စီအန္ဂ်ီ ဆုိသည္မွာ

Posted on

စီအန္ဂ်ီ (CNG) Compressed Natural Gas သည္ ေလာင္စာဓာတ္ဆီ သို႔မဟုတ္ ဒီဇယ္ဆီ၏ ေနရာကို အစားထိုးနိုင္ေစမည့္ ေလာင္စာအမ်ိဳးအစားျဖစ္သည္။ စီအန္ဂ်ီ၏ ဓါတုေဗဒအရ ေမာ္လီက်ဴး ဖြဲ႕စည္းပုံ ဓာတုသေကၤတမွာ CH5 ျဖစ္သည္။ ၎သည္ ပတ္ဝန္းက်င္ေလထု ညစ္ညမ္းမႈကိုလည္း မျဖစ္ေပၚေစေသာေၾကာင့္ အမ်ားလက္ခံေနသည့္ ေလာင္စာစြမ္းအင္လည္းျဖစ္သည္။

၎ကို သန႔္စင္ေသာသဘာဝဓာတ္ေငြ႕မွတစ္ဆင့္ ဖိသိပ္ျခင္းျဖင့္ ထုတ္လုပ္ၾကၿပီး လုံၿခဳံခိုင္ခံ့ေသာ စည္မ်ားတြင္ ထည့္သြင္းထားသည္။ စီအန္ဂ်ီသည္ ျမင့္တက္လာေသာ ေလာင္စာဆီေဈးႏႈန္းကို တုံ႕ျပန္ရန္ႏွင့္ ပတ္ဝန္းက်င္ေလထု ညစ္ညမ္းမႈကိုေလွ်ာ့ခ်ရန္ ရည္႐ြယ္ သုံးစြဲၾကျခင္းျဖစ္သည္။ လက္ရွိအားျဖင့္အဆိုပါ သဘာဝဓာတ္ေငြ႕ကို ခရီးသည္တင္ယာဥ္မ်ား၊ ထရပ္ကားငယ္မ်ားႏွင့္ ခရီးတိုသြား ယာဥ္ငယ္မ်ားတြင္ အသုံးျပဳေနၾကသည္။

စီအန္ဂ်ီ ေလာင္စာစနစ္ကို အိႏၵိယႏွင့္ ပါကစၥတန္နိုင္ငံတို႔တြင္ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းမ်ား၌ အျပည့္အဝ သုံးရန္အစီအမံမ်ား ခ်မွတ္ေနၾကသည္။ အထူးသျဖင့္ အိႏၵိယနိုင္ငံ ၿမိဳ႕ေတာ္ ေဒလီႏွင့္ ပါကစၥတန္နိုင္ငံ၊ ပန္ဂ်ပ္ျပည္နယ္မ်ားရွိ ၿမိဳ႕မ်ားတြင္ အသုံးျပဳေနၾကသည္။ ၂ဝဝ၇ ခုႏွစ္အကုန္တြင္ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္း အားလုံးတြင္ အစားထိုး သုံးစြဲမည္ ျဖစ္သည္။ ပါကစၥတန္နိုင္ငံသည္ International Association for Natural Gas Vehicles၏ ေလ့လာခ်က္အရ သဘာဝဓာတ္ေငြ႕ ေလာင္စာစြမ္းအင္သုံး ေမာ္ေတာ္ယာဥ္စီးေရ တတိယအမ်ားဆုံးနိုင္ငံ ျဖစ္သည္။

၁၉၇ဝ ႏွင့္ ၁၉၈ဝ ျပည့္ႏွစ္မ်ားအတြင္း ေလာင္စာဆီ အခက္အခဲ ေပၚေပါက္စဥ္က နိုင္ငံအေတာ္မ်ားမ်ားတြင္ စီအန္ဂ်ီ ေလာင္စာစြမ္းအင္ကို အသုံးျပဳ ခဲ့ၾကေသာ္လည္း ေလာင္စာဆီ ေဈးႏႈန္းမ်ား ျပန္လည္က်ဆင္း သြားေသာအခါ အသုံးျပဳမႈ ေလ်ာ့ပါးခဲ့ျပန္ပါသည္။ ယခု အခါေလာင္စာဆီအခက္အခဲေၾကာင့္ ဓာတ္ေငြ႕ေလာင္စာ အသုံးျပဳမႈကို တိုင္းျပည္အမ်ားစုက ျပန္လည္အာ႐ုံစိုက္လာရျပန္ပါသည္။ ဥပမာအားျဖင့္ ဩစေတးလ်ႏုိင္ငံသည္ အနာဂတ္တြင္ စီအန္ဂ်ီ ဓာတ္ေငြ႕သုံး ဘတ္စ္ ကားမ်ားကိုသာ ဝယ္ယူတင္သြင္းရန္ ဆုံးျဖတ္ခဲ့သည္။

စီအန္ဂ်ီ ဓာတ္ေငြ႕ကို နိုင္ငံ အခ်ိဳ႕က ေလာင္စာဓာတ္ဆီႏွင့္ ႏွိုင္း ယွဥ္ နိုင္ ရန္ Gasoline Gallon Equivalent (GGE) စနစ္ျဖင့္ တိုင္းတာ ေရာင္းခ်ၾကသည္။ စီအန္ဂ်ီဓာတ္ေငြ႕သုံး ေမာ္ေတာ္ယာဥ္မ်ား အျဖစ္ ကမာၻ တစ္ဝန္း အစင္းေရ တစ္သန္း ေက်ာ္သည္။ ၎တို႔တြင္ အာ ဂ်င္တီးနားတြင္ အမ်ားဆုံးျဖစ္၍ အစင္းေရ ေလးသိန္း ျဖစ္သည္။

႐ုရွားနိုင္ငံတြင္ သုံးသိန္းႏွင့္ အေမရိကန္ျပည္ေထာင္စုတြင္ ၈၅၁ဝဝ၊ ဗင္နီဇြဲလားနိုင္ငံတြင္ ၅ဝဝဝဝ၊ နယူးဇီလန္တြင္ ၄၅ဝဝဝ၊ ကေနဒါနိုင္ငံတြင္ ၃၂ဝဝဝ၊ အီဂ်စ္၊ ဂ်ာမနီ ၊ အိႏၵိယ၊ ဂ်ပန္၊ မေလးရွား၊ ျပင္သစ္ႏွင့္ ၿဗိတိန္နိုင္ငံတို႔တြင္လည္း ေထာင္ ဂဏန္းအေရအတြက္ရွိ စီအန္ဂ်ီ ဓာတ္ေငြ႕သုံး ေမာ္ေတာ္ယာဥ္မ်ား ကို သုံးစြဲေနၾကၿပီ ျဖစ္သည္။

အိႏၵိယနိုင္ငံသည္ ေလာင္စာဆီ စနစ္သုံးစြဲမႈ၏ ၂၅ ရာခိုင္ႏႈန္းကို အဆိုပါ သဘာဝဓာတ္ေငြ႕သုံး စနစ္ျဖင့္ အစားထိုးမည္ဟု ေၾက ညာထားသည္။ မေလးရွားႏွင့္ ဂ်ပန္နိုင္ငံတို႔သည္လည္းသဘာဝ ဓာတ္ေငြ႕သုံး ေမာ္ေတာ္ယာဥ္မ်ား ကို အေျမာက္အျမား သုံးစြဲၾက မည္ ဟု ဆိုသည္။ လက္ရွိအား ျဖင့္ ဓာတ္ေငြ႕ေလာင္စာစြမ္းအင္ သုံး ေမာ္ေတာ္ယာဥ္မ်ားသည္ မူလက ေလာင္စာဆီသုံးယာဥ္ မ်ား ျဖစ္ၾကၿပီး ၎တို႔ကို အသြင္ ေျပာင္းထားျခင္းျဖစ္သည္။

Bifuel (ဓာတ္ဆီ သို႔မဟုတ္ ဒီဇယ္ ေလာင္စာႏွင့္ သဘာဝ ဓာတ္ေငြ႕) ယာဥ္မ်ားဟု ေခၚ နိုင္ သည္။ အမ်ိဳးအစား တစ္ခုခုသို႔ ေျပာင္း နိုင္၍ျဖစ္သည္။ ၎အတြက္ စီအန္ဂ်ီ ကို ဖိႏွိပ္၍ သိုေလွာင္နိုင္ သည့္ ဆလင္ဒါအိုး သို႔မဟုတ္ ကန္၊ ဓာတ္ေငြ႕ေလာင္စာပိုက္မ်ား၊ ေလာင္စာ ေရာစပ္သည့္ ကိရိယာႏွင့္ အင္ဂ်င္ကို ထိန္းညွိ ေပး သည့္ ကိရိယာမ်ားကို ေျပာင္းလဲရန္ လို အပ္ သည္။

သို႔ျဖစ္၍ ေျပာင္းလဲမႈမ်ား အတြက္ ကုန္က်စရိတ္မ်ား ရွိေန သည္။ စက္႐ုံမ်ားမွ အဆိုပါ ယာဥ္မ်ိဳးကို တိုက္ရိုက္ ထုတ္ လုပ္ရန္ ပိုမို လိုအပ္ေနသည္။ လက္ရွိအားျဖင့္ အေမရိကန္ျပည္ ေထာင္စုတြင္ ထုတ္လုပ္ေနသည္။

အျခားေလာင္စာဆီမ်ားႏွင့္ ႏွိုင္းယွဥ္ခ်က္

ေလာင္စာဓာတ္ဆီႏွင့္ ႏွိုင္းယွဥ္လွ်င္ ၎တြင္ ဟိုက္ဒရို ကာဗြန္၊ ကာဗြန္ဒိုင္ေအာက္ဆိုက္ႏွင့္အျခားေဘးထြက္ပစၥည္း ထုတ္လႊင့္မႈ မ်ားစြာနည္းသည္။ Octane တန္ဖိုး အလြန္ျမင့္၍ စက္ႏွိုးရ လြယ္ကူသည္။ ေဈးႏႈန္းအရ အနည္းငယ္ ျမင့္ေနေသးသည္။ ေလာင္စာ ဓာတ္ေငြ႕ကို မိမိေနအိမ္တြင္ ျဖည့္တင္းနိုင္သည္။

သို႔ေသာ္လည္း သိုေလွာင္နိုင္မႈပမာဏတြင္ ကန႔္သတ္မႈ ရွိေနသည္။ ဓာတ္ေငြ႕၏ သဘာဝေၾကာင့္ စြမ္းအင္ အနည္းငယ္ နိမ့္သည္။ ဓာတ္ေငြ႕၏ အေျခခံ တည္ေဆာက္မႈသည္ ဓာတ္ဆီႏွင့္ ႏွိုင္းယွဥ္လွ်င္ အားနည္းခ်က္မ်ား ရွိေနေသာ္လည္း စရိတ္သက္သာသည္။

ကိုးကား
သိပၸံႏွင့္နည္းပညာဂ်ာနယ္၊ အမွတ္(၂)၂၀၀၅-ခုႏွစ္၊ နိုဝင္ဘာလ
Myanmar Wikipedia

——————–

စီအန်ဂျီ ဆိုသည်မှာ (unicode)

စီအန်ဂျီ (CNG) Compressed Natural Gas သည် လောင်စာဓာတ်ဆီ သို့မဟုတ် ဒီဇယ်ဆီ၏ နေရာကို အစားထိုးနိုင်စေမည့် လောင်စာအမျိုးအစားဖြစ်သည်။ စီအန်ဂျီ၏ ဓါတုဗေဒအရ မော်လီကျူး ဖွဲ့စည်းပုံ ဓာတုသင်္ကေတမှာ CH5 ဖြစ်သည်။ ၎င်းသည် ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုကိုလည်း မဖြစ်ပေါ်စေသောကြောင့် အများလက်ခံနေသည့် လောင်စာစွမ်းအင်လည်းဖြစ်သည်။

၎င်းကို သန့်စင်သောသဘာဝဓာတ်ငွေ့မှတစ်ဆင့် ဖိသိပ်ခြင်းဖြင့် ထုတ်လုပ်ကြပြီး လုံခြုံခိုင်ခံ့သော စည်များတွင် ထည့်သွင်းထားသည်။ စီအန်ဂျီသည် မြင့်တက်လာသော လောင်စာဆီဈေးနှုန်းကို တုံ့ပြန်ရန်နှင့် ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုကိုလျှော့ချရန် ရည်ရွယ် သုံးစွဲကြခြင်းဖြစ်သည်။ လက်ရှိအားဖြင့်အဆိုပါ သဘာဝဓာတ်ငွေ့ကို ခရီးသည်တင်ယာဉ်များ၊ ထရပ်ကားငယ်များနှင့် ခရီးတိုသွား ယာဉ်ငယ်များတွင် အသုံးပြုနေကြသည်။

စီအန်ဂျီ လောင်စာစနစ်ကို အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့တွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၌ အပြည့်အဝ သုံးရန်အစီအမံများ ချမှတ်နေကြသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံ မြို့တော် ဒေလီနှင့် ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်များရှိ မြို့များတွင် အသုံးပြုနေကြသည်။ ၂ဝဝ၇ ခုနှစ်အကုန်တွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်း အားလုံးတွင် အစားထိုး သုံးစွဲမည် ဖြစ်သည်။ ပါကစ္စတန်နိုင်ငံသည် International Association for Natural Gas Vehicles၏ လေ့လာချက်အရ သဘာဝဓာတ်ငွေ့ လောင်စာစွမ်းအင်သုံး မော်တော်ယာဉ်စီးရေ တတိယအများဆုံးနိုင်ငံ ဖြစ်သည်။

၁၉၇ဝ နှင့် ၁၉၈ဝ ပြည့်နှစ်များအတွင်း လောင်စာဆီ အခက်အခဲ ပေါ်ပေါက်စဉ်က နိုင်ငံအတော်များများတွင် စီအန်ဂျီ လောင်စာစွမ်းအင်ကို အသုံးပြု ခဲ့ကြသော်လည်း လောင်စာဆီ ဈေးနှုန်းများ ပြန်လည်ကျဆင်း သွားသောအခါ အသုံးပြုမှု လျော့ပါးခဲ့ပြန်ပါသည်။ ယခု အခါလောင်စာဆီအခက်အခဲကြောင့် ဓာတ်ငွေ့လောင်စာ အသုံးပြုမှုကို တိုင်းပြည်အများစုက ပြန်လည်အာရုံစိုက်လာရပြန်ပါသည်။ ဥပမာအားဖြင့် ဩစတေးလျနိုင်ငံသည် အနာဂတ်တွင် စီအန်ဂျီ ဓာတ်ငွေ့သုံး ဘတ်စ် ကားများကိုသာ ဝယ်ယူတင်သွင်းရန် ဆုံးဖြတ်ခဲ့သည်။

စီအန်ဂျီ ဓာတ်ငွေ့ကို နိုင်ငံ အချို့က လောင်စာဓာတ်ဆီနှင့် နှိုင်း ယှဉ် နိုင် ရန် Gasoline Gallon Equivalent (GGE) စနစ်ဖြင့် တိုင်းတာ ရောင်းချကြသည်။ စီအန်ဂျီဓာတ်ငွေ့သုံး မော်တော်ယာဉ်များ အဖြစ် ကမ္ဘာ တစ်ဝန်း အစင်းရေ တစ်သန်း ကျော်သည်။ ၎င်းတို့တွင် အာ ဂျင်တီးနားတွင် အများဆုံးဖြစ်၍ အစင်းရေ လေးသိန်း ဖြစ်သည်။

ရုရှားနိုင်ငံတွင် သုံးသိန်းနှင့် အမေရိကန်ပြည်ထောင်စုတွင် ၈၅၁ဝဝ၊ ဗင်နီဇွဲလားနိုင်ငံတွင် ၅ဝဝဝဝ၊ နယူးဇီလန်တွင် ၄၅ဝဝဝ၊ ကနေဒါနိုင်ငံတွင် ၃၂ဝဝဝ၊ အီဂျစ်၊ ဂျာမနီ ၊ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့တွင်လည်း ထောင် ဂဏန်းအရေအတွက်ရှိ စီအန်ဂျီ ဓာတ်ငွေ့သုံး မော်တော်ယာဉ်များ ကို သုံးစွဲနေကြပြီ ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် လောင်စာဆီ စနစ်သုံးစွဲမှု၏ ၂၅ ရာခိုင်နှုန်းကို အဆိုပါ သဘာဝဓာတ်ငွေ့သုံး စနစ်ဖြင့် အစားထိုးမည်ဟု ကြေ ညာထားသည်။ မလေးရှားနှင့် ဂျပန်နိုင်ငံတို့သည်လည်းသဘာဝ ဓာတ်ငွေ့သုံး မော်တော်ယာဉ်များ ကို အမြောက်အမြား သုံးစွဲကြ မည် ဟု ဆိုသည်။ လက်ရှိအား ဖြင့် ဓာတ်ငွေ့လောင်စာစွမ်းအင် သုံး မော်တော်ယာဉ်များသည် မူလက လောင်စာဆီသုံးယာဉ် များ ဖြစ်ကြပြီး ၎င်းတို့ကို အသွင် ပြောင်းထားခြင်းဖြစ်သည်။

Bifuel (ဓာတ်ဆီ သို့မဟုတ် ဒီဇယ် လောင်စာနှင့် သဘာဝ ဓာတ်ငွေ့) ယာဉ်များဟု ခေါ် နိုင် သည်။ အမျိုးအစား တစ်ခုခုသို့ ပြောင်း နိုင်၍ဖြစ်သည်။ ၎င်းအတွက် စီအန်ဂျီ ကို ဖိနှိပ်၍ သိုလှောင်နိုင် သည့် ဆလင်ဒါအိုး သို့မဟုတ် ကန်၊ ဓာတ်ငွေ့လောင်စာပိုက်များ၊ လောင်စာ ရောစပ်သည့် ကိရိယာနှင့် အင်ဂျင်ကို ထိန်းညှိ ပေး သည့် ကိရိယာများကို ပြောင်းလဲရန် လို အပ် သည်။ သို့ဖြစ်၍ ပြောင်းလဲမှုများ အတွက် ကုန်ကျစရိတ်များ ရှိနေ သည်။ စက်ရုံများမှ အဆိုပါ ယာဉ်မျိုးကို တိုက်ရိုက် ထုတ် လုပ်ရန် ပိုမို လိုအပ်နေသည်။ လက်ရှိအားဖြင့် အမေရိကန်ပြည် ထောင်စုတွင် ထုတ်လုပ်နေသည်။

အခြားလောင်စာဆီများနှင့် နှိုင်းယှဉ်ချက်

လောင်စာဓာတ်ဆီနှင့် နှိုင်းယှဉ်လျှင် ၎င်းတွင် ဟိုက်ဒရို ကာဗွန်၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့်အခြားဘေးထွက်ပစ္စည်း ထုတ်လွှင့်မှု များစွာနည်းသည်။ Octane တန်ဖိုး အလွန်မြင့်၍ စက်နှိုးရ လွယ်ကူသည်။ ဈေးနှုန်းအရ အနည်းငယ် မြင့်နေသေးသည်။ လောင်စာ ဓာတ်ငွေ့ကို မိမိနေအိမ်တွင် ဖြည့်တင်းနိုင်သည်။

သို့သော်လည်း သိုလှောင်နိုင်မှုပမာဏတွင် ကန့်သတ်မှု ရှိနေသည်။ ဓာတ်ငွေ့၏ သဘာဝကြောင့် စွမ်းအင် အနည်းငယ် နိမ့်သည်။ ဓာတ်ငွေ့၏ အခြေခံ တည်ဆောက်မှုသည် ဓာတ်ဆီနှင့် နှိုင်းယှဉ်လျှင် အားနည်းချက်များ ရှိနေသော်လည်း စရိတ်သက်သာသည်။

ကိုးကား
သိပ္ပံနှင့်နည်းပညာဂျာနယ်၊ အမှတ်(၂)၂၀၀၅-ခုနှစ်၊ နိုဝင်ဘာလ
Myanmar Wikipedia

Leave a Reply