္လုပ္ရာမွာ အျမစ္ ဥ ကုိသာ အသုံးျပဳၾကပါတယ္။

​ေဆးဝင္​အပုိင္​းကုိ တူးယူၾကရင္​း ဒီအပင္​က တျဖည္​းျဖည္​း ႐ွားပါးသြားတာ ျဖစ္​တယ္​၊ အရင္​ကဆုိ ပုပၸါး​ေတာင္​မႀကီး​ေပၚမွာ ​ေပါမ်ားစြာ ​ေတြ႕ခဲ့ရ​ေသာ္​လည္​း ယခုအခါ မ​ေတြ႕ရသ​ေလာက္​ ႐ွားပါးသြားပါတယ္​။ စံနစ္​တက် စုိက္​ပ်ဳိး ၿပီး စီးပြားျဖစ္​ ထုတ္​ယူႏုိင္​သည္​့ အပင္​လည္း ျ​ဖစ္​ပါတယ္​။

Stems ပင္စည္ေလးေတြကလည္း ထူးျခားလွတယ္။ လုံး၀န္းမေန polygonal ေဒါင့္ အစင္း ေလးေတြပါပါတယ္။ နီညဳိေရာင္လည္း သန္းလုိ႕ေနပါတယ္။ အရည္ရႊမ္းေသာ ပုံစံရွိေနပါတယ္။ ပင္စည္ကေန ႏွာေမာင္း tendrils ေလးေတြထြက္ပါတယ္။ ထိပ္မွာ ၂ ခြျဖာ bifurcate လုိ႕ေနပါတယ္။ တပင္လုံးမွာ အထင္ရွားဆုံးက အရြက္ေတြျဖစ္ပါတယ္။ အရြက္မ်ားက ရြက္ထီး ရြက္လႊဲ ထြက္တယ္။

ေသးငယ္ေသာ stipules ရြက္စြယ္ က saccate ပုံစံျဖစ္ေနတယ္။ အရြက္ပုံစံက အီလစ္ပုံစံဆန္ေသာ လွံသြားပုံ elliptic-lanceolate ျဖစ္တယ္။ အေရာင္က reddish green ျဖစ္တယ္ ။ ရြက္သားက ပါးေသာ membranous လကၡဏာျဖစ္တယ္။ အရြက္အရင္းက ထိပ္ျပတ္ပုံ truncate ရွိေသာ္လည္း ရြက္နားမွာ serrate လႊသြားပုံရွိၾကတယ္။ အရြက္ေပၚမွာ အျဖဴေရာင္ အကြက္မ်ားျဖင့္ အလွဆင္ထားေလ့ရွိတယ္။

ပန္းခုိင္ inflorescences က umbel of dichotomous cyme ျဖစ္ၿပီး အရြက္ထြက္ေသာ ဖက္ ႏွင့္ မ်က္ႏွာျခင္းဆုိင္ထြက္ပါတယ္။ ေသးငယ္ေသာ ပန္းေလးေတြက bisexual လိင္စုံ ၿပီး actinomorphic ေလးခ်မ္းညီၾကတယ္။ ေလးအဂၤါဆ tetramerous ပန္းေလးေတြျဖစ္ၿပီး ပန္းပြင့္ရင္ ပုံထဲကလုိ ေအာက္ဖက္ကုိ ငုိက္ၿပီး ပြင့္ၾကတယ္။ ပြင့္ဖတ္အုံ calyx က minute ေသးငယ္ကာ cupliform ပုံစံျဖစ္တယ္ ။

ပြင့္ခ်ပ္ ၄ ခုပါၿပီး ပန္းပြင့္မွသာ ေအာက္ကုိ လန္ၿပီးေနပါတယ္။ အနားေလးေတြမွာ အနီေရာင္စြတ္ပါတယ္။ ၀တ္ဆံဖုိ ၄ ခုပါၿပီး petal ပြင့္ခ်ပ္ႏွင့္ မ်က္ႏွာျခင္းဆုိင္ထြက္တယ္ ( ဒီအခ်က္ဟာ vitaceae ရဲ့ ထင္ရွားေသာ လကၡဏာ တခုျဖစ္တယ္) ။ ပန္းေအာက္ေျခမွာ ထင္ရွားေသာ disc တခု ပါတယ္။ အေစ့အိမ္ ovary က အျမင့္အေစ့အိမ္ ျဖစ္ၿပီး အခန္း ၂ ခုပါတယ္။ တခန္းမွာ အေစ့ေလာင္း ၂ ေစ့စီပါတယ္။ ၀တ္မွဳံခံ့ေလးေတြက ပန္းေရာင္သန္းတယ္။ အသီးရင့္မွည့္ရင္ dark red အေရာင္ကုိ ေျပာင္းပါတယ္။ အတြင္းမွာ အညဳိေရာင္ အေစ့မ်ားပါပါတယ္။

​ေဆးဝင္​ပုံ

တပင္​တုိင္​ျမနန္​းပင္​ဆုိလ်ွင္​ တြဲဖက္​သိၾကတာက ကင္​ဆာ​ေရာဂါျဖစ္​တယ္​၊ အရပ္ ထဲမွာ ​ဘာမွန္​း​ေတာ့မသိ..ကင္​ဆာ​ေပ်ာက္​​ေသာ အပင္​လုိ႔သာ ​ေျပာၾကပါတယ္​၊ အပင္​မွာပါ​ေသာ constituents ​ေတြက အစြမ္​းထက္​လြန္​းလုိ႔ ဒီအတုိင္​းအသုံးမျပဳသင္​့ပါဘူး၊ အလြန္​ အႏၱရာယ္​႐ွိပါတယ္​၊ နားလည္​ တတ္​ကြၽမ္​း​ေသာ တုိင္​းရင္​း​ေဆးသမား​ေတာ္​မ်ား ၏ ၫႊန္​ၾကားမႈျဖင္​့သာ အသုံးျပဳသင္​့ပါတယ္​၊ ​ေျမႀကီးထဲရ​ေသာဥကုိ တုိက္​႐ုိက္​ အသုံးမျပဳသင္​့ပါဘူး၊ တခါတရံ Fungus ​ေတြပါလာႏုိင္​ပါတယ္​၊

က်​ေနာ္​ကုိယ္​တုိင္​ သမား​ေတာ္​မဟုတ္​ပါ၊ အပင္​ကုိသာ မ်ဳိးခြဲ​ေပး​ေသာ မ်ဳိးခြဲသူ Taxonomist တဦးသာျဖစ္​ပါတယ္​၊ ဒီအပင္​နဲ႔ပတ္​သက္​ၿပီး ျမဝတီ နဲ႔ ​ေဒါက္​တာခင္​​ေမာင္​လြင္​ (Fame) တုိ႔ အ​ေမးအ​ေျဖ လုပ္​ထား​ေသာ အပုိင္​း​ေလးကုိ ကူးယူၿပီး ဗဟုသုတ အလုိ႔ငွါ ထည္​့​ေပးလုိက္​ပါတယ္​ …

Dr.KML: တပင္တိုင္ျမနန္းမွာပါတဲ့ Glycoside နဲ႔ Flavonoid ေတြဟာ အင္မတန္မွ အစြမ္းထြက္ပါတယ္..

(၁) အေရျပားအနာအမ်ဳိးမ်ဳိးကို သက္သာေပ်ာက္ကင္းေစပါတယ္.. သူ႕မွာ Antibiotic action ႐ွိလို႔ ေမႊးကၽြတ္နာကအစ Carbuncle လို႔ေခၚတဲ့ အနာပဆုပ္မ်ဳိးအထိ သက္သာေပ်ာက္ကင္းေစပါတယ္.. အေနာက္တိုင္းေဆး Antibiotic ေတြနဲ႔ ကုသလို႔မလြယ္ကူတဲ့ ေရာဂါပိုးေတြကိုေတာင္ ေသေစႏိုင္တာ ေတြ႕ရပါတယ္.. အ႐ြက္ကိုေတာ့ အနာေတြအေပၚမွာ အုပ္ေပးရင္ေရာဂါပိုးေတြကို ေသေစၿပီး အနာက်က္ျမန္တာ ေတြ႕ရပါတယ္.. အျမစ္(ဥ) ကို ေသြးလိမ္းလို႔ပဲျဖစ္ျဖစ္ ပါးစပ္ကေသာက္လို႔ပဲျဖစ္ျဖစ္ အသံုးျပဳႏိုင္ပါတယ္..

(၂) သူ႕မွာ Antitumor activity ႐ွိပါတယ္.. အဖုအက်ိတ္မ်ဳိးစံုကို ေပ်ာက္ကင္းေစပါတယ္.. အထူးသျဖင့္ အမ်ဳိးသမီးေတြရဲ႕သားအိမ္မွာျဖစ္တဲ့ Myoma လို႔ေခၚတဲ့ အက်ိတ္ေတြကို ကုသရာမွာ မ်ားစြာထိေရာက္ပါတယ္.. အေနာက္တိုင္းေဆးပညာအရေတာ့ သားအိမ္မွာအလံုးျဖစ္တယ္ဆိုတာနဲ႔ ခြဲစိတ္ကုသမွေပ်ာက္ပါတယ္.. ဒါေပမယ့္ ေလာေလာဆယ္ခြဲစိတ္ဖို႔မလိုေသးရင္ ေသးသြားေအာင္ တပင္တုိင္ျမနန္းဥကိုစားၿပီး ကုသေပ်ာက္ကင္းႏိုင္ပါတယ္.. သက္ဆိုင္ရာမီးယပ္သားဖြားပါရဂူမ်ားနဲ႔လဲ ပူးတြဲစမ္းသပ္လ်က္႐ွိတာ ေအာင္ျမင္လ်က္႐ွိပါတယ္..

Myoma uterus ဆိုတဲ့ သားအိမ္မွာအလံုးအႀကိတ္ျဖစ္တဲ့ေရာဂါဟာ အမ်ဳိးသမီးေတြမွာ အင္မတန္မွအျဖစ္မ်ားပါတယ္.. တခ်ဳိ႕လဲ တစ္ခုျဖစ္တတ္ၿပီး တခါတေလမွာ အမ်ားအျပားလဲ ျဖစ္ေလ့႐ွိပါတယ္.. အသက္ ၃၀ ေက်ာ္ရင္ ျဖစ္ဖို႔အလားအလာ႐ွိေနၿပီး အသက္ ၃၀ ေက်ာ္အမ်ဳိးသမီး ၁၀၀ မွာ ၂၀ ကေန ၃၀ အထိေလာက္ ျဖစ္တာေတြ႕ရပါတယ္.. အဲလိုျဖစ္ရင္ ရာသီမမွန္တာတို႔၊ ေသြးဆင္းမ်ားတာတို႔၊ သားအိမ္ေနရာက ကိုက္ခဲတာတို႔၊ ဆီးသြားလို႔ခက္ခဲတာတို႔ ျဖစ္တတ္ပါတယ္..

သူ႔အေနနဲ႔ ကင္ဆာအက်ိတ္မဟုတ္လို႔ သိပ္စိုးရိမ္စရာမဟုတ္ေပမယ့္ ႀကီးလာရင္ ဒုကၡေပးႏိုင္ပါတယ္.. အသက္ငယ္ေသးရင္ေတာ့ သားအိမ္ကိုခ်န္ၿပီး ခြဲစိတ္ကုသရလို႔ အသက္ႀကီးရင္ေတာ့ သားအိမ္ပါထုတ္ပစ္ၿပီး ခြဲစိတ္ကုသရေလ့႐ွိပါတယ္..

(၃) နာတာ႐ွည္အစာအိမ္ေရာဂါကိုလဲ သက္သာေပ်ာက္ကင္းေစပါတယ္.. သူ႔မွာ အစာအိမ္ေရာဂါပိုးျဖစ္တဲ့ H.pylori ကိုသတ္ႏိုင္တဲ့သတၱိ႐ွိတဲ့အျပင္ အနာက်က္ေစတဲ့အာနိသင္ပါ႐ွိလို႔ျဖစ္ပါတယ္..

MWD: ဘက္တီးရီးယားေရာဂါပိုးေတြကို ထိေရာက္ႏွိမ္နင္းတယ္ဆိုေတာ့ ကၽြန္မတို႔ႏိုင္ငံမွာအျဖစ္မ်ားတဲ့ TB ေရာဂါအေပၚမွာေရာ ဘယ္လိုမ်ား အက်ဳိးသက္ေရာက္မႈ႐ွိသလဲဆိုတာ သိပါရေစ..

Dr.KML: အရင္တုန္းကေတာ့ တပင္တိုင္ျမနန္းဟာ TB ေရာဂါပိုးကိုပါ ႏွိမ္နင္းႏိုင္တယ္လို႔ ယူဆခဲ့ၾကပါတယ္.. ဒါေပမယ့္ က်န္းမာေရး၀န္ႀကီးဌာန ေဆးသုေတသနဦးစီးဌာနမွာ ေလ့လာခ်က္အရေရာ ကၽြန္ေတာ္တို႔ကိုယ္တိုင္ေလ့လာခ်က္အရပါ ၾကည့္ရင္ေတာ့ TB ပိုးကိုႏွိမ္နင္းႏိုင္မႈ မ႐ွိဘူးဆိုတာ သိရပါတယ္..

အခုဆုိရင္​ တပင္​တုိင္​ျမနန္​းပင္​ ဆုိတာ ဘယ္​လုိအပင္​လည္​းဆုိတာ သိ​ေလာက္​ပါဘီ ၊ တကယ္​လုိ႔မ်ား ႐ွမ္​းျပည္​ဖက္​​ေရာက္​ခဲ့ရင္​ တပင္​တုိင္​ျမနန္​းအပင္​​ေလး​ေတြဝယ္​ခဲ့ဖုိ႔ မ​ေမ့ပါနဲ႔ ..​ေဆးအတြက္​သာမက အလွအပအ​ေနနဲ႔သာ စုိက္​လုိ႔ရတဲ့ အပင္​​ေလး​ေတြမုိ႔ပါ…

သက္​ႏုိင္​ဦး
မုံရြာတကၠသုိလ္

—————-

တပင်တိုင်မြနန်း အကြောင်း သိကောင်းစရာ (unicode)

မူရင်းရေးသားသူ နှင့် ဓာတ်ပုံ – ဆရာသက်နိုင်ဦး(မုံရွာတက္ကသိုလ်)

သူငယ်ချင်း Dr.အေးဝင်းကြည် ဖိတ်လို့ တောင်ကြီးဖက်ကို ခဏရောက်ဖြစ်တယ်။ ရှမ်းပြည်လို နေရာ ရောက်ရင် ကျနော် အတွေ့ချင်ဆုံး အပင်ကတော့ တပင်တိုင်မြနန်းပင်ဖြစ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီအပင်က ရှမ်းပြည်မှာသာ အများဆုံးပေါက်ကြလို့ဖြစ်တယ်။ ပေပေါင်း ၃၀၀၀ -၄၀၀၀ ကျော်မှာ သဘာ၀ပေါက်ပင် အဖြစ်ပေါက်သော အပင်လည်းဖြစ်တယ်။

ဒီအပင်ကို ချင်းပြည်ဖက်မှာ တွေ့ခဲ့ဖူးသော်လည်း ရှမ်းပြည်လောက်မပေါပါဘူး၊ အချို့ဆို တပင်​တိုင်​မြနန်​းလို့​တောင်​မသိကြဖူး၊ စွတ်စိုထိုင်း မှိုင်းပြီး အေးမြသော ရာသီ ဥတုဟာ တပင်တိုင်မြနန်း ပင်တွေ နှစ်သက်​သော အ​ခြေအ​နေဖြစ်​တယ်​။ ရွာငံဒေသမှာ သဘာ၀ အတိုင်း ပွင့် ဖူးနေသော တပင်တိုင် မြနန်း အပင်ကို တွေ့ရတော့ ပျော်လိုက်သည်ဖြစ်ခြင်း။

ပါလာသော ph camera လေးနဲ့ ပုံပေါင်းများစွာ မှတ်တမ်းတင်ဖြစ်တယ်။ ကျနော်တို့ အုပ်စုကို ထမင်းဖိတ်ကြွေးသော ဓနု မိသားစု အိမ်လေးမှာလည်း တပင်တိုင်မြနန်းကို အလှအပင်​ အနေနဲ့ စိုက်ထားကြတယ်။ အစိမ်းအဖြူ အရွက်လေးတွေကြောင့် အလှအပ အနေနဲ့ စိုက်ရင်လည်း သင့်တော်သည့် အပင်ဖြစ်ပါတယ်။ သူနှစ်သက်တဲ့နေရာမို့လားမသိ ပွင့်နေတာများ အားရစရာပါ။ ဒီအပင်လေးက ရှမ်းပြည် တောင်ပိုင်း သာမက မြောက်ပိုင်းမှာလည်း ပေါက်တယ်လို့သိရပါတယ်။

ရွာငံဒေသ ကတော့ သဘာ၀ တောကြီးများရှိနေသေးတော့ အများဆုံးတွေ့နေရဆဲပါ။ ရေပြာအိုင် နားက သစ်ခွ ​ဆိုင်တန်းမှာလည်း တပင်တိုင်မြနန်းဥတွေ ရောင်းချနေတာကို တွေ့ခဲ့ရတယ်။ ဈေးလည်းချိုလှတယ်၊ တဥကို ၅၀၀ ကျပ်သာသာ နဲ့ရောင်းနေတာပါ။ အပင်ပေါက်လေးတွေလည်းရောင်းချပေးတယ်။ ဒီအပင်​က စိုက်ပျိုးရ လွယ်ကူပါတယ်။ ဥ ကနေ ဒါမှ မဟုတ် သက်ရင့် အကိုင်းကနေ ပင်ပိုင်းပွားပြီး စိုက်လို့ ရပါတယ်။ အချို့လည်း ရှမ်းပြည်​ရောက်​ အမှတ်တရ အဖြစ်​ တင်​တိုင်​မြနန်​းအပင်​​လေး​တွေ ဝယ်ယူနေတာ တွေ့ရတယ်။

တပင်တိုင်မြနန်း အပင်၏ သိပ္ပံအမည်က Cissus discolor ဖြစ်ပါတယ်။ မျိုးရင်း Vitaceae ( စပျစ်မျိုးရင်း) ထဲမှာပါပါတယ်။ ယခင်က ဒီအပင်၏ အမည်မှာ Vitis discolor Dolz. အဖြစ် သုံးခဲ့သော်လည်း ယခုအခါမှာတော့ Cissus discolor အဖြစ်ပြောင်းလဲခဲ့ဘီဖြစ်သည်။ တပင်တိုင်မြနန်းမှာ အခြား အမည် အဖြူမျိုး အနီမျိုး အနက်မျိုး စသည်​ဖြင်​့ အမျိုးမျိုး ရှိသည်ဟု ဖော်ပြ​ကြသော်လည်း ကျနော်ကတော့ ယခု ဖေါ်ပြသော မျိုးကိုသာ အဓိက ဖေါ်ပြခြင်ပါတယ်။

အပင်ကိုတတ်သိနိုင်သောလက္ခဏာများ

နံမည်​ကြီးလှ​သော တပင်​တိုင်​မြနန်​းပင်​ကို ဘယ်​လိုခွဲခြားကြ မလည်​း? အပင်​၏ လက္ခဏာ​တွေက​တော့
တပင်တိုင်မြနန်းအပင်ဟာ နှစ်ရှည်ခံသော နွယ်ပင်တမျိုးသာဖြစ်တယ်။ မြေကြီးထဲမှာ tuber ဥ ရှိပါတယ်။ တပင်လုံးမှာ ဆေးဖက် အဝင်ဆုံး အပိုင်း က မြေထဲက ဥ သာဖြစ်ပါတယ်။ သဘာ၀ ဆေးထုတ်လုပ်ရာမှာ အမြစ် ဥ ကိုသာ အသုံးပြုကြပါတယ်။

​ဆေးဝင်​အပိုင်​းကို တူးယူကြရင်​း ဒီအပင်​က တဖြည်​းဖြည်​း ရှားပါးသွားတာ ဖြစ်​တယ်​၊ အရင်​ကဆို ပုပ္ပါး​တောင်​မကြီး​ပေါ်မှာ ​ပေါများစွာ ​တွေ့ခဲ့ရ​သော်​လည်​း ယခုအခါ မ​တွေ့ရသ​လောက်​ ရှားပါးသွားပါတယ်​။ စံနစ်​တကျ စိုက်​ပျိုး ပြီး စီးပွားဖြစ်​ ထုတ်​ယူနိုင်​သည်​့ အပင်​လည်း ျ​ဖစ်​ပါတယ်​။

Stems ပင်စည်လေးတွေကလည်း ထူးခြားလှတယ်။ လုံးဝန်းမနေ polygonal ဒေါင့် အစင်း လေးတွေပါပါတယ်။ နီညိုရောင်လည်း သန်းလို့နေပါတယ်။ အရည်ရွှမ်းသော ပုံစံရှိနေပါတယ်။ ပင်စည်ကနေ နှာမောင်း tendrils လေးတွေထွက်ပါတယ်။ ထိပ်မှာ ၂ ခွဖြာ bifurcate လို့နေပါတယ်။ တပင်လုံးမှာ အထင်ရှားဆုံးက အရွက်တွေဖြစ်ပါတယ်။ အရွက်များက ရွက်ထီး ရွက်လွှဲ ထွက်တယ်။

သေးငယ်သော stipules ရွက်စွယ် က saccate ပုံစံဖြစ်နေတယ်။ အရွက်ပုံစံက အီလစ်ပုံစံဆန်သော လှံသွားပုံ elliptic-lanceolate ဖြစ်တယ်။ အရောင်က reddish green ဖြစ်တယ် ။ ရွက်သားက ပါးသော membranous လက္ခဏာဖြစ်တယ်။ အရွက်အရင်းက ထိပ်ပြတ်ပုံ truncate ရှိသော်လည်း ရွက်နားမှာ serrate လွှသွားပုံရှိကြတယ်။ အရွက်ပေါ်မှာ အဖြူရောင် အကွက်များဖြင့် အလှဆင်ထားလေ့ရှိတယ်။

ပန်းခိုင် inflorescences က umbel of dichotomous cyme ဖြစ်ပြီး အရွက်ထွက်သော ဖက် နှင့် မျက်နှာခြင်းဆိုင်ထွက်ပါတယ်။ သေးငယ်သော ပန်းလေးတွေက bisexual လိင်စုံ ပြီး actinomorphic လေးချမ်းညီကြတယ်။ လေးအင်္ဂါဆ tetramerous ပန်းလေးတွေဖြစ်ပြီး ပန်းပွင့်ရင် ပုံထဲကလို အောက်ဖက်ကို ငိုက်ပြီး ပွင့်ကြတယ်။ ပွင့်ဖတ်အုံ calyx က minute သေးငယ်ကာ cupliform ပုံစံဖြစ်တယ် ။

ပွင့်ချပ် ၄ ခုပါပြီး ပန်းပွင့်မှသာ အောက်ကို လန်ပြီးနေပါတယ်။ အနားလေးတွေမှာ အနီရောင်စွတ်ပါတယ်။ ဝတ်ဆံဖို ၄ ခုပါပြီး petal ပွင့်ချပ်နှင့် မျက်နှာခြင်းဆိုင်ထွက်တယ် ( ဒီအချက်ဟာ vitaceae ရဲ့ ထင်ရှားသော လက္ခဏာ တခုဖြစ်တယ်) ။ ပန်းအောက်ခြေမှာ ထင်ရှားသော disc တခု ပါတယ်။ အစေ့အိမ် ovary က အမြင့်အစေ့အိမ် ဖြစ်ပြီး အခန်း ၂ ခုပါတယ်။ တခန်းမှာ အစေ့လောင်း ၂ စေ့စီပါတယ်။ ဝတ်မှုံခံ့လေးတွေက ပန်းရောင်သန်းတယ်။ အသီးရင့်မှည့်ရင် dark red အရောင်ကို ပြောင်းပါတယ်။ အတွင်းမှာ အညိုရောင် အစေ့များပါပါတယ်။

​ဆေးဝင်​ပုံ

တပင်​တိုင်​မြနန်​းပင်​ဆိုလျှင်​ တွဲဖက်​သိကြတာက ကင်​ဆာ​ရောဂါဖြစ်​တယ်​၊ အရပ် ထဲမှာ ​ဘာမှန်​း​တော့မသိ..ကင်​ဆာ​ပျောက်​​သော အပင်​လို့သာ ​ပြောကြပါတယ်​၊ အပင်​မှာပါ​သော constituents ​တွေက အစွမ်​းထက်​လွန်​းလို့ ဒီအတိုင်​းအသုံးမပြုသင်​့ပါဘူး၊ အလွန်​ အန္တရာယ်​ရှိပါတယ်​၊ နားလည်​ တတ်​ကျွမ်​း​သော တိုင်​းရင်​း​ဆေးသမား​တော်​များ ၏ ညွှန်​ကြားမှုဖြင်​့သာ အသုံးပြုသင်​့ပါတယ်​၊ ​မြေကြီးထဲရ​သောဥကို တိုက်​ရိုက်​ အသုံးမပြုသင်​့ပါဘူး၊ တခါတရံ Fungus ​တွေပါလာနိုင်​ပါတယ်​၊

ကျ​နော်​ကိုယ်​တိုင်​ သမား​တော်​မဟုတ်​ပါ၊ အပင်​ကိုသာ မျိုးခွဲ​ပေး​သော မျိုးခွဲသူ Taxonomist တဦးသာဖြစ်​ပါတယ်​၊ ဒီအပင်​နဲ့ပတ်​သက်​ပြီး မြဝတီ နဲ့ ​ဒေါက်​တာခင်​​မောင်​လွင်​ (Fame) တို့ အ​မေးအ​ဖြေ လုပ်​ထား​သော အပိုင်​း​လေးကို ကူးယူပြီး ဗဟုသုတ အလို့ငှါ ထည်​့​ပေးလိုက်​ပါတယ်​ …

Dr.KML: တပင်တိုင်မြနန်းမှာပါတဲ့ Glycoside နဲ့ Flavonoid တွေဟာ အင်မတန်မှ အစွမ်းထွက်ပါတယ်..

(၁) အရေပြားအနာအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါတယ်.. သူ့မှာ Antibiotic action ရှိလို့ မွှေးကျွတ်နာကအစ Carbuncle လို့ခေါ်တဲ့ အနာပဆုပ်မျိုးအထိ သက်သာပျောက်ကင်းစေပါတယ်.. အနောက်တိုင်းဆေး Antibiotic တွေနဲ့ ကုသလို့မလွယ်ကူတဲ့ ရောဂါပိုးတွေကိုတောင် သေစေနိုင်တာ တွေ့ရပါတယ်.. အရွက်ကိုတော့ အနာတွေအပေါ်မှာ အုပ်ပေးရင်ရောဂါပိုးတွေကို သေစေပြီး အနာကျက်မြန်တာ တွေ့ရပါတယ်.. အမြစ်(ဥ) ကို သွေးလိမ်းလို့ပဲဖြစ်ဖြစ် ပါးစပ်ကသောက်လို့ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်..

(၂) သူ့မှာ Antitumor activity ရှိပါတယ်.. အဖုအကျိတ်မျိုးစုံကို ပျောက်ကင်းစေပါတယ်.. အထူးသဖြင့် အမျိုးသမီးတွေရဲ့သားအိမ်မှာဖြစ်တဲ့ Myoma လို့ခေါ်တဲ့ အကျိတ်တွေကို ကုသရာမှာ များစွာထိရောက်ပါတယ်.. အနောက်တိုင်းဆေးပညာအရတော့ သားအိမ်မှာအလုံးဖြစ်တယ်ဆိုတာနဲ့ ခွဲစိတ်ကုသမှပျောက်ပါတယ်.. ဒါပေမယ့် လောလောဆယ်ခွဲစိတ်ဖို့မလိုသေးရင် သေးသွားအောင် တပင်တိုင်မြနန်းဥကိုစားပြီး ကုသပျောက်ကင်းနိုင်ပါတယ်.. သက်ဆိုင်ရာမီးယပ်သားဖွားပါရဂူများနဲ့လဲ ပူးတွဲစမ်းသပ်လျက်ရှိတာ အောင်မြင်လျက်ရှိပါတယ်..

Myoma uterus ဆိုတဲ့ သားအိမ်မှာအလုံးအကြိတ်ဖြစ်တဲ့ရောဂါဟာ အမျိုးသမီးတွေမှာ အင်မတန်မှအဖြစ်များပါတယ်.. တချို့လဲ တစ်ခုဖြစ်တတ်ပြီး တခါတလေမှာ အများအပြားလဲ ဖြစ်လေ့ရှိပါတယ်.. အသက် ၃၀ ကျော်ရင် ဖြစ်ဖို့အလားအလာရှိနေပြီး အသက် ၃၀ ကျော်အမျိုးသမီး ၁၀၀ မှာ ၂၀ ကနေ ၃၀ အထိလောက် ဖြစ်တာတွေ့ရပါတယ်.. အဲလိုဖြစ်ရင် ရာသီမမှန်တာတို့၊ သွေးဆင်းများတာတို့၊ သားအိမ်နေရာက ကိုက်ခဲတာတို့၊ ဆီးသွားလို့ခက်ခဲတာတို့ ဖြစ်တတ်ပါတယ်..

သူ့အနေနဲ့ ကင်ဆာအကျိတ်မဟုတ်လို့ သိပ်စိုးရိမ်စရာမဟုတ်ပေမယ့် ကြီးလာရင် ဒုက္ခပေးနိုင်ပါတယ်.. အသက်ငယ်သေးရင်တော့ သားအိမ်ကိုချန်ပြီး ခွဲစိတ်ကုသရလို့ အသက်ကြီးရင်တော့ သားအိမ်ပါထုတ်ပစ်ပြီး ခွဲစိတ်ကုသရလေ့ရှိပါတယ်..

(၃) နာတာရှည်အစာအိမ်ရောဂါကိုလဲ သက်သာပျောက်ကင်းစေပါတယ်.. သူ့မှာ အစာအိမ်ရောဂါပိုးဖြစ်တဲ့ H.pylori ကိုသတ်နိုင်တဲ့သတ္တိရှိတဲ့အပြင် အနာကျက်စေတဲ့အာနိသင်ပါရှိလို့ဖြစ်ပါတယ်..

🌿 MWD: ဘက်တီးရီးယားရောဂါပိုးတွေကို ထိရောက်နှိမ်နင်းတယ်ဆိုတော့ ကျွန်မတို့နိုင်ငံမှာအဖြစ်များတဲ့ TB ရောဂါအပေါ်မှာရော ဘယ်လိုများ အကျိုးသက်ရောက်မှုရှိသလဲဆိုတာ သိပါရစေ..

Dr.KML: အရင်တုန်းကတော့ တပင်တိုင်မြနန်းဟာ TB ရောဂါပိုးကိုပါ နှိမ်နင်းနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်.. ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနမှာ လေ့လာချက်အရရော ကျွန်တော်တို့ကိုယ်တိုင်လေ့လာချက်အရပါ ကြည့်ရင်တော့ TB ပိုးကိုနှိမ်နင်းနိုင်မှု မရှိဘူးဆိုတာ သိရပါတယ်..

အခုဆိုရင်​ တပင်​တိုင်​မြနန်​းပင်​ ဆိုတာ ဘယ်​လိုအပင်​လည်​းဆိုတာ သိ​လောက်​ပါဘီ ၊ တကယ်​လို့များ ရှမ်​းပြည်​ဖက်​​ရောက်​ခဲ့ရင်​ တပင်​တိုင်​မြနန်​းအပင်​​လေး​တွေဝယ်​ခဲ့ဖို့ မ​မေ့ပါနဲ့ ..​ဆေးအတွက်​သာမက အလှအပအ​နေနဲ့သာ စိုက်​လို့ရတဲ့ အပင်​​လေး​တွေမို့ပါ…

သက်​နိုင်​ဦး
မုံရွာတက္ကသိုလ်

Leave a Reply